Saturday, May 21, 2011

ရေသုံး၍မရသောအခါတယမ်မွမ် ပြုလုပ်ရန်သိကောင်းစရာများ

                   ရေသုံး၍မရသောအခါတယမ်မွမ် ပြုလုပ်ရန်သိကောင်းစရာများ
                                                                   
       အစ္စလာမ်ဘာသာတွင် တာဟာရောတ် ပါက်ဆာဖ် သန့်ရှင်းစင်ကြယ်စွာနေထိုင် အလွန်အရေးကြီးသည်။သို့ဖြင့်ရေများသုံးစွဲရသည်။
ရေသုံးမရသောအခါ တယမ်မွမ်ပြုလုပ်ရန် ကျမ်းမြတ်ကွရ်အန်တွင် အောက်ပါအတိုင်းညွှန်ကြားလေသည်။

          အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အသင်တို့သည် "ဆွလာတ်" ၀တ်ပြုရန် ထကြသောအခါ မိမိတို့၏ မျက်နှာများကို
လည်းကောင်း၊ လက်များကို တံတောင်ဆစ်ပါလည်းကောင်း၊ ဆေးကြောကြလေကုန်။ ထိုနည်းတူစွာ အသင်တို့၏ ဦးခေါင်းများကို
ပွတ်သပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ ခြေများကိုလည်း ခြေမျက်စိများပါ (ဆေးကြောကြလေကုန်)။ သို့ရာတွင်
အကယ်၍အသင်တို့သည် ‘"ဂျနုဗ်"ခန္ဓာကိုယ်မသန့်သော သူများဖြစ်၍ (ရေသုံးသပ်ရန် ထိုက်နေကြပါလျှင် တစ်ကိုယ်လုံးကို) သန့်စင်
အောင် ပြုကြလေကုန်။၎င်းပြင် အကယ်၍ အသင်တို့သည် ဝေဒနာရှင်များ ဖြစ်နေကြသော်လည်းကောင်း၊ ခရီးသည်များဖြစ်နေကြ
သော်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက် တစ်စုံတစ်ယောက်သောသူသည် ကျင်ကြီး ကျင်ငယ်စွန့်ရာမှ ပြန်ခဲ့သည်ရှိ
သော်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် (မိမိတို့၏)ဇနီးမိန်းမများနှင့် မေထုန်သံဝါသ ပြုခဲ့ကြသည်ရှိသော်လည်းကောင်း၊ ပြီးနောက် အသင်တို့သည် ရေကိုမရရှိခဲ့ကြပါလျှင်စင်ကြယ်သန့်ပြန့်သော မြေကြီးဖြင့် "သယမ်မွန်မ် "ပြုကြလေကုန်။ ထို(ကဲ့သို့ "သယမ်မွန်မ် "ပြုသော)အခါ အသင်တို့သည်(လက်ဝါးနှစ်ဖက်ဖြင့် မြေကြီးကိုရိုက်ပုတ်၍) မိမိတို့၏ မျက်နှာနှင့် လက်များကို ထိုမြေကြီး
ဖြင့်ပွတ်သပ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ အပေါ်၌ ကျဉ်းကြပ်မှုကို ပြုလုပ်ရန်ရည်ရွယ်တော် မူသည်မဟုတ်။ သို့ရာတွင် ထိုအရှင်မြတ်သည်အသင်တို့အား သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရန် နှင့် မိမိကျေးဇူးတော်ကို အသင်တို့အဖို့ အပြည့် အစုံပေးသနားတော်မူရန်သာ ရည်စူးတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် ကျေးဇူတော် ကိုသိတတ်သူများ ဖြစ်တန်ကြရာ
လေသတည်း။(ကွရ်အန်- ၅း ၆ )


တယမ်မွမ်အကြောင်း
တယမ်မွမ်၏  အနက်အဓိပ္ပာယ်မှာ ရည်ရွယ်ခြင်းနှင့်  အဓိဋ္ဌာန်ပြုခြင်းဖြစ်၏ ။  တယမ်မွမ်သည် အရေးပေါ်သောအခါ ဝဇူနှင့်ရေချိုးခြင်း၏ အစားဖြစ်သွားလေသည်။ ထို့ပြင် ဤထူးခြားချက်မှာ အွမ်မသေ့မုဟမ္မဒီယာများအဖို့သာ ဖြစ်လေသည်။
          ဟဇရသ်ဟု ဇိုင်ဖွာသခင်က ကိုယ်တော်မြတ် (စလ္လမ်) ၏သြဝါဒတော်တစ်ရပ်ကို ဆင့်ပြန်တော်မူခဲ့သည်။ ကိုယ်တော်က
ကျွန်ုပ်တို့အား ရှေးယခင် အွမ်မသ်သားတို့ထက် ထူးမြတ်ချက်သုံးရပ် ပေးသနားတော်မူပေသည်။ ယင်းထူးမြတ်ချက်မှ တစ်ရပ်ကား ရေ မရရှိသောအခါဝယ် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် မြေကောင်းမြေသန့်ကို ရေအစား ပြုပေးတော်မူ၏ ။ (မွတ်စလင်မ်)
အဓိပ္ပာယ်။      ။ မြေကောင်းမြေသန့်သည် မွတ်စလင်မ်အား သန့်ပြန့်စေသည်။ အကယ်၍ ဆယ်နှစ်တိုင်တိုင် ရေမရရှိခဲ့မူ ရေရရှိလာသောအခါ ရေဖြင့်ခန္ဓာကို ဆေးကြောပစ်ရပေမည်။ (အဗူဒါဝုဒ်) (သိရ်မေဇီ) (အဟ်မဒ်)
         သဘောမှာ ယေဘုယျအားဖြင့် မဖြစ်နိုင် အကြံနိုင်သော အရာကိုပင် ပမာထား၍ အကယ်၍ လူတစ်ဦးအား ဆယ်နှစ်တာ ကာလထက်ကျော်လွန်၍ ယုတ်စွအဆုံး သေဆုံးကွယ်လွန်သည် အထိတိုင် ရေသုံးစွဲနိုင်စွမ်း မရှိခဲ့သော် တယမ်မွမ်ပြု၍ နမာဇ်ဖတ်နေ
ရပေမည် ။
          ဆယ်နှစ်၏ အတိုင်းအတာကို သုံးစွဲထားခြင်းဖြင့် တယမ်မွမ်၏ လေးနက်ပုံနှင့် ထူးမြတ်ပုံကို သဘောပေါက် နားလည်းစေရန် ရည်စူးထားခြင်း ဖြစ်ပေသည် ။
တယမ်မွမ်၏ စည်းကမ်းချက်များ
          တယမ်မွမ် အထမြောက်ရန်အတွက် အောက်ပါ စည်းကမ်းချက်များ ပါရှိရန် အရေးကြီးပေ၏ ။
          (၁) မွတ်စလင်မ်ဖြစ်ခြင်း ။
          (၂) အပျိုဘော်ဝင်ခြင်း ။
          (၃) ဦးနှောက် အသိရှိခြင်း ။
          (၄) ဝဇူမဲ့ခြင်း သို့မဟုတ် ရေချိုးရန် တာဝန်ရှိခြင်း ။
          (၅) တယမ်မွမ် ပြုနိုင်သောအရာများကို သုံးစွဲနိုင်ခြင်း ။
          (၆) တယမ်မွမ် ပြုခဲ့သော နမာဇ်၏အချိန် ကျရောက်ခြင်း။
          (၇) ရည်စူးသော နမာဇ်၏ နောက်ဆုံးအချိန်ကျရောက်ခြင်း ။(၄င်းကို မဖတ်ခဲ့လျှင် ကဇွာ ဖြစ်ရန်ရှိခြင်း စသည်များ           ဖြစ်လေသည် ။)
တယမ်မွမ်၏ ဖရပ်ဇ်အချက်များ
          (၁) နိယတ် ခေါ် အဓိဋ္ဌာန်ပြုခြင်း ။
          (၂) လက်ဖဝါးနှစ်ဘက်ကို သန့်ပြန့်သော မြေပေါ်ရိုက်ပြီး မျက်နှာအနှံ့အပြား ပွတ်သပ်ခြင်း ။
          (၃) ဒုတိယအကြိမ် လက်ကို မြေနှင့်ရိုက်ပြီး လက်ကိုတံတောင်ဆစ် အပါအဝင် ပွတ်သပ်ခြင်း ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁)
          လက် မြေရိုက်ပြီး လက်နှင့် မျက်နှာများ ပေမသွားစေရန် လက်နှစ်တက်ကို အနည်းငယ် ရိုက်၍ ခါပစ်ရပေမည် ။ (ဟေဒါယဟ်)

