Showing posts with label “ နမာဇ်နှင့်ပတ်သက်သည့်ဟဒီးဆ်တော်လေးဆယ် ”. Show all posts
Showing posts with label “ နမာဇ်နှင့်ပတ်သက်သည့်ဟဒီးဆ်တော်လေးဆယ် ”. Show all posts

Wednesday, May 23, 2012

“ နမာဇ်နှင့်ပတ်သက်သည့်ဟဒီးဆ်တော်လေးဆယ် ”

 (၁)    အလ္လာအရှင်မြတ်ကကျွန်ုပ်တို့ ၏အွမ္မသ်သားများအပေါ်ပဌမဦးစွာနမားဇ်ကိုဖရာ့ဇ်မပြုမနေရဟုသတ်မှတ်တော်မူသည်။ကိယာ
မသ်ကမ္ဘာ့တရားခွင်၌အားလုံးထက်အလျင်နမားဇ်ကိုစစ်ကျောတော်မူမည်။ (၂) နမားဇ်နှင့်ပတ်သက်၍အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့
ကုန်။နမားဇ်နှင့်ပတ်သက်၍အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့ ကုန်။နမားဇ်နှင့်ပတ်သက်၍အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့ ကြကုန်။ (၃)
အီမာန်နှင့်ရှိရ်က်၏အကြားအလည်တွင်နမာဇ်ပင်ခြားနားခြင်းရှိသည်။ (၄)အိစ်လာမ်၏နိမိတ်လက္ခဏာသည်နမာဇ်ပင်ဖြစ်သည်။အကြင်သူ
သည်စိတ်ကြည်လင်စွာဖြင့်အချိတ်နှင့်မုစ်သဟဗ်များပါမကျန်ကရုတစိုက်ဝတ်ပြုလျှင်ထိုသူသည်မုအ်မင်န်အစစ်ဖြစ်သည်။ (၅) အလ္လာဟ်
အရှင်မြတ်သည်အီမာန်နှင့်နမာဇ်ထက်သာမြတ်သောအရာကိုသတ်မှတ်တော်မမူပေ။အကယ်၍ထိုအရာထက်သာမြတ်သည်ကိုသတ်မှတ်
တော်မူလျှင်ဖရိရှ်သဟ်များအားအမိန့် ပေးပေအံ့။ကောင်းကင်တမန်အချို့ သည်ရုကူအ်ဦးညွတ်လျက်ရှိကြသည်။အချို့ သည်စဂ်ျဒဟ်ဦးချ
လျက်ရှိကြသည်။ (၆) နမာဇ်ဝတ်ပြုခြင်းသည်ဒီးန်သာသနာတော်၏တိုင်များပင်ဖြစ်လေသည်။ (၇) နမာဇ်သည်ရှိုင်သွာန်မိစ္ဆာ၏မျက်နှာကို
မဲအောင်ပြုပေသည်။ (၈) နမာဇ်သည်မုအ်မင်န်များ၏အလင်းရောင်ဖြစ်သည်။ (၉) နမာဇ်ဝတ်ပြုခြင်းသည်အမြတ်ဆုံးသော“ ဂျိဟာဒ်” ဖြစ်
ဖြစ်သည်။ (၁၀) အကြင်သူသည်နမာဇ်ဝတ်ပြုနေလျှင်အလ္လာဟ်အရှင်မြတ်သည်၎င်းအားကရုပြုတော်မူသည်။နမာဇ်ဝတ်ပြုပြီးသော်ကရု
ပြုတော်မမူ။ (၁၁) မိုးပေါ်မှဘေးဒုက္ခတစ်ခုခုကျလာလျှင်၎င်းဒုက္ခပေးမည့်ဗလာသည်ဗလီဝတ်ကျောင်းတော်အားစည်ကားအောင်ဝတ်ပြု
