Sunday, July 31, 2011
ဇကားသ်ပေးထိုက်သူ မပေးထိုက်သူများ
ဇကားသ် ထိုက်သော ဥစ္စာပစ္စည်း(၃)မျိုးရှိပါသည်။
၁။ ရွှေ-ငွေ
၂။ ရောင်းဝယ်ဖောက်ကားသော ဥစ္စာပစ္စည်း။
၃။ အိမ်တွင်းမွေးမြူထားသော ကျွဲ-နွား-သိုး-ဆိတ် တိရစ္ဆာန်များ။
ဇကားသ်ပေးထိုက်သော ပုဂ္ဂိုလ် (၇)ဦးရှိသည်။
၁။ ညီအကိုမောင်နှမများ
၂။ တူ-တူမများ
၃။ ဦးလေး-ဦးကြီးများ
၎။ အရီးလေး-အရီးကြီးများ
၅။ မိထွေး-ဖထွေးများ
၆။ မိထွေး-ဖထွေး၏မိဘများ
၇။ ယောက္ခထီး-ယောက္ခမများ
ဇကားသ် မပေးပိုင်သော ပုဂ္ဂိုလ်(၈)ဦးရှိသည်။
၁။ မိဘ။
၂။ အဘိုးအဘွားများ
၃။ သား-သမီးများ
၎။ မြေ-မြစ်များ
၅။ မိမိ၏ဇနီးမိန်းမများ
၆။ မိမိ၏ခင်ပွန်းသည် လင်ယောက်က်ျား
၇။ စိုင်ယာဒ် အမျိုးအနွယ်
၈။ ဟာရှီမီအမျိုးနွယ်တို့ဖြစ်သည်၊( ဟာရှီမီဆိုသည်မှာ )
၁၊ ဟဇရသ်ဟာရစ်ဗင်န်အဗ္ဗဒွလ် မွတ်တွလစ်ဗ်သခင
၂၊ ဟဇရသ်ဂျအ်ဖရ်သခင်
၃၊ ဟဇရသ်အုကိုင်လ်သခင်
၎၊ ဟဇရသ်အဗ္ဗားစ်သခင်
၅၊ ဟဇရသ်အလီသခင်တို့မှ ဆင်းသက်လာသူများကို ဟာရှီမီ အမျိုးနွယ်ဟုခေါ်ဆိုပါသည်။
စာအုပ် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်
( မတ်စ်အလဟ် ပြဿနာ )
ဥစ္စာကြေးငွေရှိသမျှ၏ အပုံလေးဆယ်ပုံ တစ်ပုံကို ဇကာတ်ပေးရန် ဝါဂျစ်ဗ်ဖြစ်၏၊
ဥပမာ-ငွေ(၁၀၀)လျှင်(၂)ကျပ်(၅၀)ပြားပေရမည်။
(မစ်ရှ်ကာတ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၅၉ )
ဇကာသ်ငွေကို သူဆင်းရဲ တစ်ဦးတစ်ယောက်သို့ ပေးသောအခါ မိမိစိတ်တွင်းမှ ငါသည် ဇကာသ်ငွေကို
ပေးသည်ဟု ရည်စူးလိုက်ရမည်၊ ထိုကဲ့သို့ မရည်စူးဘဲ ပေးလိုက်လျှင် ဇကာသ်အတည်မဖြစ်ချေ၊
နောက်ကို ထပ်ပေးရချိမ့်ဦးမည်၊ ထိုမရည်စူးဘဲဖြင့်ပေးလိုက်သောငွေများအကျိုးမှာ တစ်ခြားသီးသန့်
အကျိုးရလိမ့်မည်ဖြစ်၏။
(ဒွန်ရေ့မွခ်တာရ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၃၀)
တစ်ဦးတစ်ယောက်သော သူ/မ၌ အိမ်လေး ငါးဆယ်လုံးရှိ၍ ၎င်းအိမ်များကို အငှားချထား၏
ထိုအခါ ၎င်းအိမ်များသည် မည်မျှပင်တန်ဘိုးရှိသော်လည်း ဇကာသ်ပေးရန် ဝါဂျစ်ဗ်မဟုတ်ပေ၊
အခနှင့် ငှားရမ်းနေသော ဥစ္စာပစ္စည်းများအပါ်၌ ဇကာသ် ဝါဂျစ်ဗ်မဟုတ်ပေ။
(ခါနေယဟ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၁၇)
  အကြင်သူ/မ၏ထံ၌ ငွေ ၂၅-တိုလာခွဲ(မြန်မာအလေးချိန် ကျပ်လေးဆယ်) အင်္ဂလိပ်ကျပ်
သုံးဒင်္ဂါး အားဖြင့် ၅၄ိ-၁၃-ပဲ ၃-ရွေးသော်လည်းကောင်း ရွေ-တိုလာခွဲ
(မြန်မာအလေးချိန် ၅ိ-၁၀-ပဲသား)ရှိလျှင်သော်လည်းကောင်း သို့မဟုတ် ထိုမျှခန့်နှင့်ပင် တန်ဘိုးရှိသော
ရောင်းဝယ်ဖေါက်ကားသည့် ပစ္စည်းရှိခဲ့သော် ထိုသူ/မကို ရှရီအတ် တရားတော်က ပစ္စည်းရှိသောသူဟု
ခေါ်လေသည် ဤသို့သော သူ/မကို ဇကာသ်ငွေပေးလှူခြင်းမပိုင် ၎င်းကလည် ဇကာသ်ငွေကိုယူခြင်း
စားခြင်းလည်း(ဟလာလ်)မဟုတ်ချေ။ ထိုနည်းပင် အကြင်သူ/မ၌ ထိုတန်းခန့်မျှသောပစ္စည်းသည်
ရောင်းဝယ်သောပစ္စည်းတော့ မဟုတ် သို့ရာတွင် မိမိသုံးစွဲရန်ထက် ပိုမိုနေသော် ထိုသူ/မသည်လည်း
ပစ္စည်းရှိသော သူပင်ဖြစ်လေသည်၊ ဤသို့သော သူကိုလည် ဇကာသ်ငွေကို ပေးခြင်းမပိုင် အကယ်၍
ထိုကဲ့သို့ပစ္စည်းရှိသောသူသည် ဇကာသ်မစားထိုက်သော်လည်း ၎င်းသူအပေါ်၌ ဇကာသ်ပေးရန်လည်
ဝါဂျစ်ဗ်မဟုတ်ချေ။ (ဒွန်ရေ့မွခ်တာရ်ကျမ်းအတွဲ-၁-စမျက်နှာ-၁၄၁ )
စာအုပ်...........ဘဟစ်ရှ်တီဇေဝရ်ကျမ်း
ပြုစုသူ.............အလ်ဟာဂ်ျ မော်လာနာ မုဟမ္မဒ် မူစာ (မဇွာဟေရီ)
ခင်မင်စွာဖြင့်
If you like this please Link Back to this article...
ဆက်ဖတ်ရန်>>>
Monday, July 25, 2011
ရိုဇာဟ်ရဲ့ အရေးကြီးသောအချက်များ
တစ်နှစ်တာကာလအတွင်း ရိုဇာဟ်ဟရာမ်ဖြစ်စေသောရက် ( ၅ )ရက်ရှိသည်။
၁။ အီဒွလ်ဖစ်သစ်ရ်(ခေါ်)ဝါကျွတ်အီးဒ်နေ့
၂။ ဇိလ်ဟဂ်ျလ(၁၀)ရက်(အီဒွလ်အသ်ွဟာ-ကုရ်ဗာနီအီးဒ်
၃။ ဇိလ်ဟဂ်ျလ(၁၁)ရက်
၎။ ဇိလ်ဟဂ်ျလ(၁၂)ရက်
၅။ ဇိလ်ဟဂ်ျလ(၁၃)ရက် စသည်တို့ဖြစ်သည်။
မှတ်ချက်။ ။ ဇိလ်ဟဂ်ျလ(၉)ရက်နေ့ ဖဂျရ်နမားဇ်မှစ၍ ဇိလ်ဟဂ်ျလ(၁၃)ရက်နေ့ အစွာရ်နမားဇ်အထိ ဖရားဇ် နမားဇ်ပြီးတိုင်း
( အမျိုးသားများအတွက်)အသံထွက်၍ အမျိုးသမီးများအတွက် အသံတိတ် သက္ကဗီးရ် တစ်ကြိမ်ဆိုခြင်း ဝါဂျိဘ် ဖြစ်သည်။
ရိုဇာဟ်ပျက်၍ ကသွာ ထိုက်သော အရာ (၁၃)ခုရှိပါသည်။
၁။ အတင်းအဓမ္မ စားခိုင်းသဖြင့် စားမိခြင်း၊
၂။ လည်ချောင်းအတွင်းသို့ မတော်တဆ ရေဝင်သွားခြင်း၊
၃။ ပျို့အံသော အစာကို မျိုချခြင်း၊
၎။ ပါးစပ်အပြည့်အံခြင်း၊
၅။ ညမှစားပြီး အစာ သွားကြားမှထွက်လာ၍ (ကုလားပဲစေ့ခန့်မျှ)မျိုချခြင်း၊
၆။ အစားစာ မဟုတ်သောအရာကို မျိုချခြင်း၊
၇။ ပါးစပ်အပြင်မှ ကုလားပဲခြမ်းထက် သေးငယ်သောအစာစားခြင်း။
၈။ နားတွင်ဆီထည့်ခြင်း၊
၉။ နှာရှူခြင်း၊
၁၀။ သွားမှသွေးကိုမျိုချခြင်း၊
၁၁။ မေ့၍စားမိပြီး ရှိဇာဟ်ပျက်ပြီအထင်နှင့် ထပ်၍စားခြင်း၊
၁၂။ မိုးမလင်းသေးဟုထင်ပြီး စဲဟ်ရီစားခြင်း၊
၁၃။ နဖိလ်ရိုဇဟ်များ ဖျက်ခြင်းတို့ ဖြစ်ပါသည်။
ရှိဇဟ်မပျက်သောအချက် (၁၁)ချက်ရှိပါသည်။
၁။ ဆေးထိုးခြင်း။
၂။ ဂလူးကိုစ် သွင်းခြင်း၊
၃။ အကြောဆေးထိုးခြင်း၊
၎။ သွေးသွင်းခြင်း၊
၅။ မျက်စဉ်းခပ်ခြင်း၊
မှတ်ချတ်။ ။ဤအချက်(၅)ချက်သည် အရေးကြီးလိုအပ်မှသာပြုလုပ်နိုင်၏။
၆။ ရောဂါပြင်းထန်လွန်း၍ ပါးစပ်ထဲ ဆေးထည့်ခြင်း၊
၇။ သွားနှုတ်ခြင်း၊
၈။ မေ့၍ စားသောက်ခြင်း၊
၉။ အိပ်ပျော်နေစဉ် သုတ်ရည်ထွက်သွားခြင်း၊
၁၀။ အမွှေးအကြိုင်ရှူခြင်း၊
၁၁။ လည်ချောင်းအတွင်းသို့ မီးခိုး၊ ယင်၊ ခြင်၊ ဝင်သွားခြင်းတို့ဖြစ်ပါသည်။
ရိုဇာဟ်ပျက်၍ ကသွာ နှင့် ကဖွာရဟ် ထိုက်သောအရာ (၃)မျိုးရှိပါသည်။
၁။ တမင် သိလျက်နှင့် စားသောက်ခြင်း၊
၂။ တမင် သိလျက်နှင့် ဆေးသောက်ခြင်း၊
၃။ ရှေ့လမ်းမှဖြစ်စေ၊ နောက်လမ်းမှဖြစ်စေ သံဝါသပြုခြင်း စသည်တို့ဖြစ်ပါသည်။
ကဖွာရဟ် ပြုလုပ်နည်း (၃)မျိုးရှိပါသည်။
၁။ ကျွန်ကို သူကောင်းပြုခြင်း၊
၂။ မရှိဆင်းရဲသား (၆၀)ယောက်ကို ညမနက် ထမင်းအဝကျွေးခြင်း၊
၃။ (၂)လတိတိ ရက်မခြားဘဲ ရိုဇာဟ်စောင့်ထိန်းခြင်းတို့ဖြစ်ပါသည်။
မှတ်ချက် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်
သာသနာ့ အသိတရားပြန့်ပွားစေရန် အဆင့်ဆင့်မျှယူမျှဝေဖြန့်ချိခြင်းဖြင့် ကုသိုလ်ရယူကြပါ။
ခင်မင်စွာဖြင့်.....
If you like this please Link Back to this article...
