Thursday, August 01, 2013

မော်လာနာအရှ်ရဖ်အလီ ( ဂိုနာဟ်၏ဆိုးကျိုးနှင့် သောင်ဝ်ဗာဟ်၏အကျိုး )

မော်လာနာအရှ်ရဖ်အလီ from Myanmar muslims.co.cc on Vimeo.

မော်လာနာအရှ်ရဖ်အလီ ( ဂိုနာဟ်၏ဆိုးကျိုးနှင့် သောင်ဝ်ဗာဟ်၏အကျိုး ) ဘာသာရေးဟောကြားချက်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

ဆရာဘရှ်ရ် ( ကဒရ်ညအကြောင်း )

ဆရာဘရှ်ရ် ( A ) ကဒရ်ညအကြောင်း ဘာသာရေးဟောကြားချက်

ဆရာဘရှရ် ( A ) from Myanmar muslims.co.cc on Vimeo.

ဆရာဘရှ်ရ် ( B ) ကဒရ်ညအကြောင်း ဘာသာရေးဟောကြားချက်

ဆရာဘရှ်ရ် ( B ) from Myanmar muslims.co.cc on Vimeo.

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, July 27, 2013

မုဖ်သီအစ္စမာအီလ် ( ကုရ်အာန် ရမ်ဇာန်နှင့်မြင့်မြတ်တဲ့ ညတစ်ည )

မုဖ်သီအစ္စမာအီလ် from Myanmar muslims.co.cc on Vimeo.

မုဖ်သီအစ္စမာအီလ် ( ကုရ်အာန် ရမ်ဇာန်နှင့်မြင့်မြတ်တဲ့ ညတစ်ည ) ဘာသာရေးဟောကြားချက် ။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Monday, July 22, 2013

(မုဖ်သီဂျာအ်ဖရ်)ရာမ်ဇာန်လရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရမည့်(၁၀)

ရာမ်ဇာန်လရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရမည့်(၁၀) from Myanmar muslims.co.cc on Vimeo.

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Monday, July 15, 2013

မုဖ်သီဂျာအ်ဖရ်(အလှူဒါနသည်ဘေးကင်းစေခြင်းနှင့် ဇကားသ်၏သိမှတ်ဖွယ်ရာ)

မုဖ်သီဂျာအ်ဖရ် from Myanmar muslims.co.cc on Vimeo.

မုဖ်သီဂျာအ်ဖရ်(အလှူဒါနသည်ဘေးကင်းစေခြင်းနှင့် ဇကားသ်၏သိမှတ်ဖွယ်ရာ) ဘာသာရေး ဟောကြားချက်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

မုဖ်သီနူးရ်မုဟမ္မဒ် (ကုရ်အာန်ကပြောသော ဇကားသ်

မုဖ်သီနူးရ်မုဟမ္မဒ် (ကုရ်အာန်ကပြောသော ဇကားသ်) from Myanmar muslims.co.cc on Vimeo.

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

မုဖ်သီဂျာအ်ဖရ်(ရိုဇာဟ်သည် ကျမ်းမာရေးတွက်ဆေးဝါးသဖွယ်ဖြစ်သည်)

မုဖ်သီဂျာအ်ဖရ် from Myanmar muslims.co.cc on Vimeo.

မုဖ်သီဂျာအ်ဖရ်(ရိုဇာဟ်သည် ကျမ်းမာရေးတွက်ဆေးဝါးသဖွယ်ဖြစ်သည်) ဘာသာရေး ဟောကြားချက်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Sunday, July 14, 2013

မုဖ်သီဂျာအ်ဖရ် ( အလ္လာဟ်ဘာကြောင့် ရိုဇာဟ်ထားခိုင်ရသလဲ )

မုဖ်သီဂျာအ်ဖရ် from Myanmar muslims.co.cc on Vimeo.

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, July 13, 2013

မော်လာနာဆွာဗေးရ်( ရိုဇာနှင့်အေသေကာဖ်ဆိုင်ရာ )

မော်လာနာဆွာဗေးရ်( ရိုဇာနှင့်အေသေကာဖ်ဆိုင်ရာ ) from Myanmar muslims.co.cc on Vimeo.

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Friday, July 12, 2013

အန္တရာယ်(၆)မျိုးအကြောင်း (မော်လာနာဆွာဗီရ်)


အန္တရာယ်(၆)မျိုးအကြောင်း (မော်လာနာဆွာဗီရ်) from Myanmar muslims.co.cc on Vimeo.

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

တရားခွေများအာလုံးဖျက်လိုက်သည့်တွက်ခွင့်လွတ်ပေးကြပါ။

တရားခွေများအာလုံးဖျက်လိုက်သည့်တွက်ခွင့်လွတ်ပေးကြပါ။
အချို့တရားခွေတွေက အမည်မသိ ဟောတဲ့ဆရာအမည်မသိသည့်တွက် ဖျက်လိုက်ပါသည်။


အင်လျှာလ္လာဟ် နောက်မကြာခင် ပြန်တင်ပေးပါမည် ဟောပြောတဲ့ဆရာအမည်နှင့်တကွ တရားခွေအမည်နဲ့ပြန်တင်ပေးပါမည်။

.......................................... ဒိုအာပြုပေးကြပါ..သာသနာ့ညီနောင်တို့။


မြန်မာ့တရားခွေများ နားထောင်ရန်  မုဖ်သီအလီ=စွန္နသ်တော်နှင့် ဗီဒါအသ်ဆိုသည်မှာ on Vimeo 



အင်္ဂလိပ်တရားခွေများ နားထောင်ရန်    Ya'juj And Ma'juj [Gog And Magog] ᴴᴰ - YouTube

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Tuesday, May 28, 2013

ဗစ်မိလ္လာရေးမည့်အစား ၇၈၆ ရေးခြင်းသည် ဗစ်မိလ္လာဖြင့်အစပြုသည့် အကျိုးကုသိုလ်မရပါ

 ဗစ်မိလ္လာရေးမည့်အစား ၇၈၆ ရေးခြင်းသည်
ဗစ်မိလ္လာဖြင့်အစပြုသည့် အကျိုးကုသိုလ်မရပါ
(ဖုသာဝါ မဟ်မူဒီယာ ၃၄၀/ ၃)

