Saturday, July 16, 2011

(ရွဗ္ဗိဘာရာသ္ည(ငြိမ်းချမ်းခွင့်ရသည့် ည)

(ရှဗ်ဗိဘာရာသ်ည(ငြိမ်းချမ်းခွင့်ရသည့် ည)

 အစ္စလာမ် ပြက္ခဒိန်အရ ဆိုလျှင် ရှာဘာန်လ ၁၄ ရက်နေ့ နှင့်   ၁၅ ရက်နေ့ည သည် ရှဗိဘာရာသ်ည ဖြစ်သည်။


Islamic Calendar
 1. Muharram
 2. Safar
 3. Rabi' al-awwal
 4. Rabi' al-thani
 5. Jumada al-awwal
 6. Jumada al-thani
 7. Rajab
 8. Sha'aban
 9. Ramadan
 10. Shawwal
 11. Dhu al-Qi'dah
 12. Dhu al-Hijjah



          မိမိတို့ သိသော ရှ်ဗ်ဗိဘာရာသ် ညနှင့် လုပ်ဆောင်ချက်များမှာ သိရ်မိဇီဟဒီးဆ်ကျမ်းတွင် အိုင်ရှာ (ရ) ၏ တင်ပြချက်ကို ဖေါ်ပြ ထားသည်မှာ၊ တစ်ည မိမိအိပ်ရာမှ နိုးချိန် တမန်တော်မြတ်ကို မတွေ့ရသဖြင့် လိုက်ရှာရာ အိမ်မှထွက်ခွါနေသော တမန်တော်မြတ်ကို တွေ့ရသည်။ ထိုအခါ ကျွန်မ နောက်မှ လိုက်ကြည့်ရာ တမန်တော်မြတ်သည် ဂျန္နသ် ဗကိအ်ဖက်သို့ သွားနေသဖြင့် ကျွန်မလည်း နောက် မှလိုက်သွားမိသည်။ တမန်တော်မြတ်သည် ကဗရ်ရှေ့တွင် ရပ်လျှက် သေဆုံးသူတို့အတွက် ခွင့်လွှတ်မှုကိုတောင်းခံနေပေသည်။ ကျွန်မ ကို တွေ့လျှင် အိုအိုင်ရှာ အလ္လာဟ်နှင့် အလ္လာဟ်တမန်တော်သည် အသင့်ကို သစ္စာ ဖေါက်သည်ဟု အသင်ထင်မြင်နေသလား။ ကျွန်မက မဟုတ်ကြောင်း တမန်တော်မြတ် အနေဖြင့် ကိစ္စရှိမည်ဖြစ်၍ အခြား ဇနီးတော် တစ်ဦးဦးထံ သွားနေသလားဟုသာ ထင်မြင်ကြောင်း ပြော မိသည်။ တမန်တော်မြတ်က အိုအိုင်ရှာ ဤညသည် မည်သည့်ည ဖြစ်သည်ကို အသင်မသည် သိပါသလားဟုမေးရာ ကျွန်မက အလ္လာဟ် နှင့် အလ္လာဟ်ရစူလ်သာ အသိဆုံးဖြစ်ပါကြောင်းပြောရာ၊ တမန်တော်မြတ် က ဒီညသည် ရှာဘာန်လ ၁၅ ရက်နေ့ညဖြစ်ကြောင်း ဘာရာသ် ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ညဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ဗနီကလ်ဗ် တို့၏ သိုးများပေါ်ရှိ အမွှေးများ အရေအတွက် နှင့် တူညီ သော လူတို့၏ အရေအတွက်ကို အပြစ်ငရဲများမှ ခွင့်လွှတ်မည်ဖြစ် ကြောင်း ပြောပြပါသည်။



       ထိုအကြောင်းများကြောင့် မိမိတို့သည် (၁) ကဘရ်စတန်သင်္ချိုင်းများ သို့သွားရောက်ခြင်း (၂) တစ်နေ့လုံးအတွက် ဆွလာသ် ၅ ကြိမ် ရအောင် ဖတ်ခြင်း ( ၃) မဂ်ရိဗ် ဆွလာသ် အပြီး နဖိလ် ဆွလာသ် ၂ ရကအသ် ၃ ကြိမ် ဖတ်ခြင်း (၄) စူရာ ရာစီးန် ၃ ကြိမ်ဖတ်ခြင်း (၅) ညအခါ သဟဂ်ျဂျွဒ် နမာဇ် ဖတ်ခြင်း (၆) ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်း (၇) ဇိကိရ် ရသလောက်လုပ် ခြင်း (၈) ဆွလာသ် သစ်ဘိဟ် ဖတ်ခြင်း (၉) စဟ်ရီစားသောက်ခြင်း ရိုဇာစောင့်ထိန်းခြင်း (၁၀) တတ်အားသ၍ အလှူဒါနပြုလုပ်ခြင်း စသဖြင့် မိမိတို့၏ ရှဗ်ဗိဘာရာသ်ကို အကောင်းဆုံးဖြစ်အောင် အမလ်အိဗါဒသ်များဖြင့် ကျေနပ်စရာဖြစ်အောင် လုပ်ဆောင်လေ့ရှိပါသည်။