မတ်စ်အလဟ် ရှင်းလင်းချက် (၂)
          နိယတ်ပြုခြင်း၏ သဘောမှာ တယမ်မွမ်ပြုရန် အချိန်၌ ကျွန်ုပ်သည် သန့်ပြန်ရန်သော်လည်းကောင်း၊ နမာဇ် ဖတ်ရန်သော်လည်းကောင်း ၊ ရည်စူးပါ၏ဟု စိတ်တွင်း၌ ရည်စူးခြင်းဖြင့် နိယတ်ပြီး၏ ။ ဝဇူ၏ တယမ်မွမ်၊ ဂိုစွလ်(ရေချိုးခြင်း)၏ တယမ်မွမ် စသည်ကို ထုတ်ဖော်ရန် အရေးမကြီးပေ ။
(ဟေဒါယဟ်)
တယမ်မွမ်ပြုရန်နည်း
          တယမ်မွမ် မပြုလုပ်မီ အလျင်ဦးစွာ စိတ်အတွင်း၌ သန့်ပြန့်မှုရှိရန်သော်လည်းကောင်း ၊နမာဇ်ဆောက်တည်ရန်သော်လည်း
ကောင်း ၊သယမ်မွမ် ပြုအပ်ပါသည်ဟု ရည်စူးရပေမည်။ ထို့နောက်လက်ဖဝါးနှစ်ဘက်ကို မြေကောင်း မြေသန့်ပေါ်၌ ရိုက်၍ လက်ဖဝါးနှစ်
ဘက်ကို ခါ၍ မျက်နှာပေါ်သို့ ပွတ်သပ်ပါ ။ ထို့နောက် ဒုတိယအကြိမ် ထိုနည်းအတိုင်း လက်ကို မြေတွင်ရိုက်၍ ဥိးစွာ လက်ယာလက်ဖြင့် လက်ဝဲလက်ကို တံတောင်ဆစ် အပါအဝင် ပွတ်သပ်ပေးရမည်။ ပွတ်သပ်ရာတွင် နေရာလပ် မကျန်စေဘဲ အနှံ့အပြားရောက်စေရမည်။ အကယ်၍ ဆံချည်ပင်မျှ တစ်နေရာရာ၌ ကျန်လပ်ခဲ့မူ တယမ်မွမ် ထမြောက်မည် မဟုတ်ပေ။ (ဒွရ်ရေမွခ်သာရ်)
တယမ်မွမ်ပြုပိုင်ခွင့်ရှိသော အရာများ
အောက်ပါအရားအားလုံးဖြင့် တယ်မ်မွမ် ပြုပိုင်ခွင့်ရှိလေသည်။
(၁)မြေကောင်းမြေသန့်
(၂)သဲမြေ ။
(၃)ဆီပေမထားသော မြေအိုးမြေခွက် ။
(၄)အုတ်စိမ်းအုတ်ကျက် ။
(၅)ကျောက်နံရံအကာနှင့် ထုံးနံရံအကာ ။
(၆)မြေနီမြေဝါ ။
(၇)ဖုန်မှုန့် ။
(၈)စွရ်မာမှုန့် ။
(၉)မြေစေးစသည်များ (မုနိယာ)
တယမ်မွမ်ပြုခွင့်မရှိသော အရာများ
          အောက်ဖော်ပြပါအရာများအပေါ်၌ သယမ်မွမ်ပြုခွင့်မရှိပေ ။
          ၁ ။ သစ် ၊ ၂ ။ သံ ၊ ၃ ။ ရွှေ ၊ ၄ ။ငွေ ၊ ၅ ။ကြေးနီ ၊၆ ။ကြေးဝါ၊ ၇ ။စတီး၊ ၈ဲ ။မှန်၊ ၉။ ခဲမဖြူ ၊ ၁၀။ သံဂျွတ်၊၁၁ ။ဂျုံစေ့ ၊ ၁၂။ ဂျုံမှုန့်နှင့် သီးနှံမျိုးစုံ၊ ၁၃။ အဝတ်အစား ၊ ၁၄။ပြာမှုန့် စသည်အရာများ ။
တယမ်မွမ်၏ ဥပဒေတစ်ရပ်
          တယမ်မွမ်နှင့် စပ်လျဉ်း၍ ဥပဒေတစ်ရပ် မှတ်သားထားရမည်မှာ မီး၌ပျော်သော အရာ များနှင့် လောင်ကျွမ်းသော အရာမှန်သမျှ အပေါ်တွင် သယမ်မွမ် ပြုခွင့် မရှိချေ ။
          သို့ဖြစ်လေရာ ၄င်းအရာ များပေါ်တွင် လက်ရာထင်နိုင်သော ဖုန်မှုန့်များ ရှိနေပါမူ ထိုအခါ ၄င်းအရာများအပေါ်၌ တယမ်မွမ်ပြုခွင့် ရှိလေသည် ။ (မုနိယာ)
တယမ်မွမ် ပျက်စေသောအရာများ
          အကြင်အခါ ရေသုံးစွဲမှု ရှိခဲ့ပါနိုင်ခြင်း ထိုအခါ တယမ်မွမ်ပျက်သွားပေလိမ့်မည် ။ ၄င်းအပြင် ဝဇူပျက်စေသော အကြောင်းများသည် တယမ်မွမ်ကိုလည်း ပျက်ပြားစေ၏ ။
တယမ်မွမ်၏ အချို့အရေးကြီးသော မတ်စ်အလဟ်များ
မတ်စ်အလဟ် ရှင်းလင်းချက် (၁)
          အကယ်၍ ဝဇူပြုရန်နှင့် ရေချိုးရန်အတွက် ရေမရရှိမှု သို့မဟုတ် ရေသုံးစွဲနိုင်စွမ်း မရှိမှု သို့မဟုတ် ရေသုံးစွဲခြင်းဖြင့် ဖျားနာ
ရောဂါ ဖြစ်မည်ဟု စိုးရိမ်ရသော် ဤသို့သော မသက်သာမည့် အကြောင်းများဖြင့် တယမ်မွမ် ပြုခွင့်ရှိ၏ ။ (ဟေဒါယဟ်) ၄င်း၏သဘော
ကို ထပ်လောင်း မှတ်သားထားရန်မှာ တယမ်မွမ် ပြုပိုင်ရန်အတွက် အထူး စည်းကမ်းချက်မှာ ရေသုံးစွဲနိုင်မှု မရှိခြင်း ဖြစ်လေသည် ။
မတ်စ်အလဟ် ရှင်းလင်းချက် (၂)
          အကယ်၍ တစ်ဦးတစ်ယောက်အား ရောဂါဝေဒနာကြောင့် ရေစိမ်းဖြင့် ရေချိုးရန် ထိခိုက်စေမည်။ ရေနွေးဖြင့် ထိုခိုက်မှု မရှိဆိုသော် ထိုအခါ ရေနွေးဖြင့် ရေချိုးရန်အရေးကြီး၏ ။ အကယ်၍ရေနွေး မရနိုင်သော နေရာဖြစ်နေပါမူ အခြေအနေ မပေးသော ကြောင့် တယမ်မွမ်ပြု၍ နမာဇ် ဖတ်ရပေမည် ။(ဟေဒါယဟ်)
မတ်စ်အလဟ် ရှင်းလင်းချက် (၃)
          အကယ်၍ လူတစ်ဦးသည် အလွန် ခိုက်ခိုက်တုန်အောင် ချမ်း၍ရေခဲလု အေးမြသောနေရာသို့ ရောက်နေ၏ ။ရေချိုးလျှင်အအေး
ဒဏ် ကြောင့် သေနိုင်ကြောင်း၊ သို့မဟုတ် ရောဂါတိုးနိုင်ကြောင်း၊ သို့မဟုတ် မိမိထံတွင် ရေချိုးပြီး ဘေးဥပါဒ် မဖြစ်ပေါ်စေရန်အတွက် ကာကွယ်ရန် အနွေးထည်သော် လည်းကောင်း၊ စောင်သော် လည်းကောင်း မရှိမှု ထိုအခါမျိုးတွင်လည်း တယမ်မွမ်ပြုခွင့်ရှိလေသည်။
(မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၄)
          ဝဇူနှင့် ရေချိုးခြင်းအတွက် တယမ်မွမ် တစ်ကြိမ်တည်းပင် လုံလောက်၍ သီးခြားစွာပြုလုပ်ရန် မလိုအပ်ပေ ။  (အလမ်ဂီရ်)                                        
မတ်စ်အလဟ် ရှင်းလင်းချက် (၅)
          အကယ်၍ တစ်ဦးတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ကျောက်ရောဂါကြီး သို့တည်းမဟုတ် အနာဖုကြီးများ ထွက်နေ ၍ ဝဇူ ပြုရန် ရေကိုင်၍ပင် မဝံ့လျှင် ထိုအခါ ရေကို အသုံးမပြုဘဲ တယမ်မွမ်ပြု၍ နမာဇ်ဖတ်နိုင်ပေသည် ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၆)
အလားတူ လူတစ်ဦးတစ်ယောက်သည် အဖျားကြီးနေ၏ ။ ဝဇူပြုခြင်းဖြင့် ရောဂါတိုးနိုင်မည်ကို စိုးရိမ်ရလျှင် တယမ်မွမ် ပြုပိုင်၏ ။ ထိုသို့ မဟုတ်ပါက မပိုင်ချေ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၇)
          မသက်သာသဖြင့် ရေအစား သယမ်မွမ်ပြုနိုင်ဘိသကဲ့သို့ အလားတူ ရေချိုးခြင်း အစား၌လည်း သယမ်မွမ် ပြုပိုင်၏ ။ အလားတူ ကိုယ်မသန့်သော အမျိုးသမီးသည် ကိုယ်သန့်ပြီးနောက် ရေချိုးနိုင်စွမ်း မရှိသေးလျှင် ၄င်းသည်လည်း သယမ်မွမ် ပြုပိုင်၏ ။(မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၈)
          ဝဇူနှင့် ရေချိုးခြင်း၏ တယမ်မွမ်မှာ တစ်မျိုးတည်းသာ ဖြစ်၏ ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၉)
          တစ်ဦးတစ်ယောက်သည် နမာဇ်တစ်ကြိမ်အတွက် တယမ်မွမ် ပြုလုပ်ခဲ့၏ ။ ထိုတယမ်မွမ် မပျက်သရွေ့ နမာဇ်အကြိမ်ပေါင်းများစွာ
ကို ဖတ်ပိုင်၏ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၀)
          အကယ်၍ တယမ်မွမ် ပြုသောအခါတွင် လက်စွပ်ဝတ်ထားမူ ၊၄င်းကို ချွတ်ထားခြင်း သို့မဟုတ် လှည့်ကစားပေးရန် အရေးကြီး၏ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၁)
          ခရီးသွားနေစဉ် မိမိထံတွင် သောက်သုံးရန် ရေအနည်းငယ်သာ ရှိ၏ ။ရှေ့ခရီးတွင် ရေရနိုင်ရန် မျှော်လင့်ချက်မရှိဆိုသော် ထိုအခါ ၄င်းရေဖြင့် ဝဇူ မလုပ်ရပေ ၊တယမ်မွမ်ပြု၍သာ နမာဇ်ကို ဖတ်လိုက်ရပေမည် ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၂)
          တစ်ဦးတစ်ယောက်တွင် ခန္ဓာကိုယ်နှင့် အဝတ်အစားများမသန့်ဖြစ်နေ၏ ။ ထို့ပြင် ဝဇူပြုရန်လည်း လိုအပ်နေ၏ ။ရေက လည်းအနည်းငယ်သာ ရှိ၏ ။ ထိုအခြေအနေတွင်ခန္ဓာကိုယ်နှင့် အဝတ်အစားကိုသာ ဆေးကြောလိုက်ရမည် ၊ထို့နောက် ဝဇူအစား တယမ်မွမ် ပြုလိုက်ရပေမည် ။(ဗဟဲရှ်သီးဇေဝရ်)
မတ်စ်အလဟ် ရှင်းလင်းချက် (၁၃)
         တစ်ဦးတစ်ယောက်သည် ကုရ်အာန် ကျမ်းမြတ်ကို ဖတ်ရန်သော်လည်းကောင်း ၊မ, ယူရန်သော်လည်းကောင်း တယမ်မွမ် ပြုခဲ့၏ ထိုတယမ်မွမ်နှင့် နမာဇ်ဖတ်ခွင့် မရှိချေ ထို့ပြင် တယမ်မွမ်သည် ရေရှိနေပါလျှင် အထ မမြောက်ပေ ၊နမာဇ် ဝတ်ပြုရန်အတွက် ပြုအပ်သော
သယမ်မွမ်ဖြင့်မူ ကုရန်အာန်ကိုလည်း ကိုင်တွယ်နိုင်၏ ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၁၄)
          မီးရထားအတွင်းရှိ ထိုင်ခုံများတွင် တင်လျက်ရှိနေသော ဖုန်များ ၊ရွှံ့ခဲများသည် သန့်၏ ။ သံသယ ရှိစရာမလို ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၅)
          ရထားအတွင်း၌ ခရီးသည်များ ဖိနပ်စီး၍ သွားလာကြသော နေရာ၏ မြေမှုန်သည် မသန့်ဖြစ်၏ ၊ထို့ကြောင့် ၄င်းဖြင့်တယမ် မွမ် မပိုင်ချေ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၆)
          တစ်ဦးတစ်ယောက်သည် နံနက်အိပ်ရာမှ နေထွက်လှနီးချိန်၌နီးခဲ့၏ ။၎င်းသည် ရေချိုးရန်လည်း တာဝန်ရှိနေ၏ ။ထိုအခါ ဦးစွာ ရေချိုးရမည် ။ထို့နောက်တွင် နမာဇ် ဖတ်ရပေမည် ။နမာဇ် ကဇွာ ဖြစ်မည်ကို စိုးရိမ်၍ တယမ်မွမ်ပြုလုပ် ပြုခွင့်မရှိ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၇)
          ပရ်ဒါ အပြည့်အဝရှိသော အမျိုးသမီးတစ်ဦးသည် ရေရ ယူရန် နည်းလမ်း မမြင်သောနေရာသို့ ရောက်နေ၏ ။ထို့ပြင် နောက် နမာဇ် အချိန်လည်း စေ့လုနီး ဖြစ်သွား၏ ။ထိုအခါ လတ်တလော ချက်ချင်း တယမ်မွမ်ပြု၍ ဖတ်လိုက်ရမည် ။ကဇွာ မပြု လိုက်ရ။ ထို့နောက်တွင် ၄င်းနမာဇ်ကို ထပ်မံ ဖတ်လိုက်ရပေမည် ။(ဖသဝါဒါရွလ်အုလွမ် အတွဲ၁၊ စာမျက်နှာ - ၂၂၃)
မှတ်ချက်။     ။ဟဇရသ် မော်လာနာ ကာရီ ရှရီဖ် ပါကစ္စတန်၏ သအ်လီမွန် နိဆာအ်၊ မြန်မာပြန် မော်လာနာ အဗ်ဒွရ် ကာဒရ်(မှော်ဘီ)
                  စာမျက်နှာ ၁၀၃ မှ ၁၀၆ မှ ကိုးကားတင်ပြထားခြင်းဖြစ်ပါသည်။
-------------------------------------------------------------------------------------------------------
အမှားတစ်တစ်ရာတွေ့ရှိပါက    kotinmaung2010@gmail.com  သို့မဟုတ်     comment 
ဖြင့် အကြောင်းကြားပေးပါရန်ပေးပါရန်လေးစားမေတ္တာရပ်ခံပါသည်။
------------------------------------------------------------------------------------------------------------
အထူးမေတ္တာရပ်ခံချက်။       ။အခြားဝပ်ဆိုဒ်တွင် ဤအကြောင်းအရာကို ကြိုတင် အကြောင်းမကြားဘဲလုံ့ဝမတင်ပါရန်၊
                                     ထိုကဲ့သို့တင်ခြင်းဖြင့် ၎င်းဝပ်ဆိုဒ်တွင် အငြင်းခုံ စောဒက အမျိုးမျိုးတက်နိုင်ပါသည်။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Monday, May 16, 2011

