တစ်နှစ်တာကာလအတွင်း ရိုဇာဟ်ဟရာမ်ဖြစ်စေသောရက် ( ၅ )ရက်ရှိသည်။
၁။ အီဒွလ်ဖစ်သစ်ရ်(ခေါ်)ဝါကျွတ်အီးဒ်နေ့၂။ ဇိလ်ဟဂ်ျလ(၁၀)ရက်(အီဒွလ်အသ်ွဟာ-ကုရ်ဗာနီအီးဒ်
၃။ ဇိလ်ဟဂ်ျလ(၁၁)ရက်
၎။ ဇိလ်ဟဂ်ျလ(၁၂)ရက်
၅။ ဇိလ်ဟဂ်ျလ(၁၃)ရက် စသည်တို့ဖြစ်သည်။
မှတ်ချက်။ ။ ဇိလ်ဟဂ်ျလ(၉)ရက်နေ့ ဖဂျရ်နမားဇ်မှစ၍ ဇိလ်ဟဂ်ျလ(၁၃)ရက်နေ့ အစွာရ်နမားဇ်အထိ ဖရားဇ် နမားဇ်ပြီးတိုင်း
( အမျိုးသားများအတွက်)အသံထွက်၍ အမျိုးသမီးများအတွက် အသံတိတ် သက္ကဗီးရ် တစ်ကြိမ်ဆိုခြင်း ဝါဂျိဘ် ဖြစ်သည်။
ရိုဇာဟ်ပျက်၍ ကသွာ ထိုက်သော အရာ (၁၃)ခုရှိပါသည်။
၁။ အတင်းအဓမ္မ စားခိုင်းသဖြင့် စားမိခြင်း၊၂။ လည်ချောင်းအတွင်းသို့ မတော်တဆ ရေဝင်သွားခြင်း၊
၃။ ပျို့အံသော အစာကို မျိုချခြင်း၊
၎။ ပါးစပ်အပြည့်အံခြင်း၊
၅။ ညမှစားပြီး အစာ သွားကြားမှထွက်လာ၍ (ကုလားပဲစေ့ခန့်မျှ)မျိုချခြင်း၊
၆။ အစားစာ မဟုတ်သောအရာကို မျိုချခြင်း၊
၇။ ပါးစပ်အပြင်မှ ကုလားပဲခြမ်းထက် သေးငယ်သောအစာစားခြင်း။
၈။ နားတွင်ဆီထည့်ခြင်း၊
၉။ နှာရှူခြင်း၊
၁၀။ သွားမှသွေးကိုမျိုချခြင်း၊
၁၁။ မေ့၍စားမိပြီး ရှိဇာဟ်ပျက်ပြီအထင်နှင့် ထပ်၍စားခြင်း၊
၁၂။ မိုးမလင်းသေးဟုထင်ပြီး စဲဟ်ရီစားခြင်း၊
၁၃။ နဖိလ်ရိုဇဟ်များ ဖျက်ခြင်းတို့ ဖြစ်ပါသည်။
ရှိဇဟ်မပျက်သောအချက် (၁၁)ချက်ရှိပါသည်။
၁။ ဆေးထိုးခြင်း။၂။ ဂလူးကိုစ် သွင်းခြင်း၊
၃။ အကြောဆေးထိုးခြင်း၊
၎။ သွေးသွင်းခြင်း၊
၅။ မျက်စဉ်းခပ်ခြင်း၊
မှတ်ချတ်။ ။ဤအချက်(၅)ချက်သည် အရေးကြီးလိုအပ်မှသာပြုလုပ်နိုင်၏။
၆။ ရောဂါပြင်းထန်လွန်း၍ ပါးစပ်ထဲ ဆေးထည့်ခြင်း၊
၇။ သွားနှုတ်ခြင်း၊
၈။ မေ့၍ စားသောက်ခြင်း၊
၉။ အိပ်ပျော်နေစဉ် သုတ်ရည်ထွက်သွားခြင်း၊
၁၀။ အမွှေးအကြိုင်ရှူခြင်း၊
၁၁။ လည်ချောင်းအတွင်းသို့ မီးခိုး၊ ယင်၊ ခြင်၊ ဝင်သွားခြင်းတို့ဖြစ်ပါသည်။
ရိုဇာဟ်ပျက်၍ ကသွာ နှင့် ကဖွာရဟ် ထိုက်သောအရာ (၃)မျိုးရှိပါသည်။
၁။ တမင် သိလျက်နှင့် စားသောက်ခြင်း၊၂။ တမင် သိလျက်နှင့် ဆေးသောက်ခြင်း၊