သူများမှကျော်လွန်သွားပေသည်။ (၁၂)အကယ်၍လူသားသည်အပြစ်တစ်ခုခုကြောင့်ဂျဟန္နံမ်ငရဲဘုံသို့ ကျလျှင်ငရဲဘုံ၏မီးသည်စဂ်ျဒဟ်
ပြုသောနဖူးတွင်လောင်ကျွမ်းခြင်းမရှိပေ။ (၁၃) အလ္လာဟ်အရှင်မြတ်သည်စဂ်ျဒဟ်ပြုသောနေရာကိုမီးအားဟရာမ်ပြုထားပေသည်။ (၁၄)
အလ္လာဟ်အရှင်မြတ်အနှစ်သက်ဆုံးအမလ်သည်နမာဇ်ကိုအချိန်နှင့်ဝတ်ပြုခြင်းပင်ဖြစ်သည်။ (၁၅) အလ္လာဟ်အရှင်မြတ်နှစ်သက်ပျော်ရွှင်
ခြင်းသည်ကားလူတို့ စဂ်ျဒဟ်ဦးချသောအခါပင်ဖြစ်သည်။ (၁၆) အလ္လာဟ်အရှင်မြတ်နှင့်လူသားတို့ နီးကပ်စေခြင်းသည်“စဂ်ျဒဟ်” ဦးချ
ခြင်းပင်ဖြစ်သည်။ (၁၇) နမာဇ်သည်ဂျန္နသ်ဥယျာဉ်ဘုံနန်းတော်၏သော့တံပဖြစ်သည်။ (၁၈) လူသားသည်နမာဇ်ဝတ်ပြုရန်ရပ်မူ ဂျန္နသ်
ဥယျာဉ်ဘုံနန်း၏တံခါးသည်ပွင့်သွားပေသည်။နမာဇ်၌မွေ့ လျော်နေသမျှကာလပတ်လုံးအလ္လာဟ်အရှင်မြတ်နှင့်လူသားအကြားတွင်အကာ
အစီးမရှိတော့ပေ။ (၁၉) နမာဇ်ဝတ်ပြုခြင်းသည်အလ္လာဟ်အရှင်၏တံခါးတော်ကိုခေါက်သည်နှင့်တူသည်။တံခါးကိုခေါက်နေလျှင်တစ်ကြိမ်
မဟုတ်တစ်ကြိမ်တံခါးပွင့်မည်ပင်ဖြစ်သည်။ (၂၀) လူ့ တစ်ကိုယ်လုံးတွင်ဦးခေါင်းပါရန်အရေးကြီးသကဲ့သို့ “ဒီးန်”သာသနာတော်တွင်နမာဇ်
ဝတ်ပြုခြင်းသည်အရေးကြီးပေသည်။ (၂၁) နမာဇ်သည်စိတ်၏လင်းဝင်းခြင်းဖြစ်သည်။အကြင်သူစိတ်လင်းဝင်ရန်အလိုရှိလျှင်နမာဇ်ဝတ်
ပြုကုန်။ (၂၂) အကြင်သူသည်ကောင်းမွန်ကျနစွာဝိုဇူရေသန့် စင်၍စိတ်ပါဝင်စားကာနမာဇ်နှစ်ရကအသ် သို့ မဟုတ်လေးရကအသ်၊ဖရာဇ်
ဖြစ်စေ၊နဖ်လ်ဖြစ်စေဝတ်ပြုပြီးအလ္လာဟ်အရှင်မြတ်ထံမိမိကျူးလွန်မိသောဂိုနာဟ်အကုသိုလ်ဒုစရိုက်များကိုချမ်းသာပေးရန်တောင်းဆိုလျှင်
အလ္လာဟ်အရှင်မြတ်ကချမ်းသာပေးတော်မူပေမည်။ (၂၃) အကြင်မြေကြီးပေါ်၌နမာဇ်ဝတ်ပြု၍အလ္လာဟ်အရှင်မြတ်အားတသကြလျှင်၊ထို
မြေကြီးသည်အခြးသောမြေကြီးများအပေါ်ဂုဏ်ယူလေသည်။ (၂၄) အကြင်သူနမာဇ်နှစ်ရကအသ်ဝတ်ပြု၍လိုအင်ဆန္ဒရှိသောအရာတစ်ခု