စလဖီဆိုတာဘာလဲ???

၂၀၀၃-ခုနှစ်ခန့်လောက်ကလို့ ထင်ပါတယ်။
သတင်းတစ်ခုကြားလိုက်ရတယ်။ ကျနော်ရောက်နေတဲ့မြို့က ဟာဖီးဇ်ကျောင်းလေးမှာ ဆရာတစ်ပါးက သဂ်ျဝီးဒ်သင်ပေးမယ်တဲ့။ သင်တန်းလာတက်တဲ့သူတွေကို စာအုပ်တွေအလကားပေးတယ်။ တိပ်ခွေနဲ့ နားကျပ်ကတ်ဆတ်တွေလဲ အလကားပေးတယ်ဆိုပဲ။ အဲဒီတုန်းက mp3 တို့ 4 တို့က ခေတ်မစားသေးဘူးလေ။ နားကျပ်ကတ်ဆက်တောင် တန်ဖိုးသိပ်ကြီးတာဆိုလို့ နှစ်သောင်းလောက်ဆို ဂျပန်ထုတ် ဆိုနီအမျိုးအစားရတယ်။

ကျနော့်ကိုလဲ မိတ်ဆွေတွေက လာပြောကြတယ်ဗျာ။ သင်တန်းသွားတက်ဖို့ပေါ့။

ကျနော် မတက်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ကျနော်လဲ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကျောင်းကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ သိပ်မအားတာနဲ့ ဘာသာရေးအသိုင်းအ၀ိုင်းနဲ့လဲ အရင်လောက် အဆက်အသွယ် မလုပ်ဖြစ်ခဲ့ဘူးဗျ။

အဲ... ၂၀၀၇ လောက်ကျတော့ ထပ်ပြီး သတင်းတစ်ခု ကြီးလာပြန်တယ်။ ဒီအချိန် ကျနော် အလုပ်ထဲမှာပဲ လုံးဝ ရောက်နေပြီဗျ။ ဆော်ဒီပြန်ဆရာတစ်ယောက် (အပေါ်ကဆရာတော်)က သဂ်ျဝီးဒ်ပညာတွေကို နိုင်ငံအနှံ့ လှည့်လည်ပြီး သင်ပေးနေတယ်။ စာအုပ်တွေ အလကားပေးတယ်။ အခွေတွေ၊ စီဒီတွေပါ ပေးတယ်ပေါ့။ ကျနော်တို့ထက် အများကြီးစောတဲ့ စီနီယာကျတဲ့သူတွေတောင် အဲဒီသင်တန်းတွေသွားတက်ကြတယ်။ ဒီတစ်ခါ သတင်းကြီးလာတာက အရင်နဲ့မတူဘူး။ ပိုပြီး ကျယ်ပြန့်လာတယ်။ မြို့အတော်များများကိုလဲ ၀င်နေတာကိုး။

အဲဒီဆရာက မြို့တစ်မြို့ရောက်ရင် အဲဒီမြို့က အရေးပါတဲ့လူတွေကို အသင့်ပါလာတာတွေ လက်ဆောင်ပေး၊ ပြီးတော့ ဗလီ(သို့)နေရာတစ်ခုခုမှာ အာလင်မ်တွေကို စုရပ်လုပ်ပြီးခေါ်ခိုင်း၊ ရောက်လာတဲ့အာလင်မ်တွေကို ကိရာအသ်ဖတ်ခိုင်း၊ ဖတ်တဲ့အခါ အမှားတွေကို မရ/ရအောင် ထောက်ပြ။ ပြီးတော့ ခင်ဗျားတို့ ကုရ်အာန်ဖတ်တာ သဂ်ျဝီးဒ်နည်းလမ်းတွေ မှားနေကြတယ်။ သင်ဖို့အတွက် ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့။ ဒါကြောင့် သင်တန်းတစ်ခုလုပ်ဖို့ သူတို့လာတယ်ဆိုတဲ့အကြောင်း သင်တန်းကို အခု (...)ရက် သင်တန်းကာလအဖြစ် အခြေခံ သင်ပေးမယ်ဆိုတဲ့အကြောင်း၊ ပြီးရင် ဒလမြို့က သူ့ကျောင်းမှာ လာတက်မယ်ဆိုရင် စနဒ်(အောင်လက်မှတ်) ထုတ်ပေးမယ်ဆိုတဲ့အကြောင်းတွေ ပြောပြသွားတယ်။

ဒီမှာ ကျနော် တစ်ခု စဉ်းစားမိလာတယ်။ ဒီဆရာ တော်တော်ကို အလုပ်လုပ်တာပဲ။ လေးစားမိပါတယ်။ ချီးကျူးမိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေလဲ တော်တော်များများ သူ့ဆီမှာ သွားပြီး စာတွေဖတ်နေကြပြီ။ ဒါပေမဲ့ ဘာကြောင့် ဟိုးရှေးကတည်းက အခုမှ ဒီသဂ်ျဝီးဒ်ပညာဆိုတာ ဘာလို့ ခေတ်မစားခဲ့တာလဲ။ ဒီဆရာတော်ပြောသလို သိပ်ကို အရေးကြီးနေတယ်ဆိုရင် ဘာကြောင့်များ ရှေးခေတ် သူတော်စင် အာလင်မ်ကြီးတွေ လူထုကို အွမ္မသ်ကို မသင်ပေးခဲ့ကြတာလဲပေါ့။

ကျနော်လဲ ဒီပညာကို မတတ်ဘဲ ပြောနေတာတော့ မဟုတ်ဘူးဗျ။ ကြုံတုန်းပြောရအုံးမယ်။ ၁၉၉၃-ခုနှစ်လောက်မှာ အီဂျစ်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ International အဆင့် ကိရာအသ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မြန်မာပြည်ကနေ ပညာရှင်တွေကို ဖိတ်ခေါ်တုန်းက ကျနော့်ရဲ့ ဆရာအရင်းဖြစ်သူကို အရွေးခံခဲ့ရတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်ခဲ့ဘူး။ ဒီလိုဖိတ်ခေါ်ခံရတာ မြန်မာပြည်ရဲ့ ပထမဆုံးအကြိမ်ပဲလေ။ တစ်တိုင်းပြည်လုံးကနေ ရွေးချယ်ခံရတာ သုံးယောက်လောက်ပဲ ရှိတယ်။ အသံလဲ ဘာကောင်းသလဲ မမေးနဲ့။ သူများတွေလို ကာရီဆိုဿိုက်ဆ်ဆပ်အလိုက်မျိုးနဲ့ဖတ်တာမဟုတ်ဘူး။ ဘယ်သူ့ကိုမှလဲ အတုခိုးထားတဲ့သူမဟုတ်ဘူး။ သူအလိုက်၊ သူ့အသံ၊ သူ့မူနဲ့ဖတ်တာ။ ကျနော်က အဲဒီပုဂ္ဂိုလ်ရဲ့ တပည့်အရင်း။

