Sunday, May 26, 2013

ခုသ်ွဗဟ်အား အရ်ဗီအပြင် အခြားဘာသာဖြင့်ဖတ်ခြင်း

ကျနော် အရင် တခါတွင် စလဖီများ ဂိုးဏ်ကွဲများ၏ သွအီးဖ် ဟဒီးစ် လက်မခံခြင်းအကြောင်းကို(သွအီးဖ်ဟဒီးစ် ဆိုတိုင်းငြင်းရမှာလား ????? http://www.mmolama.com/profiles/blogs/6529452:BlogPost:14757) ရေးသားခဲ့ပေသည်။
ယခုအခါ သူတို့ ပြောလေ့ရှိကြသည့် နောက် စောတက တရပ်ကို ကျနော် တင်ပြပါမည်။
ဝန်ခံချက်။ ။ အောက်တွင် တင် ပြထားသည်မှာ ကျနော် ရေးသားထားခြင်းမဟုတ်ပါ။ ကျနော် လေ့လာသိရှိထားသော အကြောင်း အရာကို ကျနော် ၏မှတ်စုစာအုပ်မှ မွတ်စ်လင်အများစုအကျိုး ပြူစေရန် ဖော်ပြခြင်းသာဖြစ်သည်။
ကောင်စ၇် ဘာဒ်ရှာဟ်
ရှရီအသ်တရားတော်တွင် ဂျူမုအာဟ်နမာဇ်၏ ခုသ်ွဗဟ်အား အရ်ဗီဘာသာအပြင်
အခြားဘာသာစကားဖြင့် ဖတ်ခြင်း ပိုင်မပိုင်
 ခုသ်ွဗဟ်ဆိုသည်မှာ တရားဟောကြားခြင်းသာဖြစ်သည် ဟူသော အချက်မှန်ပါသလား။ အရ်ဗီနားမလည်သူများရှေ့တွင် ခုသ်ွဗဟ်ဖတ်ခြင်းမည်သို့အကျိုးထူးမည်နည်း။
ဂျူမုအာဟ်နမားဇ်နှင့် အီးဒ်နမားဇ်၏ ခုသ်ွဗဟ်အားအရ်ဗီဘာသာဖြင့်ဖတ်ခြင်း
စွန္နသ်ဖြစ်သည်။ အခြားဘာသာစကားဖြင့်ဖတ်ခြင်း သည်ဗိဒ်အသ်ဖြစ်သည်။
(ရှာဟ်ဝလီယွလ်လာ၏ မုစ်ဖာရှရ် ဟေမိုသွာကျမ်း)
(အီမာမ်ဟဆ်ွကဖီ၏ ဒုရ်ရေမုခ်သားရ်ကျမ်း)
(ဇိုဗိုင်ဒီ၏ ရှရ် ဟုလ်အဲဟ်ယားအ်ကျမ်း)

အရ်ဗီ အပြင်အခြားဘာသာစကားဖြင့်ခုသ်ွဗဟ်ဖတ်ပိုင်သည်ဟု ယူဆသူများ၏ အဓိက
အကြောင်းပြချက်မှာ "ခုသ်ွဗဟ်သည် ဆုံးမသြဝါဒတရားဟောကြားမှုပင်ဖြစ်သည်"
ဟူသောအချက်ပင်ဖြစ်သည်။သြဝါဒဟူသည်နာယူသူတို့နားလည်တတ်ကျွမ်းသောဘာသာစကားဖြစ်သင့်သည်ဟူ၍လည်းစောတကတက်ကြသည်။
ထို စောတကနှင့်ပတ်သက်၍ နှစ်ပိုင်းခွဲပြီး ဖြေကြားလိုပါသည်။

