Thursday, August 09, 2012

လိုက်လသွလ်ကဒ်ရ်

 


ကဒ်ရ်၏အဓိပ္ပာယ် ကြီးကျယ်ခြင်း ၊ ထူးကဲမြင့်မြတ်ခြင်း

အချိန်နှင့်နေရာတို့၏ဗီဇသဘောမှာမြင့်မြတ်ခြင်းဟူ၍မရှိပေး။ ထိုအချိန်နှင့်နေရာတို့တွင်ဖြစ်ပေါ်သော မြင့်မြတ်သည့်အကြောင်းအရာများကြောင့်သာထူးကဲမြင့်မြတ်  သွားကြပေသည်။

ကဒ်ရ်ညဥ့်၏မြင့်မြတ်ရခြင်းအကြောင်းအရင်းခံများ

၁။ ။ ကုရ်အာန်းချပေးခြင်းခံရသောည
(انا انزلنه فى ليلة القدر)
အလ္လာဟ်အရှင်မြတ်သည်ကုရ်အာန်ကျမ်းတော်မြတ်ကို ရမသွာန်လမြတ် ကဒရ်ညဥ့်၌ လောင်ဟေ့မဟ်ဖူးဇ်မှ ဤကမ္ဘာ၏မိုးကောင်းကင်သို့ စတင်ချမှတ်ပေးတော်မူခဲ့သည်။ထိုညမှစတင်၍တမန်တော်မြတ်ထံသို့ လိုအပ်သလို ချပေးတော်မူခဲ့သည်။
ကုရ်အာန်ထက်မြင့်မြတ်ရာဟူ၍ မရှိ အရှင်မြတ်သည် အနှိုင်းမဲ့အရှင်ဖြစ်သဖြင့် ကျမ်တော်မြတ်ကုရ်အာန်သည်လည်းအနှိုင်းမဲ့ဖြစ်ပေသည်။
ကုရ်အာန်၏(قدر) မြင့်မြတ်မှုကြောင့် ဤညဥ့်သည်မြင့်မြတ်ခဲ့ပေသည်။


၂။ လိုင်လသွလ်ကဒ်ရ်ဟု အရှင်မြတ်ကိုယ်တော်တိုင်အမည်ပေး ခေါ်တွင်စေပြီး အမေးဝါကျပြုထားခြင်း ။
(وماأدراك ماليلة القدر)
       လိုင်လသွလ်ကဒ်ရ်ဟု အရှင်မြတ်ကိုယ်တော်တိုင်အမည်ပေး ခေါ်တွင်စေပြီး အမေးဝါကျပြုထားခြင်းမှာ ထိုည၏  မြတ်ထွဋ်မှုကို  ထင်ရှားစေရန်အတွက်ဖြစ်ပေသည်။


၃။ ကဒ်ရ်ညမြတ်တစ်ညတာအေဗာဒသ်ပြုခြင်း၏(قدر)မြင့်မြတ်မှု
(ليلة القدر خير من ألف شهر)
ကဒ်ရ်ညဥ့်မြတ် တစ်ညတာအေဗာဒသ်ပြုခြင်းသည် အခြားသော လပေါင်း တစ်ထောင့် ( ၈၃)နှစ်
အေဗာဒသ်ပြုခြင်းထက်သာမြတ်ပေသည်။
ဤ ညဥ့်သည် ဘ၀သက်တန်း၏ အခွင့်ကောင်းတစ်ခုဖြစ်ပေသည်။   မိမိဘ၀သက်တန်း၌ လက်လွတ်ဆုံးရှုံးခဲ့ရသော အရာများကို ထိုည၌ ပြန်လည်ရရှိနိုင်ပေသည်။ ဤညဥ့်သည်ကား  မိမိရရှိသောသက်တန်းအပြင်   သီးခြားချီးမြှင့်ပေးခြင်း ခံရသောသက်တန်း တစ်ခုပမာဖြစ်ပေသည်။ ဤညဥ့်သည် လူသားတစ်ဦး၏ ရရှိသောသက်တန်းတစ်ခုပမာ အရေးပါကြီးကျယ်လှပေသည်။ တစ်ညတာဖြင့် ဘ၀သက်တန်းတစ်ခုစာကောင်းမှုပြုခြင်း အဖြစ်ရေးမှတ်ပေးခြင်းခံရပေသည်။


