Sunday, May 26, 2013

ခုသ်ွဗဟ်အား အရ်ဗီအပြင် အခြားဘာသာဖြင့်ဖတ်ခြင်း

ကျနော် အရင် တခါတွင် စလဖီများ ဂိုးဏ်ကွဲများ၏ သွအီးဖ် ဟဒီးစ် လက်မခံခြင်းအကြောင်းကို(သွအီးဖ်ဟဒီးစ် ဆိုတိုင်းငြင်းရမှာလား ????? http://www.mmolama.com/profiles/blogs/6529452:BlogPost:14757) ရေးသားခဲ့ပေသည်။
ယခုအခါ သူတို့ ပြောလေ့ရှိကြသည့် နောက် စောတက တရပ်ကို ကျနော် တင်ပြပါမည်။
ဝန်ခံချက်။ ။ အောက်တွင် တင် ပြထားသည်မှာ ကျနော် ရေးသားထားခြင်းမဟုတ်ပါ။ ကျနော် လေ့လာသိရှိထားသော အကြောင်း အရာကို ကျနော် ၏မှတ်စုစာအုပ်မှ မွတ်စ်လင်အများစုအကျိုး ပြူစေရန် ဖော်ပြခြင်းသာဖြစ်သည်။
ကောင်စ၇် ဘာဒ်ရှာဟ်
ရှရီအသ်တရားတော်တွင် ဂျူမုအာဟ်နမာဇ်၏ ခုသ်ွဗဟ်အား အရ်ဗီဘာသာအပြင်
အခြားဘာသာစကားဖြင့် ဖတ်ခြင်း ပိုင်မပိုင်
 ခုသ်ွဗဟ်ဆိုသည်မှာ တရားဟောကြားခြင်းသာဖြစ်သည် ဟူသော အချက်မှန်ပါသလား။ အရ်ဗီနားမလည်သူများရှေ့တွင် ခုသ်ွဗဟ်ဖတ်ခြင်းမည်သို့အကျိုးထူးမည်နည်း။
ဂျူမုအာဟ်နမားဇ်နှင့် အီးဒ်နမားဇ်၏ ခုသ်ွဗဟ်အားအရ်ဗီဘာသာဖြင့်ဖတ်ခြင်း
စွန္နသ်ဖြစ်သည်။ အခြားဘာသာစကားဖြင့်ဖတ်ခြင်း သည်ဗိဒ်အသ်ဖြစ်သည်။
(ရှာဟ်ဝလီယွလ်လာ၏ မုစ်ဖာရှရ် ဟေမိုသွာကျမ်း)
(အီမာမ်ဟဆ်ွကဖီ၏ ဒုရ်ရေမုခ်သားရ်ကျမ်း)
(ဇိုဗိုင်ဒီ၏ ရှရ် ဟုလ်အဲဟ်ယားအ်ကျမ်း)

အရ်ဗီ အပြင်အခြားဘာသာစကားဖြင့်ခုသ်ွဗဟ်ဖတ်ပိုင်သည်ဟု ယူဆသူများ၏ အဓိက
အကြောင်းပြချက်မှာ "ခုသ်ွဗဟ်သည် ဆုံးမသြဝါဒတရားဟောကြားမှုပင်ဖြစ်သည်"
ဟူသောအချက်ပင်ဖြစ်သည်။သြဝါဒဟူသည်နာယူသူတို့နားလည်တတ်ကျွမ်းသောဘာသာစကားဖြစ်သင့်သည်ဟူ၍လည်းစောတကတက်ကြသည်။
ထို စောတကနှင့်ပတ်သက်၍ နှစ်ပိုင်းခွဲပြီး ဖြေကြားလိုပါသည်။

