Wednesday, November 16, 2011

ခွသ်တဗါ (၂) အကီဒဟ် ခံယူချက်

ခွသ်တဗါ (၂) အကီဒဟ် ခံယူချက်

မွတ်စ်လင်မ်သူတော်စင်များခင်ဗျား

စွန္နသ်လမ်းစဉ်ပေါ်မှာ ရှိနေတဲ့ ဂျမာအသ်ဝင်တိုင်းဟာ အစ္စလာမ်သာသနာတော်ရဲ့
အခြေခံအကျဆုံးဖြစ်တဲ့ ကလေမဟ်ယှဟာဒသ်ကို ယုံကြည်လက်ခံကြပါတယ်။
ကလိမဟ်ယှဟာဒသ်ဟာ အဓိကအချက်နှစ်ချက်ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
ပထမအချက်ကတော့ အလ္လာဟ်အရှင်မြတ်တစ်ဆူထဲ တစ်ပါးထဲရှိတော်မူတယ် ဆိုတာကို မမှိတ်မသုံ ယုံကြည်လက်ခံရတာပါ။ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော်ကို ဖွင့်ဆိုတားတဲ့ အမည် နာမတော်များကိုလဲ စောဒကမထားဘဲလက်ခံယုံကြည့်ရမည် ။ အဲဒီအရှင်ဟာ စကြဝဠာထဲမှာရှိနေတဲ့ ကမ္ဘာလောကအားလုံးကိုလဲ ဖန်ဆင်းတော်မူတဲ့ အရှင်၊ ရှေးကထဲက တစ်ပါးထဲရှိတော်မူခဲ့တဲအရှင်၊ အမြဲအစဉ်ရှင်သန်နေတော်မူတဲ့ အရှင်၊ အလျားအနံမရှိတဲ့ တန်ခိုးတော်ရှင်၊ အရာရာကို အကြွင်းမဲ့သိတော်မူတဲ့ အရှင်၊ မြင်တော်မူတဲ့ အရှင်ဖြစ်တယ်လို့ ဒွိဟသံသယမရှိ ယုံကြည်ရပါမည်။ လူသားတွေလုပ်ဆောင်ကြတဲ့ ကောင်းမှုအပေါင်းကို သိတော်မူပြီးအဲဒီကောင်းမှု များ အတွက် အကျိုးစပါးဗ်များ ချီးမြှင့်တော်မူတဲ့ အရှင်၊ မိမိအလိုတော်အတိုင်း လုပ်ဆောင်တော်မူတဲ့ အရှင်၊ ကမ္ဘာလောကကြီးမှာ ဖြစ်တယ်လို့လဲ တထစ်ချမှတ်ယူထားရပါမယ်။ အဲဒီအရှင်မြတ်နှင့် ဂုဏ်ရည်တူရယ်လို့ လုံးလုံးမရှိဘူး။ အဲဒီအရှင် မသိတော်မူတာလည်း အလှဉ်းမရှိဘူး။ အဲဒီ အရှင်မလုပ်ဆောင်နိုင်တော်မူတာ အလျဉ်းမရှိဘူးလို့လည်း စွဲစွဲမြဲမြဲမှတ်ယူထားရမည်။ အဲဒီ အရှင်မြတ်နှင့် ဂုဏ်ရည်တူရယ်လို့ လုံးလုံးမရှိဘူး။ အဲဒီအရှင် မသိတော်မူတာလည်း အလျဉ်းမရှိဘူး။ အဲဒီအရှင်မလုပ်ဆောင်နိုင်တော်မူတာလည်း အလျဉ်းမရှိဘူးလို့လည်းမှတ်ယူထားရမယ်။ အဲဒီ အရှင်မြတ်ဟာ သက်ရှိသက်မဲ့တွေအားလုံးကို ဖန်ဆင်းတော်မူတဲ့အရှင်၊ စားနပ်ရိက္ခာ ပေးသနားတော်မူတဲ့ အရှင်၊ သက်ရှိသတ္တဝါတွေကို ရှင်စေ၊ သေဆုံးစေတော်မူတဲ့ အရှင်၊ ဂုဏ်တော်ပေါင်းစုံလွှမ်းခြုံထားတော်မူတဲ့အရှင်၊ တန်ခိုး အမျိုးမျိုးကို လိုအပ်သလိုအသုံးချနိုင်တော်မူတဲ့ အရှင်၊ တစ်မူထူးတဲ့အမြင်အသိ အပြည့်အဝရှိတဲ့ အရှင်လို့လည်း ယုံကြည်ကြရပါမည်။ စာပေကျမ်းဂန်တွေထဲမှာ ရေးသားပြဆိုထားတဲ့အတိုင်း အလ္လာဟ်အရှင်မြတ်အပေါ် ယုံပုံအားထားရဖို့ကတော့ ကျွန်တော်တို့ရဲ့ လက်ငင်းတာဝန်ပါ။

ဒုတိယ အချက်ကတော့ မုဟမ္မဒ် (ဆွ) ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ဗန္ဓဟ်သာမက နဗီရစူလ်တမန်တော်လည်း ဖြစ်တဲ့အကြေင်းလက်ခံရမှာပါ။ ကိုယ်တော်မြတ်ဟာ အစဉ်အမြဲ မှန်ကန်စွာပြောဆိုတော်မူတဲ့ သစ္စာတော်ရှင်ဖြစ်တော်မူတယ်။ ကိုယ်တော် ဟောပြောသင်ပြပေးတဲ့ တရားစကားတွေဟာ မှန်ကန်တဲ့ အမိန့်တော်တွေ ပညတ်တော်တွေဖြစ်တယ်။ ကုရ်အာန်ကျမ်းတော်မြတ်ဟာ အလ္လာဟ် အရှင်မြတ်ရဲ့ နှုတ်တော်ချွေစကားတွေဖြစ်တယ်။ ဒီအရင်ကလည်း အလ္လာဟ်အရှင်မြတ်ရဲ့ နှုတ်တော်ချွေစကားတွေ (ကျမ်းကြီး၊ ကျမ်းငယ်တွေ) ရှိခဲ့ဘူးတယ်။ နဗီတမန်တော်တွေကိုလဲ စေလွှတ်တော်မူခဲ့တယ်။ ကောင်းကင်စံတမန်တော်တွေကိုလဲ ဖန်ဆင်းတော်မူထားတယ်လို့လည်း လုံးဝဥဿုံ ယုံကြည်မှတ်သားထားရမည်။ ကုရ်အာန်ကျမ်းတော်မြတ်အလျှင် ကျရောက်ခဲ့တဲ့ ကျမ်းဂန်တွေကို ယဟူဒီ၊ နဆွာရာနီတို့က အပြောင်းအလွဲ၊ ဗလောင်းဗလဲ လုပ်လိုက်ကြလို့ အဲဒီကျမ်းဂန်တွေမှာပါတဲ့ အမိန့်ပညတ်ချက်တော်တွေအပေါ် လိုက်နာဖို့မလိုတော့ဘူးလို့တားမြစ်ထားပါတယ်။ နှစ်ပေါင်း 1400 ကျော်ကြာခဲ့ပေမဲ့ တစ်လုံးတစ်ပိုဒ်မှ မပြောင်းလဲဘဲ ကနေ့အထိ ပကတိအတိုင်းရှိနေပြီး နောင်ကိယာမသ်နေ့အထိ အပြောင်းအလဲမရှိဘဲတည်နေမဲ့ ကုရ်အာန်ကျမ်းတော်မြတ်မှာ လာရှိတဲ့ အဆိုအမိန့်အတိုင်း ယနေ့လဲ လိုက်နာကျင့်မူရမည့်တာဝန် ရှိနေပါတယ်။ နောင်ကိယာမသ်နေ့အထိ အဲဒီအဆိုအမိန့်အတိုင်းဘဲနေထိုင်ကြရမယ့် တာဝန်ရှိနေပါမည်။ နဗီတမန်တော်မြတ် စိုင်ယိဒိနာ မုဟမ္မဒ်မွတ်စ်တဖွာ (ဆွ) ရဲ့ မေ့ရားဂ်ျခရီးစဉ်ဟာ မှန်ကန်တယ်။ ဝလီသူတော်စင်တွေရဲ့ ကရာမသ် ထူးခြားမှုဆောင်ထားတဲ့ လုပ်ရပ်ဖြစ်စဉ်တွေလဲ မှန်တယ်။ ဆွဟာဗဟ်များဟာ သစ္စာ၊ သမာဓီရှင်များဖြစ်တယ်။ ခလီဖွာကြီးလေးပါးဖြစ်တဲ့ ဟဇရတ်အဗူဗကရ် (ရ) ၊ ဟဇရတ်အွမ္မရ (ရ) ၊ ဟဇရတ်အွတ်စ်မာန် (ရ) နှင့် ဟဇရတ်အလီ (ရ) တို့ဟာ လူသားတေါထဲမှာ ဂုဏ်အင်ဒြပ်အထပ်ထပ်နဲ့ ပြည့်ဖြိုးတဲ့ အဓိပတိ ဆွဟာဗဟ်ကြီးများဖြစ်တယ်ဆိုတာကိုတော့ ချွင်းချက်မဲ့ခံယူထားရမည်။

မွတ်စ်လင်းမ်အပေါင်းတို့ခင်ဗျား

ကျွန်တော်အစီရင်ခံခဲ့တဲ့ ယုံကြည်လက်ခံရမည့် မှန်ကန်တဲ့ တရားစကားတွေ အပြင်၊ နောက်လဲ ယုံကြည်လက်ခံရမဲ့ တရားစကားအမှန်အကန် တွေရှိနေပါသေးတယ်။ သေဆုံးလို့ သင်္ချိုင်းထဲက တစ်နေ့ ဧကန်အမှန် ပြန်ပြီးရှင်ထာရမည်ဆိုတာမှန်တယ်။ လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတေါ၊ အကုသိုလ်မကောင်းမှုတွေနှင့် ပတ်သက်ပြီးကိယာမတ်နေ့မှာ စစ်မေးမည်ဆိုတာမှန်တယ်။ ကောင်ဝ်စရ်ရေကန်တော်ကရေကို သူတော်ကောင်းတွေသာ သောက်သုံးရမည်ဆိုတာ မှန်တယ်။ ဂျဟန္နမ် အပေါ်က ဆံပင်ထက်ပါးပြီး သင်ဓုန်းဒါးသွားတဲ့ ထက်တဲ့ စိရာတ်တံတားကို ဖြတ်လျှောက်ရမည်ဆိုတမှန်တယ်။ ပါပညစ်ကျု မကောင်းမှု ကျူးလွန်ခဲ့တဲ့သူတွေ အဲဒီစိရာတ်တံတားပေါ်ကဖြတ်ကျော်ရတဲ့အခါ ပြတ်ပြီးငရဲဘုံထဲကို ကျကြမည်၊ သူတော်ကေင်းတွေသာ အဲဒီ စိရာတ် တံတးပေါ်က ဖြတ်သန်းပြီး ဂျန္နတ်သုခဘုံကို ရောက်သွားကြည်ဆိုတာမှန်တယ်လို့ ယုံကြည်ရပါမည်။
ဒါတွေမကသေးပါဘူး။ တမန်တော်မြတ် စိုင်ယ်ယိဒိနာ မုဟမ္မဒ်မွတ်စ်တဖှာ (ဆွ)ကိုယ်တော်တိုင် ရှဖွာအသ်ကြားဝင် အသနားခံပန်ကြားပေးတော်မူမည်။ ဂျန္နသ်သူခဘုံ၊ ဂျဟန္နမ် အပါယ်ငရဲဘုံဆိုတာ အစဉ်အမြဲ ရှိနေပြီး၊ အဲဒီဘုံတွေကို ရောက်သွားကြတဲ့ သူတွေဟာ ကွယ်လွန်ရတယ်၊ သေဆုံးရတယ်လို့ မရှိတော့ဘဲ အစဉ်အမြဲ စခန်းချနေထိုင်ကြရမည်ဆိုတာကိုလဲ ယုံကြည်လက်ခံရပါတယ်။

သူတော်စင်များခင်ဗျား

အို အီမန်သက်ဝင်ယုံကြည်သူအပေါင်းတို့...သင်တို့အလ္လာဟ်အရှင်မြတ်ကို နဗီတမန်တော်မြတ်(ဆွ)ကို
အလ္လာဟ်အရှင်မြတ်ချပေးတော်မူတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို အရင့်အရင်က ချပေးတော်မူခဲ့တဲ့ကျမ်းတွေကို သက်ဝင်ယုံကြည်ကြ။ အလ္လာဟ်အရှင်မြတ်ကို အဲဒီအရှင်မြတ်ရဲ့ စေတမန်တော်တွေကို အဲဒီအရှင်မြတ်ရဲ့ ကောင်းကင်တမန်တော်တွေကို အဲဒီအရှင်မြတ်ထုတ်ပြန်ထားတဲ့ကျမ်းတော်တွေကို၊ ကိယာမသ်နေ့ကို မယုံကြည်ဘဲ ငြင်းဆန်လက်မခံတဲ့သူဟာ တရားလမ်းတော်နဲ့တော့်ကိုဘဲ ဝေးသွားပြီလို့ ကုရ်အာန်ကျမ်းတော်မြတ်မှာ သတိပေးတော်မူထားပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို အစ္စလာမ်သာသနာတော်ပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင်ထားတော်မူဘို့၊ အီမန်နဲ့တကွသေဆုံးခွင့်ရဘို့၊
ကဗရ်ရဲ့ အဇားဗ် ပြစ်ဒဏ်တိုင်းက ထိန်းသိမ်းပေးတော်မူဘို့နဲ့ ဂျန္နသ်ရွှေပြည်မြတ်ပေးအပ်တော်မူဘို့
ဒုအာပြုရင်း ဒီကနေ့ ခွသ်တဗါကို နိဂုံးချုပ်လိုက်ပါတယ်။