                                                           အပိုင်း (၁)
ည်ခုသ်ွဗဟ်သည် သဇ်ကိရ် တရားဟောကြားခြင်းမဟုတ်ပါ။
ကုရ်အာန်ကျမ်းမြတ်နှင့် ဟဒီးစ်တော်များတွင် ခုသ်ွဗဟ်အားဇိကိရ် (အလ္လာဟ်အရှင်မြတ်ကို သတိရတသခြင်း) ဟုသာမိန့်ဆိုထားသည်။
အလ္လာဟ်၏ ဇိကိရ် တော် (ဂျူမုအဟ်နှင့် ခွသ်ဗဟ် ) လက်သို့ အလျင်စလိုသွားကြလော့။ (ကုရ်အာန်)
ဟဒီးစ်တော် တွင် မလာအေကဟ်ကောင်းကင်တမန်များရောက်ရှိလာပြီး ဇိကိရ်(ခုသ်ွဗဟ်)အားနားဆင်ကြသည်။ (ဗုခါရီ အတွဲ၁ စာ၁၂၁)
အီမာမ်အနေဖြင့်ခုသ်ွဗဟ်တွင်လူတို့ပြောလေ့ရှိသော စကားတစ်စုံတရာ ကိုပြောဆို၇န် မထိုက်ပါ။ခုသ်ွဗဟ် သည် စီစဉ်ထားသော ဇိကီ၇်တစ်မျိုးဖြစ်သောကြောင့်ပင်။ (မက်ဗ်ဆုးသ်ကျမ်း အတွဲ ၂ စာ ၂၇)
သဟ်မီးဒ် သတ်စ်ဗီးဟ် တစ်ပိုဒ်တည်းဖြင့် သဇ်ကိရ်(တရားဟောကြားမှု ဆုံးမသြ၀ါဒစကား )မမြောက်နိုင်ပါ။ ဖိကဟ်ပညာရှင်များအားလုံးထံတွင် ခုသ်ွဗဟ်သည် ဂျူမုအဟ်၏ ရှရသွ် (မပါမဖြစ် အရေးကြီးသည့် စည်းကမ်းချက်) ဖြစ်ကြောင်း အဆိုညီကြသည်။
ဟောပြောမှု ၊ဖိတ်ခေါ်မှုသာဖြစ်ခဲ့လျှင် ဂျုမုအဟ်၏ ရှရသ်ွအဖြစ် သတ်မှတ်ခြင်းမှာ မည်သို့မျှ အဓိပ်ပယ်မရှိပေ။ ဂျူမုအဟ်၏ ခုသ်ွဗဟ်သည်ရှရသ်ွဖြစ်သည်။ ဟောပြောမှုဖြစ်လျှင် ဇိုဟို၇်အချိန်ကို ထူးထူးခြားခြား သတ်မှတ်ရန်အကြောင်း မ၇ှိပါ။
မွန်းမတည့်မီ ခုသ်ွဗဟ်ဖတ်ပြီး မွန်းတည့်ပြီး နမားဇ်ဖတ်လျှင် ဟောပြောမှုမမြောက်ပေဘူးလား။ (မြောက်မည်သာ)
သို့သော် ဖိကဟ်ပညာရှင်များက ဇိုဟိုရ် အချိန်မကျမီ ခုသ်ွဗဟ်ဖတ်ပြီး ဇိုဟိုရ် အချိန်ဝင်ပြီးမှ နမားဇ်ဖတ်မပိုင်ဟုဆုံးဖြတ်ထားသည်။ (ဗဟရ်ကျမ်း တွဲ၂ စာ၁၅၈)
ဟောပြောမှုသက်သက်ဆိုလျှင် မည့်သည့် အချိန်ဖတ်ဖတ်အထမြောက်ရမည်သာ။
အီမာန်သည် ခုသ်ွဗဟ်ဖတ်ပြီးနောက် တစုံတရာသောကိစ်စတွင် ပါဝင်လိုက်ပြီး ခုသ်ွဗဟ်နှင့်နမားဇ်ကြားတွင် ခြားနားမှုဖြစ်သွားခဲ့လျှင် နောက်ထပ်ခုသ်ွဗဟ် ပြန်ဖတ်ရန် အရေးကြီးသည်။နားထောင်သူသည် ပထမအကြိမ် နားထောင်သူများပင် ဖြစ်လင့်ကစား ပြန်ဖတ်ရမည်။ (ဗဟရ်ကျမ်း တွဲ၂ စာ ၅၉)
ဟောပြောမှုသက်သက်ဆိုလျှင် ပြန်လည်ဖတ်ခြင်းမှာ မည်သို့မျှ  အဓိပ်ပယ်မရှိပါ။ ဖိကဟ်ပညာရှင်များက ဂျူမုအဟ်၏ ခုသ်ွဗဟ်ကို နမားဇ်နှစ်ရကသ်ဖြင့်ညီမျှသောကိုယ်စားဟုသတ်မှတ်ကြသည်။ ခုသ်ွဗဟ်နားထောာင်ဖြင်း၊ ဖတ်နေစဉ်တွင် တိတ်ဆိတ်စွားနေခြင်းသည် ၀ါဂျိဗ်ဖြစ်သည်။  ခုသ်ွဗဟ် ဖတ်နေစဉ် နှုတ်မှ ဒရူးဒ်ရှရီးဖ်ဖတ်ခြင်း ၊ သတ်စ်ဗီးဟ် သက်ဗီးရ် ဖတ်ခြင်း ၊ စလာမ်ပေးခြင်း မပြုပိုင်ပါ။ ဟောကြားခြင်းဟုဆိုလျှင်နားထောင်ခြင်းကို အဟန့်အတားမဖြစ်စေသော ဇိကီ၇် စလာမ်တို့ကို အဘယ်ကြောင့်တားမြစ်ရပါသနည်း။ထိုအတူ ခုသ်ွဗဟ်ပါအကြောင်းအရာများကို တင်ကြိုသိ၇ှိထားလျှင်လည်း နားထောင်ရန်အဘယ်ကြောင့် ၀ါဂျီဗ်ဖြစ်ရသနည်း။ ထို့ကြောင့် ရှရီအသ်တရားတော် အရ ခုသ်ွဗဟ်၏အဓိကရည်ရွယ်ချက်မှာ အလ္လာဟ်၏ ဇိကိရ် တော်သာဖြစ်ကြောင်းရှင်းနေသည်။
အပိုင်း (၂)
ခုသ်ွဗဟ်ကိုနားမလည်မှတော့ ဖတ်ပြီး ဘာထူးမှာလဲ ဟူသောစောတက၏အဖြေမှာ
ကေရာအသ်တွင်လည်း ထိုကဲ့သို့ စောတကတက်နိုင်ပါသည်။ သို့ဆိုလျှင် ယင်းကျမ်းမြတ်၏စကားများကို နမားဇ်တွင်းတွင် နမာဇီတို့ နာလည်သောဘာသာစကားဖြင့်ဖတ်ရမလိုဖြစ်နေပေတော့သည်။ထို့ကြောင့် ကုရ်အာန်ကို အရ်ဗီလိုဖတ်ခြင်းသည် အိဗာဒသ်ဖြစ်သည့် နည်းတူ ခုသ်ွဗဟ်ကိုလဲ အရ်ဗီလိုပင်ဖတ်၇မည်။ ခုသ်ွဗဟ်ဖတ်နေစဉ် ခုသ်ွဗဟ်ကိုဘာသာပြန်ခြင်းသည်လည်း မပိုင်ပါ။ အဘယ်ကြောင့်ဆိုသော ဘာသာပြန်ခြင်းဖြင့်ဂျူမုအဟ်နှင့် ခုသ်ွဗဟ် ကြားခြားနားမှု ဖြစ်သောကြောင့်တည်း။ ထို့အတူ ဖိကဟ်ကျမ်းများတွင် ခုသ်ွဗဟ်တွင် (သဟ်မီးဒ် ဒရူဒ် ဒိုအာ) စသည်ဖြင့် အချက်၁၀ ချက်ပါဝင်ရန် စွန်နသ်ဖြစ်ကြောင်းဖော်ပြထားသကဲ့သို့ ခုသ်ွဗဟ်တိုတို ဖတ်ခြင်း သည်လည်းစွန်နသ်ဖြစ်ကြောင်းရေးသားထားသည်။ အချက်၁၀ ချက်လုံးဖတ်ပြီး အဓိပ်ပယ်ပါရှင်းပြနေလျှင်ခုသ်ွဗဟ်သည် နှစ်ဆမက ရှည်သွားမည်။ ရှည်မှာ စိုးပြီး (၁၀) ချက်လုံးမပါဝင်ပြန်လျှင် စွန်နသ်နှင့်ဆန့်ကျင်သွားသည်။ ဘာသာပြန်ခြင်းဖြင့်စွန်နသ်ကို လက်လွှတ်လိုက် ၇မည်။ ထို့ကြောင့် ဂျူမုအဟ် နှင့် အီးဒ် နမာဇ်းများ၏ ခုသ်ွဗဟ်အားအရ်ဗီဘာသာဖြင့် ဖတ်ခြင်းသည် စွန်နသ်ဖြစ်ကြောင်း အခြားဘာသားစကားဖြင့်ဖတ်ခြင်းသည် ဗိဒ်အသ်ဖြစ်ကြောင်း သာသနာ့ပညာရှင် များက တားမြစ်ရခြင်းသာဖြစ်သည်။


If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Friday, May 24, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ သာသနာ့ပညာရှင်များ အဖွဲ့ချုပ်သို့ ဓမ္မသတ်မေးမြန်းခြင်း (ဘာသာပြန်)

