Showing posts with label ခွသ်တဗါ ( ၅၂) အီဒွလ်အဒွဟာ. Show all posts
Showing posts with label ခွသ်တဗါ ( ၅၂) အီဒွလ်အဒွဟာ. Show all posts

Thursday, November 03, 2011

ခွသ်တဗါ ( ၅၂) အီဒွလ်အဒွဟာ

  ခွသ်တဗါ ( ၅၂) အီဒွလ်အဒွဟာ

မွတ်စ်လင်မ်သူတော်စင် အပေါင်းတို့ခင်ဗျား၊

ဒီနေ့ဟာ အင်မတန်ပဲ ထူးမြတ်လှတဲ့ အီဒွလ်အဒွဟာနေ့ပါ၊ အီဒွလ်အဒွဟာဆိုတဲ့ဝေါဟာရကပဲ ဒီနေ့ဟာ ကုရ်ဗာနီလုပ်ရတဲ့နေ့လို့
ညွှန်ပြနေပါတယ်၊ စိတ်စေတနာသန့်သန့်ထားပြီး ကုရ်ဗာနီလုပ်ရမှာပါ။ နဗီတမန်တော်မြတ်(ဆွ)က ကုရ်ဗာနီဟာ ဝါဂျဗ်တာဝန်ဖြစ်တယ်၊ အတော်ပဲ ထူးမြတ်တဲ့ ကျင့်စဉ်ဖြစ်တယ်"လို့ တိတိကျကျ ပြတ်ပြတ်သားသား အသိပေးတော်မူထားပါတယ်။
အာလင်မ်ပညာရှင်တွေကလည်း ကုရ်ဗာနီနှင့် ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ ဂဃဏနကောက်နှုတ်စုစည်း
ပြုစုထားကြလို့ ကျွမ်းကျင်တဲ့ အာလင်မ်ပညာရှင်တွေကို ချဉ်းကပ်ပြီး မေးမြန်းမှတ်သားထားသင့်ပါတယ်။

၁။ ကုရ်ဗာနီနေ့ တနည်းအီဒွလ်အဒွဟာနေ့မှာ သွေးချောင်းစီးအောင်လုပ်တာထက်ပိုပြီး အလ္လာဟ်အရှင်မြတ်(စွဗ်) နှစ်သက်တော်မူတဲ့
အမလ်မရှိဘူး အဲဒီကုရ်ဗာနီသားကောင်ကို ကိယာမတ်နေ့မှာ သူ့ရဲ့ဦးချိုတွေ၊ သူ့ရဲ့အမွှေးအမျှင်တွေ၊ သူ့ရဲ့ခွာတွေနှင့်အတူတူ
ရောက်လာစေတော်မူမည်၊ ကုရ်ဗာနီသားကောင်ရဲ့သွေးမြေမကျခင်မှာပဲ အဲဒီကုရ်ဗာနီကို အလ္လာဟ်အရှင်မြတ်(စွဗ်)က လက်ခံကဗူလ်ပြုတော်မူလိုက်တယ်၊ ဒါကြောင့် သင်တို့ ကုရ်ဗာနီလုပ်ပြီး ကိုယ့်စိတ်ကိုရွှင်လန်းအောင်လုပ်ကြလို့ နဗီတမန်တော်မြတ်(ဆွ)က အသိပေးတော်မူထားပါတယ်။