                                                           အပိုင်း (၁)
ည်ခုသ်ွဗဟ်သည် သဇ်ကိရ် တရားဟောကြားခြင်းမဟုတ်ပါ။
ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးစ်တော်များတွင် ခုသ်ွဗဟ်အားဇိကိရ် (အလ္လာဟ်အရှင်မြတ်ကို သတိရတသခြင်း) ဟုသာမိန့်ဆိုထားသည်။
အလ္လာဟ်၏ ဇိကိရ် တော် (ဂျူမုအဟ်နှင့် ခွသ်ဗဟ် ) လက်သို့ အလျင်စလိုသွားကြလော့။ (ကုရ်အာန်)
ဟဒီးစ်တော် တွင် မလာအေကဟ်ကောင်းကင်တမန်များရောက်ရှိလာပြီး ဇိကိရ်(ခုသ်ွဗဟ်)အားနားဆင်ကြသည်။ (ဗုခါရီ အတွဲ၁ စာ၁၂၁)
အီမာမ်အနေဖြင့်ခုသ်ွဗဟ်တွင်လူတို့ပြောလေ့ရှိသော စကားတစ်စုံတရာ ကိုပြောဆို၇န် မထိုက်ပါ။ခုသ်ွဗဟ် သည် စီစဉ်ထားသော ဇိကီ၇်တစ်မျိုးဖြစ်သောကြောင့်ပင်။ (မက်ဗ်ဆုးသ်ကျမ်း အတွဲ ၂ စာ ၂၇)
သဟ်မီးဒ် သတ်စ်ဗီးဟ် တစ်ပိုဒ်တည်းဖြင့် သဇ်ကိရ်(တရားဟောကြားမှု ဆုံးမသြ၀ါဒစကား )မမြောက်နိုင်ပါ။ ဖိကဟ်ပညာရှင်များအားလုံးထံတွင် ခုသ်ွဗဟ်သည် ဂျူမုအဟ်၏ ရှရသွ် (မပါမဖြစ် အရေးကြီးသည့် စည်းကမ်းချက်) ဖြစ်ကြောင်း အဆိုညီကြသည်။
ဟောပြောမှု ၊ဖိတ်ခေါ်မှုသာဖြစ်ခဲ့လျှင် ဂျုမုအဟ်၏ ရှရသ်ွအဖြစ် သတ်မှတ်ခြင်းမှာ မည်သို့မျှ အဓိပ်ပယ်မရှိပေ။ ဂျူမုအဟ်၏ ခုသ်ွဗဟ်သည်ရှရသ်ွဖြစ်သည်။ ဟောပြောမှုဖြစ်လျှင် ဇိုဟို၇်အချိန်ကို ထူးထူးခြားခြား သတ်မှတ်ရန်အကြောင်း မ၇ှိပါ။
မွန်းမတည့်မီ ခုသ်ွဗဟ်ဖတ်ပြီး မွန်းတည့်ပြီး နမားဇ်ဖတ်လျှင် ဟောပြောမှုမမြောက်ပေဘူးလား။ (မြောက်မည်သာ)
သို့သော် ဖိကဟ်ပညာရှင်များက ဇိုဟိုရ် အချိန်မကျမီ ခုသ်ွဗဟ်ဖတ်ပြီး ဇိုဟိုရ် အချိန်ဝင်ပြီးမှ နမားဇ်ဖတ်မပိုင်ဟုဆုံးဖြတ်ထားသည်။ (ဗဟရ်ကျမ်း တွဲ၂ စာ၁၅၈)
ဟောပြောမှုသက်သက်ဆိုလျှင် မည့်သည့် အချိန်ဖတ်ဖတ်အထမြောက်ရမည်သာ။
အီမာန်သည် ခုသ်ွဗဟ်ဖတ်ပြီးနောက် တစုံတရာသောကိစ်စတွင် ပါဝင်လိုက်ပြီး ခုသ်ွဗဟ်နှင့်နမားဇ်ကြားတွင် ခြားနားမှုဖြစ်သွားခဲ့လျှင် နောက်ထပ်ခုသ်ွဗဟ် ပြန်ဖတ်ရန် အရေးကြီးသည်။နားထောင်သူသည် ပထမအကြိမ် နားထောင်သူများပင် ဖြစ်လင့်ကစား ပြန်ဖတ်ရမည်။ (ဗဟရ်ကျမ်း တွဲ၂ စာ ၅၉)