          သို့သော်ငြားလည်း ယနေ့ခေတ်လူတို့သည် အထက်ပါဖေါ်ပြချက်များ မှန်ကန်မှုရှိမရှိကို အထူးတလည် လိုက်လံမေးမြန်း ရှာဖွေကြလေ့ရှိသည်ကိုလည်း သိသဖြင့် ယနေ့ အိန္ဒိယတိုက်ခွဲတွင် ပါကစ္စတန်နိုင်ငံမှ ကမ္ဘာကျော် အစ္စလာမ် သာသနာ့ပညာရှင် မောင်လာနာ မုဖ်သကီး ဆွာဟိဗ် တင်ပြသည့် ရှဗ်ဗီဘာရာသ် အကြောင်း သိကောင်းစရာများကို အောက်ပါအတိုင်း မြန်မာဘာသာသို့ ပြန်ဆိုရေးသား လိုက်ပါသည်။



၁။ ရှာဘန်လမြတ်သည် မြင့်မြတ်သော လမြတ်များတွင် ပါပြီး ၄င်းလမြတ်နှင့် ပတ်သက်ပြီး တမန်တော်မြတ် (ဆွ) ၏လမ်းညွှန်ချက် များကို လေ့လာနိုင်ပါသည်။ ဟဒီးဆ်တော်များအရ တမန်တော်မြတ် (ဆွ) သည် လမြတ် ရှာဘန်တွင် ရက်များစွာ၌ဥပုသ် တည်ဆောက် သည်ကို တွေ့နိုင်ပါသည်။ အဆိုပါ ဥပုသ်စောင့်ထိန်းခြင်းသည် တမန်တော်မြတ်(ဆွ)အပေါ်တွင် ဖရဇ်တာဝန် မဖြစ်မနေလုပ်ရမည့်တာဝန် အဖြစ် မတည်ရှိသော်လည်း တမန်တော်မြတ်(ဆွ)သည် လာတော့မည့် လမြတ်ရမ်ဇာန်နှင့် ပတ်သက်ပြီး ပြင်ဆင်ခြင်းလုပ်ငန်းများ ကို လုပ်သည့်အနေဖြင့် ရိုဇာစောင့်ထိန်းခြင်း အခြားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် သည်ကို လေ့လာနိုင်ပါသည်။



၂။ အနက်စ်(ရ)တင်ပြသည်မှာ တမန်တော်မြတ်အား ရမ်ဇာန်လမြတ်ပြီးနောက် မည်သည့် လ၏ရိုဇာသည် အမြင့်မြတ်ဆုံးဖြစ်ပါသနည်းဟု မေးရာဖြေကြားသည်မှာ ရှာဘန်လ၏ ရိုဇာဖြစ်ကြောင်းမိန့်ပါသည်။



၃။ အိုစာမာဗင်ဇိုဒ်(ရ)က တမန်တော်မြတ် (ဆွ) အား ပြောဆိုသည်မှာ “အိုတမန်တော်မြတ်(ဆွ) သခင်သည် ရှာဘာန်လတွင် အများနှင့် မတူ ထူးထူးကဲကဲ ဥပုသ် စော့င်ထိန်းလေ့ရှိပါသည်။ မည်သည့် အကြောင်းကြောင့် ပါနည်း” ဟုမေးရာ တမန်တော်မြတ်(ဆွ)က “အို အိုစာမာ ရှာဘာန်လသည် ရဂျဗ်လနှုင့် ရမ်ဇာန်လမြတ်တို့ အကြားတွင် ကျရောက်ပြီး များစွာသောသူတို့သည် ဤလကို မေ့ထားကြ လေ့ ရှိသည်။ ၄င်းနောက် ဤလတွင် လူတို့၏ ကောင်းမှု မကောင်းမှု စာရင်းအစုစုကို အလ္လာဟ်အရှင် မြတ်ထံ ဆက်သလေ့ရှိပါသည်။ မိမိသည် မိမိ၏ စာရင်းဇယားကို အလ္လာဟ်အရှင်မြတ်ထံ တင်ပြသည့်အချိန်တွင် ရိုဇာစောင့်ထိန်းလျှက် ရှိနေချင်ပါသည်”” ဟု ဖြေကြားပါသည်။