ယနေ့ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များတွင်သာမက ဘာသာခြားများတွင်ပါ အလွန်အမင်း ရေပန်းစားနေသော အကြောင်းအရာများ ရှိနေတယ်။ ၇၈၆ ရေးသားခြင်း ကိစ္စ၊ ဂျီဟားဒ် အဓိပ္ပါယ်၊ ဒိုအာကိုနူးသ်၊ ဗလီကျောင်းတော်များ၊ ဘာသာရေး တက္ကသိုလ်များ၊ အိန္ဒိယ၊ပါကစ္စတန်ရှိ ကျောင်းသားများ စတဲ့ ကိစ္စတွေပဲ ဖြစ်တယ်။
ဒီအကြောင်းအရာတွေဟာ တကယ်တော့ မပြောပလောက်အောင် သေးငယ်ပေမယ့် အမျိုး၊ဘာသာ၊သာသနာရဲ့ ခေါင်းစဉ်အောက်မှာ အလွန်ကျယ်ပြန့်တဲ့ အကြောင်းတွေဖြစ်ကုန်တယ်။ ဝေဖန်တိုက်ခိုက်လိုသူတွေက ရေနစ်သူ ကောက်ရိုးမျှင်ကို မိမိရရ ဆုပ်ကိုင်သည့်အလား သေးငယ်သော ကိစ္စများကိုပင်မချန်။ အထာကျစွာဖြင့် ခေါင်းစဉ်ပြောင်း တိုက်ခိုက်လျှက်ရှိတယ်။
အစကတော့ ဒီကိစ္စတွေကို ကျွန်တော်ရေးသားပေးဖို့ပါပဲ။ ဒါပေမယ့် မောင်လာနာ အိုဗိုက်ဒ် ဖာရိုကီက တတ်နိုင်သလောက် သူရေးသားမယ်လို့ ပြောလာတော့ တာဝန်တွေ ပိနေတဲ့ ကျွန်တော့်လည်း ဒီအကြောင်းအရာတွေဘက်ကို အာရုံမထားတော့ပဲ အခြားဖက်တွေမှာ စိတ်အေးလက်အေး ရေးသားနေလိုက်တယ်။
အခုတော့ မောင်လာနာဆားဗ်က စာမေးပွဲတွေဖြေရမှာရယ် သဗ်လီးဂ်ခရီးစဉ်တွေ သွားဖို့ ဖြစ်လာတော့ ကျွန်တော်အနေနဲ့ မဖြစ်မနေ ရေးသားလိုက်ရတာပါ။ အားလုံး မရေးနိုင်ရင်တောင် ကျွန်တော်အနေနဲ့ ၇၈၆ ကိစ္စနဲ့ အိန္ဒိယ၊ပါကစ္စတန်ကျောင်းသားများအကြောင်းကို အတတ်နိုင်ဆုံး မတိုမရှည် ရှင်းပြပေးသွားပါ့မယ်။ စာဖတ်သူများအနေနှင့် မိမိရပ်တည်ချက်နှင့် မကိုက်ညီပါက လွတ်လပ်စွာ ကွဲလွဲနိုင်ပါကြောင်း ပြောလိုပါတယ်။ အခု ဒီပို့စ်မှာတော့ ၇၈၆ ရေးသားခြင်းနဲ့ပတ်သက်လို့ လေ့လာမိသမျှ တင်ပြပေးပါ့မယ်။ ဖတ်ရှု့ကြည့်ပါဦးးးးးးး
၇၈၆ ဆိုသည်မှာ
ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ၇၈၆ဆိုတာ ဗစ်မိလ္လာဟ်ဟိရ်ရဟ်မာန်နိရ်ရဟီးမ်ရဲ့ အစားထိုးသုံးပြုတယ်လို့ မှတ်သားခဲ့ကြတယ်။ သေးငယ်တဲ့ ကိစ္စလို့ပဲ ထင်ခဲ့လို့လား... ဒါမှမဟုတ် လူကြီးတွေရဲ့ ပြောစကားတွေက ပြောပါများလို့ စွဲနေတာလား မသိပါ။ သို့သော် ပါကစ္စတန်ကို ရောက်ပြီး အတော်ကြာသည်အထိ ၇၈၆ကို ဗစ်မိလ္လာဟ်ဟိရ်ရဟ်မာန်နိရ်ရဟီးမ်ရဲ့ အစားထိုးသုံးပြုတယ်လို့ ပဲ မှတ်သားခဲ့တယ်။
ကျွန်တော် ဒေါင်ရဟ်နှစ်ရောက်လာခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မောင်လာနာ မန်ဇူးရ် မင်န်ဂဲလ်ဆားဗ် သိရ်မီဇီကျမ်း သင်ပြနေရင်းကနေ ကျွန်တော်တို့ကို ၇၈၆နဲ့ ပတ်သက်လို့ အနည်းငယ် ပြောပြပါတယ်။ ဆရာက ၇၈၆ဆိုတာ တကယ်တော့ ဗစ်မိလ္လာဟ်ဟိရ်ရဟ်မာန်နိရ်ရဟီးမ်ရဲ့ အစားထိုးသုံးပြုတာ မဟုတ်ကြောင်း၊ ရှီအာများ တီထွင်ခဲ့တဲ့ စာလုံးတစ်လုံးသာဖြစ်ကြောင်းနဲ့ အဲ့ဒီလို ဗစ်မိလ္လာဟ်ဟိရ်ရဟ်မာန်နိရ်ရဟီးမ်ရဲ့ အစားထိုးသုံးပြုတာကို ကျွန်တော်တို့ အကြီးအကဲများ မနှစ်သက်ကြောင်း စသည်ဖြင့် ရှင်းပြခဲ့ပါတယ်။ အဲ့တော့မှပဲ ၇၈၆ ဘာလဲလို့ လိုက်ပြီး လေ့လာမိခဲ့တယ်။
ပထမဆုံး လေ့လာမိလိုက်တဲ့အခါမှာ ဗစ်မိလ္လာဟ်ဟိရ်ရဟ်မာန်နိရ်ရဟီးမ် ကို ၇၈၆ ဖြစ်အောင် လုပ်တဲ့နေရာမှာ လိုသလို ဆွဲယူညှိယူထားတယ်ဆိုတာ တွေ့ခဲ့ရတယ်။ နောက်တော့ ၇၈၆က ဘယ်စာလုံးကို ရေးသားတယ်ဆိုတာကိုလည်း သိခဲ့ရတယ်။
တွက်ချက်ပုံကို အရင်ဆုံး ရှင်းပြပါ့မယ်။ တွက်ချက်ပုံ မပြောပြခင်မှာ အဗ်ဂျဒ်ရဲ့ သမိုင်းလေးနဲ့ ဖြစ်ပေါ်လာပုံကို အတိုချုံးပြီး ရှင်းပြပေးပါ့မယ်။