၃။ ရှေ့လမ်းမှဖြစ်စေ၊ နောက်လမ်းမှဖြစ်စေ သံဝါသပြုခြင်း စသည်တို့ဖြစ်ပါသည်။
ကဖွာရဟ် ပြုလုပ်နည်း (၃)မျိုးရှိပါသည်။
၁။ ကျွန်ကို သူကောင်းပြုခြင်း၊၂။ မရှိဆင်းရဲသား (၆၀)ယောက်ကို ညမနက် ထမင်းအဝကျွေးခြင်း၊
၃။ (၂)လတိတိ ရက်မခြားဘဲ ရိုဇာဟ်စောင့်ထိန်းခြင်းတို့ဖြစ်ပါသည်။
မှတ်ချက် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်
သာသနာ့ အသိတရားပြန့်ပွားစေရန် အဆင့်ဆင့်မျှယူမျှဝေဖြန့်ချိခြင်းဖြင့် ကုသိုလ်ရယူကြပါဆို့။
ဇကားသ် ထိုက်သော ဥစ္စာပစ္စည်း(၃)မျိုးရှိပါသည်။
၁။ ရွှေ-ငွေ၂။ ရောင်းဝယ်ဖောက်ကားသော ဥစ္စာပစ္စည်း။
၃။ အိမ်တွင်းမွေးမြူထားသော ကျွဲ-နွား-သိုး-ဆိတ် တိရစ္ဆာန်များ။
ဇကားသ်ပေးထိုက်သော ပုဂ္ဂိုလ် (၇)ဦးရှိသည်။
၁။ ညီအကိုမောင်နှမများ၂။ တူ-တူမများ
၃။ ဦးလေး-ဦးကြီးများ
၎။ အရီးလေး-အရီးကြီးများ
၅။ မိထွေး-ဖထွေးများ
၆။ မိထွေး-ဖထွေး၏မိဘများ
၇။ ယောက္ခထီး-ယောက္ခမများ
ဇကားသ် မပေးပိုင်သော ပုဂ္ဂိုလ်(၈)ဦးရှိသည်။
၁။ မိဘ။၂။ အဘိုးအဘွားများ
၃။ သား-သမီးများ
၎။ မြေ-မြစ်များ
၅။ မိမိ၏ဇနီးမိန်းမများ
၆။ မိမိ၏ခင်ပွန်းသည် လင်ယောက်က်ျား
၇။ စိုင်ယာဒ် အမျိုးအနွယ်
၈။ ဟာရှီမီအမျိုးနွယ်တို့ဖြစ်သည်၊( ဟာရှီမီဆိုသည်မှာ )
၁၊ ဟဇရသ်ဟာရစ်ဗင်န်အဗ္ဗဒွလ် မွတ်တွလစ်ဗ်သခင
၂၊ ဟဇရသ်ဂျအ်ဖရ်သခင်
၃၊ ဟဇရသ်အုကိုင်လ်သခင်
၎၊ ဟဇရသ်အဗ္ဗားစ်သခင်
၅၊ ဟဇရသ်အလီသခင်တို့မှ ဆင်းသက်လာသူများကို ဟာရှီမီ အမျိုးနွယ်ဟုခေါ်ဆိုပါသည်။
စာအုပ် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်
( မတ်စ်အလဟ် ပြဿနာ )
ဥစ္စာကြေးငွေရှိသမျှ၏ အပုံလေးဆယ်ပုံ တစ်ပုံကို ဇကာတ်ပေးရန် ဝါဂျစ်ဗ်ဖြစ်၏၊
ဥပမာ-ငွေ(၁၀၀)လျှင်(၂)ကျပ်(၅၀)ပြားပေရမည်။
(မစ်ရှ်ကာတ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၅၉ )
ဇကာသ်ငွေကို သူဆင်းရဲ တစ်ဦးတစ်ယောက်သို့ ပေးသောအခါ မိမိစိတ်တွင်းမှ ငါသည် ဇကာသ်ငွေကို
ပေးသည်ဟု ရည်စူးလိုက်ရမည်၊ ထိုကဲ့သို့ မရည်စူးဘဲ ပေးလိုက်လျှင် ဇကာသ်အတည်မဖြစ်ချေ၊
