Thursday, February 17, 2011

အကြမ်းဖက် သမားများလော.... ( သို့ ) သစ္စာဝါဒီ ငြိမ်းချမ်းရေး သမားများလော...

အကြမ်းဖက် သမားများလော.... ( သို့ ) သစ္စာဝါဒီ ငြိမ်းချမ်းရေး သမားများလော... 

ယဇ်ပူဇော် ပသခြင်းလော…. ( သို့ ) တိရစ္ဆာန်များအား မတရားညှဉ်းပန်း သတ်ဖြတ်နေခြင်းလော……


ဟုတ်ကဲ့……… ကြိုဆိုပါတယ် ခင်ဗျား။ ကျွန်တော် စိုင်းမျိုးပါ။ အခုလို မေးသင့် မေးထိုက်တဲ့ အကြောင်းအရာ တစ်ခုကို နားမလည်လို့ တကယ်သိချင်ဇောနဲ့ မေးမြန်းလာတဲ့ မအိမ်ခြူးစံ ကိုဝမ်းမြောက်
ဝမ်းသာစွာနဲ့ ကြိုဆိုပါတယ်။

အရင်ဦးဆုံး ဗုဒ္ဓဘာသာတရားကို လေ့လာကြည့်မယ်ဆိုရင်…….. ဗုဒ္ဓမြတ်စွာဘုရားသည် ယုန်သူတော်ဘ၀တွင်မိမိထံ လှူဒါန်းရန် ပစ္စည်းတစုံတရာမရှိခဲ့ပေ။သို့ပါသောကြောင့်တစ်နေ့မှာမိမိထံသို့အလှူခံပုဂ္ဂိုလ်တစ်ဦးဦးကအလှူလာခံခဲ့သည်ရှိသော် မိမိခန္ဓာအား စွန့်လှူမည်ဟု စိတ်ဝယ်ပိုက်ခဲ့လေသည်။ဗုဒ္ဓ ဤသဒ္ဓါတရားကြည်ဖြူစိတ်ကြီးမားမှုကြောင့်တာဝတိံသာနတ်ပြည်ရှိ သိကြားမင်း စံမြန်းနေသော ကျောက်ဖျာသည် တုန်လှုပ်လာလေသည်။ သိကြားမင်းလည်း ဗုဒ္ဓ၏သဒ္ဓါတရား
စိတ်ထက်သန်မှုကို စမ်းသပ်ရန်အလို့ငှာလူယောင်ဆောင်လျက်ဗုဒ္ဓထံတော်ပါးမှအလှူခံလေ၏။ထိုအခါဗုဒ္ဓသည်လည်းမီးမွှေးစေ၍ရေနွေးအိုးတည်စေပြီးလျှင် မိမိ၏ ခန္ဓာတော်အား လှူဒါန်းလေ၏။ရေနွေးအိုးထဲသို့ မခုန်ချခင် အလျင်
မိမိ၏ ခန္ဓာကိုယ် အမွေးအမျှင်များကြားရှိ ပိုးကောင်များ မိမိနှင့်အတူ ရေနွေးအိုးထဲသို့ ကပ်မပါလာစေရန် ခန္ဓာတော်အား
အသေအချာ လှုပ်ခါခဲ့လေသည်။ဤသည်ကား ဗုဒ္ဓမြတ်စွာဘုရား၏ ယုန်သူတော်ဘဝ
အလှူအဒါန်း တစ်ခုပေတည်း။

အခုဒီဘက်ကို ပြန်လှည့်ကြည့်ကြရအောင်…………

တမန်တော် မုဟမ္မဒ် ( အလ္လာဟ်အရှင်မြတ် ဘက်တော်မှ ငြိမ်းချမ်းသာယာမှု အပေါင်းသည် ထိုတမန်တော်မြတ်ကြီး အပေါ်သို့ကျရောက်ပါစေသား ) သခင် အလျင် ပွင့်တော်မူခဲ့သော တမန်တော် အီဗရာဟင်မ် (အလ္လာဟ်အရှင်မြတ် ဘက်တော်မှ ငြိမ်းချမ်းသာယာမှု အပေါင်းသည် ထိုတမန်တော်မြတ် အပေါ်သို့ကျရောက်ပါစေသား ) သခင် သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ မိမိ၏ သားတော် တမန်တော် အီစမာအီးလ် (အလ္လာဟ် အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှု အပေါင်းသည် ထိုတမန်တော်မြတ် အပေါ်သို့ကျရောက်ပါစေသား ) သခင် အား ထိုအရှင့်ကို ရည်စူး၍
( ဇဗ်ဟ် ) ပြု လည်လှီး
လှူဒါန်းရန် ပေါ်ပေါက်လာခဲ့သည်။ ဤသည့်
အကြောင်း အချင်းအရာနှင့် ပတ်သက်၍
တမန်တော်အီဗရာဟင်မ် ( عليه السلام) သခင်သည်
သားတော် တမန်တော် အီစမာအီးလ် ( عليه السلام ) သခင်အား အသိပေးပြောကြားခဲ့လေသည်။ ထိုအခါ တမန်တော် အီစမာအီးလ် (
عليه السلام ) သခင်သည် ( အို……. ဖခမည်းတော် အသင့်ရဲ့ အရှင်က အသင့်ကို အမိန့်ပေးသည့် အတိုင်း အသင်ပြုမူဆောင်ရွက်ပါလေ။ မုချဧကန် အသင်သည် ကျွန်ုပ်အား သည်းခံမြိုသိပ်သူ အဖြစ်တွေ့ရပေမည်။ ) ဟု မိမိ၏ ဖခင် တမန်တော်အီဗရာဟင်မ် ( عليه السلام) သခင်အား ဒွိဟ သံသယမရှိ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို အကောင်အထည်ဖော်ရန်နှင့် မိမိသည်လည်း
ထိုအရှင်မြတ်၏ အမိန့်တော်ကို စိတ်ရောကိုယ်ပါ ခန္ဓီတရားထားလျက် ကျေနပ်နှစ်သက် လိုက်နာ ပါရမီဖြည့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မဆိုင်းမတွ တိုက်တွန်း
အားပေးစကားကို တုန့်လေ၏။ ထိုအခါ
တမန်တော်အီဗရာဟင်မ် ( عليه السلام) သခင်သည်လည်း
အလွန်သည်းခံမြိုသိပ်လျက် မိမိ၏ သားတော် တမန်တော် အီစမာအီးလ် (
عليه السلام ) သခင်အား ဆော်ဒီအာရေးဗျပြည် မက္ကဟ်မြို့ရှိ မရ်ဝဟ် အရပ်သို့ခေါ်ဆောင်လာခဲ့ပြီးလျှင် ၀မ်းလျားမှောက် အိပ်စေ၍ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း

( الذبح ) ပြု လည်လှီးရန် ပြင်ဆင်လေတော့သည်။ ထိုသို့ ( الذبح ) ပြု လည်လှီးရန် ဆဲဆဲမှာပင် ရုတ်တရက် အလ္လာဟ်အရှင်မြတ်၏ဘက်တော်မှ ကောင်းကင်တမန်တော် ဂျီဗရာအီးလ် ( عليه السلام ) သခင်သည် မိုးကောင်ကင်မှ ကြွမြန်းလာပြီး တမန်တော် အီစမာအီးလ် ( عليه السلام ) သခင်အစား ( جنة ) သုခဘုံ နတ်ပြည်မှ ( كبش ) ခေါ်တွင်သော သိုးသတ္တ၀ါ အနွယ်ဝင် သတ္တ၀ါတစ်ကောင်အား ( الذبح ) ပြု လည်လှီးစေခဲ့သည်။ ဤသည်ကား အလ္လာဟ်အရှင်မြတ်ဘက်တော်မှ အလွန်ကြီးကျယ်သော စမ်းသပ်မှုတရပ်ဖြင့် ဆုလာဘ်တစ်ခုသာလျှင်ဖြစ်ပေတော့သည်။

ဤကဲ့သို့ အချင်းအရာများကို ထောက်ရှုခြင်းအားဖြင့် ဘာသာတရားနှစ်ခုကို ပြန်လည်လေ့လာ သုံးသပ်ကြည့်သော်……… သိကြားမင်းသည် ဗုဒ္ဓမြတ်စွာဘုရား၏ သဒ္ဓါတရားထက်သန်မှုကို စမ်းသပ်ခဲ့သလို အလ္လာဟ်အရှင်မြတ်သည်လည်း တမန်တော်အီဗရာဟင်မ် ( عليه السلام) သခင် နှင့် တမန်တော် အီစမာအီးလ် ( عليه السلام ) သခင်တို့၏ တသွေမတိမ်း လိုက်နာတတ်သော သည်းခံမြိုသိပ်စိတ်နှင့် သဒ္ဓါတရားစိတ်အား ထက်သန်မှုတို့ကို နောင်လာနောက်သားများ အမြဲသတိရနေစိမ့်သောငှာ လက်တွေ့ကျကျ စမ်းသပ်ပြခဲ့လေသည်။ သိကြားမင်းအဖို့ ယုန်သူတော်၏ ခန္ဓာနှင့် အသားသည် အကျိုးမရှိသကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ထံတော်ပါး၌လည်း တမန်တော်အီစမာအီးလ် ( عليه السلام ) သခင်၏ခန္ဓာနှင့် ထိုသိုးသတ္တ၀ါတို့၏ အသားများသည် မည်သို့မျှ အကျိုးခံစားမှု အလျှင်း လုံးဝ ( လုံးဝ ) မရှိပေ။ အဖန်းဆင်းခံတည်းဟူသော လူသားသည် ဖန်ဆင်းရှင်တည်းဟူသော တဆူတည်းသော ကိုးကွယ်ခြင်း အခံထိုက်ဆုံးတော်မူသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို မည်ရွေ့ မည်မျှ မည်လောက် လိုက်နာဆောင်ရွက်သင့်သည်။ လိုက်နာဆောင်ရွက်သနည်း ဟူ၍သာ စမ်းသပ်မှု တရပ်ကို မီးမောင်းထိုး ပြသလိုက်ခြင်းသာလျှင်ဖြစ်သည်။ဤကဲ့သို့ အလွန်ကြီးကျယ်သော စမ်းသပ်မှုနှင့် အံ့မခန်းသော သည်းခံမြိုသိပ်စိတ်ဖြင့် လိုက်နာတတ်သော စိတ်နှလုံးပိုင်ရှင်များအား အတုယူ စံနမူနာထားနိုင်ရန် အစ္စလာမ် သာသနာတော်တွင် ထိုအဖြစ်အပျက်သည် အထိန်းအမှတ် တစ်ခုအနေဖြင့်သော်လည်းကောင်း ဘာသာရေး ကျင့်ဝတ်တစ်ခု အနေဖြင့်သော်လည်းကောင်း ယနေ့ထက်တိုင် ထိုဘာသာဝင်များက လိုက်နာဆောင်ရွက် ပြုမူ ကျင့်စောင့်တည်နေကြခြင်း သာလျှင်ဖြစ်ပေသည်။ ထိုနေ့ကို အီးဒ်နေ့ဟုခေါ်ပါသည်။