နောက် မြန်မာပြည်မှာ သဂ်ျဝီးဒ်ပညာရပ်ရဲ့ဂုရုကြီးလို့ပြောလို့ရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ကျနော်တို့ကို အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်း သဂ်ျဝီးဒ်ကို လာသင်ပေးခဲ့တယ်။ အခုတော့ ကွယ်လွန်သွားရှာပါပြီ။ (အလ္လာဟ်အသျှင်မြတ် ထိုပုဂ္ဂိုလ်မြတ်ကြီးကို ဂျန္နသ်နစီးဒ် ပေးသနားတော်မူပါစေ။ သူ့ရဲ့ ကဗရ်ကို ကိယာမသ်တိုင် လင်းဝင်းမှုနဲ့ ထားရှိတော်မူပါစေ)။ အဲဒီပုဂ္ဂိုလ်ကြီးကို ရန်ကုန်မရ်ကဇ်က လူဟောင်းအများပိုင်း သိပါတယ်။ ကျနော်က သူ့ဆီမှာလဲ သဂ်ျဝီးဒ်ပညာကို သင်ယူခဲ့ပါတယ်။

ကြွားတာတော့မဟုတ်ပါဘူး။ ကျနော် ကျောင်းသားဘ၀က စာတွေဖတ်တယ်ဗျ။ ဆရာဆီမှာ စာဆိုပြလို့ မုန့်ဖိုးတွေ ရခဲ့တယ်။ ကိရာအသ်ပြိုင်ပွဲတွေမှာလဲ ဆုတွေ ရခဲ့ပါတယ်။ ကျောင်းအုပ်ဆရာကြီးဆိုရင်လဲ စာဖတ်ပြသူတွေ ဆယ်ဂဏန်းကြားထဲကနေ ကျနော်စာဖတ်တာကို သီးသန့် နားစွင့်ပြီး နားထောင်လေ့ရှိခဲ့တယ်ဗျာ။ ဒါကတော့ ကျနော့် ပညာအဆင့်အတန်းနဲ့ သင်ခဲ့ရတဲ့ ဆရာအချို့အကြောင်း ပြောပြတာပါ။ ဘာလို့လဲဆိုတော့ ကျနော် ဒီပညာကို မသင်ဘူး မတတ်ဘူးလို့ ပြောချင်ရာပြောတယ်ဖြစ်မှာစိုးလို့ပါ။ ဟုတ်ပြီ။ ကျနော် ဆက်ပြောပါမယ်။

အဲဒီလို သဂ်ျဝီးဒ်ခေတ်စားလာတာ ဘယ်လောက်တောင် ဖြစ်လာလဲဆိုတော့ သာမန်အာဝမ်လူတွေကလဲ ဒီသဂ်ျဝီးဒ်၊ အာလင်မ်တွေလဲ ဒီသဂ်ျဝီးဒ်နဲ့ တစ်ချို့ဆို ကြက်မောင်းတာတောင် “ရှူး”လို့ မမောင်းတော့ဘဲ “ရှူးခ်”ဆိုပြီး သဂ်ျဝီးဒ်နဲ့ မောင်းကြတယ်လို့တောင် ရီစရာ ပြောစမှတ်ပြုလာကြတယ်။ ကောင်းပါတယ်။ (မာရှာအောလ္လာဟ်)။ အရမ်းကောင်းပါတယ်။ ကုရ်အာန်ကို အလှဆင်လာကြတာပါ။

ဒါပေမဲ့ အလွန်ကို အရုတ်ဆိုး အကျည်းတန်လာတာကတော့ အခြေခံစာသင်ကျောင်း မက်သဗ်လေးတွေမှာ အာလင်မ်ကြီးတွေ သောကထား၊ ပူပန်ခဲ့ကြပြီး ကိုယ်တော်မြတ် صلى الله عليه وسلم ရဲ့ ဟဒီးဆ်မှာ လေးနက်စွာ မိန့်မှာခဲ့တဲ့ ဒီနီယာသ်ပညာတွေကိုတောင် ပစ်ပယ်လာကြတယ်ဗျာ။ ဘယ်လောက်ထိ ဆိုးရွားလာလဲဆိုရင် ကိုးတန်း၊ ဆယ်တန်းအရွယ် (၁၅၊ ၁၆) ကလေးတွေ စလာမ်ကို သဂ်ျဝီးဒ်နဲ့ပေးတတ်တယ်။ ဒါပေမဲ့ နမားဇ်နှစ်ရကအသ်ကို မဖတ်တတ်ဘူးဗျ။ ကျန်တာတွေ ပြောမနေနဲ့။ အရေးအကြီးဆုံးဆိုတဲ့ နမားဇ်ရဲ့ မဆ်အလာဟ်၊ မစာအိလ်တွေကို ဘာမှန်းတောင် မသိကြဘူး။ စိတ်မကောင်းဖြစ်မိတာ တကယ်အမှန်ပါ။

ကျနော်နဲ့ ရွယ်တူ စာသင်နေတဲ့ အာလင်မ်တစ်ယောက်ကို ဒီကိစ္စပြောဖူးတယ်။ ကုရ်အာန်ကို တစ်ခသမ်လုံး ဂျွမ်းပြန်အောင် ဖတ်တတ်တာနဲ့၊ ဒီနီယာသ်ပညာတွေနဲ့ ဘယ်ဟာပို အရေးကြီးလဲပေါ့။ ခသမ်လေးငါးခါဖြစ်ထားတဲ့သူတွေ ဒီနီယာသ်ကို ကောင်းကောင်းမသင်ခဲ့လို့ မွရ်ဿတ်ဖြစ်သွားတာ မနည်းဘူးလို့ ပြောပြတော့ ကျနော်နဲ့ အကြီးအကျယ်ကို စကားများခဲ့ရဘူးသေးတယ်။

ပြန်စဉ်းစားကြည့်ပါ။ ကလေးတွေ state ကျောင်း (၁၀)တန်းအောင်လို့ တက္ကသိုလ်တွေ တက်နေကြတယ်။ တကယ်တော့ ဒီနီယာသ်ပညာဆိုတာ state ကျောင်းသားဘ၀မှာသာ သင်ဖို့ အချိန်များကြတယ်။ တက္ကသိုလ်ကျောင်းတွေတက်တော့ သိတဲ့အတိုင်းပဲ။ မိဘနဲ့စွန့်ခွါပြီးတော့ တစ်နယ်တစ်ကျေးမှာ အဆောင်နေပြီး တက်ရတယ်။ ဘာသာရေးနဲ့ ဝေးကွာကြတော့ ဖြစ်ချင်သလိုဖြစ်၊ နေချင်သလိုနေ၊ အများပိုင်းမှာ စည်းဆိုတာ မရှိကြဘူး။ အဲဒီမှာ ဆန့်ကျင်ဘက်လိင်တွေနဲ့ နီးစပ်ပြီး ဘာသာတရားဆိုတာ စည်းမခြားတော့ဘူး။ နောက်ဆုံး ဘာသာပျက်ဘ၀ကို နတ္ထိရောက်သွားကြတယ်။ တစ်ချို့လဲ ယူလိုက်ကြတယ်။ သူ့ဘာသာ ကိုယ့်ဘာသာဆိုပြီး အတူပေါင်းသင်း နေထိုင်သွားကြတယ်။

တက္ကသိုလ်ကျောင်းသားတွေအတွက် ဘာသာရေးစာပေသင်ယူဖို့ဆိုတာ အတော်အတန် မလွယ်ကူသလို၊ ကျောင်းပြီးပြန်တော့လဲ အလုပ်ကိုယ်စီနဲ့ဆိုတော့ ဘာသာရေးအခြေခံတွေကို ငယ်စဉ်က မသင်ယူခဲ့ရဘူးဆိုရင် ဘ၀အတွက် အရမ်းကို အန္တရာယ်ကြီးမားပါတယ်။ ဒါတွေရဲ့ အခြေခံ ရင်းမြစ်တွေကို လေ့လာမယ်ဆိုရင် သဘောပေါပါလိမ့်မယ်။ စာတွေလဲ သိပ်ရှည်ကုန်တော့မှာပါ။

ဒီလို သဂ်ျဝီးဒ်တွေ အားကောင်းနေတဲ့အချိန်မှာပဲ ဘာတွေဘယ်လို ဖြစ်ကုန်ကြတယ်တော့ မသိဘူး။ ကျနော် စာတစ်စောင် ဖတ်လိုက်ရတယ်။ အဲဒီစာကို ရေးတဲ့သူက အပေါ်မှာ တင်ပြခဲ့ ဆရာတော် ကာရီဟာရှင်မ်ဦးတင်မြင့်(ကာရီဆပ်)ပါ။ သူရေးသားထားတဲ့ အလိုသဘောအကျဉ်းကတော့ သူနဲ့ပတ်သက်ပြီး၊ သူ့ကျောင်းနဲ့ပတ်သက်ပြီး သာသနာရေးအမြင်အရ ဖသ်ဝါ ဓမ္မသတ် ထုတ်ပြန်ခဲ့တဲ့ အောက်မြန်မာနိုင်ငံရှိ သာသနာပိုင် ဆရာတော်ကြီးတွေက သူ့ကို တောင်းပန်ဖို့၊ လူသိရှင်ကြား သောင်ဝ်ဗဟ် အမှားဝန်ခံဖို့ဆိုတဲ့ အချက်တွေပါ။ သူရည်ညွှန်းတဲ့ ဆရာကြီးတွေထဲမှာ ကျနော် မှတ်မိသလောက်ပြောရရင် ဘာသာခြားတွေကတောင် သူတောင်စင် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ မောင်ဝ်လာနာ ဟေဒါယသွလ္လာဆပ်နဲ့ မွတ်ဖ်သီနူးရ်လို ပြည့်ဝ ထက်မြတ်တဲ့ပုဂ္ဂိုလ်တွေတောင် ပါဝင်နေပါတယ်။

ကျနော် ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်/စိတ် မအီမသာ ဖြစ်ခဲ့ရပါတယ်။ ဒါတွေကို ဘယ်လို ချေပရမှန်းလဲမသိဘူး။ ရေးသားထားပုံကလဲ အချက်အလက် သိပ်ကို စုံလင် စေ့ငှတယ်။ အဖြစ်မှန်ကိုလဲ ဂဃနဏ မသိဘူး။ ဘယ်သူမှန်/မှားတယ်ဆိုတာကိုလဲ မဝေခွဲတက်ခဲ့ဘူး။ ဒါကတော့ ကျနော့်ရဲ့ အားနည်းမှုပါ။

