Thursday, November 15, 2012

သွအီးဖ်ဟဒီးစ် ဆိုတိုင်းငြင်းရမှာလား ?????

ယနေ့ခေတ် အစ်စလာမ်အတွင်း ဖြစ်ပျက်နေသော်ပြသနာကြီးတွင်
သွအီးဖ်ဟဒီးစ် ဆိုလျှင်လက်မခံ ငြင်းဆန်နေသောပြသနာကြီးပင်ဖြစ်သည်။ အစ်စလာမ်သမိုင်းတလျှောက်တွင် ထိုပြသနာမျိုးမှာမရှိသလောက်ပင်ဖြစ်သည်။ သို့သော်အချို့နေရာများတွင်ပြသနာနှိုးဆွမှုများရှိသည်။စလဖီ ၀ါဒီတို့သည်ထိုပြသနာကို အမြင့်ဆုံးအထိတောက်လောင်အောင်ပြုလုပ်လိုက်ကြသည်။
သွအီးဖ်ဟဒီးစ် များကိုလုံးဝငြင်းဆန်ခြင်းမှာ ဟဒီးစ်ငြင်းပယ်ရန် လမ်းဖွင့်လိုက်ခြင်းပင်ဖြစ်သည်။ မွန်ကရီနီး ဟဒီးစ် (ဟဒီးစ်ငြင်းပယ်သူများ) ကို အားပေးအားမြောက်ပြုခြင်းဖြစ်သည်။
ထိုလမ်းစဉ်မှာ အဲ့ဟ်လေစွန်နသ်ဝလ်ဂျမာအသ်၏ လမ်းစဉ်မဟုတ်ပါ။ အွမ်မဒ်အပေါ် ဟဒီးစ်ပညာရှင်တို့၏ကျေးဇူးမှာ အလွန်ကြီးမားလှသည်။ သူတို့သည် တမန်တော်မြတ်(စွ) စကားတိုင်း လုပ်ဆောင်ချက်တိုင်း နှင့်စွန်နသ်တိုင်းကို ဦးစွာ မိမိတို့၏ရင်တွင်းဝယ် အလွတ်ကျက်မှတ်ထိန်းသိမ်းခဲ့ကြသည်။
တဖန်ကျမ်းစာအုပ်များပြုစုကာကျေးဇူးပြုခဲ့ ကြသည်။ထိုအဆင့်သို့ရောက်အောင် ၄င်းတို့ကြုံတွေ့ခဲ့ရသည့် ဒုက်ခဆင်းရဲမှုမျိုးကို ယနေ့ခေတ်တွင် ပမာပြရန်ပင်ရှိမည်မဟုတ်ပါ။
စွန်နသ်တော်နှင့် ဟဒီးစ်တော်များသည် အစ်စလာမ်၏ ဒုတိယ အရေးကြီှးဆုံးသော်အချက်ဖြစ်သည်။ ထိုအချက်ကိုထိန်းသိမ်းထားသူများမှာ ဟဒီးစ်ပညာရှင်များဖြစ်သည်။
သွအီးဖ်ဟဒီးစ်ဆိုလျှင်လက်မခံနဲ့ သွအီးဖ်ဟဒီးစ်အပေါ်ကျင့်သုံးခြင်းမပိုင်ဘူးဟု ဆိုသည်မှာ ယနေ့ခေတ်စလဖီတို့၏အသံပင်ဖြစ်သည်။
ဟဒီးစ်ပညာရှင်များသည် ဟဒီးစ်များ၏အဆင့်အတန်းကို သတ်မှတ်ခဲ့ကြသည်။
ဥပမာအားဖြင့် ဗုခါရီ နှင့် မွတ်စ်လင်မ် ကျမ်းတွင်ပါရှိသောဟဒီးစ်များသည်အမှန်ကန်ဆုံးဖြစ်သည်။ (နှောင်းပိုင်းခေတ်ဟဒီးစ်ပညာရှင်များ ကသတ်မှတ်ခြင်းဖြစ်သည်။)
ခေတ်ဦးပိုင်းတွင် ဟဒီးစ်၏အဆင့်အတန်းမှာနှစ်ခုသာရှိသည်။
ဆွဟီးဟ် ဟဒီးစ်နှင့် ဂိုင်းရ် ဆွဟီးဟ် ဟဒီးစ် တို့ဖြစ်သည်။
ဆင့်ပြန်သောရာဝီမှာ မှတ်သားဥာဏ် သက်က၀ါ အလာဟ်ကြောက်စိတ်ရှိမှု စသည့်အရည်အချင်းများရှိလျှင် ထိုသူဆင့်ပြန်သော ဟဒီးစ်သည် ဆွဟီးဟ် အဆင့်ရှိပြီး ထိုအရည်အချင်းလျော့နည်းနေသူဆင့်ပြန်လျှင် သွအီးဖ်ဟဒီးစ်
ဂိုင်းရ်ဆွဟီးဟ် ဟုခေါ်သည်။
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းအရင်ကေ၇းသားခဲ့သောဟဒီးစ်ကျမ်းများမှာ ပိုပြီးမြင့်ပါသည်။
ထိုကျမ်းများတွင်ပါရှိသည့် စနဒ်ဆင့်ပြန်သူအဆက်မှာအလွန်နည်းသည်။(နှစ်ဦးသုံးဦးနှင့် တမန်တော်မြတ်(စွ) အထိရောက်သွားသည်)
ဒုတိယအချက်မှာထိုကျမ်းများတွင်ပါရှိသည့်ဆင့်ပြန်သူတို့၏
အဆင့်အတန်းမှာလည်း နောက်ပိုင်း ဟဒီးစ်ကျမ်းများတွင် ပါရှိသောဆင့်ပြန်သူများထက် အဆင့်အတန်းပိုမြင့်ကြသည်။
ဥပမာ- အိမာမ်မာလိက်၏ မုအသ်ွသွာကျမ်း၏အဆင့်အတန်းသည် ဗုခါရီကျမ်းထက်ပိုပြီးမြင့်ပါသည်။ မုအသ်ွသွာကျမ်း တွင်ပါရှိသော စနဒ်များမှာ သုးံလေးဆင့်ထက်မပိုပါ။
အီမာမ်မာလိက် ဟဒိးစ်ရယူထားသော ဆရာများ၏အဆင့်အတန်းသည်လည်း အီမာမ် ဗုခါရီ၏ ဆရာများ ၊ထိုဆရာ၏ဆရာများထက်ပင် ပိုပြီး အဆင့်အတန်းမြင့်ကြသည်။
အချို့ဟဒိးစ်များသည် ဖိကဟ်ပညာရှင်များ၏ စနဒ်ဖြင့်ဆင့်ပြန်သောဟဒိးစ်များ ဖြစ်ကြပြီး အချို့ဟဒိးစ်များသည်
ဟဒီးစ်ပါရဂူများ၏စနဒ်ဖြင့် ဆင့်ပြန်သော ဟဒီးစ်များဖြစ်ကြသည်။ဖော်ပြသော အမျိုးအစားအနက် တမျိုးကိုသာ ဟဒီးစ်ဟုခေါ်ပြီး ကျန်အမျိုးအစားကို ဟဒီးစ်ဟု မခေါ်ဘဲ ကျင့်သုံးခြင်း မပိုင်ဟုသဘောပေါက်မမှားသင့်ပေ။
ဟဒီးစ်ပညာရှင်များထံတွင် ဟဒီးစ်၏အဆင့်အတန်းသတ်မှတ် သည့်စည်းကမ်းချက်ခြင်းမတူညီ ကြပါ။
ဥပမာ- အီမာမ်ဗုခါရီထံတွင် ဟဒီးစ်၏စနဒ်အတွင်းတွင် ဆင့်ပြန်သူနှင့် ၄င်း၏ဆရာ (ဟဒီးစ်ပို့ချသူ) တို့တွေ့ဆုံမှုခိုင်မာလျှင်
ထိုစနဒ်ပါသော ဟဒီးစ်မှာ အီမာမ် ဗုခါရီထံတွင် ဆွဟီးဟ်ဖြစ်သည်။
အီမာမ်မွတ်စ်လင်မ်ထံတွင်မူ ထိုသို့မဟုတ်။ ဟဒီးစ်ပို့ချသည့် ဆရာနှင့် ရယူသည့်တပည့်တို့ တွေ့ဆုံကြကြောင်း အခိုင်အမာဖြစ်ရန် အရေးမကြီး။ တွေ့ဆုံနိုင်ကြောင်းဖြစ်နိုင်ခြေရှိလျှင်လုံလောက်ပေသည်။
ယခုမှတ်ထားရမည်မှာ အီမာမ်မွတ်စ်လင်မ်ထံ
တွင် ဆွဟီးဟ်အဆင့်ရှိသော ဟဒီးစ်ရှိသော ဟဒီးစ်သည် အီမာမ်ဗုခါရီထံ
တွင်ဆွဟီးဟ်ဖြစ်ရန်မလိုအပ်ပါ။
တွေ့ဆုံမှုမခိုင်မှာသဖြင့် အီမာမ်  ဗုခါရီထံတွင် သွအီးဖ်ဖြစ်နေသော ဟဒီးစ်သည် အီမာမ် မွတ်စ်လင်မ် ထံတွင်ဆွဟီးဟ်ဖြစ်နေသည်။
ထို့ကြောင့် ဟဒီးစ် ကဟဒီးစ်ဖြစ်သည်။
စည်းကမ်းသတ်မှတ်သည့်စံချိန်စံညွှန်းဖြင့်သာ အချို့ပညာရှင်ထံတွင် ဆွဟီးဟ်ဖြစ်နေပြီး အချို့ပညာရှင်ထံတွင်သွအီးဖ်ဖြစ်နေသည်။
သွအီးဖ် ဟဒီးစ်ကိုလုံးဝ ငြင်းပယ်ရမည်ဟု လက်ခံထားသောသူသည်  သာသနာတွင်အလွန်ဆိုးရွားသော ဗိဒ်အသ်ကို လမ်းစဖွင့်သူဖြစ်သည်။
ရှေးဟဒီးစ်ပညာရှင် ပညာရှင်ကြီးများနှင့် ဖိကဟ်ပညာရှင်ကြီးများသည် သွအီးဖ်ဟဒီးစ်ကိုလက်ခံခဲ့ကြသည်။
ကျွန်တော်၏ အထက်ပါစကားသည် စလဖီများ၏ကြွေးကြော်နေသော ဆူညံသံကြားတွင်ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိပါသည်။
ထိုကြောင့်ခိုင်မာကြောင်းသက်သေပြရန် အီမာမ်သိရ်မီဇီ၏ ဟဒီးစ်ကျမ်းဖြစ်သည့် သိရ်မီဇီ ကျမ်းကို အထောက်အထားအဖြစ်တင်ပြပါမည်။ သို့မှသာ စလဖီဝါဒမှိုင်းမှလွတ်ကင်းပြီး အမှန်တရားကိုကွက်ကွက် ကွင်းကွင်းမြင်နိုင်မည်ဖြစ်သည်။
အဒီဘင်န်ဟာသင်မ် ဆင့်ပြန်ထားသော ဟဒီးစ်တော်….
အလိုသဘောမှာ-
ကျွန်ုပ်သည် တမန်တော်မြတ်(စွ)၏ထံပါးတွင် စွန်ဖြင့်အမဲလိုက်ထားသောသားကောင် ဟလာလ် စားပိုင် /မပိုင်နှင့်ပက်သက်ပြီးလျှောက်ထားရာ
တမန်တော်မြတ်က အကြင်သားကောင်ကို သင့်အတွက်ချန်ထားလျှင် (သားကောင်ကို စွန်ကမစားဘဲဖမ်းပေးလျှင် ) သင်စားသုံးနိုင်သည်ဟုဖြေကြားတော်မူသည်။
အီမာမ် သိရ်မီဇီက အဆိုပါဟဒီးစ်တော်အား မုဂျာလိဒ် ဗင်န်အဗ်ဒုရ်ရဟ်မားနအန်ရှအ်ဗီ် ဟူသော စနဒ်တခုတည်းဖြင့်သာ ကျွန်ုပ်သိသည်ဟု အမိန့်ရှိသည်။ သဘောမှာ ရှအ်ဗီထံမှ မုဂျလိဒ် တစ်ဦးတည်းသာရှိသည်။ ရှအ်ဗီမှလွဲပြီး မည်သူ့ထံကမျှထိုဟဒီးစ်ဆင့်ပြန်ထားခြင်းမရှိပါ။ ဟဒိးစ်ပညာရှင်များ၏ စည်းကမ်းအရ အထက်ပါဟဒိးစ်သည် သွီးဖ်ဖြစ်သည်။ သို့သော် အိမာမ် သိရ်မီဇီက ပညာရှင်များသည်ထို ဟဒီးစ်အားကျင့်သုံးခဲ့ကြသည်ဟု အမိန့်ရှိသည်။ (သိ၇်မီဇီကျမ်း အတွဲ၂-စာ ၃၄၂)
ဆွဟာဗာများ၊ သာဗီအီးန်များ ၊ သဗအ်သာဗီအီန် များနှင့် ဖိကဟ်ပညာရှင် အီမာမ်ကြီးများအားလုံး ထိုဟဒီးစ်အပေါ်ကျင့် သုံးခဲ့ကြသည်။ ယခုအချိန်ရောက်မှ သွအီးဖ်ဟဒီးစ် အပေါ်ကျင့်သုံးခြင်းမပိုင်ဟုပြောနေခြင်းမှာ မည်သို့မှန်ကန်ပါမည်နည်း။ အကြောင်းအရာ ရှည်သွားမည်ကို စိုးရိမ်ပြီး ဒီမျှလောက်ဥပမာဖြင့်ပင် အကျဉ်းချုံးလိုက်၇ပါသည်။
ဟဒီးစ် ပညာရှင်များထံတွင်သွအီးဖ်ဟုသတ်မှတ်ထားသော်လည်း ပညာရှင်များလက် ခံ      ကျင့်သုံးသည့်ဟဒီးစ်မျိုးထောင်သောင်းမကရှိ
နေသည်။ပညာ ရှင်  များဟုဆိုရာတွင် သင်တို့ကျွန်တော်တို့သတ်မှတ်ထားသော ပညာရှင်များကို ဆိုလိုခြင်းမဟုတ်။ ဆွဟာဗာများ၊ သာဗီအီးန်များ၊ ဖိကဟ်အီမာမ်ကြီးများနှင့် ဟဒီးစ်အီမာမ် ကြီးများကိုဆိုလိုခြင်းဖြစ်သည်။
ယနေ့ခေတ်ဂိုဏ်းသစ်များဖြစ်သည့် စလဖီနှင့် ဂိုင်ရ်မုကလ်လိဒ်များက
သွအီးဖ်ဟဒီးစ်ကို အထောက်အထားပြုလုပ်ခြင်းဟရာမ်ဟု မသိနားမလည်သည့်လူထုအတွင်း သူတို့ ပင်ပညာရှိသယောင်ဝါဒဖြန့်နေကြသည်။ အမှန်မှာ ပညာမဲ့ခြင်းကြောင့်ဖြစ်ပေါ်လာရသောပြသနာဖြစ်သည်။
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းကိုသာကြည့်ပြီး သွအီးဖ်ဟု သိမ်းကြုံးပြောလို့မ၇ပါ။ ထို့ကြောင့် သွအီးဖ်မှန်သမျှအာလုံးလက်မခံငြင်းပယ်ခြင်းမှာ အလွန်ဆိုးရွားသောလုပ်ရပ်ဖြစ်သည်။
ဟဒီးစ် စနဒ်ဆင့်ပြန်ပုံကို ………
မော်လာနာရှမ်စွတ်ဒိုဟာ (မဇွာဟေရီ) ရှိုင်ခွလ်ဟဒီးစ်နှင့်ကျောင်းအုပ်ဆရာကြီး (၊ဆူဖီယဟ် အစ်စလာမ် တက်ကသိုလ်) ၏ ဗယာနုလ်ဟဒိးစ်မှ ကိုးကားဖော်ပြပါသည်။
 ကောင်စရ် ဘာဒ်ရှဟ်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