ခုကိုတောင်းဆိုလျှင်အလ္လာဟ်အရှင်မြတ်သည်လက္ခံတော်မူသည်။ ချက်ချင်းသော်၎င်းဆိုင်းတွ၍သော်၎င်းပေးမည်ပင်ဖြစ်သည်။ (၂၅) အ
ကြင်သူသည်အလ္လာဟ်အရှင်မြတ်နှင့်ဖရိရှ်သဟ်များမှအပအခြားသူမျာမမြင်အောင်တစ်ကိုယ်တည်းနမာဇ်နှစ်ရကအသ်ဝတ်ပြုလျှင်ထိုသူ
သည်ဂှဟန္နံမ်ငရဲဘုံမှလွတ်ကင်းပြီးဟူသောလက်မှတ်ရပေသည်။ (၂၆) အကြင်သူသည်ဖရာဇ်နမာဇ်တစ်ကြိမ်ဝတ်ပြုလျှင်အလ္လာဟ်အရှင်
မြတ်ကဆုဒိုအာတစ်ခုကဗူလ်ပြုလက္ခံတော်မူသည်။ (၂၇) အကြင်သူသည်နမာဇ်ငါးကြိမ်ကိုကရုစိုက်လျှင်၊ဝိုဇူရေသန့် စင်ခြင်း၊ရုကူအ်ဦး
ညွတ်ခြင်း၊စဂ်ျဒဟ်ဦးချခြင်းတို့ ကိုသေချကျနစွာဖြင့်ဝတ်ပြုလျှင်ဂျန္နသ်ဥယျာဉ်ဘုံနန်းကို၎င်း၊သူအသေအချရပေတော့မည်။ဂျဟန္နံမ်ငရဲဘုံ
သည်ထိုသူ့ အတွက်ဟရာမ်ဖြစ်သွားပေသည်။ (၂၈) လူသားသည်နမာဇ်ငါးကြိမ်ကိုဝတ်ပြုနေလျှင်ရှိုင်သွာန်မိစ္ဆာသည်ထာဝရညူသားအား
ကြောက်ရွံ့ ပေသည်။လူသားသည်နမာဇ်ဝတ်ပြုရာ၌ပေါ့လျှော့မှုခြင်းများပြုလျှင်ရှိုက်သွာန်မိစ္ဆာသည်၎င်းလူသားအားလမ်းမှားသို့ ရောက်
အောင်အားကျိုးမာန်တက်လှုံ့ ဆော်လေသည်။ (၂၉) အားလုံးထက်အကောင်းအမြတ်ဆုံးသောအမလ်ကျင့်ဝတ်သည်နမာဇ်ကိုပဌမအချိန်
၌ဝတ်ပြုခြင်းပင်ဖြစ်လေသည်။ (၃၀) နမာဇ်သည်ရှောင်ကြဉ်သူဟူသမျှ၏စွမ်းရည်ပင်ဖြစ်သည်။ (၃၁) အလ္လာဟ်အရှင်မြတ်ထံတော်တွင်
အားလုံးထက်အနှစ်သက်ဆုံးသောအရာသည်နမာဇ်ကိုပဌမအချိန်၌ဝတ်ပြုခြင်းပင်ဖြစ်သည်။ (၃၂) အကြင်သူနံနက်၌နမာဇ်ဝတ်ပြုရန်
သွားလျှင်ထိုသူ၏လက်၌(အီမာန်)ယုံကြည်ချက်၏အလံရှိသည်။အကြင်သူဈေးသို့ သွားလျှင်ထိုသူ၏လက်၌ရှိုက်သွာန်မိစ္ဆာ၏အလံရှိ၏။
(၃၃) ဇုဟ်ရ်နမာဇ်အလျှင်စွန္နသ်လေးရကအသ်၏အကျိုးစဝါးဗ်သည်သဟဂ်ျဂျွဒ်၏လေးရကအသ်အကျိုးစဝါးဗ်ကဲ့သို့ ဖြစ်သည်။ (၃၄)
ဇုဟ်ရ်နမာဇ်အလျှင်စွန္နသ်လေးရကအသ်ဝတ်ပြုခြင်းသည်သဟဂ်ျဂျွဒ်လေးရကအသ်အကျိုးစဝါးဗ်နှင့်ညီမျှသည်။ (၃၅) အကြင်သူနမာဇ်