အောက်ဖော်ပြပါ မေးခွန်းများနှင့် ပတ်သက်၍ သာသနာ့ပညာရှင်များ မည်သို့ အမိန့်ရှိပါသနည်း။
မေးခွန်း အမှတ်စဉ် (၁)
(အို-မုအ်မင်န်အပေါင်းတို့)အသင်တို့ အပေါ် ၀ယ် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည် ဖရဿ် ပြဋ္ဌာန်းပြီး ဖြစ်ချေပြီ။ အမှန်စင်စစ် ထိုစစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်း သည် အသင်တို့အဖို့ (သဘာဝအလျောက်) ရွံရှာစက်ဆုပ် (၀န်လေး)ဘွယ်ရာပင် ဖြစ်ချေသည်။ သို့ရာတွင် အသင်တို့သည် တစ်စုံတစ်ရာကို ရွံရှာစက်ဆုပ်သော်လည်း စင်စစ်မှာ ထိုအရာ သည် အသင်တို့အဖို့ အကောင်းဖြစ်တန်ရာ၏။ ထိုနည်း တူပင် အသင်တို့သည် တစ်စုံတစ်ရာကို နှစ်သက် သော်လည်း စင်စစ် မှာ ထိုအရာသည် အသင်တို့အဖို့ အဆိုးဖြစ်တန်ရာသည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ် သည်သာလျှင် (အကောင်း နှင့်အဆိုးကို တပ်အပ်သေချာစွာ)သိရှိတော်မူ၏။ အသင်တို့မူ ကား (တစ်စုံတစ်ရာကိုမျှ တိကျသေချာစွာ) သိနားလည်ကြ သည် မဟုတ်ကြချေ။
ဤအာသ်တော်မှ မည်သည့်အမိန့် ပညတ်ချက် အတည်ဖြစ်ပါသနည်း။ ထို အမိန့်ပညတ်ချက်တော်မှ ကျွန်ုပ်တို့(မြန်မာနိုင်ငံသားများ) အဘယ့်ကြောင့် လွတ်ကင်းနေပါသနည်း။ ( မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံပါးတွင် အမှန်တကယ် ခွင့်ပြုချက်ရှိသော အချက်အား ပြသပေးပါ။ ဆိုလိုသည်မှာ- ကုရ်အာန်၊ ဟဒီးဆ်ဖြင့် အတည်ပြုနိုင်သော ချွင်းချက်ကို ပြသပေးပါ။ လူသား၏ ဦးနှောက် သို့မဟုတ် အတွေးခေါ်ပညာရှင်တစ်ဦး၏ အတွေးအခေါ်အယူအဆပေါ် တည်မှီ၊အခြေခံနေသော ချွင်းချက်မျိုးကို မဆိုလိုပါ။)
မေးခွန်း အမှတ်စဉ် (၂)
ထို့ပြင် အသင်တို့သည် ထိုကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့နှင့် ပြိုင်ဆိုင်(တိုက်ခိုက်)ရန် အလို့ငှာ မိမိတို့တတ်စွမ်းသမျှ(လက်နက်အစရှိသော)အင်အားကိုလည်းကောင်း၊မွေးမြူထားသောမြင်းများကို လည်းကောင်း၊ အဆင်သင့် စုဆောင်း၍ ထားရှိကြလေကုန်။ (သို့မှသာလျှင်) အသင်တို့သည်ထိုလက်နက်အင်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ရန်သူများကိုလည်းကောင်း၊ မိမိတို့၏ရန်သူများကိုလည်းကောင်း၊ ထိုသူတို့အပြင် အခြားအကြင်သူတို့ကို လည်းကောင်း ခြောက်လှန့်၍ထားနိုင်ကြပေမည်။ ထိုသူတို့အား အသင်တို့သည် မသိကြချေ။(သို့ရာတွင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သိရှိတော်မူ၏။ ထို့ပြင်တ၀ အသင်တို့ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌သုံးစွဲသမျှတို့ကို (ထိုအရှင်မြတ်သည်) အသင်တို့အား ပြည်စုံစွာချီးမြှင့်တော်မူအံ့။ စင်စစ်သော်ကား အသင်တို့သည် (အနည်းငယ်မျှ) ယုတ်လျော့၍ပေးခြင်းကို ခံကြရလိမ့်မည် မဟုတ်ပေ။
ဤအာယသ်တော်တွင် အမိန့်ပေးခြင်း၏ အဓိပ္ပါယ် ၁၆ခု အနက် မည်သည့် အဓိပ္ပါယ်အား ဆိုလိုပါသနည်း။ အကယ်၍ ဝါဂျစ်ဗ် ဟူသော အဓိပ္ပါယ်ဖြစ်လျှင် မည်သည့် အကြောင်းပြချက်တို့ဖြင့် ဝါဂျစ်ဗ်တာဝန်ပလပ်သွားနိုင်ပါသနည်း။ အကယ်၍ ဝါဂျစ်ဗ် ဟူသော အဓိပ္ပါယ်မဟုတ်ပါက အမိန့်ပေးခြင်း၏ မူလအဓိပ္ပါယ်ဖြစ်သော ဝါဂျစ်ဗ်မှ အခြားအဓိပ္ပါယ်သို့ ရောက်သွားစေသော ရည်ညွှန်းချက်အရိပ်အမြွတ်အား ပြသပေးပါ။
မေးခွန်း အမှတ်စဉ် (၃)
တိုက်ခိုက်နေသော ရန်သူသည် အသက်၊ စည်းစိမ်တို့၏ ဦးတည်တိုက်ခိုက်နေသည်။ ယင်း ရန်သူအား ခုခံရန် မည်သို့ အမိန့်ပညတ်ချက် ရှိပါသနည်း။ (တရားတော်၏ အမိန့်ကိုသာလျှင် အမိန့်ရှိပါရန်။ ဦးဏှောက်ပေါ်အခြေခံသည့် အမိန့်အား မပြသပါရန်။) ရန်သူတို့သည် တိုက်ခိုက်မှု့ ပြုလာပါက စွဗ်ရ်(သီးခံမြိုသိပ်ခြင်း)၊ ခွင့်လွှတ်ပေးခြင်းနှင့် မခုခံပဲ အသက်၊စည်းစိမ်တို့အား ပေးဆပ်လိုက်ခြင်းသည် မည်သို့ဖြစ်မည်နည်း။ ထိုသူ၏ အသက်ဆုံးရှုံးသွားမှု့နှင့် ပတ်သက်၍ မည်သို့ အမိန့်ရှိမည်နည်း။ ရှဟီးဒ်ဖြစ်မည်လော သို့မဟုတ် မိမိအသက်တစ်ချောင်းအား ဖျက်ဆီးပစ်ခြင်းလော။ ထိုသူ၏ စည်းစိမ်နှင့် ပတ်သက်၍ မည်သို့ အမိန့်ရှိမည်နည်း။ ပျက်ဆီးသွားသော ပစ္စည်းဖြစ်မည်လော သို့မဟုတ် ဆွဒကဟ် ဖြစ်မည်လော။
မေးခွန်း အမှတ်စဉ် (၄)
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ပါလေ။ အသင်၌ အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိချေ)။ သို့ရာတွင် အသင်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အား (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန်) တိုက်တွန်းနှိုးဆော်လျက်ရှိပါလေ။ မကြာမြင့်မီ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သောသူတို့၏အင်အားကို ဟန့်တားတော်မူဘွယ်ရာရှိ၏။ အမှန်သော်ကားအလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးမားဆုံးသောအရှင်ဖြစ်တော်မူသည့်ပြင်၊ ပြစ်ဒဏ်ပေးတော်မူရာ၌လည်း အပြင်းထန်ဆုံးသောအရှင် ဖြစ်တော်မူပေသတည်း။
ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်၏ သာသနာအတွက် စစ်မက်တိုက်ခိုက်ခြင်းသည် ကာဖရ်တို့၏ မတရားညှင်းပမ်းနှိပ်စက်မှု့ကို ဟန့်တားပေးနိုင်သော အရာဟူ၍ ပြသထားပေသည်။ ဆိုလိုသည်မှာ- အရှင်မြတ် သာသနာအတွက် စစ်မက်တိုက်ခိုက်ခြင်း၏ ဘရကသ်မင်္ဂလာဖြင့် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကာဖရ်တို့၏ မတရားအနိုင်ကျင့်မှု့၊ ညှင်းပမ်းနှိပ်စက်မှု့တို့အား ဟန့်တားပေးတော်မူမည်။ အကယ်၍ ထိုပညတ်တော်၏ ဆန့်ကျင်ဖက် အထောက်အထားရှိခဲ့ပါလျှင် သို့မဟုတ် အခြားလုပ်ရပ်တစ်ခုအား ပြုလိုက်ပါကလည်း ထိုကဲ့သို့ (ကာဖရ်တို့၏ မတရားညှင်းပမ်းမှု့အား တားမြစ်ပေးမည် ဆိုသော) အကျိုးကျေးဇူး ရနိုင်ပါသည်ဟု ကုရ်အာန်၊ ဟဒီးဆ်တွင် ပါရှိပါလျှင် ပြသ၊အသိပေးပါရန် ရိုသေလေးစားစွာဖြင့် တောင်းဆိုအပ်ပါသည်။
မေးခွန်း အမှတ်စဉ် (၅)
ကာဖရ်၊မွရှ်ရစ်က်များနှင့် ပြေငြိမ်းရေးလုပ်ခြင်း သို့မဟုတ် (မွတ်စ်လင်မ်များ၏ စုပေါင်းစပ်ပေါင်း ငွေဖြင့်) ကာဖရ်တို့အား လာဘ်ပေး၍ ၎င်းတို့၏ မတရားနှိပ်စက်မှု့များမှ ဟန့်တားရန် ကြိုးစားခြင်းသည် မည်သည့်နေရာတွင် လာရှိထားပါသနည်း။ (အထောက်အထားအား ကုရ်အာန်၊ ဟဒီးဆ်နှင့် ဖိကဟ်မှသာ တောင်းဆိုခြင်းဖြစ်ပါသည်။) အတွေ့အကြုံအရ ထို့အတူ လက်တွေ့တွင် မြင်တွေ့နေရသည်မှာ- ၎င်းကာဖရ်တို့သည် တစ်ဖက်မှ ငွေယူ၍ အခြားတစ်ဖက်တွင် မွတ်စ်လင်မ်များအား တိုက်ခိုက်လျှက်သာ ရှိနေ၏။
မေးခွန်း အမှတ်စဉ် (၆)
အကယ်၍ ကာဖရ်များအား အစ္စလာမ်သာသနာဖက်သို့ ဖိတ်ခေါ်လိုပါလျှင် မည်သို့ ပြုမူရမည်နည်း။  ခြုံငုံဖော်ပြခြင်းဖြင့် ဖိတ်ခေါ်ရမည်လော သို့မဟုတ် အသေးစိတ်လော။ အထက်စီးမှ ခပ်ရင့်ရင့် ဖိတ်ခေါ်ရမည်လော သို့မဟုတ် ခြေထောက်ကိုင်၍လော။ လေးစားအပ်ပါသော လူကြီးမင်းခင်ဗျာ... ကုရ်အာန်၊ဟဒီးဆ် သို့မဟုတ် ဖိကဟ်မှ ဖိတ်ခေါ်ရမည့် ပုံစံကို ကိုးကားတင်ပြပေးပါ။ ( မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်အား ထောက်ထား၍ အစ္စလာမ်သာသနာ မလွှမ်းမိုးမှီ အချိန်က အဖြစ်အပျက်များနှင့် ပြုကျင့်ရန် တာဝန်မရှိတော့သည့် အမိန့်တော်များအား အထောက်အထားမပေးပါရန်။)
မေးခွန်း အမှတ်စဉ် (၇)
မွတ်စ်လင်မ်များ အသတ်ခံရမည်ဟု စိုးရိမ်ရခြင်း၊ သို့မဟုတ် လက်နက် မရှိခြင်း၊ သာသနာ့ လုပ်ငန်းတစ်ခုခုတွင် ပါဝင်နေခြင်း (ဥပမာ။      ။ ကျောင်းတစ်ကျောင်း၏ ဆရာဖြစ်ခြင်း၊ ဗလီတစ်လုံး၏ အေမာမ်ဖြစ်ခြင်း စသည်ဖြင့်) တို့သည် ဂျေဟားဒ်အား စွန့်လွှတ်ရန်အတွက် ခိုင်လုံသော အကြောင်းပြချက် ဖြစ်နိုင်ပါသလား။ (ဆိုလိုသည်မှာ- ဂျေဟားဒ် တာဝန် ပလပ်ခွင့် ရရှိရန် ဤအချက်အလက်တို့သည် တရားတော်ရှု့ထောင့်အရ အကြောင်းပြချက် ဖြစ်နိုင်ပါသလား။ အမှန်ဆိုလျှင် ဂျေဟားဒ်အား စွန့်လွှတ်လိုက်သည့် ပုံစံတွင် ရန်သူများ တိုက်ခိုက်လာပါက ကျောင်းများ ပိတ်ရသည်။ ဗလီဝတ်ကျောင်းတော်များ ပြိုကျပျက်ဆီးရသည်။ ထိုသို့ဖြစ်ပြီးနောက် စာသင်ခြင်းနှင့် ရှေ့ဆောင်ဆရာလုပ်ခြင်းတို့ မရှိနိုင်တော့ပေ။)
မေးခွန်း အမှတ်စဉ် (၈)
ရန်သူများ၏ တိုက်ခိုက်မှု့အား ခုခံခြင်းမပြုပဲ ဒိုအာသက်သက်ကိုသာ အမှီသဟဲပြုနေထိုင်ခြင်းနှင့် စပ်လျဉ်း၍ ကိုယ်တော်သခင် (ဆွ) ပြုလုပ်ခဲ့ပါသည်ဟု ဖော်ပြထားသော အဖြစ်အပျက်အကြောင်းအရာ လာရှိထားပါက ဆဟီးဟ်စနဒ်(ခိုင်လုံတိကျသော ဆင့်ဆိုချက်) ဖြင့် အတည်ပြု တင်ပြပေးနိုင်ပါသလား။
မေးခွန်း အမှတ်စဉ် (၉)
အအ်မာလုကွမ် အွမ်မာလုကွမ် ဆိုလိုသည်မှာ အုပ်ချုပ်သူများသည် အသင်တို့၏ ပြုမူကျင့်ကြံပုံအတိုင်း ဖြစ်ပေသည်။ ဤဟဒီးဆ်နှင့် ပတ်သက်၍ ဟဒီးဆ်ပါမောက္ခများ၏ စောဒကများ ရှိနေသော်လည်း ကျွန်တော်တို့၏ မကောင်းသော လုပ်ရပ်များရှိ အမင်္ဂလာကြောင့် ယခုကဲ့သို့ မင်းဆိုးများ အုပ်ချုပ်နေသည်ဟူသော အချက်အား (ဤဟဒီးဆ်တော်ကို အထောက်အထားပေး၍) ပြောဆိုနိုင်ပေသည်။ မေးမြန်းလိုသည်မှာ-  ဤအမင်္ဂလာသည် အခြား ကျင့်မူချက်များတွင် ပေါ့လျော့မှု့၌သာ အဘယ်ကြောင့် ရှိရသနည်း။ ဂျေဟားဒ် (စွန့်လွှတ်မှု့)တွင် ဤအမင်္ဂလာ အဘယ်ကြောင့် မရှိရသနည်း။ အမှန်ဆိုလျှင် အဗူဒါဝူးဒ်ကျမ်း၏ ဆင့်ပြန်ချက်တစ်ခုတွင် မြတ်နဗီ(ဆွ) အမိန့်ရှိတော်မူထား၏။ (ဆိုလိုရင်းမှာ) အကယ်၍ အသင်တို့သည် ရွှေငွေများ ရောင်းဝယ်မှု့တွင် နစ်မွန်းနေမည်၊ ကျွဲ၊နွား တိရိစ္ဆာန်တို့ မွေးမြူထိန်းကျောင်းခြင်းတွင် မွေ့လျောနေမည်၊ လယ်ယာစိုက်ပျိုးခြင်းတွင် ပျော်မွှေ့နေမည်၊ ထို့နောက် ဂျေဟားဒ်အား စွန့်လွှတ်လိုက်ကြမည်ဆိုပါက မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အသင်တို့ မိမိသာသနာဖက်သို့ ပြန်မလှည့်သရွေ့ ကာလပတ်လုံး အမြဲမပြတ် အသင်တို့အား သေးသိမ်စေတော်မူမည်ဖြစ်သည်။  (မူရင်း အစ်သစ်ဖ်သအ် ဓမ္မသတ်မေးမြန်းခြင်းတွင် ဟဒီးဆ်တော်၏ အလိုသဘောအား ရေးသားထားခြင်းမရှိပါ။)
မေးခွန်း အမှတ်စဉ် (၁၀)
ဂျေဟားဒ်၏ အမိန့်သည် မွတ်စ်လင်မ်အားလုံးအတွက် ဖြစ်ပါသလား။ သို့မဟုတ် အုပ်ချုပ်ခွင့်အာဏာရှိသူ၊ လက်နက်ရှိသူတို့နှင့် သီးသန့် သက်ဆိုင်ပါသလား။ အကယ်၍ အုပ်ချုပ်ခွင့်အာဏာရှိသူများနှင့် လက်နက်ပြည့်စုံသောသူများနှင့်သာ သီးသန့် သက်ဆိုင်သည်ဆိုပါက ဤသီးသန့်ဖြစ်မှု့သည် မည်သည့်နေရာ(ကုရ်အာန်၊ဟဒီးဆ်၊ဖိကဟ်)မှ အတည်ဖြစ်လာပါသနည်း။