“ အောင်နိုင်ခြင်း ”

*** သမ္မတကြီးအိုမရ်သခင် ကြီးမှူးအုပ်ချုပ်နေစဉ် ...............

ဖြစ်ရပ်...
ဂျိဟာဒ် သာသနာ့စစ်ပွဲအတွက် စေလွတ်ထားသော သာသနာ့စစ်သည်တော်များထံမှ သံတမန်တစ်ဦးသတင်းပေးရန်အိုမရ်သခင်ထံရောက်ရှိလာခဲ့၏။

အိုမရ်သခင် “ .ဂျိဟာဒ်သာသနာ့ကြိုးပမ်းမှုဘယ်အချိန်လောက်အစပြုနိုင်လဲ ? ”

သံတမန် “ဒီနေ့ နေမမြင့်ခင်အစပြုနိုင်မယ်။ ”

အိုမရ်သခင် “ဘယ်အချိန်လောက်ဆိုအောင်နိုင်မလဲ ?

သံတမန်.. “နေမ၀င်ခင်လောက်ဆိုရင်အောင်မြင်မှာပါ။ ”

သတင်းစကားကြားလိုက်တဲ့အိုမရ်သခင်ဟာ မျက်ရည်တွေပါးတစ်ပြင်လုံးမျက်ရည်တွေစွတ်စိုသွားအောင်ငိုယိုတယ်။
မြင်တွေ့သူများနဲ့ သံတမန်ဟာ အံ့သြခြင်းများစွာနဲ့ အိုမရ်သခင်ကိုပြန်မေးလျှောက်တယ်။

“ သခင်ကြီးခင်ဗျား...ကျွန်တော်တို့သခင်ကြီးကိုပျော်ရွှင်စေဖို့သတင်းကောင်းပေးတာပါ။ သခင်ကြီးက သတင်းကောင်းအတွက်ပျော်ရွှင်မှုကိုဖေါ်ပြမှုမရှိ၊ ဘယ်ဖြစ်လို့ငိုရတာလဲ ? ”

အိုမရ်သခင်
“ အသျှင်မြတ်၏ကစမ် အမှန်တရားရဲ့ရှေ့မှာ အမှားဟာ ဒီလောက်ကြာကြာတည်ရှိမနေနိုင်ဘူး။အခုလိုတစ်နေ့တာလုံးကြာနေတာဟာ
ငါတို့ မင်းတို့ ကျုးလွန်တဲ့အပြစ်ဒုစရိုက်တွေကြောင့်ပဲ ”

“ မှတ်ထားကြ...........တို့တတွေရဲ့အောင်မြင်မှုတွေဟာ အင်အားကြောင့် ၊ ကျွမ်းကျင်မှုကြောင့် အောင်မြင်မှာ မဟုတ်ဘူး။
တို့တတွေရဲ့အပြစ်ဂိုနဟ်ဟာနည်းပါးပြီး ကာဖွေရ်တွေရဲ့အပြစ်ဂိုနဟ် ဟာ များပြားခြင်းကြောင့် အောင်နိုင်မှာကွ။
ကာဖွေရ်နဲ့တို့ အပြစ်ဒုစရိုက်တွေမှာ ညီတူညီမျှ ဖြစ်နေမယ်ဆိုရင် တို့တတွေစစ်အင်အားဘယ်လောက်ကောင်းကောင်း ကျွမ်းကျင်မှုဘယ်လောက်ရှိရှိ အောင်နိုင်တော့မှာမဟုတ်ဘူးကွ။အသျှင်ချီးမြှင့်မယ့် အောင်နိုင်ခြင်းဟာ အပြစ်ဂိုနဟ်ရှောင်ရှားခြင်းနဲ့ရနိုင်တယ်။ ကျုးလွန်ခဲ့တဲ့အပြစ်တွေအတွက် ငါတို့ မင်းတို့အသျှင့်ထံဝန်ချတောင်းပန်ရမယ်။”

( စဉ်းစားဖို့နဲ့သုံးသပ်ဖို့ပါ)


...........................ကျွန်တော်တို့ကျုးလွန်ခဲ့သော အပြစ်များအား ခွင့်လွတ်ချမ်းသာပေးသနားတော်မူပါ..အိုအသျှင်)         စွလာဟွဒ္ဒီးန်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

အမျိုးသမီးများအတွက် စကားလက်ဆောင်

بسم الله الرحمن الرحيم
လူမျိုးတိုင်း လူမျိုးတိုင်း၊ နေရာဒေသတိုင်း၊ အခြေအနေနှင့်အချိန်အခါအလိုက် လူသားမျိုးနွယ်အတွက် စကားလက်ဆောင်လေးတွေ ပေးလေ့ရှိတတ်ပါတယ်။ မှာတမ်းစကားများ အသွင်ဖြင့်လည်းကောင်း၊ ဆုံးမသြဝါဒပုံစံဖြင့် လည်းကောင်း၊ ပညာပေးပုံပြင်သဖွယ်လည်းကောင်း....စသည်ဖြင့် စသည်ဖြင့်။ ထို့အတူ ထိုစကားများအား ခေတ်အဆက်ဆက် ဆင့်ပွားပြောဆိုကြပြီး လက်တွေ့ကျင့်သုံးတတ်ကြသည်မှာလည်း လူသား၏ ပင်ကိုယ်ဗီဇအလားပါပဲ။ ထိုသို့ ဆင့်ကဲ့ရောက်လာသော အဖိုးတန် ရတနာ စကားလုံးများအနက် အရဗ်တို့၏ စကားလုံးများမှာ အခြားလူမျိုးများထက် ပိုမိုထိရောက်ပြီး၊ သာပိုအကျိုးရှိသည်ဟု ကျွန်တော်ထင်ပါသည်။ အရဗီစာပေ၏ နက်ရှိုင်းမှု့နှင့် ဘာသာခြားစာပေဝင်ရောက်မှု့နည်းခြင်း၊ အရဗ်တို့၏ စာပေကြွယ်ဝမှု့နှင့် အသိဥာဏ်လျှံပယ်မှု့ အစရှိသည်တို့ကြောင့် ၎င်းတို့၏ စကားများသည် ဘာသာပေါင်းစုံသို့ ပြန့်နှံ့သွား၏။ ထို့နောက် လူတို့သည် အိပ်စိုက်စကားလုံးများ ထည့်သွင်းကာ အရဗ်စကားပုံ၊ အဆိုအမိန့်တို့အား မွေးစားလေ့ရှိကြသည်။ မည်သို့ပင်ဖြစ်စေ အကျိုးရှိသည့်အရာတို့အား အကျိုးရှိသည့်နေရာတွင် အကျိုးရှိမည့်ပုံစံနှင့် တင်ပြခြင်းသည်အကောင်းဆုံးဖြစ်သောကြောင့် ကျွန်တော်လည်း အနည်းငယ်ကူးယူတင်ပြပေးလိုက်ပါတယ်။

ဒီတန်ဖိုးရှိတဲ့ စကားလေးတွေကို ထိုင်ဝိုင်းသူ၊ ထိုင်ဝိုင်းသားတို့က မိမိတို့ နီးစပ်ရာ အစ္စလာမ့်ဘာသာဝင် အမျိုးသမီးတို့ကို လက်ဆင့်ကမ်း ပို့ချပေးပြီး ကုသိုလ်ရေကန်လျှံပယ်စေကြမည်ဆိုလျှင်......