ရေးထားတဲ့ပုဂ္ဂိုလ်ဆိုတာလဲ နှယ်နှယ်ရရတော့မဟုတ်ဘူး။ ဟိုတုန်းက MC ပြီးရင် ဒုတိယနေရာလိုက်တယ်ဆိုတဲ့ တနည်းပြောရရင် ဒုတိယအတော်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေတက်ရတဲ့ RIT (သို့) YIT ကျောင်းဆင်း အင်ဂျင်နီယာလဲဖြစ်၊ အာလင်မ်လဲဖြစ်နေတယ်။ ဒါကြောင့် သာမန်ပုဂ္ဂိုလ်တွေတော့ မဆိုထားနဲ့ ခေတ်ပညာတက်တစ်ယောက်ထက် သူဟာ အာလင်မ်ဖြစ်နေတာကြောင့် ခေါင်းတစ်လုံး သာနေသလို၊ အာလင်မ်တွေထက်လဲ ဘွဲ့ရဆိုတဲ့ဂုဏ်ပုဒ်ကြောင့် ခေါင်းတစ်လုံး သာနေတယ်။ အာလင်မ်တော်တော်များများမှာကလဲ ခေတ်ပညာတက်ရင်ကို အထင်ကြီးတတ်တဲ့ ဉာဉ်လေးတွေ ရှိတာကိုး။ ဒီနှစ်ခုရဲ့ အားနည်း/အားသာချက်တွေကိုသိထားတဲ့ ဒီပုဂ္ဂိုလ်ကာရီဆပ်က သိထားတယ်လေ။

အဲဒီနောက် ဘာတွေဘယ်လို ဆက်ဖြစ်ကြတယ်တော့ မသိဘူး။ ကျနော်တို့ကလဲ နယ်ကကို။ ရန်ကုန်ကို အရောက်အပေါက် သိပ်နည်းတယ်လေ။ သဂ်ျဝီးဒ်တွေလဲ နဲနဲတော့ ငြိမ်သွားသလိုပဲလို့ သတိတော့ထားမိတယ်။ အရင်ကလောက် မဟုတ်တော့ဘူးဗျ။

နောက် သိပ်မကြာဘူး “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇာဗ်”ဆိုပြီး စာအုပ်တစ်အုပ် အလကား လိုက်ဝေတယ်ဗျ။ ကျနော်နေတဲ့ မြို့မှာလဲ ဒီစာအုပ်ကို အဲဒီရေးတဲ့ ကာရီဆပ်ကိုယ်တိုင် ကားသုံးစီးလောက်နဲ့ရောက်လာတယ်။ တစ်စီးကတော့ စာအုပ်တွေတင်လာတဲ့ ကားသေးလေး။ အဲဒီကားကနေ မြို့ပေါ်က သူနဲ့ပတ်သက်သမျှလူတွေဆီကို လက်ဆင့်ကမ်း ဝေငှသွားတယ်။ ဒီစာအုပ်ရတော့ ကျနော်နဲ့ ရွယ်တူအာလင်မ်လေးတွေက မက္ကာဟ်အိမာမ် ကာရီဆိုဒိုက်စ်နဲ့ ကာရီရှိုရိုင်းမ်တို့တောင် စလဖီလို့ ကြေငြာလိုက်ပြီ။ စလဖီဆိုတာကို ကမ္ဘာ့အကာဗီလ်ကြီးတွေကလဲ လက်ခံလိုက်ပြီ။ ဘာညာပေါ့ဗျာ။

ကျနော့်ကိုလဲ ဒီစာအုပ်လာပြတယ်။ ဒီဗွီဒီအခွေလဲ ကြည့်ရတယ်။ ဟာ ကျနော် သိသိချင်း စိတ်တွေ အရမ်းကို ခြောက်ခြားနေမိတယ်ဗျာ။ အလ္လာဟ် အလ္လာဟ် ဘာတွေ ဘယ်လိုများ ဖြစ်ကုန်ပြီလဲ။ ကျနော် အရမ်းစိုးရိမ်နေမိတယ်။ မြို့ပေါ်မှာလဲ စာအုပ်တွေက သိပ်ကိုပျံ့နှံ့နေပြီ။ ဘာပဲဖြစ်ဖြစ် ကျနော် အမှန်တရားဆိုတာကို ရှာဖွေနေတယ်။ သိချင်နေတယ်။ လိုချင်နေမိတယ်။ စာအုပ်ထဲဖတ်ကြည့်လိုက်တော့ ကြပ်သီးတွေတောင် ထလာမိတယ်။ စလဖီဆိုတာ မဇ်ဟဗ်တစ်ခုလိုပဲလို့တောင် ထင်နေမိတော့တယ်။ ဇရားကွက်နဲ့ကို စနစ်တကျ မဇ်ဟဗ်တွေရဲ့ ကွဲပြားမှုတွေမှာ စလဖီလဲ တစ်ခုပါနေတယ်။ နောက် ကျနော်တို့ရဲ့ ဆရာကြီး ဟာရှင်မ်ဘိုဒီးဆပ်ရဲ့ အသံ၊ မွတ်ဖ်သီဆပ်ရဲ့အသံ၊ ဟိဒါယသွလ္လာဟ်ဆပ်ရဲ့အသံတွေကိုလဲ ကြားရတယ်။ ကာရီဆပ်ရဲ့အသံကိုလဲ အဲဒီခွေထဲမှာ ကြားဖူးခဲ့တာပေါ့။ သူ့အသံက မာနသံတွေလိုလို၊ အဲဟ်လေ့ဟဒီးဆ်၊ ကာဿီယာနီတွေ မြန်မာနိုင်ငံက ဟဇရသ် အကာဗီလ်တွေကို ပြောနေတဲ့ လေသံတွေလိုလို၊ စလဖီဝါဒီတစ်ဦးက စလဖီဝါဒဖြန့်နေသလိုလို ဖြစ်နေတယ်။ ဒါပေမဲ့ သူက အခိုင်အမာနဲ့ စလဖီမဟုတ်ဘူး၊ ဟနဖီပါလို့တော့ ပြောနေတယ်။ ဘာနဲ့သွားတူသလဲဆိုရင် ကျီးကန်းက ကျီးကန်းတော့ဟုတ်တယ်။ ဒေါင်းတွေကို အားကျနေတဲ့လေသံမျိုးပေါ့။
ကျနော် ဒီကိစ္စကို ဘယ်သူနဲ့မှ အငြင်းအခုံမလုပ်တော့ဘူး။ နှုတ်ဆိတ်ပြီး နေလိုက်တယ်။ သူတို့ အောင်ပွဲခံနေကြတာကိုး။ စိတ်ထဲမှာတော့ သိနေတယ်။ ဒီစာအုပ်ဟာ သာသနာကို ဖျက်ဆီးဖို့ လက်နက်တစ်ခုပဲ။ ဒီစာအုပ်ကြောင့် အွမ္မသ်တစ်ခုလုံး ဗြောင်းဆန်သွားနိုင်တယ်။ မီးခိုးကြွက်ချောက် ဖြစ်ကုန်လိမ့်မယ်။ အမှန်တရားနဲ့ ဆန့်ကျင်နေတဲ့ စာအုပ်ဆိုတာကိုတော့ အလ္လာဟ့်အလိုတော်နဲ့ သေသေချာချာ သိနေတယ်။ အမှန်တကယ်ကိုပဲ ဆိုဒိုက်စ်က စလဖီလို့ ကြေငြာခဲ့ရင်လဲ သူမှားတယ်။ သူ့ဟာသူ ဘာကြီးပဲ ဖြစ်နေဖြစ်နေပေါ့။ နောက် အခွေထဲမှာလဲ ဆိုဒိုက်စ်တို့ရဲ့ ပါကစ္စတာန်ခရီးစဉ်ပုံစံက ခေါင်းစဉ်မဖော်ပြတတ်ပေမဲ့ ကြည့်ရတာ တစ်မျိုးကို ဖြစ်နေတယ်။ ဘ၀င်မကျမိဘူး။ ဒီအတွက် တစ်ခုခုကို မျှော်လင့်နေမိတယ်။ ပါကစ္စတန်မှာ ရှိနေတဲ့ သူငယ်ချင်းတွေဆီလဲ အဆက်မပြတ် ဆက်သွယ်ပြီး ဒီကိစ္စကို လေ့လာနေခဲ့တယ်။





(အလ်ဟမ်ဿးုလစ်လ္လား) ချီးမွှမ်းထောပနာမှုတွေဟာ အရှင်မြတ်အတွက်ဖြစ်ပါတယ်။ အရှင်မြတ်ရဲ့ နေအ်မသ် ဂရုဏာတော်ကြောင့် သိပ်မကြာဘူး။ ဒီစာအုပ်အတွက် အိုလမာအဖွဲ့ချုပ်က ဦးဆောင်ပြီး အာလင်မ်ခုနှစ်ဦးပါတဲ့ အောက်မှာ ဖော်ပြထားတဲ့ ကြေညာချက် တစ်စောင် ထွက်လာပါတော့တယ်။
---------------------------------------------------------------------------------------------------------------

အစ္စလာမ်ဘာသာဝင်အပေါင်းတို့အား အသိပေးကြေငြာချက်


အစ္စလာမ် ဘာသာဝင် အပေါင်းတို့ခင်ဗျား -

လွန်ခဲ့သော (၂)ပတ်ခန့်က “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ်” မည်သော စာအုပ်တစ်အုပ် ထွက်လာခဲ့ပါသည်။ ယင်းစာအုပ်တွင် အများမွတ်စ်လင်မ် ထင်ယောင်ထင်မှား ဖြစ်စေရန် အထောက်အထားများကို (ဖြတ်၊ ညှပ်၊ ကပ်) ပြုလုပ်ပြီး လိုရာဆွဲ၍ ပြန်ဆိုထားခြင်း၊ မူရင်းစာသားအချို့ကို ချန်လှပ်၍ ပြန်ဆိုထားခြင်း၊ မိမိဘက်မှ ဖြည့်စွက်ရေးသားခြင်း၊ မြန်မာပြည်ရှိ အာလင်မ်သာသနာ့ ပညာရှင်ကြီးများနှင့် အစ္စလာမ်ဘာသာဝင်များအား စော်ကားထားခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရပါသည်။