၎။ကောင်းကင်တမန်တော်ဂျစ်ဗ်ရာအီလ်နှင့် ဖရစ်ရှ်သာများဆင်းသက်ခြင်း၏ (قدر)မြင့်မြတ်မှု
(تنزل الملائكة والروح )
ကဒ်ရ်ညဥ့်မြတ်၌ ကောင်းကင်တမန်တော်ဂျစ်ဗ်ရာအီလ်သည် ဖရှစ်သာများခြံရံလျှက်ဆင်းသက်လာပြီး
အေဗာဒသ်ပြုသူများအတွက် အန္တရယ်ကင်းရန် ဆုပန်ပေးကြသည်။ ကောင်းကင်တမန်တော်များ၏
(قدر) သည် ကြီးကျယ်မြင့်မြတ်လှပေသည်။ အရှင်မြတ်၏ အမိန့်ကို အမြဲထာဝရနာခံလျှက်ရှိကြပေသည်


၅။ ကဒ်ရ်ညဥ့်၌ ကျရောက်လာမည် စလာမသ်၏ (قدر) မြင့်မြတ်မှု
(سلام هي حتى مطلع الفجر )
ကဒ်ရ်နေ့တွင် နေ၀င်ချိန်မှ စ၍နံနက်ချိန်ထိတစ်ညတာလုံး ကောင်းချီးမင်္ဂလာအဖြာဖြာကျရောက်ပေမည်။


၆။ အလ္လာဟ်အရှင်မြတ်သည် ဤညဥ့်၏ မြင့်မြတ်မှုများကို စူရဟ်တစ်ပုဒ်အဖြစ် ချပေးတော်မူပြီး  ကေယာမသ်နေ့တိုင် ရွတ်ဖတ်စေခြင်း၏( قدر) ကြီးကျယ်မှုများကြောင့် ဤညဥ့်သည် မြင့်မြတ်
သွားပေသည်။
မြင့်မြတ်သောအချိန်နှင့်နေရာကိုဖြတ်သန်းခဲ့ပြီး မြင့်မြတ်စေသည့်အကြာင်းအရာများကို ရယူခဲ့လျှင် ထိုလူသားသည် ယင်းအချိန်နှင့်နေရာထက်သာလွန်မြင့်မြတ်သွားပေမည်။
လူသားသည်ဗီဇသဘောအရမြင့်မြတ်ပြီးဖြစ်ပေသည်။ ထိုလူသား၏ ( قدر) မြင့်မြတ်မှုများကို အမိန့် ဖီဆန်ခြင်းဖြင့် အသေးအသိမ်မပြုသင့်ပေ။လူသားသည်ဖန်ဆင်းခံများ၌ အရွေးချယ်ခံ အကောင်းဆုံးဖန်ဆင်ခံ
ဖြစ်ပေသည်။အပြစ်ရှောင်ကြင်သူ လူသားအတွက် ဂျန္နသ်ကို အသင့်ပြင်ဆင်ထားပေသည်။ယင်းဂျန္နသ်သည် အရှင်မြတ်၏အမိန့်နာခံသူတို့အတွက်ဝေစုဖြစ်ပေသည်။လောကီစည်စိမ်များသည် အရှင့်ရန်သူ အိဗ်လီးစ်၏
ဝေစုဖြစ်ပေသည်။မိမိ၏ဝေစုကို ကျော်ခိုင်း၍ အိဗ်လီးစ် ၏ဝေစုကို မက်မောမှုမပြုသင့်ပေ။
လိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်၌ မိမိ၏(قدر)မြင့်မြတ်မှုကို အလေးထားပြီးအေဗာဒသ်ပြုရန် အရေးကြီးလှပေသည်။
(အကြင်သူသည် လိုက်လသွလ်ကဒ်ရ်ညဥ့်မြတ်၌ နိုးကြား၍ယုံကြည်စွာဖြင့် စ၀ါဗ်မျှော်ကိုးမှုဖြင့် ကောင်းမှုပြုခဲ့
သူ၏အပြစ်အားလုံးပလပ်ချမ်းသာပြုပေးခြင်ခံရပေမည်ဟု မြတ်နဗီအမိန့်ရှိခဲ့သည်။)
မြတ်နဗီသည်ရမဇန်၏နောက်ဆုံး(၁၀)ရက်တွင်အခြားသောရက်များနှင့်မတူအေဗာဒသ်ပြုတော်မူ၏။
ထိုလိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်အားရရှိစေရန် နောက်ဆုံး(၁၀)ရက်၌ အေ့အ်သေ့ကာဖ် အမြဲထိုင်လေ့ ရှိတော်မူခဲ့သည်။

လိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်သတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး ပညာရှင်များ၏အဆို (၄၆)ခု၌ အသာပေးခြင်းခံရသောအဆိုမှာ  ရမ်ဇန် နောက်ဆုံး(၁၀)ရက်၏ (မ)ရက်များဖြစ်ပေသည်။
ထို(မ)ရက်များထဲမှ အသာပေးခြင်းခံရသောအဆိုမှာ ရမ်ဇန်(၂၇)ရက်ည ဖြစ်ပေသည်။

( ليلةالقدر)၏ အက္ခရာအရည်အတွက်မှာ (၉)လုံးဖြစ်ပြီး စူရာကဒ်ရ်၌ ( ليلةالقدر)ကို (၃)ကြိမ် အမိန့်ရှိထားရာ ၉x၃=၂၇ ဟုအချိန်ပညာရှင်များက ဖေါ်ပြကြပေသည်။

                                                        အကောင်းဆုံးဒိုအာ
လိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်နှင့်ပတ်သက်ပြီး သီးခြားသတ်မှတ်ထားသည့်နမာဇ်မရှိပေး။ အကောင်းဆုံးဒိုအာမှာ

                                        (အလ္လာဟွမအင်းနက အဖု့ဝန်သို့ဟိဗ်ဘွလ်အဖ်ဝ ဖွအ်ဖို့အန်နီ)

အိုအရှင် အရှင်မြတ်သည် ခွင့်လွှတ်ခြင်းကို မြတ်နိုးနှစ်သက်တော်မူပါ၏။ကျွန်တော်မျိုးတို့အားခွင့်လွှတ်တော်မူပါ။

mmolama မှ စွလာဟွဒ္ဒီးန်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

နောက်ဆုံးဆယ်ရက်အတွက် လက်ဆောင်မွန်



ပထမဆုံး ဒီပို့စ်လေးကို တင်လိုက်တာ အချိန်အနည်းငယ်နှောင့်နှေးသွားတဲ့ အတွက် တောင်းပန်စကားဆိုပရစေ။ ကျွန်တော် အစောကြီးကတည်းက ရေးဖို့လည်းလုပ်တယ်။ ရေးလည်းရေးနေတယ်။ ဒါပေမယ့် အားအင်ချိနဲ့တွေအပြည့်နဲ့ ကျွန်တော်ဟာ အချိန်မှီ တင်ဆက်နိုင်ဖို့ အခွင့်ရေးမရခဲ့ဖူး။ အလ်ဟမ်ဒုလစ်လာဟ် အခုတော့ မြင့်မြတ်လှတော်မူသော အလ္လာဟ်အရှင်မြတ်ရဲ့ ချီးမြှင့်ပေးသနားတော်မူခြင်းကြောင့် ယခုပြီးဆုံးသည်တိုင် ရေးသားခွင့်၇လိုက်ပါပြီ။ အချိန်မရတော့လို့ အနည်းငယ်သာ ရေးနိုင်တဲ့အတွက် စာဖတ်သူများအနေနဲ့ ကျွန်တော့်ကို အပြစ်မမြင်ပဲ နားလည်ပေးကြပါလို့ တောင်းပန်လိုက်ပါတယ်။