၂။ ဆွဟာဗဟ်တို့က ယာရသူလလ္လာဟ်-ကုရ်ဗာနီဆိုတာဘာလဲလို့ မေးလျှောက်ကြတော့ နဗီတမန်တော်မြတ်(ဆွ)က သင်တို့ရဲ့
ဖခမည်းတော် ဟဇရတ်အိဗဟီးမ်(အာ)ရဲ့ကျင့်စဉ်တော်ဖြစ်တယ်လို့ ဖြေကြးတော်မူခဲ့ပါတာ်။ ဆွဟာဗဟ်တွေကထပ်ပြီး ယာရသူလလ္လာဟ် ကျွန်တော်တို့ ကုရ်ဗာနီလုပ်လျှင် အကျိုးကုသိုလ်ဘယ်လိုရပါသလဲလို့ မေးကြတော့၊ နဗီတမန်တော်မြတ်(ဆွ)က
အမွှေးတပင်ကို အကျိုးစဝါးဗ်တစ်ခုကျစီရမည်လို့ ဖြေကြားတော်မူပါတယ်။ ဆွဟာဗဟ်တွေကထပ်ပြီး သိုးရဲ့အမွှေးအမျှင်တွေအတွက်
အကျိုးကုသိုလ် ဘယ်လိုရပါသလဲ ယာရစူလလ္လာဟ်လို့ ထပ်မေးပြန်တယ်။ မြတ်နဗီ(ဆွ)က လည်း သိုးမွှေးတမျှင်တိုင်းအတွက်လည်း
အကျိုးစဝါးဗ်တစ်ခုကျရမှာပဲလို့ အသိပေးတော်မူထားပါတယ်။

၃။ ကုရ်ဗာနီလုပ်နိုင်လောက်အောင် သက်သာချောင်ချိရဲ့သားနှင့် ကုရ်ဗာနီမလုပ်တဲ့လူ ငါ့အီဒ်ဂါဟ်ကိုမလာနှင့်လို့၊ မြတ်နဗီ(ဆွ)က
အမိန့်ထုတ်တော်မူထားပါတယ်။

၎။ အီဒွလ်အဒွဟာနေ့ပြီးလျှင် နောက်ထပ် ၂ ရက်ဆက်ပြီး ကုရ်ဗာနီလုပ်ခွင့်ရှိနေတယ်လို့ ဟဇရတ် အိဗနိအဗ္ဗားစ်(ရသွေ)က ဆင့်ပြန်ထားပါပါတယ်။

၅။ ဟဇရတ်အလီ(ရသွေ)သခင်ကြီးကလဲက အဲဒီအဆိုကိုပဲ ဆင့်ပြန်ထားပါသေးတယ်။

အစ္စလာမ်သာသနာဝင်မွတ်စ်လင်မ်များခင်ဗျား-
အီဒွလ်အဒွဟာနေ့အတွက် လိုက်နာလုပ်ဆောင်ရမည့် အချက်တွေကို သေသေချာချာ မှတ်သားမိအောင် ထပ်ပြီးပြောပြပါအုံးမည်။

၁။ အဲဒီနေ့ဟာ သားကောင်တွေကို ကုရ်ဗာနီလုပ်ပြီး လှူဒါန်းရတဲ့ နေ့ကောင်း နေ့မြတ်ပါ။

၂။ ရှရီအတ်တရားတော်က သတ်မှတ်ထားတဲ့ အတိုင်းအတာပြည့်မီတဲ့သူတွေဖို့ ကုရ်ဗာနီပြုလုပ်ရမှာ ဝါဂျစ်ဗ်တာဝန်ပါ။

၃။ ကုရ်ဗာနီလုပ်တဲ့သူဟာ ကုရ်ဗာနီသားကောင်ရဲ့ အမွေးအမျှင်ရှိသလောက် အကျိုးစဝါးဗ်ရပါတယ်။ ဒါတွေမကသေးဘူး။
ကိယာမတ်နေ့မှာ အဲဒီကုရ်ဗာနီသားကောင်ဟာ သူရဲ့ဦးချို၊ သူရဲ့အမွှးအမျှင်တွေ၊ သူရဲ့ခွာတွေနှင့် အတူတကွ ပြည့်ပြည့်စုံစုံ
ပြန်ရောက်လာရပြီး ကုရ်ဗာနီလုပ်တဲ့သူရဲ့ချိန်ခွင်ရဲ့ ကောင်းမှုဘက်က ချိန်ခွင်ထဲမှာ ပါဝင်ပေးရပါတယ်။