ဆက်ဖတ်ရန်>>>
Saturday, July 16, 2011
ရမသွာန်လမြတ် နှင့်လိုင်လသွလ်ကဒရ်ညမြတ်အကြောင်း
ရမသွာန်လမြတ် နှင့်လိုင်လသွလ်ကဒရ်ညမြတ်အကြောင်း
ရမသွာန်လမြတ်
          ရမသွာန်လမြတ်သည် မင်္ဂလာ ဗရကတ် အဖြာဖြာနှင့် အထူးပြည့်စုံသော ထူးကဲ မွန်မြတ်သည့် လ ဖြစ် သည်။ ထိုလ မြတ်တွင် ကျမ်းတော်မြတ် ကုရ်အာန်ကျ ရောက်ခဲ့ သည်။ ထိုလမြတ်တွင် (စွေယာမ်) ဥပုသ် စောင့်ထိန်းခြင်းသည် အရွယ်ရောက် ပြီးသူ မွတ်စလင်မ်အမျိုးသား၊ အမျိုးသမီးများအပေါ်တွင် ဖွရသ် တာဝန်ဖြစ်သည်။ ထိုလမြတ် သည် အခြားလများထက်ကောင်း မှုကုသိုလ် ရရှိနိုင်ရန် မြောက်မြားစွာ သော အကြောင်း များကို အလ’ာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်း ထားရှိပေသည်။ တမန်တော်မြတ်သည် ထိုလမြတ်ရမသွာန်နှင့် ပတ် သက် ၍ (မွတ်စလင်မ်) လူသားထုတစ်ရပ်လုံးအား ထိုလ မြတ် ၏ ထူးကဲမြင့်မြတ်မှုများနှင့် မင်္ဂလာ အဖြာဖြာကို ရယူခံစားရန်အတွက် လမြတ် ရမသွာန် မရောက်မီ ယှအ်ဗါန်လ၏ နောက်ဆုံး နေ့ရက်တွင် တင်ဝကိ၍ တရားတော် များကို ဟောကြားညွှန်ပြတော်မူခဲ့ပေသည်။ တမန်တော်မြတ်ဟောကြားညွှန်ပြမိန့်ကြားခဲ့သော လမြတ်ရမသွာန်၏ ထူးမြတ်မှုမိန့်ခွန်း တော်ကို စွဟာဗါသာဝကကြီး စလ်မာန်က တင်ပြခဲ့သည်မှာ ----
အို-- လူသားအပေါင်းတို့ ကြီးကျယ်မွန်မြတ်လှသော လတစ်လသည် မကြာမီ အသင်တို့ ထံသို့ ရောက်ရှိလာတော့ မည်။(ထိုလမြတ် သည်) မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော လ ဖြစ်သည်။ ထိုလမြတ်အတွင်း၌ လပေါင်း တစ်ထောင်ထက် ထူးကဲ ကောင်းမြတ်သည့် (လိုက် လတုလ်ကဒ်ဒရ်) ညတစ်ညပါရှိသည်။ အလ’ာဟ်အရှင်သည် ထိုလမြတ်၌ စွေယာမ် ဥပုသ် စောင့်ထိန်းခြင်းကို (ဖွရ်သ်) တာဝန်အဖြစ်သတ်မှတ်ပြဌာန်းထား တော်မူ ခဲ့သည်။ ညအချိန်တွင် နိုးကြားလျက် တရားအားထုတ်ဉပကျင့်ဆောက်တည်ခြင်းကို (သစောင်ဝုအ်) အကျိုးကုသိုလ် (ဆွဝါဗ်) ရရှိစေရန်အတွက် ဉပပေးထားတော်မူခဲ့သည်။ မည်သူမဆို ထိုလမြတ်၌ ကောင်းမှုတစ်ခု ဉပကျင့်ဆောင်ရွက်ခဲ့မည်ဆိုလျှင် အခြားလ များ၌ (ဖွရသ်) တာဝန်ရှိသော ကျင့်ဆောင်မှုတစ်ခုကို တာဝန်ကျေပွန်စွာ ဆောင်ရွက် ဉပကျင့် သည်ကဲ့သို့ အကျိုး(ဆွဝါဗ်) ရရှိပေမည်။ မည်သူမဆို ထိုလမြတ်၌ တာဝန်ရှိ သော (ဖွရသ်) ကျင့်ဆောင်မှုတစ်ခုကို ကျေပွန်စွာ ဉပကျင့်ဆောက်တည်ခဲ့မည်ဆို လျှင် ထိုသို့ဉပကျင့်ဆောက်တည်သူသည် အခြားလများတွင် (ဖွရသ်) ကျင့်ဆောက်တည်မှု ပေါင်း (၇၀) ခုနှစ်ဆယ် ဉပကျင့် ဆောက်တည်ခြင်းကဲ့သို့ပင် (အကျိုးတူ) ရရှိမည်ဖြစ် ပေသည်။ ထိုလမြတ်သည် (စွဗရ်)သည်း ခံခြင်းတရား ထားရှိရမည့် လဖြစ်သည်။ (စွဗရ်) သည်းခံခြင်းတရား၏ (ဆွဝါဗ်) အကျိုး သည် ဂျန္နတ်သုခဘုံပင်ဖြစ်သည်။ ထိုလမြတ်သည် သနား ကရုဏာ ထားရှိရသော လမြတ်ဖြစ်၏။ ထိုလမြတ်တွင် မုအ်မင်န် ယုံကြည်သူများ အတွက် စားနပ်ရိက္ခာများပြားစွာ  လလည်းဖြစ်သည်။
       မည်သူမဆို ထိုလမြတ်၌ (စွေယာမ်)ဥပုသ်စောင့်ထိန်းသူ တစ်ဦးတစ်ယောက်အား (အိဖ်တာရ်) စွေယာမ်ဥပုသ်ထွက် ချိန်တွင် ကျွေးမွေး ခဲ့မည်ဆိုလျှင် ထိုသို့ကျွေးမွေးသူ၏ ပြစ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ဂျဟန္နမ်ငရဲမီးမှလွတ်မြောက် မှု ရရှိမည်ဖြစ် ပေ သည်။ စွေယာမ်ဥပုသ်ထွက်ချိန် (စွေယာမ်)ဥပုသ်စောင့်ထိန်းသူအား ကျွေးမွေးသူသည် (စွေယာမ်) ဥပုသ်စောင့်ထိန်းသူ၏ အကျိုး(ဆွဝါဗ်) ပမာတူ ရရှိပေမည်။ (စွေယာမ်) ဥပုသ်စောင့်ထိန်းသူတွင်လည်း အကျိုး(ဆွဝါဗ်)အနည်းငယ်မျှပင် လျော့နည်း သွားမည် မဟုတ်ပါ ဟု တမန်တော်မြတ်မိန့်ကြားတော်မူခဲ့၏။
               စွဟာဗါ သာဝကကြီးများက အထက်ပါ တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို ကြားနာခဲ့ကြသည့်အခါလျှောက်ထား တင်ပြကြ သည်မှာ-အိုအလ’ာဟ်၏ တမန်တော် ကျွန်တော်မျိုးတို့သည် (စွေယာမ်) ဥပုသ် စောင့်ထိန်းသူအား (အိဖ်တွာရ်) စွေယာမ်ဥပုသ် ထွက် ချိန် တွင် လှူဒါန်းကျွေးမွေးနိုင်သော အခြေအနေမျိုး မရှိကြပါဟု လျှောက်ထား တင်ပြခဲ့ကြ၏။ (ထိုအခါ) တမန်တော်မြတ်က ဆက် လက်မိန့်ကြားတော်မူခဲ့သည်မှာ မည်သူမဆို (စွေယာမ်) ဥပုသ်စောင့်ထိန်းသူအား (အိဖ်တာရ်) (စွေယာမ်) ဥပုသ်ထွက်ချိန်တွင် နို့တစ် ကျိုက်သို့မဟုတ် စွန်ပုလွံသီးတစ်လုံးသို့မဟုတ် ရေတစ်ကျိုက် ဖြင့်သော် လည်းကောင်း ကျွေးမွေးခဲ့ မည်ဆိုလျင်လည်း ထိုသို့ကျွေးမွေး သူအား အလ’ာဟ် အရှင်မြတ်သည် ထိုအကျိုးကုသိုလ် (ဆွဝါဗ်)ကို ပေးတော်မူမည်ဖြစ်သည်။ မည်သူမဆို (စွေယာမ်) ဥပုသ်စောင့်ထိန်း သူအား ဗိုက်ပြည့်ဝအောင် ကျွေးမွေးခဲ့မည်ဆို လျှင် အလ’ာဟ်အရှင်သည် ထို သူအား ငါတမန်တော်မြတ်၏ (ကောင်စရ်) ရေကန် တော်မှ ရေကို တိုက်ကျွေးတော်မူပေမည်။ ထိုရေကန်တော်မှ ရေကို သောက် ပြီးလျှင် ထိုသူသည် ဂျန္နတ်သုခဘုံသို့ ၀င်ရောက်သည်ထိ ရေဆာ လောင်ငတ်မွတ်ခြင်း ရှိတော့    မည် မဟုတ်ပေဟု မိန့်ကြားတော် မူခဲ့၏။ ထိုလမြတ်၏ ပထမ ဆယ်ရက် ပိုင်းသည် (ရဟ်မတ်) ကရုဏာ တော် ရရှိခံစားကြရမည် ဖြစ်သည်။ဒုတိယ ဆယ်ရက် ပိုင်းသည် လွတ်ငြိမ်းချမ်းသာခွင့် ဉပခြင်းခံကြရမည် ဖြစ်သည်။ တတိယပိုင်း ဆယ်ရက်သည် ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက် အာင်မြင်မှု ဉပခြင်း ခံကြရမည် ဖြစ်သည်။မည်သူမဆို မိမိပိုင် (မမ်လူက်) လုပ်သားအား ထိုလမြတ်တွင် လုပ်ငန်းတာဝန်များ အား လျော့ပေါ့၍ ခိုင်းစေခဲ့မည်ဆိုလျှင် ထိုသူအား အလ’ာဟ်အရှင်သည် (မဂ်ဖွေရတ်) ပြစ်မှု ဒုစရိုက် များမှ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးတော်မူမည်။ ထိုနောက်ထိုသူအား ဂျဟန္နမ် ငရဲမီးမှ ကင်းဝေး လွတ်မြောက်စေ တော်မူ ပေ မည်ဟု မိန့်ခွန်း>မက်ကြားတော် ကင်းဝေးလွတ် မြောက် စေ တော်မူပေမည်ဟု မိန့်ခွန်း>မက်ကြားတော် ကင်းဝေးလွတ် မြောက် စေ တော် မူပေ မည်ဟု မိန့်ခွန်း>မက် ကြားတော်မူခဲ့၏။တမန်တော်မြတ် မုဟမ္မဒ်(ဆွ)သည် အရေး ပေါ် ကိစ္စများပေါ်ပေါက်လာပါက အခြေ အနေနှင့် စပ်မိ ဟပ်မိသော သြ၀ါဒ တော်များကို မိမိ နောက်လိုက်တပည့် (စွဟာဗါ) သာဝကကြီးများအား တရားတော်များ ဟောကြား
ညွှန်ပြတော်မူလေ့ရှိခဲ့သည်။တမန်တော်မြတ်လက်ထက်တော်တွင်နေကြတ်မှုဖြစ်ပေါ်ခဲ့၏။ အတိတ်ခေတ် အာရဗ်လူမျိုးတို့သည်
        နေကြတ်ခြင်း သည် ကမ္ဘာမြေပေါ်တွင် ထူးကဲမြင့်မြတ်သော ပုဂ္ဂိုလ်ထူး တစ်ဦးတစ် ယောက် မွေးဖွားခြင်းသို့မဟုတ် သေဆုံး ခြင်း ကြောင့်ဖြစ် သည်ဟု အစဉ်အလာအားဖြင့် လွဲမှားစွာ ထင်မှတ်ယုံကြည်ခဲ့ကြ၏။ တမန်တော်မြတ်၏သားတော် အီဘရာဟီမ် ကွယ်လွန်သေ ဆုံးသောနေ့တွင် နေကြတ်သောနေ့နှင့် တိုက်ဆိုင်ခဲ့၏။ထိုကဲ့သို့ နေကြတ်ခြင်းသည် တမန်တော်မြတ်၏သားတော် အီဘရာဟီမ် ကွယ်လွန် သေဆုံး ကြောင့် ဖြစ်သည်ဟု အချို့ကပြောဆိုခဲ့ကြ၏။ ထိုကဲ့သို့ လွဲမှားစွာ ထင်မှတ်ယုံကြည် ပြောဆိုသော စကားများကို တမန်တော်မြတ်ကြားသိတော်မူ သောအခါ ဤကဲ့သို့ မှားယွင်းသော အစွဲလွဲမှားသော ထင်မှတ်ယုံကြည်မှုများသည် မမှန်ကန်မှားယွင်း ကြောင်း ကို မိမိ၏ နောက်လိုက်တပည့် (စွဟာဗါ) သာဝကကြီးများအား တရားတော် များဟောကြား၍ အမှားကို အမှန်ဖြင့် ဉပပြင်ပေး တော်မူခဲ့၏။ တမန်တော်မြတ်သည် အလ’ာဟ်အရှင်မြတ်အား ဂုဏ်တော်မွှမ်းပြီးနောက် အိုလူသားတို့ မုချဧကန် ထိုနေနှင့်လ တို့ သည် အလ’ာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှ သက်သေ လက္ခဏာတော် နှစ်ပါးသာဖြစ်သည်။ လူသား တစ်ဦးတစ် ယောက် (မွေးဖွား)သေဆုံး သည့်အတွက် နေနှင့်လကြတ်ရသည် မဟုတ်ပေ။ ယခင်တစ်ကြိမ် တစ်ခါမျှ ငါမမြင်ခဲ့ဘူး သော အရာကို ငါ၏ရပ်တည်သော ဤနေရာမှပင် မြင်တွေ့ခဲ့ရသည်။ ငါသည် ဂျန္နတ်နှင့် ဂျဟန္နမ်တို့ကိုလည်း မြင်တွေ့ခဲ့သည်။ငါ့ထံ သို့ဗျာဒိတ် တော် ကျရောက်ခဲ့သည်မှာအသင် တို့သည်သင်္ချိုင်းတွင်း၌ဒဂ်ျဂျာလ်၏အစမ်းအသပ်ခံကြရသည် ကဲ့သို့ အစမ်းသပ်ခံကြ ရ မည်။ အသင်တို့ အနက် လူတိုင်းထံသို့ (စစ်ဆေးမေးမြန်းသူ) ရောက်ရှိလာမည်။ ထိုစစ် ဆေးမေးမြန်း သူက ဤပုဂ္ဂိုလ် (တမန်တော်မြတ်မုဟမ္မဒ်)နှင့် ပတ်သက်၍ အသင်၏ အသိတွင် ဘာများသိမြင်ယုံကြည်ထားပါသလဲဟု မေး မြန်းတော်မူလိမ့်မည်။ အီမာန် ယုံကြည်သူ (မုအ်မြင်န်) ဖြစ်ခဲ့ပါက ဤပုဂ္ဂိုလ်သည် အလ’ာဟ်အရှင်မြတ်၏ (ရစူလ်) တမန်တော် မုဟမ္မဒ်ဖြစ်ပါသည်။ ထင်ရှားသော သက်သေလက္ခဏာ အထောက် အထားများနှင့်အတူ တရားတော်များကို ယူဆောင်လာခဲ့ပါ သည်။ ကျွန်တော်^ကျွန်မတို့သည် လက်ခံနာယူကျင့်မူ ခဲ့ကြပါသည်ဟု ဖြေကြားပေမည်။ ဒွိဟသံသရှိသူ မယုံကြည်သူကမူ ကျွန်တော်^ကျွန်မသည် လူများပြောဆိုနေကြသည်ကို ကြား ခဲ့ပါ သည်။ ကျွန်တော်^ ကျွန်မလည်း သံယောင်ဖမ်းပြောဆိုခဲ့ခြင်းသာ ရှိပါသည်။ ကျွန်တော်^ကျွန်မဘာမျှမသိပါဟု ဖြေကြား ပြော ဆိုမည်။
