Showing posts with label ရိုဇာဟ်ရဲ့ အရေးကြီးသောအချက်များ. Show all posts
Showing posts with label ရိုဇာဟ်ရဲ့ အရေးကြီးသောအချက်များ. Show all posts

Monday, July 25, 2011

ရိုဇာဟ်ရဲ့ အရေးကြီးသောအချက်များ

တစ်နှစ်တာကာလအတွင်း ရိုဇာဟ်ဟရာမ်ဖြစ်စေသောရက် ( ၅ )ရက်ရှိသည်။
၁။ အီဒွလ်ဖစ်သစ်ရ်(ခေါ်)ဝါကျွတ်အီးဒ်နေ့
၂။ ဇိလ်ဟဂ်ျလ(၁၀)ရက်(အီဒွလ်အသ်ွဟာ-ကုရ်ဗာနီအီးဒ်
၃။ ဇိလ်ဟဂ်ျလ(၁၁)ရက်
၎။ ဇိလ်ဟဂ်ျလ(၁၂)ရက်
၅။ ဇိလ်ဟဂ်ျလ(၁၃)ရက် စသည်တို့ဖြစ်သည်။
မှတ်ချက်။ ။ ဇိလ်ဟဂ်ျလ(၉)ရက်နေ့ ဖဂျရ်နမားဇ်မှစ၍ ဇိလ်ဟဂ်ျလ(၁၃)ရက်နေ့ အစွာရ်နမားဇ်အထိ ဖရားဇ် နမားဇ်ပြီးတိုင်း
( အမျိုးသားများအတွက်)အသံထွက်၍ အမျိုးသမီးများအတွက် အသံတိတ် သက္ကဗီးရ် တစ်ကြိမ်ဆိုခြင်း ဝါဂျိဘ် ဖြစ်သည်။

ရိုဇာဟ်ပျက်၍ ကသွာ ထိုက်သော အရာ (၁၃)ခုရှိပါသည်။
၁။ အတင်းအဓမ္မ စားခိုင်းသဖြင့် စားမိခြင်း၊
၂။ လည်ချောင်းအတွင်းသို့ မတော်တဆ ရေဝင်သွားခြင်း၊
၃။ ပျို့အံသော အစာကို မျိုချခြင်း၊
၎။ ပါးစပ်အပြည့်အံခြင်း၊
၅။ ညမှစားပြီး အစာ သွားကြားမှထွက်လာ၍ (ကုလားပဲစေ့ခန့်မျှ)မျိုချခြင်း၊
၆။ အစားစာ မဟုတ်သောအရာကို မျိုချခြင်း၊
၇။ ပါးစပ်အပြင်မှ ကုလားပဲခြမ်းထက် သေးငယ်သောအစာစားခြင်း။
၈။ နားတွင်ဆီထည့်ခြင်း၊
၉။ နှာရှူခြင်း၊
၁၀။ သွားမှသွေးကိုမျိုချခြင်း၊
၁၁။ မေ့၍စားမိပြီး ရှိဇာဟ်ပျက်ပြီအထင်နှင့် ထပ်၍စားခြင်း၊
၁၂။ မိုးမလင်းသေးဟုထင်ပြီး စဲဟ်ရီစားခြင်း၊
၁၃။ နဖိလ်ရိုဇဟ်များ ဖျက်ခြင်းတို့ ဖြစ်ပါသည်။

ရှိဇဟ်မပျက်သောအချက် (၁၁)ချက်ရှိပါသည်။
၁။ ဆေးထိုးခြင်း။
၂။ ဂလူးကိုစ် သွင်းခြင်း၊
၃။ အကြောဆေးထိုးခြင်း၊
၎။ သွေးသွင်းခြင်း၊
၅။ မျက်စဉ်းခပ်ခြင်း၊
မှတ်ချတ်။ ။ဤအချက်(၅)ချက်သည် အရေးကြီးလိုအပ်မှသာပြုလုပ်နိုင်၏။
၆။ ရောဂါပြင်းထန်လွန်း၍ ပါးစပ်ထဲ ဆေးထည့်ခြင်း၊
၇။ သွားနှုတ်ခြင်း၊
၈။ မေ့၍ စားသောက်ခြင်း၊
၉။ အိပ်ပျော်နေစဉ် သုတ်ရည်ထွက်သွားခြင်း၊
၁၀။ အမွှေးအကြိုင်ရှူခြင်း၊
၁၁။ လည်ချောင်းအတွင်းသို့ မီးခိုး၊ ယင်၊ ခြင်၊ ဝင်သွားခြင်းတို့ဖြစ်ပါသည်။


ရိုဇာဟ်ပျက်၍ ကသွာ နှင့် ကဖွာရဟ် ထိုက်သောအရာ (၃)မျိုးရှိပါသည်။
၁။ တမင် သိလျက်နှင့် စားသောက်ခြင်း၊
၂။ တမင် သိလျက်နှင့် ဆေးသောက်ခြင်း၊
၃။ ရှေ့လမ်းမှဖြစ်စေ၊ နောက်လမ်းမှဖြစ်စေ သံဝါသပြုခြင်း စသည်တို့ဖြစ်ပါသည်။


ကဖွာရဟ် ပြုလုပ်နည်း (၃)မျိုးရှိပါသည်။
၁။ ကျွန်ကို သူကောင်းပြုခြင်း၊
၂။ မရှိဆင်းရဲသား (၆၀)ယောက်ကို ညမနက် ထမင်းအဝကျွေးခြင်း၊
၃။ (၂)လတိတိ ရက်မခြားဘဲ ရိုဇာဟ်စောင့်ထိန်းခြင်းတို့ဖြစ်ပါသည်။




မှတ်ချက် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်

 
သာသနာ့ အသိတရားပြန့်ပွားစေရန် အဆင့်ဆင့်မျှယူမျှဝေဖြန့်ချိခြင်းဖြင့် ကုသိုလ်ရယူကြပါ။
ခင်မင်စွာဖြင့်.....

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...