Showing posts with label ခွသ်တဗါ(၁) ဒီန်သာသနာ့ပညာ သင်ယူဆည်းပူးပါ. Show all posts
Showing posts with label ခွသ်တဗါ(၁) ဒီန်သာသနာ့ပညာ သင်ယူဆည်းပူးပါ. Show all posts

Thursday, March 01, 2012

ခွသ်တဗါ(၁) ဒီန်သာသနာ့ပညာ သင်ယူဆည်းပူးပါ

အစ္စလာမ်သာသနာဝင်သူတော်စင်အပေါင်းတို့ခင်ဗျာ-

အစ္စလာမ်သာသနာတော်က ပြဋ္ဌာန်းပညတ်ထားတဲ့ အစ္စလာမ့်တရားဥပဒေစည်းကမ်း၊ နည်းလမ်းတွေကို သင်ယူဆည်းပူးရမှာကတော့ မွတ်စလင်မ်တွေအတွက် မလွဲမသွေ ထမ်းဆောင်ရမဲ့ ဖရ်ဇ်တာဝန်ပါ၊
ဒီန်သာသနာတော်ကို သင်ယူဖို့၊ ကျင့်ဆောင်ဖို့၊ သင်ကြားပြသဖို့ကို ကုရ်အာန်ကျမ်းတော်မြတ်မှာ အတိအလင်း ပြဋ္ဌာန်းထားသလို ဟဒီးဆ်တော်များမှာလဲ အခိုင်အမာ မိန့်မှတ် လမ်းညွှန်ထားပါတယ်။

(၁) နဗီတမန်တော်မြတ်(ဆွ)က "ငါဟောကြားသွန်သင်ပြသတော်မူတဲ့တရား တစ်ခွန်းတစ်ပုဒ်ပဲဖြစ်ဖြစ်
တဆင့်သင်ကြားပြသပို့ချကြလို့ လမ်းညွန်တော်မူထားပါတယ်။

(၂) ဒီန်သာသနာ့ရေးရာ ပညာသင်ယူဆည်းပူဖို့ ခရီးထွက်တဲ့သူတွက် အလ္လာဟ်အရှင်မြတ်က ဂျန္နသ်ရွှေပြည်မြတ်ကို ရောက်စေတဲ့လမ်းကို လွယ်ကူချောမွေ့စေတော်မူမည် လို့လည်း
မြတ်နဗီ(ဆွ)က အသိပေးတော်မူထားပါတယ်။

(၃) အလ္လာဟ်အရှင်မြတ်က ကောင်းစားစေလိုတော်မူတဲ့ သူကို ဒီန်သာသနာရဲ့အသိပညာ သင်ယူဆည်းပူရရှိစေတော်မူတယ်လို့ မြတ်နဗီ(ဆွ)က အသိပေးတော်မူပါသေးတယ်။

(၄) သာသနာ့ပညာရှင် အာလင်မ်များဟာ နဗီတမန်တော်အလိုင်ဟိ မွတ်စ္စလာမ်တို့ရဲ့ အမွေစားအမွေခံများဖြစ်ကြတယ်။ နဗီတမန်တော်တွေက ငွေကြေးဥစ္စာရတနာတွေကိုအမွေအဖြစ်
မထားခဲ့ဘူး။ ဒီန်သာသနာ့ပညာတွေကိုဘဲ အမွေအဖြစ်ထားတော်မူခဲ့ကြတယ်။ အဲဒီပညာတွေကို သင်ယူဆည်းပူးရရှိလိုက်တဲ့သူဟာ တန်ကြေးကြီးတဲ့ အမွေတွေအစုလိုက်အပုံလိုက် ထူးထူးခြားခြား
ရရှိပိုင်ဆိုင်လိုက်တဲ့သူဖြစ်တယ်လို့ တမန်တော်မြတ်(ဆွ)က အသိပေးတော်မူထားပါတယ်။

(၅) အဲဒါကြောင့် မြတ်နဗီ(ဆွ)က ဒီန်သာသနာတော်ကို လိုက်စားဆည်းပူးသင်ယူဘို့ အစ္စလာမ်သာသနာဝင်
မွတ်စလင်မ်တိုင်းရဲ့ အပေါ်မှာ ဖရ်ဇ်တာဝန်ဖြစ်တယ်လို့ ပြတ်ပြတ်သားသား မိန့်မှတ်တော်မူခြင်းဖြစ်ပါတယ်။
တချို့က ဒီဟဒီးဆ်တော်ကို ကိုးကားပြီး လောကီရေးရာ ပညာကို သင်ယူဆည်းပူးရမည်လို့ အမှားမှားအယွင်းယွင်းဖွင့်ဆိုကြပါတယ်။ အဲဒီဖွင့်ဆိုချက်တွေဟာ သာသနာ့ပညာဆည်းပူးသင်ယူရမည်ဆို့တဲ့
အမိန့်ကိုဖျက်လိုဖျက်ဆီးလုပ်တဲ့၊ အလွဲသုံးစားလုပ်တဲ့ ဖွင့်ဆိုချက်တွေပါ။ အမှန်စင်စစ် ဒီန်သာသနာတော်
ဖြစ်တဲ့ အစ္စလာမ့်ပညာရေးကို လိုက်စားနာယူကျင့်မူဆောက်တည်ဘို့ မြတ်နဗီ(ဆွ)က နှိုးဆော်အသိပေးတော်မူခြင်းဖြစ်ပါတယ်။
အစ္စလာမ်သာသနာတော်ကို လက်ခံသက်ဝင်ယုံကြည်ထားကြတဲ့ မွတ်စ်လင်မ်အမျိုးသား အမျိုးသမီးတိုင်းမှာ
အစ္စလာမ့်အခြေခံတရားတွေကို မလွှဲမသွေ လေ့လာသင်ယူမှတ်သားထားဘို့ တာဝန်ကိုယ်စီရှိနေပါတယ်။