၎။ အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) ရှာဘာန် လတွင် တစ်လလုံး ရိုဇာစောင့်ထိန်း လေ့ရှိပါသည်။ သို့ဖြင့် မိမိသည် တမန်တော်မြတ် (ဆွ) အား မေးမြန်းသည်မှာ ““ ရှာဘာန်လသည် သခင့် အတွက် အလွန်အနှစ်သက်ဆုံးသော လများတွင် ပါဝင်ပါ သလား”” သခင်က ““ရှာဘာန်လတွင် အလ္လာဟ် အရှင်မြတ်သည် ကွယ်လွန်သေဆုံးမည့်သူများ စာရင်းကို ထုတ်ပြန်လေ့ရှိ ပါသည်။ မိမိသည် မိမိ၏ သေစာရင်းကို ထုတ်ပြန်သည့်အချိန်တွင် ရိုဇာစောင့်ထိန်းလျှက်ရှိချင်ပါသည်”” ဟု ဖြေကြားပါသည်။



၅။ အိုင်အိရှာ (ရ) မိန့်သည်မှာ တမန်တော်မြတ် (ဆွ) သည် ရိုဇာစောင့်ထိန်းပြီဆိုလျှင် မိမိတို့ထင်မြင်မိသည်မှာ သခင်သည် ရိုဇာစောင့် ထိန်းခြင်းကို ရပ်ဆိုင်းတော့မည်မဟုတ်ဟု ဟူ၍ဖြစ်သည်။ ရိုဇာစောင့်ထိန်းခြင်းကို ရပ်ဆိုင်းလိုက်ပြီဆို လျှင် နောက်ထပ် ရိုဇာစောင့်ထိန်း တော့မည်မဟုတ်ဟု ထင်မြင်ကြသည်။ တမန်တော်မြတ် သည် ရမ်ဇာန်လမှလွဲလျှင် မည်သည့်လတွင်မှ တစ်လ လုံးပြည့် အောင် ရိုဇာ စောင့် ထိန်းခဲ့သည်မဟုတ်ပါ။ သို့သော် ရှာဘန်လတွင်မူ အခြားသောလများထက် ရိုဇာအများဆုံး စောင့်ထိန်း တော်မူလေ့ရှိပါသည်။



၆။ အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) သည် ရှာဘာန်လ၏ ရိုဇာစောင့်ထိန်းခြင်းကို အထူး ဂရုပြုစောင့်ထိန်းသည်ကို တွေ့ရသည်။ သခင်သည် ရက်အနည်းမှလွဲ၍ ရှာဘာန် တစ်လလုံး ရိုဇာစောင့်ထိန်း လေ့ရှိသည်။ မသိလျှင် သခင်သည် ရှာဘာန်တစ် လလုံး ရိုဇာစောင့်ထိန်းသည်ဟု ထင်မြင်ရပါသည်။

စလီမာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) အား မိမိသည် လနှစ်လတွင် တနှစ်လုံးပြည့် အောင် ရိုဇာစောင့်ထိန်းတော်မူလေ့ရှိ သည်။ ထိုလနှစ်လမှာ ရမဇာန် နှင့် ရှုာဘာန်လတို့ဖြစ်သည်။



အထက်ပါ ဟဒီးဆ်များကို လေ့လာခြင်းအားဖြင့် တမန်တော်မြတ် (ဆွ) သည် ရှာဘာန်လတွင် ရက်များစွာ ရိုဇာဥပုတ်စောင့်ထိန်း လေ့ရှိ သည်ကို တွေ့ရပါသည်။ ထိုသို့စောင့်ထိန်းခြင်းသည် တမန်တော်မြတ်အပေါ်တွင် ဖရဇ် တာဝန်တစ်ရပ်မဟုတ်သော်လည်း တမန်တော် အနေဖြင့် တဆိုက်မတ်မတ် ရိုဇာစောင့်ထိန်းခြင်းကို ကြည့်ခြင်းဖြင့် သိရသည်မှာ ရှာဘာန်လသည် မြင့်မြတ်သော လဖြစ်သည်မှာ သေချာ ခြင်းပင်ဖြစ်ပါသည်။



သို့သော် အထူးသတိထားသင့်သည်မှာ ရှာဘာန်လ ရိုဇာစောင့်ထိန်းခြင်းသည် သန်မာသော စွမ်းဆောင်နိုင် သော သူတို့အတွက် သာဖြစ် သည်။ ရှာဘာန်လရိုဇာစောင့်ထိန်းခြင်းဖြင့် အားပြတ်ကာ ရမ်ဇာန်လ ရိုဇာစောင့်ထိန်းခြင်း မပြုလုပ်နိုင်သည့် အခြေအနေကို ရောက်မသွား ရန် သည်အလွန်ပင်အရေးကြီးပါသည်။ သို့ဖြင့်၍ မည်သူမဆို ရှာဘာန်လ ရိုဇာစောင့်ထိန်းခြင်းဖြင့် နေထိုင်မကောင်း ဖြစ်ခြင်း၊ ရမ်ဇာန်လ တွင် ရိုဇာမစောင့်ထိန်းနိုင်လောက်အောင် အားအင်ရုတ်ရော့ သွားအောင်ဖြစ်မည်ဆိုလျှင် မိမိတို့အနေဖြင့် ရှာဘာန်လတွင် ရိုဇာမစောင့် ထိန်းရန်သာဖြစ်သည်။ ရမ်ဇာန်လမြတ်၏ ရိုဇာစောင့်ထိန်းခြင်းသည် ပိုမိုမြင့်မြတ်သည်ကို မိမိတို့ မမေ့ကြရန် အရေးကြီးပါ သည်။