ဤသည် ဘာသာတရားနှစ်ခုကို လေ့လာနှိုင်းယှဉ်ချင်းအားဖြင့် ရရှိလာသော တူညီသော အချက်တချက်ပေတည်း။ သို့သော် မတူညီ သယောင်ရှိနေသော ညှိနှိုင်း၍ရနိုင်သော အချက်တစ်ချက်မှာ…… ဗုဒ္ဓဘာသာတွင် မိမိကိုယ်တိုင်မှလွဲ၍ အခြားသူတပါးက သတ်ဖြတ် အသားဖော်ပေးထားသော သားကောင်၏ အသားကို စားသုံးနိုင်ပေသည်။ အပြစ်မဖြစ်ပေ။ သို့ရာတွင် မိမိ ကိုယ်တိုင် သတ်ဖြတ် အသားဖော်၍ စားသုံးခြင်းသည် အပြစ်ဖြစ်ပေသည်။

အစ္စလာမ် သာသနာ၌ မူကား…… အလ္လာဟ်အရှင်မြတ်က စားသုံးခွင့်ပြုထားသော သားကောင်များကို အစ္စလာမ် သာသနာဝင် တစ်ဦးဦးကဖြစ်စေ မိမိကိုယ်တိုင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို တိုင်တည်၍ ပြဋ္ဌာန်းထားသော သီးသန့်ပုံစံ နည်းစနစ်အတိုင်း ( الذبح ) ခေါ် လည်ပင်းသွေးကြောများအား ဖြတ်တောက်ပြီး အသားဖော်ထားမှသာလျှင် စားသုံးနိုင်ပေမည်။

ဗုဒ္ဓဘာသာဝင်များက အစ္စလာမ် သာသနာဝင်များအပေါ် အမြင်စောင်းနေသည့် အချက်မှာ အခြားကြီးကြီးမားမားမဟုတ်။ ကိုယ်တိုင် အသားဖော် စားသုံးပိုင်ခြင်း မပိုင်ခြင်း ကိစ္စလေးတွင်သာ အမြင်ရှုပ်ထွေးနေကြခြင်းသာ ဖြစ်သည်။ သည်လိုဆိုရင် အစကတည်းက တူညီပြီးခါမှ အဖျားရှူးလေးမှာမှ လာပြီးရှုပ်ထွေး ရစ်ထုံးနေတဲ့ ဒီကိစ္စလေးကို ကျွန်ုပ်တို့ လူသားများပီပီ စနစ်တကျ ယုတ္တိဆန်ဆန် အဆင့်ဆင့် စဉ်းစားတွေးခေါ်တတ်ဖို့ လိုလာပေပြီ။ စဉ်းစားကြည့်ကြရအောင်…………

ဗုဒ္ဓဘာသာဝင်များက ပြောကြသည် သူတပါး အသက်အား သတ်ဖြတ်ခြင်းသည် ပါဏာတိပါတကံထိုက်၍ အပြစ်ကြီးဖြစ်လေသည်။ သို့သော် အခြားသူတပါးက သတ်ဖြတ် အသားဖော်ပေးထားသော သားကောင်၏ အသားကို စားသုံးနိုင်ရုံမက ဘုရားဆွမ်းတော် ကပ်ခြင်း ရဟန်းသံဃာများအား ကပ်လှူခြင်း နှင့် အများပြည်သူများအား လှူဒါန်းကျွေးမွေးနိုင်ပေသည်။ အပြစ်မဖြစ်ပေ။ လှူဒါန်းသော အကျိုးကုသိုလ်ကိုပင် ရရှိပေမည်ဟု ပြောကြသည်။

အစ္စလာမ် သာသနာဝင်များကဆိုကြသည်။ အစ္စလာမ် သာသနာတွင် သူတပါး အသက်အား သတ်ဖြတ်ခြင်းသည် ပါဏာတိပါတကံထိုက်၍ အလွန် အပြစ်ကြီးလေသည်။ အဘယ်မျှဆိုသော် သူတပါး အသက်အား သတ်ဖြတ်ဖို့ မဆိုထားနှင့် မိမိအိမ်တွင် မွေးမြူထားသော ကြောင်ကလေး တစ်ကောင်ကိုပင် အစာ၊ ရေစာ ပုံမှန်တိုက်ကျွေးပြုစုရန် တာဝန်ရှိပေသည်။ အကယ်၍ ပျက်ကွက်ခဲ့သော် အလွန်ကြီးလေးသော အပြစ်ထိုက်ပေသည်။ အကယ်၍ ပျက်ကွက်မှုကြောင့် ကြောင်ကလေး သေဆုံးခဲ့သော် အပာယ်ငရဲသို့ပင် လားရနိုင်ဖွယ်ရှိပေသည်။ မိမိအိမ်တွင် မွေးမြူထားသော ကြောင်ကလေး တစ်ကောင်ကိုပင်မဆိုထားနှင့် လမ်းဘေးတွင် ရေငတ်နေသော ခွေးကလေး တစ်ကောင်ကိုပင် ကိုယ်ချင်းစာ မေတ္တာတရားထား၍ ရေတိုက်ကျွေးပေးခဲ့သည်ရှိသော် ဤမပြောပလောက်သော ကိစ္စလေးကို အကြောင်းခံ၍ နတ်ပြည်သုခဘုံသို့ လားရနိုင်ဖွယ်ရှိသည်။ အစ္စလာမ် သာသနာတော်၌် ကြောင်တစ်ကောင်ကြောင့် ငရဲကျခဲ့ရပြီး ၊ ခွေးတစ်ကောင်ကြောင့် သုခဘုံရောက်ရှိခဲ့သော တကယ့်သမိုင်းဖြစ်ရပ်မှန်များရှိခဲ့သည်။ ဟု …. အစ္စလာမ် သာသနာက သတ္တ၀ါများအပေါ် မေတ္တာထားရန် အထူးပင် လှုံ့ဆော် အားပေးထားကြောင်း အသားစားသုံးခြင်းနှင့်ပါတ်သက်၍လည်း သာသနာတော်က ခွင့်ပြုထားသော အသားများကိုသာ စားသုံးပိုင်ကြောင်း ခွင့်ပြုချက် မရှိသော အသားများ…… ဥပမာ ၀က်၊ကျား၊၀ံ စသည်တို့ကို အစ္စလာမ် သာသနာဝင် တစ်ဦးဦးက အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို တိုင်တည်၍ ပြဋ္ဌာန်းထားသော သီးသန့်ပုံစံ နည်းစနစ်အတိုင်း ( الذبح ) ခေါ် လည်ပင်းသွေးကြောများအား ဖြတ်တောက်ပြီး အသားဖော်ပေးထားရင်တောင် မစားသုံးပိုင်ရုံမျှမက ထိုအသားကို လှူဒါန်း၍ပင် မပိုင်ကြောင်း သို့သာမက သူတစ်ပါး အသက်ကို အကြောင်းမဲ့ သတ်ခဲ့သည့် အတွက် အပြစ်သာထိုက်မည့် အကြောင်း အစ္စလာမ် သာသနာက ပိတ်ပင်တားမြစ်ထားသည့် ကိစ္စရပ်တိုင်းကို မိမိကိုယ်တိုင် မကျူးလွန် ရှောင်ကြဉ်ရသလို အခြား သူတပါးကိုလည်း ကျူးလွန်နိုင်အောင် အားမပေးထားကြောင်း အကယ်၍ အခြား သူတပါးကို ကျူးလွန်နိုင်အောင် အားပေး အားမြှောက် ပြုခဲ့သည်ရှိသော် မိမိကိုယ်တိုင် ထိုအမှုကို ကျူးလွန်သကဲ့သို့ အပြစ်ထိုက်ကြောင်း အလ္လာဟ်အရှင်မြတ်သည် လူသားများအတွက် သတ္တ၀ါပေါင်းစုံကို ဖန်းဆင်းပေးထားကြောင်း ထိုသတ္တ၀ါများအနက် အချို့ကို စားသုံးရန် စားနှပ်ရိက္ခာ အဖြစ်လည်းကောင်း အချို့ကို စီးနှင်းရန်အတွက် အစီးအနှင်းများ အဖြစ်လည်းကောင်း အချို့ကို အသုံးတော်ခံများ အဖြစ်လည်းကောင်း အချို့ကို သဘာဝ ဘေးပတ်ဝန်းကျင်အရ လည်းကောင်း လူသားများနှင့် လိုက်လျောညီထွေစွာ ဖန်ဆင်းပေးထားကြောင်း ယေဘုယျအားဖြင့် အသားစားသုံးပိုင်သော သတ္တ၀ါများသည် အသားမစားသုံးပိုင်သော သတ္တ၀ါများထက် မျိုးပွားရှင်ထန်ကြီးထွားနှုန်းမှာ သာပိုကြောင်း အကယ်၍ အသားစားသုံးပိုင်သော သတ္တ၀ါများကို လူသားများအားလုံးက မစားသုံးပဲ ရှောင်ကြဉ်ခဲ့ကြသော်….. ယနေ့ ကမ္ဘာတွင် ထိုအသားစားသုံးပိုင်သော သတ္တ၀ါများနှင့်ပင် နေရာလပ်မရှိ ပြည့်နှက်နေမည်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ် ဖန်းဆင်းပေးထားသော သတ္တ၀ါအားလုံးကို တန်ဖိုးထားရမည်ဖြစ်ကြောင်း အသေးအသိမ် မပြုသင့်ကြောင်း ထို အရှင်မြတ်က စားသုံးရန် သတ္တ၀ါများကို ဖန်းဆင်းချီးမြှင့်ပေးထား၍သာ ကျွန်ုပ်တို့လူသားများက စားသုံးနေရသဖြင့်၊ အဖန်ဆင်းခံကျေးကျွန်များပီပီ ဖန်ဆင်းရှင် အရှင်သခင်အား ချီးမွှမ်းသတိရတမ်းတစိမ့်သောငှာ အသားစားသုံးပိုင်သော သတ္တ၀ါများကို
ထိုအလ္လာဟ်အရှင်မြတ်၏
နာမံတော်အား တိုင်တည်၍ ပြဋ္ဌာန်းထားသော သီးသန့်ပုံစံ နည်းစနစ်အတိုင်း ( الذبح ) ခေါ် လည်ပင်းသွေးကြောများအား ဖြတ်တောက်၍ အသားဖော်စားသုံးနေကြရကြောင်း ၊ ထို့ကြောင့်
ထိုသတ္တ၀ါများကို ပြဋ္ဌာန်းထားသော ပုံစံမှလွဲ၍ အခြားသော ညှဉ်းပန်း နှိပ်စက်ရာရောက်စေမည့်
ပုံစံဖြင့် သတ်ဖြတ်အသားဖော် စားသုံး၍မပိုင်ကြောင်း ၊ အရွယ်ရောက်ပြီးသား
သားကောင်များကိုသာ အသားဖော်စားသုံးခွင့်ရှိကြောင်း ၊ ထိုသတ္တ၀ါများအား
လည်ပင်းသွေးကြောများအား ဖြတ်တောက် ရာ၌ အသုံးပြုသောဓါးများကိုလည်း ကြိုတင်၍ ထက်ထက်
မြက်မြက်ရှိနေစေရန် သွေးထားပြီး၊ လှီးဖြတ်ရာ၌လည်း လျင်လျင် မြန်မြန်ပြုရမည့်
အကြောင်း ၊ သို့မှာလည်း ထိုသတ္တ၀ါသည် နာကျင်မှုဝေဒနာကို စက္ကန့်ပိုင်းအတွင်းသာ
ခံစားရမည်ဖြစ်ကြောင်း ၊
လည်ပင်းသွေးကြောများအား ဖြတ်တောက် ရာ၌လည်း ခေါင်းတခြား
၊ ကိုယ်တခြားဖြစ်သွားလောက်အောင် မလှီးဖြတ်သင့်ကြောင်း ၊ အသားစားသုံးပိုင်သော
သတ္တ၀ါများကို အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို တိုင်တည်၍ ပြဋ္ဌာန်းထားသော သီးသန့်ပုံစံ နည်းစနစ်အတိုင်း ( الذبح ) ခေါ် လည်ပင်းသွေးကြောများအား ဖြတ်တောက်ခြင်းသည်လည်း ကျန်းမာရေးရှု့ထောက်နှင့်
ညီညွှတ်ကြောင်း ၊ ထိုသို့ လည်ပင်းသွေးကြောများအား ဖြတ်တောက်လိုက်ခြင်းအားဖြင့်
ကိုယ်ခန္ဓာတစ်ခုလုံးတွင်လည်ပတ်နေသောသွေးများရှိ ရောဂါဘေးဘယဖြစ်နိုင်သော
ဘက်တီးရီးယားပိုးမွှားများသည် လည်ပင်းသွေးကြောများမှတဆင့် ပြင်ပသို့
သွေးများနှင့်အတူ ပန်းထွက်လာမည်ဖြစ်ကြောင်း ၊ စသည်ဖြင့် စသည်ဖြင့်
အစ္စလာမ့်ပညတ်ချက်များကို တင်ပြကြသည်။