မေးမြန်းမှု့အပေါ် သုံးသပ်စိတ်ဖြာ၊ ရှင်းလင်းရန်နှင့် အဖြေများ ပို့ပေးရန်အတွက် အီးမေးလ်လိပ်စာ aakanow@gmail.com
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ကျွန်တော်၏ စာပေမကြွယ်ဝမှု့ကြောင့် ဖတ်ရှု့ရာတွင် အဆင်မပြေဖြစ်လျှင် နားလည်ခွင့်လွှတ်ပေးပါရန်နှင့် အွရ်ဒူစာပေအား ကောင်းစွာ နားလည်ပါက မူရင်း ပို့စ်အား ဤနေရာတွင် ဖတ်ရှု့ပေးပါရန်။ ထို့အတူ ပိုမိုကောင်းမွန်အောင် ဘာသာပြန်၍ တင်ဆက်ပေးလိုပါကလည်း တင်ဆက်နိုင်ပြီး ကျွန်တော်၏ ဘာသာပြန်ဆို ရေးသားမှု့အား ဖျက်သိမ်းပေးပါမည်။
ဤဓမ္မသတ်မေးမြန်းခြင်းသည် ကျွန်တော်(ဘရှီရွလ္လာဟ် ဖာရိုကီ)မှ မေးမြန်းထားခြင်း မဟုတ်ပါ။ နားလည်သဘောပေါက်လွဲနေသူ များပြာလာကာ ခဏခဏ အမေးခံနေရသည့်အတွက် ရှင်းပြခြင်း ဖြစ်ပါသည်။ စောဒကများနှင့် အခြားကိစ္စ အဝဝတို့အား လိုက်လံဖြေရှင်းမည်မဟုတ်သောကြောင့် မျှဝေလိုသူများအနေနှင့် ဆင်ဆင်ခြင်ခြင် မျှဝေပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
ဂျေဟားဒ် ဝါဂျစ်ဗ်ထိုက်၊ မထိုက်နှင့် စပ်လျဉ်း၍ မြို့ပေါ်ရှိ အိုလမာသာသနာ့ပညာရျင်များအား မေးမြန်းသူသည် မလုပ်ချင်၍သာ မေးမြန်းခြင်းဖြစ်၏။ အကြောင်းမှာ- မထိုက်ဟု ဖသ်ဝါပေးမည်ကို ကြိုသိနေသောကြောင့်ပင်။ ဂျေဟားဒ်ဖရ်ဇ်ဖြစ်ရန်အတွက် မည်သည့် အိုလမာအဖွဲ့အစည်း၏ ဖသ်ဝါမှ မလိုပေ။ အဘယ်ကြောင့်ဆိုသော် ယခုဖြစ်နေသော ဂျေဟားဒ်သည် ခုခံစစ်သက်သက်သာ ဖြစ်နေ၏။ ခုခံစစ်အတွက် မည်သည့် ဖသ်ဝါမှ မလိုအပ်ပေ။ ထို့အတူ ဂျေဟားဒ်နှင့် ဂျေဟားဒ်ဆိုင်ရာ မတ်စ်အလဟ်များနှင့် ပတ်သက်၍ မြို့နေ မွဖ်သီများအား မေးမြန်းခြင်း မပြုအပ်၊ လက်ရှိ ဂျေဟားဒ်လုပ်နေသော စစ်တလင်းတွင် ရောက်နေသော သို့မဟုတ် ရောက်ဖူးသော မွဖ်သီများကိုသာ မေးမြန်းသင့်သည်။ ဥပမာ စာအုပ်ဖတ်၍ ရေမကူးတတ်၊ ရေထဲဆင်း၍ ရေကူးကျင့်မှ ရေကူးတတ်နိုင်သည်။ (အနီရောင်ဖြင့် နောက်ဆုံးတွင် ရေးသားထားသော စာသားသည် မောင်လာနာ ဟဘီးဘွလ်လာဟ် ဇကရီယာ ဖာရိုကီ၏ ဆုံးမစကားအား မျှဝေခြင်းဖြစ်ပါသည်။)