        တမန်တော်မြတ်ဆက်လက်မိန့်ကြားတော်မူသည်မှာ ပြဿနာအရပ်ရပ် ငါ့ရှေ့ သို့ရောက်ရှိလာသည်။ယင်းပြဿနာများ တွင် အသင် တို့ လည်းပါဝင် ပတ်သက်နေကြ သည်။ ငါ့ရှေ့မှောက်ဂျန္နတ်လည်း ရောက်ရှိခဲ့သည်။ ငါအလိုဆန္ဒရှိခဲ့လျှင် ဂျန္နတ် မှ (အသီးအနှံ) အခိုင်များ ကိုပင် ငါဆွတ်ခူးယူနိုင်သည်။ သို့ရာတွင် ငါသည် ငါ၏လက်ကို ဆုတ်ဆိုင်းထားခဲ့သည်။ ငါ၏ရှေ့ မှောက်တွင် ဂျဟန္နမ်ငရဲလည်း ရောက် လာသည်။ ထိုဂျဟန္နမ်ငရဲတွင် ငါသည် အမျိုးသမီးတစ်ဦးကို မြင်တွေ့ရသည်။ ထိုအမျိုး သမီးသည် ကြောင်ကလေး တစ်ကောင်နှင့် ပတ်သက်ပြီး ပြစ်ဒဏ်ခံနေရသည်။ ထိုအမျိုးသမီးသည် အဆိုပါကြောင်ကလေးကို တုပ်နှောင်ထားခဲ့သည်။ အစာလည်းမကျွေး၊ ရေ လည်း မတိုက် သဘာ ၀အလျောက် မြေပေါ်တွင်ရှိနေသော ပိုးမွှားများကို စားသောက်နိုင်ရန် လွှတ်လည်းမပေးခဲ့ပေ။ ငါသည် ဂျဟန္နမ် ငရဲတွင်းမှ အဘူဆိုမာမဟ်နှင့် အမရ်အိဗ်နုမာ လိက် တို့ကို လည်းမြင်တွေ့ခဲ့ရသည်။ သူသည် သူ၏အူ များကို ဆွဲထုတ်၍ ငရဲမီးထဲသို့ ပစ်ချနေသည်။ သူတို့သည် နေကြတ်လကြတ်ခြင်းမှာ မြင့်မြတ်ထူးကဲသည်။ ပုဂ္ဂိုလ်ထူးတစ်ဦး  တစ်ယောက် (မွေးဖွားခြင်း)သေဆုံးခြင်း အတွက်ကြောင့် ဖြစ်သည်ဟု ပြောဆို(ယုံကြည်)ကြသူများ ဖြစ်ကြသည်။ အမှန်မှာ နေနှင့်လမှာ အလ’ာဟ်အရှင်မြတ်၏ သက်သေ လက္ခဏာတော်များအနက်မှ သက်သေလက္ခဏာတော်နှစ်ပါး သာဖြစ်သည်။ ထိုအရှင်မြတ်သည် ထိုလက္ခဏာတော်နှစ်ပါးကို အသင်တို့ အား ပြထားတော်မူထားသည်။ သို့ဖြစ်ရာ အသင်တို့ သည် နေကြတ်လကြတ်သည်ကို တွေ့မြင်ကြလျှင် နေကြတ်လကြတ်ရာမှ ကြည် လင် သွားသည် (လွတ်မြောက်သွားသည်) အထိ စွလာသ်ဆောက်တည်မှု ပြု့ကြကုန်။ (စွဟီဟ် မွတ်စလင်မ်ကျမ်း ပထမတွဲ)
 လိုင်လသွလ်ကဒရ်ညမြတ်အကြောင်း 
ရမဇာန်လမြတ်၏ ညဥ့်များအနက် တစ်ညဥ့်သည် လိုင်လသွလ်ကဒရ် မည်၏။ ထိုညဥ့်သည် ဗရကသ် မင်္ဂလာ နှင့် ကောင်းကျိုးများ ပြည့်စုံ သော ညဥ့်ဖြစ်၏။ ကုရ်အာန်ကျမ်းတော်မြတ်၌ ထိုညဥ့်ကို လပေါင်း တစ်ထောင်ထက်ပင်ထူး မြတ် သောညဥ့်ဖြစ်ကြောင်း မိန့် ကြား ထားတော်မူ၏။ လပေါင်းတစ်ထောင်သည် ၈၃ နှစ်၊ ၄ လ ဖြစ်၏။ ထိုညဥ့် တစ်ညဥ့် ကို အေဗာဒသ်ပြုရင်း ကုန်လွန်စေသော သူသည် ၈၃ နှစ်၊ ၄ လ ထက်ပိုသော ကာလကို အေဗာဒသ်ပြုရင်း ကုန်လွန်စေဘိသကဲ့သို့  ဖြစ်ပေရာ၊ ယင်းည၌ အေဗာဒသ်ပြုခွင့် ရသူမှာ နဖူးစာကောင်းသူပင်ဖြစ်၏။ ပိုသည်ဟု ဆို ခြင်း မှာလည်း လပေါင်းတစ်ထောင်ထက် မည်မျှပိုသည်ကို မသိနိုင်ပေ။ တန်ဖိုးထားတတ်သူတို့ အဖို အတိုင်း မရှိသော ကျေးဇူးတော်ကို ချီးမြှင့် တော်မူခြင်း ဖြစ်ပေရာ ဤဆုလာဘ်သည် အလ္လာအရှင်မြတ်၏ ကြီးလှ စွာသော ဆုလာဘ်ပင် ဖြစ် ပေသည်။
တမန်တော်မြတ်သခင် (စ) က မည်သူမဆို အီမာန်သက်ဝင်ယုံကြည်မှုနှင့် အကျိုးစဝါဗ်ကို ရည်စူးလျက် ကဒရ် ညဥ့်၌ အေဗာဒသ် ဝတ် ပြုခဲ့သော်၊ ထိုသူ၏ အတိတ်မှ ပြစ်မှုဒုစရိုက်များသည် ခွင့်လွှတ်ခြင်းခံရ သည် ဖြစ်ကြောင်း မိန့် ကြား တော်မူခဲ့၏။ အကျိုးစဝါဗ်ကို ရည်စူးခြင်းဟူသည် ဟန်ဆောင်မှုမှအစ မလို လားအပ် သည့် ရည်ရွယ်ချက်မျိုးတွေ မပါ ပဲ  ဖြူစင်စွာ အလ္လာအရှင်မြတ်၏ နှစ်မြို့ မှု၊ အကျိုး စဝါဗ်ရလိုမှုကို ရည်စူးရ မည်ဖြစ်သည်။  
ကဒရ်ညမြတ်အား မည်ကဲ့သို ရှာဖွေကြမည်နည်း
အာအိရှဟ်သခင်မသည် တမန်တော်မြတ် (စ) ၏ မိန့် ကြားချက်ကို တဆင့်အမိန့် ရှိခဲ့၏။ "အသင်တို့ သည် ကဒရ်ညဥ့် ကိုရမဇာန်လ၏ နောက်ဆုံး (၁၀) ရက်တွင် မ, ကျသော ညများ၌ ရှာဖွေကြလော့"
သာသနာ့ ပညာရှင် အများစု၏ ယူဆချက်အရ ရမဇာန်လသည် (၂၉) ရက်နှင့် ကုန်ဆုံးသည်ဖြစ်စေ၊ ရက် ပေါင်း (၃၀) နှင့် ကုန်ဆုံး သွားသည်ဖြစ်စေ၊ နောက်ဆုံး (၁၀) ရက်ကား (၂၁) ရက်ညမှ အစပြုသည်။ ဤ တွက်ကိန်းနှင့်အညီ အထက် ဖော်ပြပါ သြဝါဒတော် အရ ကဒရ်ညဥ့်ကို (၂၁၊ ၂၃၊ ၂၅၊ ၂၇၊ ၂၉) ရက်ညဥ့်များ တွင် ရှာဖွေရမည်ဖြစ်သည်။
ကဒရ်ညဥ့် ရှာဖွေခြင်းအတွက် အဆိုပေါင်းများစွာရှိပါသဖြင့် လိုရင်းကိုသာ တင်ပြသွားမည် ဖြစ်ပါသည်။ နားလည် ပေးပါရန် မေတ္တာ ရပ်ခံပါသည်။ (တူးတူးလေး)
ထိုကဲ့သို့  ကဒရ်ညဥ့်အား ရှာဖွေရန် ရည်ရွယ်ချက်မှာ လူများသည် တညဥ့်တည်းနှင့် ရောင့်ရဲမနေကြရန် ရည်ရွယ် ခြင်း ဖြစ်ကြောင်း အမိန့် ရှိလေသည်။ ထို့ နောက် ကဒရ်ညဥ့်မှာ (၂၇) ရက်ညဖြစ်ကြောင်း အူဗိုက် ယစ်ဗ်နုကအ်ဗ် သခင်သည် ကျိန်၍ပြောကြား လေ  သည်။ အလားတူပင် များစွာသော သာဝကကြီးတို့  သည် ကဒရ်ညဥ့်သည် (၂၇) ရက်ညဖြစ်ကြောင်း ယူဆကြ၏။
ကဒရ်ညမြတ်အား ရက်ကန့် သတ် သတ်မှတ်ပေးမှု ထာဝရရုပ်သိမ်းခံရခြင်း အကြောင်းရင်း
အုဗါဒဟ်သခင် အမိန့် ရှိ၏။ နဗီတမန်တော်မြတ် (စ) သခင်သည် ကျွန်ုပ်တို့ အား ကဒရ်ညဥ့်၏သတင်းကို မိန့် ကြား တော်မူရန် အပြင်သို့  ထွက်တော်မူခဲ့ရာ မွတ်ဆလင်နှစ်ဦးတို့ မှာ စကားများရန်ဖြစ်နေကြလေ၏။ ကိုယ်တော်မြတ် သခင် (စ) က "ငါ ကိုယ် တော်မြတ်သည် အသင်တို့ အား ကဒရ်ညဥ့်နှင့် စပ်လျဉ်း၍ သတင်း ပေးတော်မူရန် ထွက်ခဲ့ သော်လည်း မည်သူမည်ဝါတို့  နှစ်ဦးမှာ စကားများနေကြသောကြောင့် ကဒရ်ညဥ့်၏ ကန့် သတ်ပေးမှုအား ရုပ်သိမ်း ခြင်းခံရလေပြီ။ ဤသည်လည်း အသင်တို့ အဖို့  အရှင်မြတ် ထံတော်မှ အကောင်းဖြစ်တန်ရာ၏။ သို့ ဖြစ်ရာ ယခုမူ ထိုညဥ့်ကို (၉) ရက်မြောက်၊ (၇) ရက်မြောက်၊ (၅) ရက် မြောက်ည များတွင် ရှာဖွေကြလော့" ဟု မိန့် ကြားတော်မူ၏။
အထက်ပါ သြဝါဒတော်တွင် အချက်သုံးချက် စဉ်းစားသင့်သည်။
ယနေ သူတစ်ပါးတို့ ၏ ဂုဏ်သိက္ခာကျဆင်းအောင် ကြံစည်နေသူများသည် မိမိတကိုယ်တည်း ရှိနေ ချိန် တွင် မိမိတို့ ကိုယ်တိုင် မိမိတို့ ၏ သိက္ခာကို မည်မျှထိခိုက်စေကြသည်၊ ၄င်းအပြင် မိမိတို့ ၏ ယုတ်ညံ့သိမ် ဖျင်း သော အပြုအမူများ ကြောင့် အရှင်မြတ်၏အမြင်၌ အဘယ်မျှလောက် ဂုဏ် သရေ ကျဆုံးနေကြ သည် ကို လေးနက်စွာစဉ်းစားသင့်ကြသည်။
(ခ) ဒုတိယအချက်မှာ အရှင်မြတ်၏ နက်နဲသိမ်မွေ့ သော ကျိုးကြောင်းဆင်ခြင်တုံတရားကို ကျေနပ်စွာ သဘောတူ လက်ခံခြင်းပင် ဖြစ်သည်။ စင်စစ်မှာ ကဒရ်ညဥ့်သတ်မှတ်ခြင်းကို ရုပ်သိမ်းလိုက်ခြင်းသည် အမြင် အားဖြင့် ကြီးစွာ သော ကောင်းကျိုးကို ရုပ်သိမ်းခံ ရခြင်းဖြစ်သည်။ သို့ ရာတွင် ဤကိစ္စမှာ အရှင်မြတ် စီရင် အပ်သော ကိစ္စဖြစ်ခြင်း ကြောင့် ကိုယ်တော်မြတ် (စ) က ဤသည်ပင်  အသင် တို့ အဖို့  အကောင်းဖြစ် တန်ရာ၏ဟု မိန့် ကြားတော်မူခဲ့သည်။
(ဂ) တတိယတစ်ချက်မှာ လိုင်လသွလ်ကဒရ်ကို ရှာဖွေရန် (၉) ရက်မြောက်၊ (၇) ရက်မြောက်၊ (၅) ရက် မြောက်ညများ ဟူ၍ ညွှန်ကြား တော်မူခြင်းဖြစ်၏။ အခြား သြဝါဒတော်များကိုပါ စုပေါင်းလေ့လာခြင်း အားဖြင့် ဤဖော်ပြပါသုံးညလုံး မှာ နောက်ဆုံး (၁၀) ရက်၏ ညဥ့်များ၌သာ ရှိကြောင်း သေချာလှ၏။
ထို့ ကြောင့် ပညာရှင်တို့ က ကဒရ်ညဥ့်ကို လျှို့ ဝှက်ထားခြင်း၌ အချို့ သော ကောင်းကျိုးများရှိကြောင်း ဖော်ပြကြ၏။
(၁) အကယ်၍ သတ်မှတ်ရက် ရှိနေလျင် များစွာသော ပေါ့ဆသူများသည် အခြားညဥ့်များကို လုံးဝလစ်လျူရှု့ ကြ မည်။ ယခုသော် ရှာဖွေလိုသူများအနေနှင့် ယနေ့ ညပင် ကဒရ်ညဥ့်ဖြစ်ကောင်းဖြစ်နိုင်သည်ဟု မျှော်လင့် သောအား ဖြင့် တစ်ညဥ့်ထက်ပို၍ အေဗာဒသ်ပြုရန် အကြောင်းညီညွတ်နိုင်၏။
(၂) များစွာသောသူတို့ မှာ ပြစ်မှုမကျူးလွန်ပဲ မနေနိုင်ကြချေ။ ကဒရ်ညဥ့်သတ်မှတ်ထားသည်ဖြစ်မူ သိလျက် နှင့်ပင် ယင်းည၌ ပြစ်မှု ကျူးလွန်ခဲ့သော် အလွန်အမင်း စိုးရိမ်ဖွယ်ဖြစ်၏။ (တရံရောအခါ ကိုယ်တော်မြတ် (စ) ဗလီကျောင်း တော်သို့  ကြွရောက် တော် မူခဲ့ ရာ ဆဟာဗီတစ်ပါး အိပ်ပျော်နေသည်ကို တွေ့  ၏။ ကိုယ် တော်က အလီသခင်အား ဝူဒူ ပြုရန် နှိုးခိုင်းတော်မူ၏။ အလီသခင် သည် အမိန့် တော်အရ နှိုးပြီးနောက် ကိုယ်တော်အား "ကိုယ်တော်သည် ကောင်း မှု ကို လက်မနှေးပဲ ပြုလုပ်တော်မူလေ့ရှိပါလျက် အဘယ် ကြောင့် ကိုယ်တော် ကိုယ်တိုင်မနှိုးပါသနည်း" ဟုလျှောက် တင်ရာ "မတော်တဆ ထိုသူ ငြင်းခဲ့လျင် ငါ ကိုယ်တော်မြတ် နှိုးသည်ကို ငြင်းပယ်သောကြောင့် ကာဖရ်ဖြစ်သွား မည် ကို စိုးရိမ်သဖြင့် သင့်အားနှိုးခိုင်း တော်မူခြင်းဖြစ်၏။ သင်နှိုးသည်ကို ငြင်း ပယ်ခြင်းအားဖြင့် ကာဖရ် မဖြစ်ပေ" ဟုပြန် ကြား တော်မူ၏။ ထိုနည်း တူစွာ အလ္လာအရှင်မြတ်၏ ဂရုဏာတော်သည်လည်း ဘုန်း ကျက်သရေနှင့် ပြည့်စုံလှစွာ သော ထိုညဥ့်၌ သိပါလျက် တစုံတယောက်သည် အတင့်ရဲစွာ ပြစ်မှုကျူးလွန်သည်ကို မလိုလားပေ။
(၃) ထိုညဥ့်သည် သတ်မှတ်ပြီးဖြစ်လျင် အကယ်၍ တစုံတယောက်သည် အကြောင်းအားလျော်စွာ ထိုညဥ့် ကို လက် လွှတ်ခဲ့ရ သည် ရှိသော် အေဗာဒသ်ပြုခွင့် မရလိုက်ဟု အားငယ်နေပေလိမ့်မည်။ ယခု သတ်မှတ် မထားခဲ့၍ လူတိုင်း သည် ရမဇာန်လအတွင်းအနည်း ဆုံး တစ်ည နှစ်ညတော့ အေဗာဒသ် ပြုခွင့်ရသွား သည်သာ။
(၄) ကဒရ်ညဥ့်ကို ရှာဖွေရန် ကုန်လွန်စေခဲ့သော ညဥ့်များ၏အရေအတွက်နှင့်အမျှ အကျိုးစဝါဗ်ကို သက်သက် ရဦး  မည်ဖြစ်သည်။
(၅) ရမဇာန်လ၌ အေဗာဒသ်ပြုကြသောကြောင့် အရှင်မြတ်သည် ကောင်းကင်တမန်များ ရှေ့ ဝယ် ဂုဏ်ယူ လေ့ရှိ တော် မူကြောင်း သိရှိရ၏။ ယခုကဲ့သို့  အခြေအနေ၌ပို၍ အခွင့်ကောင်းရှိပေသည်။ အကြောင်းသော် ကား အတိ အကျ မသိပဲ ဖြစ်ကောင်းဖြစ်တန် သည်ဟူသော ထင်မြင်ယူဆချက်နှင့် ညဥ့်လုံးပေါက် အေဗာဒသ် ပြုရာ၌ လုံးပမ်း နေကြသောကြောင့် ဖြစ်သည်။