အစ္စလာမ် သာသနာတော်နှင့် အီးဒ်နေ့ ( ခေါ် ) ပျော်ရွှင်ဖွယ်ရာနေ့ကြီးရက်မြတ်........

ဘာသာတရား အားလုံးတွင် ဘာသာရေးအလိုက် ကိုယ်စီကိုယ်စီ ပျော်ပွဲ ၊ ရွှင်ပွဲများရှိသလို အစ္စလာမ် သာသနာတော်တွင်လည်း အီးဒ်နေ့ ( ခေါ် ) ပျော်ရွှင်ဖွယ်ရာနေ့ကြီးရက်မြတ်များ ရှိပါသည်။ မြန်မာစာပေနှင့်
လေယူလေသိမ်းတွင် အာရဗီ စကားလုံးဖြစ်သော (
عيد ) အီးဒ် ဟူ၍ မရှိ၍သာ
မြန်မာလူမျိုးမွစ္စလင်မ်များနှင့် အခြားဘာသာဝင်များသည် မိမိတို့၏ အလွယ်တကူ
လေယူလေသိမ်းဖြင့် ( အစ် ) ဟု အသံထွက်ခေါ်ဝေါ်နေကြခြင်းသာလျှင် ဖြစ်ပေသည်။ အမှန်မှာ (
အစ် ) မဟုတ်ပေ။ ( အီးဒ် ) ဖြစ်ပေသည်။ အာရဗီ အဘိဓာန်အရ အဓိပ္ပာယ်များစွာ အနက်ရပေမဲ့
အာရဗ်လူမျိုးများက များသောအားဖြင့် ဤ (အီးဒ် ) ဟူသောစကားလုံးကို ပျော်ပွဲ ၊
ရွှင်ပွဲများတွင် အသုံးတွင်ကျယ်ကြပေသည်။ ခရစ္စမတ်နေ့ ၊ မွေးနေ့ စသည့်
ပျော်ရွှင်ဖွယ်နေ့ထူးများကို ( အီးဒ် ) ဟူသော စကားလုံးနှင့်
သက်ဆိုင်ရာနေ့များအားတွဲဖက်၍ အသုံးပြုခေါ်ဝေါ်ကြလေသည်။

အစ္စလာမ် သာသနာတော်တွင် ( عىيد الأضحي ) ခေါ် အီးဒ်နေ့ရက်မြတ်ကြီး ရောက်လာသောအခါ တတ်နိုင်သောသူများက သတ်မှတ်ထားသော ခြေလေးချောင်း သတ္တ၀ါများကို သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြဋ္ဌာန်းထားသည့် နည်းစနစ် အတိုင်း စနစ်တကျ ( الذبح ) ခေါ် လည်ပင်းသွေးကြောများအား ဖြတ်တောက်စေ၍ အသားဖော်ပြီးချက်ချင်း
အလှူ့ရှင်ကိုယ်တိုင်၎င်းအသားကို ချက်ပြုတ်စားသုံးနိုင်သလို မိမိ၏ဆွေမျိုး ၊ မိတ်ဆွေ ၊
အပေါင်းအသင်း ၊ အိမ်နီးချင်းနှင့် သူဆင်းရဲများကို ပေးလှူကျွေးမွေးနိုင်လေသည်။

အီးဒ်နေ့၌ ( ဇဗ်ဟ် )ပြု အသားဖော်မည့် သတ္တ၀ါများနှင့် ပတ်သက်၍ အချို့သောပညတ်ချက်များ။ (အကျဉ်းချုံ့)

၁။ အလှူ့ရှင်သည်အကျိုးကုသိုလ်ကို မျှော်ကိုး၍ အရှင်မြတ်ခိုင်းသည့် အမိန့်ကိုလိုက်နာ အကောင်အထည်ဖော်ကြောင်း စိတ်တွင်း၌ ရည်စူးရမည်။

၂။ အရွယ်ရောက်ပြီးသော ကုလားအုပ်၊ နွား၊ သိုး၊ ဆိတ် စသည့် ခြေလေးချောင်း သတ္တ၀ါများဖြစ်ရမည်။

၃။ အီးဒ်နေ့၌ ( ဇဗ်ဟ် )ပြု အသားဖော်မည့် သတ္တ၀ါများသည် အတွင်း၊ အပြင်အနာအဆာများမှ ကင်းစင်နေရမည်။

၎။ အီးဒ်နေ့မနက် ၀တ်ပြုပြီးနောက် သတ်မှတ်ထားသော အီးဒ်သုံးရက်တာကာလ အတွင်းတာ ( ဇဗ်ဟ် )ပြု အသားဖော်ရမည်။

အီးဒ်နေ့၌ ( ဇဗ်ဟ် )ပြုလုပ်ရခြင်း၏ သဘောထား အမျှော်အမြင်များ........

အစ္စလာမ်သာသနာ၌ မည်သည့် အမိန့်ပညတ်ချက်မဆို ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ယုတ္တိဆန်သော သဘောထား အမျှော်အမြင်များသည် တနည်းမဟုတ်တနည်း ဆက်စပ်နေပေသည်။ ယခုဤ ပညတ်ချက်တွင်လည်း ဖြောင့်မှတ်
မှန်ကန် ထက်မြက်သော အစ္စလာမ် သာသနာတော်၏ဓါးသွားအောက်တွင် မိမိတို့၏နှလုံးသားလည်ဂုတ်များအား
စင်းပေးရန် အသင့်ဖြစ်နေပါပြီ။ မိမိတို့သည်လည်း သူဆင်းရဲချမ်းသာမရွေး
တစ်မျိုးတည်းသောအသားကိုသာစားသုံးပြီး တဆူတည်းသော ဖန်ဆင်းရှင်၏ အမိန့်တော်များကို
တညီတညွှတ်တည်း စည်းစည်းလုံးလုံး လိုက်နာရန် အသင့်ဖြစ်နေပါပြီ။ ဟု လက်တွေ့သံဝေဂသတိတရားရရန်
သရုပ်ဖော်လုပ်ဆောင်စေခြင်းသာ ဖြစ်ပေသည်။ ထို့အတူ ထိုအသားများကို
မိမိနှင့်အိမ်သူအိမ်သားများက ပျော်ပျော်ရွှင်ရွှင် စားသုံးရသလို အချင်းချင်း
ပိုမိုချစ်ခင် ရင်းနှီးလာစေရန် လက်ဆောင်များသဖွယ် ဆွေမျိုးရင်းချာများ ၊
အပေါင်းသင်းမိတ်ဆွေများ ၊ အိမ်နီးနားချင်းများနှင့် သူဆင်းရဲများထံသို့
ပေးဝေလှူဒါန်းရပေမည်။ဤကဲ့သို့ဖြင့် ပျော်ရွှင်ဖွယ်ရာနေ့ရက်များကို အရှင်မြတ်အား
သတိရတမ်းတရင်း သဘာဝကျကျ အဓိပ္ပာယ်ရှိရှိ ကုန်ဆုံးရပေမည်။ဤတွင် ကျမ်းမြတ်ကုရ်အာန်အား
မြန်မာဘာသာသို့ ပြန်ဆိုသူ သီရိပျံချီ ဃာဇီဦးဟာရှင်မ်၏ အာဘောအား အသစ်တဖန်
ပြန်လည်အသက်သွင်းရင်း ကျွန်တော့်စာအား နိဂုံးချုပ်ရမည်ဆိုလျှင်.......

( لن ينال الله لحومها ولادماؤها ولكن يناله التقوى منكم كذلك سخرهالكم لتكبرالله علي ماهدىكم وبشرالمحسنين )

အဓိပ္ပာယ်….. ၃၇။ အလ္လာဟ်အရှင်မြတ် အထံတော်သို့ ယင်းကုရ်ဘာနီသားကောင်၏ အသားများသည် အလျင်းရောက်ရှိသည် မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းကုရ်ဘာနီသားကောင်တို့၏ အသွေးများသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့၏ ရိုသေလေးစားမှု အမိန့်တော်ကို ရိုသေလိုက်နာမှု ကောင်းမြတ်သော အကျင့်သီလသည်သာလျှင် ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။ ဤနည်းနင်နင် အသင်တို့သည် မိမိတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသောကြောင့် အလ္လာဟ်အရှင်မြတ် ကြီးမြတ်တော်မူကြောင်း ရွတ်ဆို ချီးကျူးကြအံ့သောငှာ ထိုအရှင်မြတ်သည် ယင်းကုရ်ဘာနီသားကောင်များကို အသင်တို့၏ လက်အောက်ခံများ ပြုလုပ်ထားတော်မူပေသည်။ အို-နဗီတမန်တော် အသင်သည် စေတနာဖြူစင်သောသူတို့အား ၀မ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားပါလေ။

ကုရ်ဘာနီ၏ သဘောတရား…….

