ကျွန်ုပ်တို့၏ အကြီးဆုံးသောအလုပ်မှာ မှုန်မွှားမွှားသာမြင်ရသော အဝေးက အဖြစ်အပျက်ကို လှမ်းမျှော်ကြည့်ရန် မဟုတ်၊
ယခုလက်ရှိ ထင်ရှားသော ကိစ္စသာဖြစ်သည်။
လွန်ခဲ့တဲ့ အတိတ်ကာလဆိုတဲ့ တံခါးကိုပိတ်လိုက်ကြစမ်းပါ၊ ပြီးတော့တစ်ခါ နောက်ထပ် မရောက်လာသေးတဲ့ အနာဂတ်ကာလ ဆိုတာကိုလည်း တံခါးပိတ်လိုက်ကြစမ်းပါ၊ သေကြေပျက်စီး ရွေ့လျားသွားပြီဆိုတာ လူတိုင်းသိနေတဲ့ မနေ့၊ မနေ့၊ မနေ့ကပေါင်းများစွာတို့ရယ်၊ မပေါ်လာသေးဘူး၊ မမွေးဖွားသေးဘူဆိုတာ လူတိုင်းသိနေတဲ့ နက်ဖြန်၊ နက်ဖြန်၊ နက်ဖြန်ပေါင်းများစွား
တို့ရယ်။ အဲဒါတွေဟာ ကျုပ်တို့နဲ့မဆိုင်ဘူး၊ ပြီးတာလည်းပြီးပြီ၊ မပြီးပါနဲ့လို့ မတားနိုင်ဘူး၊ မဖြစ်သေးတာကိုလည်း ဘာဖြစ်မှန်း မသိသေးတော့ ဘယ့်နှယ်လုပ်ပြီး စိတ်မောနေဖို့လိုမလဲ ဒီတော့ ကျုပ်တို့မှာဘာပဲ ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့သလဲ၊
ဒါကတော့ တခြားမဟုတ်ပါဘူး၊ သည်နေ့၊ ယနေ့၊ ယခု ဆိုတာပဲပေါ့၊ လူတွေနဲ့ အသက်ဆိုင်ဆုံးက မျက်မှောက် ပစ္စက္ခပါပဲ၊
နောင်ရေးကိုတွေးပြီး ပူနေတဲ့လူဟာ အအိပ်ပျက်၊ အစားပျက်နဲ့ အားအင်လျော့ပါပြီး အလကားသက်သက် ဒုက္ခရောက်ရတယ်၊
ပြီးခဲ့တဲ့ အတိတ်ကာလအဖြစ်အပျက်ကို ပြန်ပြီးတွေတောတမ်းတ လွမ်းဆွတ်နေရင်တော့ ဘယ်မှာ အကျိုးထူးဦးမှာလဲ၊
ဒါကြောင့် အတိတ်နဲ့အနာဂတ်တို့ကို အသာကလေး တံခါးပိတ်ပြီး တစ်ဘဝမှာ တစ်နေ့စာကလေး အကန့်လိုက်လုပ်ပြီးနေကြစမ်းပါ၊
မနက်ဖြန်အတွက် စဉ်းစားပါ။ သို့သော် နက်ဖြန်အတွက်ကြို၍ မပူပန်ပါနှင့်။
နက်ဖြန်အတွက် ကြိုတင်ပြင်ဆင်မှုပြုပါ။ သို့သော် နက်ဖြန် ဘာများဖြစ်ပါမလဲဟု တွေးတောကြောင့်ကြခြင်း မရှိပါနှင့်။
အလုပ်အကိုင် လုပ်ရာမှာလဲ ဘယ်လောက်ပဲ အလုပ်မျာူများ စိတ်မရှုပ်ဘဲ အလုပ်တစ်ခုပြီးမှ တစ်ခု ကျကျနနလုပ်တဲ့ အကျင့်ကလေးယူးထားပါ။
ကျွန်ုပ်တို့သည် ယခုအခါ ဘယ်နေရာ၌ တည်နေကြပါသလဲ၊ ရှည်လျားလှသော သံသရာကာလကြီး၏ အလယ်တွင် တည်နေကြသည်ဟု
ဆိုနိုင်ပေသည်။ အဓွန့်ရှည်ကြာသော အတိတ်ကာလ လဟာပြင်ကျယ်နှင့် အဆုံးအဆမရှိသော အနာဂတ်ကာလ အဏ္ဏဝါဗွေကြီး