ဟောပြောမှုသက်သက်ဆိုလျှင် ပြန်လည်ဖတ်ခြင်းမှာ မည်သို့မျှ  အဓိပ်ပယ်မရှိပါ။ ဖိကဟ်ပညာရှင်များက ဂျူမုအဟ်၏ ခုသ်ွဗဟ်ကို နမားဇ်နှစ်ရကသ်ဖြင့်ညီမျှသောကိုယ်စားဟုသတ်မှတ်ကြသည်။ ခုသ်ွဗဟ်နားထောာင်ဖြင်း၊ ဖတ်နေစဉ်တွင် တိတ်ဆိတ်စွားနေခြင်းသည် ၀ါဂျိဗ်ဖြစ်သည်။  ခုသ်ွဗဟ် ဖတ်နေစဉ် နှုတ်မှ ဒရူးဒ်ရှရီးဖ်ဖတ်ခြင်း ၊ သတ်စ်ဗီးဟ် သက်ဗီးရ် ဖတ်ခြင်း ၊ စလာမ်ပေးခြင်း မပြုပိုင်ပါ။ ဟောကြားခြင်းဟုဆိုလျှင်နားထောင်ခြင်းကို အဟန့်အတားမဖြစ်စေသော ဇိကီ၇် စလာမ်တို့ကို အဘယ်ကြောင့်တားမြစ်ရပါသနည်း။ထိုအတူ ခုသ်ွဗဟ်ပါအကြောင်းအရာများကို တင်ကြိုသိ၇ှိထားလျှင်လည်း နားထောင်ရန်အဘယ်ကြောင့် ၀ါဂျီဗ်ဖြစ်ရသနည်း။ ထို့ကြောင့် ရှရီအသ်တရားတော် အရ ခုသ်ွဗဟ်၏အဓိကရည်ရွယ်ချက်မှာ အလ္လာဟ်၏ ဇိကိရ် တော်သာဖြစ်ကြောင်းရှင်းနေသည်။
အပိုင်း (၂)
ခုသ်ွဗဟ်ကိုနားမလည်မှတော့ ဖတ်ပြီး ဘာထူးမှာလဲ ဟူသောစောတက၏အဖြေမှာ
ကေရာအသ်တွင်လည်း ထိုကဲ့သို့ စောတကတက်နိုင်ပါသည်။ သို့ဆိုလျှင် ယင်းကျမ်းမြတ်၏စကားများကို နမားဇ်တွင်းတွင် နမာဇီတို့ နာလည်သောဘာသာစကားဖြင့်ဖတ်ရမလိုဖြစ်နေပေတော့သည်။ထို့ကြောင့် ကုရ်အာန်ကို အရ်ဗီလိုဖတ်ခြင်းသည် အိဗာဒသ်ဖြစ်သည့် နည်းတူ ခုသ်ွဗဟ်ကိုလဲ အရ်ဗီလိုပင်ဖတ်၇မည်။ ခုသ်ွဗဟ်ဖတ်နေစဉ် ခုသ်ွဗဟ်ကိုဘာသာပြန်ခြင်းသည်လည်း မပိုင်ပါ။ အဘယ်ကြောင့်ဆိုသော ဘာသာပြန်ခြင်းဖြင့်ဂျူမုအဟ်နှင့် ခုသ်ွဗဟ် ကြားခြားနားမှု ဖြစ်သောကြောင့်တည်း။ ထို့အတူ ဖိကဟ်ကျမ်းများတွင် ခုသ်ွဗဟ်တွင် (သဟ်မီးဒ် ဒရူဒ် ဒိုအာ) စသည်ဖြင့် အချက်၁၀ ချက်ပါဝင်ရန် စွန်နသ်ဖြစ်ကြောင်းဖော်ပြထားသကဲ့သို့ ခုသ်ွဗဟ်တိုတို ဖတ်ခြင်း သည်လည်းစွန်နသ်ဖြစ်ကြောင်းရေးသားထားသည်။ အချက်၁၀ ချက်လုံးဖတ်ပြီး အဓိပ်ပယ်ပါရှင်းပြနေလျှင်ခုသ်ွဗဟ်သည် နှစ်ဆမက ရှည်သွားမည်။ ရှည်မှာ စိုးပြီး (၁၀) ချက်လုံးမပါဝင်ပြန်လျှင် စွန်နသ်နှင့်ဆန့်ကျင်သွားသည်။ ဘာသာပြန်ခြင်းဖြင့်စွန်နသ်ကို လက်လွှတ်လိုက် ၇မည်။ ထို့ကြောင့် ဂျူမုအဟ် နှင့် အီးဒ် နမာဇ်းများ၏ ခုသ်ွဗဟ်အားအရ်ဗီဘာသာဖြင့် ဖတ်ခြင်းသည် စွန်နသ်ဖြစ်ကြောင်း အခြားဘာသားစကားဖြင့်ဖတ်ခြင်းသည် ဗိဒ်အသ်ဖြစ်ကြောင်း သာသနာ့ပညာရှင် များက တားမြစ်ရခြင်းသာဖြစ်သည်။


If you like this please Link Back to this article...

No comments:

Post a Comment

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...