တမန်တော်မြတ် (ဆွ) မိန့်သည်မှာ သာမန် မွတ်စ်လင်မ်ထုအနေဖြင့် ရမ်ဇာန်လမရောက်ခင် နှစ်ရက် ခန့်အတွက် လုံးဝ ရိုဇာမစောင့် ထိန်း ရန် လမ်းညွှန်ထားခြင်းဖြစ်ပါသည်။ “မည်သူမဆို ရမ်ဇာန်လမြတ်၏ ရိုဇာစောင့်ထိန်းခြင်းကို ရှာဘာန်လ၏ နောက်ဆုံး ရိုဇာ တစ်ရက် သို့မဟုတ် နှစ်ရက်ဖြင့် အစမပြုကြပါနှင့်” ဟူ၍ဖြစ်ပါသည်။



အဘူဟိုရိုင်ရာ (ရ) တင်ပြထားသည်မှာ “ရှာဘာန်လ၏ ပထမ နှစ်ပတ် ကုန်လွန်သွားပြီးနောက် ရိုဇာမစောင့် ထိန်းကြရ” ဟု၍ဖြစ်ပါ သည်။ သဘောမှာ ရှာဘာန်လ၏ နောက်ဆုံး နှစ်ပတ်တွင် မည်သူမျှ ရိုဇာစောင့်ထိန်းခြင်းမပြုကြနှင့်ဟူ၍ ဖြစ်ပါသည်။ တနည်းအား ဖြင့် နောက် ဆုံး နှစ်ပတ် စားစားသောက်သောက်ဖြင့် ရမ်ဇာမ်လအတွက် ပြင်ဆင်ထားကြရန် သတိပေးထားခြင်းဖြစ်ပါ သည်။



ရှာဘာန်လ၏ ထူးမြတ်မှုတစ်ခုသည် ၄င်းလတွင် ညတစ်ညရှိပါသည်။ ၄င်းညကို “လိုင်လတွလ်ဘာရာသ် အပယ်ငရဲမှ လွတ်မြောက်မှုရနိုင်သောည” ဟုခေါ်ပါသည်။ ၄င်းညသည် ရှာဘာန်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့ ည ၏ ကြားညဖြစ်ပါသည်။ ဘာရာသ်ည၏ ထူးမြတ်နှင့် ပတ်သက်သော ဟဒီးဆ်တော်များကို ဆက်လက်လေ့လာကြည့်ကြပါစို့။