သာဓကအားဖြင့် ဖော်ပြရသော် -
  1. ၄င်းစာအုပ်တွင် ဂျာမေအဟ်ဒါရွလ်အုလူမ်ကရာချီပါကစ္စတန်ဖသ်ဝါဌာနမှ အိုလမာ အဖွဲ့ချုပ်သို့ ပေးပို့သောစာကို ဖော်ပြရာတွင် မူရင်းစာသားအချို့ကို ချန်ထားပြီး မိမိလိုရာကိုသာ ဖော်ပြထားခြင်း၊ ဥပမာ- မူရင်းစာ အောက်ဆုံးအပိုဒ်တွင် “အကယ်၍ မည်သည့် အုပ်စုမဆို ပညာရေးကို အကြောင်းပြပြီး သက္ကလီးဒ် မပြုကြရန် စွဲဆောင်နေလျှင် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ စာသင်ကျောင်းများတွင် ပညာဆည်းပူးခြင်းမှ တားမြစ်ရမည်။”ဟူသော မူရင်းစာသားကို ချန်ထားခဲ့ခြင်း။
  2. ၄င်းစာအုပ်ကို ရေးသားသူသည် မိမိကိုယ်မိမိ “ဟနဖီ မဇ်ဟဗ်”၀င် ဖြစ်သည်ဟု ရေးသား ဖော်ပြထားပါလျက် စလဖီ အယူဝါဒကိုသာ စာအုပ်တစ်အုပ်လုံးတွင် အားပေးဖော်ပြထားခြင်း။
  3. ၄င်းစာအုပ်တွင် "မြန်မာပြည်ရှိ အစ္စလာမ်သည်လည်း ကုရ်အာန်ကျမ်းတော်၊ စွန္နသ်တော်နှင့် ဆန့်ကျင်သော အစ္စလာမ် ဖြစ်နေရုံသာမက အကာဗိရ်များ၏ လမ်းစဉ်နှင့်လည်း ဆန့်ကျင်နေသည့် အစ္စလာမ်သာ ဖြစ်နေရပါတော့သည်" ဟု ရေးသားထားခြင်း။
  4. ၄င်းစာအုပ်တွင် "မိမိတို့မျက်လုံးကို အမှောင်ထဲ စုံမှိတ်ကာ ဆရာကြီးတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ မွတ်စ်လင်မ်လူထုကြီးကို ဒီအတိုင်းပဲ ဆက်လျှောက်နေလျှင် အလွန်နက်ရှိုင်းတဲ့ ချောက်ကြီးထဲသို့ ကျသွားမှာဖြစ်နေလို့"ဟု ရေးသားထားခြင်း။
  5. ၄င်းစာအုပ်တွင် "ဒီကနေ့အထိ ဆရာကြီးတွေရဲ့ မှားယွင်းချွတ်ချော်မှုတွေနဲ့အတူ လွှမ်းမိုးလျက်ရှိနေတာကို အမှန်တည့်ပေးမယ့် ဆရာသခင် (ကျွန်တော်မှအပ) တစ်ပါးမှ မပေါ်ပေါက်သေးပါ"ဟု ရေးသားထားခြင်း။
  6. ၄င်းစာအုပ်တွင် မှန်ကန်သော မဇ်ဟဗ် (၄)ခုနှင့် တစ်ဆက်တည်း စလဖီကိုလည်း မဇ်ဟဗ်တစ်ခုဟု ဖော်ပြကာ မွတ်စလင်မ်ထုအား မဇ်ဟဗ် (၅)ခုရှိသယောင် မဟုတ်မမှန် ဖော်ပြထားခြင်း။
  7. ၄င်းစာအုပ်တွင် ဂိုင်းရ်မုက္ကလိဒ်၏နောက်တွင် နမာဇ်ဝတ်ပြုပိုင်သည်ဟူ၍ ကျမ်းကြီးကျမ်းငယ်များမှ အထောက်အထားများကို မူရင်းစာ (စ၊လယ်၊ဆုံး)မှ မိမိဖော်ပြလိုသည်ကိုသာ နှိုက်ထုတ် ပြန်ဆို တင်ပြထားခြင်း။
  8. ၄င်းစာအုပ်တွင် ကအ်ဗဟ်ကျောင်းတော်၏ အိမာမ်များဖြစ်သည့် ရှိုင်ခ်စုဒိုက်စ် နှင့် ရှိုင်ခ်ရှိုရိုင်းမ် တို့သည် “စလဖီ ဖြစ်သည်ဟု ဖော်ပြထားကြောင်း တွေ့ရပါသည်။ ဤသည်မှာ လုံးဝ မဟုတ်မမှန် ဖော်ပြချက် တစ်ရပ်သာ ဖြစ်သည်။ ဖော်ပြပါ အိမာမ်များသည် မိမိကိုယ်မိမိ စလဖီဖြစ်ကြောင်း ယတိပြတ် အသုံးအနှုန်းဖြင့် ကြေငြာချက်တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိပါ။ အမှန်စင်စစ် ကအ်ဗဟ် ကျောင်းတော်နှင့် မတ်စ်ဂျိဒေနဗ၀ီ၏ သာသနာရေးဆိုင်ရာ အကြီးအကဲ ဥက္ကဋ္ဌကြီးဖြစ်သည့် ရှိုင်ခ် မုဟမ္မဒ် ဗင်န် အဗ္ဗဒွလ္လာဟ် အပ်စ်စုဗိုင်ယိလ်က မုချ ဟရမိုင်းန်တွင် ရှိကြကုန်သော အိမာမ်များသည် အိမာမ် အဟ်မဒ်ဗင်ဟမ်ဗလ် ရဟ်မသွလ္လာဟ်သခင်၏ နောက်လိုက် “ဟမ်ဗလီ” မဇ်ဟဗ်ဝင်များဖြစ်ကြောင်း ဖြေကြားသည့် အထောက်အထား အတိအလင်း ရှိပေသည်။ ၎င်းမှာ- ထိုဟရမိုင်န် ရှရီဖိုင်း(န်)၏ အိမာန်များသည် “ဟမ်ဗလီ”မဇ်ဟဗ်ဝင်များ ဖြစ်ကြသလားဟု မေးမြန်းထားသည်ကို ဟရမိုင်န်း၏ ဥက္ကဋ္ဌကြီးက ဖြေကြားထားသည်မှာ “ဟုတ်ကဲ့၊ ၄င်းတို့သည် အဲ့ဟ်လေစွန္နသ် အိမာန်ကြီးတစ်ပါးဖြစ်သည့် အိမာန်အဟ်မဒ်ဗင်န်ဟမ်ဗလ် ရဟ်မသွလ္လာဟ် သခင်ကြီး၏ နောက်လိုက်များ ဖြစ်ကြပါသည်။”
  9. ၄င်းစာအုပ်တွင် ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ကျင်းပသော ကအ်ဗဟ်ကျောင်းတော်၏ အိမာမ်အား ကြိုဆိုသည့် သီးခြားအခမ်းအနားနှစ်ခုကို ဟနဖီအကာဗိရ်အကြီးအကဲများနှင့် အဲဟ်လေ့ဟဒီးစ် (စလဖီ) ပညာရှင်ကြီးများ ပူးပေါင်းလျက် မိန့်ခွန်း ပြောနေကြပုံများဟူ၍ အခမ်းအနား တစ်ခုသယောင် လိမ်လည် ဖော်ပြထားခြင်း၊ စသည့် အချက်များအပြင် နောက်ထပ် လိမ်လည် လှည့်ဖျား၍ ရေးသားထားသည့် အချက်များစွာတို့ကို “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ်” မည်သော စာအုပ်တွင် တွေ့ရှိရပါသည်။ သို့ပါ၍ ၎င်းစာအုပ်ကို အစ္စလာမ် ဘာသာဝင်များ ဖတ်ရှုလေ့လာခြင်းဖြင့် အီမာန်ကို ထိခိုက်ပျက်စီးစေမည့်အပြင် ကျင့်စဉ်များကိုလည်း ထိခိုက်နိုင်ပြီး အချင်းချင်း ၀ိဝါဒကွဲ၍ အငြင်းပွားကာ ပြဿနာများ ပေါ်ပေါက်နိုင်ပါသည်။
သို့ပါ၍ ယင်းစာအုပ်ကို မွတ်စ်လင်များ အနေဖြင့်-
ဖတ်ရှုလေ့လာခြင်း၊
လက်ဝယ်ထားရှိခြင်း၊
တဆင့်ပြန်လည်ဖြန့်ဝေခြင်း စသည်များကို လုံးဝ မပြုလုပ်ကြပါရန် အသိပေးအပ်ပါသည်။

--------------------------------------------------------------------------------------------------------------- 


ကာရီတွေ အသံကောင်းကောင်းနဲ့ ကိရာအသ်တွေ ဆိုဖို့ထက် အစ္စလာမ့်ရင်သွေးငယ်တွေ ကလိမာစာပိုဒ်တွေ ရွတ်ဆိုတတ်ဖို့က အရေးကြီးပါတယ်။ စလာမ်ကို သဂ်ျဝီးဒ်နဲ့ ပေးတတ်ဖို့ဆိုတာထက် နမားဇ်ကို ကောင်းကောင်းဖတ်တတ်ဖို့က အရေးကြီးပါတယ်။ သဂ်ျဝီးဒ်ပညာရပ်နဲ့ အချိန်ကုန်နေဖို့ထက် ရိုဇာဟ်ရဲ့ မတ်စ်အလာဟ်တွေ သင်ယူဖို့က ပိုရေးကြီးပါတယ်။ သဂ်ျဝီးဒ်တွေအတွက် ငွေတွေသုံးဖို့ထက် အခြားသော သာသနာ့ပညာတွေအတွက် ငွေတွေ စိုက်ထုတ်သင့်ပါတယ်။


ကိုယ်တော်မြတ်ကြီးနဲ့တပည့်ဆွဟာဗာတွေဟာ သာသနာကို ဆင်းရဲဒုက္ခခံပြီး ရိုးစင်းတဲ့ပုံစံနဲ့ ဖြန်ချိခဲ့သလို ယဟူဒီ၊ နဆွာရာနီတွေဟာ ငွေတွေသုံးပြီး ပကာသန စည်းစိမ်တွေ မက်လုံးပြ ငွေတွေပုံအောသုံးပြီး သူတို့သာသနာကို ဖြန့်ချိနေကြတယ်။ တမန်တော့်ရဲ့ အွမ္မသ်ဖြစ်နေပြီးတော့ ဟိုလူတွေရဲ့ ပုံစံနဲ့ ဘာလို့ သာသနာပြုနေရတာလဲ။
 