နှစ်ခုစပ်ကြား၌ရှိသော ကျဉ်းမြောင်းလှသည့် ပစ္စုပ္ပန်ကာလကလေးတွင် တည်နေကြလေသည်။ ထိုသို့ တည်နေရာမှ တစ်ဖက်သော အတိတ်ကာလ လဟာပြင်ကျယ်ကြီးဘက်သို့ လှမ်းလိုက်ပါမှု စိတ်ရောကိုယ်ပါ ဒုက္ခရောက်၍ အကျိုးကင်းမဲ့ချေသည်။
အနာဂတ်အဏ္ဏဝါကြီးထဲသို့ ခြေစုံပစ်၍ကူးလျှင်လည်း စုံးစုံးမမြုပ်တော့မည် ဧကန်ပင်တည်း။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့နှင့်သက်ဆိုင်သော ပစ္စုပ္ပန်ကာလကလေးတွင် ခိုင်ခိုင်မာမာရပ်တည်နေကြရန် သင့်လှပေသည်၊
ယခုလက်ငင်းအခြေအနေသည် ဆင်ခြင်တုံတရားနှင့်သုံးသပ်ကြည့်လျှင် အကောင်းဆုံးဖြစ်၏။
လူ့ဘဝအသက်တာ ရှည်လှသည်မဟုတ်ကို သတိပြု၍ နေရခိုက်တွင် ကျကျနန နေကြစမ်းပါ။ ယနေ့ နေရမည့် အရေးကို ယနေ့မနေဘဲ
ရက်ရွှေ့ကာ နောက်နေ့ ကောင်းနိုးနိုးနှင့် ရောင့်ရဲမှု ကင်းမဲ့နေကြသောကြောင့် လူတို့သည် ပျော်ရွှင်မှုနှင့် တေ့လွဲဖြစ်ကြရလေသည်။
( မိတ်ဆွေ၊ သောကကို ပယ်ဖျောက်လိုပါသလား၊ သို့ဆိုလျှင် ဆာအော့စလား ပြောသကဲ့သို့ အတိတ် အနာဂတ်တို့ကို
တံခါးပိတ်ပြီး တစ်နေ့လုံးနေခြင်း ဖြင့်သာနေပါလာ)
ပြီးတော့ အောက်ပါမေးခွန်းများကို ဖြေကြည့်စမ်းပါလေ။
၁။ ငါသည် ပစ္စုပ္ပန်ကာလမျှ မနေဘဲ နောင်ရေးကိုတွေးပြီ ပူပန်နေသလား။ စိတ်ကူးယဉ်ပြီး အိမ်မက်ကောင်း မက်နေသလားဒ
၂။ ငါ အခု အခိုက်အတန့်ကလေးကို ကျေကျေနပ်နပ်မခံစားဘဲ လွန်ခဲ့တဲ့ အတိတ်အဖြစ်အပျက်တွေကို တွေူပြီ စိတ်ညစ်ညူးနေသလား။
၃။ ငါ မနက်အိပ်ရာထရင် သည်နေ့ကို စံစားမယ်လို့ သန္နိဠာန်ချသလား။ သည်နေ့မှာရှိတဲ့ ၂၄ နာရီးလုံးကို ကျေနပ်အောင်
အသုံးပြုမယ် ကြံရွယ်ပါရဲ့လား။
၎။ ငါဟာ တစ်နေ့လုံး နေခြင်းစနစ်အရ အကျိုးထူးရပါ့မလား။
၅။ ငါသည် အလုပ်ကို ဘယ်တော့စလုပ်မှာလဲ။ နောက်အပတ်လား၊ နက်ဖြန်လား၊ ယနေ့လား။
ဒေးလ် ကာနက်ဂျီ ရေး၍ / တက်တိုး မြန်မာပြန်သည်။ သောကကင်းဝေးနေနိုင်ရေး.........အခန်း ၁
အချုပ်အားဖြင့်ပြန်လည်၍ရေသားဖေါ်ပြပါသည်။..ငြိမ်းချမ်းရေးနှလုံးသား..
If you like this please Link Back to this article...
No comments:
Post a Comment
မှတ်ချက်များတွက် ကျေးဇူးတင်တယ်။