မှတ်ချက်....ခွသ်တဗါသွလ်အဟ်ကားမ်ကျမ်း၊

ဟကီမွလ် အွမ္မသ် ဟဇရသ် မော်လာနာ အရှ်ရဖ် အလီထာနဝီ...
ကူညီရေးသားပေးသူ.....သားကြီး

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Thursday, November 10, 2011

ဟဒီးဆ်တော်(၄၀) အမှတ်စဉ် (၃)

တမန်တော်မြတ်(ဆွ)၏ သြဝဒတော်များသည် မွတ်စ်လင်မ်များအဖို့ ကုရ်အာန်ကျမ်းတော်မြတ်၏နောက်ပိုင်းတွင် အရေးကြီးဆုံးသော သြဝဒတော်များဖြစ်၏။
မွတ်စ်လင်မ်များအနေနှင့် ယင်းသြဝဒတော်များကို အာဂုံဆောင်ထားခြင်း၊ လက်တွေ့လိုက်နာကျင့်သုံးခြင်းနှင့်
သူတစ်ပါးတို့အား သင်ကြားပို့ချခြင်းတို့မှာ အတိုင်းမရှိ ထူးမြတ်လှပေသည်။

၁။ လုပ်ငန်းဆောင်တာဟူသရွေ့သည် ရည်ရွယ်ချက်အပေါ် မူတည်၏။ ( ဗိုခါရီကျမ်း - မုစ်လင်မ်ကျမ်း )

၂။ သန့်ရှင်းစင်ကြယ်မှုသည် အီမန်ထက်ဝက်ဖြစ်သည်။ ( မုစ်လင်မ်ကျမ်း )

၃။ နမာဇ်သည်သာသနာတော်၏ မဏ္ဍိုင်ဖြစ်၏။ ထိုနမာဇ်ကို စွန့်လွှတ်သူသည် သာသနာတော်ကို
ဖြိုဖျက်ခဲ့သည်သာ။ (အဟ်ယာအွလ်အုလူမ်ကျမ်း)

၎။ နမာဇ်ဝတ်ပြုရာ၌ ဖြောင့်တန်းစွာ တန်းစီကြလော့။ သို့မဟုတ်လျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့
စိတ်နှလုံးများတွင် ကွဲလွဲမှုကို ဖန်တီးတော်မူမည်။ ( မုစ်လင်မ်ကျမ်း )

၅။ နမာဇ်ဝတ်ပြုမှုမရှိသောသူ၌ ဒီးန်သာသနာမရှိပေ။ (ဒုရ်ရေမန်ဆူးရ်ကျမ်း)

၆။ ပညာဆည်းပူးခြင်းသည် မုစ်လင်မ်တိုင်းအပေါ်၌ ဖရဇ်တာဝန်ဖြစ်သည်။ ( မိရှ်ကားသ်ကျမ်း)

၇။ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဆုမွန်ဒိုအာထက် ပိုမိုနှစ်သက်ဖွယ်ရာဟူ၍ မရှိပေ။ ( မိရှ်ကားသ်ကျမ်း)

၈။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ တောင်းခံခြင်းမပြုလျှင် အရှင်မြတ်သည် ထိုသူ့အပေါ်၌
အမျက်ထွက်တော်မူ၏။ ( သိရ်မိဇီကျမ်း )

၉။ သင်တို့အနက် မည်သူမဆို ငါကိုယ်တော်မြတ်(ဆွ)အား မိမိဖခင်၊ မိမိသားနှင့် လူခပ်သိမ်းတို့ထက်ပို၍
မြတ်နိုးခြင်းမရှိသမျှ ထိုသူသည် မုအ်မင်န်မဖြစ်နိုင်။ (ဗိုခါရီကျမ်း)

၁၀။ မုအ်မင်န်တို့အနက် စာရိတ္တအားဖြင့် အကောင်းဆုံးသောသူသည် အိမာမ်ပို၍ ပြည့်စုံသောသူဖြစ်၏။ (အဗူဒါဝူးဒ်ကျမ်း)

၁၁။ သင်တို့အနက် အမွန်မြတ်ဆုံးသောသူမှာ မိမိကိုယ်တိုင် ကုရ်အာန်တတ်အောင်သင်ယူ၍ သူတစ်ပါးတို့အား သင်ကြားပို့ချသောသူပင်ဖြစ်၏။ (ဗိုခါရီကျမ်း)

၁၂။ (သာသနာရေး၌ အထောက်အထားမရှိဘဲ) ဗိဒ်အသ် အသစ်တီထွင်သမျှသည် လမ်းမှားခြင်းပင်ဖြစ်၏။
( မုစ်လင်မ်ကျမ်း )

၁၃။ အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ယောက်အား ကောင်းစားစေတော်မူလျှင် ထိုသူ့အား သာသနာရေး အသိဥာဏ်ကို ချီးမြှင့်တောမူ၏။ ( ဗိုခါရီကျမ်း - မုစ်လင်မ်ကျမ်း )

၁၄။ လောကကိုခင်တွယ်ခြင်းသည် ပြစ်မှုတိုင်း၏ အရင်းမူလဖြစ်သည်။ ( ဗိုင်ဟကီကျမ်း )

၁၅။ ဤလောကတွင် ထင်ပေါ်ကျော်ကြားရန် ဝတ်စားတန်ဆာကို ဝတ်ဆင်သောသူအား အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ဂုဏ်သရေ ယုတ်ညံစေသော ဝတ်စားတန်ဆာကို ဝတ်ဆင်စေတော်မူမည်။ (အဗူဒါဝူးဒ်ကျမ်း)

၁၆။ သင်တို့အနက် မည်သူမဆို ၎င်း၏အလိုဆန္ဒသည် ငါကိုယ်တော်မြတ်(ဆွ)ယူဆောင်လာသော သာသနာတော်နှင့် မကိုက်ညီသူမျှ ထိုသူသည် မုအ်မင်န်မဖြစ်နိုင်။ (အဗူဒါဝူးဒ်ကျမ်း)

၁၇။ သင်တို့သည် အာခိရသ်ကိုရှာဖွေလိုလားသူများဖြစ်ကြလော့။ လောကီ၏(အကျိုး)ကို ရှာဖွေလိုလားသူများမဖြစ်ကြလင့်။ (အဗူဒါဝူးဒ်ကျမ်း)

၁၈။ အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးကောင်းမှုမှာ ပမာဏအားဖြင့် နည်းသော်လည်း အမြဲပြုလုပ်သော ကောင်းမှုပင်ဖြစ်ပေသည်။ (အဗူဒါဝူးဒ်ကျမ်း)

၁၉။ မည်သူမဆို တစ်နေ့ အကြိမ်(၁၀၀) (စွဗ်ဟာနလ္လာဟိ ဝဗိဟမ်းဒိဟီ) ရွတ်ဆိုခဲ့သော် ၎င်း၏ပြစ်မှုများသည် ပင်လယ်ရေမြှုပ်နှင့်အမျှ များပြားလှသော်လည်း ပယ်ဖျက်ခြင်းခံရမည်။ (ဗိုခါရီကျမ်း)

၂၀။ ဖန်ဆင်းတော်မူသောအရှင်မြတ်၏ အမိန့်တော်နှင့် ဆန့်ကျင်၍ မည်သူတစ်ဦးတစ်ယောက်၏ အမိန့်ကိုမျှ မနာခံရ။ ( မိရှ်ကားသ်ကျမ်း)

၂၁။ တစ်စုံတစ်ရာကောင်းလျှင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ကောင်းလော့။ အကူအညီတောင်းခံလျှင် အလ္လာဟ်အရှင်မြတ်ထံတွင် တောင်းခံလော့။ ( သိရ်မိဇီကျမ်း )

၂၂။ မည်သူမဆို ကောင်းမှုပြုလုပ်ရန် ညွှန်ပြခဲ့သော် ထိုသူသည် ယင်းကောင်းမှုကို ပြုလုပ်သောသူနှင့် အညီအမျှ အကျိုးစဝါးဗ်ရရှိပေမည်။ ( သိရ်မိဇီကျမ်း )

၂၃။ မိမိစိတ်ကို နိုင်နင်း၍ တမန်လွန်ဘဝ၏ကောင်းရာကောင်းကြေင်းကို ဆောင်ရွက်သောသူသည် အသိဥာဏ်ရှိသူဖြစ်၏။ ( သိရ်မိဇီကျမ်း )

၂၄။ ငါကိုယ်တော်မြတ်(ဆွ)သည် သင်တို့ထံတွင် နှစ်ခုသောအရာကို ထားရှိတော်မူခဲ့၏။ သင်တို့သည် ထိုနှစ်ခုစလုံးကို ခိုင်မြဲစွာကိုင်ထားသမျှကာလပတ်လုံး လမ်းလွဲကြမည်မဟုတ်ပေ။ ထိုနှစ်ခုကား အလ္လာဟ်အရှင်မြတ်၏ကျမ်းမြတ်နှင့် ငါကိုယ်တော်မြတ်(ဆွ)၏ စွန္နသ်တော်ပင်ဖြစ်၏။ ( မိရှ်ကားသ်ကျမ်း)

၂၅။ မည်သူမဆို ကုရ်အာန်ကျမ်းတော်မြတ်ကို မိမိထင်မြင်ယူဆချက်အရ ဖွင့်ဆိုခဲ့သော် ထိုသူသည် ဂျဟန္နမ်ငရဲဘုံကို မိမိ၏နေရာဠာအဖြစ် သတ်မှတ်လေကုန်။ ( သိရ်မိဇီကျမ်း )

၂၆။ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ရုပ်ရည်နှင့်ဥစ္စာပစ္စည်းတို့ကို ကြည့်တော်မူသည်မဟုတ်။ စင်စစ် သင်တို့၏ စိတ်နှလုံးနှင့် ပြုမူဆောင်ရွက်ချက်တို့ကိုသာ ကြည့်တော်မူ၏။  ( မုစ်လင်မ်ကျမ်း )

၂၇။ အလ္လာဟ်အရှင်မြတ်၏အမိန့်ကို လိုက်နာခြင်းငှာ မိမိစိတ်ကို အတိုက်အခံပြုသောသူသည် မုဂျာဟိဒ် ဖြစ်၏။  ( ဗိုင်ဟကီကျမ်း )


၂၈။ အလ္လာဟ်အရှင်မြတ်သည် အသက်မငင်မီအတွင်း သောင်ဝ်ဗဟ်ပြုသေညသူ၏ သောင်ဝ်ဗဟ်ကို လက်ခံတော်မူ၏။  ( ဗိုင်ဟကီကျမ်း )


၂၉။ လူသည် မိမိအပြစ်ကိုဝန်ခံ၍ တောင်းပန်ခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူမည်။  ( မုစ်လင်မ်ကျမ်း )

၃၀။ ကောင်းသောစကားပြောဆိုခြင်းသည် အလှူဒါနပြုခြင်းပင်ဖြစ်၏။  ( ဗိုခါရီကျမ်း - မုစ်လင်မ်ကျမ်း )

၃၁။ မှန်ကန်စွာပြောဆိုသော၊ သစ္စာရှိသော၊ ကုန်သည်သည်(ကိယာမသ်)နေ့တွင် နဗီတမန်တော်မျာ၊ ဆွိဒ္ဒီးက် သစ္စာဝါဒီများအပြင် အရှင့်လမ်းတော်၌ အသက်စွန့်ခဲ့ကြသော ရှဟီးဒ်များနှင့် အတူနေရမည်။  (သိရ်မိဇီကျမ်း )

၃၂။ ဟလာလ်ပစ္စည်းရှာဖွေခြင်းသည်(နမာဇ်အစရှိသော)ဖရဇ်တာဝန်များ၏နောက်ပိုင်းတွင် ဖရဇ်တာဝန်ဖြစ်သည်။  ( ဗိုင်ဟကီကျမ်း )


၃၃။ သင်တို့သည် အထင်လွဲခြင်းမှ ကြဉ်ရှောင်ကြလော့။ အထင်လွဲခြင်းသည် များသောအားဖြင့် မဟုတ်မမှန်သောဖြစ်တတ်၏။  ( ဗိုခါရီကျမ်း - မုစ်လင်မ်ကျမ်း )

၃၄။ လူသားမှန်သမျှ အပြစ်ကျုးလွန်သူးမျာသာဖြစ်ကြ၏။ အပြစ်ကျုးလွန်သူတို့အနက် အကောင်းဆုံးသောသူတို့မှာ အပြစ်ကို ဝန်ချတောင်းပန်သူများပင်ဖြစ်၏။  ( သိရ်မိဇီကျမ်း )

၃၅။ ငါ၏အွမ္မသ်တွင် ပျက်စီးရာပျက်စီးကြောင်းများ ပေါ်ပေါက်လာသောအခါမျိုးတွင် ငါ၏စွန္နသ်တော်ကို ခိုင်မြဲစွာကိုင်ထား၍ လိုက်နာကျင့်သုံးသူသည် ရှဟီဒီပေါင်း(၁၀၀)၏ အကျိုးစဝါးဗ်ကို ချီးမြှင့်ခံရမည်။  (မိရှ်ကားသ်ကျမ်း)

၃၆။ တမန်တော်မြတ်(ဆွ)သည် မိန်းမအသွင်ဆောင်သော(မိန်းမလျှာ) ယောက်ျားများနှင့် ယောက်ျားအသွင်ဆောင်သော(ယောက်ျားလျှာ)
ထိုနှစ်ဦးအား လအ်နသ်(ကျိန်စာ) ပို့တော်မူခဲ့၏။ ထို့အပြင် ၎င်းတို့အား မိမိအိမ်မှ နှင်ထုတ်ရန် ညွှန်ကြားတော်မူခဲ့၏။  (ဗိုခါရီကျမ်း)