အမျိုးသမီးတစ်ဦးနှင့် သမီးငယ်လေးတစ်ဦး အိမ်တွင်အတူရှိနေကြသည်။ အချိန်မှာ သတို့သားအိမ်သို့ ချစ်စဖွယ်သမီးငယ်အားထည့်ပေးလိုက်မည့်အချိန်.... ခွဲခွာရတော့မည်ဖြစ်သောကြောင့် မျက်ရည်ကန်များ တာကျိုးအံ့ဆဲဆဲ ဖြစ်နေသော်လည်း ချစ်သမီးအား ရင်ခွင်တွင်းသို့ထည့်ကာ ရတနာများပေးနေခဲ့သည်။ နက်ရှိုင်းလှတဲ့ မိဘမေတ္တာရဲ့ ပုံရိပ်တစ်ခုပေါ့။ ပေးလိုက်တဲ့ ရတနာတွေက စိန်ကျောက်သံပတ္တမြားတော့ မဟုတ်... မှာတမ်းစကားတွေနဲ့ သီကုံးထားတဲ့ ပုလဲလည်ဆွဲတစ်ခုပေါ့။ မိခင်က ချစ်သမီးလေးရဲ့ ခေါင်းလေးကို ပွတ်သပ်ရင်း....

ချစ်သမီးလေး.... အကယ်၍ မှာတမ်းစကားဆိုတာ စည်းကမ်းရိုသေသဝတ်မှု့ရှိသူအား မပြောဆိုရကြေးဟု သတ်မှတ်နိုင်လျှင် သမီးလေးကိုလည်း ပြောနေဖို့မလိုဖူး။ သို့သော် မှာတမ်းစကားဆိုတာ မေ့လျော့နေသူကို သတိရစေတယ်။ အသိဥာဏ်ရှိသူကို အကူအညီရစေတယ်။
ဒီလိုပဲ သမီး.... အကယ်၍ မိဘနှစ်ပါးချမ်းသာလို့၊ မိဘနှစ်ပါးက သမီးကိုအရမ်းလိုအပ်လွန်းလို့ မိန်းမပျိုတစ်ယောက်ဟာ ခင်ပွန်းမလိုအပ်ဟု သတ်မှတ်နိုင်လျှင် သမီးလေးဟာ လောကီလူသားများအနက် ခင်ပွန်းမလိုအပ်ဆုံးသူဖြစ်လိမ့်မယ်။
ချစ်သမီးငယ်.... သမီးလေးက မွေးဖွားရာ ပတ်ဝန်းကျင်ကို စွန့်ခွာ၍ သွားနေတယ်။ စတင်ကြီးပြင်းရာအိမ်အား ကျောခိုင်း၍ သမီးမသိသော၊ မရင်းနှီးသောအိမ်သို့ သွားနေတယ်။ ဒါကြောင့် မေမေထံမှ စကားကြီးဆယ်ခွန်းကို ကျက်မှတ်၍သွားမည်ဆိုပါက သမီးလေးအတွက် ရတနာသိုက်တစ်ခု ပိုင်ဆိုင်သွားပေမယ်။
  • ၁။ တင်းတိမ်ရောင့်ရဲမှု့ဖြင့် ခင်ပွန်းသည်နားတွင် သမီးလေးနေထိုင်ပါ။
  • ၂။ အမိန့်နာခံစွာဖြင့် ခင်ပွန်းသည်အား ဆက်ဆံပါ။
  • ၃။ ခင်ပွန်းသည်၏ မျက်ရိပ်မျက်ကဲအား သိပါလေ။
  • ၄။ သမီးလေးရဲ့ အပြစ်တစ်စုံတစ်ခုအား ခင်ပွန်းသည်မသိပါစေနှင့်။
  • ၅။ ခင်ပွန်းသည်၏ စားသောက်ချိန်ကို သိပါလေ။
  • ၆။ ခင်ပွန်းသည် အိပ်နေစဉ် တိတ်ဆိတ်စွာနေပါ။ အဘယ်ကြောင့်ဆိုသော် ဆာလောင်မှု့၏ ဒဏ်သည် လွန်စွာလောင်ကျွမ်းစေတတ်ပြီး၊ အိပ်စက်မှု့အား အနှောက်ယှက်ဖြစ်စေခြင်းသည် မုန်းတီးစေတတ်၏။
  • ၇။ ခင်ပွန်းသည် ပူဆွေးဝမ်းနည်း၊ စိတ်ဒုက္ခရောက်နေချိန်တွင် ၎င်းရှေ့၌ ပျော်မြူးမှု့အား ရှောင်ကျဉ်ပါလေ။
  • ၈။ ၎င်းပျော်ရွှင်နေချိန်တွင် ဝမ်းနည်းညှိးငယ်စွာနေခြင်းအား ရှောင်ရှားပါ။ အဘယ်ကြောင့်ဆိုသော် ပထမအချက်(နံပါတ်၇)သည် ပေါ့လျော့မှု့ဖြစ်ပြီး ဒုတိယအချက်(နံပါတ်၈)သည် (စိတ်နှလုံးသားအား) နောက်ကျိစေခြင်းဖြစ်သည်။
  • ၉။ သမီးက လူတိုင်းထက်သာပို၍ ခင်ပွန်းသည်အား ကြီးမြင့်မြတ်သည်မှတ်ယူပါ။ သို့မှသာ ၎င်းသည် လူတိုင်းထက်ပို၍ သမီးအား ဂုဏ်ပေးမည်ဖြစ်သည်။
  • ၁၀။ သမီးငယ်မှတ်ထားပါလေ....။ သမီးကြိုက်သည့်ကိစ္စတွင်ဖြစ်စေ မနှစ်သက်သည့်ကိစ္စတွင်ဖြစ်စေ ခင်ပွန်းသည်၏ နှစ်သက်မှု့အား မိမိနှစ်သက်မှု့ထက် ဦးစားမပေးသရွေ့၊ ၎င်း၏ စိတ်ဆန္ဒအား မိမိ စိတ်ဆန္ဒထက် ဦးစားမပေးသရွေ့ သမီးလိုချင်တာကို ရနိုင်မှာမဟုတ်ဖူး။
သမီးငယ်လေးကို အလ္လာဟ်အရှင်မြတ် အကောင်းဆုံးရွေးချယ်ပေးတော်မူပါစေ။

စကားတစ်ခုအား လိုက်နာကျင့်သုံးခြင်းမရှိပဲ တန်ဖိုးရှိသည်ဟု ပြောဆိုခြင်းသည် လူပေါ့တို့၏ အရည်အချင်းဖြစ်သည်။
ထိုင်ဝိုင်းသူ၊သားများအားလုံး လက်တွေ့လိုက်နာကျင့်သုံးနိုင်ခွင့် ရနိုင်ကြပါစေ။
မှတ်ချက်။     ။ ဆုံးမစကားမှာ تاريخ الأدب العربي မှ ဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။
ဘရှီးလေး (မေမြို့)ဘရှီးလေး