လမြတ်ရမဇန် မတိုင်ခင် ကျွန်တော်တို့တွေ လမြတ်ရမဇန်ကို ဆုံတွေ့ဖို့အတွက် ကြိုးစားမှု့များ၊ အသင့်ပြင်မှု့များ၊ မက်ဆန္ဒများစွာနဲ့ စောင့်စားနေခဲ့ကြတယ်။ ရောက်လာပြန်တော့လည်း အကျိုးထူးတွေကို ရဖို့ များစွာကြိုးစားကြတယ်။ အခုတော့ လမြတ်ရမဇန်ရဲ့ သုံးပုံနှစ်ပုံကုန်ဆုံးသွားလိုက်ပြီ။ ပြန်လည်စမ်းစစ်ကြည့်လိုက်တော့ လမြတ်ရမဇန်မတိုင်ခင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အကောင်ထည်မဖော်ဖြစ်ခဲ့၊ လှမ်းမျှော်ကြည့်ခဲ့တဲ့ ပန်းတိုင်ဟာလည်း ဝေးကွာရင်း မှုံဝါးဝါးဖြစ်ကာ ပြောက်ကွယ်လုမတတ်ပဲ။ ကြေကွဲနေတဲ့ကျွန်တော့်အတွက် အားပေးဖြေသိမ့်စရာတွေ ဝေးကွာနေသည့် အလားပဲ။ နောင်တတွေ ကြီးစွာရပြီး ရှိုက်ကြီးတငင်ငိုကြွေးနေမိရုံမှအပ ကျွန်တော်ဘာမှ မလုပ်နိုင်ခဲ့ဖူး။
သို့သော် အရှင့်အသနားတော်ကြောင့် ကျွန်တော်ဟဒီးဆ်တစ်ပုဒ်ကို သတိရမိသွားတယ်။ ဟဒီးဆ်တော်လေးက... لايلدغ المؤمن من جحر واحد مرتين မို့အ်မင်(အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်သူဟာ တွင်းတစ်တွင်း (အပေါက်တစ်ပေါက်)ကနေ နှစ်ခါအကိုက်မခံရဖူး။ ဆိုလိုတာက တစ်စုံတစ်ခုကြောင့် ကျွန်တော်နစ်နာဆုံးရှုံးခဲ့ရရင် နောက်တစ်ကြိမ်အဲ့လို ဆုံးရှုံးမှု့တွေကို မခံသင့်ဖူး။ အခု ကျွန်တော် လမြတ်ရမဇန်ရဲ့ အကျိုးကျေးဇူးတွေ၊ အနှစ်သာရတွေကို ပြည့်ပြည့်ဝဝ မရယူပဲ လောကီကောင်းစားရေး၊ သာယာရေး၊ အဖ်သာရီ၊ စဟ်ရီအတွက် စားရေးသောက်ရေးနဲ့ အီးဒ်အတွက် အလှအပ၊ အကျီအဝတ်အစား၊ အကျွေးအမွေးစတဲ့ လုပ်ငန်းများမှာပဲ ကျွန်တော်အချိန်တွေပေးရင်း ဆုံးရှုံးမှု့တွေကို ရင်ဝယ်ပိုက်နေခဲ့လိုက်တယ်။ ဒီလို ဆုံးရှုံးမှု့တွေနဲ့ ရင်ဆိုင်နေရတာကို အခု လမြတ်ရမဇန်ရဲ့ နောက်ဆုံးဆယ်ရက်မှာ ကောင်းကောင်းကြီးသိနေရတယ်။ ခံစားချက်ရှိသူတိုင်းလည်း မိမိလုပ်ရပ်ကို တွေးတောကြည့်ရင်း ရှက်မိနေမှာပါ။ ဘာပဲဖြစ်ဖြစ်ပေါ့ အခု မြတ်နဗီ(ဆွ)ရဲ့ ဟဒီးဆ်တော်လေးက ကျွန်တော်တို့ကို သတိပေးနေပြီ။ နှစ်ခါအကိုက်မခံနဲ့... မိုက်တွင်းဆက်မနက်နဲ့...!!
ကျွန်တော်တို့ လမြတ်ရမဇန်ရဲ့ နောက်ဆုံးဆယ်ရက်ကို အကောင်းဆုံးဖြစ်အောင်၊ အကျိုးထူးတွေရအောင် ပီပီပြင်ပြင် လုပ်ချင်တယ်ဆိုရင်........
ကျွန်တော်တို့အတွက် မြတ်နဗီ(ဆွ)ဟာ စံနမူနာဖြစ်တယ်။ မြတ်နဗီ(ဆွ)ရဲ့ လုပ်ရပ်တိုင်းဟာ ကျွန်တော်တို့ ဘဝအတွက် လမ်းပြမြေပုံဖြစ်တယ်။ ဒါကြောင့် ဒီနောက်ဆုံး ဆယ်ရက်မှာ မြတ်နဗီ(ဆွ) ဘယ်လိုတွေ ကျင့်ကြံနေထိုင်ခဲ့သလဲဆိုတာကိုလေ့လာရင်း လက်တွေ့ကျင့်သုံးလိုက်ကြရအောင်။ အိုအရှင် ကျွန်တော်နှင့် မွတ်စ်လင်မ်လူထုတစ်ခုလုံးအား လမြတ်ရမဇန်ရဲ့ အနှစ်သာရများကို အပြည့်အဝ ပေးသနားတော်မူပါ...။