အပေါ်မှာ ဖော်ပြထားတဲ့ ဇယားကို အရဗီလို أبجد هوز حطي كلمن سعفص قرشت ثخذ ضظغ လို့ စုစည်းထားပါတယ်။ ရှေးဟောင်းစာမီလူမျိုးတွေရဲ့ မှတ်သားပုံဖြစ်ပါတယ်။ ပထမ ခြောက်လုံး أبجد هوز حطي كلمن سعفص قرشت ကို မူရင်းစာလုံး အဖြစ်သတ်မှတ်ထားပြီး
  • ၁။မဒ်ယန် ဒေသရဲ့ ဘုရင်များ နာမည်လို့ ဖော်ပြထားပါတယ်။
အဗ်ဂျဒ်ဟာ အဗာဂျာဒင်န် (အဗူဂျာဒင်န်ကဲ့သို့ ကွန်ယသ်) ဖြစ်ပြီး မက္ကာဟ်ရဲ့ ဘုရင်ဖြစ်ပါတယ်။ ဟောင်ဝ်ဝဇ်နဲ့ ဟွသ်ွသွီတို့က သွာအိဖ်နယ်စားများဖြစ်ပြီး ကျန်တဲ့သူတွေက မဒ်ယန်ဒေသက ဖြစ်တယ်။
သူတို့ထဲမှာ ခေါင်းဆောင်ဟာ كلمن ဖြစ်တယ်။ အားလုံးဟာ ယောင်မွဇ်ဇွလ်လဟ်မှာ ကွယ်လွန်သွားခဲ့ကြတယ်။ (စူရဟ် ရှို့အရာအ် အာယသ်တော်အမှတ် ၁၈၉မှာ ယောင်မွဇ်ဇွလ်လဟ်အကြောင်း ပါရှိပါတယ်။ လေ့လာလိုသူများ လေ့လာကြည့်လိုက်ပါ။) သူတို့တွေ ကွယ်လွန်သေဆုံးပြီးမှ နောက်ထပ် ث خ ذ ض ظ غ ဆိုတဲ့ ခြောက်လုံးကို ထပ်တွေ့ခဲ့ကြတယ်။ နောက်ထပ် ထပ်တွေ့တဲ့ ခြောက်လုံးကို အရ်ရဝါဒစ်ဖ်လို့ ခေါ်ဆိုပါတယ်။ ဒီနောက်ပိုင်းမှာမှ ကျွန်တော်တို့ ဖတ်နေကြပုံစံ အလစ်ဖ် ဗာ သာ ဆာ ဆိုတာကို နစ်ရ် ဗင်န် အာစွမ် အလ်လိုင်ဆီက တီထွင်ပေးခဲ့တာပါ။ ကျွန်တော်တို့ လက်ရှိ ဖတ်ရွတ်နေတဲ့ အရဗီဗျည်းအက္ခရာ အစဉ်အတိုင်းကို အသ်သရ်သီးဘွလ်ဟိဂျာအီ သို့မဟုတ် အသ်သရ်သီးဘွလ် အလစ်ဖ်ဘာအီ လို့ခေါ်ပါတယ်။
  • ၂။ ဒါဟာ ရှိုင်သွာန်တွေရဲ့ နာမည်လို့လည်း ပညာ့ရှင်ကြီး ဟဖ်စ် ဗင်န် ဂိယားဆ်ထံမှ တဆင့် သိရပါတယ်။
  • ၃။ စာဗူးရ်ရဲ့ သားများ ဖြစ်တယ်လို့လည်း လာရှိပါတယ်။
မည်သို့ပင်ဖြစ်စေ သူတို့တွေဟာ ပထမဆုံး အရဗီ စာရေးသားနည်းကို တီထွင်ခဲ့တယ်လို့ ဆိုကြပါတယ်။ (အကွဲအလွဲတွေ ရှိပေမယ့် စာရှည်မှာဆိုးလို့ ဆက်မရေးပေးတော့ပါဖူး။ ကျွန်တော်တတ်ခဲ့ဖူးတဲ့ အသ်သခစ်စွတ်စ် ဖိလ်အဒဗိလ်အရဗီ ကို့စ်မှာ ပါတဲ့ သာရီခွလ် အဒဗိလ် အရဗီ စာအုပ်နဲ့ အခြားသော စာအုပ်တွေမှာ အကျယ်ဖတ်ရှု့နိုင်ပါတယ်။ ယခု ရေးထားတာကတော့ သာဂျွလ်အရူးစ်ကျမ်းကပဲ ဖြစ်ပါတယ်။)
တွက်ချက်နည်း
ပထမဆုံး ၇၈၆ ရဖို့အတွက် اللاه မှာတဲ့ အလစ်ဖ်ရယ် الرحمان မှာ ပါတဲ့ အလစ်တို့ကို ဖြုတ်ပြီး တွက်ရမှာဖြစ်တယ်။ ရေးသားနည်းပုံအရ ပါဝင်တဲ့ ဗျည်းတွေကိုပဲ တွက်ရမယ်လို့ ဆိုလိုတာပါ။ ဖတ်ပုံမှာ ပါဝင်တဲ့အတိုင်း တွက်မယ်ဆိုရင် ၇၈၆ လုံးဝ မရပါဖူး။ အောက်က ပုံနှစ်ခုကို ကြည့်ပါ။
၇၈၆ ဖြစ်တဲ့ပုံ
ဒီပုံစံမှာ အလစ်ဖ်နှစ်လုံး မပါပါဖူး။ ဒါကြောင့် ၇၈၆ ဖြစ်နေရတာပါ။
၇၈၆ မဖြစ်တဲ့ပုံ ၁
ဒီပုံစံမှာ အလစ်ဖ်နှစ်လုံးလုံးကို ထည့်တွက်လိုက်ပါတယ်။ ဒါကြောင့် ၇၈၈ ဖြစ်သွားပါတယ်။
၇၈၆ မဖြစ်တဲ့ပုံ ၂
ဒီပုံစံမှာ အရ်ရဟ်မာန်က အလစ်ဖ်တစ်လုံးတည်းကိုပဲ ထည့်တွက်ပါတယ်။ ဒါကြောင့် ၇၈၇ ဖြစ်နေပါတယ်။
မဖြစ်မနေ သိသင့်သည့်ကိစ္စ
၇၈၆ ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ ဤ ၇၈၆သည် ကုရ်အာန်တွင် လာရှိသည့် ပုံစံလည်းမဟုတ်၊ ကျွန်တော်တို့၏ နှစ်ဘဝသခင်ကျေးဇူးတော်ရှင် မြတ်နဗီ(ဆွ) သင်ပြပေးသည့် ပုံစံလည်းမဟုတ်ပေ။ ကျမ်းမြတ်ကုရ်အာန်၌ ၇၈၆ရေးသားရန် မသင်ပေးခဲ့။ ကျမ်းမြတ်ကုရ်အာန်မှ သင်ပေးခဲ့သည်မှာ- إنه من سليمان وإنه بسم الله الرحمن الرحيم ဟူ၍ စာရေးသားလျှင် ဗစ်မိလ္လာဟ် ရေးရန် သင်ပေးထားတာပါ။ တမန်တော်မြတ်ကြီး(ဆွ)သည်လည်း တိုင်းတပါးသို့ စာပို့သည့်အခါ သို့မဟုတ် စာချုပ်များပြုသည့်အခါ ဗစ်မိလ္လာဟ်ကိုသာ ရေးသားတော်မူခဲ့တယ်။ ထိုနည်းတူစွာပဲ ဆွဟာဗဟ်ကြီးများကလည်း ဗစ်မိလ္လာဟ်ကိုသာ ရေးသားခဲ့ကြပါတယ်။
စောဒက တက်ခြင်း
သို့သော် ကျွန်တော်ကဲ့သို့ ဘုမသိဘမသိများက ဗစ်မိလ္လာဟ်ရေးလိုက်ရင် ဗေအဒဗီ ဖြစ်သွားမယ်လို့ စောဒက တတ်ချင်ကြပါတယ်။ ဆိုလိုတာက မရိုမသေ လုပ်ရာကျပါလိမ့်မယ် ၇၈၆ ဆိုရင် ဘာမှ မဖြစ်တော့ဖူး။ တကယ်တော့ ကျွန်တော်တို့ မစဉ်းစားခဲ့မိလို့ပါ။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော်ကို အရိုသေပေးတဲ့နေရာမှာ တမန်တော်များ၊ ကိုယ်တော်သခင်၊ ဆွဟာဗဟ်များ ထက် သာပိုပြီး ဘယ်သူ အရိုသေပေးနိုင်လို့လဲ။ ဘယ်သူမှ မပေးနိုင်ပါဖူး။
ဒါဆို ကျွန်တော်တွေးသလို ကိုယ်တော်သခင်နဲ့ ဆွဟာဗဟ်များက မတွေးမိခဲ့လို့လား။ နအူးဇု ဗိလ္လာဟ် လုံးဝ မဟုတ်ခဲ့ပါဖူး။
 နောက်တစ်ချက်က ကျွန်တော့်နာမည် ဗရှီရွလ္လာဟ် ဗင်န် အဗ်ဒွလ်ဟိုင်ယ် ဆိုတော့ ကျွန်တော်နဲ့ အပါးရဲ့ နာမည်တွေမှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ရဲ့ နာမတော်တွေ ပါနေတယ်။ ကျွန်တော်အနေနဲ့ စာရေးတဲ့နေရာမှာ အမည်နာမအစား ဂဏန်းနဲ့ရေးဖူးပါသလား။ သေချာပါတယ် ကျွန်တော်တော့ တစ်ခါမှ မရေးပါဖူး။ အဲ့လိုပဲ စာဖတ်သူတို့ စဉ်းစားကြည့်ပါ။
အလ္လာဟ်နာမည်တော်ကို လေးစားလို့ ဗစ်မိလ္လာဟ်အပြင် အခြားနေရာတွေမှာ ကိန်းဂဏန်းနဲ့ အစားထိုးရေးဖူးပါသလား။ ဥပမာအားဖြင့် စလာမ်ပေးမယ် ဆိုပါတော့။ အပ်စ်စလာမ် ဆိုတာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ရဲ့ ဝိသေသနတစ်ခုဖြစ်တယ်။ အဲ့တော့ ရိုသေမဲ့ရာ ကျမှာစိုးလို့ အပ်စ်စလာမ်မို့အလိုင်းကွမ်းအစား တစ်ကြိမ်တစ်ခါလောက် ၃၂၂ဆိုပြီး ကိန်းဂဏန်းနဲ့ အစားထိုးဖူးပါသလား။ လုံးဝ မရေးဖူးလောက်ပါဖူး။ ဒါဆို ကျွန်တော်တို့အတွက် တစ်သက်လုံး အလင်းပြသွားမယ့် ကုရ်အာန်နဲ့ စွန္နသ်ကို လက်ကိုင်မလား။ ၇၈၆ ရေးမလား။ စဉ်းစားကြည့်ကြပါ။
နောက်တစ်ချက်က ဗစ်မိလ္လာဟ်ကို အစအဆုံး ရေးသားခဲ့ရင် ကုရ်အာန်ရဲ့ အာယသ်ဖြစ်တဲ့အပေါ် တစ်လုံးတိုင်းမှာ အကျိုးကုသိုလ် ဆယ်ခုဆီ ရမှာဖြစ်တယ်။ အားလုံး ဆယ့်ကိုးလုံး ပါဝင်တဲ့အတွက် အကျိုးကုသိုလ် တစ်ရာ့ကိုးဆယ်ရမှာ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့က ၇၈၆ ရေးလိုက်တဲ့အတွက် အခုနပြောတဲ့ ကောင်းမှု့၁၉၀ကို လက်လွှတ်ဆုံးရှုံးနေရတယ်။ ကောင်းမှု့ ၁၉၀ကိုယူချင်ရင် ဘာလုပ်သင့်လဲ စဉ်းစားကြည့်ပါ။
မွတ်စ်လင်မ်များအတွက်ဟုတ်ပါ့မလား။
ကျွန်တော့်အနေနဲ့ အပေါ်မှာ ၇၈၆နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ပုံမှာ မရရအောင် ညှိထားကြောင်း ပြသခဲ့ပြီး ဖြစ်ပါတယ်။ ဗစ်မိလ္လာဟ်ကို တွက်မယ်ဆိုရင် ၇၈၇က ဖြစ်နိုင်ချေအများဆုံးလို့ ဆိုနိုင်တယ်။ ဒါဆိုရင် အဲ့ဒီ ၇၈၆ကြီးက ဘယ်ကရလာတာလဲ။ တစ်ခုခုများ လွဲနေမလား။ ခေတ်စကားနဲ့ ပြောရရင် လွဲချက်က 9+ လောက်ရှိတယ်။ မယုံရင် အောက်မှာ ကြည့်လိုက်ပါ။