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

နိကာဟ်-ထိမ်းမြားခြင်း၏ထွတ်မြတ်မူများ

Bismillahirahmaaniraheem
   နိကာဟ်သည် အိဗါဒသ် ခဝတ်မှုတစ်ရပ်လည်းဖြစ်ပြိံး Allah ရှင်မြတ် ၏စည်းစိမ်တော်တစ်ရပ်လည်းဖြစ်ပေသည်။နိကာဟ် ပြုခြင်းဖြင့် မိမိ၏ နဖ့်စ စိတ်ရိုင်းစိတ်ယုတ်ကို ဇိနာ-တရားမဝင် လိင်ဆက်ဆံခြင်း၏ ပြစ်မှုကျူးလွန်ခြင်းမှ ရှောင်ကြဉ်နိုင်ပြိံး၊စိတ်နှလုံးမှာလည်းမှန်ကန်တည်ငြိမ်ရ်ျ လာပေသည်။ကိုယ်ကျင့်တရားများဖွံ့ဖြိုးတိုးတက် မြင့်မားလာသည့် အပြင်၊ နာမ်ပိုင်းရေးတွင်မျိုသိပ်စိတ်၊သည်းခံစိတ်နှင့်တကွ ရက်ရောစွာလှူဒါန်းလိုစိတ်ကို မွေးထုတ်ဖန်တိံးယူနိုင်ပြိံး၊စိတ်၏
အေးချမ်းသာယာမှုကိုလက်တွေ့ ခံစားခွင့်ရှိနိုင်ပေသည်။
        နိကာဟ် ပြုခြင်း၏ အကျိုးကျေးဇူးမှာများမြောင်လှ၏။ အရသာလည်းခံစားရပြိံး၊အကျိုးဆဝါးဗ် မြောက်မြားစွာလည်း
ပိုက်ထွေးခွင့်ရရှိ၏။ ဇနိံးမောင်နံနှစ်ဥိံး မျက်နှာချင်းဆိုင်ထိုင်ရ်ျ
ချစ်စကားပြောဆိုခြင်းသည်ပင် အပို အိဗါဒသ်-နဖိလ်နမာဇ် ဖတ်
ခြင်းထက်သာပိုမြတ်သည်ဟု ကျမ်းဂန်များတွင် လေ့လာသိ ရှိခွင့်
ရရှိပေသည်။
  တမန်တော်မြတ်(ဆွ)၏ံဟဒိံးဆ်တော်
      "နိကာဟ် ပြုထိမ်းမြားလက်ထက်ကြကုန်၊ မိမိ၏မျိုးဆက်ကို တိုးပွားစေကြကုန်၊ငါတမန်တော်သည် အသင်တို့ ၏ အရေအတွက်များပြားမှုကြောင့် ကိယာမသ်နေ့မှာအခြားအုမ်မသ်သားများအပေါ်ဂုဏ်ယူဝင့်ကြွား
တော်မူအံ့" ဟူသောအမိန့် တော်ကိုလက်တွေ့လိုက်နာကျင့်သုံး
ရာလည်းရောက်၏။(ဂျာမိအုလ်မစာနိဒ်)
  နိကာဟ်လုပ်ခြင်းသည် Allah အရှင်မြတ်နှင့် ရင်းနှိံး နိံးကပ်မှု ရရှိ
ရာ မှန်ကန်သော နိံးလမ်းလည်း ဖြစ်သည်။ ဟဒိံးဆ်တော် တစ်ရပ်မှာ ကိုယ်ကျင့်တရား ကောင်းမွန်ရ်ျ လိမ်မာရေး ခြား
ရှိသော အမျိုးသမိံး အား အောက်ပါအတိုင်းချိံးကျူးထားသည်
ကို တွေ့ ရပေသည်။
      "ဒွန်နယာလောကတစ်ခုလုံးသည် အသုံးဆောင်တခုဖြစ်သည် ။ လောက၏ အသုံးအဆောင်များ
တွင် ကိုယ်ကျင့်တရား ကောင်းမွန်ရ်ျ လိမ်မာရေး ခြား
ရှိသော အမျိုးသမိံးထက်သာပိုရ်ျကောင်းမြတ်သောအရာဟူရ်ျ
မရှိ ။ " (မွတ်စ်လင်မ်ကျမ်း)
ဆိုလိုသည့်သဘောမှာဤလူဘုံလောကမှာကောင်းဂုဏ်အပေါင်း
နှင့်ပြည့်စုံရ်ျ လိမ်မာရေးခြားရှိ သောဇနိံး-မိန်းမရရှိခြင်းသည် အလွန်ကို နဖူးစာကောင်းခြင်း၏လက်ခဏာဖြစ်သည့်အပြင် Allah အရှင်မြတ်၏ ရဟ်မသ် ဂရုဏာတော် ဖြစ်ပေသည်။ဤကဲ့
သို့ သော ဇနိံးကောင်း ဇနိံမြတ် တို့ သည် ခင်ပွန်းသည်တို့ 
အတွက် စိတ်တသုခ၊ကာယသုခနှင့် ဒွန်ယာ-အာခိရသ် နှစ်ဘဝ နှစ်ဌာန ၏အောင်မြင်မှုများရရှိစေရာ အကြောင်းခံလည်းဖြစ်ပေ
သည်။ဒွန်ယာ ရေးရာတွင် ချမ်းသာသုခအဖြာဖြာ ခံစားခွင့်ရရှိပြိံး
အာခိရသ် ရေးရာတည်ဆောက်ရာတွင်လည်း အထောက်အကူ
များရရှိစေသည်။
    နိကာဟ် ပြုလုပ်ခြင်းသည် တမန်တော်မြတ်(ဆွ)၏ စွန်နသ်တော် ဖြစ်သည်။ တမန်တော်မြတ်(ဆွ)၏ လမ်းစဉ်မှန်လည်း ဖြစ်သည်။လမ်းစဉ်များတွင် တမန်တော်မြတ်
ကြိံး၏လမ်းစဉ် သည် ခိုင်ရ် နှင် ဗရ်ကသ် ကောင်ချိံးအဖြာဖြာနှင့်
ပြည့်စုံသော လမ်းစဉ်ပင်ဖြစ်သည်။
           "အဖြောင့်တန်းဆုံးနှင့်အမှန်ကန်ဆုံးလည်းဖြစ်ရ်ျအနှစ်သက်ဆုံးလည်းရကာ၊ ကောင်းချိံးမင်ဂလာပေါင်းနှင့် အပြည့်စုံဆုံးသော
လမ်းစဉ်မှာ တမန်တော်မြတ်(ဆွ)၏လမ်းစဉ်သာလည်းဖြစ်သည်။"


    အစ်လာမ့်နည်းကျ အိမ်ထောင်သည်ဘဝ ကျမ်းထဲမှကူးယူဖော်
ပြထားပါသည်။စာရေးသူမှာ မြန်မာစာမရိုက်တတ်သဖြင့်ဖုံန်းမှ
တဆင့်တလုံးခြင်းရိုက်ပြိံးတင်ရခြင်းဖြစ်ပါသည်။ ထို့ အတူစာလုံး
နှစ်လုံးဆင့်များသုံးမရသည်အတွက် အထူးတောင်းပန်အပ်သည်
ဆက်လက်ပြိံးလည်းတင်ပေးသွားပါမည်  Allah အရှင်ကျေနပ်
နှစ်သက်တော်မူပါ ။ ကျွန်တော်တို့ အားလုံးကိုနိကာဟ်ပေါ်မှာ
တမန်တော်ကြိံး၏ဆိုဆုံးမမူ့ အတိုင်းဘဝသက်တမ်းကို
လျောက်လှမ်းနိုင်စွမ်းပေးတော်မူပါ ။ ယာAllah

         အာမိံန်း    Zaid (UAE)
Zaid

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

မုဟရ်ရမ်လတွင် ထူးခြားတာ...

بسم الله الرحمن الرحيم
မုဟရ်ရမ်လဟာ အစ္စလာမ့်ရဲ့ နှစ်ဆန်းလတစ်ခုဖြစ်တယ်... အဲ့လိုပဲ သမိုင်းဝင်ဖြစ်ရပ်တွေ အများကြီးလည်း ဖြစ်ခဲ့တယ်... ဒီလထဲမှာ... အတိုင်းထက်လွန်ပြီး လမ်းမှားကို ရောက်စေနိုင်တဲ့ လုပ်ရပ်တွေ ရှိသလို ကောင်းမွန်တဲ့ လုပ်ရပ်အချို့နဲ့ သက်ဆိုင်တဲ့နေ့ရက်လေးတွေလည်း ရှိပြန်တယ်။ ပျော်ရွှင်ဖွယ် အကြောင်းအရာတွေ ဖြစ်ခဲ့သလို ဝမ်းနည်းကြေကွဲဖွယ် ကိစ္စတွေလည်း ဖြစ်ခဲ့တယ်။ တနေရာတည်းမှာ အဖြစ်အပျက်တွေအားလုံးကို စုစည်းပြီးတော့ ဖတ်မိ၊ မှတ်သားစေချင်လို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ဖတ်ဖို့ မှတ်ဖို့ကလွဲရင် စောဒက မတတ်ပါနဲ့လို့ ကြိုတင်ပြောပရစေ။ သမိုင်းပညာရှင်တွေရဲ့ ကွဲလွဲမှု့တွေဟာ ကျွန်တော်တို့အတွက် ဂျန္နသ်၊ဂျဟန္နမ်လားစေမယ့် ကိစ္စတွေမဟုတ်ပါဖူး။ သာသနာရဲ့ အဓိကကျတဲ့ အချက်တွေလည်း မဟုတ်ခဲ့ဖူး။ ဒါကြောင့်ဘယ်လောက်ပဲ ကွဲလွဲပါစေ ဒီအတိုင်းလေး မှတ်သားပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်........
အရဗီ ဖိုရမ်တစ်ခုမှာ တွေ့ဖူးတာလေးပါ။ ဖတ်နေတုန်း ကြိုက်လို့ကော်ပီယူထားခဲ့တယ်။ အခုတော့ တိုက်ဆိုင်လာလို့ ဘာသာပြန်ပြီး တင်ဆက်လိုက်တာပါ။

မုဟရ်ရမ်(၁)
  • တမန်တော် အိဒ်ရီးစ် (عليه السلام) မိုးကောင်းကင်သို့ ခေါ်ယူခြင်းခံရသည်။
  • ဟိဂ်ျရီနှစ်၏ အစဖြစ်သည်။
မုဟရ်ရမ်(၃)
  • တမန်တော် ယူစူဖ်(عليه السلام) ရေတွင်းထဲမှ ပြန်ထွက်လာနိုင်သည်။
  • ဤရက်တွင်ပင် ထောင်ထဲမှ ပြန်ထွက်လာသည်။
  • ဟိဂ်ျရီ ၆၄၈ခုနှစ်တွင် ပြင်သစ်ပြည်၏ ဘုရင် လူးဝစ် (နံပါတ်ကိုး) စစ်ရှုံးခဲ့သည်။
  • ဟဇရသ် အမ်ရ် ဗင်န် အားစ် (رضي الله عنه) အစ်ကန်ဒရီယဟ်အား အောင်မြင်ခဲ့သည်။
မုဟရ်ရမ်(၄)
  • ဟိဂ်ျရီ(၂၃)ခုနှစ် ဤနေ့တွင် ဟဇရသ် အွတ်စ်မာန် (رضي الله عنه)ခလီဖဟ်ဖြစ်ခဲ့သည်။
မုဟရ်ရမ်(၅)
  • တမန်တော်အာဒမ်(عليه السلام)၏ သားတော် ကာဘီးလ်မွေးဖွားခဲ့သောနေ့ဖြစ်သည်။
  • ဟဇရသ်မူဆာ(عليه السلام)နိုင်းလ်မြစ်အား ကျော်ဖြတ်နိုင်ခဲ့ပြီး ဖိရ်အောင်နှင့်၎င်း၏ စစ်တပ်ရေနစ်ခဲ့သည်။
မုဟရ်ရမ်(၇)
  • သူရ်စီနာတောင်တွင် တမန်တော်မူဆာ(عليه السلام) မြင့်မြတ်တော်မူသော အရှင်မြတ်နှင့် စကားပြောခွင့်ရခဲ့သည်။
မုဟရ်ရမ်(၈)
  • ဟိဂ်ျရီ ၁၃၃၇တွင် အွတ်စ်မာနီ အင်ပါယာ ပြိုလဲပျက်သုဉ်းခဲ့သည်။
မုဟရ်ရမ်(၉)
  • တမန်တော် ယူနွတ်စ် (عليه السلام) ငါး၏ ဝမ်းဗိုက်မှ လွတ်ခဲ့သည်။
  • တမန်တော်မူဆာ(عليه السلام)၊ တမန်တော် ယဟ်ယာ(عليه السلام)၊ ဟဇရသ် မရ်ယမ်သခင်မတို့၏ မွေးနေ့ဖြစ်သည်။
မုဟရ်ရမ်(၁၀)
  • ဟဇရသ်အာဒမ်(عليه السلام)၏ သောင်ဗဟ်လက်ခံခြင်း ခံခဲ့ရသည်။
  • တမန်တော် အိဒ်ရီးစ် (عليه السلام) မိုးကောင်းကင်သို့ ခေါ်ယူခြင်းခံရသည်။
  • တမန်တော်နူးဟ်(عليه السلام)၏ သင်္ဘော ဂျူဒီတောင်တွင် ဆိုက်ကပ်ခဲ့သည်။
  • တမန်တော်အစ်ဗ်ရာဟီးမ်(عليه السلام)အား ခလီးလ်ဘွဲ့ပေးခြင်းခံခဲ့ရသည်။
  • တမန်တော်အိစ်ဟားက်(عليه السلام)မွေးဖွားမည်ဟု ဟဇရသ်စာရဟ် သခင်မအား သတင်းကောင်းပေးခံခဲ့ရသည်။
  • တမန်တော် ယအ်ကူးဗ်(عليه السلام)အား စက္ခုအလင်းပြန်လည် ချီးမြှင့်ခံခဲ့ရသည်။
  • တမန်တော် ယူစွဖ်(عليه السلام)နှင့်ဖခမည်းတော်တမန်တော် ယအ်ကူးဗ်(عليه السلام)ပြန်ဆုံခဲ့သည်။
  • တမန်တော် ဒါဝူးဒ်(عليه السلام)၏ သောင်ဗဟ်ကဗူးလ်ဖြစ်ခဲ့သည်။
  • တမန်တော်အိုင်ယူးဗ်(عليه السلام)၏ ဒုက္ခများ ကင်းဝေးသွားခဲ့သည်။
  • တမန်တော် ယူနွတ်စ်(عليه السلام) ငါး၏ ဝမ်းဗိုက်မှ ပြန်ထွက်ခဲ့သည်။
  • တမန်တော် မူဆာ(عليه السلام) နိုင်းလ်မြစ်အား ဖြတ်ကျော်နိုင်ခဲ့သည်။
  • တမန်တော် အီဆာ(عليه السلام) မိုးကောင်းကင်သို့ ကြွတော်မူခဲ့သည်။
  • ဟဇရသ် ဟိုစိုင်းန်(رضي الله عنه) ဟိဂ်ျရီ ၆၁ခုနှစ်တွင် ရှဟီးဒ်ဖြစ်ခဲ့သည်။
  • ဟိဂ်ျရီ (၆၅၆)တွင် အဗ်ဗာစီ အင်ပါယာ ပျက်သုဉ်းခဲ့သည်။
မုဟရ်ရမ်(၁၆)
  • ဟိဂ်ျရီနှစ်ခုနှစ်တွင် ကစ်ဗ်လဟ် ပြောင်းခဲ့သည်။
မုဟရ်ရမ်(၁၇)
  • ကအ်ဗဟ်အား ဖြိုဖျက်ရန်လာခဲ့သော အဗ်ရဟဟ်၏စစ်တပ်အပေါ် အဇားဗ်လာခဲ့သည်။
မုဟရ်ရမ်(၂၀)
  • ဟိဂ်ျရီ သုံးခုနှစ်တွင် ဟဇရသ်အလီ(رضي الله عنه)နှင့် ဟဇရသ်ဖာသွေမဟ်(رضي الله عنه)သခင်မတို့၏ ထမ်းမြားမင်္ဂလာဖြစ်ခဲ့သည်။
မုဟရ်ရမ်(၂၃)
  • ဟိဂ်ျရီ ၁၃၃၆ခုနှစ်တွင် ပါလက်စတိုင်းနိုင်ငံအား ဂျူးလူမျိုးတို့၏ မွေးရပ်မြေအဖြစ်ပြုလုပ်ကြောင်း ကြေငြာခဲ့သည်။