အိုင်အိရှာ (ရ) တင်ပြသည်မှာ တမန်တော်မြတ် (ဆွ) သည် တစ်ရက် သဟဂ်ျဂျွဒ် ဆွလာသ် ဖတ် နေစဉ် စိဂ်ျဒဟ် ပြုလုပ်နေသည် မှာ အတော်ပင်ကြာမြင့်သွားပြီဖြစ်သည်၊ မည်မျှကြာသနည်းဟူမှု ကျွန်မအနေဖြင့် ထင်လိုက် သည်မှာ တမန်တော်မြတ် (ဆွ) ကွယ်လွန် သွား ပြီ လားဟု ထင်လိုက်ရပါသည်။ ကျွန်မလည်း အိပ်နေရာမှထလာကာ တမန်တော်မြတ် (ဆွ) ၏ လက်မကို မကြည့် လိုက်ရာ လှုပ်ရှား လာ သည်ကို တွေ့ရသဖြင့် စိတ်သက်သာရလာပြီး မိမိနေရာသို့ ပြန်လာလိုက်ပါသည်။ ထို့နောက် တမန်တော်မြတ် (ဆွ) စိဂ်ျဒဟ် လုပ်နေရင်း နုတ်မှ အောက်ပါ အတိုင်း ရေရွတ်သည်ကို ကြားရပါသည်။ “ ကျွန်တော်မျိုးသည် အရှင်မြတ်၏ အပြစ်ပေးခြင်းကို အရှင်မြတ်၏ ခွင့်လွှတ်မှု အရိပ်အောက်တွင် ခိုလှုံပါသည်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ မနှစ်သက်မှုကို အရှင်မြတ်၏ နှစ်သက်မှု အရိပ်အောက်တွင် ခိုလှုံပါ
သ ည်၊ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ဂရုဏာတော်၏ အရိပ်အောက် တွင် ခိုလှုံပါသည်၊ ကျွန်တော်မျိုးသည် အရှင်မြတ် ထိုက် တန် သင့်မြတ်သည့် အနေအထားမျိုးဖြင့် ချီးမွန်းနိုင်ခြင်း အလိုငှာ မတတ်သာလေပြီဖြစ်သည်၊ အရှင်မြတ်သည် မိမိ၏ သတ်မှတ် တည်ရှိမှု အနေ အထားဖြင်ပင် တည်ရှိ နေပါသည်”။ ထို့နောက် တမန်တော်မြတ် (ဆွ) သည် မိမိ၏ ဆိဂ်ျဒဟ် မှထလာကာ ဆွလာသ်ကို အဆုံး သတ် လိုက်ကာ မိမိကို ပြောပါသည်၊ “ အို အိုင်ရှာ အသင်အနေဖြင့် အလ္လာဟ်တမန်တော် သည် အသင့်ထံပါးမှ စွန့်ခွါထွက်သွားပြီဟု ထင်ပါသလား၊ အိုင်ရှာ (ရ) အို တမန်တော် ကျွန်မ အနေဖြင့် အလွန်စိုးရိမ် သွားသည်မှာ သခင် စိဂ်ျဒဟ် လုပ်နေသည်မှာ ကြာလွန်းသဖြင့် သခင်၏ ၀ိဥါည် ထွက်သွားပြီ ဖြစ်ပြီးလားဟု ထင်မြင်ရခြင်း ဖြစ်ပါသည်။ တမန်တော်မြတ် (ဆွ) မိန့်သည်မှာ အိုအိုင်ရှာ အသင်သည် ဒီည မည်သည့်ညဖြစ်သည်ကို သိပါသလား၊ အိုင်ရှာက အလ္လာဟ်နှင့် အလ္လာဟ် တမန်တော်သာ အသိဆုံးဖြစ်ကြောင်းပါဟု ပြောပါသည်။ ထိုအခါ တမန်တော်မြတ်က ဒီညသည် ရှာဘာန်လ၏ ၁၅ ရက်မြောက်ည ဖြစ်သည်။ ဤညတွင် အလ္လာဟ်အရှင်မြတ် သည် မိမိ၏ ကျေး ကျွန်များကို ကြည့်ရှုပြီးနောက် ကောင်းမွန်မြင့်မြတ်သော မှန်ကန်သောသူတို့အား အပြစ်များကို ခွင့်လွှတ်တော်မူပြီး မိမိ၏ ဂရုဏာ တရား ကို ချီးမြင့်တော်မူလေသည်။ သို့သော် မမှန်ကန်သူ အပြစ်လုပ်သူတို့အတွက် ပြစ်ဒါဏ်များ သတ်မှတ်တော်မူပြီး သူတို့အနေဖြင့် ခွင့်လွှတ်မှု မတောင်းခံသမျှ ကာလပတ်လုံး ၄င်းအပြစ်ဒါဏ်များကို တည်ရှိစေလေသည်။



အိုင်ရှာ (ရ) တင်ပြသည်မှာ ထိုညမြတ်တွင် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင် အောက်သို့ ဆင်းသက် လာပြီးနောက် မြောက်များ စွာသော လူများ ၄င်းတို့၏ အရေအတွက်သည် ဗနီခလ်ဗ် အမျိုးနွယ်ဝင်တို့၏ သိုးများ၏ အမွေးအရေအတွက်ထက် ပင်များပြားသော လူတို့ အား အပြစ်များမှ ခွင့်လွှတ်တော်မူလေသည်။ မဒီနာ မြို့ပတ်ဝန်းကျင်တွင် ဗနီကလ်ဗ် ဟူသော အမျိုးနွယ် ၀င်တို့တွင် များစွာသော သိုးများရှိပြီး ၄င်းသိုးတို့၏ အမွှေးများအရေအတွက်သည် မည်မျှများလိမ့်မည်ကို မိမိတို့ခန့်မှန်းနိုင်သည်။ တနည်းအားဖြင့် မြောက်များ စွာသော လူတို့၏ အရေအတွက်ကို ဆိုလိုခြင်းဖြစ်ပြီး ၄င်းတို့၏ ပြစ်ဒါဏ်များကို ခွင့်လွှတ်မည်ဟု ဆိုလိုရင်းဖြစ်ပါသည်။



