Thursday, November 15, 2012

မုဟရ်ရမ်လတွင် ထူးခြားတာ...

بسم الله الرحمن الرحيم
မုဟရ်ရမ်လဟာ အစ္စလာမ့်ရဲ့ နှစ်ဆန်းလတစ်ခုဖြစ်တယ်... အဲ့လိုပဲ သမိုင်းဝင်ဖြစ်ရပ်တွေ အများကြီးလည်း ဖြစ်ခဲ့တယ်... ဒီလထဲမှာ... အတိုင်းထက်လွန်ပြီး လမ်းမှားကို ရောက်စေနိုင်တဲ့ လုပ်ရပ်တွေ ရှိသလို ကောင်းမွန်တဲ့ လုပ်ရပ်အချို့နဲ့ သက်ဆိုင်တဲ့နေ့ရက်လေးတွေလည်း ရှိပြန်တယ်။ ပျော်ရွှင်ဖွယ် အကြောင်းအရာတွေ ဖြစ်ခဲ့သလို ဝမ်းနည်းကြေကွဲဖွယ် ကိစ္စတွေလည်း ဖြစ်ခဲ့တယ်။ တနေရာတည်းမှာ အဖြစ်အပျက်တွေအားလုံးကို စုစည်းပြီးတော့ ဖတ်မိ၊ မှတ်သားစေချင်လို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ဖတ်ဖို့ မှတ်ဖို့ကလွဲရင် စောဒက မတတ်ပါနဲ့လို့ ကြိုတင်ပြောပရစေ။ သမိုင်းပညာရှင်တွေရဲ့ ကွဲလွဲမှု့တွေဟာ ကျွန်တော်တို့အတွက် ဂျန္နသ်၊ဂျဟန္နမ်လားစေမယ့် ကိစ္စတွေမဟုတ်ပါဖူး။ သာသနာရဲ့ အဓိကကျတဲ့ အချက်တွေလည်း မဟုတ်ခဲ့ဖူး။ ဒါကြောင့်ဘယ်လောက်ပဲ ကွဲလွဲပါစေ ဒီအတိုင်းလေး မှတ်သားပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်........
အရဗီ ဖိုရမ်တစ်ခုမှာ တွေ့ဖူးတာလေးပါ။ ဖတ်နေတုန်း ကြိုက်လို့ကော်ပီယူထားခဲ့တယ်။ အခုတော့ တိုက်ဆိုင်လာလို့ ဘာသာပြန်ပြီး တင်ဆက်လိုက်တာပါ။