ဘာပဲဖြစ်ဖြစ်ပေါ့ ကာရီဆပ်ရေ UOI မှာ အစ်မကြီးတစ်ယောက်က ရေးသွားတာလေးကို သတိရမိတယ်ဗျ။ သူပြောသွားတာလေးက ရှင်းပါတယ်။ “မြန်မာပြည်ရဲ့ အတိက အစ္စလာမ်ကို လျှောက်လှမ်းခဲ့တာ ဟနဖီ အာလင်မ်ကြီးတွေပါ။ သူတို့တွေ အချိန်တွေကို အွမ္မသ်အတွက်ပဲ အသုံးချခဲ့တယ်။ သူတို့ဘ၀တွေကို သာသနာအတွက် အပြီးအပိုင် စတေးခဲ့ကြတယ်။ သူတို့ သာသနာကို ထွင်းဖောက်တဲ့ လမ်းတွေက သိပ်ကိုကြမ်းတမ်းလွန်းပါတယ်။ အဲဒီတုန်းက ဂိုရ်မုကလ်လစ်ဒ်တွေ ဘယ်ရောက်နေကြလဲ? အခုမှ လာပြီး စလဖီ သံကောင်းလာဟစ်ပြမနေပါနဲ့။ စလဖီဝါဒကို တို့ မြန်မာမွတ်စလင်မ်တွေ အလိုမရှိဘူး” တဲ့ဗျာ။ အစ်မရေ တကယ်ကို မှန်ကန်တဲ့ စကားလေးဖြစ်လို့ ဒီနေရာမှာ ယူသုံးလိုက်ပါတယ်ဗျာ။

မှတ်ချက်........တဆင့်ကူးယူဖော်ပြထားသည်။ yunus

အဟ်လေ့စွန္နတ် ဝလ်ဂျမာအတ် အာကီဒါနှင့်ကွဲလွှဲနေကြောင်း တင်ပြပါသည်။ ၎င်းအပြင်အင်တာနက်မှရှာဖွေ၍ စလ်ဖီဆိုင်ရာသိကောင်းစရာထောက်အထားများကိုလည်းဆက်လက်တင်ပြပါသည်။ကျွန်တော်ဖတ်ဖူးသောလေ့လာ
ခဲ့သောစာအုပ်ထဲမှတွေ့ရှိချက်အချို့ကိုကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။
Ref:စာအုပ် အစ္စလာမ်ကိုဖျက်စီးနေကြသည်စလ်ဖီးတို့၏အကြောင်း

၁။-(မူလရေး သူ     ဆီးရီးယားနိုင်ငံသား  ရှိက်မူဟမ္မဒ် စအီးဒ်ရာမ်ဘူတွီ(အရဘီလူမျိုး)
၂။-၎င်းစာအုပ်ကို စလ်ဖိယတ် ကေ အေက်ဂျာအေဇာအမည်ဖြင့် အူရ်ဒူဘာသာသို့ မော်လနာမူဟမ္မဒ်အာရိဖ်(ဒါရုလ်အူလူမ်ဒေယိုဘန်-ဆရာကြီး)က ပြန်ဆိုသည်။
၃။-တဖန်မြန်မာဘာသာသို့ (မော်လနာမိုဟမ္မဒ်အိလ်ယာစ-မဟ်မူဒီ်)က ပြန်ဆိုပါသည်။
၎င်းစာအုပ်၏စာမျက်နှာ(၁၁၉) တွင်အောက်ပါအချက်သည်အဟ်လေ့စွန္နတ် ဝလ်ဂျမာအတ် အာကီဒါနှင့်ကွဲလွှဲနေတွေ့ရှိရပါသည်။


စလ်ဖီဂိုဏ်းဝင်တို့၏အာကီဒါဟ်အယူအဆအချို့

၁။-အတိုးစာခြင်းပိုင်ခြင်း
၂။-နစ်ရာနီဇဗဟ်ပြုသော သားကောင်း စားပိုင်ခြင်း
၃။-တွာလက် (၃)ကြိမ် တစ်ခွန်းဖြင့် ပေးခြင်းဖြင့် တစ်ကြိမ်သာ အထမြောက်သည်ဟုဆိုခြင်း
၎။-အဗရဟ်ဘုရင်နှင် အပေါင်းပါဆင်တပ်တို့သည်ရေကြောက် ရောဂါဖြစ်စစ်ဂှုံးခဲyသည်အဘာဘိလ်ငှက်လာ၍ကျောက်ခဲပေါက်သည်အတွက်စစ်ရှုံးသည်ဆိုခြင်း မဟုတ်ပါ။
၅။ဗဒရ်စစ်ပွဲ`၌မလာအီကာများကိုစစ်ကူပို့သည်ဟုပြောဆိုခြင်းသည်အမှန်မဟုတ်ပါ။အလ္လာဟ်အရှင်
မြတ်က စိဆတ်တက်ကြွစေရန်အားပေးစကာပြောလိုက်ခြင်းဖြစ်သည်။
၆။-တမန်တော်မြတ်(စွ)ဟာယတောတ်နဗီပေ။ဇေယာရတ်လုပ်ခြင်းသည်ဗိဒါအတ်ဖြစ်သည်။
၇။-မစ်ဂျိဒေနဗဝီ`၌ နမာဇ်တစ်ကြိမ်ဖတ်လင် အဆ ငါးသောင်းရရှိ မဟုတ်ပါ။အဆတစ်ထောင်သာရရှိ
မည်။
၈။-တမန်တော်မေအ်ရာဂ်ျကို ရုပ်ခန္ဓာဖြင့်ကြွမြန်သွားခြင်းမဟုတ်ပါ။ဝိညာဏ်ဖြင့်သွားခဲ့ခြင်းဖြစ်သည်။
၉။-ဝစီလာအမီသဟဲပြု၍ ဆုမွန်ပြုခြင်းသည်ဟရာမ်၊ဗီဒါအတ်၊ရှီရိက်ဖြစ်သည်။
၁၀။-တဗ်လိဂ်ဂျမာအတ်ကိုလက်မခံခြင်း၊မတော်မရော်ပြောဆိုပြီးဗီဒါအတ်ကိုလုပ်ဆောင်နေကြံသူများ
ဟုစွပ်စွဲခြင်း။
၁၁။- တဆောင်ဝုဖ် ဗိုင်အတ်ပြုပေးခြင်းတို့ကို လက်မခံခြင်း။

စလ်ဖီနှင့်အဟ်လေ့စွန္နတ်တို့အကြားမစ်အလဟ်ပိုင်းဆိုင်ရာကွဲလွဲမှုများအနက်အချိုကိုတင်ခြင်းဖြစ်သည်။
( ကိုစိုင်မောင်)

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, May 14, 2011

ဆွေမျိုးညာတိတို့၏ ဝတ္တရားများ

ဆွေမျိုးညာတိတို့၏ ဝတ္တရားများကိုလည်ကျေပွန်ရမည်။ အကြောင်းမှာ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးဆ်သြဝါဒတော်မျာ၌
လာရှိသည့် ရဟ်မ် ဟူသည့် အရဗီ ဝေါဟာရ၏ အနက်အဓိပ္ပါယ်မှာ နီးကပ်ခြင်း၊ နီးစပ်ခြင်း၊ ဖြစ်ပြီး၊
အလ္လာဟ်အရှင်မြတ်၏ ရဟ်မာန်း ဟူသောဂုဏ်ရည်တော်နှင့် အထူးဆက်နွယ်မှုရှိပေသည်။ အလ္လာဟ်အရှင်မြတ်က
ဟဒီးဆ်ကုဒုစီတွင် ဗျာဒိတ်တော်မူသည်မှာ အကြင်သူသည် ရဟ်မ် နှင့်ဆက်နွယ်၍နေလျှင် ငါသည်လည်း ၎င်းနှင့်
ဆက်နွယ်၍နေတော်မူမည်။ အကြောင်း သူသည်ဆွေမျိုးဖြတ်က ငါအရှင်သည်လည်း ၎င်းနှင့်အဆက်ဖြတ်တော်မူမည်၊
ဟု၍ဖြစ်၏။ ( သစ်ရ်မိဇီကျမ်း )

တမန်တော်မြတ်(ဆွ)က အမျိုးဆက်သောသူ၏ အသက်သည် ရှည်လျား၏။ ( ဗုခါရီကျမ်း၊ မွတ်စလင်မ်ကျမ်း )

နှစ်ပေါင်းငါးရာအကွာအဝေးမှပင် ရနိုင်သည့် ဂျန္နသ်သုခဘုံ၏ မွှေးရနံ့များကို ဆွေမျိုးဖြတ်သူ၊
ရှုရှိုက်ခံစားရလိမ့်မည်မဟုတ်ဟု မိန့်တော်မူခဲ့၏။ ( သွဗရာနီကျမ်း )

တမန်တော်မြတ်(ဆွ)က မိဘနှစ်ပါးတို့အား ကျွေးမွေးပြုစု၊စောင့်ရှောက်ခြင်းသည် စွလာသ်ဝတ်ပြုခြင်း၊
စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဟဂ်ျနှင့်အွန်ရဟ်တို့ကို ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ် လမ်းတော်၌ စစ်ပွဲဆင်နွဲခြင်း၊
စသည့်ကျင့်စဉ်မွန်တို့ထက်သာ၍မြတ်၏။( အဗူဟအ်လာကျမ်း၊ သွဗရာနီးကျမ်း )

မိခင်၏ဝတ္တရားသည် ဖခင်၏ဝတ္တရားထက် နှစ်ဆပို၏။( အစ်ဗ်နုမနီးအ်ကျမ်း )

မိဘတို့သည် မိမိတို့ အသက်ထင်ရှားရှိစဉ် ကာလ၌ သားသမီးတို့အားပေးကမ်းလိုသော် သားသမီးအားလုံး၊
အညီအမျှခွဲဝေပေးကြရမည် ဟုမိန်တော်မူခဲ့၏။ ( သွဟာဝီကျမ်း )

အို.အရှင်မြတ် ကျွန်တော်မျိုးတို့နှင့် ကျွန်တော်မျိုးတို့၏ သာသနာ့ညီနောင်းများအားလုံးကို
မိဘနှစ်ပါးနဲ့ ဆွေမျိုးများကို ကောင်းစွားဆက်ဆံသူများအဖြင့် ချီးမြင့်ပေးသနားတော်မူပါ။ ( အာမီးန် )


ဘာသာပြန်ဆိုသူ.....မွဖ်သီနူးရ်မုဟမ္မဒ်...

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

အိမ်နီးချင်းတို့၏ ဝတ္တရားများ

မိတ်ဆွေ...