နောက်ဟဒီးဆ်တော်တစ်ပုဒ်တွင် အိုင်ရှာ (ရ) ကပင်တင်ပြခဲ့သည်မှာ ““၄င်းညတွင် ဗနီကလ်ဗ် တို၏ သိုးများ၏ အမွှေးများ အရည် အတွက် နှင့် ညီမျှသော လူအရေအတွက်အား ဂျဟန္နမ် ငရဲမီးလောင် မြိုက်နေရာမှ ခွင့်လွှတ်မှု ပေးသည်ဟူ၍ ဖြစ်ပါသည်။ အလ္လာဟ် အရှင်မြတ် ခွင့်လွှတ် လိုက်သူများတွင် မည်သူမည်ဝါကို ခွဲခြားခြင်းမပြုဘဲ တနည်းအားဖြင့် ၄င်းတို့အတွင်း အလ္လာဟ်အရှင်မြတ်အား ရှိရ်က် လုပ်သူများ၊ နှလုံးသားများအတွင်း မကောင်းမှု များဖြင့် ပြည့်နက် နေသူများ၊ ဆွေမျိုးညာသကာနှင့် အဆက်ဖြတ်ထားသူများ၊ ခြေမျက်စိအောက် ဂုဏ်မောက် သလို လုံချည် ဘောင်းဘီ ၀တ်ကြသူများ၊ အရက်သေစာ သောက်စားသူများ စသဖြင့် မခွဲခြားဘဲ အပယ် ငရဲမှ ထုတ်ယူကာ အပြစ်ခွင့်လွှတ်လိုက်ခြင်းဖြစ်ပါသည်။



မုအာဇ် (ရ) တင်ပြသည်မှာ တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ် သည် ဘာရာသ်ည အခါတွင် မိမိဖန်ဆင်း တော်မူခဲ့သည့် လူအပေါင်းတို့ကို ကြည့်ရှုတော်မူလျှင် ၄င်းတို့ အားလုံးကို အပြစ်အပေါင်းမှ ခွင့်လွှတ်တော်မူလေသည်။ သို့သော် ၄င်းတို့ အနက် အလ္လာဟ် အရှင်မြတ်အား ရှိရ်က် လုပ်သူအပေါင်းတို့နှင့် စိတ်နှလုံးများအတွင်း မကောင်းစိတ်ထားသူများ မပါဝင်ပါလေ။



ဖေါ်ပြပါ အဟာဒီးဆ် များနှင့် ပတ်သက်ပြီး အများစုသော ပညာရှင်များက အချို့ဟဒီးဆ်တော်များသည် ခိုင်မာမှုရှိပြီး အချို့သည် အား နည်းချက်များရှိသည်ကို လက်ခံကြပါသည်။ သို့သော် အချို့သောပညာရှင်တို့က ဟဒီးဆ် အချို့၏ ခိုင်မာမှုဆိုင်ရာ ချို့ယွင်းချက်များ အပေါ် လက်ခံမှုမပြုကြဘဲ ဘာရာသ်ည၏ ထွတ်မြတ်မှုကို ငြင်းပယ်လိုက်ကြသည် လည်းရှိပါသည်။ ၄င်းတို့၏ ညင်းပယ်မှုကို မည်သို့မှ တုံ့ပြန်ပြောဆိုလိုသော်လည့်း ၊ အထက်ပါ ဟဒီးဆ်များကို စုပေါင်းကြည့်လိုက်သည့်အခါ၊ များစွာသော ပညာရှင်တို့သည် ၄င်းည၏ ထွတ်မြတ် မှုကို လက်ခံကာ အမလ် အိဗါဒသ် လုပ်ကာ အကျိုးပွားများလာသည်မှာ နှစ်အဆက်ဆက် ခေတ် အဆက်ဆက် ရှိခဲ့ပြီ ဖြစ်သည်။



ဘာရာသ်ည၏ ထူးမြတ်မှုကို နားလည်လက်ခံသောသူတို့အတွက် ၄င်းညကို ပိုင်နိုင်စွာအသုံးချနိုင် လျှင် အကောင်းဆုံးဖြစ်သည်။ ၄င်းတစ်ညတာအတွက် နိုးနိုးကြားကြား ရှိနေသင့်သည်။ သို့သော် ညတာ၏ အချို့အစိတ်အပိုင်းတွင် နိုးကြားနေလျှင်လည်း ကောင်းလှ ပါသည်။ ၄င်းည၏ အစိတ်အပိုင်းသည် ညဦးပိုင်းဖြစ်စေ မိုးလင်းပိုင်းဖြစ်စေ ပြဿနာ မဖြစ်နိုင်ပါ။ ၄င်းနောက် အောက်ဖေါ်ပြပါ အိဗါဒသ်များကို တတ်အားသ၍ လုပ်နိုင်ပါသည်။



(၁) ဆွလာသ် တည်ဆောင်မှုသည် အမလ် အိဗါဒသ်အပေါင်းတွင်အကောင်းဆုံးဖြစ်သည်။ မည်မျှသော ရကအသ် ဖတ်သင့်ကြောင်း အတိအကျ မဆိုထားသော်လည်း ၈ ရကအသ် ဖတ်ဖြစ်နိုင်လျှင် အကောင်းဆုံးဖြစ် သည်။ ပညာရှင်အများစုသည် ၈ ရကအသ် အနည်း ဆုံး ဖတ်ကြသည်။ ဆွလာသ် ဖတ်လျှင်လည်း သတိပြုသင့် သည်က ဆွလာသ်၏ စိဂ်ျဒဟ်နှင့် ရကုအ် ကို ခပ်ကြာကြာ ခါတိုင်းထက် အချိန်ပိုကာ လုပ်သင့်သည်။ စူရာအတွဲများကိုလည်း ရှည်လျှားသည့် စူရာကို ဖတ်နိုင်ကကောင်းသည်။ စူရာအရှည် အလွတ်မဖတ်နိုင်က အတိုစူရာများကို တတ်နိုင်သလောက်တွဲကာ ဖတ်လျှင်လည်းကောင်းပါသည်။



