Showing posts with label ခွသ်တဗါ ( 42 ) ရဂျဗ်လမြတ်. Show all posts
Showing posts with label ခွသ်တဗါ ( 42 ) ရဂျဗ်လမြတ်. Show all posts

Thursday, May 24, 2012

ခွသ်တဗါ ( 42 ) ရဂျဗ်လမြတ်

လူကြီးမင်းများခင်ဗျား...
မကြာခင်မှာ ရဂျဗ်လ ဆန်းရောက်ပါတော့မည်၊ ရဂျဗ်လနှင့် ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တချို့ကို တင်ပြပါမည်။ ရဂျဗ်လဆန်းတာနဲ့ မြတ်နဗီ တမန်တော်မြတ် (ဆွ) က ဤဒုအာကို ဖတ်တော်မူပါတယ်။

 ( အလ္လဟွမ္မဗာရစ်က်လနာ ဖီးရဂျဗ ဝရှာအ်ဗာန ဝဗလ်လစ်ဂ်နာရမဇာန် )

အိုအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးတို့ကို ရဂျဗ်လနှင့် ရှာအ်ဗာန်လတို့မှာ ဗရကသ်ချီးမြှင့်တော်မူပါ။ အဲဒီနောက် ရမဇာန်လကို ပို့ဆောင်းပေးတော်မူပါ.....လို့...ဒုအာတောင်းတော်မူပါတယ်။


မွတ်စ်လင်မညီနောင်များခင်ဗျား...
ဒီရဂျဗ်လမှာ ရိုဇာစောင့်ထိန်းတာနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြလိုပါတယ်။ တချို့ကဒီလမှာ ရိုဇာထားရမလိုလို၊ သတ်မှတ်ချက်ရှိသလိုလို မတင်မကျ ပြောဆိုကြပြီး ရိုဇာထားကြတာကိုလည်
တွေ့ရပါတယ် ။ မှန်ပါတယ်။ ရဂျဗ်လမှာ ရိုဇာထားတာနှင့် ပတ်သက်ပြီး လာရှိတဲ့ဆင့်ပြန်ချက် တချို့
တွေ့ရပါတယ်။ ဒါပေမဲ့ ချိတ်ဆက်မမိလို့ ခိုင်မာတယ်လို့ ကောက်ယူလို့မရပါဘူး။ ဆင့်ပြန်ချက်တခုမှာ
ရဂျဗ်လ ၂၇ ရက်နေ့မှာ ရိုဇာထားတဲ့သူဟာ လပေါင်း ၆၀ ရိုဇာထားတဲ့ အကျိုးစဝါးဗ်ရတယ်လို့တော်လာရှိပါတယ်။ ဒါပေမဲ့ ချိတ်ဆက်မမိလို့ အဲဒီဟဒီးဆ်အပေါ် မကျင့်သုံးကြရပါဘူး။
ဟဇရတ်အွမ္မရ်(ရသွ) က ရဂျဗ်လ ရိုဇာထားတဲ့သူရဲ့လက်၊ ခြေကိုပုတ်ပြီး ရိုဇားကို ဖျတ်ခိုင်းတဲ့အကြောင်း
ဆင့်ပြန်ချက်တချို့မှာ တွေ့ရပါတယ်။ ဒါကြောင့် ရဂျဗ်လရဲ့ ဘယ်ရက်ဘယ်နေ့မှာ ရိုဇာထားရမည်၊
စွန္နတ်တော်ဖြစ်တ်ာလို့ မမှတ်ယူပဲ တခြားလတွေမှာ နဖိလ်ရိုဇာထားသလို ထားလိုက်လျှင် နဖိလ်ရဲ့ အကျိုးစဝါးဗ် ရလိုက်မှာပါ။

သူတော်စဉ်များခင်ဗျား...
ရဂျဗ်လ ( ၂၇ ) ရက်နေ့ညမှာ နဗီတမန်တော်မြတ် စိုင်ယိဒိနာမုဟမ္မဒ် (ဆွ) မေ့ရားဂ်ျ ကောင်းကင်ဘုံခရီး ကြွမြန်းတော်မူခဲ့ပါတယ်။ တချို့ရပ်ရွာဒေသတွေမှာ မေ့ရားဂ်ျခရီနှင့် ပတ်သက်ပြီး ရဂျဗ်လ (၂၇) ရက်ညမှာ အခမ်းအနားတွေ၊ တရားပွဲတွေ၊ ဘာတွေ၊ ညာတွေ လုပ်လေ့လုပ်ထရှိကြပါတယ်။ အဲဒီလိုလုပ်တဲ့ တရားပွဲ၊
အခမ်းအနားတွေကိုလည်း ရဗီအွလ်အောင်ဝလ်လမှာ လုပ်လေ့လုပ်ထ ရှိတဲ့ တရားပွဲတွေ၊ အခမ်းအနားတွေကိုလည်း ဆန်းစစ်တဲ့နည်းနှင့် မှတ်ကျောက်တင်ပြီး ဝေဖန်သုံးသပ်ဆုံးဖြတ်ကြပါ။


သူတော်စဉ်များခင်ဗျား...

အခုစူရာအင်န်ရှိကားက်ရဲ့ အာယတ်တော် ( ၁၉ ) မှာ သင်တမန်တော်သည် မိုးကောင်းကင်ခုနစ်ထပ်သို့
တစ်ထပ်ပြီးတစ်ထပ် တက်ရောက်ရမည် လို့ အသိပေးတော်မူထားတာကို တင်ပြရင်း ဒီနေ့ ခွသ်ဗါကို
နိဂုံးချုပ်လိုက်ပါတယ်.......
သာသနာ့ မိတ်ဆွေများ ကောင်းသော်အမလ်ပြု့နိုင်ကြပါစေ......( အာမီးန်)


မှတ်ချက်....ခွသ်တဗါသွလ်အဟ်ကားမ်ကျမ်း၊


ဟကီမွလ် အွမ္မသ် ဟဇရသ် မော်လာနာ အရှ်ရဖ် အလီထာနဝီ...

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...