ဝတ်ပြုရန်ရပ်လျှင်အလ္လာဟ်အရှင်မြတ်၏ရဟ်မသ်တော်သည်ထိုသူ့ ဘက်သို့ လှည့်တော်မူပေသည်။ (၃၆) အမြတ်ဆုံးသောနမာဇ်သည်
ညဥ့်ဝက်တွင်ဝတ်ပြုခြင်းဖြစ်သည်။ထိုသို့ ညဥ့်ဝတ်ပြုသူအလွန်နည်းပေသည်။ (၃ရ) ကျွန်ုပ်ထံသို့ ဂျိဗ်ရာအီးလ်ကောင်းကင်တမန်ရောက်
လာ၍ပြောသည်မှာ အို မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လံမ်)ယခုကိုယ်တော်အသက်ရှင်နေလင့်ကစားသေဆုံးရမည်မှာအမှန်ပင်ဖြစ်
သည်။မည်သူ့ ကိုချစ်ခင်စုံမက်နေပါမူတနေ့ မဟုတ်တစ်နေ့ ၎င်းချစ်သူနှင့်ခွဲခွာရမည်ပင်ဖြစ်သည်။ကိုယ်တော်မည်သို့ အမလ်အကောင်း
အဆိုးပြုစေကာမူ၊ထိုအရာ၏အစားရပေမည်။မုအ်မင်န်၏ဂုဏ်အင်္ဂါသည်သဟဂ်ျဂျွဒ်နမာဇ်ဝတ်ပြုခြင်းပင်ဖြစ်သည်။မုအ်မင်န်၏ဂုဏ်သိက္ခာ
သည်လူတို့ မှတောင်းတခြင်းကင်းသူဖြစ်သည်။ (၃၈) ညဥ့်၏အဆုံးပိုင်းတွင်ဝတ်ပြုသောအကျိုးစဝါးဗ်သည်တစ်လောကလုံးထက်ပိုပေ
သည်။အကယ်၍ကျွန်ုပ်သည်ကျွန်ုပ်၏အွမ္မသ်သားများဒုက္ခရောက်မည်ကိုမစိုးရိမ်ခဲ့လျှင်ဖရာဇ်ပြုချင်စိတ်ရှိပေသည်။ (၃၉) သဟဂ်ျဂျွဒ်
ဖတ်ကြကုန်၊သဟဂ်ျဂျွဒ်သည်သူတော်စဉ်များ၏ဓလေ့တော်ဖြစ်သည်။၎င်းနောက်အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်စေသောလက္ခဏာတစ်
ရပ်ဖြစ်သည်။ထိုသို့ သဟဂ်ျဂျွဒ်ဖတ်ခြင်းဖြင့်ကိုယ်ကာယလည်းကျန်းမာသန်စွမ်းပေသည်။ (၄၀) အလ္လာဟ်အရှင်မြတ်မိန့် တော်မူသည်မှာ၊
အိုး အာဒံမ်၏သားမြေးများ၊ သင်တို့ နေ့ ၏အစမှာနမာဇ်လေးရအကသ်ဝတ်ပြုရန်မပြင်းရိကြလေနှင့်၊ငါအရှင်သည်တစ်နေ့ လုံးသင်တို့ ၏
အလုပ်အကိုင်များကိုလွယ်ကူအောင်ပြုပေးတော်မူမည်။              (ဖဇာဧလေ နမာဇ်ကျမ်းမှ ဟဒီးဆ်တော်များဖြစ်ပြီးအောင်ဇမ္ဗူပုံနှိပ်
တိုက် အမှတ်-၂၀၄၊ ၃၉-လမ်း ရန်ကုန်မြို့ မှလွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်သုံးဆယ်ခန့် ကထုတ်ဝေခဲ့သည်အားပြန်လည်ကူးယူ
မျှဝေလိုက်ရခြင်းပင်ဖြစ်သည်။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...