(၂) ဆွလာသ်ဖတ်ပြီးသည့်နောက် ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်းသည် အကောင်းဆုံးသော အအ်မာလ် အိဗါဒသ် ဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန်မှ မည်သည့် စူရာဖြစ်စေ၊ ဖတ်နိုင်သလောက် ဖတ်လေ ကောင်းလေ ဖြစ်သည်။



(၃) ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်းကို ရပ်နားသည့်အခါ သို့မဟုတ် အခြားအမလ်ကို လုပ်ခြင်လာ သည့်အခါ ဇိကိ၇် လုပ်ခြင်းသည် အကာင်းဆုံးဖြစ်သည်။ ဇိကိရ် လုပ်သည့်အခါ အကောင်းဆုံးမှာတော့ တမန်တော်မြတ် (ဆွ) အပေါ် ဆွလ၀ါသ် ဖတ်ပို့ဖြင်းဖြစ်သည်။ မိမိ ရသည့် ဆွလ၀ါသ် ကို ဖတ်နိုင်သလောက် ဖတ်နိုင်ပါသည်။ ဇိကိရ်ကို ထိုင်လျှက်ဖြစ်စေ၊ လျှောင်းလျှက်ဖြစ်စေ၊ လမ်းလျှောက်လျှက်ဖြစ်စေ ဖတ်ရွတ်နိုင်ပါသည်။



(၄) အထူးဒိုအာတောင်းခံခြင်းဖြစ်သည်။ ဤညတွင် မိမိ၏ ဆွလာသ်များ၊ ကျမ်းမြတ်ကုရ်အာန် ဖတ်ခြင်း၊ ဇိကိရ်စိတ်ခြင်း စသည်တို့ကို လုပ်ပြီးသည့်နောက် မိမိတို့သည် အလ္လာဟ်အရှင်မြတ် ထံတော်မှ မိမိတို့၏ အမလ် အိဗါဒသ်များကို လက်ခံအောင် လွတ်ငြိမ်းချမ်း သာခွင့် ရအောင် အပယ်ငရဲမီးမှ လွတ်ငြိမ်းခွင့်ရအောင် အထူးဒိုအာ တောင်းခံရမည်။ ဒိုအာတောင်းခံခြင်း ဟူသည် မိမိတို့နှင့် အလ္လာဟ်အရှင်မြတ် အကြား အဆက်အသွယ် ခိုင်မာသည်ထက် ခိုင်မာအောင် လုပ်ခြင်း ဖြစ်သည်ကို သဘောပေါက်ရမည်။ ဒါကြောင့် မိမိတို့သည် ဒိုအာ တောင်းခံခြင်းကို အထူးဂရုစိုက် တောင်းခံရမည်။ ဒိုအာတောင်းခံလေ အလ္လာဟ်အရှင်မြတ် နှစ်သက်မြတ်နိုး လေဖြစ်သည်။ မိမိတို့သည်မှာ ဒိုအာတောင်းခံရင်း စိတ်ကုန်သွားလေ့ရှိပြီး အလ္လာဟ်အရှင်မြတ် အနေဖြင့်မူ နားထောင်ခြင်းကို မငြီးညူနိုင်အောင်ပင်ဖြစ်တော့သည်။ မိမိတို့၏ ဒိုအာတောင်းခံချက်များ ချက်ခြင်း မပြည့်ဝသေးသည်ကို စိတ်ပျက်စရာလည်း မလိုပါ၊ ယခုမတွေ့သေးပေမဲ့ အချိန်တန်သည့် အခါ တောင်းသည့် အရာထက် ပိုမိုကောင်းမွန်သောအရာကို ရရှိသည့်အတွက် စိတ်အပျော်ကြီးပျော်နေလိမ့်မည်။