နောက်ကို ထပ်ပေးရချိမ့်ဦးမည်၊ ထိုမရည်စူးဘဲဖြင့်ပေးလိုက်သောငွေများအကျိုးမှာ တစ်ခြားသီးသန့်
အကျိုးရလိမ့်မည်ဖြစ်၏။
(ဒွန်ရေ့မွခ်တာရ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၃၀)
တစ်ဦးတစ်ယောက်သော သူ/မ၌ အိမ်လေး ငါးဆယ်လုံးရှိ၍ ၎င်းအိမ်များကို အငှားချထား၏
ထိုအခါ ၎င်းအိမ်များသည် မည်မျှပင်တန်ဘိုးရှိသော်လည်း ဇကာသ်ပေးရန် ဝါဂျစ်ဗ်မဟုတ်ပေ၊
အခနှင့် ငှားရမ်းနေသော ဥစ္စာပစ္စည်းများအပါ်၌ ဇကာသ် ဝါဂျစ်ဗ်မဟုတ်ပေ။
(ခါနေယဟ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၁၇)
အကြင်သူ/မ၏ထံ၌ ငွေ ၂၅-တိုလာခွဲ(မြန်မာအလေးချိန် ကျပ်လေးဆယ်) အင်္ဂလိပ်ကျပ်
သုံးဒင်္ဂါး အားဖြင့် ၅၄ိ-၁၃-ပဲ ၃-ရွေးသော်လည်းကောင်း ရွေ-တိုလာခွဲ
(မြန်မာအလေးချိန် ၅ိ-၁၀-ပဲသား)ရှိလျှင်သော်လည်းကောင်း သို့မဟုတ် ထိုမျှခန့်နှင့်ပင် တန်ဘိုးရှိသော
ရောင်းဝယ်ဖေါက်ကားသည့် ပစ္စည်းရှိခဲ့သော် ထိုသူ/မကို ရှရီအတ် တရားတော်က ပစ္စည်းရှိသောသူဟု
ခေါ်လေသည် ဤသို့သော သူ/မကို ဇကာသ်ငွေပေးလှူခြင်းမပိုင် ၎င်းကလည် ဇကာသ်ငွေကိုယူခြင်း
စားခြင်းလည်း(ဟလာလ်)မဟုတ်ချေ။ ထိုနည်းပင် အကြင်သူ/မ၌ ထိုတန်းခန့်မျှသောပစ္စည်းသည်
ရောင်းဝယ်သောပစ္စည်းတော့ မဟုတ် သို့ရာတွင် မိမိသုံးစွဲရန်ထက် ပိုမိုနေသော် ထိုသူ/မသည်လည်း
ပစ္စည်းရှိသော သူပင်ဖြစ်လေသည်၊ ဤသို့သော သူကိုလည် ဇကာသ်ငွေကို ပေးခြင်းမပိုင် အကယ်၍
ထိုကဲ့သို့ပစ္စည်းရှိသောသူသည် ဇကာသ်မစားထိုက်သော်လည်း ၎င်းသူအပေါ်၌ ဇကာသ်ပေးရန်လည်
ဝါဂျစ်ဗ်မဟုတ်ချေ။ (ဒွန်ရေ့မွခ်တာရ်ကျမ်းအတွဲ-၁-စမျက်နှာ-၁၄၁ )
စာအုပ်...........ဘဟစ်ရှ်တီဇေဝရ်ကျမ်း
ပြုစုသူ.............အလ်ဟာဂ်ျ မော်လာနာ မုဟမ္မဒ် မူစာ (မဇွာဟေရီ)
ခင်မင်စွာဖြင့်
http://www.mmolama.org/
http://www.mmolama.org/
If you like this please Link Back to this article...
No comments:
Post a Comment
မှတ်ချက်များတွက် ကျေးဇူးတင်တယ်။