၃၇။ မုစ်လင်မ်ညီနောင်တစ်ဦး ဒုက္ခရောက်နေသည်ကိုမြင်၍ ဝမ်းမသာလေနှင့် သို့မဟုတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ဂရုဏာပြုတော်မူ၍ အသင့်အား ဒုက္ခရောက်စေကောင်းရောက်စေတော်မူမည်။  ( သိရ်မိဇီကျမ်း )

၃၈။ အကြင်သူသည် လူတို့အား ပြစားရန် နမာဇ်ဝတ်ပြုခဲ့သော် ထိုသူသည် (ရှစ်ရ်က်) ကျုးလွန်ခဲ့သည်ဖြစ်၏။ အကြင်သူသည် လူတို့အား ပြစားရန် ရိုဇဟ်စောင်ခဲ့သော် ထိုသူသည် (ရှစ်ရ်က်) ကို
လွန်ခဲ့သည်ဖြစ်၏။ အကြင်သူသည် လူတို့အား ပြစားရန် အလှူဒါနပြုခဲ့သော် ထိုသူသည် (ရှစ်ရ်က်)ကို ကျုးလွန်ခဲ့သူဖြစ်။  ( မိရှ်ကားသ်ကျမ်း)

၃၉။ မည်သူမဆို ငါကိုယ်တော်မြတ်(ဆွ)အပေါ်ဝယ် ဆလဝါးသ်တစ်ကြိမ်ပို့သခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ်၌ ဆယ်ကြိမ်ဂရုဏာတော်ပို့တော်မူမည်။  (ဗိုခါရီကျမ်း)

၄၀။ အရသာပေါင်းကို ပပျောက်စေသောသေခြင်းတရားကို များစွာသတိရာကြကုန်လော့။  ( သိရ်မိဇီကျမ်း )


 မွတ်စလင်မ်တိုင်း ဟဒီးဆ်၏အရေးပါးမူကို ကောင်းစွာသဘောပေါက်ပြီး အရှိတရားကို အသိတရားနှင့်ပေါင်းစပ်၍ အမှန်တရားကိုလက်ခံကျင့်သုံးကာ မွတ်စလင်မ်ဘဝသရုပ်ကို ပီပြင်စွာထုဆစ်နိုင်ကြပါစေ။(အာမီးန်)

 မှတ်ချက် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်

 

သာသနာ့ အသိတရားပြန့်ပွားစေရန် အဆင့်ဆင့်မျှယူမျှဝေဖြန့်ချိခြင်းဖြင့် ကုသိုလ်ရယူကြပါ။
ခင်မင်စွာဖြင့်.....

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Tuesday, November 08, 2011

ဟဒီးဆ်တော်(၄၀) အမှတ်စဉ် (၂ )

တမန်တော်မြတ်(ဆွ)၏ သြဝဒတော်များသည် မွတ်စ်လင်မ်များအဖို့ ကုရ်အာန်ကျမ်းတော်မြတ်၏နောက်ပိုင်းတွင် အရေးကြီးဆုံးသော သြဝဒတော်များဖြစ်၏။
မွတ်စ်လင်မ်များအနေနှင့် ယင်းသြဝဒတော်များကို အာဂုံဆောင်ထားခြင်း၊ လက်တွေ့လိုက်နာကျင့်သုံးခြင်းနှင့်
သူတစ်ပါးတို့အား သင်ကြားပို့ချခြင်းတို့မှာ အတိုင်းမရှိ ထူးမြတ်လှပေသည်။

၁။ အ‏ကြင် သူသည်ဆွေမျိုးဖြတ်က ငါအရှင်သည်လည်း ၎င်းနှင့်အဆက်ဖြတ်တော်မူမည်၊
ဟု၍ဖြစ်၏။ ( သစ်ရ်မိဇီကျမ်း )


၂။ တမန်တော်မြတ်(ဆွ)က အမျိုးဆက်သောသူ၏ အသက်သည် ရှည်လျား၏။ ( ဗုခါရီကျမ်း၊ မွတ်စလင်မ်ကျမ်း )

၃။ နှစ်ပေါင်းငါးရာအကွာအဝေးမှပင် ရနိုင်သည့် ဂျန္နသ်သုခဘုံ၏ မွှေးရနံ့များကို ဆွေမျိုးဖြတ်သူ၊
ရှုရှိုက်ခံစားရလိမ့်မည်မဟုတ်ဟု မိန့်တော်မူခဲ့၏။ ( သွဗရာနီကျမ်း )

၎။ တမန်တော်မြတ်(ဆွ)က မိဘနှစ်ပါးတို့အား ကျွေးမွေးပြုစု၊စောင့်ရှောက်ခြင်းသည် စွလာသ်ဝတ်ပြုခြင်း၊
စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဟဂ်ျနှင့်အွန်ရဟ်တို့ကို ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ် လမ်းတော်၌ စစ်ပွဲဆင်နွဲခြင်း၊
စသည့်ကျင့်စဉ်မွန်တို့ထက်သာ၍မြတ်၏။( အဗူဟအ်လာကျမ်း၊ သွဗရာနီးကျမ်း )

၅။ မိခင်၏ဝတ္တရားသည် ဖခင်၏ဝတ္တရားထက် နှစ်ဆပို၏။( အစ်ဗ်နုမနီးအ်ကျမ်း )
မိဘတို့သည် မိမိတို့ အသက်ထင်ရှားရှိစဉ် ကာလ၌ သားသမီးတို့အားပေးကမ်းလိုသော် သားသမီးအားလုံး၊
အညီအမျှခွဲဝေပေးကြရမည် ဟုမိန်တော်မူခဲ့၏။ ( သွဟာဝီကျမ်း )

၆။ အိမ်နီးချင်းတို့၏ ဝတ္တရားမှားနှင့်စပ်လျဉ်း၍ တမန်တော်မြတ်(ဆွ)က ကိယာမသ် ကမ္ဘာ့တရားခွင်နေ့တွင် အိမ်နီးချင်းများ၏
ဝတ္တရားများနှင့်စပ်လျဉ်း ဦးစွာမေးမြန်း စစ်ကြောခြင်းကို ခံရပေမည်ဟု မိန့်တော်မှုခဲ့သည်။ ( သွဗရာနီကျမ်း )

၇။ အမျိုးသမီးတစ်ဦးသည် ဘာသာရေးကို အထူးလေးစား ကိုင်းရှိုင်းသူဖြစ်ပါလျက် ၎င်း၏ အိမ်နီးချင်းများက ၎င်းကို
မကျေနပ်ကြ မလိုလားကြသဖြင့်၊ တမန်တော်မြတ်(ဆွ)က အဆိုပါ အမျိုးသမီးသည် ဂျဟန္နမ်ငရဲသို့ လားရမည့်သူဖြစ်ကြောင်း
ပြောတော်မူခဲ့၏.....( အစ်ဗ်နု အဗီ ရှိုင်ဗဟ်ကျမ်း )


၈။ မွတ်စလင်မ်ဟူသည် မိမိ၏လက်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ အခြားမွတ်စလင်မ်တို့ကို
ဒုက္ခမပေးသူဖြစ်၏။ ( သစ်ရ်မိဇီကျမ်း )

၉။ တမန်တော်မြတ်(ဆွ)က အလီသခင်အား အို-အလီ၊ စွစ်ဒီးကီးန် အမှန်တရား ထာဝရ လက်ကိုင်ထားသည့်
သူတော်စင်တို့၏ အဆင့်အတန်းကို လိုလားပါက သင်သည် မိမိနှင့်ဆွေမျိုးဖြတ်သူနှင့်၊ ဆွေမျိုးဆက်ပါ။
အသင့်အား ညှင်းပန်းနှိပ်စက်သူနှင့် ကောင်းစွာဆက်ဆံပါ။ အသင့်အားမကောင်းပြုသူအား အသင်က
အကောင်းပြုပါ။ ဟုမိန့်ကြားတော်မူခဲ့။ ( မွတ်စ်နဒ် အဟ်မဒ်ကျမ်း )

၁၀။ မိမိကြိုင်နှစ်သက်သည်များကို သူတစ်ပါးအတွက်လည်းကြိုင်နှစ်သက်ရမည်။ အကြောင်းမှာ ဟဒီးဆ်တော်၌
ဤသို့သောအရည်အချင်းရှိသူသည် အီမန်နှင့်တကွ ကွယ်လွန်သေဆုံးပါက ဂျဟန္နမ်ငရဲမှ လွတ်ငြိမ်းခွင့်
ရရှိမည်ဟု သတင်းကောင်းလာရှိ၏။ ( မွတ်စလင်မ်ကျမ်း )

၁၁။ ကြီးသူကိုလေးစားပါ။ ငယ်ရွယ်သူကို ကြင်နာသနားပါ။ တမန်တော်မြတ်(ဆွ)က အကြင်လုလင်ပျိုသည်
သက်ကြီးယ်အိုတစ်ဦးဦးကို လေးစားဂုဏ်ပေးခဲ့သော် ထိုသူသက်ကြီးရွယ်အို ဖြစ်သည့်အခါတွင် ၎င်းအား
လေားစားကြည်ညိုမည့်သူ တစ်ဦးဦး အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းတော်မူမည်ဟု မိန့်တော်မူခဲ့သည်။
ဤဟဒီးစ်သြဝါဒတော်က သက်ကြီးရွယ်အိုအား လေးစားသူသည် အသက်ရှည်စွာ လောက၌ နေထိုင်ရမည်ဖြစ်ကြောင်းကိုလည်း ဖေါ်ညွန်းထားသည်။( သစ်ရ်မိဇီကျမ်း )

၁၂။ လူတိုင်းနှင့် ဆက်ဆံရာတွင် ပြုံးပြုံးရွှင်ရွှင် ဆက်ဆံရမည်။ အကြောင်းမှာ ဤသို့ ပြုံးချိုစွာ ဆက်ဆံသူသည်
ဂျဟန္နမ်ငရဲမှလွတ်ငြိမ်းရမည်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရရှိသူဖြစ်ကြောင်း
တမန်တော်မြတ်(ဆွ) က သတင်းကောင်းပါတော်မူခဲ့၏။ ( အစ်ဗ်နု ဟစ်ဗ္ဗားန်ကျမ်း၊ ဗိုင်ဟကီကျမ်း )

၁၃။ စကားအပို့အယူးလုပ်သူ(ကုန်းချော၊ကုန်းတိုက်သူ)တို့၏စကားကို မည်သည့်အခါမှ နားမထောင်လေနှင့်။
၎င်းတို့သည် ကုန်းချော ကုန်းတိုင်လုပ်ကာ မွတ်စလင်မ်နှစ်ဦးကြား သွေးကွဲအောင်ပြုခြင်း သာဖြစ်သဖြင့်
ထိုလုပ်ဆိုးကြေင့် ၎င်းတို့၏ သာသနာရေးလည်ပျက်စီးရ၏။ လောကုတ္တရာတွင် ဂျဟန္နမ် ထဲသို့လားကြရန်
ဖန်တီးဆောင်ရွက်နေကြခြင်းဖြစ်၏။ ( ဗုခါရီကျမ်း၊ မွတ်စလင်မ်ကျမ်း )

၁၄။ မိမိသည်မွတ်စလင်မ်တစ်ဦးတစ်ယောက်နှင့် မသင့်မြတ်သဖြင့် စကားမပြောဘဲ သုံးရက်ထက်ပို၍
မနေအပ် မနေပိုင်။ (ဗုခါရီကျမ်း၊ အဗူဒါဝူးဒ်ကျမ်း၊ နစာအီကျမ်း )

၁၅။ မိမိသည် မွတ်စလင်မ်တစ်ဦးအား ခွင့်လွှတ်ခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ကိယာမသ် ကမ္ဘာ့တရားခွင်နေ၌
မိမိ၏အမှားများကို ခွင့်လွှတ်တော်မူလိမ့်မည်။ ( အစ်ဗ်နု ဟစ်ဗ္ဗားန်ကျမ်း )

၁၆။ လူတို့၏အဆင့်အတန်းကို ထောက်ရှုလျက် ဆက်ဆံမှု ပြုသင့်၏။ ဆိုလိုသည်မှာ လောကီ အသိုင်းအဝိုင်းမှ
ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးဦး မိမိထံလာရောက်သည့်အခါ ၎င်းအား ဂုဏ်ပေးကာ ဆက်ဆံသင့်သည်။
တစ်ခါတွင် လောကီအသိုင်းဝိုင်းမှ လူချမ်းသာတစ်ဦး ရောက်လာသည့်အခါ တမန်တော်မြတ်(ဆွ)က
မိမိ၏ ခြုံစောင်တော်ကို အဆိုပါပုဂ္ဂိုလ်ထိုင်စေရန် ခင်းပေးတော်မူခဲ့၏။ ထို့နောက် တမန်တော်မြတ်(ဆွ)က
အသင်တို့ထံသို့ လူအဖွဲ့အစည်တစ်ခုမှ ခေါင်းဆောင်တစ်ဦး လာရောက်သည့်အခါ ၎င်းအား လေးစားစွာ
ဂုဏ်ပြုချက်ဆက်ဆံကြကုန်..ဟုမိန့်ကြားတော်မူခဲ့၏။ (ဗတ်ဇ်ဇာရ်ကျမ်း၊အစ်ဗ်နုခုဇိုင်မဟ်ကျမ်း၊သွဗရာနီကျမ်း၊
အစ်ဗ်နုအဒီကျမ်း၊ဟာကင်မ်ကျမ်း )

၁၇။ မွတ်စလင်မ်တို့၏ အပြစ်အနာအဆာများကို မထုတ်ဖေါ်လေနှင့် သူတစ်ပါး၏ အပြစ်ကို ဖုံးကွယ်သူသည်
ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်၏ ( သွဗရာနီကျမ်း )