ထိုမှတပါးလည်း ကောင်းကျိုးများရှိနေပေသေးသည်။ ဤကဲ့သို့ သော အကြောင်းများကြောင့်ပင် အရှင်မြတ် သည် ယခုကဲ့သို့ အရေး ပါ အရာရောက်သော ကိစ္စမျိုးကို လျို့ ဝှက်ထားတော်မူလေ့ရှိသည်။ အစ္စမေ အအ်ဇမ်  ကို လျို့ ဝှက်ထားတော်မူ၏။ အလားတူပင် သောကြာနေ့  တွင် ဆုမွန်ဒိုအာကို ကဗူလ်ဖြစ် သော သီးသန့် အချိန်တချိန်ရှိရာ ယင်းအချိန် ကို လည်း လျို့ ဝှက်ထားတော်မူ၏။ အလားတူပင် အခြားများစွာသော ကိစ္စများလည်း ပါဝင်၏။ အကျိုးစဝါဗ်ကို မျှော်ကိုးသော သူ အနေ ဖြင့် ထူးမြတ်သော ရမဇာန်လ၏ ထူးမြတ် သောည တစ်ညရှာဖွေရန် ၁၀ ရက် ၁၁ ရက် မအိပ်ပဲ အေဗာဒသ်ပြုခြင်းသည် ခဲယဉ်း လှ မည်မဟုတ်ဟု ထင်ပါသည်။
မှတ်ချက်။   ။ ရှေခွလ်ဟဒီစ် ဟဇရသ် မော်လာနာ မုဟမ္မဒ် ဇကရီးယား ရဟ်မသွလ္လာဟိ အလိုက်ဟ် ထုတ် ဝေ သော ဖဇာအိလေ ရမဇာန် စာအုပ်မှကိုးကား၍ ကောက်နှုတ်ဖော်ပြပါသည်။
---------------------------------------------------------------------------------------------------------------------
အောက်ဖေါ်ပြပါလင့် ( link ) ကိုနှိပ်၍လည်း ဘာသာရေးစာများကိုလေ့လာကြည့်ရှုနိုင်ပါသည်။
(သို့မဟုတ်)
အမှားတစ်တစ်ရာတွေ့ရှိပါက    kotinmaung2010@gmail.com  သို့မဟုတ်     comment 
ဖြင့် အကြောင်းကြားပေးပါရန်ပေးပါရန်လေးစားမေတ္တာရပ်ခံပါသည်။
If you like this please Link Back to this article...
ဆက်ဖတ်ရန်>>>
(ရှဗ်ဗိဘာရာသ်ည(ငြိမ်းချမ်းခွင့်ရသည့် ည)
(ရှဗ်ဗိဘာရာသ်ည(ငြိမ်းချမ်းခွင့်ရသည့် ည)
 အစ္စလာမ် ပြက္ခဒိန်အရ ဆိုလျှင် ရှာဘာန်လ ၁၄ ရက်နေ့ နှင့်   ၁၅ ရက်နေ့ည သည် ရှဗိဘာရာသ်ည ဖြစ်သည်။
Islamic Calendar
 1. Muharram
 2. Safar
 3. Rabi' al-awwal
 4. Rabi' al-thani
 5. Jumada al-awwal
 6. Jumada al-thani
 7. Rajab
 8. Sha'aban
 9. Ramadan
 10. Shawwal
 11. Dhu al-Qi'dah
 12. Dhu al-Hijjah
          မိမိတို့ သိသော ရှ်ဗ်ဗိဘာရာသ် ညနှင့် လုပ်ဆောင်ချက်များမှာ သိရ်မိဇီဟဒီးဆ်ကျမ်းတွင် အိုင်ရှာ (ရ) ၏ တင်ပြချက်ကို ဖေါ်ပြ ထားသည်မှာ၊ တစ်ည မိမိအိပ်ရာမှ နိုးချိန် တမန်တော်မြတ်ကို မတွေ့ရသဖြင့် လိုက်ရှာရာ အိမ်မှထွက်ခွါနေသော တမန်တော်မြတ်ကို တွေ့ရသည်။ ထိုအခါ ကျွန်မ နောက်မှ လိုက်ကြည့်ရာ တမန်တော်မြတ်သည် ဂျန္နသ် ဗကိအ်ဖက်သို့ သွားနေသဖြင့် ကျွန်မလည်း နောက် မှလိုက်သွားမိသည်။ တမန်တော်မြတ်သည် ကဗရ်ရှေ့တွင် ရပ်လျှက် သေဆုံးသူတို့အတွက် ခွင့်လွှတ်မှုကိုတောင်းခံနေပေသည်။ ကျွန်မ ကို တွေ့လျှင် အိုအိုင်ရှာ အလ္လာဟ်နှင့် အလ္လာဟ်တမန်တော်သည် အသင့်ကို သစ္စာ ဖေါက်သည်ဟု အသင်ထင်မြင်နေသလား။ ကျွန်မက မဟုတ်ကြောင်း တမန်တော်မြတ် အနေဖြင့် ကိစ္စရှိမည်ဖြစ်၍ အခြား ဇနီးတော် တစ်ဦးဦးထံ သွားနေသလားဟုသာ ထင်မြင်ကြောင်း ပြော မိသည်။ တမန်တော်မြတ်က အိုအိုင်ရှာ ဤညသည် မည်သည့်ည ဖြစ်သည်ကို အသင်မသည် သိပါသလားဟုမေးရာ ကျွန်မက အလ္လာဟ် နှင့် အလ္လာဟ်ရစူလ်သာ အသိဆုံးဖြစ်ပါကြောင်းပြောရာ၊ တမန်တော်မြတ် က ဒီညသည် ရှာဘာန်လ ၁၅ ရက်နေ့ညဖြစ်ကြောင်း ဘာရာသ် ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ညဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ဗနီကလ်ဗ် တို့၏ သိုးများပေါ်ရှိ အမွှေးများ အရေအတွက် နှင့် တူညီ သော လူတို့၏ အရေအတွက်ကို အပြစ်ငရဲများမှ ခွင့်လွှတ်မည်ဖြစ် ကြောင်း ပြောပြပါသည်။
       ထိုအကြောင်းများကြောင့် မိမိတို့သည် (၁) ကဘရ်စတန်သင်္ချိုင်းများ သို့သွားရောက်ခြင်း (၂) တစ်နေ့လုံးအတွက် ဆွလာသ် ၅ ကြိမ် ရအောင် ဖတ်ခြင်း ( ၃) မဂ်ရိဗ် ဆွလာသ် အပြီး နဖိလ် ဆွလာသ် ၂ ရကအသ် ၃ ကြိမ် ဖတ်ခြင်း (၄) စူရာ ရာစီးန် ၃ ကြိမ်ဖတ်ခြင်း (၅) ညအခါ သဟဂ်ျဂျွဒ် နမာဇ် ဖတ်ခြင်း (၆) ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်း (၇) ဇိကိရ် ရသလောက်လုပ် ခြင်း (၈) ဆွလာသ် သစ်ဘိဟ် ဖတ်ခြင်း (၉) စဟ်ရီစားသောက်ခြင်း ရိုဇာစောင့်ထိန်းခြင်း (၁၀) တတ်အားသ၍ အလှူဒါနပြုလုပ်ခြင်း စသဖြင့် မိမိတို့၏ ရှဗ်ဗိဘာရာသ်ကို အကောင်းဆုံးဖြစ်အောင် အမလ်အိဗါဒသ်များဖြင့် ကျေနပ်စရာဖြစ်အောင် လုပ်ဆောင်လေ့ရှိပါသည်။
          သို့သော်ငြားလည်း ယနေ့ခေတ်လူတို့သည် အထက်ပါဖေါ်ပြချက်များ မှန်ကန်မှုရှိမရှိကို အထူးတလည် လိုက်လံမေးမြန်း ရှာဖွေကြလေ့ရှိသည်ကိုလည်း သိသဖြင့် ယနေ့ အိန္ဒိယတိုက်ခွဲတွင် ပါကစ္စတန်နိုင်ငံမှ ကမ္ဘာကျော် အစ္စလာမ် သာသနာ့ပညာရှင် မောင်လာနာ မုဖ်သကီး ဆွာဟိဗ် တင်ပြသည့် ရှဗ်ဗီဘာရာသ် အကြောင်း သိကောင်းစရာများကို အောက်ပါအတိုင်း မြန်မာဘာသာသို့ ပြန်ဆိုရေးသား လိုက်ပါသည်။
၁။ ရှာဘန်လမြတ်သည် မြင့်မြတ်သော လမြတ်များတွင် ပါပြီး ၄င်းလမြတ်နှင့် ပတ်သက်ပြီး တမန်တော်မြတ် (ဆွ) ၏လမ်းညွှန်ချက် များကို လေ့လာနိုင်ပါသည်။ ဟဒီးဆ်တော်များအရ တမန်တော်မြတ် (ဆွ) သည် လမြတ် ရှာဘန်တွင် ရက်များစွာ၌ဥပုသ် တည်ဆောက် သည်ကို တွေ့နိုင်ပါသည်။ အဆိုပါ ဥပုသ်စောင့်ထိန်းခြင်းသည် တမန်တော်မြတ်(ဆွ)အပေါ်တွင် ဖရဇ်တာဝန် မဖြစ်မနေလုပ်ရမည့်တာဝန် အဖြစ် မတည်ရှိသော်လည်း တမန်တော်မြတ်(ဆွ)သည် လာတော့မည့် လမြတ်ရမ်ဇာန်နှင့် ပတ်သက်ပြီး ပြင်ဆင်ခြင်းလုပ်ငန်းများ ကို လုပ်သည့်အနေဖြင့် ရိုဇာစောင့်ထိန်းခြင်း အခြားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် သည်ကို လေ့လာနိုင်ပါသည်။
၂။ အနက်စ်(ရ)တင်ပြသည်မှာ တမန်တော်မြတ်အား ရမ်ဇာန်လမြတ်ပြီးနောက် မည်သည့် လ၏ရိုဇာသည် အမြင့်မြတ်ဆုံးဖြစ်ပါသနည်းဟု မေးရာဖြေကြားသည်မှာ ရှာဘန်လ၏ ရိုဇာဖြစ်ကြောင်းမိန့်ပါသည်။
၃။ အိုစာမာဗင်ဇိုဒ်(ရ)က တမန်တော်မြတ် (ဆွ) အား ပြောဆိုသည်မှာ “အိုတမန်တော်မြတ်(ဆွ) သခင်သည် ရှာဘာန်လတွင် အများနှင့် မတူ ထူးထူးကဲကဲ ဥပုသ် စော့င်ထိန်းလေ့ရှိပါသည်။ မည်သည့် အကြောင်းကြောင့် ပါနည်း” ဟုမေးရာ တမန်တော်မြတ်(ဆွ)က “အို အိုစာမာ ရှာဘာန်လသည် ရဂျဗ်လနှုင့် ရမ်ဇာန်လမြတ်တို့ အကြားတွင် ကျရောက်ပြီး များစွာသောသူတို့သည် ဤလကို မေ့ထားကြ လေ့ ရှိသည်။ ၄င်းနောက် ဤလတွင် လူတို့၏ ကောင်းမှု မကောင်းမှု စာရင်းအစုစုကို အလ္လာဟ်အရှင် မြတ်ထံ ဆက်သလေ့ရှိပါသည်။ မိမိသည် မိမိ၏ စာရင်းဇယားကို အလ္လာဟ်အရှင်မြတ်ထံ တင်ပြသည့်အချိန်တွင် ရိုဇာစောင့်ထိန်းလျှက် ရှိနေချင်ပါသည်”” ဟု ဖြေကြားပါသည်။
၎။ အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) ရှာဘာန် လတွင် တစ်လလုံး ရိုဇာစောင့်ထိန်း လေ့ရှိပါသည်။ သို့ဖြင့် မိမိသည် တမန်တော်မြတ် (ဆွ) အား မေးမြန်းသည်မှာ ““ ရှာဘာန်လသည် သခင့် အတွက် အလွန်အနှစ်သက်ဆုံးသော လများတွင် ပါဝင်ပါ သလား”” သခင်က ““ရှာဘာန်လတွင် အလ္လာဟ် အရှင်မြတ်သည် ကွယ်လွန်သေဆုံးမည့်သူများ စာရင်းကို ထုတ်ပြန်လေ့ရှိ ပါသည်။ မိမိသည် မိမိ၏ သေစာရင်းကို ထုတ်ပြန်သည့်အချိန်တွင် ရိုဇာစောင့်ထိန်းလျှက်ရှိချင်ပါသည်”” ဟု ဖြေကြားပါသည်။
၅။ အိုင်အိရှာ (ရ) မိန့်သည်မှာ တမန်တော်မြတ် (ဆွ) သည် ရိုဇာစောင့်ထိန်းပြီဆိုလျှင် မိမိတို့ထင်မြင်မိသည်မှာ သခင်သည် ရိုဇာစောင့် ထိန်းခြင်းကို ရပ်ဆိုင်းတော့မည်မဟုတ်ဟု ဟူ၍ဖြစ်သည်။ ရိုဇာစောင့်ထိန်းခြင်းကို ရပ်ဆိုင်းလိုက်ပြီဆို လျှင် နောက်ထပ် ရိုဇာစောင့်ထိန်း တော့မည်မဟုတ်ဟု ထင်မြင်ကြသည်။ တမန်တော်မြတ် သည် ရမ်ဇာန်လမှလွဲလျှင် မည်သည့်လတွင်မှ တစ်လ လုံးပြည့် အောင် ရိုဇာ စောင့် ထိန်းခဲ့သည်မဟုတ်ပါ။ သို့သော် ရှာဘန်လတွင်မူ အခြားသောလများထက် ရိုဇာအများဆုံး စောင့်ထိန်း တော်မူလေ့ရှိပါသည်။
၆။ အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) သည် ရှာဘာန်လ၏ ရိုဇာစောင့်ထိန်းခြင်းကို အထူး ဂရုပြုစောင့်ထိန်းသည်ကို တွေ့ရသည်။ သခင်သည် ရက်အနည်းမှလွဲ၍ ရှာဘာန် တစ်လလုံး ရိုဇာစောင့်ထိန်း လေ့ရှိသည်။ မသိလျှင် သခင်သည် ရှာဘာန်တစ် လလုံး ရိုဇာစောင့်ထိန်းသည်ဟု ထင်မြင်ရပါသည်။
စလီမာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) အား မိမိသည် လနှစ်လတွင် တနှစ်လုံးပြည့် အောင် ရိုဇာစောင့်ထိန်းတော်မူလေ့ရှိ သည်။ ထိုလနှစ်လမှာ ရမဇာန် နှင့် ရှုာဘာန်လတို့ဖြစ်သည်။
အထက်ပါ ဟဒီးဆ်များကို လေ့လာခြင်းအားဖြင့် တမန်တော်မြတ် (ဆွ) သည် ရှာဘာန်လတွင် ရက်များစွာ ရိုဇာဥပုတ်စောင့်ထိန်း လေ့ရှိ သည်ကို တွေ့ရပါသည်။ ထိုသို့စောင့်ထိန်းခြင်းသည် တမန်တော်မြတ်အပေါ်တွင် ဖရဇ် တာဝန်တစ်ရပ်မဟုတ်သော်လည်း တမန်တော် အနေဖြင့် တဆိုက်မတ်မတ် ရိုဇာစောင့်ထိန်းခြင်းကို ကြည့်ခြင်းဖြင့် သိရသည်မှာ ရှာဘာန်လသည် မြင့်မြတ်သော လဖြစ်သည်မှာ သေချာ ခြင်းပင်ဖြစ်ပါသည်။