အလ္လာဟ်အရှင်မြတ်သည် ဤအာယတ်တော်တွင် ကုရ်ဘာနီ၏ ( Philosophy ) သဘောတရားကို မိန့်ဆိုထားတော်မူသည်။ ဆိုလိုသည်ကား သားကောင်များကို လှီးဖြတ်၍ အသားများကို မိမိတို့ကိုယ်တိုင် စားသုံးရုံမျှဖြင့်သော်လည်းကောင်း၊ သူတစ်ပါးတို့အား ဝေငှ ကျွေးမွေးရုံမျှဖြင့်သော်လည်းကောင်း၊ သားကောင်များ၏ သွေးများကို သွန်းရုံမျှဖြင့်သော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို မည်သည့် အခါ၌မျှ အလျှင်းခံစားနိုင်မည် မဟုတ်ပေ။ ဤသည့်အသားများနှင့် သွေးများသည် အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးသို့ အလျှင်းရောက်ရှိသည် မဟုတ်ပေ။ ထိုအရှင်မြတ်၏ထံတော်ပါးသို့မူ ထိုအရှင်မြတ်အား ချစ်ကြည်မြတ်နိုးသောအားဖြင့် အဖိုးထိုက်တန်သော၊ နှစ်လိုဖွယ် ပစ္စည်းများကို ထိုအရှင်မြတ်၏ အမိန့်တော်အရ ထိုအရှင်မြတ်အားရည်စူးလျက် ထိုအရှင်မြတ်၏ အိမ်တော်ပါးသို့ ယူဆောင်လာပြီးလျှင်၊ ထိုအရှင်မြတ်၏ နာမံတော်ကို ရွတ်ဆိုတသကာ ကြည်ဖြူစွာ ကုရ်ဘာနီပြုလုပ်ကြရန် စေ့ဆော်သည့် ( တာက္က၀ါ ) ရိုသေလေးစား ခန့်ညားမှုတည်းဟူသော ထက်သန်လှသည့်စေတနာ သဒ္ဓါတရားသည်သာလျှင် ထိုအရှင်မြတ်ထံတော်ပါးသို့ ရောက်ရှိသွားပေမည်။ တစ်နည်းအားဖြင့် ကုရ်ဘာနီပြုလုပ်သောသူများသည် သားကောင်များကို ကုရ်ဘာနီပြုလုပ်ပြီး ( မိမိတို့သည်လည်း ဤအတိုင်းပင် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ကုရ်ဘာနီဖြစ်ရန်၊ စွန့်ခြင်းကြီးစွန့်ရန် အသင့်ရှိကြပါသည် ) ဟု ထုတ်ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။

ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓဘာသာကို သိရှိလိုလျှင် ပိဋိကတ်ကျမ်းဂန်များကို လေ့လာလိုက်စားရမည်ဖြစ် သကဲ့သို့ စစ်မှန်သော အစ္စလာမ်သာသနာတော်ကို သိရှိလိုလျှင်လည်း မှန်ကန်သော ကုရ်အာန်ကျမ်းမြတ်ကို လာရောက်လေ့လာပါအုံးလို့ မအိမ်ခြူးစံ ကိုဖိတ်ခေါ်ရင်း ဒီနေရာကနေ ခေတ္တခဏ နှုတ်ဆက်လိုက်ပါတယ်။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

တလွှာပန်း အဖြစ်နဲ. တခါအနမ်းတော. မဖြစ်စေချင်……အပိုင်(၁)

တလွှာပန်း အဖြစ်နဲ. တခါအနမ်းတော. မဖြစ်စေချင်……အပိုင်(၁)

မိတ်ဆက်……

ကျွန်တော်ဟာ ၁၀၊၆၊၂၀၁၀ မှာဒီဆိုက်လေးထဲကို ၀င်ခွင့်ရခဲ.လို. UOIရဲ. မိသားစုဝင်တဦးဖြစ်ခဲ.ရပါတယ်။
မြန်မာတွေတည်ထောင်ထားတဲ. ဒီIslamic site လေးကို စတင်အသုံးပြုနေစဉ်မှာပဲ… မမျှော်လင့်ပဲ mohammadd ရဲ.
(မွစ်လင်တစ်ယောက်နဲ့ ကာဖစ်ရ်တစ်ယာက်ချစ်ကြိုက်နေပါ)ဆိုတဲ. ခေါ်င်းစဉ်နဲ.ဆွေးနွေးခန်းကို ဖတ်လိုက်ရတယ်။
ဒီခေါ်င်းစဉ်က Islamic blog ကိုမရေးချင်တဲ.ကျွန်ုပ်အား ပထမဦးဆုံးအကြိမ် ဒီလိုblog မျိုးရေးဖြစ်ဖို.တွန်းအားပေးခဲ.တယ်။
ဒါကလည်း ကျွန်ုပ်ရဲ.ကိုယ်တွေ.ဖြစ်ရပ်တွေနဲ. တိုက်ဆိုင်လွန်းနေလို.ပါ။
ပြောမဆုံး ပေါင်၊ တောသုံးတောင်…ဆို သလို၊ ပြောရမယ်ဆိုရင်တော. တလှေကြီးပေါ့ဗျာ…..။
လူ.သဘောသဘာဝအား တချက်ငဲ.စောင်းလေ့လာကြည်.ခြင်း။
လူတယောက်ဖြစ်လာပြီဆိုတာနဲ. လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ တဏှာ
စသည်.အချက်တွေနဲ. မကင်းနိုင်ကြဘူးဆိုတာ အားလုံးအသိပါပဲ။

အဲ…..အတ္တနဲ.ပရမျှတအောင် ထိန်းချုပ်နေနိုင်ဖို.ပဲလိုတာပေါ.နော့်!!!

ဘယ်လိုထိန်းချုပ်ကြမလဲ???

နည်းလမ်းတွေများစွာရှိတဲ.အနက် အချို.ကိုအကျဉ်းချုံ.အနေနဲ.လက်လှမ်းမှီသလောက်တင်ပြရမယ်ဆိုရင်………..

(ပြဿနာတခုကို ကိုင်တွယ်ဖြေရှင်းတော.မယ်ဆိုရင် မည်သူမည်ဝါ
မှန်တယ်မှားတယ်ဆိုတာထက်

အဲ.ဒီပြဿနာဖြစ်ရတဲ. အကြောင်းခံနဲ. သဘောသဘာဝတွေကို ဦးစွာ ဆန်းစစ်လေ့လာ အဖြေညှိရမယ်။)

ဒီစာကြောင်းလေးက ကျွန်တော်. Blog တခုလုံးရဲ. အနှစ်ချုပ်ပါပဲ။


အရင်ဆုံးအမျိုးသမီးတွေနဲ. ပတ်သက်တာကို ဇောင်းပေးပြီးပြောချင်ပါတယ်။ သူတို.လေး တွေက
အဓိကပိုကျလို.ပါ။

သာဓကအနေနဲ.၊ အာရဗီစာပေမှာ ام(အွမ်း)ဆိုတဲ.၊ (မိခင်)လို.
မြန်မာလိုအဓိပ္ပာယ်ရတဲ. စာလုံးဟာ….

အရာတခုရဲ. မူလဇစ်မြစ်၊ အဓိက ဗဟိုအချက်အချာ ကျတဲ. အရာတွေကို ပြောဆိုသုံးနှုန်းရာမှာ အသုံးပြုတဲ.စာလုံးပါ။

အဲဒီကနေတဆင့် အာရဗ် တွေဟာ
လူသားအားလုံးရဲ. အဓိက မူလမျိုးရိုးဇစ်မြစ်ဖြစ်တဲ.
မိခင်တိုင်းကို ام(အွမ်း)လို.
ခေါ် ဝေါ်လာခဲ.ကြတယ်။


အာရဗ်တွေမဟုတ်တဲ. ကျွန်ုပ်တို.တောင် သာမန်ရိုးရိုးလေးစဉ်းစား ကြည်.မယ်ဆိုရင်….
မာမာဟောင်ဝါကိုအကြောင်းခံပြီး
လူသားမျိုးရိုးတခုလုံးပေါက်ဖွားလာခဲ.ရသလို….


အဲ.ဒီလိုမိခင်မွန်တွေကြောင့် နဗီတမန်တော်တွေ၊ ဆွဟာဗာကြီးတွေ၊ ဆရာ သခင်ကြီးတွေ
အသီးသီးပေါ်ထွန်းလာခဲ.ရတာပါ။ ဖခင်ဆိုတာက လုပ်ရကိုင်ရ၊ ရှာရဖွေရနဲ.

မိခင်တွေလောက်သားသမီးတွေနဲ. အနေမနီးဘူးလေ။ များသောအားဖြင့် မိခင်ကပဲ ဆုံးမ
သွန်သင်ရတာချည်းပဲလေ။ အဲ.... မိခင်ရဲ. ဉာဏ်ပညာ၊
လိမ္မာပါးနပ်မှုအပေါ်လိုက်ပြီး သား သမီးတွေက

ထူးချွန်လာကြစမြဲပဲမဟုတ်လား။ ဆရာဆိုတာကလည်း တပည်.တွေကို လမ်းမှန်ပြ
ပေးနိုင်ရုံသက်သက်ပါ။ မိခင်တွေကမှ အဲ.ဒီလမ်းမှန်ကို
ဖြောင်ဖြောင့်ဖြူးဖြူး



လျှောက်လှမ်းလာနိုင်အောင် ထိထိရောက်ရောက် တွန်းအားပေးနိုင်တာပါ။ တနည်းအားဖြင့်


မိဘဆရာပူး ပေါင်းခါမှ သားရင်သွေးလောင်းထူးမြောက် လာမယ်ဆိုတဲ. အသွင်ဆောင်တာပေါ့နော်။


ကြည်.လေ... (မိဘ)တဲ. (ဘမိ)လို. ဘယ်သူကမှ မပြောဘူး။ မိခင်ကိုပဲ ရှေ.တန်းတင်ကြတာလေ။


မိခင်ရဲ.ခြေဖ၀ါးအောက်မှာ ဂျန္နတ်ရှိတယ်။ စသည်ဖြင့် မိခင်နဲ.ပတ်သက်လို. ဟဒီးစ် တော်တွေမှာ


အထင်အရှားများမြောင်စွာလာရှိတာ အားလုံးအသိပါပဲ။ ဒါကို (ကောင်းလိုက်တာ၊ အခုမှပဲအမေကို


ပိုပြီးတန်ဖိုးထားတတ်လာပြီ။)လို. စိတ်ကိုမတင်းတိမ်လိုက်နဲ.အုံးနော်။ အရွယ်မရောက်သေးတဲ.


အသင်မိန်းမငယ်လေးကိုယ်တိုင် တနေ.မှာ မိခင်မွန်တယောက် ဖြစ်လာရမယ်ဆိုတာကို


မမေ့နဲ.အုံးနော်။ ယနေ. ကျွန်တော်တို.အစ္စလာမ်သာသနာက အသင်တို.လိုထက်မြက်တဲ.


မိခင်မွန်တွေကို ငတ်မွတ်နေတာပါ။ မျိုးဆက်တခုအတွက်ပဲဖြစ်ဖြစ်၊ ရာစုတခုအတွက်ပဲဖြစ်ဖြစ်၊



သာသနာတခုအတွက်ပဲဖြစ်ဖြစ်၊ နိုင်ငံတခုအတွက်ပဲဖြစ်ဖြစ်၊ ဒေသတခုအတွက်ပဲဖြစ်ဖြစ်...


ဆုတ်ယုတ်ခြင်း၊ တိုးတက်ခြင်းဟာ အဲ.ဒီခေတ်၊ အဲ.ဒီအခါမှာရှိတဲ. လူငယ်တွေရဲ.အပေါ်မှာပဲ


မူတည်နေတယ်မဟုတ်လား။



ဆယ်ကျော်သက်နှင့် အချစ်အားစမ်းသပ်လိုစိတ်………..
ယေဘုယျအားဖြင့် လူဟာအရွယ်ရောက်လာတာနဲ.အမျှ ဆန်.ကျင်ဘက်လိင်ကို


စိတ်ဝင်စားစမြဲဖြစ်တယ်။ အထူးသဖြင့် ဒီလိုခေတ်အခါမှာ လူသားရဲ. ကိလေသာ တဏှာမီးဟာ
အလွယ်တကူ ကူးစက်လောင်ကြွမ်းတတ်ပါတယ်။
ဒီလိုကူးစက်လောင်ကြွမ်းခြင်းခံရတဲ.