၁၈။ သူတစ်ပါး၏ နောက်ကွယ်အတင်းမပြောရ။ တစ်ဦးတစ်ယောက်၏ အပြစ်အနာဆာကိုလည် မလေ့လာမစူးစမ်းရ
မှတ်သားသင့်သည့် အချက်မှာ သူတစ်ပါး၏ အပြစ်အနာဆာကို ထုတ်ဖေါ်သူ၏အပြစ်အနာအဆာများကို
အလ္လာဟ်အရှင်မြတ်ကလည်း နက်ဖြန်ထုတ်ဖေါ်တော်မူလိမ့်မည်။ ( အဗူဒါဝူးဒ်ကျမ်း )

၁၉။ အောက်တန်းကျစေတော်မူလိမ့်မည်။ အလ္လာဟ်အရှင်မြတ်က သိက္ခာကျစေတော်မူလျှင် ထိုသူသည်
မည်သည့်အခါမှ သိက္ခာ ရှိနိုင်တော့မည်မဟုတ်ချေ။ ( ဗုခါရီကျမ်း )

၂၀။ မွတ်စလင်မ်များတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကြိုးစားရမည်။ ဟဒီးဆ်သြဝါဒတော်၌
လာရှိသည်မှာ များသောအားဖြင့် တမန်တော်မြတ်(ဆွ)သည် မွတ်စလင်မ်တို့အား တစ်ခုခုပေးကမ်းရာတွင်
ချက်ချင်းမပေးကမ်ဘဲ ဆိုငံ့၍ ပေးတော်မူလေ့ရှိ၏ ထိုနောက် တမန်တော်မြတ်(ဆွ)က မိန့်ကြားတော်မူသည်မှာ
ကျွန်ုပ်သည် တောင်းခံသူ တစ်ဦးတစ်ယောက်အား ချက်ချင်းမပေးကမ်းခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့သည်
လာရောက်တောင်ခံသူအား ပေးကမ်းပါရန် ထိုသူဖက်မှ အသနားခံနိုင်စေရန်နှင့် ထိုသို့အသနားခံခြင်းဖြစ်သည်
သင်တို့သည် ကောင်းမြတ်သည့်စကားကို ဆိုကာအကျိုးဆဝါးဗ်ရယူကြရန် ကျွန်ုပ်ဆိုင်းငံ့လျက် အခွင့်ပေး
ခြင်းဖြစ်၏။ ( အဗူဒါဝူးဒ်ကျမ်း )

၂၁။ မွတ်စလင်မ်တို့၏ လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးရန်
ကြိုးစားအားထုတ်ခြင်းမှာ အကျိုးရှိသည့် ကိစ္စရပ်ဖြစ်၏။ သင်တို့၏ ကြိုးစားမှုသည် ထိရောက်သည်ဖြစ်စေ
မထိရောက်သည်ဖြစ်စေ အကျိုးဆဝါးဗ်ရ၏။ ဟဒီးဆ် သြဝါဒတော်တွင် ဤသို့ မွတ်စလင်မ့်လိုအပ်ချက်ကို
ဖြည့်ဆည်းပေးခြင်းသည် တစ်နှစ်လုံး အိအ်သိကာဖ် ထိုင်ရာတွင် ရရှိမည့် အကျိုးဆဝါးဗ်ထက်သာ၍မြတ်၏
ဟုလာရှိပေသည်။ ( ဟာကင်မ်ကျမ်း )

၂၂။ မွတ်စလင်မ်တစ်ဦးနှင့် တွေ့ဆုံသည့်အခါတိုင်း မိမိကဦးစွာစလင်မ်မေတ္တာပို့သ၍ လက်ဆွဲနှုတ်ဆက်ရမည်။
ဟဒီးဆ်သြဝါဒတော်၌လာရှိသည်မှာ မွတ်စလင်မ်နှစ်ဦး လက်ဆွဲနှုတ်ဆက်သူသည် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်
ကရုဏာတော်၏အဆပေါင်း ခုနစ်ဆယ်အနက် ခြောက်ဆယ်ကိုးဆကို ရရှိပြီး ကျန်တစ်ဆကိုသာ ကျန်သည့်
မွတ်စလင်မ်က ရရှိခြင်းဖြစ်၏။ ( ဟကီးမ်သစ်ရ်မိဇီကျမ်း )

၂၃။ မွတ်စလင်မ်ညီနောင်တစ်ယောက်ယောက် ၎င်း၏အိုးအိမ်တွင် မရှိသည့်အခါမျိုးတွင် ၎င်း၏ ဂုဏ်သိက္ခာ သို့မဟုတ်
ပစွည်း ဥစွာနှင့်စပ်လျဉ်း၍ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရတော့မည့်အခါ ၎င်းဆုံးရှုံးနစ်နာမှုကို ပပျောက်အောင် ပြုခြင်းဖြင့်
၎င်းအားကူညီစောင်မပါ ဟဒီးဆ်သြဝါဒတော်၌ လာရှိသည်မှာ တစ်နေရာရာတွင် မွတ်စလင်မ်တစ်ဦးဦး၏
ဂုဏ်သိက္ခာကျဆင်းနေပြီဟု ယူဆရပါက အဆိုပါ မွတ်စလင်မ်အား ကူညီစောင်မသူအား အလ္လာဟ်အရှင်မြတ်က
လိုအပ်သည့်အချိန်တွင် ကူညီစောင်မတော်မှုလိမ့်မည်။( အဟ်မဒ်ကျမ်း၊ အဗူဒါဝူးဒ်ကျမ်း )

၂၄။ ဆိုးသွမ်းသူးများ၏ ရန်မှ ရှောင်ကြည်ရန်အတွက် ၎င်းတို့အား ပျူငှာစွာ ဆက်ဆံခြင်းပြုရမည်။
ဟဒီးဆ်သြဝါဒတော်၌ လာရှိသည်မှာ ဖြစ်သည့်နည်းနှင့် မိမိသိက္ခာကို စောင့်စည်းခြင်းသည်
စွဒကဟ်အလှူဒါနမည်၏။ ( ဒါရိကွသ်နီကျမ်း၊ ဟာကင်မ်ကျမ်း )

၂၅။ ဆင်းရဲနွမ်းပါသူများနှင့် အများဆုံး လက်ပွန်းတတီးနေထိုင်ပါ။ ဥစွာချမ်းသာကြွယ်ဝသူများနှင့်
ရောနှောနေထိုင်ခြင်းမှရှောင်ကြဉ်ပါ။ တမန်တော်မြတ်(ဆွ)က အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးတွင်
အို..မွေးမြူဖန်ဆင်းတော်မူသောအရှင် ကျွန်တော်မျိုးအား အသက်ရှင်လျက် နေထိုင်သည့်ကာလနှင့်
ကွယ်လွန်သေဆုံးသည့် ကာလတို့တွင် ဆင်းရဲနွမ်းပါးသည့်အခြေအနေဖြင့် ထားတော်မှုပါ နောင်တမလွန်တွင် ရှင်ပြန်ထရမည့်အခါတွင်လည်း ဆင်းရဲနွမ်းပါးသူများထဲမှ ကျွန်တော်မျိုးအား ပြန်လည်ရှင်ပြန်ထစေတော်မှုပါ
ဟုဆုတောင်းတော်မှုခဲ့၏။ ( အစ်ဗ်နု မာဂျဟ်ကျမ်း၊ ဟာကင်မ်ကျမ်း )

၂၆။ မိမိကသာသနာ့စကားရပ်တစ်ခုခု သာသနာ့အသိပညာတစ်ခုခု ပိုချပေးနိုင်မည့် ပုဂ္ဂိုလ်အနီးတွင် အတက်နိုင်ဆုံးထိုင်ပါ။
သို့မဟုတ် မိမိကသာသနာ့စကားရပ်တစ်ခုခု သာသနာ့ပညာတစ်ရပ်ရပ်ကို သင်ယူဆည်းပူနိုင်မည့်ပုဂ္ဂိုလ်အနီးတွင်ထိုင်ပါ။
ဆိုလိုသည်မှာ သာသနာ့အကျိုးကိုရှေးရှု၍ သာသနာကိုဖြန့်ဖြူသူ သို့မဟုတ် ဆည်းပူးသူအဖြစ် ရပ်တည်ပါ။
အလ္လာဟ်အရှင်မြတ်အား မေ့လျော့နေသူများနှင့် ဝေးဝေးနေပါ အကြောင်းမှာ တမန်တော်မြတ်(ဆွ)က
မကောင်းသော်မိတ်ဆွေ၊ မကောင်းသော်အပေါင်းအသင်းနှင့်အတူ နေထိုင်ခြင်းထက် တစ်ဦးချင်နေခြင်ကသာ၍မြတ်၏။
တစ်ဖန် တစ်ဦးတည်းနေထိုင်ခြင်းထက် မိတ်ဆွေကောင်း သူတော်ကောင်းနှင့် နေထိုင်ခြင်းက သာ၍မြတ်၏။
ဟု မိန့်တော်မူခဲ့၏။ ( ဗိုင်ဟကီကျမ်း )

၂၇။ တမန်တော်မြတ်(ဆွ)သည် ဤသို့အမန့်ရှိခဲံသည် ရာစုများနက် အကောင်းဆုံးရာစုသည် ငါ၏ရာစု ၎င်းနောက်လာသော ရာစု၊ ၎င်းနောက် လာသောရာစု ဖြစ်သည်။ ( ဗုခါရီကျမ်း )

၂၈။ ဟဇရသ်မုအာဇ် ဗင်န်ဂျဗလ်(ရသွ)သခင်ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ)သည် သခင့်အား ယီမင်န်နိုင်ငံသို့
တရားသူကြီးခန့်အပ်စေလွှတ်ချိန်တွင် ကိုယ်တော်က သခင့်အားဤသို့ မေးမြန်းတော်မူခဲ့သည် အသင်သည်အဘယ်သို့
တရားစီရင်မည်နည်း သခင်က ကျမ်းတော်မြတ်ကုရ်အာန်ဖြင့်စီရင်မည်ဟုဖြေကြားသည်။
တမန်တော်မြတ်(ဆွ)က အကယ်၍ ကျမ်းတော်မြတ်ကုရ်အာန်တွင်မပါရှိခဲ့လျှင် ဟုမေးမြန်းတော်မူရာ
သခင်က ရစူလွလ္လာဟ်၏စွန္နသ်တော်ဖြင့် ဟုဖြေကြားတော်မူသည်။ ထိုအခါ တမန်တော်မြတ်(ဆွ)ကအကယ်၍ စွန္နသ်သေရစူလ်တွင်လည်း မတွေ့ရှိခဲ့လျှင် ဟုမေးမြန်းတော်မူရာ သခင်က ထိုအခါ ကျွန်တော်မျိုး၏တွေခေါ်ဆင်ခြင်မှုဖြင့်
အိဂျသိဟာဒ်ပြုစီရင်မည် ဤသည်တွင် တွန့်တိုခြင်းဖြစ်စေမည်မဟုတ် ဟုဖြေကြားသည်။
ထိုအခါ တမန်တော်မြတ်(ဆွ)က ဟဇရသ်မုအာဇ် ဗင်န်ဂျဗလ်(ရသွ)သခင်၏ ရင်ဘတ်ပေါ်တွင် လက်ဖြင့်ပုတ်ကာ
အလ္လာဟ်အရှင်မြတ်အား ရွှက်ရ်ပြုကျေးဇူးတင်၏။ ထိုအရှင်သခင်သည် အလ္လာရစူလ်၏သံတမန်ကို အလ္လာဟ့်ရစူလ်ကျေနပ်သည့်ကိစ္စ၏
အစွမ်းချီးမြှင့်တော်မူခဲ့သည်ဟု မိန့်ကြားတော်မူခဲ့၏။ ( အဗူဒါဝူးဒ်-သိရ်မိဇီ-မွတ်စ်နဒေအဟ်မဒ် ကျမ်း )

၂၉။ ဟဇရသ် အဗူဟုရိုင်ရဟ်(ရဒွိယလ်လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။ ဒွန္နယာလောကသည်
မုအ်မင်န်များအဖို့ အကျဉ်းထောင်များသဖွယ်ဖြစ်၍ ကာဖစ်ရ်ငြင်းပယ်သူများအဖို့မူ ဂျန္နသ်သုခဘုံသဖွယ်ဖြစ်ပေသည်။( မွတ်စ်လင်မ်ကျမ်း )

၃၀။ ဟဇရသ် အုဗာဒဟ်ဗင်န်ဆွာမိသ်(ရဒွိယလ်လာဟုအန်ဟု)က အမိန့်ရှိခဲ့သည် တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။
အကြင်သူသည် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုများအပေါ် ဂုဏ်ပေးလေးစားမှုမရှိ၊ ကျွန်ုပ်တို့၏ ငယ်ရွယ်သူးများအပေါ်တွင်လည်း
သနားကြင်နာမှုမရှိသည့်အပြင် ကျွန်ုပ်တို့၏ အာလင်မ် ပညာရှင်များ၏ ဟပ်က် တာဝန်ဝတ္တရားကို နားမလည်ခဲ့လျှင်
ထိုသူသည် ငါ၏အွမ္မသ်ထဲမှ မဟုတ်ချေ။ ( တွဗ်ရာနီကျမ်း )