သို့သော် အထူးသတိထားသင့်သည်မှာ ရှာဘာန်လ ရိုဇာစောင့်ထိန်းခြင်းသည် သန်မာသော စွမ်းဆောင်နိုင် သော သူတို့အတွက် သာဖြစ် သည်။ ရှာဘာန်လရိုဇာစောင့်ထိန်းခြင်းဖြင့် အားပြတ်ကာ ရမ်ဇာန်လ ရိုဇာစောင့်ထိန်းခြင်း မပြုလုပ်နိုင်သည့် အခြေအနေကို ရောက်မသွား ရန် သည်အလွန်ပင်အရေးကြီးပါသည်။ သို့ဖြင့်၍ မည်သူမဆို ရှာဘာန်လ ရိုဇာစောင့်ထိန်းခြင်းဖြင့် နေထိုင်မကောင်း ဖြစ်ခြင်း၊ ရမ်ဇာန်လ တွင် ရိုဇာမစောင့်ထိန်းနိုင်လောက်အောင် အားအင်ရုတ်ရော့ သွားအောင်ဖြစ်မည်ဆိုလျှင် မိမိတို့အနေဖြင့် ရှာဘာန်လတွင် ရိုဇာမစောင့် ထိန်းရန်သာဖြစ်သည်။ ရမ်ဇာန်လမြတ်၏ ရိုဇာစောင့်ထိန်းခြင်းသည် ပိုမိုမြင့်မြတ်သည်ကို မိမိတို့ မမေ့ကြရန် အရေးကြီးပါ သည်။
တမန်တော်မြတ် (ဆွ) မိန့်သည်မှာ သာမန် မွတ်စ်လင်မ်ထုအနေဖြင့် ရမ်ဇာန်လမရောက်ခင် နှစ်ရက် ခန့်အတွက် လုံးဝ ရိုဇာမစောင့် ထိန်း ရန် လမ်းညွှန်ထားခြင်းဖြစ်ပါသည်။ “မည်သူမဆို ရမ်ဇာန်လမြတ်၏ ရိုဇာစောင့်ထိန်းခြင်းကို ရှာဘာန်လ၏ နောက်ဆုံး ရိုဇာ တစ်ရက် သို့မဟုတ် နှစ်ရက်ဖြင့် အစမပြုကြပါနှင့်” ဟူ၍ဖြစ်ပါသည်။
အဘူဟိုရိုင်ရာ (ရ) တင်ပြထားသည်မှာ “ရှာဘာန်လ၏ ပထမ နှစ်ပတ် ကုန်လွန်သွားပြီးနောက် ရိုဇာမစောင့် ထိန်းကြရ” ဟု၍ဖြစ်ပါ သည်။ သဘောမှာ ရှာဘာန်လ၏ နောက်ဆုံး နှစ်ပတ်တွင် မည်သူမျှ ရိုဇာစောင့်ထိန်းခြင်းမပြုကြနှင့်ဟူ၍ ဖြစ်ပါသည်။ တနည်းအား ဖြင့် နောက် ဆုံး နှစ်ပတ် စားစားသောက်သောက်ဖြင့် ရမ်ဇာမ်လအတွက် ပြင်ဆင်ထားကြရန် သတိပေးထားခြင်းဖြစ်ပါ သည်။
ရှာဘာန်လ၏ ထူးမြတ်မှုတစ်ခုသည် ၄င်းလတွင် ညတစ်ညရှိပါသည်။ ၄င်းညကို “လိုင်လတွလ်ဘာရာသ် အပယ်ငရဲမှ လွတ်မြောက်မှုရနိုင်သောည” ဟုခေါ်ပါသည်။ ၄င်းညသည် ရှာဘာန်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ ည ၏ ကြားညဖြစ်ပါသည်။ ဘာရာသ်ည၏ ထူးမြတ်နှင့် ပတ်သက်သော ဟဒီးဆ်တော်များကို ဆက်လက်လေ့လာကြည့်ကြပါစို့။
အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) သည် တစ်ရက် သဟဂ်ျဂျွဒ် ဆွလာသ် ဖတ် နေစဉ် စိဂ်ျဒဟ် ပြုလုပ်နေသည် မှာ အတော်ပင်ကြာမြင့်သွားပြီဖြစ်သည်၊ မည်မျှကြာသနည်းဟူမှု ကျွန်မအနေဖြင့် ထင်လိုက် သည်မှာ တမန်တော်မြတ် (ဆွ) ကွယ်လွန် သွား ပြီ လားဟု ထင်လိုက်ရပါသည်။ ကျွန်မလည်း အိပ်နေရာမှထလာကာ တမန်တော်မြတ် (ဆွ) ၏ လက်မကို မကြည့် လိုက်ရာ လှုပ်ရှား လာ သည်ကို တွေ့ရသဖြင့် စိတ်သက်သာရလာပြီး မိမိနေရာသို့ ပြန်လာလိုက်ပါသည်။ ထို့နောက် တမန်တော်မြတ် (ဆွ) စိဂ်ျဒဟ် လုပ်နေရင်း နုတ်မှ အောက်ပါ အတိုင်း ရေရွတ်သည်ကို ကြားရပါသည်။ “ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အပြစ်ပေးခြင်းကို အရှင်မြတ်၏ ခွင့်လွှတ်မှု အရိပ်အောက်တွင် ခိုလှုံပါသည်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ မနှစ်သက်မှုကို အရှင်မြတ်၏ နှစ်သက်မှု အရိပ်အောက်တွင် ခိုလှုံပါ
သ ည်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ဂရုဏာတော်၏ အရိပ်အောက် တွင် ခိုလှုံပါသည်၊ ကျွန်တော်မျိုးသည် အရှင်မြတ် ထိုက် တန် သင့်မြတ်သည့် အနေအထားမျိုးဖြင့် ချီးမွန်းနိုင်ခြင်း အလိုငှာ မတတ်သာလေပြီဖြစ်သည်၊ အရှင်မြတ်သည် မိမိ၏ သတ်မှတ် တည်ရှိမှု အနေ အထားဖြင်ပင် တည်ရှိ နေပါသည်”။ ထို့နောက် တမန်တော်မြတ် (ဆွ) သည် မိမိ၏ ဆိဂ်ျဒဟ် မှထလာကာ ဆွလာသ်ကို အဆုံး သတ် လိုက်ကာ မိမိကို ပြောပါသည်၊ “ အို အိုင်ရှာ အသင်အနေဖြင့် အလ္လာဟ်တမန်တော် သည် အသင့်ထံပါးမှ စွန့်ခွါထွက်သွားပြီဟု ထင်ပါသလား၊ အိုင်ရှာ (ရ) အို တမန်တော် ကျွန်မ အနေဖြင့် အလွန်စိုးရိမ် သွားသည်မှာ သခင် စိဂ်ျဒဟ် လုပ်နေသည်မှာ ကြာလွန်းသဖြင့် သခင်၏ ၀ိဥါည် ထွက်သွားပြီ ဖြစ်ပြီးလားဟု ထင်မြင်ရခြင်း ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ အိုအိုင်ရှာ အသင်သည် ဒီည မည်သည့်ညဖြစ်သည်ကို သိပါသလား၊ အိုင်ရှာက အလ္လာဟ်နှင့် အလ္လာဟ် တမန်တော်သာ အသိဆုံးဖြစ်ကြောင်းပါဟု ပြောပါသည်။ ထိုအခါ တမန်တော်မြတ်က ဒီညသည် ရှာဘာန်လ၏ ၁၅ ရက်မြောက်ည ဖြစ်သည်။ ဤညတွင် အလ္လာဟ်အရှင်မြတ် သည် မိမိ၏ ကျေး ကျွန်များကို ကြည့်ရှုပြီးနောက် ကောင်းမွန်မြင့်မြတ်သော မှန်ကန်သောသူတို့အား အပြစ်များကို ခွင့်လွှတ်တော်မူပြီး မိမိ၏ ဂရုဏာ တရား ကို ချီးမြင့်တော်မူလေသည်။ သို့သော် မမှန်ကန်သူ အပြစ်လုပ်သူတို့အတွက် ပြစ်ဒါဏ်များ သတ်မှတ်တော်မူပြီး သူတို့အနေဖြင့် ခွင့်လွှတ်မှု မတောင်းခံသမျှ ကာလပတ်လုံး ၄င်းအပြစ်ဒါဏ်များကို တည်ရှိစေလေသည်။
အိုင်ရှာ (ရ) တင်ပြသည်မှာ ထိုညမြတ်တွင် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် အောက်သို့ ဆင်းသက် လာပြီးနောက် မြောက်များ စွာသော လူများ ၄င်းတို့၏ အရေအတွက်သည် ဗနီခလ်ဗ် အမျိုးနွယ်ဝင်တို့၏ သိုးများ၏ အမွေးအရေအတွက်ထက် ပင်များပြားသော လူတို့ အား အပြစ်များမှ ခွင့်လွှတ်တော်မူလေသည်။ မဒီနာ မြို့ပတ်ဝန်းကျင်တွင် ဗနီကလ်ဗ် ဟူသော အမျိုးနွယ် ၀င်တို့တွင် များစွာသော သိုးများရှိပြီး ၄င်းသိုးတို့၏ အမွှေးများအရေအတွက်သည် မည်မျှများလိမ့်မည်ကို မိမိတို့ခန့်မှန်းနိုင်သည်။ တနည်းအားဖြင့် မြောက်များ စွာသော လူတို့၏ အရေအတွက်ကို ဆိုလိုခြင်းဖြစ်ပြီး ၄င်းတို့၏ ပြစ်ဒါဏ်များကို ခွင့်လွှတ်မည်ဟု ဆိုလိုရင်းဖြစ်ပါသည်။
နောက်ဟဒီးဆ်တော်တစ်ပုဒ်တွင် အိုင်ရှာ (ရ) ကပင်တင်ပြခဲ့သည်မှာ ““၄င်းညတွင် ဗနီကလ်ဗ် တို၏ သိုးများ၏ အမွှေးများ အရည် အတွက် နှင့် ညီမျှသော လူအရေအတွက်အား ဂျဟန္နမ် ငရဲမီးလောင် မြိုက်နေရာမှ ခွင့်လွှတ်မှု ပေးသည်ဟူ၍ ဖြစ်ပါသည်။ အလ္လာဟ် အရှင်မြတ် ခွင့်လွှတ် လိုက်သူများတွင် မည်သူမည်ဝါကို ခွဲခြားခြင်းမပြုဘဲ တနည်းအားဖြင့် ၄င်းတို့အတွင်း အလ္လာဟ်အရှင်မြတ်အား ရှိရ်က် လုပ်သူများ၊ နှလုံးသားများအတွင်း မကောင်းမှု များဖြင့် ပြည့်နက် နေသူများ၊ ဆွေမျိုးညာသကာနှင့် အဆက်ဖြတ်ထားသူများ၊ ခြေမျက်စိအောက် ဂုဏ်မောက် သလို လုံချည် ဘောင်းဘီ ၀တ်ကြသူများ၊ အရက်သေစာ သောက်စားသူများ စသဖြင့် မခွဲခြားဘဲ အပယ် ငရဲမှ ထုတ်ယူကာ အပြစ်ခွင့်လွှတ်လိုက်ခြင်းဖြစ်ပါသည်။
မုအာဇ် (ရ) တင်ပြသည်မှာ တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ် သည် ဘာရာသ်ည အခါတွင် မိမိဖန်ဆင်း တော်မူခဲ့သည့် လူအပေါင်းတို့ကို ကြည့်ရှုတော်မူလျှင် ၄င်းတို့ အားလုံးကို အပြစ်အပေါင်းမှ ခွင့်လွှတ်တော်မူလေသည်။ သို့သော် ၄င်းတို့ အနက် အလ္လာဟ် အရှင်မြတ်အား ရှိရ်က် လုပ်သူအပေါင်းတို့နှင့် စိတ်နှလုံးများအတွင်း မကောင်းစိတ်ထားသူများ မပါဝင်ပါလေ။
ဖေါ်ပြပါ အဟာဒီးဆ် များနှင့် ပတ်သက်ပြီး အများစုသော ပညာရှင်များက အချို့ဟဒီးဆ်တော်များသည် ခိုင်မာမှုရှိပြီး အချို့သည် အား နည်းချက်များရှိသည်ကို လက်ခံကြပါသည်။ သို့သော် အချို့သောပညာရှင်တို့က ဟဒီးဆ် အချို့၏ ခိုင်မာမှုဆိုင်ရာ ချို့ယွင်းချက်များ အပေါ် လက်ခံမှုမပြုကြဘဲ ဘာရာသ်ည၏ ထွတ်မြတ်မှုကို ငြင်းပယ်လိုက်ကြသည် လည်းရှိပါသည်။ ၄င်းတို့၏ ညင်းပယ်မှုကို မည်သို့မှ တုံ့ပြန်ပြောဆိုလိုသော်လည့်း ၊ အထက်ပါ ဟဒီးဆ်များကို စုပေါင်းကြည့်လိုက်သည့်အခါ၊ များစွာသော ပညာရှင်တို့သည် ၄င်းည၏ ထွတ်မြတ် မှုကို လက်ခံကာ အမလ် အိဗါဒသ် လုပ်ကာ အကျိုးပွားများလာသည်မှာ နှစ်အဆက်ဆက် ခေတ် အဆက်ဆက် ရှိခဲ့ပြီ ဖြစ်သည်။
ဘာရာသ်ည၏ ထူးမြတ်မှုကို နားလည်လက်ခံသောသူတို့အတွက် ၄င်းညကို ပိုင်နိုင်စွာအသုံးချနိုင် လျှင် အကောင်းဆုံးဖြစ်သည်။ ၄င်းတစ်ညတာအတွက် နိုးနိုးကြားကြား ရှိနေသင့်သည်။ သို့သော် ညတာ၏ အချို့အစိတ်အပိုင်းတွင် နိုးကြားနေလျှင်လည်း ကောင်းလှ ပါသည်။ ၄င်းည၏ အစိတ်အပိုင်းသည် ညဦးပိုင်းဖြစ်စေ မိုးလင်းပိုင်းဖြစ်စေ ပြဿနာ မဖြစ်နိုင်ပါ။ ၄င်းနောက် အောက်ဖေါ်ပြပါ အိဗါဒသ်များကို တတ်အားသ၍ လုပ်နိုင်ပါသည်။
(၁) ဆွလာသ် တည်ဆောင်မှုသည် အမလ် အိဗါဒသ်အပေါင်းတွင်အကောင်းဆုံးဖြစ်သည်။ မည်မျှသော ရကအသ် ဖတ်သင့်ကြောင်း အတိအကျ မဆိုထားသော်လည်း ၈ ရကအသ် ဖတ်ဖြစ်နိုင်လျှင် အကောင်းဆုံးဖြစ် သည်။ ပညာရှင်အများစုသည် ၈ ရကအသ် အနည်း ဆုံး ဖတ်ကြသည်။ ဆွလာသ် ဖတ်လျှင်လည်း သတိပြုသင့် သည်က ဆွလာသ်၏ စိဂ်ျဒဟ်နှင့် ရကုအ် ကို ခပ်ကြာကြာ ခါတိုင်းထက် အချိန်ပိုကာ လုပ်သင့်သည်။ စူရာအတွဲများကိုလည်း ရှည်လျှားသည့် စူရာကို ဖတ်နိုင်ကကောင်းသည်။ စူရာအရှည် အလွတ်မဖတ်နိုင်က အတိုစူရာများကို တတ်နိုင်သလောက်တွဲကာ ဖတ်လျှင်လည်းကောင်းပါသည်။
(၂) ဆွလာသ်ဖတ်ပြီးသည့်နောက် ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်းသည် အကောင်းဆုံးသော အအ်မာလ် အိဗါဒသ် ဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန်မှ မည်သည့် စူရာဖြစ်စေ၊ ဖတ်နိုင်သလောက် ဖတ်လေ ကောင်းလေ ဖြစ်သည်။