ဟိန္ဒူလူမျိုးများတွက်ချက်ပုံ
ဆိုလိုတာက هري كرشنا (အွရ်ဒူဖောင့် မပေါ်ပါက သီးခံဖတ်ပေးပါ။) ကရစ်ရှ်နာ ဆိုတာ သူတို့ဘုရား နာမည်ပါ။ ဒီပုံစံမှာလည်း ၇၈၆ အတိ ရပါတယ်။ တကယ်လဲ သူတို့က အခုလို ကိန်းဂဏန်းတွေနဲ့ မှတ်သားလေ့ရှိပါတယ်။ နောက်ပုံစံတစ်ခုကို ထပ်ကြည့်ပါ။
ဒါက روي شنكر ပါ။ ဒီပုံစံမှာလည်း ၇၈၆ သာ ရပါတယ်။ စဉ်းစားစရာတွေ ဖြစ်မလာဖူးလား။ မသိခင်တုန်းကတော့ ဘာမှ မဟုတ်ပေမယ့် သိလိုက်ရတော့ မခံသာတာ အမှန်ပါပဲ။ ဒါကြောင့် ဆေးတစ်ခွက်အဖြစ် အောက်မှာ ဟဒီးဆ်တော် တစ်ပုဒ် လက်ဆောင်ပေးလိုက်ပါတယ်။
မြတ်နဗီ(ဆွ)၏ ဟဒီးဆ်တော်
اتقوا مواضع التهم
စွပ်စွဲပြောဆိုခံရနိုင်သော နေရာများမှ ရှောင်ကြဉ်ပါလေ။ ဒီဟဒီးဆ်တော်နဲ့ ပတ်သက်ပြီး ဟဒီးဆ်ပညာရှင်များက ဒွအီးဖ် ဖြစ်ကြောင်း ပြောဆိုထားသော်လည်း အခြားအခြားသော ဟဒီးဆ်တော်များအရ သမုတ်ခံရမည့်နေရာ၊ အထင်မှားစေနိုင်သည့်နေရာများမှ ရှောင်ကြဉ်ရန် မိန့်မှာထားကြောင်း သိရတယ်။ ကျွန်တော်တို့ အနေနဲ့ သံသယဖြစ်စေနိုင်တဲ့ နေရာတွေကနေ ရှောင်ကြဉ်ဖို့ အရမ်း အရေးကြီးလှပါတယ်။
ဒါကြောင့် ကျွန်တော်တို့ကတော့ ၇၈၆ကို ဗစ်မိလ္လာဟ်ရဲ့ အက္ခရာကိန်းဂဏန်းအဖြစ် ရေးသားပေမယ့် ဟိန္ဒူကလည်း ဟိန္ဒူအသိနဲ့ ရှိအာကလည်း ရှီအာအသိနဲ့ ဖတ်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ကျွန်တော်တို့ကို အဲ့ဒီ ဘာသာဝင်လား မသိဖူးဆိုတဲ့ အထင်မြင်မှားမှု့တွေ ဖြစ်မလာနိုင်ဖူးလား။ ဗစ်မိလ္လာဟ်ကို ရေးသားမယ်ဆိုရင် ဒီလို အဖြစ်ဆိုးတွေက ဝေးရမှာ ဖြစ်သလို ဘယ်လိုမှလည်း အဓိပ္ပါယ်ပြောင်းလဲ ယူဆလို့ မရနိုင်တော့ဖူး။ ဗစ်မိလ္လာဟ်မှာ အဓိပ္ပါယ် တစ်ခုတည်းပဲ ထွက်ပါတယ်။
ကုရ်အာန်အာယသ်ကို ပြောင်းလဲခွင့်မရှိ
ကလေးကနေ အဖိုးကြီးထိ ကျွန်တော်တို့ မွတ်စလင်မ်တွေ အားလုံး လက်ခံထားတဲ့ အချက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ကျမ်းမြတ်ကုရ်အာန်ကို ပြောင်းလဲရေးသားခြင်း ဟရာမ်ဖြစ်တယ်။ မပိုင်ဖူး။ အလ်ခသ်ွသွလ်အွတ်စ်မာနီ ခေါ် လက်ရှိ ကုရ်အာန်တွင်ရေးသားထားတဲ့ ပုံစံအတိုင်း မရေးပဲ တခြားပုံစံနဲ့ ရေးသားခြင်းကိုတောင် အရဗ်နိုင်ငံမှ အိုလမာများကရော အိန္ဒိယ၊ပါကစ္စတန်မှာရှိတဲ့ အိုလမာများကပါ မပိုင်ဖူးလို့ ဖသ်ဝါပေးထားတယ်။
ဘာကြောင့်လဲဆိုတော့ ဒါဟာ အိဂ်ျမာအ်နဲ့ အတည်ဖြစ်ထားတဲ့ ကိစ္စဖြစ်တယ်။ ကုရ်အာန်ကို ပြောင်းလဲခြင်းလို့ အဓိပ္ပါယ်သက်ရောက်စေတယ်။ ဟဇရသ်အွတ်စ်မာန်(ရသွေ့)ခေတ်မှာ အတည်ဖြစ်ခဲ့တဲ့ ရေးသားနည်းကို ဆန့်ကျင်ပြီး ခေတ်သစ်ရေးနည်းနဲ့ ရေးသားတာတောင် ဟရာမ်ဖြစ်တယ်ဆိုရင် ကုရ်အာန်ရဲ့ အာယသ်ဖြစ်တဲ့ ဗစ်မိလ္လာဟ်ကို အခုလို ပြောင်းလဲ ရေးသားပစ်လိုက်တာဟာ ဒီစာရင်းထဲမှာ မပါသွားနိုင်ဖူးလား။ ပါသွားရင် သဟ်ရီးဖွလ်ကုရ်အာန် (ကုရ်အာန်ကို ပြောင်းလဲခြင်း)ဆိုတဲ့ အပြစ်ကျူးလွန်သူ ဖြစ်သွားရမှာ။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ သေချာ စဉ်းစားကြည့်ပါ။ ဘာအလုပ်ပဲ လုပ်လုပ် အကောင်းဆုံးကို ရွေးလုပ်ပါ။ အလွယ်မကြိုက်ပါနဲ့။
မရှ်ဝရဟ်တစ်ခု
အထက်မှာ ၇၈၆ရေးသားခြင်းကြောင့် ဆိုးကျိုးတွေကို ဖတ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ အဆိုးဆုံးမဖြစ်အောင်တော့ လုပ်ရပါလိမ့်မယ်။ ဆရာသခင် သာသနာ့ခေါင်းဆောင်ကြီးများက အမြဲတမ်း ကျွန်တော်တို့ကို သင်ကြားပေးလေ့ရှိတယ်။ ဗစ်မိလ္လာဟ် မရေးချင်ရင် ဗစ်မိဟီသအာလာ လို့ ရေးပါတဲ့။
ဘာကြောင့်လဲဆိုတော့ ဟဇရသ် အဗူဟိုရိုင်ရဟ် သခင်ဆင့်ပြန်တော်မူတဲ့ ဟဒီးဆ်တော်မှာ ဇိက်ရွလ္လာဟ် လို့ လာရှိကြောင်း မွတ်စ်နဒ်အဟ်မဒ်ကျမ်းမှာ ပါရှိပါတယ်။ ဒါကြောင့် ဗစ်မိဟီသအာလာ ရေးသားမယ်ဆိုရင်လည်း အကောင်ထည်ဖော်ရာရောက်ပါတယ်။ သို့သော် အကောင်းဆုံးမှာ ဗစ်မိလ္လာဟ်အား အဆု့းထိတိုင် ရေးသားခြင်းပဲ ဖြစ်တယ်။
အိုအရှင် ကျွန်တော်မျိုးတို့အား လက်တွေ့လိုက်နာကျင့်သုံးနိုင်ခွင့် ပေးသနားတော်မူပါ။ ထို့အတူ အပျင်းကြီးခဲ့တဲ့ ကျွန်တော်မျိုးတို့အား ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ အာမီးန်
မှတ်ချက်။        ။ ဤပို့စ်သည် ဖသ်ဝါ မဟုတ်ပါ။ ဖသ်ဝါအား များမကြာမှီ တင်ဆက်ပါမည်။ စောင့်မျှော် ဖတ်ရှု့ပေးပါ။ ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ အသိမျှဝေခြင်းသာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝေဖန်လိုခြင်းမဟုတ်ပါ။
မည်သည့်နေရာတွင်မဆို မျှဝေနိုင်သော်လည်း ဤမူရင်း လင့်ခ်လိပ်စာအား ထည့်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အမှားမကင်းတဲ့ ကျွန်တော်တို့တွေ အမှန်ပြင်ဆင်ခဲ့သော် အမှားမြင်တဲ့ နောင်တော်တွေ မူရင်းနေရာကို လာရောက်ဖတ်ရှု့ပြီး အမှန်သိစေချင်လို့ပါ။ ပြီးတော့ အပ်ဒိတ် လုပ်စရာလေးတွေ ရှိနေသေးလို့ပါ။
လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။။။။။။။။