၃၁။ ဟဇရသ် အမ်ရ်ဗင်န်အောင်ဖ်(ရဒွိယလ်လာဟုအန်ဟု)က တမန်တော်မြတ်(ဆွ)၏ မိန့်ကြားချက်ကို ဤသို့ဆင့်ပြန်ခဲ့သည်။
ဒီးန်သာသနာတော်သည် အစပထမက သူစိမ်းတရံစာ ကဲ့သို့ရှိခဲ့၏။ မကြာမီကာလတွင်း မူလအစကကဲ့သို့ပင် သူစိမ်းပမာပြန်ဖြစ်သွားပေမည်။ သို့ရှိရာ အကြင်မွတ်စ်လင်မ်များတွက်မူ သတင်းကောင်းတစ်ရပ်ဖြစ်ပေသည် အကြင်သူတို့သည်။
ဒီးန်သာသနာအတွက်ကြောင့်ပင် သူစိမ်းကဲ့သို့ ထင်မှတ်ခြင်းခံရပေလိမ့်မည်။ ဤသူများသည် ငါတမန်တော်၏ ကျင့်စဉ်များကို
မှန်ကန်အောင် ပြုပြင်ပေးမည်ဖြစ်သည် ၎င်းကျင့်စဉ်ကျင့်ရပ်များအား ငါတမန်တော်မရှိသည့်နောက် လူအများက ဖျက်ဆီးပစ်ခဲ့ကြပြီးဖြစ်သည်။ ( သစ်ရ်မေဇီကျမ်း )

၃၂။ ဟဇရသ် အနတ်စ်ဗင်န်မာလစ်က်(ရဒွိယလ်လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။
လွယ်ကူမှုများကို ဖန်တီးပါ။ ခက်ခဲမှုကို မဖန်တီးကြပါနှင့်၊ လူအများအား နှစ်သိမ့်ကျေနပ်စေပါ. ရွံရှာမုန်းတီးမှုကို မဖြစ်ပေါ်ကြစေနှင့်။ ( မွတ်စ်လင်မ်ကျမ်း )

၃၃။ ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ်(ရဒွိယလ်လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)သည် (အရေးကြီးသည့်
စကားဖြစ်သည့်အတွက်ကြောင့် အသေချာနားထောင်၍ ဂရုပြုစေရန် အလိုငှာ) ကျွန်ုပ်၏ ပခုံးအားကိုင်၍ အသင်သည် ဤလောက၌ ခရီးသည်တစ်ဦးပမာ သို့မဟုတ် ခရီးသွားတစ်ဦးပမာနေထိုင်လေကုန် ဟု အမိန့်ရှိတော်မူသည်။( ဗုခါရီကျမ်း)

၃၄။ ဟဇရသ် အာအေရှဟ်(ရဒွိယလ်လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)သည် ကျွန်မ၏ အိမ်တော်၌
ဤသို့ဒိုအားပြုခဲ့ပေသည် အို အလ္လာဟ်အရှင်မြတ်၊ မည်သူ့မဆို ကျွန်တော်မျိုး၏ အွမ္မသ်သားများအပေါ်၌ ( ဒွန္နယာ၊အာခိရသ်)
အရေးကိစ္စလုပ်ငန်းများထဲမှ မည်သည့်ကိစ္စများအတွက်ပင်ဖြစ်စေ၊ အမီရ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရရာ ထိုသူသည်
လူအများအာ ကြပ်တည်းမှု ဒုက္ခပင်ပန်း ဆင်းရဲမှုများဖြစ်စေခဲ့လျှင် အရှင်မြတ်ကလည်း ထိုသူအား ဒုက္ခပင်ပန်းဆင်းရဲမှုများထဲ၌
ထားရှိတော်မူပါ။ ၎င်းနောက် အကြင်သူသည် ကျွန်တော်မျိုး၏ အွမ္မသ်များ၏ မည်သည့်အရေးကိစ္စနှင့် ပတ်သက်၍ အမီရ်အဖြစ်
ခန့်အပ်ခြင်းခံရရား ထိုသူသည် လူအများနှင့် ယုယကြင်နာစွာ ဆက်ဆံခဲ့လျှင်မူ အရှင်မြတ်ကလည်း ထိုသူအားယုယကြင်နာစွာဖြင့် ဆက်ဆံပေးသနာတော်မူပါ။ ( မွတ်စ်လင်မ်ကျမ်း)

၃၅။ ဟဇရသ် အွမ္မေဟုစိုင်န်(ရဒွိယလ်လာဟုအန်ဟာ)သခင်မ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။ အကယ်၍ အသင်တို့အပေါ်၌ နှာခေါင်း၊ နားရွက်ပျက်၊ အသားမဲကျွန်ကိုပင် အမီရ်ခန့်အပ်ခဲ့ ထိုသူသည် အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ)၏ ကျမ်းတော်ဖြင့်
ဆိုလိုသည်မှာ အရှင်မြတ်၏ အမိန့်တော်တိုင်းသာ အုပ်ချုပ်စီမံခဲ့လျှင် အသင်တို့ ထိုသူ၏ အမိန့်ကို
နားထောင်ကြ၊ နာခံလိုက်ကြလော့၊၊ ( မွတ်စ်လင်မ်ကျမ်း )

၃၆။ ဟဇရသ် အနတ်စ်ဗင်န်မာလစ်က်(ရဒွိယလ်လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။
အမီရ်၏စကားကို နားထောင်ကြ၊ နာခံကျင့်သုံးကြလော့။ အကယ်၍ သင်တို့အပေါ်၌ ဟဗ်ရှီ(လူမဲ)ကျွန်ပင် အမီရ်ဖြစ်ပါစေ၊
ထိုသူ၏ ဦးခေါင်းသည် ပမာဆိုသော်(သေးငယ်ရာ၌ စပျစ်ခြောက်သီးကဲ့သို့ပင် ဖြစ်နေပါစေ။ ( ဗုခါရီကျမ်း )

၃၇။ တစ်ဦးတစ်ယောက်အား အမွှေမ်းတင်လိုလျှင် ကျွန်ုပ်အထင်အရတော့ ခင်ဗျားဟာ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သူပဲ ဟုပြောဆိုသင့်သည်။ ( ဗုခါရီကျမ်း-မွတ်စ်လင်မ်ကျမ်း)

၃၈။ သင့်အနေနှင့် သင့်မိတ်ဆွေအား အမွှေမ်းတင်လိုက်ခြင်းမှာ ၎င်း၏လည်ဂုတ်ကို လှီးဖြတ်လိုက်ခြင်းဖြစ်သည်။ ( ဗုခါရီကျမ်း-မွတ်စ်လင်မ်ကျမ်း)

၃၉။ အကြင် မွတ်စ်လင်မ်တစ်ဦးသည် မိမိက ဒေါသအလျောက် ပြောဆိုအရေးယူနိုင်သည် ဇနီး သား သမီး
လက်အောက်ငယ်သားများအပေါ် မိမိ၏ဒေါသကို ချုပ်တည်းကာ အရေးမယူအပြစ်မပေးဘဲနေပါက
အလ္လာဟ်အရှင်မြတ်သည် ၎င်း၏နှလုံးသားကို အီမန်ယုံကြည်မှုနှင့် ငြိမ်းချမ်းသာယာမှုတို့ဖြင့်
ဖြည့်ပေးသနားတော်မူ၏။ ( သစ်ရ်မိဇီကျမ်း )

၄၀။ လူတို့သောက်သုံး၍ မျိုချသည့်အရာများနက် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးသောအရာသည်
ဒေါသကို မျိုချခြင်းပင်ဖြစ်၏။ ( အဗူဒါဝူးဒ်ကျမ်း-အဟ်မဒ်ကျမ်း )

 မွတ်စလင်မ်တိုင်း ဟဒီးဆ်၏အရေးပါးမူကို ကောင်းစွာသဘောပေါက်ပြီး အရှိတရားကို အသိတရားနှင့်ပေါင်းစပ်၍ အမှန်တရားကိုလက်ခံကျင့်သုံးကာ မွတ်စလင်မ်ဘဝသရုပ်ကို ပီပြင်စွာထုဆစ်နိုင်ကြပါစေ။(အာမီးန်)

သာသနာ့ အသိတရားပြန့်ပွားစေရန် အဆင့်ဆင့်မျှယူမျှဝေဖြန့်ချိခြင်းဖြင့် ကုသိုလ်ရယူကြပါ။
ခင်မင်စွာဖြင့်.....

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Monday, November 07, 2011

ကုရ်အာန် ဒိုအာများ




رَ‌بَّنَا تَقَبَّلْ مِنَّا ۖ إِنَّكَ أَنتَ السَّمِيعُ الْعَلِيمُ ﴿١٢٧
အိုကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ထံမှ (ဤကောင်းမှုကို မိမိ၏အနန္တကျေးဇူးတော်ဂုဏ်ဖြင့်)သဘောတူလက်ခံယူတော်မူပါ၊ ဧကန်မုချ အရှင်သည်သာလျှင်(ကျွန်တော်မျိုးတို့ တောင်းဆိုသော ဆုများကို) ကြားတော်မူသောအရှင် (ကျွန်တော်မျိုး တို့၏အာသာန္ဒများကိုလည်း)သိတော်မူသော အရှင်ဖြစ်တော်မူပါ၏။(2;127)

2:128
 

 အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်သည် ကျွန်တော်မျိုးတို့အား မိမိ၏ အမိန့်တော်ကိုခံယူသူ မွတ်စ်လင်မ်နှစ်ဦးဖြစ်စေတော်မူပါ၊ ထိုနည်းတူစွာကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် ကိုလည်း အရှင်၏ အမိန့်တော်ကို နာခံကြသူ မွတ်စ်လင်မ်များ ဖြစ်စေတော်မူပါ၊ ထိုမှတပါးအရှင်မြတ်သည် ကျွန်တော်မျိုး အား သာ သနာရေး၌ လိုက်နာကြရမည်ဖြစ်သော နည်းနာနိသျည်း အစီအစဉ်တို့ကိုလည်းစံနစ်တကျ ကျင့်သုံးနိုင်ကြစေခြင်းငှာ သင်ကြားပြသပေးသနားတော်မူပါ၊ ထို့ပြင်လည်း အရှင်မြတ်သည် ကျွန်တော်မျိုးတို့ဖက်သို့ ကရုဏာတော်ဖြင့် လှည့်တော်မူပါ၊ ဧကန်ဆတ်ဆတ်အရှင်မြတ်သည်သာလျှင် ကရုဏာ တော်ဖြင့် အကြိမ်ကြိမ်အဖန်ဖန် လှည့်တော်မူသော အရှင်၊ အစဉ်အမြဲ သနားကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပါ၏။(2;128)

 رَ‌بَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَ‌ةِ حَسَنَةً وَقِنَا عَذَابَ النَّارِ‌ ﴿٢٠١
အို-ကျွန်တော်မျိုး တို့အားမွေးမြူ တော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ကို ဤပစ္စုပ္ပန်ဘ၀၌၎င်း၊ နောင် တမလွန်ဘ၀၌၎င်း၊ (နှစ်ဘ၀ လုံး၌ပင်) ကောင်းကျိုး ချမ်းသာမင်္ဂလာများကို ပေးသနားတော် မူပါ။ ငရဲမီး၏ ဘေးဒဏ်မှလည်း ကယ်ဆယ်တော်မူပါဟု ဆုတောင်းပတ္တနာ ပြုကြလေသည်။(2;201)


  رَ‌بَّنَا أَفْرِ‌غْ عَلَيْنَا صَبْرً‌ا وَثَبِّتْ أَقْدَامَنَا وَانصُرْ‌نَا عَلَى الْقَوْمِ الْكَافِرِ‌ينَ ﴿٢٥٠
 အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူ သောအရှင်၊ အရှင် မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ် ဇွဲသတ္တိကို သွန်း လောင်း၍ ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး တို့၏ခြေများကို ခိုင်မြဲစွာ ရပ်တည်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန် တော်မျိုးတို့အား ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန် သောသူတို့အပေါ်၌ အောင်မြင်မှုရရန်ကူညီစောင်မ တော်မူပါဟု ရွတ်ဆို(ပတ္ထနာ) ပြုကြကုန်၏။(2;250)

 رَ‌بَّنَا لَا تُؤَاخِذْنَا إِن نَّسِينَا أَوْ أَخْطَأْنَا ۚ رَ‌بَّنَا وَلَا تَحْمِلْ عَلَيْنَا إِصْرً‌ا كَمَا حَمَلْتَهُ عَلَى الَّذِينَ مِن قَبْلِنَا ۚ رَ‌بَّنَا وَلَا تُحَمِّلْنَا مَا لَا طَاقَةَ لَنَا بِهِ ۖ وَاعْفُ عَنَّا وَاغْفِرْ‌ لَنَا وَارْ‌حَمْنَا ۚ أَنتَ مَوْلَانَا فَانصُرْ‌نَا عَلَى الْقَوْمِ الْكَافِرِ‌ينَ ﴿٢٨٦
  အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသောအရှင်၊ ကျွန်တော် မျိုးတို့မေ့လျော့၍ဖြစ်စေ၊မှားယွင်း ချွတ်ချော်၍ဖြစ်စေ (ပြုမိသော မကောင်းမှုနှင့်စပ်လျဉ်း၍) အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ထို့ပြင်တဝ အို-ကျွန်တော်မျိုးတို့အား မွေးမြူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အလျင် ရှေးအထက်အဆက်ဆက်က လူမျိုးတို့အပေါ်၌ တင်ထားတော်မူသကဲ့သို့ ကျွန်တော်မျိုးတို့ အပေါ်၌ လေးလံသောဝန်ကို တင်တော်မမူပါနှင့်။ ထို့ပြင် အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့ မတတ်စွမ်းနိုင်သောတာဝန်ကိုလည်း အရှင်မြတ် သည် ကျွန်တော်မျိုးတို့အားထမ်းရွက်စေတော် မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော် မျိုးတို့ကို ခွင့်လွှတ်တော်မူပါ၊ ၄င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်များမှ) လွတ်ငြိမ်း ချမ်းသာခွင့်ကိုပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့ အပေါ်ဝယ်၊ သနားညှာတာတော်မူပါ။ အရှင်မြတ်သည်သာလျှင် ကျွန်တော်မျိုးတို့အား ကူညီစောင်မတော် မူသော အရှင်ဖြစ်တော်မူပါ၏၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား”ကာဖိရ်” မယုံမကြည် သွေဖည်ငြင်းဆန် သောသူ များအပေါ်ဝယ် (အောင်နိုင်စေခြင်းငှါ) ကူညီစောင်မတော်မူပါ။(2;286)