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Thursday, November 15, 2012

သွအီးဖ်ဟဒီးစ် ဆိုတိုင်းငြင်းရမှာလား ?????

ယနေ့ခေတ် အစ်စလာမ်အတွင်း ဖြစ်ပျက်နေသော်ပြသနာကြီးတွင်
သွအီးဖ်ဟဒီးစ် ဆိုလျှင်လက်မခံ ငြင်းဆန်နေသောပြသနာကြီးပင်ဖြစ်သည်။ အစ်စလာမ်သမိုင်းတလျှောက်တွင် ထိုပြသနာမျိုးမှာမရှိသလောက်ပင်ဖြစ်သည်။ သို့သော်အချို့နေရာများတွင်ပြသနာနှိုးဆွမှုများရှိသည်။စလဖီ ၀ါဒီတို့သည်ထိုပြသနာကို အမြင့်ဆုံးအထိတောက်လောင်အောင်ပြုလုပ်လိုက်ကြသည်။
သွအီးဖ်ဟဒီးစ် များကိုလုံးဝငြင်းဆန်ခြင်းမှာ ဟဒီးစ်ငြင်းပယ်ရန် လမ်းဖွင့်လိုက်ခြင်းပင်ဖြစ်သည်။ မွန်ကရီနီး ဟဒီးစ် (ဟဒီးစ်ငြင်းပယ်သူများ) ကို အားပေးအားမြောက်ပြုခြင်းဖြစ်သည်။
ထိုလမ်းစဉ်မှာ အဲ့ဟ်လေစွန်နသ်ဝလ်ဂျမာအသ်၏ လမ်းစဉ်မဟုတ်ပါ။ အွမ်မဒ်အပေါ် ဟဒီးစ်ပညာရှင်တို့၏ကျေးဇူးမှာ အလွန်ကြီးမားလှသည်။ သူတို့သည် တမန်တော်မြတ်(စွ) စကားတိုင်း လုပ်ဆောင်ချက်တိုင်း နှင့်စွန်နသ်တိုင်းကို ဦးစွာ မိမိတို့၏ရင်တွင်းဝယ် အလွတ်ကျက်မှတ်ထိန်းသိမ်းခဲ့ကြသည်။
တဖန်ကျမ်းစာအုပ်များပြုစုကာကျေးဇူးပြုခဲ့ ကြသည်။ထိုအဆင့်သို့ရောက်အောင် ၄င်းတို့ကြုံတွေ့ခဲ့ရသည့် ဒုက်ခဆင်းရဲမှုမျိုးကို ယနေ့ခေတ်တွင် ပမာပြရန်ပင်ရှိမည်မဟုတ်ပါ။
စွန်နသ်တော်နှင့် ဟဒီးစ်တော်များသည် အစ်စလာမ်၏ ဒုတိယ အရေးကြီှးဆုံးသော်အချက်ဖြစ်သည်။ ထိုအချက်ကိုထိန်းသိမ်းထားသူများမှာ ဟဒီးစ်ပညာရှင်များဖြစ်သည်။
သွအီးဖ်ဟဒီးစ်ဆိုလျှင်လက်မခံနဲ့ သွအီးဖ်ဟဒီးစ်အပေါ်ကျင့်သုံးခြင်းမပိုင်ဘူးဟု ဆိုသည်မှာ ယနေ့ခေတ်စလဖီတို့၏အသံပင်ဖြစ်သည်။
ဟဒီးစ်ပညာရှင်များသည် ဟဒီးစ်များ၏အဆင့်အတန်းကို သတ်မှတ်ခဲ့ကြသည်။
ဥပမာအားဖြင့် ဗုခါရီ နှင့် မွတ်စ်လင်မ် ကျမ်းတွင်ပါရှိသောဟဒီးစ်များသည်အမှန်ကန်ဆုံးဖြစ်သည်။ (နှောင်းပိုင်းခေတ်ဟဒီးစ်ပညာရှင်များ ကသတ်မှတ်ခြင်းဖြစ်သည်။)
ခေတ်ဦးပိုင်းတွင် ဟဒီးစ်၏အဆင့်အတန်းမှာနှစ်ခုသာရှိသည်။
ဆွဟီးဟ် ဟဒီးစ်နှင့် ဂိုင်းရ် ဆွဟီးဟ် ဟဒီးစ် တို့ဖြစ်သည်။
ဆင့်ပြန်သောရာဝီမှာ မှတ်သားဥာဏ် သက်က၀ါ အလာဟ်ကြောက်စိတ်ရှိမှု စသည့်အရည်အချင်းများရှိလျှင် ထိုသူဆင့်ပြန်သော ဟဒီးစ်သည် ဆွဟီးဟ် အဆင့်ရှိပြီး ထိုအရည်အချင်းလျော့နည်းနေသူဆင့်ပြန်လျှင် သွအီးဖ်ဟဒီးစ်
ဂိုင်းရ်ဆွဟီးဟ် ဟုခေါ်သည်။
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းအရင်ကေ၇းသားခဲ့သောဟဒီးစ်ကျမ်းများမှာ ပိုပြီးမြင့်ပါသည်။
ထိုကျမ်းများတွင်ပါရှိသည့် စနဒ်ဆင့်ပြန်သူအဆက်မှာအလွန်နည်းသည်။(နှစ်ဦးသုံးဦးနှင့် တမန်တော်မြတ်(စွ) အထိရောက်သွားသည်)
ဒုတိယအချက်မှာထိုကျမ်းများတွင်ပါရှိသည့်ဆင့်ပြန်သူတို့၏
အဆင့်အတန်းမှာလည်း နောက်ပိုင်း ဟဒီးစ်ကျမ်းများတွင် ပါရှိသောဆင့်ပြန်သူများထက် အဆင့်အတန်းပိုမြင့်ကြသည်။
ဥပမာ- အိမာမ်မာလိက်၏ မုအသ်ွသွာကျမ်း၏အဆင့်အတန်းသည် ဗုခါရီကျမ်းထက်ပိုပြီးမြင့်ပါသည်။ မုအသ်ွသွာကျမ်း တွင်ပါရှိသော စနဒ်များမှာ သုးံလေးဆင့်ထက်မပိုပါ။
အီမာမ်မာလိက် ဟဒိးစ်ရယူထားသော ဆရာများ၏အဆင့်အတန်းသည်လည်း အီမာမ် ဗုခါရီ၏ ဆရာများ ၊ထိုဆရာ၏ဆရာများထက်ပင် ပိုပြီး အဆင့်အတန်းမြင့်ကြသည်။
အချို့ဟဒိးစ်များသည် ဖိကဟ်ပညာရှင်များ၏ စနဒ်ဖြင့်ဆင့်ပြန်သောဟဒိးစ်များ ဖြစ်ကြပြီး အချို့ဟဒိးစ်များသည်
ဟဒီးစ်ပါရဂူများ၏စနဒ်ဖြင့် ဆင့်ပြန်သော ဟဒီးစ်များဖြစ်ကြသည်။ဖော်ပြသော အမျိုးအစားအနက် တမျိုးကိုသာ ဟဒီးစ်ဟုခေါ်ပြီး ကျန်အမျိုးအစားကို ဟဒီးစ်ဟု မခေါ်ဘဲ ကျင့်သုံးခြင်း မပိုင်ဟုသဘောပေါက်မမှားသင့်ပေ။
ဟဒီးစ်ပညာရှင်များထံတွင် ဟဒီးစ်၏အဆင့်အတန်းသတ်မှတ် သည့်စည်းကမ်းချက်ခြင်းမတူညီ ကြပါ။
ဥပမာ- အီမာမ်ဗုခါရီထံတွင် ဟဒီးစ်၏စနဒ်အတွင်းတွင် ဆင့်ပြန်သူနှင့် ၄င်း၏ဆရာ (ဟဒီးစ်ပို့ချသူ) တို့တွေ့ဆုံမှုခိုင်မာလျှင်
ထိုစနဒ်ပါသော ဟဒီးစ်မှာ အီမာမ် ဗုခါရီထံတွင် ဆွဟီးဟ်ဖြစ်သည်။
အီမာမ်မွတ်စ်လင်မ်ထံတွင်မူ ထိုသို့မဟုတ်။ ဟဒီးစ်ပို့ချသည့် ဆရာနှင့် ရယူသည့်တပည့်တို့ တွေ့ဆုံကြကြောင်း အခိုင်အမာဖြစ်ရန် အရေးမကြီး။ တွေ့ဆုံနိုင်ကြောင်းဖြစ်နိုင်ခြေရှိလျှင်လုံလောက်ပေသည်။
ယခုမှတ်ထားရမည်မှာ အီမာမ်မွတ်စ်လင်မ်ထံ
တွင် ဆွဟီးဟ်အဆင့်ရှိသော ဟဒီးစ်ရှိသော ဟဒီးစ်သည် အီမာမ်ဗုခါရီထံ
တွင်ဆွဟီးဟ်ဖြစ်ရန်မလိုအပ်ပါ။
တွေ့ဆုံမှုမခိုင်မှာသဖြင့် အီမာမ်  ဗုခါရီထံတွင် သွအီးဖ်ဖြစ်နေသော ဟဒီးစ်သည် အီမာမ် မွတ်စ်လင်မ် ထံတွင်ဆွဟီးဟ်ဖြစ်နေသည်။
ထို့ကြောင့် ဟဒီးစ် ကဟဒီးစ်ဖြစ်သည်။
စည်းကမ်းသတ်မှတ်သည့်စံချိန်စံညွှန်းဖြင့်သာ အချို့ပညာရှင်ထံတွင် ဆွဟီးဟ်ဖြစ်နေပြီး အချို့ပညာရှင်ထံတွင်သွအီးဖ်ဖြစ်နေသည်။
သွအီးဖ် ဟဒီးစ်ကိုလုံးဝ ငြင်းပယ်ရမည်ဟု လက်ခံထားသောသူသည်  သာသနာတွင်အလွန်ဆိုးရွားသော ဗိဒ်အသ်ကို လမ်းစဖွင့်သူဖြစ်သည်။
ရှေးဟဒီးစ်ပညာရှင် ပညာရှင်ကြီးများနှင့် ဖိကဟ်ပညာရှင်ကြီးများသည် သွအီးဖ်ဟဒီးစ်ကိုလက်ခံခဲ့ကြသည်။
ကျွန်တော်၏ အထက်ပါစကားသည် စလဖီများ၏ကြွေးကြော်နေသော ဆူညံသံကြားတွင်ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိပါသည်။
ထိုကြောင့်ခိုင်မာကြောင်းသက်သေပြရန် အီမာမ်သိရ်မီဇီ၏ ဟဒီးစ်ကျမ်းဖြစ်သည့် သိရ်မီဇီ ကျမ်းကို အထောက်အထားအဖြစ်တင်ပြပါမည်။ သို့မှသာ စလဖီဝါဒမှိုင်းမှလွတ်ကင်းပြီး အမှန်တရားကိုကွက်ကွက် ကွင်းကွင်းမြင်နိုင်မည်ဖြစ်သည်။
အဒီဘင်န်ဟာသင်မ် ဆင့်ပြန်ထားသော ဟဒီးစ်တော်….
အလိုသဘောမှာ-
ကျွန်ုပ်သည် တမန်တော်မြတ်(စွ)၏ထံပါးတွင် စွန်ဖြင့်အမဲလိုက်ထားသောသားကောင် ဟလာလ် စားပိုင် /မပိုင်နှင့်ပက်သက်ပြီးလျှောက်ထားရာ
တမန်တော်မြတ်က အကြင်သားကောင်ကို သင့်အတွက်ချန်ထားလျှင် (သားကောင်ကို စွန်ကမစားဘဲဖမ်းပေးလျှင် ) သင်စားသုံးနိုင်သည်ဟုဖြေကြားတော်မူသည်။
အီမာမ် သိရ်မီဇီက အဆိုပါဟဒီးစ်တော်အား မုဂျာလိဒ် ဗင်န်အဗ်ဒုရ်ရဟ်မားနအန်ရှအ်ဗီ် ဟူသော စနဒ်တခုတည်းဖြင့်သာ ကျွန်ုပ်သိသည်ဟု အမိန့်ရှိသည်။ သဘောမှာ ရှအ်ဗီထံမှ မုဂျလိဒ် တစ်ဦးတည်းသာရှိသည်။ ရှအ်ဗီမှလွဲပြီး မည်သူ့ထံကမျှထိုဟဒီးစ်ဆင့်ပြန်ထားခြင်းမရှိပါ။ ဟဒိးစ်ပညာရှင်များ၏ စည်းကမ်းအရ အထက်ပါဟဒိးစ်သည် သွီးဖ်ဖြစ်သည်။ သို့သော် အိမာမ် သိရ်မီဇီက ပညာရှင်များသည်ထို ဟဒီးစ်အားကျင့်သုံးခဲ့ကြသည်ဟု အမိန့်ရှိသည်။ (သိ၇်မီဇီကျမ်း အတွဲ၂-စာ ၃၄၂)
ဆွဟာဗာများ၊ သာဗီအီးန်များ ၊ သဗအ်သာဗီအီန် များနှင့် ဖိကဟ်ပညာရှင် အီမာမ်ကြီးများအားလုံး ထိုဟဒီးစ်အပေါ်ကျင့် သုံးခဲ့ကြသည်။ ယခုအချိန်ရောက်မှ သွအီးဖ်ဟဒီးစ် အပေါ်ကျင့်သုံးခြင်းမပိုင်ဟုပြောနေခြင်းမှာ မည်သို့မှန်ကန်ပါမည်နည်း။ အကြောင်းအရာ ရှည်သွားမည်ကို စိုးရိမ်ပြီး ဒီမျှလောက်ဥပမာဖြင့်ပင် အကျဉ်းချုံးလိုက်၇ပါသည်။
ဟဒီးစ် ပညာရှင်များထံတွင်သွအီးဖ်ဟုသတ်မှတ်ထားသော်လည်း ပညာရှင်များလက် ခံ      ကျင့်သုံးသည့်ဟဒီးစ်မျိုးထောင်သောင်းမကရှိ
နေသည်။ပညာ ရှင်  များဟုဆိုရာတွင် သင်တို့ကျွန်တော်တို့သတ်မှတ်ထားသော ပညာရှင်များကို ဆိုလိုခြင်းမဟုတ်။ ဆွဟာဗာများ၊ သာဗီအီးန်များ၊ ဖိကဟ်အီမာမ်ကြီးများနှင့် ဟဒီးစ်အီမာမ် ကြီးများကိုဆိုလိုခြင်းဖြစ်သည်။
ယနေ့ခေတ်ဂိုဏ်းသစ်များဖြစ်သည့် စလဖီနှင့် ဂိုင်ရ်မုကလ်လိဒ်များက
သွအီးဖ်ဟဒီးစ်ကို အထောက်အထားပြုလုပ်ခြင်းဟရာမ်ဟု မသိနားမလည်သည့်လူထုအတွင်း သူတို့ ပင်ပညာရှိသယောင်ဝါဒဖြန့်နေကြသည်။ အမှန်မှာ ပညာမဲ့ခြင်းကြောင့်ဖြစ်ပေါ်လာရသောပြသနာဖြစ်သည်။
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းကိုသာကြည့်ပြီး သွအီးဖ်ဟု သိမ်းကြုံးပြောလို့မ၇ပါ။ ထို့ကြောင့် သွအီးဖ်မှန်သမျှအာလုံးလက်မခံငြင်းပယ်ခြင်းမှာ အလွန်ဆိုးရွားသောလုပ်ရပ်ဖြစ်သည်။
ဟဒီးစ် စနဒ်ဆင့်ပြန်ပုံကို ………
မော်လာနာရှမ်စွတ်ဒိုဟာ (မဇွာဟေရီ) ရှိုင်ခွလ်ဟဒီးစ်နှင့်ကျောင်းအုပ်ဆရာကြီး (၊ဆူဖီယဟ် အစ်စလာမ် တက်ကသိုလ်) ၏ ဗယာနုလ်ဟဒိးစ်မှ ကိုးကားဖော်ပြပါသည်။
 ကောင်စရ် ဘာဒ်ရှဟ်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