မုဟရ်ရမ်(၁)
  • တမန်တော် အိဒ်ရီးစ် (عليه السلام) မိုးကောင်းကင်သို့ ခေါ်ယူခြင်းခံရသည်။
  • ဟိဂ်ျရီနှစ်၏ အစဖြစ်သည်။
မုဟရ်ရမ်(၃)
  • တမန်တော် ယူစူဖ်(عليه السلام) ရေတွင်းထဲမှ ပြန်ထွက်လာနိုင်သည်။
  • ဤရက်တွင်ပင် ထောင်ထဲမှ ပြန်ထွက်လာသည်။
  • ဟိဂ်ျရီ ၆၄၈ခုနှစ်တွင် ပြင်သစ်ပြည်၏ ဘုရင် လူးဝစ် (နံပါတ်ကိုး) စစ်ရှုံးခဲ့သည်။
  • ဟဇရသ် အမ်ရ် ဗင်န် အားစ် (رضي الله عنه) အစ်ကန်ဒရီယဟ်အား အောင်မြင်ခဲ့သည်။
မုဟရ်ရမ်(၄)
  • ဟိဂ်ျရီ(၂၃)ခုနှစ် ဤနေ့တွင် ဟဇရသ် အွတ်စ်မာန် (رضي الله عنه)ခလီဖဟ်ဖြစ်ခဲ့သည်။
မုဟရ်ရမ်(၅)
  • တမန်တော်အာဒမ်(عليه السلام)၏ သားတော် ကာဘီးလ်မွေးဖွားခဲ့သောနေ့ဖြစ်သည်။
  • ဟဇရသ်မူဆာ(عليه السلام)နိုင်းလ်မြစ်အား ကျော်ဖြတ်နိုင်ခဲ့ပြီး ဖိရ်အောင်နှင့်၎င်း၏ စစ်တပ်ရေနစ်ခဲ့သည်။
မုဟရ်ရမ်(၇)
  • သူရ်စီနာတောင်တွင် တမန်တော်မူဆာ(عليه السلام) မြင့်မြတ်တော်မူသော အရှင်မြတ်နှင့် စကားပြောခွင့်ရခဲ့သည်။
မုဟရ်ရမ်(၈)
  • ဟိဂ်ျရီ ၁၃၃၇တွင် အွတ်စ်မာနီ အင်ပါယာ ပြိုလဲပျက်သုဉ်းခဲ့သည်။
မုဟရ်ရမ်(၉)
  • တမန်တော် ယူနွတ်စ် (عليه السلام) ငါး၏ ဝမ်းဗိုက်မှ လွတ်ခဲ့သည်။
  • တမန်တော်မူဆာ(عليه السلام)၊ တမန်တော် ယဟ်ယာ(عليه السلام)၊ ဟဇရသ် မရ်ယမ်သခင်မတို့၏ မွေးနေ့ဖြစ်သည်။
မုဟရ်ရမ်(၁၀)
  • ဟဇရသ်အာဒမ်(عليه السلام)၏ သောင်ဗဟ်လက်ခံခြင်း ခံခဲ့ရသည်။
  • တမန်တော် အိဒ်ရီးစ် (عليه السلام) မိုးကောင်းကင်သို့ ခေါ်ယူခြင်းခံရသည်။
  • တမန်တော်နူးဟ်(عليه السلام)၏ သင်္ဘော ဂျူဒီတောင်တွင် ဆိုက်ကပ်ခဲ့သည်။
  • တမန်တော်အစ်ဗ်ရာဟီးမ်(عليه السلام)အား ခလီးလ်ဘွဲ့ပေးခြင်းခံခဲ့ရသည်။
  • တမန်တော်အိစ်ဟားက်(عليه السلام)မွေးဖွားမည်ဟု ဟဇရသ်စာရဟ် သခင်မအား သတင်းကောင်းပေးခံခဲ့ရသည်။
  • တမန်တော် ယအ်ကူးဗ်(عليه السلام)အား စက္ခုအလင်းပြန်လည် ချီးမြှင့်ခံခဲ့ရသည်။
  • တမန်တော် ယူစွဖ်(عليه السلام)နှင့်ဖခမည်းတော်တမန်တော် ယအ်ကူးဗ်(عليه السلام)ပြန်ဆုံခဲ့သည်။
  • တမန်တော် ဒါဝူးဒ်(عليه السلام)၏ သောင်ဗဟ်ကဗူးလ်ဖြစ်ခဲ့သည်။
  • တမန်တော်အိုင်ယူးဗ်(عليه السلام)၏ ဒုက္ခများ ကင်းဝေးသွားခဲ့သည်။
  • တမန်တော် ယူနွတ်စ်(عليه السلام) ငါး၏ ဝမ်းဗိုက်မှ ပြန်ထွက်ခဲ့သည်။
  • တမန်တော် မူဆာ(عليه السلام) နိုင်းလ်မြစ်အား ဖြတ်ကျော်နိုင်ခဲ့သည်။
  • တမန်တော် အီဆာ(عليه السلام) မိုးကောင်းကင်သို့ ကြွတော်မူခဲ့သည်။
  • ဟဇရသ် ဟိုစိုင်းန်(رضي الله عنه) ဟိဂ်ျရီ ၆၁ခုနှစ်တွင် ရှဟီးဒ်ဖြစ်ခဲ့သည်။
  • ဟိဂ်ျရီ (၆၅၆)တွင် အဗ်ဗာစီ အင်ပါယာ ပျက်သုဉ်းခဲ့သည်။
မုဟရ်ရမ်(၁၆)
  • ဟိဂ်ျရီနှစ်ခုနှစ်တွင် ကစ်ဗ်လဟ် ပြောင်းခဲ့သည်။
မုဟရ်ရမ်(၁၇)
  • ကအ်ဗဟ်အား ဖြိုဖျက်ရန်လာခဲ့သော အဗ်ရဟဟ်၏စစ်တပ်အပေါ် အဇားဗ်လာခဲ့သည်။
မုဟရ်ရမ်(၂၀)
  • ဟိဂ်ျရီ သုံးခုနှစ်တွင် ဟဇရသ်အလီ(رضي الله عنه)နှင့် ဟဇရသ်ဖာသွေမဟ်(رضي الله عنه)သခင်မတို့၏ ထမ်းမြားမင်္ဂလာဖြစ်ခဲ့သည်။
မုဟရ်ရမ်(၂၃)
  • ဟိဂ်ျရီ ၁၃၃၆ခုနှစ်တွင် ပါလက်စတိုင်းနိုင်ငံအား ဂျူးလူမျိုးတို့၏ မွေးရပ်မြေအဖြစ်ပြုလုပ်ကြောင်း ကြေငြာခဲ့သည်။

သမိုင်းပညာရှင်များ၏ အကွဲအလွဲများကြောင့် ရက်ထပ်နေခြင်းသို့မဟုတ် အခြားလများတွင် ဖြစ်နေခြင်းများ ရှိပါသည်။ ထို့အကွဲအလွဲများအပေါ် လုံးဝ စောဒကမတတ်ရန်နှင့် တတ်လာပါကလည်း ဖြေကြားမည်မဟုတ်ပါကြောင်း အခြားသိမှတ်ဖွယ် အကြောင်းအရာများ တွေ့ရှိမိပါက မျှဝေပေးပါရန် တိုက်တွန်း အသိပေးရင်းးးးးးးးးး
ဘရှီးလေး (မေမြို့)ဘရှီးလေး

If you like this please Link Back to this article...

No comments:

Post a Comment

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...