(၃) ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်းကို ရပ်နားသည့်အခါ သို့မဟုတ် အခြားအမလ်ကို လုပ်ခြင်လာ သည့်အခါ ဇိကိ၇် လုပ်ခြင်းသည် အကာင်းဆုံးဖြစ်သည်။ ဇိကိရ် လုပ်သည့်အခါ အကောင်းဆုံးမှာတော့ တမန်တော်မြတ် (ဆွ) အပေါ် ဆွလ၀ါသ် ဖတ်ပို့ဖြင်းဖြစ်သည်။ မိမိ ရသည့် ဆွလ၀ါသ် ကို ဖတ်နိုင်သလောက် ဖတ်နိုင်ပါသည်။ ဇိကိရ်ကို ထိုင်လျှက်ဖြစ်စေ၊ လျှောင်းလျှက်ဖြစ်စေ၊ လမ်းလျှောက်လျှက်ဖြစ်စေ ဖတ်ရွတ်နိုင်ပါသည်။
(၄) အထူးဒိုအာတောင်းခံခြင်းဖြစ်သည်။ ဤညတွင် မိမိ၏ ဆွလာသ်များ၊ ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်း၊ ဇိကိရ်စိတ်ခြင်း စသည်တို့ကို လုပ်ပြီးသည့်နောက် မိမိတို့သည် အလ္လာဟ်အရှင်မြတ် ထံတော်မှ မိမိတို့၏ အမလ် အိဗါဒသ်များကို လက်ခံအောင် လွတ်ငြိမ်းချမ်း သာခွင့် ရအောင် အပယ်ငရဲမီးမှ လွတ်ငြိမ်းခွင့်ရအောင် အထူးဒိုအာ တောင်းခံရမည်။ ဒိုအာတောင်းခံခြင်း ဟူသည် မိမိတို့နှင့် အလ္လာဟ်အရှင်မြတ် အကြား အဆက်အသွယ် ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်ခြင်း ဖြစ်သည်ကို သဘောပေါက်ရမည်။ ဒါကြောင့် မိမိတို့သည် ဒိုအာ တောင်းခံခြင်းကို အထူးဂရုစိုက် တောင်းခံရမည်။ ဒိုအာတောင်းခံလေ အလ္လာဟ်အရှင်မြတ် နှစ်သက်မြတ်နိုး လေဖြစ်သည်။ မိမိတို့သည်မှာ ဒိုအာတောင်းခံရင်း စိတ်ကုန်သွားလေ့ရှိပြီး အလ္လာဟ်အရှင်မြတ် အနေဖြင့်မူ နားထောင်ခြင်းကို မငြီးညူနိုင်အောင်ပင်ဖြစ်တော့သည်။ မိမိတို့၏ ဒိုအာတောင်းခံချက်များ ချက်ခြင်း မပြည့်ဝသေးသည်ကို စိတ်ပျက်စရာလည်း မလိုပါ၊ ယခုမတွေ့သေးပေမဲ့ အချိန်တန်သည့် အခါ တောင်းသည့် အရာထက် ပိုမိုကောင်းမွန်သောအရာကို ရရှိသည့်အတွက် စိတ်အပျော်ကြီးပျော်နေလိမ့်မည်။
အမှန်တော့ တမန်တော်မြတ် (ဆွ) တောင်းခံခဲ့သည် တောင်းဆုဒိုအာများသည် စံနမူနာယူထိုက် သည့် ဒိုအာများပင်ဖြစ်သည်။ ပိုင်ပိုင် နိုင်နိုင်ရှိမှု၊ ပြည့်စုံကုံလုံမှု၊ တင်ပြချက်များ လေးနက်မှု၊ စသည့် ဘက်ကကြည့်လျှင် မည်သူမျှ ယနေ့တိုင် တမန်တော်မြတ် (ဆွ) ကဲ့သို့ ဒိုအာတောင်းခဲ့နိုင်မည် မဟုတ်ပါ။ မည်သည့်လူသားမျှ အဆိုပါ ဒိုအာများကို ယှဉ်ပြိုင် ရေးသားတောင်းဆိုနိုင်မည်မဟုတ် ပါ။ သို့ဖြစ်၍ မိမိတို့အနေဖြင့် ၄င်းဒိုအာများကို တတ်နိုင်သ၍ လေ့လာကာ နေ့စဉ်မိမိတောင်းဆို သည့်ဒိုအာဖြစ် အစဉ်တောင်းဆိုနေသင့်သည်။ အကယ်၍ မိမိအနေဖြင့် ဒိုအာမူရင်းအတိုင်း အာရဗီ ဘာသာဖြင့် မတောင်းနိုင်ပါကလည်း စိတ်ပျက်စရာမလိုပါ။ မိမိတို့ ကိုယ်ပိုင် ဘာသာ စကား မြန်မာလိုတတ်က မြန်မာလို အင်္ဂလိပ်လိုတတ်က အင်္ဂလိပ်လို တောင်းခံနိုင်ပါသည်။
အချို့မိတ်ဆွေများသည် အကြောင်းအမျိုးမျိုးကြောင့် ညအခါ ထခြင်း ဖတ်ရွတ်ခြင်း မပြုလုပ်နိုင်သဖြင့် စိတ်ပျက်မနေသင့်ပါ။ အချို့သည် နေမကောင်းသည့်အတွက်၊ အချို့က ခရီးထွက်နေခြင်း၊ စာပေလေ့လာ နေခြင်း၊ အမျိုးသမီးများ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင် နေ သည့် ကာလဖြစ်ခြင်း စသည့်အကြောင်းအမျိုးမျိုးရှိ နေနိုင်တတ်ပါသည်။
ထိုသူတို့အဖို့ အထူးသဖြင့် ဆွလာသ် ၅ ကြိမ်ကို မပြတ်တန်းဖတ်ခြင်းသည် အကောင်းဆုံးဖြစ် သည်။ တတ်နိုင်ပါက ဇိကိရ်ကို အဆက် မပြတ် ဖတ်နေသင့်သည်။ သွားသွားလာလာ စားစား သောက်သောက် လုပ်နိုင်ပါသည်။ အမျိုးသမီးများအနေဖြင့် ဇိကိရ်တွင် အထက်တွင် ဖေါ်ပြသည့် အတိုင်း တမန်တော်မြတ် (ဆွ) အပေါ် ဒရူးဒ် ဆွလ၀ါသ် တတ်အားသ၍ ဖတ်နေသင့်သည်။
ဘာရာသ်ညတွင် ကျွန်ုပ် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလာဒေးရှ်၊ ပါကစ္စတန်၊ အီရန် စသည့်နိုင်ငံများတွင် သင်္ချိုင်း သို့သွားရောက်ကြပြီး သေဆုံးလေသူ မိဘဖိုးဖွားများအတွက် ခွင့်လွှတ်မှုတောင်းခံလေ့ရှိသည်။ အချို့သော် ပညာရှင်များက ထိုညတွင် တမန်တော်မြတ် (ဆွ) သည် အိပ်နေရာမှ တိတ်တစိတ် ဂျန္နသွလ်ဘကီဟ် သင်္ချိုင်းသို့သွားရောက်ပြီး သေဆုံးလေသူများအတွက် ငြိမ်းချမ်းမှု ကင်းလွတ်မှုကို တောင်းခံခဲ့ကြောင်း တင်ပြကြပါသည်။ သို့သော် ၄င်းဟဒီးဆ်တော်များ သည် အလွန်ပင် အထောက်အထား ခိုင်မာမှု အားနည်းပါးလွန်းသည့်အတွက် ယနေ့၎င်းလုပ်ရပ် ကို မလုပ်ကြတော့ပေ။ သို့သော် များစွာသောသူတို့က ၄င်းလုပ်ရပ်ကို မွတ်စ်သဟဗ် အဖြစ် သတ်မှတ်ကာ လုပ်ကြသည်။ သို့သော် မှတ်ထားသင့်သည်က ၄င်းလုပ်ရပ်သည် အရေးတကြီး မဖြစ်မနေလုပ်ရမည့် အိဗါဒသ် မဟုတ်သလို ပုံမှန်လုပ်စရာလည်း မလိုအပ်သည့် အိဗါဒသ် တခု ဖြစ်ကြောင်းသိရမည်။ တကယ်တော့ မိမိအိမ်တွင် ဖတ်ရွတ်ပြီး သေဆုံးသူများအတွက် ဖတ်ရွတ်ကာ လွတ်ငြိမ်းချမ်းသာမှုကို တောင်းခံနိုင်ပါသည်။ ၄င်းညတွင် အထူးသတိထားသင့်သည်မှာ မကောင်းမှုနှင့် တတ်အားသ၍ ဝေးသည်ထက် ဝေးအောင်နေ ခြင်းဖြစ်သည်။
ဘာရာသ်ညတွင် ဘာတွေလုပ်သင့်သနည်းဆိုသည်ကို နားလည်သည့်အခါ မိမိတို့အနေဖြင့် ၄င်းလုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်နေခြင်းသည် မကောင်းမှုမှ ကင်းဝေးအောင်နေနိုင်ရန် အတွက် အကောင်းဆုံးအခွင့် အရေးတစ်ခုပင်ဖြစ်သည်။ စင်စစ် ၄င်းညသည် မိမိတို့သည် ကိုယ်ကိုယ်ကို အလ္လာဟ်အရှင်မြတ်ထံ ၀ကွက်အပ်နှံ ထားခြင်းသည် အကောင်းဆုံးလုပ်ရပ်ဖြစ်သည်။
ထိုအခါ အလ္လာဟ်အရှင်မြတ် မနှစ်သက်သည့် အလုပ်မှန်သမျှကို မိမိတို့သည် အဆင်ပြေစွာ ရှောင်ကြဉ်နိုင်မည့် အခြေအခြေအနေများ ရရှိလာနိုင်သည်။ အထူးသဖြင့် မိမိတို့စိတ်တွင် အတင်းပြောခြင်းနှင့် မကောင်းမှုကို တွေးခြင်း မဖြစ်အောင် အထူးသတိပြုရမည်။ မကောင်းမှု၏ အတွေးသည် မကောင်းမှုကို ပြောဖြစ်စေသလို လုပ်လည်း လုပ်ဖြစ်စေပါသည်။ ထို့ကြောင့် အထက်ပါ ဟဒီးဆ်တော်တွင် တင်ပြခဲ့သည်မှာ မကောင်းစိတ်ကို နှလုံးသားတွင် မရှိစေခြင်း ဆိုသည့်အချက်ကို ကောင်းကောင်းသတိပြုစေချင်ပါသည်။
အချို့သော မွတ်စ်လင်မ်တို့သည် ၄င်းညတွင် အထူးစားဖွယ်သောက်ဖွယ်များကို ချက်ပြုတ်ကြခြင်း အကြီးအကျယ် ကျွေးပွဲ မွေးပွဲများ ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော်များ၊ သင်္ချိုင်းများကို ဆင်ယဉ်ခြင်း၊ မီးထွန်းကြခြင်း၊ အမွှေးနံ့သာများ လိမ်းလည်သပ္ပယ်ကြခြင်း အချို့နေရာများတွင် ပွဲလမ်းသဘင်များလုပ်ကြခြင်း၊ အရောင်းအ၀ယ် လုပ်ငန်းများ အကြီးအကျယ်လုပ်ကြခြင်း၊ စသည့်လုပ်ရပ်များသည် အခြေအမြစ်မရှိသည့် လုပ်ငန်းများ လုပ်ရပ်များဖြစ်သဖြင့် ၄င်းတို့ကို မလုပ်သင့်ပါ။ မွတ်စ်လင်မ်များ ထိုသို့လုပ်ခြင်းသည် အခြားဘာသာဝင်တို့၏ ဘာသာရေးပွဲတော်များ၏ လုပ်ရိုးလုပ်စဉ်များကို ကူးချလုပ်နေခြင်းဖြစ်သည်ကို သတိထားရမည်။ သိလျှက်နှင့် ဆက်လက်လုပ်လျှင် အပြစ်ထိုက်သည်ကို သိသင့်သည်။ မိမိကိုယ်၌ကလည်း ထိုသို့လုပ်နေလျှင် မိမိလုပ်ရမည့် ကောင်းမှုကုသိုလ်များကို မလုပ် နိုင်သဖြင့် မိမိ၏ ကုသိုလ်ရှာဖွေမှု အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း သဘောပေါက်ရမည်။
အချို့သောသူတို့သည် ထိုညတွင် ဘာရာသ် ည၏ ထူးမြတ်မှုများကို ရှည်လျှားထွေပြားစွာ တရားတဘောင် ဟောကြားနေသည်ကို တွေ့နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အခြားသူများ၏ တန်ဖိုးရှိသော အချိန်ကို ဖြုန်းစေသည့်အပြင် မိမိ၏ အချိန်လည်း ကုန်ဆုံးသည်ကို သတိပြုရန် လိုအပ်သည်။ အကယ်၍ ဘာရာသ်ည အကြောင်းကို အခြားသူများသိလိုစေပါက ကြိုတင်ဟော ပြောအကြောင်းကြားရန် လိုအပ်ပါသည်။ ဤညသည် မိမိတို့ကိုယ်စီ မိမိတို့အတွက် ကြိုးပမ်းရန် သာလိုအပ်သည်ကို သတိပြုရမည်။
တရားအားထုတ်ရာတွင်လည်း တစ်သီးပုဂ္ဂလ ကြိုးပမ်းရမည်။ စုပေါင်း ဆွလာသ်ဝတ်ပြုခြင်း၊ စုပေါင်း ဇိကိရ်ပြုလုပ်ခြင်းများ မပြုလုပ် သင့်ပါ။ ဤညသည် မိမိတို့အနေဖြင့် မိုးမြေအဆုံး စကြာဝဠာတစ်ခွင်လုံး၏ ဖန်ဆင်းရှင်နှင့် တွေ့ဆုံနိုင်ရေအတွက် ကြိုးပမ်းနေချိန်ဖြစ်သဖြင့် မိမိနှင့် အလ္လာဟ်အရှင်မြတ်အကြား အခြားမည်သူကိုမျှ မလာရောက်နိုင်ရေး၊ အ၀င်ရောက်နိုင်ရေးကို မိမိတို့ကောင်းကောင်းကြီး သတိထားသင့် ပါသည်။ ဥပမာ တမန်တော်မြတ် (ဆွ) ကိုကြည့်လျှင် ဤညမှာ တစ်ကိုယ်တည်း အိဗါဒသ် လုပ်နေတာကို မြင်ရသိရလိမ့်မည်။ ဇနီးတော် အိုင်ရှာ (ရ) သည် မိမိဘာသာ ရှိနေသည်ကိုလည်း တွေ့ရမည်။ တမန်တော်မြတ်သည် သူမကို မိမိအိဗါဒသ် မှာ မပါဝင်စေခဲ့ဘူး။ တစ်ကိုယ်တော် အိဗါဒသ် လုပ်ခြင်းကိုသာ ပေါ်လွင်စေပါသည်။ တမန်တော် မြတ်သည် မစ်ဂျိဒ် နဗ၀ီကို ဆင်ယင်ခြင်း၊ မီးရောင်စုံထွန်းခြင်း၊ အခြားသူများကိုခေါ်ပြီး အိဗါဒသ်လုပ်နေခြင်းကိုလည်း မတွေ့ရသဖြင့် ဘာရာသ်ည၏ အိဗါဒသ်သည် တစ်ကိုယ်တော် သီးသန့်လုပ်သင့်ကြောင်း၊ ဗလီဝတ်ကျောင်းတော်များတွင် လုပ်ပါကလည်း စုပေါင်း လုပ်ခြင်းကိုသာ ရှောင်ရှားပြီး မိမိဘာသာ တစ်ကိုယ်လည် ထောင့်တစ်နေရာတွင် လုပ်သင့်ပါသည်။