အဓိကတရားခံက မိမိကိုယ်တိုင်ပဲဖြစ်တယ်။ ဘာလို.လည်းဆိုတော.
(မိန်းကလေးဖြစ်စေ၊ယောက်ကျားလေးဖြစ်စေ)…….မိန်းကလေးဘက်က

ဘာတုန်.ပြန်မှုမှမရှိဘူးဆိုရင်… ယောက်ကျားလေးက ဘယ်လိုမှရှေ.ဆက်လှမ်းလို. မရပါဘူး။
တုန့်ပြန်မှုဟုဆိုရာတွင်…
ကိုယ်အမူအရာ၊ နှုတ်အမူအရာနှင့် မိမိ၏ သဘာဝလှပသော ကာမဂုဏ်အာရုံ

ရောက်စေမည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ အားလုံးအကျုံးဝင်နေပေသည်။ ဒါကြောင့်ပဲ

အစ္စလာမ်တရားတော်က အမြော်အမြင်ရှိရှိ
အရွယ်ရောက်ပြီးအမျိုးသမီးတွေကို (မလုပ်မနေရ)


ဟေဂျာဗ်ခြုံခိုင်းတာပေါ့။ ဒါကတော. အပြင်ပိုင်းအနေနဲ.
လာမဲ.ဘေးကို ကြိုတင်ကာကွယ်ထားတဲ.


သဘောပေါ့။ ဒီလိုဟေဂျာဗ်ခြုံခိုင်းနေတာကိုက အစ္စလာမ်တရားတော်အနေနဲ.


အမျိုးသမီးတွေရဲ.အခွင့်အရေးကို အပြည်.အ၀ ပေးနေခြင်းပဲဖြစ်တယ်။ (ဆန်.ကျင်ဘက်)

အဲ.လိုမှမဟုတ်ဘူးဆိုရင်...
တစိမ်းတရံစာအမျိုးသားတွေက အလွယ်တကူကာမဂုဏ်အာရုံရောက်ပြီး၊
အမျိုးသမီးတွေရဲ.


(ဒီ) အခွင့်အရေးကို ချိုးဖောက် အနိုင်ကျင့် စော်ကားလာကြမှာပေါ့။ ကြည်.လေ...


သူတို.အနောက်တိုင်းတွေမှာပဲ မိနစ်နဲ.အမျှ မဒိန်းမှုတွေ တားမရအောင် ဖြစ်နေကြတာ။



ဘာ.ကြောင့်လဲ။ ဟေဂျာဗ်ခြုံခြင်းနှင့်ပတ်သက်၍ အကျယ်တ၀န့်ကို ကျွန်ုပ်တို.ရဲ. ကျေးဇူးရှင်ဖခင်ကြီး


ဃာဇီရေးတဲ. ကုန်အာန်ကျမ်းမြတ်မြန်မာဘာသာပြန် ဒုတိယတွဲ (سورةالنور) အစောင်-၁၈. စာမျက်နှာ-


၁၈၉၁မှ ၁၈၉၃နှင့် سورةالأحزاب အစောင်-၂၂.
စာမျက်နှာ-၂၂၁၃.မှ
၂၂၁၅နှင့် ၂၂၁၈တို.တွင်


လေ့လာနိုင်သည်။ ယေဘုယျအားဖြင့် မိန်းကလေးဆိုတာကလည်း အခက်သားဗျ။

လွယ်လွယ်ပြောတိုင်းယုံပြီး၊ ညှာနေမန်းသိရင်တောင် အဲ.ဒီပေါ်မှာ ကြည်နူးနေစမြဲပဲ မဟုတ်လား။

သူ.ခင်မျာ ပင်ကိုယ် ယောက်ကျားလေးတွေလို စဉ်းစားချင့်ချိန်နိုင်တဲ. အားလည်း မရှိရှာဘူးလေ။ မပူနဲ.



ကျွန်တော်လက်လှမ်းမှီသလောက် ခေါင်းစားပေးမယ်။ အဲ..အဲ.. စဉ်းစားချင့်ချိန်ပြမယ်လို. ပြောတာ


(ဟဲဟဲ)။ နှိုင်းယှဉ်ကြည်.လေ၊ ကိုးရီးယားပိုးတွေဘယ်လောက်ပဲထထ... ခေတ်


ရေစီးကြောင်းတွေဘယ်လောက်ပဲ အရှိန်ပြင်းပြင်း၊ ယောက်ကျားလေးကယောက်ကျားဆန်မှ


ခန်.ညားသလို…
မိန်းကလေးကလည်း မိန်းမဆန်မှ တင့်တယ်မှာပေါ့။
သေချာပြန်ကြည်.လိုက်လေ…


အစ္စလာမ်သာသနာဝင်တွေရဲ. ရူပါက သာသလား၊ တခြားဘာသာဝင်တွေရဲ.

ရုပ်ရည်ကသာသလားဆိုတာ။ကုလားဆင်လေး ချစ်စရာလေးပဲရှိတယ်။ ဗမာဆင်လေးလှတယ်နော်။


လို. မကြားဖူးသေးဘူး။ الله အရှင်မြတ်က မွတ်စလင်တိုင်းကို အခြားဘာသာဝင်တွေမှာမရှိတဲ.
نور


နူရ် တမျိုးကို ချီးမြင့်ပေးထားပြီးသားပါ။ ဒီမှာဆိုရင် အားလုံးက အာရဗ်လူမျိုးတွေ ချည်းပဲ။ အားလုံး


တရုပ်ရည်တည်းဖြစ်သလို၊ အာရဗီစကားကိုပဲ ပြောကြတယ်။ အစ္စလာမ်နဲ. ခရစ်ယှာန်ဆိုပြီး


ကိုးကွယ်တဲ.ဘာသာပဲ ကွဲကြတာ။ ခရစ်ယှာန်ဘုန်းတော်ကြီးတွေဆိုရင် မုတ်ဆိတ်ရှည်ထားပြီး


ကုရ်တာဝတ်ရုံရှည်ပါ ၀တ်လိုက်ကြသေးတယ်။ အကြီးဆုံးခရစ်ယှာန်ဘုန်းတော်ကြီး

ဘာဘာရှရ်နူတွာဆိုရင် ကျမ်းမြတ်ကုရ်အာန်ကို အကျယ်ဘာသာပြန်နဲ. တကွ
အလွတ်အာဂုံဆောင်ထားတယ်လို. ပြောကြတယ်။ ဘယ်လောက်ပဲ အစစအရာရာ တူနေကြပါစေ၊


အီမန်ရှင်ရဲ. نورနူရ်က ပိုင်းခြားပေးနိုင်ပါတယ်။ အီမန်ရှင်ရဲ.
نور နူရ်နှင့် ပတ်သက်၍
အကျဉ်းချုံ.ကို


ကျွန်ုပ်တို.ရဲ. ကျေးဇူးရှင်ဖခင်ကြီး ဃာဇီရေးတဲ. ကုန်အာန်ကျမ်းမြတ်မြန်မာဘာသာပြန် ဒုတိယတွဲ


(سورةالنور) အစောင်၁၈. စာမျက်နှာ-၁၈၉၈. အာယတ်နံပါတ်(၃၅)တွင်
လေ့လာနိုင်သည်။


တို.ကတော.သွားမပါရင်နေ၊ ကားပါရင်ပြီးရောဆိုတဲ.
လူတွေအတွက်တော.
ခေတ္တခဏတာခံစားရမဲ.


လောကီစည်းစိမ်ကို၊ ဘယ်တော.မှမကုန်ဆုံးနိုင်မဲ. အမြဲထာဝရစံစားရမဲ. လောကုတ္တရာစည်းစိမ်နဲ.


လှဲမလားလို. မေးချင်ပါတယ်။ နောင်အခါလာ နောင်အခါဈေး၊ အခုလာ အခုဈေးလို. ပြောအုံးမလား...


သေချာစဉ်းစားနော်… ကိုယ်လုပ်တဲ.ကံ ကိုယ်.ထံပြန်လာမည်တဲ.။

ကိုယ်.ရဲ.လုပ်ရပ်တခုကြောင့်


နောင်လာနောက်သားတွေရဲ. တရားလမ်းမှန်ရမှု. စသည်.အခွင့်အရေးတွေကို မပိတ်ပင်ချင်စမ်းပါနဲ.။



ကိုယ်လုပ်ကိုယ်ခံရသလို… ကိုယ်.ရဲ.နောင်လာနောက်သားတွေကိုလည်း မထိခိုက်စေပါနဲ.။

ကိုယ်လုပ်ကိုယ်စံရသလို ကိုယ်.ရဲ.နောင်လာနောက်သားတွေကိုလည်း သူတို.ရဲ.ရသင့်ရထိုက်တဲ.



အခွင့်အရေးတွေကို အပြည်.အ၀ပေးပါ။ အချစ်မှာမျက်စိမရှိဘူးဆိုတာ မှန်ပေမဲ.၊ အဲ.ဒီအချစ်ကို မချစ်မိ


ခင်ကတည်းက တိုင်းတာလို.ရအောင် တရားတော်က ပေတံမျိုးစုံကို ထုတ်ဝေပေးထား ပြီးသားပါ။

သမီးရည်းစားဘ၀ဆိုတာ အိမ်ထောင်ရှင်ဘ၀ရဲ. ပထမခြေလှမ်းပါပဲ။ ဒီသမီးရည်း စားဘ၀မှာကတည်းက



အဆင်မပြေမှုတွေ၊ နားလည်မှုတွေ လွဲနေမယ်ဆိုရင် ရှေ.ဘယ်လို ဆက်ကြမလဲ။ အထူးသဖြင့်

ကိုယ်.ချစ်သူက ဘာသာခြား ဖြစ်နေမယ်ဆိုရင် သူ.ရဲ.အယူအဆတွေနဲ.
လက်ခံယုံကြည်မှုတွေကို


ဘယ်လောက်ကြာကြာ ရေငုံနှုတ်ပိတ်နေနိုင်မလဲ။ နေနိုင်ပြီလား။ ဒါဆိုရင်သင့်ရဲ. အီမန်ဘို.အားက



တဖြေးဖြေး ကျဆင်းလာမှာဖြစ်ပါတယ်။ အဲလိုပိုပြီးကျဆင်းလာအောင် သူ.နဲ.ရတဲ.

သင့်ရဲ.ရင်သွေးလေးကလည်း ဖိအားပေးနေအုံးမှာပါ။ သျှောင်နောက်ဆံထုံးပါ၊


မောင်နောက်မယ်လိုက်ရသကဲ.သို. သူလက်ခံယုံကြည်ရာလမ်းအတိုင်း ကိုယ်ကလျှောက်လှမ်းနေမိမှာ



ဓမ္မတာပါပဲ။ နို့... ကျွန်မတို.ကတော့ သူလက်ခံရာ သူကိုးကွယ်၊ ကိုယ်ယုံကြည်ရာ


ကိုယ်ကိုးကွယ်တာပါရှင်။ ဟုတ်လား... အေး။ ဒါဆို၊ ရင်သွေးငယ်က တရက်မှာ ၁၂နာရီကို သူ.ဘက်၊


ကျန်၁၂နာရီကို ကိုယ့်ဘက် ကိုးကွယ်ရမှာလား။ ဒါမှမဟုတ် သူစိတ်သန်ရာဘက်ကို


ကိုးကွယ်ပစေလား။ ဟင်းဟင်း... မလွယ်ဘူးထင်တယ်နော့်။ သူကဟိုဘက်ကလာရင် ဟိုလို၊


ဒီဘက်ကလာရင် ဒီလိုနဲ. နောက်ဆုံး သူ.ကို ဘာအမည် တပ်ပေးရမှန်းတောင် သိတော့မှာ မဟုတ်ဘူး။


ဒါက နှစ်ကိုယ်ရည်ကြား ပြဿနာပဲရှိသေးတာနော့်။ သူ.ဘက် ကိုယ့်ဘက် မိဘဆွေမျိုး နှစ်အိမ်ထောင်


အသိုင်းအ၀ိုင်းကြားမှာ ဘာတွေဆက်ဖြစ်နိုင်သလဲဆိုတာကို လွယ်လွယ်လေးတွေးကြည့်လိုက်ရုံနဲ.