“ အောင်နိုင်ခြင်း ”

*** သမ္မတကြီးအိုမရ်သခင် ကြီးမှူးအုပ်ချုပ်နေစဉ် ...............

ဖြစ်ရပ်...
ဂျိဟာဒ် သာသနာ့စစ်ပွဲအတွက် စေလွတ်ထားသော သာသနာ့စစ်သည်တော်များထံမှ သံတမန်တစ်ဦးသတင်းပေးရန်အိုမရ်သခင်ထံရောက်ရှိလာခဲ့၏။

အိုမရ်သခင် “ .ဂျိဟာဒ်သာသနာ့ကြိုးပမ်းမှုဘယ်အချိန်လောက်အစပြုနိုင်လဲ ? ”

သံတမန် “ဒီနေ့ နေမမြင့်ခင်အစပြုနိုင်မယ်။ ”

အိုမရ်သခင် “ဘယ်အချိန်လောက်ဆိုအောင်နိုင်မလဲ ?

သံတမန်.. “နေမ၀င်ခင်လောက်ဆိုရင်အောင်မြင်မှာပါ။ ”

သတင်းစကားကြားလိုက်တဲ့အိုမရ်သခင်ဟာ မျက်ရည်တွေပါးတစ်ပြင်လုံးမျက်ရည်တွေစွတ်စိုသွားအောင်ငိုယိုတယ်။
မြင်တွေ့သူများနဲ့ သံတမန်ဟာ အံ့သြခြင်းများစွာနဲ့ အိုမရ်သခင်ကိုပြန်မေးလျှောက်တယ်။

“ သခင်ကြီးခင်ဗျား...ကျွန်တော်တို့သခင်ကြီးကိုပျော်ရွှင်စေဖို့သတင်းကောင်းပေးတာပါ။ သခင်ကြီးက သတင်းကောင်းအတွက်ပျော်ရွှင်မှုကိုဖေါ်ပြမှုမရှိ၊ ဘယ်ဖြစ်လို့ငိုရတာလဲ ? ”

အိုမရ်သခင်
“ အသျှင်မြတ်၏ကစမ် အမှန်တရားရဲ့ရှေ့မှာ အမှားဟာ ဒီလောက်ကြာကြာတည်ရှိမနေနိုင်ဘူး။အခုလိုတစ်နေ့တာလုံးကြာနေတာဟာ
ငါတို့ မင်းတို့ ကျုးလွန်တဲ့အပြစ်ဒုစရိုက်တွေကြောင့်ပဲ ”

“ မှတ်ထားကြ...........တို့တတွေရဲ့အောင်မြင်မှုတွေဟာ အင်အားကြောင့် ၊ ကျွမ်းကျင်မှုကြောင့် အောင်မြင်မှာ မဟုတ်ဘူး။
တို့တတွေရဲ့အပြစ်ဂိုနဟ်ဟာနည်းပါးပြီး ကာဖွေရ်တွေရဲ့အပြစ်ဂိုနဟ် ဟာ များပြားခြင်းကြောင့် အောင်နိုင်မှာကွ။
ကာဖွေရ်နဲ့တို့ အပြစ်ဒုစရိုက်တွေမှာ ညီတူညီမျှ ဖြစ်နေမယ်ဆိုရင် တို့တတွေစစ်အင်အားဘယ်လောက်ကောင်းကောင်း ကျွမ်းကျင်မှုဘယ်လောက်ရှိရှိ အောင်နိုင်တော့မှာမဟုတ်ဘူးကွ။အသျှင်ချီးမြှင့်မယ့် အောင်နိုင်ခြင်းဟာ အပြစ်ဂိုနဟ်ရှောင်ရှားခြင်းနဲ့ရနိုင်တယ်။ ကျုးလွန်ခဲ့တဲ့အပြစ်တွေအတွက် ငါတို့ မင်းတို့အသျှင့်ထံဝန်ချတောင်းပန်ရမယ်။”

( စဉ်းစားဖို့နဲ့သုံးသပ်ဖို့ပါ)


...........................ကျွန်တော်တို့ကျုးလွန်ခဲ့သော အပြစ်များအား ခွင့်လွတ်ချမ်းသာပေးသနားတော်မူပါ..အိုအသျှင်)         စွလာဟွဒ္ဒီးန်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

အမျိုးသမီးများအတွက် စကားလက်ဆောင်

بسم الله الرحمن الرحيم
လူမျိုးတိုင်း လူမျိုးတိုင်း၊ နေရာဒေသတိုင်း၊ အခြေအနေနှင့်အချိန်အခါအလိုက် လူသားမျိုးနွယ်အတွက် စကားလက်ဆောင်လေးတွေ ပေးလေ့ရှိတတ်ပါတယ်။ မှာတမ်းစကားများ အသွင်ဖြင့်လည်းကောင်း၊ ဆုံးမသြဝါဒပုံစံဖြင့် လည်းကောင်း၊ ပညာပေးပုံပြင်သဖွယ်လည်းကောင်း....စသည်ဖြင့် စသည်ဖြင့်။ ထို့အတူ ထိုစကားများအား ခေတ်အဆက်ဆက် ဆင့်ပွားပြောဆိုကြပြီး လက်တွေ့ကျင့်သုံးတတ်ကြသည်မှာလည်း လူသား၏ ပင်ကိုယ်ဗီဇအလားပါပဲ။ ထိုသို့ ဆင့်ကဲ့ရောက်လာသော အဖိုးတန် ရတနာ စကားလုံးများအနက် အရဗ်တို့၏ စကားလုံးများမှာ အခြားလူမျိုးများထက် ပိုမိုထိရောက်ပြီး၊ သာပိုအကျိုးရှိသည်ဟု ကျွန်တော်ထင်ပါသည်။ အရဗီစာပေ၏ နက်ရှိုင်းမှု့နှင့် ဘာသာခြားစာပေဝင်ရောက်မှု့နည်းခြင်း၊ အရဗ်တို့၏ စာပေကြွယ်ဝမှု့နှင့် အသိဥာဏ်လျှံပယ်မှု့ အစရှိသည်တို့ကြောင့် ၎င်းတို့၏ စကားများသည် ဘာသာပေါင်းစုံသို့ ပြန့်နှံ့သွား၏။ ထို့နောက် လူတို့သည် အိပ်စိုက်စကားလုံးများ ထည့်သွင်းကာ အရဗ်စကားပုံ၊ အဆိုအမိန့်တို့အား မွေးစားလေ့ရှိကြသည်။ မည်သို့ပင်ဖြစ်စေ အကျိုးရှိသည့်အရာတို့အား အကျိုးရှိသည့်နေရာတွင် အကျိုးရှိမည့်ပုံစံနှင့် တင်ပြခြင်းသည်အကောင်းဆုံးဖြစ်သောကြောင့် ကျွန်တော်လည်း အနည်းငယ်ကူးယူတင်ပြပေးလိုက်ပါတယ်။