၎။ (က) အီဒွလ်အဒွဟာနေ့မှာ ကုရ်ဗာနီလုပ်တဲ့ကောင်းမှုကိုသာ အလ္လာဟ်အရှင်မြတ်အနှစ်သက်တော်မူဆုံးဖြစ်ပါတယ်။
(ခ) အီဒွလ်အဒွဟာနေ့မှာ လုပ်လိုက်တဲ့ကောင်းမှုတွေထဲမှာ ကုရ်ဗာနီကို အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်ပါတယ်။

၅။ တာဝန်ရှိလျက်နှင့် ကုရ်ဗာနီမလုပ်တဲ့လူကို နဗီတမန်တော်မြတ်(ဆွ) ငါ့အီဒ်ဂါဟ်ကို မလာစေနှင့်လို့ မိန့်တော်မူထားပါတယ်။

၆။ ကုရ်ဗာနီဟာ ဟဇရတ် အီဗာရာဟီမ်(အ)ရဲ့ ကျင့်စဉ်တော်ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်က အမိန့်ပေးတော်မူလို့ သားတော်
ဟဇရတ်အစ္စမာအီလ်(အ)ကို ကုရ်ဗာနီလုပ်ခဲ့တယ်။ အလ္လာဟ်အရှင်မြတ်က မိမိရဲ့ကရုဏတော်နှင့် သားကောင်ကို အစားထိုးပေးတော်မူပြီး ကုရ်ဗာနီကို အတည်ပြုတော်မူခဲ့ပါတယ်။

၇။ အဲဒီအစဉ်အလာကို မွတ်စ်လင်မ်တွေက ဆက်လက်တာဝန်ယူရပြီး တနှစ်မှာ တခါ ကုရ်ဗာနီလုပ်ဖို့ ပညတ်တော်မူထားပါတယ်။

၈။ အီဒွလ်အဒွဟာနေ့နှင့် နောက် ၂ ရက် ကုန်တဲ့အချိန်တွင်းမှာ ကုရ်ဗာနီလုပ်ရပါတယ်။

သူတော်စင်များခင်ဗျား
ကုရ်အာန်ကျမ်းတော်မြတ် စူရာ ၂၂ ဟဂ်ျရဲ့ အာယတ်တော် ၃၇ မှာ--
အလ္လာဟ်အရှင်မြတ် အထံတော်သို့ ယင်း ကုရ်ဗာနီသားကောင်တို့၏ အသားများသည် အလျင်းရောက်ရှိသည် မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းကုရ်ဗာနီ သားကောင်တို့၏ အသွေးများသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့၏ ရိုသေလေးမြတ်မှု၊ အမိန့်တော်ကိုရိုသေလိုက်နာမှု၊ ကောင်းမြတ်သော အကျင့်သီလသည်သာလျှင်ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။ ဤနည်းနှင်နှင် အသင်တို့သည် မိမိအား တရားလမ်းမှန်ကို ညွှန်ပြတော်မူသောကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကြီးမြတ်တော်မူကြောင်း ရွတ်ဆိုချီးကျူးကြအံ့သောငှာ ထိုအရှင်မြတ်သည် ယင်းကုရ်ဗာနီ သားကောင်များကို အသင်တို့၏လက်အောက်ခံများ ပြုလုပ်ထားတော်မူပေသည်။ (အိုနဗီတမန်တော်၊)အသင်သည် စေတနာဖြူစင်သော သူတို့အားဝမ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားပါလေ။
လို့လာရှိတဲ့အကြောင်းတင်ပြရင်း ဒီကနေ့ ခွသ်တဗါကို နိဂုံးချုပ်လိုက်ပါတယ်။

အီဒ်နေ့မှာ သာသနာ့မိတ်ဆွေများပျော်ရွှင်နိုင်ကြပါစေ...

မှတ်ချက်....ခွသ်တဗါသွလ်အဟ်ကားမ်ကျမ်း၊
ဟကီမွလ် အွမ္မသ် ဟဇရသ် မော်လာနာ အရှ်ရဖ် အလီထာနဝီ...

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...