ပြေးကြည့်တာထက် ပိုထင်ရှားပါတယ်။ အစမှာတော့ နှစ်ကိုယ်တူ တဲအိုပျက်ထဲမှာလည်း ထမင်းရည်


အတူသောက်နိုင်ပါတယ်ဆိုပေမဲ. ကာလတခု တိုက်စားလာတာနဲ.အမျှ ဘာသာတရားခြားနားမှု၊



စရိုက်မတူညီမှု၊ အသိုင်းအ၀ိုင်းမအပ်စပ်မှုတွေကြောင့် ကိုယ်စီကိုယ်စီ နောင်တမျက်ရည်အရှု.တွေနဲ့


မိမိတို.ရဲ. ရင်သွေးငယ်တွေဘက်ကို ငေးမောကြည့်နေရုံကလွဲလို. ဘာမှတတ်နိုင်တော့မှာ


မဟုတ်ဘူးနော်။ ၀မ်းနည်းလေစွ။ (ကျွန်တော်ဝေဖန်ရေးနဲ. လေကန်ရေး လုပ်နေတာမဟုတ်ပါဘူး။

ကိုယ်.ရဲ.အားနည်းချက်ကိုသိပြီး သတိကပ်လာအောင် တင်ပြနေရုံသက်သက်ပါ။)
ဒုတိယပိုင်းအား


(အင်ရှာအလ္လာဟ်) ဆက်လက်ကြိုးစားပါဦးမည်။ ခေါင်းစဉ်နှင့်ပတ်သက်၍လည်း

ရှင်းလင်းပြပါဦးမည်။

ရေးသူ။ ။စိုင်းမျိုး

အထူးမေတ္တာရပ်ခံချက်........ကျွန်ုပ်`၏ဤ မူပိုင် blog အား ဘာသာခြားများအား

ဝေငှခြင်း၊ ပေးဖတ်ခြင်း၊ forward mail ပို.ခြင်းများ မလုပ်ကြရန်...........။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

တလွှာပန်း အဖြစ်နဲ. တခါအနမ်းတော. မဖြစ်စေချင်……( ၂ )။ ဒုတိယပိုင်း။

တလွှာပန်း အဖြစ်နဲ. တခါအနမ်းတော. မဖြစ်စေချင်……( ၂ )။ ဒုတိယပိုင်း။
ဘယ်သူ့ကို ချစ်မှာလဲ…???

အသွင်တူ အိမ်သူဆိုသကဲ့သို့… ယေဘုယျအားဖြင့် လူသားဟာ မိမိနှင့်စိတ်တူ ကိုယ်တူသူကိုပဲ စိတ်ဝင်စားစမြဲပါ။အထူးသဖြင့် မိန်းကလေးတွေဟာ မိမိတို့ရဲ့လက်တွဲဖော်ကို အားကိုးရာဟုသတ်မှတ်ပြီး၊ မျှော်လင့်ချက်များစွာထားတတ်ကြပါတယ်။ဒီလိုပဲလူအများစုဟာ မိမိတို့ကိုနားလည်မှုအပေးနိုင်ဆုံးသောသူကိုပဲ တပ်မက်လိုလားကြတယ်။ နားလည်မှု ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကကျယ်ပြန့်ပေမဲ့ ဒီနေရာမှာ လိုရင်းကိုပြောရမယ်ဆိုရင်…. (သာမန်အသေးအဖွဲ ကိစ္စရပ်တွေကလွဲလို့) အလွန်အကျွံများများစားစား ဆန့်ကျင်ကွဲလွဲမှု မရှိပဲ အစစ အရာရာမှာတူညီနေခြင်းပါပဲ။ အဓိကတူညီနေရမှာကတော့ ဘာသာတရားပဲဖြစ်တယ်။ ဒါမှလည်း ကိုယ့်ရဲ့ယုံကြည်မှုက သူနဲ့တထပ်တည်းကျနေလို့ ကြီးကြီးမားမားနားလည်မှု လွဲချော်တော့မှာ မဟုတ်တော့ဘူးပေါ့။

(သူ့ရဲ့ အဲဒီ ဂျစ်ကန်ကန်နဲ့ ငါ့ကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပုံစံလေးကိုက ငါ့ရင်ကို တကယ်ခုန်စေခဲ့တာ။)လို့ ပြောတဲ့သူတွေ အတွက်တော့….. စရိုက်မတူရင် အတိုင်းအတာ တစ်ခုထိပေါင်းစပ်လို့ရပေမဲ့…. ဘာသာမတူရင် ဘယ်လိုမှ ရေရှည်ပေါင်းဖက်လို့ မရနိုင်ဘူးဆိုတာကို ပြောပြချင်ပါတယ်။ (ရေရှည်ဟုဆိုရာတွင် သေတစ်ပန် သက်ဆုံးကာလလေးအထိ မဟုတ်ပဲ နောင်တမလွန် အာခေရတ် လောကုတ္တရာ အထိ အကျုံးဝင်ပေသည်။) အဘယ်ကြောင့်ဆိုသော် ဤလက်ရှိလောကီဘ၀သည် ကျွန်ုပ်တို့၏ အဓိက ပန်းတိုင်ဖြစ်သော နောင်တမလွန် အာခေရတ် လောကုတ္တရာသို့ အရောက် ပြေးလွှားရာ တံတားလေး တခုမျှသာလျှင် ဖြစ်နေသောကြောင့်ပေတည်း။သာဓက…… (အာဇရ်)လို့ ခေါ်တဲ့ တမန်တော် အီဗရာဟင်မ် (အလိုင် )ရဲ့ ဖခင်၊ တမန်တော် နူးရ် (အလိုင်)ရဲ့ သား၊ တမန်တော်လူးတ် (အလိုင်)ရဲ့ ကြင်ယာ၊ အာစီယာ သခင်မရဲ့ ခင်ပွန်း (အီဂျစ်ပြည်ရဲ့ ဖာရိုမင်းယုတ်)နှင့် တမန်တော်မြတ်ကြီးရဲ့ ဦးလေးတော် အဗူတွာလိဗ် စသည့်သူများသည် အီမာန်လက်မဲ့ ကာဖိရ်ဘ၀နှင့်ပင် သေဆုံးခဲ့ကြသောကြောင့် နောင်အာခေရတ်တွင် ဂျဟန္နမ်အပယ်ငရဲမှတပါး သူတို့ အတွက် အခြားနေရာမရှိပေ။ သတိပြု မှတ်သား သံဝေဂ ရယူရန်….. တမန်တော်မြတ်ကြီးရဲ့ ဦးလေးတော် အဗူတွာလိဗ်သည်ပင် (အလ္လာဟ် အရှင်မြတ်သည် တပါးတည်းသော ကိုးကွယ်ရာ အရှင်ဖြစ်ကြောင်း၊တူတော်မောင် မုဟမ္မဒ်သည် ထိုအရှင်၏ မှန်ကန်သော တမန်တော် တပါးဖြစ်ကြောင်း) လက်ခံလျှက် အစ္စလာမ် သာသနာနှင့် ကိုယ်တော်မြတ်ကြီး အတွက်များစွာ ကာကွယ် အကူအညီ ပေးခဲ့သော်လည်း၊ သူကိုယ်တိုင် ကိုယ်ကျ အစ္စလာမ် သာသနာ့ဘောင်သို့ ၀င်ရောက်လာခဲ့ခြင်း မ၇ှိသည့် အတွက် ဂျဟန္နမ်အပယ်ငရဲသို့ လားခဲ့ရပေသည်။သို့သာမက ထိုကဲ့သို့ ဂျဟန္နမ်အပယ်ငရဲသို့ လားခဲ့ရသောသူများကို ကျွန်ုပ်တို့ပင် မဆိုထားနှင့် နဗီတမန်တော်ကြီများကိုယ်တိုင်ပင်လျှင် လွတ်ငြိမ်းချမ်းသာခွင့်ရရန် အလ္လာဟ်အ၇ှင်မြတ်ထံ အသနားခံ တောင်းဆုပြုပေးပိုင်ခွင့် မရှိပေ။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ကျရောက်ခဲ့သောကျမ်းမြတ်ကုရ်အာန်
အာယာတ် တစ်ချို့အနက်တစ်ခုကို ဖော်ပြရမည်ဆိုလျှင်……. (ماكان للنبي والذين آمنوا ان يستغفروا للمشركين ولوكانوا اولى قربى من
بعد ماتبين لهم انهم اصحاب الجحيم )

၁၁၃။ နဗီတမန်တော်မြတ်၌၊ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌၊ မုရှ်ရစ်တို့ အဖို့ ၎င်းတို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ် အရှင်မြတ်ထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့် မရှိချေ။ ( سورة التوبة- ကဏ္ဍ-၉၊ အစောင်-၁၁၊ အာယာတ်နံပါတ်-၁၁၃ (ဃာဇီ)

ဤအာယာတ်တော်၏ အကျယ်ရှင်းလင်းချက်ကို ကျေးဇူးရှင်ဆရာကြီး ဃာဇီဟာရှင်ရဲ့ ကုရ်အာန် ဘာသာပြန် အတွဲ(၁)၊ စာမျက်နှာ-(၁၀၈၄) တွင်လေ့လာနိုင်သည်။

ဒီနေ့… ပြန်ကြည့်မယ်ဆိုရင် အများစုက နှစ်ဘက်မိဘတွေရဲ့ အစီအစဉ်ကြောင့် အိမ်ထောင်ကျခဲ့ရတဲ့ သူတွေရဲ့ သားသမီးအနည်းစုကသာလျှင်
( ငါသူ့ကို မချစ်ပဲ ဘယ်လိုလက်ထပ်ရမလဲ)
လို့ပြောပြီး၊ စိတ်နောက်ထင်ရာလုပ်နေကြတာပါ။ ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးဆိုတာ မှန်ပေမဲ့၊ ကိုယ့် မိဘကပိုသိတယ်လို့ ပြောမှပိုမှန်တာပါ။ မိဘတွေကမှ သားသမီးတွေကို မည်သူ၊ မည်ဝါနဲ့ လိုက်ဖက်တယ်၊ မလိုက်ဖက်ဘူး၊ ဆိုတာကို ကောင်းကောင်းကြီး သိကြတာပါ။
(ဆန့်ကျင်ဘက်
) နှစ်ဦးသဘောတူ ချစ်ကြိုက်ပြီး၊ မိဘတွေရဲ့ ဆန္ဒမပါပဲ လက်ထပ်ခဲ့တဲ့ အိမ်ထောင် အများစုဟာ ပြိုကွဲ
( သို့
) ဖရိုဖရဲ ဖြစ်ကြတာများပါတယ်။