  سَمِعْنَا وَأَطَعْنَا ۖ غُفْرَ‌انَكَ رَ‌بَّنَا وَإِلَيْكَ الْمَصِيرُ‌ ﴿٢٨٥
 “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်” ဟုလျှောက်ထား ပန်ကြားကြလေသတည်း။(2;285)
  
رَ‌بَّنَا إِنَّنَا آمَنَّا فَاغْفِرْ‌ لَنَا ذُنُوبَنَا وَقِنَا عَذَابَ النَّارِ‌ ﴿١٦
  ကျွန်တော်မျိုးတို့သည် မလွဲဧကန် (အရှင်မြတ်ကို)သက်ဝင်ယုံကြည်ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်(နောင်တမလွန်ဘ၀တွင်) ကျွန်တော်မျိုးတို့အား ငရဲ မီးဘေးမှလည်း ကာကွယ်စောင့်ရှောက်တော်မူပါဟု လျှောက်ထားပန်ကြားကြလေသည်။(3;16)

 اللَّـهُمَّ مَالِكَ الْمُلْكِ تُؤْتِي الْمُلْكَ مَن تَشَاءُ وَتَنزِعُ الْمُلْكَ مِمَّن تَشَاءُ وَتُعِزُّ مَن تَشَاءُ وَتُذِلُّ مَن تَشَاءُ ۖ بِيَدِكَ الْخَيْرُ‌ ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ‌ ﴿٢٦
 အာဏာတန်ခိုး အမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် မိမိနှစ်လို တော်မူသောသူအား တန်ခိုးအာဏာကို ပေးသနား တော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူ၏ထံမှ သြဇာအာဏာကိုပြန်လည်ရုပ်သိမ်းတော်မူ၏။ ထိုနည်းပမာ အရှင် မြတ်သည်မိမိနှစ်လိုတော်မူသောသူကို ဂုဏ်အင်ဒြပ် ချီးမြှင့်တော်မူ၏။ထိုနည်းအတိုင်းပင် အရှင်မြတ် သည် မိမိအလိုရှိတော်မူသောသူကို ဂုဏ်အင်ဒြပ် နှိမ့်ချယုတ်လျော့စေတော်မူ၏။ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏လက်တော်၌သာလျှင်ရှိ၏။ မုချဧကန် ကိုယ်တော်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း(3;26)

 رَ‌بِّ هَبْ لِي مِن لَّدُنكَ ذُرِّ‌يَّةً طَيِّبَةً ۖ إِنَّكَ سَمِيعُ الدُّعَاءِ ﴿٣٨
  အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးကို မိမိ အထံတော်မှစင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သားကောင်းရတနာတစ်ပါး ကို ပေးသနားတော်မူပါ။ မလွဲဧကန် အရှင်မြတ်သည် ဆုတောင်းပတ္ထနာများကို ကြားတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ ပေသတည်း ဟု လျှောက်ထားပန်ကြားခဲ့လေသည်။(3;38)


3:53
 အို-ကျွန်တော်မျိုးတို့၏ အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထုတ်ပြန် ပို့ချတော်မူသော အမိန့်တော်များကို ယုံကြည်၍(အရှင်မြတ် စေလွှတ်တော်မူသော) ရစူလ်တမန်တော် [အီစာ(အလိုင် ဟစ္စလာမ်)၏ သြ၀ါဒများကို(လည်း တသွေမတိမ်း)]လိုက်နာ ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ် သည် ကျွန်တော်မျိုးတို့အား သက်သေခံသူအပေါင်း နှင့်အတူ ရေးမှတ်တော်မူပါ (ဟု အလ္လာဟ်အရှင်မြတ် အထံတော်၌ ဆက်လက်၍ ဆုတောင်း ပတ္ထနာပြုကြကုန်သတည်း)။(3;53)

 رَ‌بَّنَا اغْفِرْ‌ لَنَا ذُنُوبَنَا وَإِسْرَ‌افَنَا فِي أَمْرِ‌نَا وَثَبِّتْ أَقْدَامَنَا وَانصُرْ‌نَا عَلَى الْقَوْمِ الْكَافِرِ‌ينَ ﴿١٤٧
 အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ အပြစ်များကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ အရေးကိစ္စတွင် ကျွန်တော်မျိုးတို့၏ အလွန်အကျွန် ပြုမူခဲ့ခြင်းများကိုလည်းကောင်း၊ ချမ်းသာခွင့်ပေးသနားတော်မူပါ။ ထိုမှတပါး အသျှင်မြတ်သည်ကျွန်တော်မျိုး တို့၏ခြေများကို (ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်အပေါ်၌) တည်တံ့ခိုင်မြဲစေတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ကာဖိရ် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့သော သူတို့အပေါ်၌ အောင်မြင် ခြင်းကို ပေးသနားတော်မူပါ(3;147)

 رَ‌بَّنَا مَا خَلَقْتَ هَـٰذَا بَاطِلًا سُبْحَانَكَ فَقِنَا عَذَابَ النَّارِ‌ ﴿١٩١
အို-ကျွန်တော်မျိုးတို့၏ အရှင်၊အရှင်မြတ်သည် ဤ(ဖန်ဆင်းထားသောအရာများ)ကို အချည်းနှီး ဖန်ဆင်းထားတော်မူသည်မဟုတ်ပါ၊ အရှင်မြတ်သည်ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူပါ၏။ သို့ဖြစ်ပါ၍အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ငရဲမီး၏ပြစ်ဒဏ်မှဖယ်ရှားတော်မူပါ(3;191)

  رَ‌بَّنَا إِنَّكَ مَن تُدْخِلِ النَّارَ‌ فَقَدْ أَخْزَيْتَهُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنصَارٍ‌ ﴿١٩٢
 အို-ကျွန်တော်မျိုးတို့၏အရှင်၊ ဧကန်မုချ အရှင်မြတ်သည် အကြင်မည်သူ့ကိုမဆို ငရဲမီးထဲသို့ ထည့်သွင်းတော်မူပါလျှင် အရှင်မြတ်သည် ထိုသူအားမုချဂုဏ်ရည်သေးသိမ်အောင်ပြုတော်မူချေပြီ။ ၎င်းပြင် မတရားကျူးလွန်သောသူတို့အဖို့ ကူညီ စောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှမ ရှိပါ။(3;192)

  رَّ‌بَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلْإِيمَانِ أَنْ آمِنُوا بِرَ‌بِّكُمْ فَآمَنَّا ۚ رَ‌بَّنَا فَاغْفِرْ‌ لَنَا ذُنُوبَنَا وَكَفِّرْ‌ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الْأَبْرَ‌ارِ‌ ﴿١٩٣
 အို- ကျွန်တော်မျိုးတို့၏အရှင်၊ မုချဧကန်၊ ကျွန်တော်မျိုးတို့သည် ကြွေးကြော်သူတစ်ဦး (၏ ကြွေးကြော်သံကို)ကြားကြပါသည်။ ထိုသူသည် (လူခပ်သိမ်းတို့အား) အီမာန်ယုံကြည်ခြင်းတရား ထားရန်အလို့ငှာ(အို-လူအပေါင်းတို့)အသင်တို့ သည် မိမိတို့၏အရှင်မြတ်အား ယုံကြည်ကြကုန်ဟုကြွေးကြော်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်မျိုးတို့သည် (အရှင်မြတ်အား) ယုံကြည်ကြပါပြီ။ အို-ကျွန်တော်မျိုးတို့၏အရှင်၊ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ကြီးလေးသော) အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(သေးငယ်သော) မကောင်းမှုများကိုလည်း ကျွန်တော်မျိုးတို့ထံမှ ပပျောက်စေ တော်မူပါ။၎င်းပြင် အရှင်မြတ်သည် (မိမိ၏ ကရုဏာတော်အဟုန်ဖြင့်)ကျွန်တော်မျိုးတို့အား သူမွန်သူမြတ်တို့နှင့် အတူတကွ သေဆုံးစေတော်မူပါ(3;193)

 رَ‌بَّنَا وَآتِنَا مَا وَعَدتَّنَا عَلَىٰ رُ‌سُلِكَ وَلَا تُخْزِنَا يَوْمَ الْقِيَامَةِ ۗ إِنَّكَ لَا تُخْلِفُ الْمِيعَادَ ﴿١٩٤
 အို-ကျွန်တော်မျိုးတို့၏အရှင်၊ ၎င်းပြင် အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်များမှ တစ်ဆင့် ကျွန်တော်မျိုးတို့အား ကတိပြုတော်မူသော ကုသိုလ်အကျိုးကိုလည်းကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကိယာမတ်နေ့တွင်ဂုဏ်ရည် သေးသိမ်အောင် ပြုတော်မမူပါလင့်။ မုချဧကန်အရှင်မြတ်သည် (မိမိထားရှိသော) ကတိတော်ကို (ဘယ်သောအခါမျှ) ဖောက် ဖျက်တော်မူသည် မဟုတ်ပါ။(3;194)

 رَ‌بَّنَا أَخْرِ‌جْنَا مِنْ هَـٰذِهِ الْقَرْ‌يَةِ الظَّالِمِ أَهْلُهَا وَاجْعَل لَّنَا مِن لَّدُنكَ وَلِيًّا وَاجْعَل لَّنَا مِن لَّدُنكَ نَصِيرً‌ا ﴿٧٥
 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤအကြင်မြို့ရွာမှ ထုတ်ဆောင်တော်မူပါ။ ထိုမြို့ရွာသူမြို့ရွာသားများသည် မတရားနှိပ်စက်ညှဉ်းပန်းသူများဖြစ်ကြပါ၏။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဘို့ မိမိအထံတော်မှ အဆွေခင်ပွန်းတဦးဦးကိုဖန်တီး၍ ပေးသနားတော်မူပါ။ ထိုနည်းတူစွာ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အဖို့ မိမိအထံတော်မှ ကာကွယ်စောင့်ရှောက်မည့်သူ တစ်ဦးဦးကိုလည်း ဖန်တီး၍ပေးသနားတော်မူပါ’ ဟုလျှောက်ထား ပန်ကြားလျက် ရှိကြကုန်သတည်း။(4;75)

 رَ‌بَّنَا أَنزِلْ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ تَكُونُ لَنَا عِيدًا لِّأَوَّلِنَا وَآخِرِ‌نَا وَآيَةً مِّنكَ ۖ وَارْ‌زُقْنَا وَأَنتَ خَيْرُ‌ الرَّ‌ازِقِينَ ﴿١١٤
  အိုကျွန်တော်မျိုးတို့ အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနား တော်မူပါ၊ ထိုစားဖွယ်သောက် ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (၀ါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများ အဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း၊ပျော်ရွှင်ဖွယ်ရာ ဖြစ် ပါစေ၊ ၎င်းပြင် အရှင်မြတ်ထံတော်မှသက်သေလက္ခဏာ တော် တစ်ပါးလည်းဖြစ်ပါစေ။အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသောပေးသနားတော်မူသောအရှင် ဖြစ်တော်မူ ပါသည်" ဟုလျှောက်ထားပန်ကြားလေသည်။(5@114)

 رَ‌بَّنَا آمَنَّا فَاكْتُبْنَا مَعَ الشَّاهِدِينَ ﴿٨٣
  "အို - ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် ယုံကြည်ပါပြီ၊ သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်း ယုံကြည်ထောက်ခံသက်သေထွက်ဆိုသော သူတို့နှင့်အတူ အသိအမှတ်ပြုတော်မူပါ" ဟု လျှောက်ထားပန်ကြား ကြကုန်သတည်း။(5;83)

  رَ‌بُّنَا مَعَ الْقَوْمِ الصَّالِحِينَ ﴿٨٤
 အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအ၀င်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏)။(5;84)

 رَ‌بَّنَا لَا تَجْعَلْنَا مَعَ الْقَوْمِ الظَّالِمِينَ ﴿٤٧
  အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤမတရားကျူးလွန်သော သူတို့နှင့်အတူ ထားတော်မမူပါနှင့် ဟု လျှောက်ထားပန်ကြား ကြလိမ့်မည်။(7;47)

 أَنتَ وَلِيُّنَا فَاغْفِرْ‌ لَنَا وَارْ‌حَمْنَا ۖ وَأَنتَ خَيْرُ‌ الْغَافِرِ‌ينَ ﴿١٥٥
 အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးတို့၏ကိစ္စ(အ၀၀တို့)ကို (ပြီးစီးအောင်) ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားသနားညှာတာတော်မူပါ။ အမှန်စင်စစ်သော်ကားအရှင်မြတ်သည် အကောင်းဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်မြတ်ပင်တည်း(7;155)

 ١٥٦ ﴿﴾ وَاكْتُبْ لَنَا فِي هَـٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَ‌ةِ إِنَّا هُدْنَا إِلَيْكَ

 ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ဤလောက၌လည်းကောင်း၊ နောင်တမလွန်ဘ၀၌လည်းကောင်း၊ ကောင်းကျိုးချမ်းသာကို သတ်မှတ် ပြဌာန်း၍ပေးတော်မူပါ။ ကျွန်တော်မျိုးသည် ဧကန်စင်စစ် အရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်၍လှည့်ခဲ့ကြလေပြီ။(7;156)