၁။ ဟဇရသ် အာအိရှဟ် သခင်မကြီး၏ ဆင့်ပြန်ချက်အား မွတ်စ်လင်မ်ကျမ်း၌ ဤသို့ဖော်ပြထား၏။
كان رسول الله صلى الله عليه وسلم يجتهد في العشر الأواخر ما لا يجتهد في غيره ဟဒီးဆ်တော်၏ ဆိုလိုရင်းမှာ ကိုယ်တော်သခင်(ဆွ)သည် လမြတ်ရမဇန်၏ နောက်ဆုံးဆယ်ရက်တွင် အခြားရက်များထက်သာပို၍ အိဗာဒသ်ပြုတော်မူသည်။
၂။ ဟဇရသ် အာအိရှဟ် သခင်မကြီး၏ အခြားဆင့်ပြန်ချက်တစ်ခုအား မွတ်စ်လင်မ်နှင့် ဘိုခါရီကျမ်းတို့တွင် ဤသို့လည်း ဖော်ပြထားသေး၏။
كان رسول الله صلى الله عليه وسلم إذا دخل العشر أحيا الليل وأيقظ أهله وجد وشد المئزر
ဆိုလိုသည်မှာ- ကိုယ်တော်သခင်သည် လမြတ်ရမဇန်၏ နောက်ဆုံးဆယ်ရက်သို့ ရောက်သောအခါ ညတွင် နိုးကြားစွာနေတော်မူပြီး မိမိအိမ်သူအိမ်သားများအား နှိုးတော်မူခဲ့သည်။ ထို့အပြင် လွန်စာအားထုတ် တရားကျင့်တော်မူပြီး ဇနီးသည်များနှင့် ဝေးစွာနေလေ့ရှိခဲ့သည်။
၃။ ဟဇရသ် အာအိရှဟ် သခင်မကြီးနှင့် ဟဇရသ် အဗူဟိုရိုင်ရဟ် သခင်ကြီး၏ ဆင့်ပြန်ချက်တစ်ခုအား ဘိုခါရီကျမ်းတွင် ဤသို့လည်း ဖော်ပြထား၏။
كان النبي صلى الله عليه وسلم يعتكف في كل رمضان عشرة أيام فلما كان العام الذي قبض فيه اعتكف عشرين يوما ဆိုလိုသည်မှာ- ကိုယ်တော်သခင်သည် လမြတ်ရမဇန်တိုင်းတွင် ဆယ်ရက် အိသေကားဖ်ထိုင်တော်မူပြီး၊ ဝဖားသ်ဖြစ်မည့်နှစ်တွင် ရက်နှစ်ဆယ်တိုင် အိသေကားဖ်ထိုင်တော်မူခဲ့သည်။
၎။ မြတ်နဗီ(ဆွ)သည် ကဒရ်ညမြတ်အား ရှာဖွေလေ့ရှိသည်ဟု များစွာသော ဟဒီးဆ်တော်များတွင် လာရှိပေသည်။ (ထိုည၏ မွန်မြတ်မှု့များစွာအား မွတ်စ်လင်မ်တိုင်း သိရှိကြပြီးဖြစ်ပေမည်။)
အထက်ဖော်ပြပါ အချက်လေးချက်အား ကြည့်၍ ကျွန်တော်တို့အားလုံးသည်လည်း လွန်လေခဲ့သော ရက်များထက် သာပိုကြိုးစားမည်။ ကိုယ်တိုင်နိုးကြားပြီး၊ မိသားစုဝင်များအား နိုးကြားစေမည်။ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အိသေကားဖ်ထိုင်မည်။ ထို့နောက် ကဒရ်ညမြတ်အား ရှာဖွေမည်ဆိုပါက ကျွန်တော်တို့၏ အချိန်များ တန်ဖိုးရှိသွားမည်ဖြစ်သည်။ ထို့အတူ ပျောက်ကွယ်စပြုနေသော ပန်းတိုင်လေးဆီသို့ လွယ်ကူစွာ ရောက်ရှိသွားကြမည်ပင်။ ကျွန်တော်တို့အားလုံး ပြုကျင့်နိုင်ခွင့်စွမ်းအား ရနိုင်ကြပါစေ.....
وما توفيقي إلا بالله العظيم
ဘရှီးလေး

mmolama မှ ဘရှီးလေး

မေမြို့

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...