သမိုင်းပညာရှင်များ၏ အကွဲအလွဲများကြောင့် ရက်ထပ်နေခြင်းသို့မဟုတ် အခြားလများတွင် ဖြစ်နေခြင်းများ ရှိပါသည်။ ထို့အကွဲအလွဲများအပေါ် လုံးဝ စောဒကမတတ်ရန်နှင့် တတ်လာပါကလည်း ဖြေကြားမည်မဟုတ်ပါကြောင်း အခြားသိမှတ်ဖွယ် အကြောင်းအရာများ တွေ့ရှိမိပါက မျှဝေပေးပါရန် တိုက်တွန်း အသိပေးရင်းးးးးးးးးး
ဘရှီးလေး (မေမြို့)ဘရှီးလေး

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့ ဘာသာပြန် ဒုတိယပိုင်း

بسم الله الرحمن الرحيم
ယနေ့ခေတ်၏ ကောလဟာလ
ယနေ့ခေတ်တွင် ဤစကားအားလည်း များစွာကြားနေရပြန်၏။ "အပေါ်ယံ အကျီက ဘာလုပ်မှာလဲကွာ... နှလုံးသား ဖြူဖို့ပဲ အရေးကြီးတာပါ။ ငါတို့ နှလုံးသားဖြူတယ်။ ငါတို့နီယသ်ကောင်းတယ်။ မြင့်မြတ်တော်မူသော အရှင်မြတ်နဲ့လည်း ငါတို့ အဆက်သွယ်ထားတယ်။ ငါတို့ လုပ်ရပ်အားလုံး ပုံမှန်ပဲလေ... အားလုံးကောင်းနေတာပဲ...။ အကယ်လို့ အဝတ်အစားလေး ပြောင်းပြီး တခြားဝတ်လိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။ ဘာလို့လဲဆိုတော့ အစ္စလာမ်က အပေါ်ယံ ပြုမှုကျင့်ကြံမှု့ရဲ့ နာမည်မဟုတ်ဖူး။ အတွင်းပိုင်ဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာရဲ့ အမည်နာမတစ်ခုဖြစ်တယ်။ အစ္စလာမ်က ခန္ဓာကိုယ်ရဲ့ နာမည်မဟုတ်ဖူး။ နှလုံးသားဝိဥာဏ်ရဲ့ နာမည်ဖြစ်တယ်။ ရှရီအသ်ကို အတွင်းကျကျမြင်တတ်ဖို့လိုတယ်ကွာ။ နားလည်တတ်ဖို့လိုတယ်။" ဤကဲ့သို့သော စကားများသည် လွန်စွာပျံ့နှံ့လျှက်ရှိခဲ့ပြီး ဆက်လက်တွင်ကျယ်နေဆဲပင်။ ထိုသို့ပြောခြင်းအား ဖက်ရှင်တစ်ခုအသွင် ဖန်တီးခဲ့ကြပြီး ဖြစ်ပေသည်။
အတွင်းနှင့်အပြင်
ကောင်းစွာ မှတ်သားပါလေ။ သာသနာ့အမိန့်များသည် နာမ်နှင့်ဆိုင်သကဲ့သို့ ရုပ်နှင့်လည်းဆိုင်ပေသည်။ အတွင်းနှင့်သက်ဆိုင်သကဲ့သို့ အပြင်နှင့်လည်း ဆိုင်ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် အမိန့်ရှိထားသည်မှာ- အသင်တို့သည် အပေါ်ယံအပြစ်ဂိုနဟ်များကိုလည်းကောင်း၊ အတွင်းပိုင်းအပြစ်ဂိုနဟ်များကိုလည်းကောင်း ရှောင်ကျဉ်ကြလေကုန်။ (တနည်း) ရုပ်နာမ်နှစ်ခုလုံး၏ အပြစ်တို့အား ရှောင်ကျဉ်ကြလေကုန်။ အတွင်းပိုင်း(နာမ်ပိုင်းဆိုင်ရာ) အကုသိုလ်တို့ကို သာလျှင် ရှောင်ရှားဟူ၍ မိန့်တော်မမူထားပေ။ ကောင်းစွာ မှတ်သားပါလေ။ အပြင်ပိုင်း အပေါ်ယံအားဖြင့် ပျက်စီးနေသောအခါ ရှိုင်သွာန်မိစ္ဆာသည် အတွင်းပိုင်းကောင်းနေပါသေးသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေကာ လှည့်စား၏။ အဘယ်ကြောင့်ဆိုသော် အတွင်းမကောင်းမှသာ အပြင်ပိုင်းပျက်စီးမှု့ဖြစ်လေသည်။ အကယ်၍ အတွင်းပိုင်းကောင်းမွန်နေလျှင် အပြင်ပိုင်း ပျက်စီးရန်အကြောင်းမရှိပေ။
ဥပမာတစ်ခု...
ကျွန်ုပ်တို့၏ သူတော်စင်အကြီးအကဲတစ်ပါး ဥပမာတစ်ခု ပေးလေ့ရှိသည်။ သစ်သီးတစ်လုံး၏အတွင်းပိုင်း ပုပ်နေသောအခါ ထိုပုပ်ပွမှု့၏ နမိတ်လက္ခဏာသည် အမဲစက်အဖြစ် အခွံတွင်မြင်ရပေသည်။ အကယ်၍ အသီး၏အတွင်းပိုင်း မပုပ်နေပါက အခွံတွင် မည်သည့်ပြစ်ချက်မှ တွေ့မြင်ရမည်မဟုတ်ပေ။ အခွံတွင် ပြစ်ချက်တွေ့နေရခြင်းမှာ အတွင်းမကောင်းမှု့ကြောင့်ပင်ဖြစ်၏။ ထိုနည်းတူစွာ လူတစ်ယောက်၏ အပေါ်ယံ ပြစ်ချက်တစ်စုံတစ်ရာ တွေ့မြင်နေရခြင်းမှာ အတွင်းပိုင်းပျက်စီးမှု့တစ်ခုခုကြောင့်ပင်ဖြစ်ပေသည်။ သို့မဟုတ်ပါက အပြင်ပိုင်း ပျက်စီးရန်လု့းဝ အကြောင်းမရှိပေ။  
အပေါ်ယံ(လှပတင့်တယ်မှု့)သည် လောကီလုပ်ငန်းများတွင်လည်း အရေးပါ၏။
လောကီလုပ်ငန်းများတွင်မူ အတွင်းအပြင်(လှပတင့်တယ်မှု့)အား အရေးပေးကြသည်။ (ဝမ်းနည်းဖွယ်ကောင်းသည်မှာ) သာသနာ့လုပ်ငန်းများတွင်မူ "ငါတော့ အတွင်းပဲ လိုချင်တ်ယ။ အပြင်မလိုချင်ဖူး"ဟု ပြောဆိုနေကြသည်။ ဥပမာတစ်ခုအား ရှု့စားပါလေ။ မြေပထဝီတွင် အသင်အိမ်တစ်လုံးဆောက်သည်ဆိုပါစို့။ အိမ်၏ အတွင်းပိုင်း(အရေးကြီးအချက်ချာကျသောအရာ)မှာ လေးဘက်နံရံနှင့် အပေါ်မှအမိုးသာဖြစ်၏။ ၎င်းတို့အား ပြုလိုက်ပြီးသွားပါက ပြည့်စုံသွားမည်ဖြစ်ရာ ပလာစတာကိုင်ခြင်း၊ ဆေးသုတ်ခြင်း စသည်တို့အား အဘယ်ကြောင့် ပြုလုပ်ကြပါသနည်း။ ပလာစတာကိုင်ခြင်း၊ ဆေးသုတ်ခြင်းနှင့်ပင် မတင်းတိမ်နိုင်ပဲ အလှအပ ပစ္စည်းများဖြင့် ခြယ်သနေကြသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာတွင်မူ (အမိုးနှင့်နံရံလေးဘက်သာ)အရေးကြီးသည်ဟု မသတ်မှတ်၊ မမှတ်ယူကြ။
(နောက်ဥပမာတစ်ခုအား ဆက်လက်ရှု့စားကြည့်ပါလေ။) ကားတစ်စီးတွင် အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ ရှိသည်။ ကား၏ အတွင်းပိုင်းအတွက် အင်ဂျင်အထိုင်တွင် အင်ဂျင်တပ်ဆင်လိုက်ပါက ပြည့်စုံသွားမည်။ အင်ဂျင်တပ်ဆင်ပြီးနောက် စီးနှင်းရန်အသင့်ဖြစ်သွားပြီဖြစ်သည်။ သို့ဖြစ်လျှင် ဘောဒီအဘယ်ကြောင့်လိုအပ်နေရပါသနည်း။ အရောင်အဘယ်ကြောင့်လိုအပ်နေရပါသနည်း။ ယနေ့တိုင် မည်သူတစ်ဦးကမျှ ဤနေရာတွင် ကား၏အတွင်းပိုင်းအား ပိုင်ဆိုင်ပြီဖြစ်သောကြောင့် အပြင်ပိုင်းမလိုတော့ဟူ၍ မပြောဆိုခဲ့ပေ။ ဤနေရာတွင် အတွင်းအပြင်နှစ်ခုလုံးအား လိုလားကြ၏။ သနားစဖွယ် သာသနာသာလျှင် မွဲတေခြူခြာနေရရှာသည်။ သာသနာ့လုပ်ငန်းများတွင် အတွင်းပိုင်းကိုသာ လိုလား၍ အပြင်ပိုင်းကို မလိုလားဟု ဆိုနေကြသည်။
ရှိုင်သွာန်၏လှည့်စားမှု့
မှတ်သားထားကြပါလေ။ ဤသည် ရှိုင်သွာန်မိစ္ဆာကောင်၏ လှည့်စားမှု့၊ ဖြားယောင်းမှု့တစ်ခုသာဖြစ်ပေသည်။ ထို့ကြောင့် အတွင်း၊အပြင် (နှစ်ခုလုံး) ပြုပြင်ရန် အရေးကြီးသည်။ ဝတ်စားဆင်ယင်မှု့တွင်ဖြစ်စေ၊ လူမှု့ဆက်ဆံရေးတွင်ဖြစ်စေ အားလုံးသည် အပေါ်ယံနှင့် သက်ဆိုင်သော်လည်း အတွင်းသို့ သက်ရောက်မှု့ဖြစ်စေသည်။ သို့ဖြစ်ရာ အဝတ်အစားအား သေးဖွဲသည့်အ၇ာဟု သတ်မှတ်ကာ မျက်ကွယ်မပြုသင့်ပေ။ တစ်စုံတစ်ယောက်သည် အထက်ဖော်ပြပါ (အတွင်းသာလိုတယ် အပြင်က အဓိကမဟုတ် ဟူသော) စကားကဲ့သို့ ပြောဆိုနေပါလျှင် ထိုသူသည် သာသနာနှင့် ပတ်သတ်၍ စစ်မှန်သောအသိ မရရှိထားသူသာဖြစ်ပေသည်။ အကယ်၍ (ဝတ်စားဆင်ယင်မှု့သည် အရေးမကြီးပါက) မြတ်နဗီ(ဆွ)သည် အဝတ်အစားနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ မိန့်ခြွေမည်မဟုတ်ပေ။ တစ်စုံတစ်ရာ သင်ကြား၊ မှာတမ်းခဲ့မည်လည်း မဟုတ်ပေ။ သို့သော် မြတ်နဗီ(ဆွ)သည် လူတို့ အမှားအယွင်းများဖြစ်မည်ဟု ဆိုးရိမ်ရသော နေရာများနျင့် ပတ်သတ်၍ ဝတ်စားဆင်ယင်မှု့ဆိုင်ရာ အမိန့်များကိုလည်းကောင်း၊ ဆိုဆုံးမမှု့များကိုလည်းကောင်း သင်ကြား၊ပြဌာန်းခဲ့လေသည်။ သို့ဖြစ်ရာ ထိုပြဌာန်းချက်များနှင့် သင်ကြားပြသမှု့များအား ကောင်းစွာမှတ်သား(လိုက်နာ)ရန် အရေးကြီးပေသည်။
တတိယပိုင်းအား ဤနေရာတွင် ဖတ်နိုင်ပါသည်။
ဘရှီးလေး(မေမြို့) ဘရှီးလေး