If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Sunday, May 26, 2013

ခုသ်ွဗဟ်အား အရ်ဗီအပြင် အခြားဘာသာဖြင့်ဖတ်ခြင်း

ကျနော် အရင် တခါတွင် စလဖီများ ဂိုးဏ်ကွဲများ၏ သွအီးဖ် ဟဒီးစ် လက်မခံခြင်းအကြောင်းကို(သွအီးဖ်ဟဒီးစ် ဆိုတိုင်းငြင်းရမှာလား ????? http://www.mmolama.com/profiles/blogs/6529452:BlogPost:14757) ရေးသားခဲ့ပေသည်။
ယခုအခါ သူတို့ ပြောလေ့ရှိကြသည့် နောက် စောတက တရပ်ကို ကျနော် တင်ပြပါမည်။
ဝန်ခံချက်။ ။ အောက်တွင် တင် ပြထားသည်မှာ ကျနော် ရေးသားထားခြင်းမဟုတ်ပါ။ ကျနော် လေ့လာသိရှိထားသော အကြောင်း အရာကို ကျနော် ၏မှတ်စုစာအုပ်မှ မွတ်စ်လင်အများစုအကျိုး ပြူစေရန် ဖော်ပြခြင်းသာဖြစ်သည်။
ကောင်စ၇် ဘာဒ်ရှာဟ်
ရှရီအသ်တရားတော်တွင် ဂျူမုအာဟ်နမာဇ်၏ ခုသ်ွဗဟ်အား အရ်ဗီဘာသာအပြင်
အခြားဘာသာစကားဖြင့် ဖတ်ခြင်း ပိုင်မပိုင်
 ခုသ်ွဗဟ်ဆိုသည်မှာ တရားဟောကြားခြင်းသာဖြစ်သည် ဟူသော အချက်မှန်ပါသလား။ အရ်ဗီနားမလည်သူများရှေ့တွင် ခုသ်ွဗဟ်ဖတ်ခြင်းမည်သို့အကျိုးထူးမည်နည်း။
ဂျူမုအာဟ်နမားဇ်နှင့် အီးဒ်နမားဇ်၏ ခုသ်ွဗဟ်အားအရ်ဗီဘာသာဖြင့်ဖတ်ခြင်း
စွန္နသ်ဖြစ်သည်။ အခြားဘာသာစကားဖြင့်ဖတ်ခြင်း သည်ဗိဒ်အသ်ဖြစ်သည်။
(ရှာဟ်ဝလီယွလ်လာ၏ မုစ်ဖာရှရ် ဟေမိုသွာကျမ်း)
(အီမာမ်ဟဆ်ွကဖီ၏ ဒုရ်ရေမုခ်သားရ်ကျမ်း)
(ဇိုဗိုင်ဒီ၏ ရှရ် ဟုလ်အဲဟ်ယားအ်ကျမ်း)

အရ်ဗီ အပြင်အခြားဘာသာစကားဖြင့်ခုသ်ွဗဟ်ဖတ်ပိုင်သည်ဟု ယူဆသူများ၏ အဓိက
အကြောင်းပြချက်မှာ "ခုသ်ွဗဟ်သည် ဆုံးမသြဝါဒတရားဟောကြားမှုပင်ဖြစ်သည်"
ဟူသောအချက်ပင်ဖြစ်သည်။သြဝါဒဟူသည်နာယူသူတို့နားလည်တတ်ကျွမ်းသောဘာသာစကားဖြစ်သင့်သည်ဟူ၍လည်းစောတကတက်ကြသည်။
ထို စောတကနှင့်ပတ်သက်၍ နှစ်ပိုင်းခွဲပြီး ဖြေကြားလိုပါသည်။

                                                           အပိုင်း (၁)
ည်ခုသ်ွဗဟ်သည် သဇ်ကိရ် တရားဟောကြားခြင်းမဟုတ်ပါ။
ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးစ်တော်များတွင် ခုသ်ွဗဟ်အားဇိကိရ် (အလ္လာဟ်အရှင်မြတ်ကို သတိရတသခြင်း) ဟုသာမိန့်ဆိုထားသည်။
အလ္လာဟ်၏ ဇိကိရ် တော် (ဂျူမုအဟ်နှင့် ခွသ်ဗဟ် ) လက်သို့ အလျင်စလိုသွားကြလော့။ (ကုရ်အာန်)
ဟဒီးစ်တော် တွင် မလာအေကဟ်ကောင်းကင်တမန်များရောက်ရှိလာပြီး ဇိကိရ်(ခုသ်ွဗဟ်)အားနားဆင်ကြသည်။ (ဗုခါရီ အတွဲ၁ စာ၁၂၁)
အီမာမ်အနေဖြင့်ခုသ်ွဗဟ်တွင်လူတို့ပြောလေ့ရှိသော စကားတစ်စုံတရာ ကိုပြောဆို၇န် မထိုက်ပါ။ခုသ်ွဗဟ် သည် စီစဉ်ထားသော ဇိကီ၇်တစ်မျိုးဖြစ်သောကြောင့်ပင်။ (မက်ဗ်ဆုးသ်ကျမ်း အတွဲ ၂ စာ ၂၇)
သဟ်မီးဒ် သတ်စ်ဗီးဟ် တစ်ပိုဒ်တည်းဖြင့် သဇ်ကိရ်(တရားဟောကြားမှု ဆုံးမသြ၀ါဒစကား )မမြောက်နိုင်ပါ။ ဖိကဟ်ပညာရှင်များအားလုံးထံတွင် ခုသ်ွဗဟ်သည် ဂျူမုအဟ်၏ ရှရသွ် (မပါမဖြစ် အရေးကြီးသည့် စည်းကမ်းချက်) ဖြစ်ကြောင်း အဆိုညီကြသည်။
ဟောပြောမှု ၊ဖိတ်ခေါ်မှုသာဖြစ်ခဲ့လျှင် ဂျုမုအဟ်၏ ရှရသ်ွအဖြစ် သတ်မှတ်ခြင်းမှာ မည်သို့မျှ အဓိပ်ပယ်မရှိပေ။ ဂျူမုအဟ်၏ ခုသ်ွဗဟ်သည်ရှရသ်ွဖြစ်သည်။ ဟောပြောမှုဖြစ်လျှင် ဇိုဟို၇်အချိန်ကို ထူးထူးခြားခြား သတ်မှတ်ရန်အကြောင်း မ၇ှိပါ။
မွန်းမတည့်မီ ခုသ်ွဗဟ်ဖတ်ပြီး မွန်းတည့်ပြီး နမားဇ်ဖတ်လျှင် ဟောပြောမှုမမြောက်ပေဘူးလား။ (မြောက်မည်သာ)
သို့သော် ဖိကဟ်ပညာရှင်များက ဇိုဟိုရ် အချိန်မကျမီ ခုသ်ွဗဟ်ဖတ်ပြီး ဇိုဟိုရ် အချိန်ဝင်ပြီးမှ နမားဇ်ဖတ်မပိုင်ဟုဆုံးဖြတ်ထားသည်။ (ဗဟရ်ကျမ်း တွဲ၂ စာ၁၅၈)
ဟောပြောမှုသက်သက်ဆိုလျှင် မည့်သည့် အချိန်ဖတ်ဖတ်အထမြောက်ရမည်သာ။
အီမာန်သည် ခုသ်ွဗဟ်ဖတ်ပြီးနောက် တစုံတရာသောကိစ်စတွင် ပါဝင်လိုက်ပြီး ခုသ်ွဗဟ်နှင့်နမားဇ်ကြားတွင် ခြားနားမှုဖြစ်သွားခဲ့လျှင် နောက်ထပ်ခုသ်ွဗဟ် ပြန်ဖတ်ရန် အရေးကြီးသည်။နားထောင်သူသည် ပထမအကြိမ် နားထောင်သူများပင် ဖြစ်လင့်ကစား ပြန်ဖတ်ရမည်။ (ဗဟရ်ကျမ်း တွဲ၂ စာ ၅၉)
ဟောပြောမှုသက်သက်ဆိုလျှင် ပြန်လည်ဖတ်ခြင်းမှာ မည်သို့မျှ  အဓိပ်ပယ်မရှိပါ။ ဖိကဟ်ပညာရှင်များက ဂျူမုအဟ်၏ ခုသ်ွဗဟ်ကို နမားဇ်နှစ်ရကသ်ဖြင့်ညီမျှသောကိုယ်စားဟုသတ်မှတ်ကြသည်။ ခုသ်ွဗဟ်နားထောာင်ဖြင်း၊ ဖတ်နေစဉ်တွင် တိတ်ဆိတ်စွားနေခြင်းသည် ၀ါဂျိဗ်ဖြစ်သည်။  ခုသ်ွဗဟ် ဖတ်နေစဉ် နှုတ်မှ ဒရူးဒ်ရှရီးဖ်ဖတ်ခြင်း ၊ သတ်စ်ဗီးဟ် သက်ဗီးရ် ဖတ်ခြင်း ၊ စလာမ်ပေးခြင်း မပြုပိုင်ပါ။ ဟောကြားခြင်းဟုဆိုလျှင်နားထောင်ခြင်းကို အဟန့်အတားမဖြစ်စေသော ဇိကီ၇် စလာမ်တို့ကို အဘယ်ကြောင့်တားမြစ်ရပါသနည်း။ထိုအတူ ခုသ်ွဗဟ်ပါအကြောင်းအရာများကို တင်ကြိုသိ၇ှိထားလျှင်လည်း နားထောင်ရန်အဘယ်ကြောင့် ၀ါဂျီဗ်ဖြစ်ရသနည်း။ ထို့ကြောင့် ရှရီအသ်တရားတော် အရ ခုသ်ွဗဟ်၏အဓိကရည်ရွယ်ချက်မှာ အလ္လာဟ်၏ ဇိကိရ် တော်သာဖြစ်ကြောင်းရှင်းနေသည်။
အပိုင်း (၂)
ခုသ်ွဗဟ်ကိုနားမလည်မှတော့ ဖတ်ပြီး ဘာထူးမှာလဲ ဟူသောစောတက၏အဖြေမှာ
ကေရာအသ်တွင်လည်း ထိုကဲ့သို့ စောတကတက်နိုင်ပါသည်။ သို့ဆိုလျှင် ယင်းကျမ်းမြတ်၏စကားများကို နမားဇ်တွင်းတွင် နမာဇီတို့ နာလည်သောဘာသာစကားဖြင့်ဖတ်ရမလိုဖြစ်နေပေတော့သည်။ထို့ကြောင့် ကုရ်အာန်ကို အရ်ဗီလိုဖတ်ခြင်းသည် အိဗာဒသ်ဖြစ်သည့် နည်းတူ ခုသ်ွဗဟ်ကိုလဲ အရ်ဗီလိုပင်ဖတ်၇မည်။ ခုသ်ွဗဟ်ဖတ်နေစဉ် ခုသ်ွဗဟ်ကိုဘာသာပြန်ခြင်းသည်လည်း မပိုင်ပါ။ အဘယ်ကြောင့်ဆိုသော ဘာသာပြန်ခြင်းဖြင့်ဂျူမုအဟ်နှင့် ခုသ်ွဗဟ် ကြားခြားနားမှု ဖြစ်သောကြောင့်တည်း။ ထို့အတူ ဖိကဟ်ကျမ်းများတွင် ခုသ်ွဗဟ်တွင် (သဟ်မီးဒ် ဒရူဒ် ဒိုအာ) စသည်ဖြင့် အချက်၁၀ ချက်ပါဝင်ရန် စွန်နသ်ဖြစ်ကြောင်းဖော်ပြထားသကဲ့သို့ ခုသ်ွဗဟ်တိုတို ဖတ်ခြင်း သည်လည်းစွန်နသ်ဖြစ်ကြောင်းရေးသားထားသည်။ အချက်၁၀ ချက်လုံးဖတ်ပြီး အဓိပ်ပယ်ပါရှင်းပြနေလျှင်ခုသ်ွဗဟ်သည် နှစ်ဆမက ရှည်သွားမည်။ ရှည်မှာ စိုးပြီး (၁၀) ချက်လုံးမပါဝင်ပြန်လျှင် စွန်နသ်နှင့်ဆန့်ကျင်သွားသည်။ ဘာသာပြန်ခြင်းဖြင့်စွန်နသ်ကို လက်လွှတ်လိုက် ၇မည်။ ထို့ကြောင့် ဂျူမုအဟ် နှင့် အီးဒ် နမာဇ်းများ၏ ခုသ်ွဗဟ်အားအရ်ဗီဘာသာဖြင့် ဖတ်ခြင်းသည် စွန်နသ်ဖြစ်ကြောင်း အခြားဘာသားစကားဖြင့်ဖတ်ခြင်းသည် ဗိဒ်အသ်ဖြစ်ကြောင်း သာသနာ့ပညာရှင် များက တားမြစ်ရခြင်းသာဖြစ်သည်။