ပညာရှင်အများစုအနေဖြင့် ၄င်းညတွင် စဲဟ်ရီစားသုံးပြီး ၁၅ ရက်နေ့တွင် ရိုဇာဥပုတ် စောင့်ထိန်းကြ လေ့ရှိပါသည်။ ၄င်းရိုဇာသည် မွတ်စ်သဟဗ် အဆင့် တနည်းအားဖြင့် လုပ်သင့်ကြောင်း အကြံပြုသည့်အဆင့် သာရှိပါသည်။ လုပ်ပါက ကောင်းပြီး မလုပ်ပါကလည်း အပြစ်မရှိကြောင်း၊ ဖရဇ် တာဝန်မဟုတ်ကြောင်း သိစေပါသည်။ တမန်တော်မြတ် (ဆွ) အနေဖြင့် ၄င်းရက်တွင် နဖိလ် ရိုဇာ စောင့်ထိန်းသင့်ကြောင်း အထူးသတိပေးခဲ့ပါသည်။ အချို့ကတော့ ဤ ဟဒီးဆ်တော်ကို မမှန်ကန်ကြောင်း ပြောကြပေလိမ့်မည်။ သို့သော် အထက်တွင် ဖေါ်ပြခဲ့သည့် ဟဒီးဆ်တော်များကို ကြည့်လျှင် တမန်တော်မြတ်သည် ရှာဘာန်လ၏ ရိုဇာကို မပြတ်တမ်းနှင့် အများဆုံးရိုဇာစောင့်ထိန်းခဲ့သည်ကို ကြည့်ခြင်းဖြင့် တမန်တော်မြတ် ရိုဇာစောင့်ထိန်းခဲ့ခြင်းကို ငြင်းဆိုနိုင်ဖွယ်မရှိပါ။ ထို့အပြင် မြောက်များစွသော ပညာရှင်များ မိမိတို့၏ အကြီးအကဲများသည် ရှာဘာန်လ၏ မြင့်မြတ်ခြင်းအကြောင်း ရှာဘာန်လတွင် ရိုဇာစောင့်ထိန်းခြင်းအကြောင်းကို နှစ်ပေါင်း ရာစု ထောင်စု ချီကာ တင်ပြ လုပ်ပြ ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဘာရာသ် ည သည် အမှန်ဖြစ်ခြင်း ၄င်း၏ အိဗါဒသ်များ နေ့အခါ ရိုဇာစောင့်ထိန်းခြင်းများ အကျိုးကျေးဇူးများသည် မှန်ကန်သည်ဟု တင်ပြလိုက်ပါသည်။
ကျွန်တော်တို့ အမြဲကြားနေရသည့် ကျွန်တော်တို့၏ ဆရာသခင် မော်လာနာ ဗရှိရွလ္လာဟ် ဆွာဟိဗ် (ရ) ၏ ရန်ကုန်မြို့ ၁၃၆ လမ်း မဒါးဗလီတွင် အီရှာဆွလာသ် အပြီး တရားဟော်ပြောမှုကိုမူ ကျွန်ုပ်တို့သည် မဖြစ်မနေ သွားနားထောင်မိသည်။ ဆရာကြီးက အထက် တွင် ဖေါ်ပြသည့် ဟဒီးဆ်တော်များ၊ ကို တင်ပြလေ့ရှိပြီး အထူးသတိပေးတတ်သည်မှာ ၄င်းညတွင် လုပ်ဆောင်ရမည့် အမလ် အိဗါဒသ် များတွင် “ဆွလာသွလ် သစ်ဘီဟ်” ကို ဖတ်ဖြစ်အောင် ဖတ်ကြရန် ပင်ဖြစ်သည်။ ၄င်းဆွလာသ်တွင် ဖတ်ရမည့် ဇိကိရ်မှာ “စူဗဟာနလ္လာဟိ ၀လ်ဟမ်ဒုလိလ္လာဟိ ၀လာအိလာဟ အိလလ္လာဟု ၀လ္လာဟု ၀အက်ဘရ်” ပင်ဖြစ်ပါသည်။
စလာတောလ်တောစ်ဗိဟ်နမာဇ်ဖတ်နည်း
အောက်တွင်အင်္ဂလိပ်ဘာသာဖြင့်လည်းဖတ်ရှုနိုင်ပါသည်။
    ဆရာကြီးတင်ပြသည့် “ဆွလာသွလ် သစ်ဘီဟ်” ဖတ်နည်းမှာ ပထမ ၄ ရကအသ် နိယသ်ချီပြီးနောက် အလ္လာဟုအက်ဘရ် သက်ဗီရ် ဖတ်ပြီး (၁) စူရာဖာသိဟအရင် အထက်ပါဇိကိရ် ကို ၁၅ ခေါက်ဖတ်ပါ (၂) စူရာဖါသိဟဖတ်ပြီးနောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၃) ရူကုအ် စူဘဟာနလ္လာရဗ်ဗိယလ်အဇီးမ် ၃ ခါ ဖတ်ပြီး ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၄) ရုကုအ်အပြီး ပြန်မတ်တတ်ရပ်ချိန်တွင် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၅) ပထမ စိဂ်ျဒဟ်တွင် စူဘဟာနလ္လာရဗ်ဗိယလ်အာ့လာ ၃ ကြိမ်ဖတ်ပြီး နောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၆) ပထမ စိဂ်ျဒဟ် အပြီး ပြန်ထိုင်ချိန်တွင် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၇) ဒုတိယ စိဂ်ျဒဟ်တွင် စူဘဟာနလ္လာရဗ်ဗိယလ်အာ့လာ ၃ ကြိမ်ဖတ်ပြီးနောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ။ ဤသို့ဖြင့် (၁) ရကအသ်တွင် ၄င်းဇိကိရ် အကြိမ် ၇၅ ခေါက်ဖတ်မိသွားလိမ့်မည်။ ၄ ရကအသ် ဖတ်မိလျှင် အကြိမ်ပေါင်း ၃၀၀ ဖတ်မိလိမ့်မည်။ ဤသည်မှာ ဆွလာသွလ် သစ်ဘီဟ် ပင်ဖြစ်သည်
          ဒိုအာတောင်းသည့်အခါတွင်လည်း ကောင်းကောင်းမွန်မွန် စိတ်ဝင်စားစွာဖြင့် မိမိအလိုဆန္ဒများကို တောင်းခံ သင့်ပါသည်။ မိမိအလိုဆန္ဒများကို တောင်းခံသည့်အပြင် မိမိတို့ သိလျှက်ဖြစ်စေ မသိ၍ဖြစ်စေ ကျူးလွန်ခဲ့သည် အပြစ်များကိုလည်း ခွင့်လွှတ်ပါလို ကြောင်း တောင်းခံသင့်သည်။ အများအားဖြင့် မိမိတို့ ကျူးလွန်တတ်သည့် အပြစ်ဂိုနာများတွင် (၁) ကုဖုရ်နှင့် ရှိရိက် လုပ်ခဲ့မိခဲ့လျှင် ၄င်း၊ (၂) မိမိညီအကိုများနှင့် ရန်လိုမုန်းထားမိခဲ့ လျှင်၎င်း၊ (၃) ဆွေမျိုးသားခြင်းများ၏ အခွင့်အရေးကို မပေးခဲ့မိလျှင်၎င်း၊ (၄) မိဘ များကို ကလန်ကဆန် လုပ်ခဲ့မိသည်များကို၎င်း၊ (၅) အရက်သေစာ သောက်စားမိခဲ့သူလျှင်၎င်း၊ (၆) သူတစ်ပါးကို မတရားလုပ်ခဲ့မိ ခဲ့လျှင်၎င်း၊ (၇)ခိုးယူ လိမ်လည် ခဲ့မိလျှင်၎င်း၊ (၈) သူများအကြောင်း မတရားအတင်းပြောခြင်း၊ ဂုံးတိုက်ခြင်း၊ သူတစ်ပါးကို ဂျောက် ကျအောင် လုပ်ခဲ့ခြင်း၊ စသဖြင့် မိမိတို့၏ ပြစ်မှုအပေါင်းကို အလ္လာဟ်အရှင်မြတ်ထံ စိတ်ရောကိုယ်ရော နှလုံးအပါ လိုလိုလားလားဖြင့် အပြစ်အပေါင်းမှ ကင်းလွှတ်ခွင့်ရအောင်လည်း တောင်းခံရန် မမေ့သင့်ပါကြောင်းတင်ပြလိုက်ပါသည်။
အဆုံးအနေဖြင့် တင်ပြလိုသည်မှာ မွတ်စ်လင် ညီနောင်အပေါင်းတို့ မိမိတို့သည် ကမ္ဘာ၏ အရှေ့အနောက် တောင်မြောက် အရပ်တိုင်းတွင် ရှိနေသည်။ အမေရိကမှာ မြန်မာ မွတ်စ်လင်တွေ ရှိသလို အခြား နိုင်ငံများ အရှေ့အလယ်ပိုင်း အာစီယံနိုင်ငံများ တောင်အမေရိကနှင့် သြစတေးလျှ နိုင်ငံတို့မှာလည်း ရှိပါသည်။ အချို့က မြန်မာနိုင်ငံ ပေါက် မွတ်စ်လင်တွေဖြစ်သလို ဟနဖီမဇ်ဟဗ် ၀င်တွေဖြစ်ပါတယ်။ အချို့က ရှာဖအီ မဇ်ဟဗ်ဝင် တွေဖြစ်ကုန်ပါတယ်။ အချို့က အထက်ပါ ဟဒီးဆ်တော်တွေနှင့် ဘာရာသ် ညကို လက်ခံကျဉ်းပသလို အချို့က လက်မခံဘူးဆိုတာကို နားလည်သဘောပေါက်နိုင်ပါတယ်။ သို့သော် မည်သို့ပင်ဖြစ်ပါစေ တစ်ဦးကို တစ်ဦး နားလည်သဘောပေါက်ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ယူနီတီ တစ်ခု ရလာနိုင်ပါတယ်။ အားလုံးငြိမ်းချမ်း နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အာမီးန်။
http://myanmarwind.blogspot.com/
ယနေ့ညတွင် စလာတောလ် တောစ် ဗိဟ ( အောက်တွင်ဖေါ်ပြသည်အတိုင်း) အလွန်အကျိုးအကျိုးစဝါဘ်ရရှိမည်ဖြစ်သည်။
အမှားတစ်တစ်ရာတွေ့ရှိပါက    kotinmaung2010@gmail.com  သို့မဟုတ်     comment 
ဖြင့် အကြောင်းကြားပေးပါရန်ပေးပါရန်လေးစားမေတ္တာရပ်ခံပါသည်။
  ဖတ်လွယ်၊မှတ်လွယ်၊ကျက်လွယ် သော ဒရူးဒ်စွာလဝါတ် အချို့ကိုအောက်တွင်မြန်မာဘာသာဖင့်ရေးသားတင်ပြထားပါသည်။
မြောက်များစွာသောဒရူး အမျိုးမျိုးကို ပေးထား လင့်( link ) များကလိက် လုပ်၍အလွယ်တကူဖတ်နိုင်ပါသည်။
၁။--ဘိစ္စမိလ္လာ ဟေဝစ္စလာမူ အလာ ရစူလိလ္လာ
၂။--ဂျဇလ္လာဟု အန္နား မိုဟမ္မဒါန် မာဟုဝါလဟု
၃။--အလ္လာမွမ္မား စွလ်လေ အလာ မိုဟမ္မဒင် ဝအန်ဇေလဟွလ် မောက်အာဒွလ် မူကရ် ရဘာ အင်ဒက ယွဝ်မလ် ကိယာမာ
၎။--အလ္လဟွမ္မား စွလ္လေ အာလာ မိုဟာမ္မဒီယောင်း ဝအာလာ အာဗီနာ အိဘ်ရာဟင်မ်
၅။--အလ္လာဟွမ္မား စွလ္လေ အာလာမိုဟမ္မဒင် နိ နဗီအိလ် အူမိယေ ဝအာလာအာလေ ဝစလာမ်
၆။--အလ္လာ ဟွမ္မားစွလ်လ္လေအာလာ မိုဟမ္မဒင်
ရ။--အလ္လာဟွမ္မား စွလ္လေအာလာ မိုဟာမ္မဒင် ကွလ္လမား ဇကရုဇ် ဇာကေရုနာ ၊ဝကွလ္လမား ဂဖလာ အန်ဇိက် ရိဟိလ် ဂါးဖေလုန်း။
၈။--အလ္လာဟွမ္မား စွလ္လေ အာလာမိုဟမ္မဒင် ကမာ ၊ တူဟိဘ်ဘူး ဝတရ်ဇာ လဟု။
၉။--စွလ္လာဟု အလိုက်ကာ ယာနူရေ မိုဟမ္မဒင် ၊ နူရုန်း၊ မိန်းနူရိလ္လား။
၁၀။--အလ္လာဟွမ္မား စွလ္လေ အာလာ မိုဟာမ္မဒင် နဗီ ယိလ် အူမိယေ ၊ဝအာလာလေဟိ ဝအာစွာဟာဘေဟိ ၊ဝဘာရေက် ဝစလ် လိမ်။
မိမိကြိုက်နှစ်သက် ဒရူးဒ်ရှရိဖ်များကို လင့်ဖွင့် ဖတ်နိုင်ပါသည်။
Images for darood
-
    www.daroodpak.info/
    www.faizaneattar.net/Durood/index.html
Salatul Tasbih
For forgiveness of All Sins
Benefits of Salat-Ul-Tasbih
Our Beloved Prophet Mohammed (Sallallaho Alihiwassallam) said to his uncle (father’s brother) Sayyiduna Abbass (may Allah be pleased with him) Oh uncle shall I not give you Shall I not grant you Shall I not award you Shall I not do mercy on you When you do 10 things Allah will forgive your sins: of the future and of the past; new and old; those you have forgotten and those you did knowingly; big and small; hidden and revealed. Then he (Sallallaho Alihiwassallam) explained the taught the way to pray Salatul Tasbih and then said if you can pray this salah once a day, if you can not pray once a day then every Friday, and even if this is not possible then once a month and even if this is not possible then once a year and even if this is not possible then at least once in a lifetime (Abu’Dawood & Tirimzi)
How to perform Salatul Tasbih? This salaat (namaz) is offered in four rakat at a time and can be read in any part of the day and night besides Zawal and Sunrise and Sunset makrooh times, keeping in mind the forbidden times for performing Salat (namaaz). But is is preferred before Zuhr (Fatawa Alamgeeri)
The Tasbih to be read in Salaat-Ul-Tasbeeh: " Subhaan Allahi Wal Hamdulillahi Wa Laa ilaha illal Laahu Wallahu Akbar "