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့ (ဘာသာပြန် ပထမပိုင်း)

بسم الله الرحمن الرحيم
မြင့်မြတ်တော်မူသော အရှင်မြတ်အား များစွာ ကျေးဇူးတင်မိပါသည်။ ထိုအရှင်သည် စာရေးသူအားများစွာသော စည်းစိမ်တော်များ ချီးမြှင့်တော်မူပြီး၊ ယနေ့တိုင် သာသနာ့လုပ်ငန်းများတွင် ရေတမုတ်၊သဲတပွင့်ပုံစံဖြင့် အလုပ်ယူနေတော်မူသည်။ ထပ်ဆင့်၍ ကျေးဇူး တင်မိသည်မှာ စာရေးသူသည် ဂျာမေအဟ်ဖာရိုကီယာ (ကရာချီ၊ပါကစ္စတန်)တွင် Specialize လုပ်နေသောကျောင်းသားတစ်ဦးဖြစ်ရာ စာရေးသားရန်၊ ဘာသာပြန်ရန်၊ ဝဘ်ဆိုက်တွင် အချိန်ပေးရန် လွန်စွာအခက်ခဲရှိနေ၏။ သို့သော် ထိုအရှင်၏ ချီးမြှင့်မှု့ကား အံ့မခန်းပင်။ မအားလပ်သည့်အချိန်များမှ စာရေးသားရန်အချိန်ကို ချီးမြှင့်တော်မူခဲ့သည်။
ဒုတိယအနေနှင့် စာရေးသူ၏ ပထမဆုံးသော ဆရာများအား အထူးကျေးဇူးးတင်ရင်း စာအုပ်ငယ်ဖြင့် ထပ်မံဂုဏ်ပြုပါသည်။ မိခင်ရင်ခွင် ထက် နွေးထွေးမှု့ပေးခဲ့သော ဂျာမိအသွလ်ကောင်စရ် အလ်အစ္စလာမိယဟ် (မြစ်ငယ်ကျောင်း)၏ ပြုစုပျိုးထောင်မှု့ကောင်းမွန်ခြင်းကြောင့် သာ စာရေးသူ၏  အသီးအပွင့်များအား စာရှု့သူတို့ မြင်တွေ့နေရခြင်းဖြစ်ပေသည်။ သို့မဟုတ်ပါက စာရေးသူသည် ပေသုံးထောင့်ငါးရာ ခန့်မြင့်သော မေမြို့ တောင်ပေါ်တွင် လူမသိ၊လိပ်စာမဲ့စွာဖြင့် ရှိနေမည်မှာ အမှန်ပင်။ ယခုကဲ့သို့ ဘာသာပြန်နိုင်ရန်ဝေးစွ။ စက်ချုပ် လုပ်ငန်းအား လုပ်ကိုင်ရင်း ဘာသာရေးလုပ်ငန်းများနှင့်ဝေးကွာစွာ ရှိနေမည်သာ။
စာရှု့သူတို့ရှေ့ဝယ်တွင် ရောက်နေသော ဘာသာပြန်မှာ မွဖ်သီသကီးဆားဗ် ဟောကြားထားသော တရားဓမ္မများအနက် ကဏ္ဍတစ်ခု၏ အပိုင်းတစ်ပိုင်းဖြစ်ပေသည်။ ဤဘာသာပြန်၏ အမည်အား အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့ ဟုအမည်ပေးထားပြီး ခေါင်းစဉ်ငယ်လေးများ ခွဲ၍ ဘာသာပြန် ရေးသားထားပါသည်။ အဓိကအားဖြင့် ဤစာအုပ်ငယ်တွင် ဝတ်စားဆင်ယင်မှု့နှင့် ပတ်သတ်၍ လွဲမှားနေသော အယူအဆများအား ချေပခြင်း၊ အတွေးမြင်မှန်ကို တင်ပြခြင်းနှင့် ဆရာသခင်၏ ရင့်ကျက်လှသော အတွေ့အကြုံ၊ ပြည့်ဝလှသော အရည်အချင်းများသာ တွေ့ရမည်ဖြစ်သည်။ ထို့အတူ ဝတ်စားဆင်ယင်မှု့၏ ရည်ရွယ်ချက်အား တိကျရှင်းလင်းစွာ ဖော်ပြထားသည် ကိုလည်း တွေ့မြင်ကြရမည်ဖြစ်သည်။
စာရေးသူအဖို့ ဤဟောကြားမှု့သည် လွန်စွာအကျိုးဖြစ်ထွန်းစေခဲ့ပြီး ပြောင်းလဲမှု့များစွာ ဖြစ်စေခဲ့သည်။ ထို့ကြောင့် www.mmolama.org ၏ ဝိုင်းတော်သားများနှင့် စာဖတ်သူများအား အကျိုးဖြစ်ထွန်းလိမ့်မည်ဟု မျှော်ကိုးကာ ဘာသာပြန် တင်ဆက်လိုက်ရခြင်းဖြစ်ပါသည်။ ဤဟောကြားမှု့၏ ဘာသာပြန် မြန်မာပြည်တွင် ရှိမရှိ စာရေးသူမသိပါ။ ထွက်ရှိပြီး ဖြစ်ပါကလည်း စာရေးသူသည် ထိုစာအုပ်အား ကော်ပီလုပ်ခြင်း အလျင်းမဟုတ်ကြောင်း အသိပေးလိုပါသည်။ ထို့အတူ စာရေးသူ၏ ဘာသာပြန်များ၊ ကိုယ်ပိုင်ဆောင်းပါးများအား မည်သည့်နေရာတွင်မဆို မည်သည့်ပုံစံနှင့်ဖြစ်စေ မူရင်းမပျက် (စီးပွားရှာခြင်းမဟုတ်ပဲ) မျှဝေလိုပါက ခွင့်ပြုထားပြီးဖြစ်ကြောင်း ထပ်မံအသိပေးရင်း ဘာသာပြန်မှု့အား စတင်လိုက်ပါသည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ဤဘာသာပြန်စာအုပ်ငယ်အား မူရင်းဟောကြားမှု့အတိုင်း အကျိုးဖြစ်တော်မူပါစေ။ ဤသေးငယ်သော ခေသ်မသ်အား အကြောင်းခံ၍ စာရေးသူနှင့် မိဘများ၊ ဆွေမျိုးသားချင်းများအား ဂျန္နသ်သုခဘုံချီးမြှင့်တော်မူပါစေ။ (အာမီးန်)
စကားဦး
အစ္စလာမ်သာသနာ၏ ဆုံးမပဲ့ပြင်၊သင်ကြားမှု့များသည် ရှင်သန်မှု့သက်တမ်း၏ ကဏ္ဍအသီးသီးအား ခြုံငုံမိကြောင်းတင်ပြပြီးဖြစ်သည်။ အစ္စလာမ် သာသနာသည် ကျွန်ုပ်တို့၏ သွားလာနေထိုင်မှု့၊ တစ်ဦးနှင့်တစ်ဦးပေါင်းသင်းဆက်ဆံမှု့တို့၏ အစိတ်ပိုင်းတိုင်းနှင့် ချိတ်ဆက်လျှက်ရှိနေသည်။ ဘဝသက်တမ်း၏ အစိတ်အပိုင်းတစ်ခုမှပင် အစ္စလာမ့်ဆိုဆုံးမမှု့နှင့် လွတ်ကင်းသည်ဟူ၍မရှိပေ။ ဝတ်စားဆင်ယင်မှု့သည် လူ့ဘဝသက်တမ်း၏ အစိတ်အပိုင်းများအနက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်၏။ ထို့ကြောင့် ကုရ်အာန်တွင်လည်းကောင်း၊ စွန္နသ်(ဟဒီးဆ်)များတွင်လည်းကောင်း ဝတ်စားဆင်ယင်မှု့အား အကျယ်တဝန့် ရှင်းလင်းပြသ ထားခြင်းဖြစ်ပေသည်။
ရေပန်းစားနေသော စကားတခွန်း
ယနေ့ခေတ်တွင် "ဝတ်စားဆင်ယင်မှု့ဆိုတာ လူတစ်စု၊ ဒေသတစ်ခုနဲ့ ဆိုင်တာပါကွာ" ဟု ဟိုးလေးတကျော်ဖြစ်နေသည်။ ထို့ကြောင့် အကယ်၍ လူတစ်ယောက်သည် မိမိစိတ်ကြိုက်၊ မိမိပတ်ဝန်းကျင်နှင့် လျော်ညီစွာ အဝတ်အစားတစ်ခုအား ရွေးချယ်ပါက ထိုသူနှင့် ပတ်သတ်၍ ရှရီအသ်၏ အမိန့်များယူလာပြခြင်း၊ ပြောပြခြင်းသည် အမြင်မကျယ်ရာရောက်ရ၏။ "မော်လဝီဆားဗ်တွေက စည်းကမ်းတွေ ထုတ်နေပါကွာ... တကယ်ဆို သာသနာက လွယ်လွယ်လေးပဲ။ အလ္လာဟ်နဲ့ မြတ်နဗီက သာသနာနဲ့ ပတ်သတ်ပြီး ဒီလောက် စည်းကမ်းတွေမချမှတ်ခဲ့ဖူး။ မော်လဝီတွေက အိပ်စိုက် သတ်မှတ်ချက်တွေ ပြဌာန်းနေတာ။ ဒါ မော်လဝီဆားဗ်တွေ အမြင်ကျဉ်းမှု့ရဲ့ သက်သေတစ်ခုပဲ။ ဒီအမြင်ကျဉ်းမှု့ရဲ့ ရလဒ်မှာ သူတို့ကိုယ်တိုင်လည်း အလုပ်တော်တော်များများကို မလုပ်နိုင်ဖူး။ အခြားသူတွေကိုလည်း မလုပ်ခိုင်းကြဖူး။ " ဟူ၍ ပြောဆိုနေကြသည်ကိုလည်း ခဏတိုင်း ကြားနေရပြန်သည်။
