Thursday, August 09, 2012

လိုင်လတုလ်ကဒရ်ညဥ့်(သို့) လပေါင်းတစ်ထောင်ထက်သာလွန်တဲ့ညဥ့်

 


ချစ်ခင်လေးစားရပါသော သာသနာ့ညီအစ်ကိုမောင်နှမများခင်ဗျား။
ဒီနေ့ညဟာဆိုရင် ရမသွာန်လမြတ်ရဲ့ (၂၁)ရက်ညဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ အရှင်သတ်မှတ်ထားတဲ့ ဆွီယာမ်ဥပုသ်သီလကို ရက်ပေါင်းနှစ်ဆယ်တိုင်တိုင် စောင့်ထိန်းခဲ့ပြီးဖြစ်ပါတယ်။ အခုညကစပြီးတော့ ရမသွာန်လမြတ်ရဲ့နောက်ဆုံးဆယ်ရက်ကိုရောက်ရှိခဲ့ပြီဖြစ်လို့ ကျွန်တော်တို့တွေဟာ အိပ်စက်ခြင်းကို ချိုးခြံချွေတာပြီး ညစဉ်ညတိုင်းကို အရှင်နဲ့နီးကပ်မှုရအောင်ပိုပြီးတော့ အေဗာဒတ်ပြုကြဖို့တိုက်တွန်းပါရစေ။ ဒီနောက်ဆုံးဆယ်ညထဲမှာပဲ အင်မတန်မှ ထူးမြတ်အဖိုးအနဂ္ဃထိုက်တန်တဲ့ လပေါင်းတစ်ထောင်ထက် သာလွန်တဲ့ လိုင်လသွလ်ကဒရ်ညဥ့်မြတ်တည်ရှိနေပါတယ်။ ဒါ့ကြောင့် လိုင်လတွလ်ကဒရ်ညဥ့်မြတ်နဲ့ပတ်သက်တဲ့ ဟဒီးဆ်သြဝါဒတော်အချို့ကိုတင်ပြပေးလိုက်ပါတယ်။

မိခင်ကြီးအာအိယှာ(ရသွိ) သခင်မထံမှ ကြားသိရ၏။ တမန်တော်မြတ်(ဆွ)သည် ရမသွာန်လနောက်ဆုံး(၁၀)ရက် သို့ရောက်လျှင် ခါးဝတ်ကိုမြဲမြံစွာဝတ်တော်မူ၏။ ညဥ့်များကို အိပ်စက်ခြင်းမရှိအိမ်သူအိမ်သားများအားလုံးကို မအိပ်စေဘဲ ထားတော်မူ၏။ (ဗုခါရီ)

မိခင်ကြီးအာအိယှာ(ရသွိ)သခင်မထံမှကြားသိရ၏။ တမန်တော်မြတ်ဆွ)က မိန့်တော်မူသည်မှာ ရမဿွာန်လနောက်ဆုံး (၁၀)ရက်အတွင်းစုံမဟုတ်သောညဥ့်များတွင် လိုင်လတုလ်ကဒရ် ညဥ့်ကို ရှာဖွေကြကုန်ဟူ၏။ (ဆိုလိုသည်မှာ၊ ၂၁၊၂၃၊၂၅၊၂၇၊၂၉- ညများတွင် ရှာဖွေကြကုန်ဟူ၏။)(ဗုခါရီ)

အိဗ်နုအဗ်ဗားစ်(ရသွိ) သခင်ထံမှကြားသိရ၏။တမန်တော်မြတ်(ဆွ)က မိန့်ကြားတော် မူပါသည်။ ထိုညဥ့်ကို ရမဿွာန်လ နောက်ဆုံး(၁၀)ရက်တွင် ရှာဖွေကြလော့။ လိုင်လတုလ်ကဒရ်ညဥ့်သည် ကျန်(၉)ရက်၌လည်းကောင်း၊ ကျန်(၇)ရက်၌လည်းကောင်း၊ ကျန်(၅)ရက်၌လည်းကောင်း ကျရောက်၏။ (ဆိုလိုသည်မှာ (၂၁)ရက်ညဥ့်၊ (၂၃)ညဥ့်၊ (၂၅)ရက်ညဥ့်များတွင် ရှာဖွေကြကုန်ဟူ၏။)(ဗုခါရီ)

အဗူဗကရ်(ရသွိ) ထံမှတစ်ဆင့်ကြားသိရသည်မှာ တမန်တော်မြတ်(ဆွ)သည် ဤသို့မိန့်ကြားတော်မူပါ၏။ ရှာဖွေကြလော့။ လိုင်လတုလ်ကဒရ်ကို ကျန်(၉)ရက်၌ လည်းကောင်း၊ ကျန်(၇)ရက်လည်းကောင်း၊ ကျန်(၅)ရက်၌လည်းကောင်း၊ ကျန်(၃)ရက်၌ လည်းကောင်း၊ သို့တည်းမဟုတ် လကုန်နောက်ဆုံးညဥ့်၌ လည်းကောင်းရှာဖွေကြဟူ၏။ (သိရ်မီဇီ)

အိဗ်နုအိုမရ်(ရသွိ) သခင်ထံမှကြားသိသည်မှာ တမန်တော်မြတ်(ဆွ)ထံသို့ လိုင်လတုလ် ကဒရ်နှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းကြည့်ရာ တမန်တော်မြတ်(ဆွ)က ထိုညဥ့်သည် ရမသွာန်လတိုင်းရှိသည်ဟူ၏။ (အဗူဒါဝူးဒ်)

ဆိုလိုသည်မှာ ရမသွာန်လတိုင်းလတိုင်း၌ လိုင်လတုလ်ကဒရ် ကျရောက်၏။ မည်သည့်ရမသွာန်လမဆို ဤအံ့သြဘွယ်ရာညဥ့်မြတ် မကျရောက်သည်မရှိ။ အချို့ကတမန်တော်မြတ်(ဆွ)သက်တော်ထင်ရှားရှိစဉ်အတွက်သာ ဤညဥ့်မြတ်ကို ကျရောက်စေသည် ဟု ယူဆကြ၏။ ဤယူဆချက်ကို ချေပလိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ရမသွာန်လတစ်လလုံးအတွင်း ညဥ့်တစ်ညဥ့်၌ကျရောက်သည်။ ထိုညဥ့်ကို လျို့ဝှက်ထား သည်ဟူ၏။

ကဒရ်ညဥ့်ဆုတောင်း
မိခင်ကြီးအာအိယှာသခင်မ(ရသွိ)ထံမှကြားသိရ၏။ မိခင်ကြီးကမိန့်ကြားသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွ) ထံသို့ ဤသို့လျှောက်ထား၏။ အကယ်၍ ကျွန်တော်မျိုးမသည် လိုင်လတုလ်ကဒရ်ညဥ့်ကို ဧကန်အမှန်သိရသော် အဘယ်သို့ ဆုတောင်းကို တောင်းခံရပါအံ့နည်း။ ထိုအခါ တမန်တော်မြတ်(ဆွ)က အသင်မ ဤသို့ တောင်းဆိုလော့ ဟုမိန့်တော်မူ၏။

အလ္လာဟွမ္မ အင်းန်နက အဖူးဝန် သုဟစ်ဘွလ် အဖ်ဝ ဖအ်ဖု အန်းနီ
အို-အရှင်မြတ်၊ အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို မြတ်နိုးတော် မူပါသဖြင့် ကျွန်တော်မျိုးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုတော်မူပါ။ (အဟ်မဒ်၊ အိဗ်နုမာဂျာ၊ သိရ်မေဇီ)











If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...