 حَسْبِيَ اللَّـهُ لَا إِلَـٰهَ إِلَّا هُوَ ۖ عَلَيْهِ تَوَكَّلْتُ ۖ وَهُوَ رَ‌بُّ الْعَرْ‌شِ الْعَظِيمِ ﴿١٢٩
ကျွန်တော်မျိုးတိုအဖို့ အလ္လာဟ်အရှင်မြတ်သည် (အဖက်ဖက်မှ) လုံလောက်တော်မူပေသည်၊ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ။ ထိုအရှင်မြတ်အပေါ်၌သာလျှင်ငါသည် (အစစအရာရာတွင် လုံးဝ)ယုံကြည် လွှဲအပ်ခဲ့လေပြီ၊ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကြီးကျယ်မြင့်မြတ် လှစွာသောအရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူ သောအရှင်လည်း ဖြစ်တော်မူပေသတည်း(၉း၁၂၉)

  رَ‌بَّنَا أَفْرِ‌غْ عَلَيْنَا صَبْرً‌ا وَتَوَفَّنَا مُسْلِمِينَ ﴿١٢٦
 အို-ကျွန်တော်မျိုးတို့၏အရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်၌ ကြံ့ခိုင်မှုကို သွန်းလောင်း ၍ ပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (မုစ်လင်မ်) အမိန့်တော်ကို လိုက်နာသူများအဖြစ် သေဆုံးစေတော်မူပါ(7;126)

 رَ‌بَّنَا لَا تَجْعَلْنَا فِتْنَةً لِّلْقَوْمِ الظَّالِمِينَ ﴿٨٥
 "အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေမြူးတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား နှိပ်စက်ကလူပြုမူကြကုန်သောသူတို့၏ အနှိပ်စက်ခံကြရသူများအဖြစ် ပြုတော်မမူပါနှင့်"(ဟူ၍ လည်းကောင်း)(10;85)

  وَنَجِّنَا بِرَ‌حْمَتِكَ مِنَ الْقَوْمِ الْكَافِرِ‌ينَ ﴿٨٦
  ထိုမှတစ်ပါး အရှင်မြတ်သည် မိမိ၏ကရုဏာတော်နှင့် ကျွန်တော်မျိုးတို့အား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့(၏အန္တရာယ်များ)မှ ကယ်တင်တော်မူပါ "(ဟူ၍လည်းကောင်း) ပန်ကြားခဲ့ကြလေသတည်း။(10;86)


11:47
 ထို(နဗီတမန်တော်နူဟ်)သည် (ဤသို့)လျှောက်ထားပန်ကြားလေတော့၏။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိမသိသောအရာကို အရှင်မြတ်အထံတော်၌ နောက်နောင်မလျှောက်ထားမိရန် အရှင်မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ (တစ်နည်း) အရှင်မြတ်အထံတော်၌ ခိုလှုံပါ၏။ စင်စစ်မူကား အကယ်၍သာ အရှင်မြတ်သည် (ကျွန်တော်မျိုး လွဲချော်၍ ပြုမိခဲ့သောအပြစ်မှ) ကျွန်တော်မျိုးအား ချမ်းသာပေးတော်မမူခဲ့ပါလျှင် ၎င်းပြင်အရှင်မြတ်သည် (ကျွန်တော်မျိုး၏ ၀န်ချတောင်းပန်ချက်ကို လက်ခံတော်မူခြင်းအားဖြင့်) ကျွန်တော်မျိုးအား သနားကရုဏာပြုတော်မမူခဲ့ပါလျှင် ကျွန်တော်မျိုးသည် ဆုံးရှုံးသူတို့တွင် အပါအ၀င် ဖြစ်သွားရပါတော့မည်။(11;47)


39:46
 (အို-နဗီတမန်တော်၊) အသင်သည် (ဤသို့)လျှောက်ထားပန်ကြားပါလေ။ အို-မိုးကောင်းကင်များ ကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော၊အကွယ်၌ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားသည်ကိုလည်းသိတော်မူသော အလ္လာဟ်အရှင်မြတ်သည်၊ အရှင်မြတ်သည်ပင်မိမိကျွန်တို့၏အကြားဝယ် ၎င်းတို့အချင်းချင်း သဘော ကွဲလွဲလျက်ရှိခဲ့ကြကုန်သော အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူမည် ဖြစ်ပါသည်။(39;46)


17:80
 ၎င်းပြင် အသင်သည် “ အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မဒီနဟ်မြို့တော်သို့) နှစ်သက်ကောင်းမွန်စွာဝင်ရောက်စေခြင်းမျိုးနှင့်ဝင်ရောက် စေတော်မူပါ။ ထိုနည်းတူစွာအရှင်မြတ်သည် ကျွန်တော်မျိုးအား (မက္ကဟ်မြို့တော်မှ)နှစ်သက်ကောင်းမွန်စွာ ထွက်စေခြင်းမျိုးနှင့် ထွက်စေတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ ကူညီစောင်မမည့် အားအင်စိုးမိုးမှုကို ချီးမြှင့်ပေးသနားတော်မူပါဟု ”လျှောက်ထားလျက်ရှိပါလေ။(17;80)


14:38
 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ လျှို့ဝှက်ကြသော အချက်တို့ကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့ ထင်ရှားစေကြကုန်သောအချက်တို့ကို လည်းကောင်း၊ သိရှိတော်မူပါ၏။စင်စစ်သော်ကား ပထ၀ီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ် အရှင်မြတ်အပေါ်၌ ဖုံးအုပ်လျက်အလျင်းမရှိပေ။
(14;38)


14:40
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးအား အမြဲတစေ 'ဆွလာတ်' ၀တ်ပြုသူ ပြုလုပ်တော်မူပါ။ ထိုနည်းတူစွာ ကျွန်တော်မျိုး၏နောက်သားနောက်မြေးတို့အနက်မှလည်း (ဆွလာတ်ဝတ်ပြုသူများပြုလုပ်တော်မူပါ)။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၏(ဤ) ဆုမွန်ပတ္ထနာကို သဘောတူ လက်ခံတော်မူပါ။(14;40)


14:41
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် စစ်ဆေးမှုဖြစ်ပေါ်လာမည့်နေ့တွင် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါးအားလည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အားလည်းကောင်း၊ (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ(14;41)

 رَّ‌بِّ ارْ‌حَمْهُمَا كَمَا رَ‌بَّيَانِي صَغِيرً‌ا ﴿٢٤
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်၊ ထိုမိဘနှစ်ပါးသည်ကျွန်တော် မျိုးအား ငယ်စဉ်တောင်ကျေး ကလေးဘ၀၌ ပြုစုပျိုးထောင်ခဲ့ကြသကဲ့သို့ပင် အရှင်မြတ်သည်လည်း ၎င်းတို့နှစ်ပါးအပေါ်၌ ကရုဏာပြုတော်မူပါဟု လျှောက်ထားပန်ကြားပါလေ။(17;24)

 رَ‌بَّنَا آتِنَا مِن لَّدُنكَ رَ‌حْمَةً وَهَيِّئْ لَنَا مِنْ أَمْرِ‌نَا رَ‌شَدًا ﴿١٠
 ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား မိမိအထံတော်မှ ကရုဏာတော်ကို ချီးမြှင့်ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ကျွန်တော်မျိုးတို့၏အရေးကိစ္စ၌ ဖြောင့်မတ်မှုကို ပေးသနားတော်မူပါဟု လျှောက်ထား(အသနား)ခံခဲ့ ကြကုန်၏။(18;10)


20:25
 (ထိုအခါ) ယင်းမူစာက(ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ ရင်ကို ကျယ်ဝန်းကြည်လင်စေတော်မူပါ။(20;25)


20:26
 ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏အရေးကိစ္စကို လွယ်ကူစေတော်မူပါ(20;26)


20:27
 ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုး၏ လျှာမှအထုံးကို ဖြေ၍ ပေးတော်မူပါ။(20;27)


20:28
 ကျွန်တော်မျိုး၏ စကားကို (လူသားတို့) နားလည်နိုင်ကြရန်(20;28)

  رَّ‌بِّ زِدْنِي عِلْمًا ﴿١١٤
 အိုကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ” ဟု လျှောက်ထား (အသနားခံ)ပါလေ။(20;114)

 رَ‌بَّهُ أَنِّي مَسَّنِيَ الضُّرُّ‌ وَأَنتَ أَرْ‌حَمُ الرَّ‌احِمِينَ ﴿٨٣
  (အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊) ဧကန်မလွဲ ကျွန်တော်မျိုး၌ ဘေးဥပဒ်သက်ရောက်ပါပြီ။စင်စစ် သော်ကား အရှင်မြတ်သည် သနားကရုဏာ ပြုတတ်သူတို့တွင် သနားကရုဏာ ပြုတော်မူဆုံးသော အရှင်မြတ်ပင်ဖြစ်တော်မူပါသည်ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။(12;83)

 لَّا إِلَـٰهَ إِلَّا أَنتَ سُبْحَانَكَ إِنِّي كُنتُ مِنَ الظَّالِمِينَ ﴿٨٧
 (အို-အလ္လာဟ်အရှင်မြတ်၊) အရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာအရှင် ဟူ၍ အလျင်း မရှိပါ။ အရှင်မြတ်သည်စင်ကြယ် သန့်ရှင်း တော်မူပါ၏။ ဧကန်မလွဲ ကျွန်တော်မျိုးသည်သာလျှင် အပြစ်ကျူးလွန်သူဖြစ်ပါ၏တကား ဟု ဟစ်ခေါ်တသ အသနားခံ ပန်ကြားခဲ့လေသည်(21;87)

 رَ‌بِّ لَا تَذَرْ‌نِي فَرْ‌دًا وَأَنتَ خَيْرُ‌ الْوَارِ‌ثِينَ ﴿٨٩
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးအား (အမွေစားအမွေဆက်ခံသူ မရှိသောသူအဖြစ်)တစ်ဦးတည်း စွန့်ထားတော်မမူပါနှင့်။ စင်စစ်သော်ကား အရှင်မြတ်သည် အကောင်းဆုံးသော အမွေစားအမွေခံ ဖြစ်တော်မူပါသည်"ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။(21;89)


23:29
 ထိုမှတစ်ပါး အသင်သည် (သင်္ဘောပေါ်မှဆင်း သောအခါ)" အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူ သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ကျက်သ ရေမင်္ဂလာနှင့်ပြည့်စုံစွာ၊ ပြည့်စုံသောနေရာသို့ ဆင်းသက်စေ တော်မူပါ။ စင်စစ် အရှင်မြတ်သည် အကောင်းဆုံးသောဆင်း သက်စေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည် ဟု လျှောက်ထား ပန်ကြားပါလေ။(23;29)


23:94

 အို-ကျွန်တော်မျိုး၏ အရှင်မြတ်၊ ထိုအခါ အရှင်မြတ် သည် ကျွန်တော်မျိုးအား မတရားကျူးလွန်သော အမျိုးသား တွင် ပါဝင်စေတော်မမူပါနှင့်။(23;94)


23:97
 ၎င်းပြင် အသင်သည်(ဤသို့)လျှောက်ထား ပန် ကြားပါလေ။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုး သည် ရှိုင်တွာန် မိစ္ဆာကောင်တို့၏ တိုက်တွန်းနှိုးဆော်ချက်တို့မှ (လွတ်ကင်းရန်) အရှင်မြတ် ၏ အကာအကွယ်ကို ရလိုပါ၏။(23;97)


23:98
 ထိုနည်းတူစွာ ကျွန်တော်မျိုးသည် မိမိထံသို့ ထိုရှိုင်တွာန် မိစ္ဆာကောင်များ ရောက်ရှိမလာနိုင်ကြရန် လည်း အရှင်မြတ်၏အကာအကွယ်ကိုရလိုပါ၏။(23;98)

  رَ‌بَّنَا آمَنَّا فَاغْفِرْ‌ لَنَا وَارْ‌حَمْنَا وَأَنتَ خَيْرُ‌ الرَّ‌احِمِينَ ﴿١٠٩
 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် သက်ဝင်ယုံကြည်ကြပါသည်။ ထို့အတွက် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လွတ်ငြိမ်း ချမ်းသာခွင့် ပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော် မျိုးတို့အား သနားတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင်နာသူအပေါင်းတို့ထက် သာလွန်သနားကြင်နာတော် မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်(23;109)


23:118
 ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည် (ဤသို့) လျှောက်ထားပန်ကြားပါလေ။ အို -ကျွန်တော်မျိုးတို့၏အရှင်မြတ်၊ အရှင်မြတ်သည်(ကျွန်တော်မျိုးအား)ခွင့်လွှတ်တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် (ကျွန်တော်မျိုးအပေါ်၌) သနားကြင် နားတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် သနားကြင် နာသူအပေါင်းတို့ထက်သာလွန် သနားကြင်နာတော်မူသော အရှင်ဖြစ်တော်မူပါသတည်း။(23;118)

 رَ‌بَّنَا اصْرِ‌فْ عَنَّا عَذَابَ جَهَنَّمَ ۖ إِنَّ عَذَابَهَا كَانَ غَرَ‌امًا ﴿٦٥
 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေး မြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ဂျဟန္နမ်ငရဲ၏ပြစ် ဒဏ်ကို ကျွန်တော် မျိုးတို့မှ ဖယ်ရှားပေးတော်မူပါ။ ဧကန်မလွဲ ယင်း ဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်သည်ကား ပျက်စီးမှုပင်၊ ပြင်းထန် လှသောဒုက္ခပင်၊ အဆက်မပြတ် သက်ရောက် အံ့သော ပြစ်ဒဏ် ပင် ဖြစ်ပါသည်။
(25;65)

25:66
 ဧကန်စင်စစ် ယင်းဂျဟန္နမ်ငရဲသည် စခန်းချရာ နေရာအဖြစ်လည်းကောင်း၊ နေထိုင်ရာနေရာအဖြစ် လည်း ကောင်း၊ အလွန်ညံ့ဖျင်းလှပါသည်။(25;66)