ဝတ်စားဆင်ယင်မှု့၏ Effect
ကောင်းစွာမှတ်သားထားပါလေ။ ဝတ်စားဆင်ယင်မှု့သည် စိတ်ကြိုက်ဝတ်ဆင်ခွင့်ရလောက်အောင် လွန်စွာ ရိုးရှင်း၊လွယ်ကူလှသော ကိစ္စမဟုတ်ပေ။ မိမိစိတ်ကြိုက်ဝတ်ဆင်ခြင်းဖြင့် ထိုသူ၏ သာသနာတွင်လည်းကောင်း၊ ကိုယ်ကျင့်တရားလည်းကောင်း၊ ဘဝသက်တမ်းတွင်လည်းကောင်း၊ ပြုမူကျင့်ကြံမှု့ပိုင်းတွင်လည်းကောင်း တစ်စုံတစ်ရာ မသက်ရောက်၊ မစွန်းထင်းပါဟု မဆိုနိုင်ပေ။ ရှရီအသ်တရားတော်တွင် အမြဲဖော်ပြသတိပေးရှိသော အချက်တစ်ချက်ရှိပေသည်။ လူတိုင်းလက်ခံရုံတင်မက စိတ်ပညာရှင်များ သိပ္ပံပညာရှင်ပင်လျင် လက်ခံလိုက်ကြပြီးဖြစ်၏။ ထိုအချက်မှာကား- လူတစ်ယောက်၏ အဝတ်အစားသည် ၎င်း၏ရှင်သန်နေထိုင်မှု့၊ ကိုယ်ကျင့်တရားနှင့် လုပ်ရပ်များအပေါ် သက်ရောက်မှု့တစ်ခု ဖြစ်ပေါ်စေသည်။ အဝတ်အစားသည် လူသားတစ်ဦး ဝတ်ဆင်ရုံ သက်သက်အတွက် မဟုတ်ပေ။ အမှန်စင်စစ် အဝတ်အစားသည် လူသား၏ စဉ်းစားဆင်ခြင်မှု့၊ အတွေးအခေါ်နှင့် ၎င်း၏အယူဝါဒတို့အား သက်ဝင်လှုပ်ရှားစေသည်။ ထို့ကြောင့် ဤအဝတ်အစားနှင့် ပတ်သတ်၍ စာမဖွဲ့လောက်ပါဟု မမှတ်ယူသင့်ပေ။
ဟဇရသ်အုမရ်နှင့်ဂျွဗ်ဗဟ်တစ်ထည်အကြောင်း
ဟဇရသ်အုမရ်သခင်ကြီးနှင့် ပတ်သတ်၍ ဆင့်ဆိုချက်တစ်ခုလာရှိ၏။ တစ်ကြိမ်သောအခါ ဟဇရသ်အုမရ်သည် လွန်စွာကောင်းမွန် လှပသော ဂျွဗ်ဗဟ်တစ်ထည်အား ဝတ်ဆင်လျှက် မတ်စ်ဂျိဒိနဗဝီ၌ ခွသ်ွဗဟ်ပေးရန် ကြွမြန်းတော်မူခဲ့သည်။ ခွသ်ွဗဟ်ပြီးသောအခါ အိမ်ပြန်၍ ထိုဂျွဗ်ဗဟ်အား ချွတ်တော်မူပြီး နောင်တွင် ကျွန်ုပ်အုမရ်သည် ဤဂျွဗ်ဗဟ်အား လုံးဝဝတ်ဆင်တော့မည်မဟုတ်။ ဤဂျွဗ်ဗဟ်အား ဝတ်ဆင်ခြင်းဖြင့် ကျွန်ုပ်၏နှလုံးသားတွင် မိမိကိုယ်မိမိအထင်ကြီးမှု့ ဖြစ်ပေါ်လာကြောင်း ခံစားရသည် ဟု အမိန့်ရှိခဲ့လေသည်။ အမှန်ဆိုလျှင် ထိုသို့သော ဂျွဗ်ဗဟ်ဝတ်ဆင်ခြင်းသည် ဟရာမ်မဟုတ်ပေ။ သို့သော် မြင့်မြတ်တော်မူသော အရှင်မြတ်သည် အချို့ပုဂ္ဂိုလ် များ၏ နှလုံးသားများအား မှန်ကဲ့သို့ ကြည်လင်တောက်ပြောင်စွာ ပြုပေးထား၏။ သေးငယ်သော အချင်းအရာများပင်လျှင် ၎င်းတို့အတွက် မကောင်းသောအရာများ ဖြစ်သွားလေသည်။
ဥပမာတစ်ခုအား ရှု့စားပါလေ။ စွန်းပေနေသော အဝတ်တစ်ခု။ ထိုအဝတ်၏ နေရာတိုင်းတွင် အစွန်းအထင်း၊ အစက်အပျောက်များရှိနေ၏။ ထိုသို့သော အဝတ်အပေါ် အစွန်းထင်းတစ်ခု ထပ်စွန်းသွားသည်ဆိုပါက စွန်းပေမှု့ပေါ်လွင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ အခြေအနေမှာလည်း ထိုကဲ့သို့ပင်။ နှလုံးသားတွင် အစွန်းအထင်း၊ အစက်အပျောက်များစွာဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် ရှရီအသ်နှင့်ဆန့်ကျင်သော ကိစ္စတစ်ခုဖြစ်ပေါ်လာလျှင် ထိုဆန့်ကျင်မှု့၏ အမှောင်၊ ထိုဆန့်ကျင်မှု့၏ ရလဒ်ဆိုးအား မခံစားရတော့ပေ။ သို့သော် မြင့်မြတ်တော်မူသော အရှင်မြတ်သည် အချို့ပုဂ္ဂိုလ်မွန်များ၏ နှလုံးသားများအား မှန်ကဲ့သို့ကြည်လင်စေတော်မူထား၏။ ၎င်းတို့၏ ဥပမာမှာကား... ဖြူဖွေး၍ တောက်ပြောင်နေသောအဝတ်တစ်ခုအား သေးငယ်သော အစွန်းအထင်းတစ်ခု ဖြစ်ပေါ်ခြင်းနှင့် တူလှပေသည်။ သေးငယ်သော အစွန်းဖြစ်သော်လည်း ကွက်ကွက်ကွင်းကွင်း မြင်တွေ့နေရမည်သာဖြစ်၏။
ထို့အတူ မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ ဝလီသူတော်စင်များ၏ နှလုံးသားများသည်လည်း ကြည်လင် ဝင်းလက်နေရာ သေးငယ်သောကိစ္စများ ဖြစ်လင့်ကစား ၎င်းတို့အဖို့ ခွင့်မလွှတ်နိုင်သော ကိစ္စများဖြစ်သွားလေသည်။ ဟဇရသ်အုမရ် သခင်၏ အထက်အဖော်ပြပါ အကြောင်းအရာအား ထောက်ရှု့ခြင်းဖြင့် သိရသည်မှာ- အဝတ်အစားသည် လူသား၏ ကိုယ်ကျင့်တရား၊ စာရိတ္တနှင့် ရှင်သန်နေထိုင်မှု့အပေါ်တွင်လည်း သက်ရောက်မှု့တစ်ခု ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အဝတ်အစားအား သာမန်မှတ်ယူ၍ မျက်ကွယ်မပြုသင့်ပေ။ ထို့အတူ အဝတ်အစားနှင့် ပတ်သတ်၍ တရားမြတ်၏ သတ်မှတ်ပြဌာန်းချက်များအား နားလည်သဘောပေါက်ပြီး လိုက်နာရန် လွန်စွာအရေးကြီးပေသည်။
ဘရှီးလေး(မေမြို့)
ဒုတိယပိုင်းအား ဖတ်ရှု့လိုပါက....ဘရှီးလေး

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Tuesday, October 23, 2012

မြန်မာပြည်တွင် ကုရ်ဘာနီနှင့်စပ်လျဉ်း၍ကြေညာချက်



ဟစ်ဂျရီသက္ကရာဇ် (၁၄၃၃) ခုနှစ်အတွက်
ကုရ်ဘာနီ၏ မတ်စ်အလာကြေညာချက်

၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၃) ရက်

ကြည်ညိုလေးစားအပ်သော အစ္စလာမ်ဘာသာဝင် မုစ်လင်မ်အပေါင်းတို့ခင်ဗျာ .....