(၆) တရားတော်နှင့် ပတ်သက်တဲ့အချက် ဒါမှမဟုတ် အကြောင်းအရား တစ်ခုကို မေးမြန်းစုံစမ်းလာတဲ့အခါမှာ သိရဲ့သားနှု့် ဖြေကြားပြောဆိုသင်ပြမပေးတဲ့သူဟာ ကိယာမသ်နေ့မှာ
မီးဇက်ကြိုးတပ်ခံရလိမ့်မည်လို့ တမန်တော်မြတ်(ဆွ)က အသိပေးတော်မူထားပါတယ်။

(၇) အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်သဘောတူ နှစ်မြို့မှုရစေတဲ့ သာသနာ့ပညာတွေထဲက ပညာတစ်ခုခုကို လောကီအကျိုးမျှော်ကိုးပြီး သင်ပေးသင်ယူတဲ့သူဟာ ကိယာမသ်နေပမှာ ဂျန္နသ်ရွှေပြည်မြတ်ရဲ့ အမွှေးယနံကိုတောင်၇မှာမဟုတ်ဘူးလို့ မြတ်နဗီ(ဆွ)က သတိပေးတော်မူထားပါတယ်။

(၈) ငါကိုယ်တော်မြတ်ဟာ တစ်နေ့နေ့မှာ မုချဧကန် သေးဆုံးရမှာဖြစ်လို့ သင်တို့အနေနဲ့ ငါသင်ကြားပို့ချပေးတော်မူထားတဲ့ တရားစကားတွေ၊ တရားစည်းကမ်း၊ တရားနည်းလမ်းတွေနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ကိုယ်တိုင်လဲလေ့လာဆည်းပူး သင်ယူကျင့်ဆောင်ကြ၊ တခြားသူတွေကိုလဲ
သင်ပြပေးကြ လို့ မြတ်နဗီ(ဆွ)က တာဝန်ပေးတော်မူထားပါတယ်။


ကျွန်တော်တင်ပြခဲ့တဲ့ ဟဒီးဆ်တော်တွေကို အပေါ်ယံလောက်ဘဲလေ့လာလျှင်တောင် အစ္စလာမ်သာသနာ့ပညာသင်ယူသင်ပေးရတဲ့ ကိစ္စဟာ တော်ပဲလိုအပ်အရေးကြီးပြီး အတော်ပဲ အကျိုးထူးတာကို ကောင်းကောင်းသဘောပေါက်ကြမှာပါ။
ညဦးပိုင်းမှာ စဂ်ျဒဟ်ချလိုက် ကိယာမ်ရပ်လိုက်နှင့် ဝတ်ပြုနေရင်း နောက်တမလွန် အာခိရသ်ကို ကြောက်ရွံ့နေရင်း အလ္လာဟ်အရှင်မြတ်ရဲ့ ကရုဏာတော်ကိုလည်း မျှော်လင့်နေတဲ့သူဟာ
မွတ်ရှ်ရစ်က်နှင့်တူပါ့မလား၊ အို နဗီတမန်တော်...အသိအလိမ္မာ ဥာဏ်ပညာရှိတဲ့လူနဲ့ အသိအလိမ္မာ ဥာဏ်ပညာမရှိတဲ့လူနဲ့တူပါ့မလား၊ တကယ်တော့ ဥာဏ်ရှိ၊အသိတရားရှိတဲ့သူတွေကသာ တရားယူကြမည်လို့
ပြောကြားလိုက်ပါလို့ ကုရ်အာန်ကျမ်းတော်မြတ်မှာ သတိပေးတော်မူထားတာကို တင်ပြရင်း
ဒီကနေ့ခွသ်ဗါကို နိဂုံးချုပ်လိုက်ပါတယ်။..............


မှတ်ချက်....ခွသ်တဗါသွလ်အဟ်ကားမ်ကျမ်း၊..
ဟကီမွလ် အွမ္မသ် ဟဇရသ် မော်လာနာ အရှ်ရဖ် အလီထာနဝီ...


ဟဇရသ် အဗူဟုရိုင်ရဟ်(ရဒွိယလ်လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။ ဒွန္နယာလောကသည်
မုအ်မင်န်များအဖို့ အကျဉ်းထောင်များသဖွယ်ဖြစ်၍ ကာဖစ်ရ်ငြင်းပယ်သူများအဖို့မူ ဂျန္နသ်သုခဘုံသဖွယ်ဖြစ်ပေသည်။   ( မွတ်စ်လင်မ်ကျမ်း )

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...