ဒီတန်ဖိုးရှိတဲ့ စကားလေးတွေကို ထိုင်ဝိုင်းသူ၊ ထိုင်ဝိုင်းသားတို့က မိမိတို့ နီးစပ်ရာ အစ္စလာမ့်ဘာသာဝင် အမျိုးသမီးတို့ကို လက်ဆင့်ကမ်း ပို့ချပေးပြီး ကုသိုလ်ရေကန်လျှံပယ်စေကြမည်ဆိုလျှင်......

အမျိုးသမီးတစ်ဦးနှင့် သမီးငယ်လေးတစ်ဦး အိမ်တွင်အတူရှိနေကြသည်။ အချိန်မှာ သတို့သားအိမ်သို့ ချစ်စဖွယ်သမီးငယ်အားထည့်ပေးလိုက်မည့်အချိန်.... ခွဲခွာရတော့မည်ဖြစ်သောကြောင့် မျက်ရည်ကန်များ တာကျိုးအံ့ဆဲဆဲ ဖြစ်နေသော်လည်း ချစ်သမီးအား ရင်ခွင်တွင်းသို့ထည့်ကာ ရတနာများပေးနေခဲ့သည်။ နက်ရှိုင်းလှတဲ့ မိဘမေတ္တာရဲ့ ပုံရိပ်တစ်ခုပေါ့။ ပေးလိုက်တဲ့ ရတနာတွေက စိန်ကျောက်သံပတ္တမြားတော့ မဟုတ်... မှာတမ်းစကားတွေနဲ့ သီကုံးထားတဲ့ ပုလဲလည်ဆွဲတစ်ခုပေါ့။ မိခင်က ချစ်သမီးလေးရဲ့ ခေါင်းလေးကို ပွတ်သပ်ရင်း....

ချစ်သမီးလေး.... အကယ်၍ မှာတမ်းစကားဆိုတာ စည်းကမ်းရိုသေသဝတ်မှု့ရှိသူအား မပြောဆိုရကြေးဟု သတ်မှတ်နိုင်လျှင် သမီးလေးကိုလည်း ပြောနေဖို့မလိုဖူး။ သို့သော် မှာတမ်းစကားဆိုတာ မေ့လျော့နေသူကို သတိရစေတယ်။ အသိဥာဏ်ရှိသူကို အကူအညီရစေတယ်။
ဒီလိုပဲ သမီး.... အကယ်၍ မိဘနှစ်ပါးချမ်းသာလို့၊ မိဘနှစ်ပါးက သမီးကိုအရမ်းလိုအပ်လွန်းလို့ မိန်းမပျိုတစ်ယောက်ဟာ ခင်ပွန်းမလိုအပ်ဟု သတ်မှတ်နိုင်လျှင် သမီးလေးဟာ လောကီလူသားများအနက် ခင်ပွန်းမလိုအပ်ဆုံးသူဖြစ်လိမ့်မယ်။
ချစ်သမီးငယ်.... သမီးလေးက မွေးဖွားရာ ပတ်ဝန်းကျင်ကို စွန့်ခွာ၍ သွားနေတယ်။ စတင်ကြီးပြင်းရာအိမ်အား ကျောခိုင်း၍ သမီးမသိသော၊ မရင်းနှီးသောအိမ်သို့ သွားနေတယ်။ ဒါကြောင့် မေမေထံမှ စကားကြီးဆယ်ခွန်းကို ကျက်မှတ်၍သွားမည်ဆိုပါက သမီးလေးအတွက် ရတနာသိုက်တစ်ခု ပိုင်ဆိုင်သွားပေမယ်။
  • ၁။ တင်းတိမ်ရောင့်ရဲမှု့ဖြင့် ခင်ပွန်းသည်နားတွင် သမီးလေးနေထိုင်ပါ။
  • ၂။ အမိန့်နာခံစွာဖြင့် ခင်ပွန်းသည်အား ဆက်ဆံပါ။
  • ၃။ ခင်ပွန်းသည်၏ မျက်ရိပ်မျက်ကဲအား သိပါလေ။
  • ၄။ သမီးလေးရဲ့ အပြစ်တစ်စုံတစ်ခုအား ခင်ပွန်းသည်မသိပါစေနှင့်။
  • ၅။ ခင်ပွန်းသည်၏ စားသောက်ချိန်ကို သိပါလေ။
  • ၆။ ခင်ပွန်းသည် အိပ်နေစဉ် တိတ်ဆိတ်စွာနေပါ။ အဘယ်ကြောင့်ဆိုသော် ဆာလောင်မှု့၏ ဒဏ်သည် လွန်စွာလောင်ကျွမ်းစေတတ်ပြီး၊ အိပ်စက်မှု့အား အနှောက်ယှက်ဖြစ်စေခြင်းသည် မုန်းတီးစေတတ်၏။
  • ၇။ ခင်ပွန်းသည် ပူဆွေးဝမ်းနည်း၊ စိတ်ဒုက္ခရောက်နေချိန်တွင် ၎င်းရှေ့၌ ပျော်မြူးမှု့အား ရှောင်ကျဉ်ပါလေ။
  • ၈။ ၎င်းပျော်ရွှင်နေချိန်တွင် ဝမ်းနည်းညှိးငယ်စွာနေခြင်းအား ရှောင်ရှားပါ။ အဘယ်ကြောင့်ဆိုသော် ပထမအချက်(နံပါတ်၇)သည် ပေါ့လျော့မှု့ဖြစ်ပြီး ဒုတိယအချက်(နံပါတ်၈)သည် (စိတ်နှလုံးသားအား) နောက်ကျိစေခြင်းဖြစ်သည်။
  • ၉။ သမီးက လူတိုင်းထက်သာပို၍ ခင်ပွန်းသည်အား ကြီးမြင့်မြတ်သည်မှတ်ယူပါ။ သို့မှသာ ၎င်းသည် လူတိုင်းထက်ပို၍ သမီးအား ဂုဏ်ပေးမည်ဖြစ်သည်။
  • ၁၀။ သမီးငယ်မှတ်ထားပါလေ....။ သမီးကြိုက်သည့်ကိစ္စတွင်ဖြစ်စေ မနှစ်သက်သည့်ကိစ္စတွင်ဖြစ်စေ ခင်ပွန်းသည်၏ နှစ်သက်မှု့အား မိမိနှစ်သက်မှု့ထက် ဦးစားမပေးသရွေ့၊ ၎င်း၏ စိတ်ဆန္ဒအား မိမိ စိတ်ဆန္ဒထက် ဦးစားမပေးသရွေ့ သမီးလိုချင်တာကို ရနိုင်မှာမဟုတ်ဖူး။
သမီးငယ်လေးကို အလ္လာဟ်အရှင်မြတ် အကောင်းဆုံးရွေးချယ်ပေးတော်မူပါစေ။

စကားတစ်ခုအား လိုက်နာကျင့်သုံးခြင်းမရှိပဲ တန်ဖိုးရှိသည်ဟု ပြောဆိုခြင်းသည် လူပေါ့တို့၏ အရည်အချင်းဖြစ်သည်။
ထိုင်ဝိုင်းသူ၊သားများအားလုံး လက်တွေ့လိုက်နာကျင့်သုံးနိုင်ခွင့် ရနိုင်ကြပါစေ။
မှတ်ချက်။     ။ ဆုံးမစကားမှာ تاريخ الأدب العربي မှ ဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။
ဘရှီးလေး (မေမြို့)ဘရှီးလေး

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...