Showing posts with label ဇကားသ်ပေးထိုက်သူ မပေးထိုက်သူများ. Show all posts
Showing posts with label ဇကားသ်ပေးထိုက်သူ မပေးထိုက်သူများ. Show all posts

Sunday, July 31, 2011

ဇကားသ်ပေးထိုက်သူ မပေးထိုက်သူများ

ဇကားသ် ထိုက်သော ဥစ္စာပစ္စည်း(၃)မျိုးရှိပါသည်။
၁။ ရွှေ-ငွေ
၂။ ရောင်းဝယ်ဖောက်ကားသော ဥစ္စာပစ္စည်း။
၃။ အိမ်တွင်းမွေးမြူထားသော ကျွဲ-နွား-သိုး-ဆိတ် တိရစ္ဆာန်များ။

ဇကားသ်ပေးထိုက်သော ပုဂ္ဂိုလ် (၇)ဦးရှိသည်။
၁။ ညီအကိုမောင်နှမများ
၂။ တူ-တူမများ
၃။ ဦးလေး-ဦးကြီးများ
၎။ အရီးလေး-အရီးကြီးများ
၅။ မိထွေး-ဖထွေးများ
၆။ မိထွေး-ဖထွေး၏မိဘများ
၇။ ယောက္ခထီး-ယောက္ခမများ

ဇကားသ် မပေးပိုင်သော ပုဂ္ဂိုလ်(၈)ဦးရှိသည်။
၁။ မိဘ။
၂။ အဘိုးအဘွားများ
၃။ သား-သမီးများ
၎။ မြေ-မြစ်များ
၅။ မိမိ၏ဇနီးမိန်းမများ
၆။ မိမိ၏ခင်ပွန်းသည် လင်ယောက်က်ျား
၇။ စိုင်ယာဒ် အမျိုးအနွယ်
၈။ ဟာရှီမီအမျိုးနွယ်တို့ဖြစ်သည်၊( ဟာရှီမီဆိုသည်မှာ )


၁၊ ဟဇရသ်ဟာရစ်ဗင်န်အဗ္ဗဒွလ် မွတ်တွလစ်ဗ်သခင
၂၊ ဟဇရသ်ဂျအ်ဖရ်သခင်
၃၊ ဟဇရသ်အုကိုင်လ်သခင်
၎၊ ဟဇရသ်အဗ္ဗားစ်သခင်
၅၊ ဟဇရသ်အလီသခင်တို့မှ ဆင်းသက်လာသူများကို ဟာရှီမီ အမျိုးနွယ်ဟုခေါ်ဆိုပါသည်။

စာအုပ် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်




( မတ်စ်အလဟ် ပြဿနာ )
ဥစ္စာကြေးငွေရှိသမျှ၏ အပုံလေးဆယ်ပုံ တစ်ပုံကို ဇကာတ်ပေးရန် ဝါဂျစ်ဗ်ဖြစ်၏၊
ဥပမာ-ငွေ(၁၀၀)လျှင်(၂)ကျပ်(၅၀)ပြားပေရမည်။
(မစ်ရှ်ကာတ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၅၉ )

ဇကာသ်ငွေကို သူဆင်းရဲ တစ်ဦးတစ်ယောက်သို့ ပေးသောအခါ မိမိစိတ်တွင်းမှ ငါသည် ဇကာသ်ငွေကို
ပေးသည်ဟု ရည်စူးလိုက်ရမည်၊ ထိုကဲ့သို့ မရည်စူးဘဲ ပေးလိုက်လျှင် ဇကာသ်အတည်မဖြစ်ချေ၊
နောက်ကို ထပ်ပေးရချိမ့်ဦးမည်၊ ထိုမရည်စူးဘဲဖြင့်ပေးလိုက်သောငွေများအကျိုးမှာ တစ်ခြားသီးသန့်
အကျိုးရလိမ့်မည်ဖြစ်၏။
(ဒွန်ရေ့မွခ်တာရ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၃၀)

တစ်ဦးတစ်ယောက်သော သူ/မ၌ အိမ်လေး ငါးဆယ်လုံးရှိ၍ ၎င်းအိမ်များကို အငှားချထား၏
ထိုအခါ ၎င်းအိမ်များသည် မည်မျှပင်တန်ဘိုးရှိသော်လည်း ဇကာသ်ပေးရန် ဝါဂျစ်ဗ်မဟုတ်ပေ၊
အခနှင့် ငှားရမ်းနေသော ဥစ္စာပစ္စည်းများအပါ်၌ ဇကာသ် ဝါဂျစ်ဗ်မဟုတ်ပေ။
(ခါနေယဟ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၁၇)

  အကြင်သူ/မ၏ထံ၌ ငွေ ၂၅-တိုလာခွဲ(မြန်မာအလေးချိန် ကျပ်လေးဆယ်) အင်္ဂလိပ်ကျပ်
သုံးဒင်္ဂါး အားဖြင့် ၅၄ိ-၁၃-ပဲ ၃-ရွေးသော်လည်းကောင်း ရွေ-တိုလာခွဲ
(မြန်မာအလေးချိန် ၅ိ-၁၀-ပဲသား)ရှိလျှင်သော်လည်းကောင်း သို့မဟုတ် ထိုမျှခန့်နှင့်ပင် တန်ဘိုးရှိသော
ရောင်းဝယ်ဖေါက်ကားသည့် ပစ္စည်းရှိခဲ့သော် ထိုသူ/မကို ရှရီအတ် တရားတော်က ပစ္စည်းရှိသောသူဟု
ခေါ်လေသည် ဤသို့သော သူ/မကို ဇကာသ်ငွေပေးလှူခြင်းမပိုင် ၎င်းကလည် ဇကာသ်ငွေကိုယူခြင်း
စားခြင်းလည်း(ဟလာလ်)မဟုတ်ချေ။ ထိုနည်းပင် အကြင်သူ/မ၌ ထိုတန်းခန့်မျှသောပစ္စည်းသည်
ရောင်းဝယ်သောပစ္စည်းတော့ မဟုတ် သို့ရာတွင် မိမိသုံးစွဲရန်ထက် ပိုမိုနေသော် ထိုသူ/မသည်လည်း
ပစ္စည်းရှိသော သူပင်ဖြစ်လေသည်၊ ဤသို့သော သူကိုလည် ဇကာသ်ငွေကို ပေးခြင်းမပိုင် အကယ်၍
ထိုကဲ့သို့ပစ္စည်းရှိသောသူသည် ဇကာသ်မစားထိုက်သော်လည်း ၎င်းသူအပေါ်၌ ဇကာသ်ပေးရန်လည်
ဝါဂျစ်ဗ်မဟုတ်ချေ။ (ဒွန်ရေ့မွခ်တာရ်ကျမ်းအတွဲ-၁-စမျက်နှာ-၁၄၁ )

စာအုပ်...........ဘဟစ်ရှ်တီဇေဝရ်ကျမ်း
ပြုစုသူ.............အလ်ဟာဂ်ျ မော်လာနာ မုဟမ္မဒ် မူစာ (မဇွာဟေရီ)

ခင်မင်စွာဖြင့်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...