If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Friday, May 24, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ပညာရှင်များ အဖွဲ့ချုပ်သို့ ဓမ္မသတ်မေးမြန်းခြင်း (ဘာသာပြန်)

အောက်ဖော်ပြပါ မေးခွန်းများနှင့် ပတ်သက်၍ သာသနာ့ပညာရှင်များ မည်သို့ အမိန့်ရှိပါသနည်း။
မေးခွန်း အမှတ်စဉ် (၁)
(အို-မုအ်မင်န်အပေါင်းတို့)အသင်တို့ အပေါ် ၀ယ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် ဖရဿ် ပြဋ္ဌာန်းပြီး ဖြစ်ချေပြီ။ အမှန်စင်စစ် ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း သည် အသင်တို့အဖို့ (သဘာဝအလျောက်) ရွံရှာစက်ဆုပ် (၀န်လေး)ဘွယ်ရာပင် ဖြစ်ချေသည်။ သို့ရာတွင် အသင်တို့သည် တစ်စုံတစ်ရာကို ရွံရှာစက်ဆုပ်သော်လည်း စင်စစ်မှာ ထိုအရာ သည် အသင်တို့အဖို့ အကောင်းဖြစ်တန်ရာ၏။ ထိုနည်း တူပင် အသင်တို့သည် တစ်စုံတစ်ရာကို နှစ်သက် သော်လည်း စင်စစ် မှာ ထိုအရာသည် အသင်တို့အဖို့ အဆိုးဖြစ်တန်ရာသည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ် သည်သာလျှင် (အကောင်း နှင့်အဆိုးကို တပ်အပ်သေချာစွာ)သိရှိတော်မူ၏။ အသင်တို့မူ ကား (တစ်စုံတစ်ရာကိုမျှ တိကျသေချာစွာ) သိနားလည်ကြ သည် မဟုတ်ကြချေ။
ဤအာသ်တော်မှ မည်သည့်အမိန့် ပညတ်ချက် အတည်ဖြစ်ပါသနည်း။ ထို အမိန့်ပညတ်ချက်တော်မှ ကျွန်ုပ်တို့(မြန်မာနိုင်ငံသားများ) အဘယ့်ကြောင့် လွတ်ကင်းနေပါသနည်း။ ( မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံပါးတွင် အမှန်တကယ် ခွင့်ပြုချက်ရှိသော အချက်အား ပြသပေးပါ။ ဆိုလိုသည်မှာ- ကုရ်အာန်၊ ဟဒီးဆ်ဖြင့် အတည်ပြုနိုင်သော ချွင်းချက်ကို ပြသပေးပါ။ လူသား၏ ဦးနှောက် သို့မဟုတ် အတွေးခေါ်ပညာရှင်တစ်ဦး၏ အတွေးအခေါ်အယူအဆပေါ် တည်မှီ၊အခြေခံနေသော ချွင်းချက်မျိုးကို မဆိုလိုပါ။)
မေးခွန်း အမှတ်စဉ် (၂)
ထို့ပြင် အသင်တို့သည် ထိုကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့နှင့် ပြိုင်ဆိုင်(တိုက်ခိုက်)ရန် အလို့ငှာ မိမိတို့တတ်စွမ်းသမျှ(လက်နက်အစရှိသော)အင်အားကိုလည်းကောင်း၊မွေးမြူထားသောမြင်းများကို လည်းကောင်း၊ အဆင်သင့် စုဆောင်း၍ ထားရှိကြလေကုန်။ (သို့မှသာလျှင်) အသင်တို့သည်ထိုလက်နက်အင်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ရန်သူများကိုလည်းကောင်း၊ မိမိတို့၏ရန်သူများကိုလည်းကောင်း၊ ထိုသူတို့အပြင် အခြားအကြင်သူတို့ကို လည်းကောင်း ခြောက်လှန့်၍ထားနိုင်ကြပေမည်။ ထိုသူတို့အား အသင်တို့သည် မသိကြချေ။(သို့ရာတွင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သိရှိတော်မူ၏။ ထို့ပြင်တ၀ အသင်တို့ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌သုံးစွဲသမျှတို့ကို (ထိုအရှင်မြတ်သည်) အသင်တို့အား ပြည်စုံစွာချီးမြှင့်တော်မူအံ့။ စင်စစ်သော်ကား အသင်တို့သည် (အနည်းငယ်မျှ) ယုတ်လျော့၍ပေးခြင်းကို ခံကြရလိမ့်မည် မဟုတ်ပေ။
ဤအာယသ်တော်တွင် အမိန့်ပေးခြင်း၏ အဓိပ္ပါယ် ၁၆ခု အနက် မည်သည့် အဓိပ္ပါယ်အား ဆိုလိုပါသနည်း။ အကယ်၍ ဝါဂျစ်ဗ် ဟူသော အဓိပ္ပါယ်ဖြစ်လျှင် မည်သည့် အကြောင်းပြချက်တို့ဖြင့် ဝါဂျစ်ဗ်တာဝန်ပလပ်သွားနိုင်ပါသနည်း။ အကယ်၍ ဝါဂျစ်ဗ် ဟူသော အဓိပ္ပါယ်မဟုတ်ပါက အမိန့်ပေးခြင်း၏ မူလအဓိပ္ပါယ်ဖြစ်သော ဝါဂျစ်ဗ်မှ အခြားအဓိပ္ပါယ်သို့ ရောက်သွားစေသော ရည်ညွှန်းချက်အရိပ်အမြွတ်အား ပြသပေးပါ။
မေးခွန်း အမှတ်စဉ် (၃)
တိုက်ခိုက်နေသော ရန်သူသည် အသက်၊ စည်းစိမ်တို့၏ ဦးတည်တိုက်ခိုက်နေသည်။ ယင်း ရန်သူအား ခုခံရန် မည်သို့ အမိန့်ပညတ်ချက် ရှိပါသနည်း။ (တရားတော်၏ အမိန့်ကိုသာလျှင် အမိန့်ရှိပါရန်။ ဦးဏှောက်ပေါ်အခြေခံသည့် အမိန့်အား မပြသပါရန်။) ရန်သူတို့သည် တိုက်ခိုက်မှု့ ပြုလာပါက စွဗ်ရ်(သီးခံမြိုသိပ်ခြင်း)၊ ခွင့်လွှတ်ပေးခြင်းနှင့် မခုခံပဲ အသက်၊စည်းစိမ်တို့အား ပေးဆပ်လိုက်ခြင်းသည် မည်သို့ဖြစ်မည်နည်း။ ထိုသူ၏ အသက်ဆုံးရှုံးသွားမှု့နှင့် ပတ်သက်၍ မည်သို့ အမိန့်ရှိမည်နည်း။ ရှဟီးဒ်ဖြစ်မည်လော သို့မဟုတ် မိမိအသက်တစ်ချောင်းအား ဖျက်ဆီးပစ်ခြင်းလော။ ထိုသူ၏ စည်းစိမ်နှင့် ပတ်သက်၍ မည်သို့ အမိန့်ရှိမည်နည်း။ ပျက်ဆီးသွားသော ပစ္စည်းဖြစ်မည်လော သို့မဟုတ် ဆွဒကဟ် ဖြစ်မည်လော။
မေးခွန်း အမှတ်စဉ် (၄)
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ပါလေ။ အသင်၌ အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိချေ)။ သို့ရာတွင် အသင်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) တိုက်တွန်းနှိုးဆော်လျက်ရှိပါလေ။ မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သောသူတို့၏အင်အားကို ဟန့်တားတော်မူဘွယ်ရာရှိ၏။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးမားဆုံးသောအရှင်ဖြစ်တော်မူသည့်ပြင်၊ ပြစ်ဒဏ်ပေးတော်မူရာ၌လည်း အပြင်းထန်ဆုံးသောအရှင် ဖြစ်တော်မူပေသတည်း။
ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်၏ သာသနာအတွက် စစ်မက်တိုက်ခိုက်ခြင်းသည် ကာဖရ်တို့၏ မတရားညှင်းပမ်းနှိပ်စက်မှု့ကို ဟန့်တားပေးနိုင်သော အရာဟူ၍ ပြသထားပေသည်။ ဆိုလိုသည်မှာ- အရှင်မြတ် သာသနာအတွက် စစ်မက်တိုက်ခိုက်ခြင်း၏ ဘရကသ်မင်္ဂလာဖြင့် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကာဖရ်တို့၏ မတရားအနိုင်ကျင့်မှု့၊ ညှင်းပမ်းနှိပ်စက်မှု့တို့အား ဟန့်တားပေးတော်မူမည်။ အကယ်၍ ထိုပညတ်တော်၏ ဆန့်ကျင်ဖက် အထောက်အထားရှိခဲ့ပါလျှင် သို့မဟုတ် အခြားလုပ်ရပ်တစ်ခုအား ပြုလိုက်ပါကလည်း ထိုကဲ့သို့ (ကာဖရ်တို့၏ မတရားညှင်းပမ်းမှု့အား တားမြစ်ပေးမည် ဆိုသော) အကျိုးကျေးဇူး ရနိုင်ပါသည်ဟု ကုရ်အာန်၊ ဟဒီးဆ်တွင် ပါရှိပါလျှင် ပြသ၊အသိပေးပါရန် ရိုသေလေးစားစွာဖြင့် တောင်းဆိုအပ်ပါသည်။
မေးခွန်း အမှတ်စဉ် (၅)
ကာဖရ်၊မွရှ်ရစ်က်များနှင့် ပြေငြိမ်းရေးလုပ်ခြင်း သို့မဟုတ် (မွတ်စ်လင်မ်များ၏ စုပေါင်းစပ်ပေါင်း ငွေဖြင့်) ကာဖရ်တို့အား လာဘ်ပေး၍ ၎င်းတို့၏ မတရားနှိပ်စက်မှု့များမှ ဟန့်တားရန် ကြိုးစားခြင်းသည် မည်သည့်နေရာတွင် လာရှိထားပါသနည်း။ (အထောက်အထားအား ကုရ်အာန်၊ ဟဒီးဆ်နှင့် ဖိကဟ်မှသာ တောင်းဆိုခြင်းဖြစ်ပါသည်။) အတွေ့အကြုံအရ ထို့အတူ လက်တွေ့တွင် မြင်တွေ့နေရသည်မှာ- ၎င်းကာဖရ်တို့သည် တစ်ဖက်မှ ငွေယူ၍ အခြားတစ်ဖက်တွင် မွတ်စ်လင်မ်များအား တိုက်ခိုက်လျှက်သာ ရှိနေ၏။
မေးခွန်း အမှတ်စဉ် (၆)
အကယ်၍ ကာဖရ်များအား အစ္စလာမ်သာသနာဖက်သို့ ဖိတ်ခေါ်လိုပါလျှင် မည်သို့ ပြုမူရမည်နည်း။  ခြုံငုံဖော်ပြခြင်းဖြင့် ဖိတ်ခေါ်ရမည်လော သို့မဟုတ် အသေးစိတ်လော။ အထက်စီးမှ ခပ်ရင့်ရင့် ဖိတ်ခေါ်ရမည်လော သို့မဟုတ် ခြေထောက်ကိုင်၍လော။ လေးစားအပ်ပါသော လူကြီးမင်းခင်ဗျာ... ကုရ်အာန်၊ဟဒီးဆ် သို့မဟုတ် ဖိကဟ်မှ ဖိတ်ခေါ်ရမည့် ပုံစံကို ကိုးကားတင်ပြပေးပါ။ ( မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်အား ထောက်ထား၍ အစ္စလာမ်သာသနာ မလွှမ်းမိုးမှီ အချိန်က အဖြစ်အပျက်များနှင့် ပြုကျင့်ရန် တာဝန်မရှိတော့သည့် အမိန့်တော်များအား အထောက်အထားမပေးပါရန်။)
မေးခွန်း အမှတ်စဉ် (၇)
မွတ်စ်လင်မ်များ အသတ်ခံရမည်ဟု စိုးရိမ်ရခြင်း၊ သို့မဟုတ် လက်နက် မရှိခြင်း၊ သာသနာ့ လုပ်ငန်းတစ်ခုခုတွင် ပါဝင်နေခြင်း (ဥပမာ။      ။ ကျောင်းတစ်ကျောင်း၏ ဆရာဖြစ်ခြင်း၊ ဗလီတစ်လုံး၏ အေမာမ်ဖြစ်ခြင်း စသည်ဖြင့်) တို့သည် ဂျေဟားဒ်အား စွန့်လွှတ်ရန်အတွက် ခိုင်လုံသော အကြောင်းပြချက် ဖြစ်နိုင်ပါသလား။ (ဆိုလိုသည်မှာ- ဂျေဟားဒ် တာဝန် ပလပ်ခွင့် ရရှိရန် ဤအချက်အလက်တို့သည် တရားတော်ရှု့ထောင့်အရ အကြောင်းပြချက် ဖြစ်နိုင်ပါသလား။ အမှန်ဆိုလျှင် ဂျေဟားဒ်အား စွန့်လွှတ်လိုက်သည့် ပုံစံတွင် ရန်သူများ တိုက်ခိုက်လာပါက ကျောင်းများ ပိတ်ရသည်။ ဗလီဝတ်ကျောင်းတော်များ ပြိုကျပျက်ဆီးရသည်။ ထိုသို့ဖြစ်ပြီးနောက် စာသင်ခြင်းနှင့် ရှေ့ဆောင်ဆရာလုပ်ခြင်းတို့ မရှိနိုင်တော့ပေ။)
မေးခွန်း အမှတ်စဉ် (၈)
ရန်သူများ၏ တိုက်ခိုက်မှု့အား ခုခံခြင်းမပြုပဲ ဒိုအာသက်သက်ကိုသာ အမှီသဟဲပြုနေထိုင်ခြင်းနှင့် စပ်လျဉ်း၍ ကိုယ်တော်သခင် (ဆွ) ပြုလုပ်ခဲ့ပါသည်ဟု ဖော်ပြထားသော အဖြစ်အပျက်အကြောင်းအရာ လာရှိထားပါက ဆဟီးဟ်စနဒ်(ခိုင်လုံတိကျသော ဆင့်ဆိုချက်) ဖြင့် အတည်ပြု တင်ပြပေးနိုင်ပါသလား။
မေးခွန်း အမှတ်စဉ် (၉)
အအ်မာလုကွမ် အွမ်မာလုကွမ် ဆိုလိုသည်မှာ အုပ်ချုပ်သူများသည် အသင်တို့၏ ပြုမူကျင့်ကြံပုံအတိုင်း ဖြစ်ပေသည်။ ဤဟဒီးဆ်နှင့် ပတ်သက်၍ ဟဒီးဆ်ပါမောက္ခများ၏ စောဒကများ ရှိနေသော်လည်း ကျွန်တော်တို့၏ မကောင်းသော လုပ်ရပ်များရှိ အမင်္ဂလာကြောင့် ယခုကဲ့သို့ မင်းဆိုးများ အုပ်ချုပ်နေသည်ဟူသော အချက်အား (ဤဟဒီးဆ်တော်ကို အထောက်အထားပေး၍) ပြောဆိုနိုင်ပေသည်။ မေးမြန်းလိုသည်မှာ-  ဤအမင်္ဂလာသည် အခြား ကျင့်မူချက်များတွင် ပေါ့လျော့မှု့၌သာ အဘယ်ကြောင့် ရှိရသနည်း။ ဂျေဟားဒ် (စွန့်လွှတ်မှု့)တွင် ဤအမင်္ဂလာ အဘယ်ကြောင့် မရှိရသနည်း။ အမှန်ဆိုလျှင် အဗူဒါဝူးဒ်ကျမ်း၏ ဆင့်ပြန်ချက်တစ်ခုတွင် မြတ်နဗီ(ဆွ) အမိန့်ရှိတော်မူထား၏။ (ဆိုလိုရင်းမှာ) အကယ်၍ အသင်တို့သည် ရွှေငွေများ ရောင်းဝယ်မှု့တွင် နစ်မွန်းနေမည်၊ ကျွဲ၊နွား တိရိစ္ဆာန်တို့ မွေးမြူထိန်းကျောင်းခြင်းတွင် မွေ့လျောနေမည်၊ လယ်ယာစိုက်ပျိုးခြင်းတွင် ပျော်မွှေ့နေမည်၊ ထို့နောက် ဂျေဟားဒ်အား စွန့်လွှတ်လိုက်ကြမည်ဆိုပါက မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အသင်တို့ မိမိသာသနာဖက်သို့ ပြန်မလှည့်သရွေ့ ကာလပတ်လုံး အမြဲမပြတ် အသင်တို့အား သေးသိမ်စေတော်မူမည်ဖြစ်သည်။  (မူရင်း အစ်သစ်ဖ်သအ် ဓမ္မသတ်မေးမြန်းခြင်းတွင် ဟဒီးဆ်တော်၏ အလိုသဘောအား ရေးသားထားခြင်းမရှိပါ။)
မေးခွန်း အမှတ်စဉ် (၁၀)
ဂျေဟားဒ်၏ အမိန့်သည် မွတ်စ်လင်မ်အားလုံးအတွက် ဖြစ်ပါသလား။ သို့မဟုတ် အုပ်ချုပ်ခွင့်အာဏာရှိသူ၊ လက်နက်ရှိသူတို့နှင့် သီးသန့် သက်ဆိုင်ပါသလား။ အကယ်၍ အုပ်ချုပ်ခွင့်အာဏာရှိသူများနှင့် လက်နက်ပြည့်စုံသောသူများနှင့်သာ သီးသန့် သက်ဆိုင်သည်ဆိုပါက ဤသီးသန့်ဖြစ်မှု့သည် မည်သည့်နေရာ(ကုရ်အာန်၊ဟဒီးဆ်၊ဖိကဟ်)မှ အတည်ဖြစ်လာပါသနည်း။