လှတာမက်ရင်၊ ညစာခက်မယ် ဆိုသလို….. ချောတယ်။ လှတယ်ဆိုတာထက် ချစ်စရာကောင်းဖို့က ပိုအဓိကကျပါတယ်။ ချောခြင်း၊ လှခြင်းက သင့်ရဲ့ တဏှာအာရုံ
သတ်သတ်ကိုပဲ နိုးဆွပေးတာပါ။ ချစ်စရာကောင်းခြင်းကသာလျှင် သင့်ရဲ့ တဏှာအာရုံနဲ့ စေတနာစိတ်ကို မျှမျှတတ နိုးကြားစေတာပါ။
အဲ့ဒီ ချစ်စရာကောင်းတဲ့ ရုပ်ရည်နဲ့ အမူအရာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဘာမှမသိပဲ မိဘတွေ
လက်ဆက်ပေးလို့တာ အိမ်ထောင်ကျခဲ့ကြတဲ့ ဇနီးမောင်နှံတွေကနေ ယနေ့ ကျွန်ုပ်တို့ကို လူ့ဘ၀ထဲ
ရောက်လာအောင် မွေးဖွားပေးခဲ့တာ၊ ဒါသက်သေပဲ မဟုတ်လား။??? ဒါကိုမှ မယုံနိုင်သေးရင် သင်စာဖတ်နေသူကိုယ်တိုင်
သင့်မိဘ နှစ်ပါးကို ပြန်မေးပါလေ။

ဆယ်ကျော်သက် ( စကားချပ်။ ။ အသက် အရွယ်အားဖြင့်သော်၎င်း၊ ၃၀ကျော်-၄၀စသည်ဖြင့် အရွယ်ရောက် ရင့်မာပြီးသော်လည်း၊ ဦးနှောက်ဉာဏ်စဉ်အရ ဆယ်ကျော်သက်သာသာရှိနေသေးသူ အားလုံး
) ဘ၀မှာသာ ကိုးရီးယားနဲ့ တူတဲ့၊ ဆင်တဲ့ လူတိုင်းကို ချောတယ်။ လှတယ်။ လို့ထင်နေတာပါ။
တကယ်တန်း အတွေး အခေါ်ရင့်ကျပ်ပြီး အသိနဲ့ သတိ ( နှလုံးသားနဲ့ ဦးနှောက် ) ကပ်လာပြီ ဆိုရင်
အဲ့ဒီ အချော အလှပိုင်ရှင်တွေနဲ့ ချစ်စရာကောင်းတဲ့သူတစ်ယောက်ကို လှဲနိုင်တော့မှာ မဟုတ်ပါဘူး။
ပေါ်ပြူလာဖြစ်တဲ့လူ အများစုဟာ အိမ်ထောင်ရေးကို လွယ်လွယ်နဲ့ ဖောက်ပြန်ဖို့ ၊ အခွင့် အရေး
များများရှိတဲ့လူတွေပါ။ ဒီနေ့ကမ္ဘာမှာ အိမ်ထောင်ရေး အဖောက်ပြန်ဆုံးသူတွေဟာ အဲ့ဒီ ရုပ်ရှင်
သရုပ်ဆောင်တွေပါပဲ။ ဒုတိယက အဆိုတော်တွေပါ။ တတိယက ဘောလုံးသမားတွေပါလို့ စာစောင်တစ်ခုမှာ
ကျွန်တော်ဖတ်လိုက်ရတယ်။

လူ့ဗီဇ သဘောသဘာဝကို ကျွန်တော် မငြင်းချင်သလို ၊ လူ့ဂုဏ်သတ္တိနဲ့ စွမ်းအင်တွေကိုလည်း ခင်ဗျားတို့တတွေ မမေ့ထားသင့်ပါဘူး။ လူ့သဘာဝရ အရ
မျက်စိပဿဒဖြစ်စေတဲ့ အရာတိုင်းကို တပ်မက်လိုလားကြတယ် ဆိုပေမဲ့…….. ရုတ်တရက် နှင်းဆီ
ပန်းလှလေးကိုမြင်တိုင်း ( အရိုင်းလှပန်းလေးမှန်း မသိ ၊ ဘာမှန်း မသိပဲ ) လိုလား တပ်မက်စိတ်နဲ့
ဇွတ်မခူးလိုက်ပါနဲ့…..။ လူ့ဂုဏ်သတ္တိစွမ်းအင် ဆိုတဲ့ဦးနှောက်နဲ့ ဆင်ခြင်ပြီး ၊ နှလုံးကပ်ကြေးနဲ့
အသာလေးညှပ်ပြီး ခူးလိုက်နိုင်ခါမှ……. ဆူးရန်ကလည်းလွတ် ၊ နှင်းဆီကိုလည်းစွပ်…. လိုက်သကဲ့သို့
ကိုယ့်လက်ခုပ်ထဲကို နှင်းဆီလေးက အလိုက်သင့် ပါလာမှာပေါ့။

ကျွန်တော် အရိုးရှင်းဆုံးနဲ့ ၊ ယုတ္တိ အရှိဆုံး ဥပမာ တစ်ခုကိုပေးကြည့်မယ်နော်…….. ကိုးရီးယားကားတွေ ခေတ်စားလာလို့ လူတွေက ကိုးရီးယားနဲ့
ပတ်သက်တဲ့ အရာအားလုံးကို (crazy) ဖြစ်နေကြတာပါ။ တကယ်လို့များ…… မုတ်ဆိတ်ရှည် ၊ အင်္ကျီရှည်နဲ့
ဟေဂျာဗ် ၊ နေကာဘ် တွေခေတ်စားလာရင်ကော…….???
ကိုးရီးယားကားတွေလို ဖိနှိပ်ထိန်းချုပ်ထားခြင်း မခံရဘူး ( သို့ ) လွတ်လွတ် လပ်လပ်
ကိုယ်တိုင်ပေါ်ပြူလာ ဖြစ်ခွင့်ရှိမယ်ဆိုရင်….. အစ္စလာမ်နဲ့ သူ့ရဲ့ယဉ်ကျေးမှု ၀တ်စားဆင်ရင်ပုံကိုလည်း
လူတွေ ( crazy ) ဖြစ်လာကြမှာ အမှန်ပဲ မဟုတ်လား…..???? ချွင်းချက် အနေနဲ့ ၀န်းကျင် ၊ ကာလ ၊ ဒေသ အရ နေထိုင်ရမယ်ဆိုရင်တောင်
အလွန်အကျွံ မဖြစ်ဖို့ ဆင်ခြင်ရမယ် မဟုတ်လား။ သကြားများရင် ကော်ဖီသောက်လို့ မကောင်းတော့
သလို ၊ သကြားနည်းနေရင်လည်း ဘာအရသာမှ ရှိတော့မှာ မဟုတ်ဘူးနော့်။ ပုံမှန်၊ အလယ် အလတ်တန်းစားကျတဲ့
အရာတိုင်းဟာ လူကို ဘေးဥပါဒ် မဖြစ်စေပါဘူး။ ဒါကြောင့်လည်း ဖြောင့်မှတ် မှန်ကန်ပြီး ၊
မဇ္ဈိမပဋ္ဋိပဒါ အလယ် အလတ်တန်းစားကျတဲ့ အစ္စလာမ် သာသနာဟာ ဒီနေ့ ကမ္ဘာမှာ တစ်ခုတည်းသော အမှန်ကန်ဆုံးနဲ့
၊ ကိုးကွယ်ခြင်း အခံထိုက်ဆုံး သာသနာ အနေနဲ့ လူတွေကို ဘေးဥပါဒ် မဖြစ်စေရုံသာမက အကျိုးပြုနေတာပါ။



(အင်ရှာအလ္လာဟ်)တတိယပိုင်းအား ဆက်လက်ကြိုးစားပါဦးမည်။ ညီနောင်များနဲ့ ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်ပြီး ၊ ကျွန်တော့် blog ရဲ့ ခေါင်းစဉ်ကြီး( တလွှာပန်း အဖြစ်နဲ. တခါအနမ်းတော. မဖြစ်စေချင်…… ) နဲ့ပတ်သက်၍ ၊ ဤခေါင်းစဉ် ထားရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ၊ ဤခေါင်းစဉ်ရဲ့ အနက် အဓိပ္ပာယ်ကို ပြောပြနိုင်သူကို ဆုချီးမြှင့်မယ်လို့.....

ရေးသူ။ ။စိုင်းမျိုး

အထူးမေတ္တာရပ်ခံချက်........ကျွန်ုပ်`၏ဤ မူပိုင် blog အား ဘာသာခြားများအား ဝေငှခြင်း၊ ပေးဖတ်ခြင်း၊ forward mail ပို.ခြင်းများ မလုပ်ကြရန်...........။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Wednesday, February 16, 2011

အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ်

တမန်တော်မြတ် မုဟမ္မဒ် (စွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လာမ်)ကို
ဦးထိပ်ထားလျက် စွိရာသွမ် မွတ်စ်သကီးမ်၊ ဖြောင့်မတ်မှန်ကန်သော
လမ်းသို့ လျှောက်လှမ်းကြသည့် မွတ်စလင်မ် သူတော်စဉ်
သူတော်ကောင်း အပေါင်းအား ရည်ညွန်းအပ်ပါသည်။

မေတ္တာ ပိုရန်မမေ့ပါနှင့်
၁။တမန်တော်မြတ် မုဟမ္မဒ်သခင်၏အမည်ကို ဖတ်ရွတ်ကြားနာသည့်အခါတွင် အောက်ပါအတိုင်း မေတ္တာပို့ပါ။
( စွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ် )
အလ္လာဟ် အရှင်မြတ်သည် ကိုယ်တော်မြတ်အပေါ် (ရဟ်မသ်)ကရုဏတော်နှင့် ( စလာမ် )ငြိမ်းချမ်းမှု ပေးသနားတော်မှုပါ)
၂။နဗီတမန်တော်နှင့် ဖွရစ်ရှ်သဟ်ကောင်းကင် တမန်တော်၏ အမည်ကို ဖတ်ရွတ်သည့်အခါတွင် အောက်ပါအတိုင်းမေတ္တာပို့ပါ။
( အလိုင်းဟစ္စလ္လမ် )
၎င်းအပေါ် ငြိမ်းချမ်းမှု ပေးသနားတော်မှုပါ။
၃။စွဟာဗီသာဝကကြီးတစ်ဦး၏ အမည်ကို ဖတ်ရွတ်သည့်အခါတွင် အောက်ပါအတိုင်းမေတ္တာပို့ပါ။
( ရဿွိယလ္လာဟု အန်းဟု )
အလ္လာဟ်အရှင်မြတ်သည် ၎င်းအားနှစ်သက်တော်မှုပြီးဖြစ်ပါသည်။
၎။စွဟာဗဟ်သာဝကများ၏ အမည်ကို ဖတ်ရွတ်သည့်အခါတွင် အောက်ပါအတိုင်းမေတ္တာပို့ပါ။
( ရဿွိယလ္လာဟု အန်းဟွမ် )
အလ္လာဟ်အရှင်မြတ်သည် ၎င်းအားနှစ်သက်တော်မှုပြီးဖြစ်ပါသည်။
၅။သူတော်စဉ်များ၏ အမည်ကို ဖတ်ရွတ်သည့်အခါတွင် အောက်ပါအတိုင်းမေတ္တာပို့ပါ။
( ရဟ်မသွလ္လာဟိ အလိုင်းဟ် )
အလ္လာဟ်အရှင်မြတ်သည် ၎င်းးအပေါ် (ရဟ်မသ်)ကရုဏာတော်ပေးသနားတော်မှုပါ။
...................................................................................................
အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ်များ၏ ခေါင်းစဉ်များ။