အိမ်နီးချင်းတို့၏ ဝတ္တရားမှားနှင့်စပ်လျဉ်း၍ တမန်တော်မြတ်(ဆွ)က ကိယာမသ် ကမ္ဘာ့တရားခွင်နေ့တွင် အိမ်နီးချင်းများ၏
ဝတ္တရားများနှင့်စပ်လျဉ်း ဦးစွာမေးမြန်း စစ်ကြောခြင်းကို ခံရပေမည်ဟု မိန့်တော်မှုခဲ့သည်။ ( သွဗရာနီကျမ်း )

အိမ်နီးချင်းတို့၏ ဝတ္တရားများကို အထူးလေးစားလိုက်နာ ကျင့်သုံးအပ်ပေသည်။
အမျိုးသမီးတစ်ဦးသည် ဘာသာရေးကို အထူးလေးစား ကိုင်းရှိုင်းသူဖြစ်ပါလျက် ၎င်း၏ အိမ်နီးချင်းများက ၎င်းကို
မကျေနပ်ကြ မလိုလားကြသဖြင့်၊ တမန်တော်မြတ်(ဆွ)က အဆိုပါ အမျိုးသမီးသည် ဂျဟန္နမ်ငရဲသို့ လားရမည့်သူဖြစ်ကြောင်း
ပြောတော်မူခဲ့၏.....( အစ်ဗ်နု အဗီ ရှိုင်ဗဟ်ကျမ်း )

တခါကတမန်တော်မြတ်(ဆွ)သည် စွဟာဗဟ်သာဝကကြီးများအား အိမ်နီးချင်းတို့၏ ဝတ္တရားများကို အသင်တို့သိကြရဲ့လား၊
ဟုမေးမြန်းတော်မူပြီး ကိုယ်တိုင်ပင် အောက်ပါအတိုင်း အဖြပေးတော်မူခဲ့၏။
အိမ်နီးချင်းက အကူညီတောင်းခံပါက အကူညီပေးရမည်၏။ လိုအပ်၍ ငွေချေးငှာပါက ချေးငှာရမည်။
အိမ်နီးချင်း ဆင်းရဲနေပါကလည်း သွားလာဆက်ဆံခြင်း ပြုရမည်။ နေမကောင်း ထိုင်မသာဖြစ်က လူမမာမေးသွားရမည်။
ကွယ်လွန်သေဆုံးသွားပါက ၎င်းအား သင်္ဂြိုဟ်ရန် သုဿန်သို့ လိုက်ပါပို့ဆောင်ရမည် ပျော်ရွှင်စရာနှင့် တွေ့ကြုံနေက
၎င်းအား ဝမ်းသာချီးမွမ်းစကား ဆိုရမည် ဝမ်းနည်းပူဆွေးစရာနှင့် ကြုံကြိုက်နေပါက အားပေးစကား ဆိုရမည်။
အိမ်နီးချင်း၏ ခွင့်ပြုချက် မရရှိဘဲ ၎င်းတို့အိမ်တွင်းသို့ လေဝင်လေထွက် ပိတ်ဆို့လောက်အောင် မိမိအိမ်ကို မမြင့်စေရ။
သစ်သီးဝလံ စားကောင်းသောက်ဖွယ်များ ဝယ်ယူလာပါက အိမ်နီးချင်တို့အားလည်း ခွဲဝေပေးပြီး မျှစားရမည်၊
မိမိဝယ်ယူခဲ့သည့် သစ်သီးဝလံ စားကောင်းသောက်ဖွယ်များသည် မမျှဝေနိုင်လောက်အောင် နည်းနေပါက၊
အဆိုပါ စားသောက်ဖွယ်ရားများကို အိမ်နီးချင်တို့ မမြင်အောင် ဝှက်၍ ယူဆောင်လာရမည် အိမ်ရောက်ပြီနောက်
အိမ်ရှိကလေးများသည်လည်း အဆိုပါစားသောက်ဖွယ်များကို အိမ်နီးချင်း၏ ကလေးများမမြင်နိုင်စေရန် ဝှက်၍ စားသောက်ရမည်။
အိမ်နီးချင်း ကလေးများရှိရာသို့ ယူဆောင်မသွားစေရ အိမ်နီးချင်း ကလေးသူငယ်များ မြင်တွေ့သွားးပါက စားချင်လိမ့်မည်၊
မစားရက စိတ်မကောင်းဖြစ်ကြလိမ့်မည် ဟင်းချက်သည့်အခါတွင် အိမ်နီးချင်တို့အတွက်ပါ တစ်ဇွန်းတစ်ခွက်ပို၍ ချက်ရမည်။
သင်တို့ အိမ်နီးချင်း၏ ဝတ္တရားများ အဘယ်မျှ များပြားသည်ကို သိကြသလော၊ ထပ်ဆင့်နားလည်းကြရန်ကား၊
အိမ်နီးချင်ဝတ္တရား အဖြာဖြာကို ကျေပွန်နိုင်ရန် အရှင်မြတ်က စွမ်းအားချီးမြင့်သူတို့သာလျှင် ကျေပွန်နိုင်ကြ၏။
( မကာရိမွလ် အခ်လာက်ခရာအိသွိကျမ်း )

ကျွန်တော်တို့ သာသနာ့ညီနောင်များ အားလုံးကို အိမ်နီးချင်ဝတ္တရား အဖြာဖြာကို ကျေပွန်နိုင်ရန် အလ္လာဟ်အရှင်မြတ်
ချီးမြင့်ပေးသနားတော်မူပါ...( အာမီးန် )

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Friday, May 06, 2011

တမန်တော်မြတ်(ဆွ)၏ ထူးခြားသော ဂုဏ်ထူးဝိသေသများ=အပိုင်း-၂

တမန်တော်မြတ်(ဆွ)အား ကေယာမသ် နေ့တွင် ချီးမြှင့်တော်မူမည့် အချို့သော ဂုဏ်ထူးဝိသေသများ။

၁။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)ကဗရ် သင်္ချိုင်းတော်မှ ထွက်တော်မှုမည်၊

၂။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)မေ့မျောမှုမှ ပြန်လည်သတိရလာမည်၊

၃။ ဟရှရ် ကွင်းပြင်၌ တမန်တော်မြတ်(ဆွ)ဗိုရာက်(မြင်ပျံ)အစီးနင်းကို စီးနင်း၍ ကြွမြန်းလာတော်မှုမည်။
၎င်းပြင် တမန်တော်မြတ်(ဆွ)နှင့်အတူ ကောင်းကင်တမန်တော်ပေါင်း ခုနှစ်သောင်းသည် ဂုဏ်ပြုတပ်ဖွဲ့ အဖြစ်ရှိနေတော်မူမည်၊

၎။ အရ်ရှ် ပလ္လင်တော်၏ လင်္ကျာဘက်တွင် ရှိသော ကုလားထိုင်ပေါ်၌ တမန်တော်မြတ်(ဆွ)ထိုင်တော်မူမည်၊

၅။ တမန်တော်မြတ်(ဆွ)အား မကာမေ့မဟ်မူးဒ် အဆင့်အတန်းကို ချီးမြှင့်တော်မူမည်၊

၆။ လေဝါအေဟမ်ဒ် ချီးမွမ်းခြင်း အလံတော်သည် တမန်တော်မြတ်(ဆွ)နှင့် အတူရှိပေမည်၊

၇။ တမန်တော် အာဒမ်(အ)နှင့် လူသားအားလုံး တမန်တော်မြတ်(ဆွ)၏ အလံတော် အောက်တွင် ရှိကြမည်၊

၈။ တမန်တော်အပေါင်းသည် မိမိ၏ အွမ္မသ် နောက်လိုက်သားများနှင့်အတူ တမန်တော်မြတ်(ဆွ) ၏ နောက်တွင်ရှိကြမည်၊

၉။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အရှင်မြတ်အား ဖူးမြော်ခွင့်ရရှိမည်၊

၁၀။ ရှဖါအသ်သေအွဇ်မာ (ကြီးမာဆုံး အသနားခံပေးမှု)ကို သီးသန့်ဖြင့် တမန်တော်မြတ်(ဆွ)ရရှိမည်၊

၁၁။ ဆွေရာတ် တံတားပေါ်မှ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)သည် မိမိ၏ အွမ္မသ်သားများကို ခေါ်၍ ဖြတ်သန်းတော်မူမည်၊

၁၂။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)သည် ဂျန္နသ်(သုခဘုံ)၏ တံခါးကို ဖွင့်တော်မူမည်။

ကြည့်(သဖ်စီရေ အဇီဇီး အစောင်-၃၀၊ စာ-၂၁၈ နှင့် ကန်ဇုလ်အမ္မာလ်ကျမ်း အတွဲ-၁၁၊စာ -၄၀၃ )
သမိုင်းနောက်ခံ အစ္စလာမ် ဗဟုသုတစွယ်စုံ(စာ-၁၅၉ )

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Thursday, May 05, 2011

ခွေးသေကို ဘယ်သူမှ ခြေနှင့်မကန်ပါ

သူငယ်ချင်းရေး သင့်ကို ဝေဖန်ကြ ဝိုင်းဆော်ထည့်ကြလျှင် မှတ်ထားပါ

 ဤသို့ပြုခြင်းမှာ ဝေဖန်သူ ဆော်ထည့်သူများက သင့်ကိုတန်ဖိုးထား၍

သင့်လိုလူမျိုးကို ဝေဖန်ရမှ ဆော်ထည့်ရမှ ဂုဏ်ရှိသည်ဟု ထင်ကြသောကြောင့်ဖြစ်သည် သင်လုပ်သော

အလုပ်မှာ သူတစ်ပါးက အရေးမယူဂရုမရုမထားဘဲ မနေနိုင်အောင် တန်ဖိုးရှိကြေင်းထင်ရှားလှပေသည်

မိမိထက်ပညာအရည်အချင်းသာသူ ပိုမိုအောင်မြင်သူတို့အား ဝေဖန်လိုက်ရ ဆော်ထည့်လိုက်ရခြင်းဖြင့်

မိမိတို့အဖို့ အကျေနပ်ကြီး

ကျေနပ်သွားကြတော့သည် သူတို့သည် ဖက်ပြိုင်၍ မနိုင်နိုင်မည့်အတူတူ

ချိုးလိုက်ရလျှင်တော်လောက်ပြီဟု အောင်မေ့ကာ

ရိုင်းပျသော အမူအရာကိုပြလေသည် အကယ်၍ ကျွန်ုပ်တို့သည် သူတစ်ပါးမနာလို၍ အကြောင်းမဲ့ ဝေဖန်ခြင်း

စွပ်စွဲခြင်းခံရသဖြင့်

အောက်ပါ စားသားလေးကို သတိရလိုက်ပါ.......

အကြောင်းမဲ့ ဝေဖန်ခြင်းသည် ချီးမွမ်းခြင်းတစ်မျိုးပင် ဖြစ်ကြောင်း မှတ်လိုက်ပါ....

အရေးပါအရာရောက်သည့်ခွေးကို ကန်ရမှ ကန်သူအဖို့ အရသာရှိသည်....

ခွေးသေကိုကန်ရ၍ ကန်ရသူအဖို့ အရသာမရှိပါ.......

သူငယ်ချင်းရေး...ခွေးသေကို မည်သူမျှ ခြေနှင့် မကန်ပါဘူးဟုသာ မှတ်ပါလေ။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...