Method: Goal is to recite above Tasbih 300 times in Four Rakah with the following method. In the first rakaat, after reading Sana "Subhaana Kallahumma...", read the above tasbih 15 times. Now recite Aaoz "Aoozubillah...", Bismillah "Bismillah...", Then read sura Fatiha and a Surah or minimum of three small Ayayhs then read the tasbih 10 times again. Go to ruku saying Takbeer (Allah Hoo Akbar), after reciting "Subhaana Rabbiyal Azeem" minimum of three times read the tasbih 10 times in Ruku. Saying "Samee Allahu Liman Hamidah Rabbana Lakal Hamdh" get up from ruku to qiyam position. Now read the tasbih 10 times. Go to Sajdah saying Takbeer (Allah Hoo Akbar) and after reciting "Subhaana Rabbiyal A'la" minimum of three times read the tasbih 10 times in Sajdah. Now go after first Sajdah go to Jalsa (sitting position) saying Takbeer (Allah Hoo Akbar). Sitting in Jalsa read tasbih 10 times. Go to sajda again saying Takbeer (Allah Hoo Akbar) and after reciting "Subhaana Rabbiyal A'la" minimum of three times read the tasbih 10 times in Sajdah again. Get up to begin 2nd rakat saying Takbeer (Allah Hoo Akbar). Do rakah #2 in same fashion, but before reading Bismillah "Bismillah...", and Surah Fatiha, read the tasbih 15 times. Follow the rest as you did in first Rakat. After second Sajdah of Second Rakat sit in Qaidah Oola (first sitting) read Attahiyat, Durood and Dua then get up for 3rd rakaat without saying Salam. Begin third Rakat, just like the first Rakat, with Sana "Subhaana Kallahumma...", read the above tasbih 15 times. Follow the rest as you did in first Rakat untill you sit for Qaidah Akihra (last sitting) after second sajdah of fourth Rakah. In Qaidah Akihra Attahiyat, Durood, Dua finish Salah with Salam.
Special notes for Salat-Ul-Tasbih: 1) Do not count loudly. It will break Salah 2) Do not count on fingers or by holding a Bead Tasbih in hand. It is Makruh. 3) You may count by pressing the fingers as a reminder. For example if you are in Ruku. You me press pinky of your right hand first for the first count, then the finger next to it for second count, then the middle finger for third count, following this method untill you reach the pinky of left hand will give you an exact count of ten. Use the same method in Qayam, Sajdah and Jalsa. 4) If missed a count then make it up in the next posture. For example if forgot to recite Tasbih after Surah in Qayam. Then you may recite Tasbish 20 times instead of 10 in Rukuh after "Subhaana Rabbiyal Azeem". Missed Tasbih cannot be recited in Qayam after ruku and Jalsa between Sajdah. If you missed the Tasbih in Ruku then recite 20 in the first Sajdah instead of the Qayam after rukuh. Similarly if missed the Tasbih in first Sajdah then do not make it up in Jalsa. Instead recite missed tasbih in the second Sajdah. If Tasbih has been missed in last sajdah of second or fourth Rakah then you can recite the missed ones before Attahiyat in Qaidah. 5) If you miss a wajib in Salah and have to do Sajdah Sahaw. You dont have to recite Tasbih in Sajdah sahoo, since the 300 count has been estalished. But if you had missed Tasbih in any of the postures and remeber it now. Then you may recite the missed Tasbih in Sajdah Sahaw now. 6) It is preferable to recite after Surah Fatiha Sura Takathuur in the first raka’, Surah Wal A’sr in the second raka’, Surah Kaferoon (qul ya aiyuhal Kafiroon) in the third and Surah Akhlas (Qul hu Allah-hu ahd) in the fourth raka’. If one does not remember these surah they can recite the ones they prefer.
May Allah accept this dua’ (supplication) for the sake of the trustworthy PROPHET MOHAMMED (Allah’s Grace & Peace be upon him)
DU'A NISF SHA'BAN
Night of 14th Shaban Layla-tul Baraa'ah(Urdu Shab-E-Baraat ) -
Night Of Salvation
PART 4
Arabic with English and Transliteration Version
 အင်္ဂလိပ်အသံထွက်ဖြင့် ရေးထားသော အရဗီဒူအာဖြစ်ပါသည်။နောက်ထပ်ဒူအာအမြောက်အမြားရှိပါသေးသည်။
DU'A NISF SHA'BAN
Allahumma Yaa Dhal Manni walaa yumannu 'Alayh
YaaDhal Jalaali wa'l Ikraam
Yaa Dhat-Tawli wa'l In'aam
Laa Ilaaha illa anta
Zahru'llaajeen wa jaaru'l mustajeereen wa amaanu'l khaaifeen
Allahumma in kunta katabtanee 'Indaka fee Ummil Kitabi
Shaqiyyan aw mahruman aw matrudan aw muqattaran 'alayya fi'rrizqi
Fa'mhuAllahumma biFadlika
Shaqaawatee wa hirmaanee wa tardee wa'qtitaara rizqee
Wa-athbitnee 'Indaka fee Ummil Kitabi
Sa'eedan marzuqan muwaffaqan li'lkhayraati Fa Innaka Qulta wa Qawluka'l Haqq
Fee Kitabika'l munzal 'alaa lisaani Nabiyyika'l Mursal
Yamhullahu maa Yashaa'u wa yuthbit
Wa 'Indahu Ummul Kitab
Ilaahi Bittajalli'l A'zam
Fee laylatin-nisfi min shahri Sha'ban al-Mukarram
Allatee yufraqu feehaa kullu amrin hakeemin wa yubram
An takshifa 'annaa mina'l ballaai wa'l balwaai
Maa na'lamu wa maa laa na'lam
Wa anta bihi a'lam
Innaka anta'l A'azzu'l Akram
Wa Sallallahu Ta'ala 'alaa Sayyidina Muhammad-in
Wa 'alaa aalihi wa as'haabihi wa sallam
Wa'l Hamdu Lillahi Rabbi'l 'Aalameen
SUPPLICATION ON THE NIGHT OF 15th SHA'BAN
O Allah! You shower favours on everyone
And no one can do You any favour.
O The Possessor of Majesty and Honour,
O The Distributor of bounty and rewards,
There is no one worthy of worship except You.
You help the fallen
And provide refuge to the refugees And give peace to those who are in fear.
O Allah! If in the Mother of All Books that is with You
You have written me down as someone who is
Doubtful of achieving salvation, or deprived,
Or rejected or without enough sustenance,
Then, O Allah, with Your Grace
Remove all of these misfortunes from me
and in the Mother of All Books that is with You,
establish me as someone who is
blessed, with abundant provision and charitable good deeds.
Indeed, what You said in The Book You sent
Through the tongue of Your Blessed Prophet is true
That Allah changes and establishes what He wants
And with Him is the Mother of All Books.
O My Lord! For the sake of Your Divine Manifestation
On this fifteenth night of the blessed month of Sha'ban
In which You issue all Wise and Irrevocable Decrees
Remove from us all calamities and hardships,
those that we know about as well as those that we don't,
while You know everything.
Truly, You are the Most Powerful, Most Generous.
And may Allah the Exalted shower blessings and peace on
Sayyidina Muhammad, and on his family and his companions
And all praise is for Allah, Lord of the worlds.
Great Nights
Shab e Baraat_1. Please wait few seconds for images to be loaded. Thanks. Shab e Baraat_2. Please wait few seconds for images to be loaded. Thanks. Shab e Baraat_3. Please wait few seconds for images to be loaded. Thanks. 
---------------------------------------------------------------------------------------------------------------------
အောက်ဖေါ်ပြပါလင့် ( link ) ကိုနှိပ်၍လည်း ဘာသာရေးစာများကိုလေ့လာကြည့်ရှုနိုင်ပါသည်။
(သို့မဟုတ်)
---------------------------------------------------------------------------------------------------------------------
If you like this please Link Back to this article...
ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...