မေးမြန်းမှု့အပေါ် သုံးသပ်စိတ်ဖြာ၊ ရှင်းလင်းရန်နှင့် အဖြေများ ပို့ပေးရန်အတွက် အီးမေးလ်လိပ်စာ aakanow@gmail.com
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ကျွန်တော်၏ စာပေမကြွယ်ဝမှု့ကြောင့် ဖတ်ရှု့ရာတွင် အဆင်မပြေဖြစ်လျှင် နားလည်ခွင့်လွှတ်ပေးပါရန်နှင့် အွရ်ဒူစာပေအား ကောင်းစွာ နားလည်ပါက မူရင်း ပို့စ်အား ဤနေရာတွင် ဖတ်ရှု့ပေးပါရန်။ ထို့အတူ ပိုမိုကောင်းမွန်အောင် ဘာသာပြန်၍ တင်ဆက်ပေးလိုပါကလည်း တင်ဆက်နိုင်ပြီး ကျွန်တော်၏ ဘာသာပြန်ဆို ရေးသားမှု့အား ဖျက်သိမ်းပေးပါမည်။
ဤဓမ္မသတ်မေးမြန်းခြင်းသည် ကျွန်တော်(ဘရှီရွလ္လာဟ် ဖာရိုကီ)မှ မေးမြန်းထားခြင်း မဟုတ်ပါ။ နားလည်သဘောပေါက်လွဲနေသူ များပြာလာကာ ခဏခဏ အမေးခံနေရသည့်အတွက် ရှင်းပြခြင်း ဖြစ်ပါသည်။ စောဒကများနှင့် အခြားကိစ္စ အဝဝတို့အား လိုက်လံဖြေရှင်းမည်မဟုတ်သောကြောင့် မျှဝေလိုသူများအနေနှင့် ဆင်ဆင်ခြင်ခြင် မျှဝေပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
ဂျေဟားဒ် ဝါဂျစ်ဗ်ထိုက်၊ မထိုက်နှင့် စပ်လျဉ်း၍ မြို့ပေါ်ရှိ အိုလမာသာသနာ့ပညာရျင်များအား မေးမြန်းသူသည် မလုပ်ချင်၍သာ မေးမြန်းခြင်းဖြစ်၏။ အကြောင်းမှာ- မထိုက်ဟု ဖသ်ဝါပေးမည်ကို ကြိုသိနေသောကြောင့်ပင်။ ဂျေဟားဒ်ဖရ်ဇ်ဖြစ်ရန်အတွက် မည်သည့် အိုလမာအဖွဲ့အစည်း၏ ဖသ်ဝါမှ မလိုပေ။ အဘယ်ကြောင့်ဆိုသော် ယခုဖြစ်နေသော ဂျေဟားဒ်သည် ခုခံစစ်သက်သက်သာ ဖြစ်နေ၏။ ခုခံစစ်အတွက် မည်သည့် ဖသ်ဝါမှ မလိုအပ်ပေ။ ထို့အတူ ဂျေဟားဒ်နှင့် ဂျေဟားဒ်ဆိုင်ရာ မတ်စ်အလဟ်များနှင့် ပတ်သက်၍ မြို့နေ မွဖ်သီများအား မေးမြန်းခြင်း မပြုအပ်၊ လက်ရှိ ဂျေဟားဒ်လုပ်နေသော စစ်တလင်းတွင် ရောက်နေသော သို့မဟုတ် ရောက်ဖူးသော မွဖ်သီများကိုသာ မေးမြန်းသင့်သည်။ ဥပမာ စာအုပ်ဖတ်၍ ရေမကူးတတ်၊ ရေထဲဆင်း၍ ရေကူးကျင့်မှ ရေကူးတတ်နိုင်သည်။ (အနီရောင်ဖြင့် နောက်ဆုံးတွင် ရေးသားထားသော စာသားသည် မောင်လာနာ ဟဘီးဘွလ်လာဟ် ဇကရီယာ ဖာရိုကီ၏ ဆုံးမစကားအား မျှဝေခြင်းဖြစ်ပါသည်။)

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...

ရေခဲ့သမျှ လစဉ်