အစ္စလာမုအလိုင်းကွန်းမ် ၀ရဟ်မသုလ္လာဟ် ၀ဗရကာသုဟ်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ယခုနှစ်အတွက် ကုရ်ဘာနီ မပြုလုပ်တော့ရန် ယနေ့ ကြေညာဆုံးဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေ အနေအရပ်ရပ်ကို ထောက်ရှုပြီး မဖြစ်မနေ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ပါသည်။ ဤဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ရှရီအတ်အစ္စလာမ့်တရားဥပဒေ၏ မတ်စ်အလာနည်းဥပဒေများကို မုစ်လင်မ်အပေါင်း သိရှိနားလည် သဘော ပေါက်နိုင်စေရန် အလွန် အရေးကြီးပါသည်။ အောက်ပါအချက်အလက်တို့မှာ ယခုနှစ် ကုရ်ဘာနီမတ်စ်အာလာများကို မုစ်လင်မ်များအနေနှင့် အရေးတကြီး လိုက်နာရမည့် အစ္စလာမ့်တရားဥပဒေ၏ ဓမ္မသတ်ဆုံးဖြတ်ချက်များ ဖြစ်ပါသည်။

၁. ယခုနှစ်အတွက် ကုရ်ဘာနီသားကောင်ဝယ်ပြီးသူများသည် ကုရ်ဘာနီရက် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ၊ ၂၇/၂၈/၂၉ ရက်များ ကုန်ဆုံးပြီးသည့်နောက် မိမိ၏သားကောင်ကို အကောင်လိုက်ဖြစ်စေ၊ ရောင်းချပြီး နောက်ဖြစ်စေ၊ ရရှိသောငွေကို ဆင်းရဲသား ဇကာတ်စားထိုက်သူများ (၀ါ) အစ္စလာမ့်သာသနာရေးရာ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များသို့ ဆွဒ်ကဟ်အဖြစ် ပေးကမ်းလှူဒါန်းလိုက်ရမည်။ မိမိဘက်မှ လှူဒါန်းပေးကမ်းလိုက်သည့် ကုရ်ဘာနီသားကောင်၏ အသားကို မိမိကိုယ်တိုင် စားသုံးခြင်း မပြုရ။

၂. ယခုနှစ်အတွက် ကုရ်ဘာနီပြုလုပ်ရန် နိယသ်ပြုထားသူများအနေနှင့်လည်း မိမိတို့၏နိယသ်ပြုထားသည့် ငွေကြေးပမာဏကို ဆင်းရဲသားဇကာသ်စားထိုက်သူများသို့ ကုရ်ဘာနီရက်ကုန်ဆုံးပြီးနောက် ဆွဒ်ကဟ် အလှူဒါနအဖြစ် ပေးကမ်းလှူဒါန်းကြရမည်။

၃. အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ ယခု ဆုံးဖြတ်ကြေညာချက်ကို လိုက်နာရန်မှာ စစ်မှန်သော မုစ်လင်မ် တိုင်းအပေါ်ဝယ် ၀ါဂျစ်ဗ် မလုပ်မနေရ တာဝန်ဖြစ်သည်။ ဆုံးဖြတ်ကြေညာချက်ကို လိုက်နာခြင်းမပြုသူ၊ လိုက်နာဆောင်ရွက်ရန်အတွက် ကန့်ကွက်ဆန့်ကျင်သူများသည် အစ္စလာမ်ဘာသာဝင် မုစ်လင်မ်လူထု၏ ညီညွတ်ရေးကို ဖြိုခွဲသူများ၊ အစ္စလာမ်ဘာသာဝင် မုစ်လင်မ်များကို အားအင်ချိနဲ့အောင်ပြုသူများဖြစ်သဖြင့် ကြီးလေးသော အပြစ်ဂိုနဟ်ထိုက်သူများ ဖြစ်သည်။

လေးစားစွာဖြင့်

မော်လာနာပသီကျော်ဦး
အစ္စလာမ့်သာသနာ့ပညာရှင်နှင့် ဓမ္မသတ်မှူး
ဖုန်း- ၀၉ ၄၄၄ ၀၁၁ ၈၀၆

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Thursday, August 09, 2012

လိုင်လတုလ်ကဒရ်ညဥ့်(သို့) လပေါင်းတစ်ထောင်ထက်သာလွန်တဲ့ညဥ့်

 


ချစ်ခင်လေးစားရပါသော သာသနာ့ညီအစ်ကိုမောင်နှမများခင်ဗျား။
ဒီနေ့ညဟာဆိုရင် ရမသွာန်လမြတ်ရဲ့ (၂၁)ရက်ညဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ အရှင်သတ်မှတ်ထားတဲ့ ဆွီယာမ်ဥပုသ်သီလကို ရက်ပေါင်းနှစ်ဆယ်တိုင်တိုင် စောင့်ထိန်းခဲ့ပြီးဖြစ်ပါတယ်။ အခုညကစပြီးတော့ ရမသွာန်လမြတ်ရဲ့နောက်ဆုံးဆယ်ရက်ကိုရောက်ရှိခဲ့ပြီဖြစ်လို့ ကျွန်တော်တို့တွေဟာ အိပ်စက်ခြင်းကို ချိုးခြံချွေတာပြီး ညစဉ်ညတိုင်းကို အရှင်နဲ့နီးကပ်မှုရအောင်ပိုပြီးတော့ အေဗာဒတ်ပြုကြဖို့တိုက်တွန်းပါရစေ။ ဒီနောက်ဆုံးဆယ်ညထဲမှာပဲ အင်မတန်မှ ထူးမြတ်အဖိုးအနဂ္ဃထိုက်တန်တဲ့ လပေါင်းတစ်ထောင်ထက် သာလွန်တဲ့ လိုင်လသွလ်ကဒရ်ညဥ့်မြတ်တည်ရှိနေပါတယ်။ ဒါ့ကြောင့် လိုင်လတွလ်ကဒရ်ညဥ့်မြတ်နဲ့ပတ်သက်တဲ့ ဟဒီးဆ်သြဝါဒတော်အချို့ကိုတင်ပြပေးလိုက်ပါတယ်။

မိခင်ကြီးအာအိယှာ(ရသွိ) သခင်မထံမှ ကြားသိရ၏။ တမန်တော်မြတ်(ဆွ)သည် ရမသွာန်လနောက်ဆုံး(၁၀)ရက် သို့ရောက်လျှင် ခါးဝတ်ကိုမြဲမြံစွာဝတ်တော်မူ၏။ ညဥ့်များကို အိပ်စက်ခြင်းမရှိအိမ်သူအိမ်သားများအားလုံးကို မအိပ်စေဘဲ ထားတော်မူ၏။ (ဗုခါရီ)

မိခင်ကြီးအာအိယှာ(ရသွိ)သခင်မထံမှကြားသိရ၏။ တမန်တော်မြတ်ဆွ)က မိန့်တော်မူသည်မှာ ရမဿွာန်လနောက်ဆုံး (၁၀)ရက်အတွင်းစုံမဟုတ်သောညဥ့်များတွင် လိုင်လတုလ်ကဒရ် ညဥ့်ကို ရှာဖွေကြကုန်ဟူ၏။ (ဆိုလိုသည်မှာ၊ ၂၁၊၂၃၊၂၅၊၂၇၊၂၉- ညများတွင် ရှာဖွေကြကုန်ဟူ၏။)(ဗုခါရီ)

အိဗ်နုအဗ်ဗားစ်(ရသွိ) သခင်ထံမှကြားသိရ၏။တမန်တော်မြတ်(ဆွ)က မိန့်ကြားတော် မူပါသည်။ ထိုညဥ့်ကို ရမဿွာန်လ နောက်ဆုံး(၁၀)ရက်တွင် ရှာဖွေကြလော့။ လိုင်လတုလ်ကဒရ်ညဥ့်သည် ကျန်(၉)ရက်၌လည်းကောင်း၊ ကျန်(၇)ရက်၌လည်းကောင်း၊ ကျန်(၅)ရက်၌လည်းကောင်း ကျရောက်၏။ (ဆိုလိုသည်မှာ (၂၁)ရက်ညဥ့်၊ (၂၃)ညဥ့်၊ (၂၅)ရက်ညဥ့်များတွင် ရှာဖွေကြကုန်ဟူ၏။)(ဗုခါရီ)

အဗူဗကရ်(ရသွိ) ထံမှတစ်ဆင့်ကြားသိရသည်မှာ တမန်တော်မြတ်(ဆွ)သည် ဤသို့မိန့်ကြားတော်မူပါ၏။ ရှာဖွေကြလော့။ လိုင်လတုလ်ကဒရ်ကို ကျန်(၉)ရက်၌ လည်းကောင်း၊ ကျန်(၇)ရက်လည်းကောင်း၊ ကျန်(၅)ရက်၌လည်းကောင်း၊ ကျန်(၃)ရက်၌ လည်းကောင်း၊ သို့တည်းမဟုတ် လကုန်နောက်ဆုံးညဥ့်၌ လည်းကောင်းရှာဖွေကြဟူ၏။ (သိရ်မီဇီ)

အိဗ်နုအိုမရ်(ရသွိ) သခင်ထံမှကြားသိသည်မှာ တမန်တော်မြတ်(ဆွ)ထံသို့ လိုင်လတုလ် ကဒရ်နှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းကြည့်ရာ တမန်တော်မြတ်(ဆွ)က ထိုညဥ့်သည် ရမသွာန်လတိုင်းရှိသည်ဟူ၏။ (အဗူဒါဝူးဒ်)

ဆိုလိုသည်မှာ ရမသွာန်လတိုင်းလတိုင်း၌ လိုင်လတုလ်ကဒရ် ကျရောက်၏။ မည်သည့်ရမသွာန်လမဆို ဤအံ့သြဘွယ်ရာညဥ့်မြတ် မကျရောက်သည်မရှိ။ အချို့ကတမန်တော်မြတ်(ဆွ)သက်တော်ထင်ရှားရှိစဉ်အတွက်သာ ဤညဥ့်မြတ်ကို ကျရောက်စေသည် ဟု ယူဆကြ၏။ ဤယူဆချက်ကို ချေပလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ရမသွာန်လတစ်လလုံးအတွင်း ညဥ့်တစ်ညဥ့်၌ကျရောက်သည်။ ထိုညဥ့်ကို လျို့ဝှက်ထား သည်ဟူ၏။

ကဒရ်ညဥ့်ဆုတောင်း
မိခင်ကြီးအာအိယှာသခင်မ(ရသွိ)ထံမှကြားသိရ၏။ မိခင်ကြီးကမိန့်ကြားသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွ) ထံသို့ ဤသို့လျှောက်ထား၏။ အကယ်၍ ကျွန်တော်မျိုးမသည် လိုင်လတုလ်ကဒရ်ညဥ့်ကို ဧကန်အမှန်သိရသော် အဘယ်သို့ ဆုတောင်းကို တောင်းခံရပါအံ့နည်း။ ထိုအခါ တမန်တော်မြတ်(ဆွ)က အသင်မ ဤသို့ တောင်းဆိုလော့ ဟုမိန့်တော်မူ၏။

အလ္လာဟွမ္မ အင်းန်နက အဖူးဝန် သုဟစ်ဘွလ် အဖ်ဝ ဖအ်ဖု အန်းနီ
အို-အရှင်မြတ်၊ အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို မြတ်နိုးတော် မူပါသဖြင့် ကျွန်တော်မျိုးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုတော်မူပါ။ (အဟ်မဒ်၊ အိဗ်နုမာဂျာ၊ သိရ်မေဇီ)











If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...

ရေခဲ့သမျှ လစဉ်