အပြင်ပိုင်းကျင့်စဉ်များအတွက် အခြေအမြစ်တရား ( ၁၀ )ပါး။
 အပိုင်း ( ၁ )
၁။ စွလာသ်ဝတ်ပြုခြင်း၊
၂။ ဇကာသ်၊စွဒကဟ်နှင့် ခိုင်ရာသ် လှုဒါန်းခြင်၊
၃။ စွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၊
၎။ ဟဂ်ျပြုခြင်း၊
၅။ ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်ခြင်း၊
၆။ အလ္လာဟ်အရှင်မြတ်အား အမြဲမပြတ် အောက်မေ့တသခြင်း၊
၇။ ဟလာလ် ရိုဇီ ရှာဖွေသားသောက်ခြင်း၊
၈။ မွတ်စလင်မ်တို့အပေါ် ဝတ္တရားကျေပွန်ခြင်းနှင့် ကောင်းစွာဆက်ဆံခြင်း၊
၉။ ကောင်းရာညွန်ကြား မကောင်းရာတားမြစ်ခြင်း၊
၁၀။ စွန္နသ်ဓလေ့တော်များကို လိုက်နာကျင့်သုံးခြင်း၊

အပိုင်း ( ၂ )
ညစ်ညမ်းသည့်အကျင့်ဆိုးများနှင့် ယင်းတို့မှ နှလုံးသားကို စင်ကြယ်စွားထားခြင်း၊ အခြေအမြစ်တရား ( ၁၀ )ပါး။
၁။ အစားများများစားခြင်း၊
၂။ စကားမျာများပြောခြင်း၊
၃။ ဒေါသအမျက်ထွက်ခြင်း၊
၎။ မနာလိုဝန်တိုခြင်း၊
၅။ နှမြောတွန့်တိုခြင်း၊
၆။ ဂုဏ်မက်ခြင်း၊
၇။ လောကီစည်းစိမ်ကို တပ်မက်ခြင်း၊
၈။ မာနထောင်လွှားခြင်း၊
၉။ မိမိကိုယ်ကို အထင်ကြီးခြင်း၊
၁၀။ ရိယာပြစားခြင်း၊

အပိုင်း ( ၃ )
နှလုံးသားအတွင် ကောင်းမြတ်သော အကျင့် စာရိတ္တများနှင့် ခြယ်မှုန်းရေးအတွက် အခြေအမြစ်တရား ( ၁၀ )ပါး။
၁။ သောင်ဗဟ် အမှားဝန်ခံခြင်း၊
၂။ ခေါက်ဖ် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ခြင်း၊
၃။ ဇွဟ်ဒ် လောကီစည်းစိမ်ကို ဥပေက္ခာပြုခြင်း၊
၎။ စွဗရ် သည့်ခံခြင်း၊
၅။ ရွှတ်က်ရ် ကျေးဇူးသိတတ်ခြင်း၊
၆။ အစ်ခ်လာစွ် စိတ်စေတနာဖြူစင်ခြင်း၊
၇။ သဝပ်က်ကွလ် အလ္လာဟ်အရှင်မြတ်အပေါ် အားထားခြင်း၊
၈။ မဟဗ်ဗသ် ချစ်မြတ်နိုးခြင်း၊
၉။ အလ္လာဟ်အရှင်မြတ်၏ အဆုံးအဖြတ်အပေါ် ကျေနပ်ခြင်း၊
၁၀။ သေခြင်းတရားကို သတိရခြင်း၊
တို့ဖြစ်၏။
အပိုင်း ( ၁ ) ( ၂ ) ( ၃ ) များကို အခန်းလိုက် ခေါင်းစဉ်ခွဲ၍ သေးစိတ် ပြန်လည်ဖေါ်ပြပေးပါမည်။ (အင်ရှာအလ်လ္လာဟ်။)
ဘာသာပြန်ဆိုသူ ( မွဖ်သီနူးရ်မုဟမ္မဒ် )
 ဤစာအုပ်၏ မူရင်းကျမ်း အရ်ဗအီးန်ကို (၁၁) ရာစု ကမ္ဘာကျော်အစ္စလာမ့် ပညာရှင် သူတော်စင်တစ်ပါးဖြစ်သူ အိမာမ်ဂဇာလီက အရဗီဘာသာဖြင့် ရေးသားခဲ့သည်။
-------------------------------------------------------------------------------


 အလ္လာဟ့်အချစ်တော် ဖြစ်နိုင်သော ကျင့်စဉ်လေးရပ်။


၁။ လက်တစ်ဆုပ်စာ မုတ်ဆိတ်ထားခြင်း၊
၂။ ခြေမျက်စိကို ဖော်ထားခြင်း၊
၃။ မျက်လွှာကို ထိန်းသိမ်းခြင်း၊
၎။ နှလုံးသားကို ထိန်းသိမ်းစောင့်ရှောင်ခြင်း၊ တို့ဖြစ်၏။


အမျိုးသမီးများအတွက် အလ္လာဟ့်အချစ်တော် ဖြစ်နိုင်သော ကျင့်စဉ်လေးရပ်။

၁။ တရားတော်အတိုင်း ပရ်ဒါ ခေါ် လုံခြုံစွာ ဝတ်စားဆင်ယင်၍ နေခြင်း၊
၂။ ခြေမျက်စေ့များကို မဖော်ဘဲ ဖုံးအုပ်ထားခြင်း၊
၃။မျက်လွှာအရှုများကို ထိန်းသိမ်းခြင်း၊
၎။မိမိတို့၏နှလုံးသားများကို ထိန်းသိမ်းခြင်း၊ တို့ဖြစ်၏။

ဟောကြားသူ
အာရိဖ်ဗိလ္လာဟ် မော်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ် ဆွာဟိဗ်။

ပြန်ဆိုသူ
မော်လဝီ ဟာဖိဇ် မုဟမ္မဒ်ရှကီးလ် ( မြေနီကုန်း )

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Sunday, February 13, 2011

Mag and Magog (Yajuj and Majuj)

Mag and Magog (Yajuj and Majuj)

Gog and Magog appear in Qur'an sura Al-Kahf (The Cave chapter), 18:83–98, as Yajuj and Majuj (Ya'jūj and Ma'jūj or يَأْجُوج وَ مَأْجُوج, in Arabic), as well as in the sura Al-Anbiyā (The Prophets):
But there is a ban on a town which We have destroyed: that they (the people of the town) shall not return. Until the Gog and Magog are let through (their barrier), and they spread out from every direction.(Qur'an 21:96–97)

According to Islamic tradition (in Saḥīḥ al-Bukhāri), Gog and Magog are "Sons of Adam", i.e. human beings, who would be released when a people return to a town which was destroyed and from which they were banned. Some scholars have argued this town is Jerusalem.[6] They would possess great power and, when released, would cause corruption in society ("Yājūj and Mājūj do great mischief on earth", Al-Kahf verse 94) to such an extent that for each 1 muslim there will be 999 of Gog and Magog would be led to the hellfire (according to Saḥīḥ al-Bukhāri).
The prominent Muslim scholar Javed Ahmed Ghamidi contends that Gog and Magog are from the descendents of Noah’s son Japeth who inhabited the northern areas of Asia. Later, some of their tribes reached Europe and after that settled in America and Australia.[7] In Qur'an 18:83-98, it is stated that Dhul-Qarnayn (the One with Two Horns, or of Two Ages) travelled in three directions, meeting finally a people who complained that Yājūj and Mājūj were "causing corruption on earth".[8] When the people offered Dhul-Qarnayn a tribute in exchange for building a wall, he replied that Allah had given him enough, and would build it with their help. He constructed a wall between two mountains (believed by some to be Daryal Pass). He built it out of iron and then poured molten metal over it, so no one could climb over or dig under. This stopped Gog and Magog from threatening them. According to some, they will be trapped there until doomsday, and their escape will be a sign of the end.
The Qur'anic account of Dhul-Qarnayn is said by some, to follow the "Gates of Alexander" story from the Alexander romance, a thoroughly embellished compilation of Alexander the Great's wars and adventures (see Alexander the Great in the Qur'an). The details of the two stories, however, are quite different and the comparisons made appear to be attempts at undermining the Islamic belief that the Qur'an was revealed from God. Moreover, most Muslim scholars reject this attribution,[9] and some associate Dhul-Qarnayn with some other early ruler, usually Cyrus the Great, but also Darius the Great. Gog and Magog are also mentioned in some of the hadiths, or sayings of Muhammad, specifically the Sahih al-Bukhari and Sahih Muslim, revered by Sunni Muslims.
Fourteenth century Muslim sojourner Ibn Battuta traveled to China on order of the Sultan of Delhi, Muhammad bin Tughluq, and encountered a large community of Muslim merchants in the city of Zaitun. He comments in his travel log that "Between it [the city] and the rampart of Yajuj and Majuj is sixty days' travel."[10] The translator of the travel log notes that Ibn Battuta confused the Great Wall of China with that supposedly built by Dhul-Qarnayn.[11]

[edit] In The Ahmadiyya Islamic Community

The Ahmadiyya Community present the view that Gog and Magog represent one or more of the European nations. They associate European imperialism after the Age of Discovery with the reference to Gog and Magog's rule at the "four corners of the world" in the Christian Book of Revelation. The Ahmadiyya founder Mirza Ghulam Ahmad (1835 – 1908) linked Gog and Magog to the European nations and Russia.[12] His son and second successor, Mirza Basheer-ud-Din Mahmood Ahmad further expounds the connection between Europe and the accounts of Gog and Magog in the Bible, the Qur'an, and the hadith in his work Tafseer-e-Kabeer..[13] According to this interpretation of Mahmood Ahmad in his commentary on Surah Al-Kahf (Urdu),[13] Gog and Magog were the descendants of Noah who populated eastern and western Europe long ago,[14] the Scythians.[15] According to Ahmadiyya teachings, the period of the Cold War between the two superpowers, USA and the Soviet Union (identified as Gog and Magog) or the influence of Communism and capitalism, the conflict and rivalry between the two and the eventual collapse of the Soviet Union all occurred in accordance with the prophecies concerning Gog and Magog.[16] Ahmadis also cite the folkloric British interpretation of Gog and Magog as giants (see below) as support for their view.[17]
Affiliation with fire
Ahmadis point out that the Arabic words for Gog and Magog i.e. Yājūj and Mājūj derive from the root word ajja (to burn, blaze, hasten) which suggests that Gog and Magog will excel all nations in harnessing fire to their service and shall fight their battles with fire. In his commentary of Surah-Al-Masadd, Mirza Mahmood Ahmad, the Second Ahmadiyya leader has interpreted the two hands of Abu-lahab (the father of flame) as Gog and Magog, the nations opposed to Islam that will ultimately be destroyed by the 'fire' of their own making.[18]


 http://en.wikipedia.org/wiki/Islam

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...