 رَ‌بَّنَا هَبْ لَنَا مِنْ أَزْوَاجِنَا وَذُرِّ‌يَّاتِنَا قُرَّ‌ةَ أَعْيُنٍ وَاجْعَلْنَا لِلْمُتَّقِينَ إِمَامًا ﴿٧٤
 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင် မြတ်။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့ ၏ ဇနီးကြင်ရာများထံမှလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ သားမြေးတို့ထံမှလည်းကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော် မျိုးတို့အား ‘မွတ္တကီ’ သူတော်စင်များ၏ရှေ့ဆောင်ရှေ့ရပ် ပြုလုပ်တော်မူပါဟု လျှောက်ထား အသနားခံကြကုန်သတည်း။(25;74)




26:83

 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဥာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည်ကျွန်တော်မျိုးအား သူတော်စင်များနှင့်အတူ ပေါင်းဖက် ပါဝင်စေတော်မူပါ(26;83)



26:84
 ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့နောင်လာနောက်သားများတွင် နာမည်ကောင်းခြင်းကို ပြုလုပ်၍ပေးတော်မူပါ။ (တစ်နည်း) အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ နောင်လာနောက်သားများတွင် ကောင်းစွာ ကျော်ကြားမှုကို (ကောင်းစွာသတိရခြင်းကို) ပြုလုပ်၍ ပေးတော်မူပါ။(26;84)


26:85
 ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအားကျေးဇူးတော်နှင့်ပြည့်စုံသော ‘ဂျန္နတ်’ သုခဘုံ၏ အမွေစားအမွေခံ ပြုလုပ်တော်မူပါ(26;85)


26:86
 ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုး၏ဖခင်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ဧကန်စင်စစ် ၎င်းမှာ လမ်းလွဲသူတို့တွင် အပါအဝင် ဖြစ်ပါသည်။(26;86)


26:87
 ၎င်းပြင် အရှင်မြတ်သည် (လူသတ္တဝါအပေါင်းတို့) ရှင်ပြန်ထကြရမည့်နေ့တွင် ကျွန်တော်မျိုးအား အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။(26@87)


26:88
 အကြင်နေ့တွင် ပစ္စည်းဥစ္စာသည်လည်းကောင်း၊သား(သမီး)များသည်လည်းကောင်း၊ အသုံးဝင်မည် မဟုတ်ပါ။(26;88)


26:89
 သို့ရာတွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ စင်ကြယ်သန့်ရှင်းသော စိတ်နှလုံးနှင့် တကွရောက်ရှိခဲ့ပါလျှင်(ထိုသူသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိပေမည်)။(26;89)


26:169
 (ထို့နောက် လူ(တွ်)က) အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ အိမ်သူအိမ်သားတို့အားလည်းကောင်း၊ (နောက်လိုက် ငယ်သားတို့အားလည်းကောင်း၊) ထိုအမျိုးသားတို့ ကျင့်မူလျက် ရှိကြကုန်သော (ပြစ်မှုဒုစရိုက်၏ပြစ်ဒဏ်မှ) ကင်းလွတ်စေတော်မူပါ (ဟုလျှောက်ထားခဲ့၏)။(26;169)



71:28
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား လည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ကျွန်တော်မျိုး၏အိမ်၌ မုအ်မင်န် သက်ဝင်ယုံကြည်သူအဖြစ်နှင့်ဝင်ရောက်သောသူတို့ အားလည်းကောင်း၊ မုအ်မင်န်ယောက်ျားအပေါင်းတို့အားလည်းကောင်း၊ မုအ်မင်န် မိန်းမအပေါင်းတို့အားလည်းကောင်း၊ (အပြစ်တို့မှ) ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် မတရားသောသူတို့၌မူကား ပျက်စီးမှုကိုသာလျှင် တိုး ပွားစေတော်မူပါ။(71;28)

 رَ‌بَّنَا أَتْمِمْ لَنَا نُورَ‌نَا وَاغْفِرْ‌ لَنَا ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ‌ ﴿٨
 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ကျွန်တော်မျိုးတို့၏အလင်းရောင်ကို အဆုံးတိုင်အောင် ထားရှိတော်မူပါ။ ထိုမှတပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားခွင့်လွှတ်တော်မူပါ၊ ဧကန်မလွဲ အရှင်မြတ်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း(66;8)


60:5
 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့၏ ဖိစီးနှိပ်စက်မှု ခံကြသောသူများပြုလုပ်တော်မမူပါနှင့်။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ပြစ်မှုဒုစရိုက်များ)ကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူပါ။အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်၊ ဧကန်မလွဲ အရှင်မြတ်သည်သာလျှင် အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပါ၏။
(60;5)

رَّ‌بَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنَبْنَا وَإِلَيْكَ الْمَصِيرُ‌ ﴿٤
  အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံလွှဲအပ်ကြပါပြီ။ ၎င်းပြင် ကျွန်တော်မျိုးတို့သည်အရှင်မြတ်ဘက်သို့ သာလျှင် ပြန်လှည့်ကြပါပြီ။ ထိုမှတစ်ပါးနောက်ဆုံး ပြန်လည်ရာစခန်းမှာ အရှင်မြတ်အထံတော်၌ပင်ဖြစ်ပါသည်။(60;4)


37:100
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်အား သူတော်ကောင်း(သား)တစ်ယောက် ချီးမြှင့်ပေးသနားတော်မူပါ။(37;100)

 رَ‌بَّنَا اغْفِرْ‌ لَنَا وَلِإِخْوَانِنَا الَّذِينَ سَبَقُونَا بِالْإِيمَانِ وَلَا تَجْعَلْ فِي قُلُوبِنَا غِلًّا لِّلَّذِينَ آمَنُوا رَ‌بَّنَا إِنَّكَ رَ‌ءُوفٌ رَّ‌حِيمٌ ﴿١٠
 ‘အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်းကောင်း၊ ‘အီမာန်’ သက် ၀င်ယုံကြည်မှုတွင် ကျွန်တော်မျိုးထက်ဦးခဲ့ကြသော ကျွန်တော်မျိုးတို့၏နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ ထိုမှတစ်ပါးအရှင်မြတ်သည် ကျွန်တော်မျိုး တို့၏စိတ်တွင်းဝယ် ‘မုအ်မင်န်’သက်ဝင်ယုံကြည် သူတို့နှင့်ပတ်သက်၍ ရန်ငြိုး တစ်စုံတစ်ရာမျှကိုပင် ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို-ကျွန်တော်မျိုးတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ မလွဲဧကန် အရှင်မြတ်သည် လွန်စွာသိမ်မွေ့တော်မူသောအရှင်၊ လွန်စွာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပါသတည်း(59;10)

 رَ‌بِّ أَوْزِعْنِي أَنْ أَشْكُرَ‌ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْ‌ضَاهُ وَأَصْلِحْ لِي فِي ذُرِّ‌يَّتِي ۖ إِنِّي تُبْتُ إِلَيْكَ وَإِنِّي مِنَ الْمُسْلِمِينَ ﴿١٥
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါး အပေါ်၌လည်းကောင်း၊ မိမိပြုတော်၏မူခဲ့သောကျေးဇူး တော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲတစေ ကျေးဇူးသိတတ်စေတော်မူပါ။ ၎င်းပြင် မိမိနှစ်သက်တော်မူသော ကောင်းမှုများကို ကျွန်တော်မျိုးအား အမြဲကျင့်မူနိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည်ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏သားမြေးတို့၌လည်းအကျိုးဖြစ်စေတော်မူပါ။(အရည် အချင်းဖန်တီးပေးတော်မူပါ)ဧကန်အမှန် ကျွန်တော်မျိုး သည် အရှင်မြတ်အထံတော်၌၀န်ချတောင်းပန်ပါ၏။ ၎င်းပြင် ဧကန် မလွဲ ကျွန်တော်မျိုးသည်အလ္လာဟ့်အမိန့်တော်ကို လိုက်နာသူတို့ တွင် တစ်ဦးအပါအ၀င်ဖြစ်ပါ၏။(46;15)


40:8
 အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အားအရှင်မြတ် ၎င်းတို့အား ကတိပြုတော်မူခဲ့သည့် အမြဲထာဝရနေထိုင်ရအံ့သော ဥယျာဉ်များသို့လည်း ၀င်ရောက်စေတော်မူပါ။ထို့ပြင် ထိုသူတို့၏ဖခင်တို့ အနက်မှလည်းကောင်း၊ ထိုသူတို့၏သား၊ မြေး၊ မြစ်တို့အနက်မှလည်းကောင်း၊(ဂျန္နတ်နှင့်)သင့်လျော်ကြကုန် သောသူတို့အားလည်း (ယင်း အမတ သုခဥယျာဉ်များသို့ ၀င်ရောက်စေတော်မူပါ၊) ဧကန်မလွဲ အရှင်မြတ် သည်ပင်လွန်စွာနိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့်အလွန်တရာ ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါ၏။(40;8)

  رَ‌بَّنَا وَسِعْتَ كُلَّ شَيْءٍ رَّ‌حْمَةً وَعِلْمًا فَاغْفِرْ‌ لِلَّذِينَ تَابُوا وَاتَّبَعُوا سَبِيلَكَ وَقِهِمْ عَذَابَ الْجَحِيمِ ﴿٧
  အို-ကျွန်တော်မျိုးတို့အားဖန်ဆင်း မွေးမြူ တော်မူသောအရှင်မြတ်၊ အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို ကရုဏာတော်အားဖြင့်လည်းကောင်း၊အသိပညာအားဖြင့်လည်းကောင်း၊ ၀န်းခြုံလျက်ရှိတော်မူပါ၏။သို့ဖြစ်ပါ၍ အရှင်မြတ်သည် အကြင်သူတို့အား ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ ထိုသူတို့သည် ၀န်ချတောင်းပန်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အရှင်မြတ်၏လမ်းကိုလည်းလိုက်ကြကုန်၏။ ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အားဂျဟန္နမ် ငရဲဘုံ၏ ပြစ်ဒဏ်မှလည်း ကင်းလွတ်စေတော်မူပါ။
 (40;7)

  رَ‌بِّ انصُرْ‌نِي عَلَى الْقَوْمِ الْمُفْسِدِينَ ﴿٣٠
 အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ဖျက်ဆီးမှုကို ကျူးလွန်ပြုလုပ်ကြကုန်သောအမျိုးသား တို့အပေါ်၌ အောင်နိုင်မှုကို ပေးသနားတော်မူပါ’ဟု လျှောက်ထား ပန်ကြားခဲ့လေသတည်း။(29;30)

  رَ‌بِّ إِنِّي لِمَا أَنزَلْتَ إِلَيَّ مِنْ خَيْرٍ‌ فَقِيرٌ‌ ﴿٢٤
အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ် ကျွန်တော်မျိုးထံ ချပေးသနားတော်မူသောမည်သည့်ကောင်းမြတ်သောအရာကိုမဆို လိုလားတောင့်တရသူဖြစ်ပါသည်’ ဟု လျှောက်ထားပန်ကြားခဲ့ပေသတည်း။(28;24)

  رَ‌بِّ نَجِّنِي مِنَ الْقَوْمِ الظَّالِمِينَ ﴿٢١
အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မတရားသောသူတို့(၏ဘေးရန်ခပ်သိမ်းတို့)မှ ကယ်တော်မူပါဟုလျှောက်ထား ပန်ကြားခဲ့လေသည်။(28;21)

 رَ‌بِّ إِنِّي ظَلَمْتُ نَفْسِي فَاغْفِرْ‌ لِي
  အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိကိုယ်ကို မိမိနှိပ်စက်မိပါပြီ၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ(28;16)

  رَ‌بِّ أَوْزِعْنِي أَنْ أَشْكُرَ‌ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْ‌ضَاهُ وَأَدْخِلْنِي بِرَ‌حْمَتِكَ فِي عِبَادِكَ الصَّالِحِينَ ﴿١٩
 အိုကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးအပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါး တို့အပေါ်၌လည်းကောင်း၊ မိမိပြုတော်မူခဲ့သောကျေးဇူး တော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအားအမြဲကျေးဇူး သိတတ်စေတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအားအရှင်မြတ် နှစ်သက်တော်မူသော ကောင်းမြတ်သောအကျင့်သီလများကိုလည်း အမြဲကျင့်မူ ဆောက်တည်နိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအားမိမိ၏ကရုဏာတော်ဖြင့် မိမိ၏သူတော်ကောင်းကျွန်တို့တွင်ဝင်ရောက် ပါဝင်စေတော်မူပါ(27;19)

 رَ‌بَّنَا افْتَحْ بَيْنَنَا وَبَيْنَ قَوْمِنَا بِالْحَقِّ وَأَنتَ خَيْرُ‌ الْفَاتِحِينَ ﴿٨٩
 အို-ကျွန်တော် မျိုးတို့၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော် မျိုးတို့နှင့် ကျွန်တော်မျိုးတို့၏အမျိုးသားတို့ စပ်ကြားဝယ် မှန်ကန်စွာ စီရင်ဆုံးဖြတ်၍ ပေးသနားတော်မူပါ။ အမှန်သော်ကား အရှင်မြတ်သည်ပင်လျှင် အကောင်းဆုံး စီရင်ဆုံးဖြတ်၍ ပေးတော်မူသောအရှင်ဖြစ်တော် မူပါသတည်း။(7;89)

( အာမီးန် )

မှတ်ချက် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်

 
သာသနာ့ အသိတရားပြန့်ပွားစေရန် အဆင့်ဆင့်မျှယူမျှဝေဖြန့်ချိခြင်းဖြင့် ကုသိုလ်ရယူကြပါ။
ခင်မင်စွာဖြင့်.....

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...