အမှန်တော့ တမန်တော်မြတ် (ဆွ) တောင်းခံခဲ့သည် တောင်းဆုဒိုအာများသည် စံနမူနာယူထိုက် သည့် ဒိုအာများပင်ဖြစ်သည်။ ပိုင်ပိုင် နိုင်နိုင်ရှိမှု၊ ပြည့်စုံကုံလုံမှု၊ တင်ပြချက်များ လေးနက်မှု၊ စသည့် ဘက်ကကြည့်လျှင် မည်သူမျှ ယနေ့တိုင် တမန်တော်မြတ် (ဆွ) ကဲ့သို့ ဒိုအာတောင်းခဲ့နိုင်မည် မဟုတ်ပါ။ မည်သည့်လူသားမျှ အဆိုပါ ဒိုအာများကို ယှဉ်ပြိုင် ရေးသားတောင်းဆိုနိုင်မည်မဟုတ် ပါ။ သို့ဖြစ်၍ မိမိတို့အနေဖြင့် ၄င်းဒိုအာများကို တတ်နိုင်သ၍ လေ့လာကာ နေ့စဉ်မိမိတောင်းဆို သည့်ဒိုအာဖြစ် အစဉ်တောင်းဆိုနေသင့်သည်။ အကယ်၍ မိမိအနေဖြင့် ဒိုအာမူရင်းအတိုင်း အာရဗီ ဘာသာဖြင့် မတောင်းနိုင်ပါကလည်း စိတ်ပျက်စရာမလိုပါ။ မိမိတို့ ကိုယ်ပိုင် ဘာသာ စကား မြန်မာလိုတတ်က မြန်မာလို အင်္ဂလိပ်လိုတတ်က အင်္ဂလိပ်လို တောင်းခံနိုင်ပါသည်။

အချို့မိတ်ဆွေများသည် အကြောင်းအမျိုးမျိုးကြောင့် ညအခါ ထခြင်း ဖတ်ရွတ်ခြင်း မပြုလုပ်နိုင်သဖြင့် စိတ်ပျက်မနေသင့်ပါ။ အချို့သည် နေမကောင်းသည့်အတွက်၊ အချို့က ခရီးထွက်နေခြင်း၊ စာပေလေ့လာ နေခြင်း၊ အမျိုးသမီးများ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင် နေ သည့် ကာလဖြစ်ခြင်း စသည့်အကြောင်းအမျိုးမျိုးရှိ နေနိုင်တတ်ပါသည်။



ထိုသူတို့အဖို့ အထူးသဖြင့် ဆွလာသ် ၅ ကြိမ်ကို မပြတ်တန်းဖတ်ခြင်းသည် အကောင်းဆုံးဖြစ် သည်။ တတ်နိုင်ပါက ဇိကိရ်ကို အဆက် မပြတ် ဖတ်နေသင့်သည်။ သွားသွားလာလာ စားစား သောက်သောက် လုပ်နိုင်ပါသည်။ အမျိုးသမီးများအနေဖြင့် ဇိကိရ်တွင် အထက်တွင် ဖေါ်ပြသည့် အတိုင်း တမန်တော်မြတ် (ဆွ) အပေါ် ဒရူးဒ် ဆွလ၀ါသ် တတ်အားသ၍ ဖတ်နေသင့်သည်။



ဘာရာသ်ညတွင် ကျွန်ုပ် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလာဒေးရှ်၊ ပါကစ္စတန်၊ အီရန် စသည့်နိုင်ငံများတွင် သင်္ချိုင်း သို့သွားရောက်ကြပြီး သေဆုံးလေသူ မိဘဖိုးဖွားများအတွက် ခွင့်လွှတ်မှုတောင်းခံလေ့ရှိသည်။ အချို့သော် ပညာရှင်များက ထိုညတွင် တမန်တော်မြတ် (ဆွ) သည် အိပ်နေရာမှ တိတ်တစိတ် ဂျန္နသွလ်ဘကီဟ် သင်္ချိုင်းသို့သွားရောက်ပြီး သေဆုံးလေသူများအတွက် ငြိမ်းချမ်းမှု ကင်းလွတ်မှုကို တောင်းခံခဲ့ကြောင်း တင်ပြကြပါသည်။ သို့သော် ၄င်းဟဒီးဆ်တော်များ သည် အလွန်ပင် အထောက်အထား ခိုင်မာမှု အားနည်းပါးလွန်းသည့်အတွက် ယနေ့၎င်းလုပ်ရပ် ကို မလုပ်ကြတော့ပေ။ သို့သော် များစွာသောသူတို့က ၄င်းလုပ်ရပ်ကို မွတ်စ်သဟဗ် အဖြစ် သတ်မှတ်ကာ လုပ်ကြသည်။ သို့သော် မှတ်ထားသင့်သည်က ၄င်းလုပ်ရပ်သည် အရေးတကြီး မဖြစ်မနေလုပ်ရမည့် အိဗါဒသ် မဟုတ်သလို ပုံမှန်လုပ်စရာလည်း မလိုအပ်သည့် အိဗါဒသ် တခု ဖြစ်ကြောင်းသိရမည်။ တကယ်တော့ မိမိအိမ်တွင် ဖတ်ရွတ်ပြီး သေဆုံးသူများအတွက် ဖတ်ရွတ်ကာ လွတ်ငြိမ်းချမ်းသာမှုကို တောင်းခံနိုင်ပါသည်။ ၄င်းညတွင် အထူးသတိထားသင့်သည်မှာ မကောင်းမှုနှင့် တတ်အားသ၍ ဝေးသည်ထက် ဝေးအောင်နေ ခြင်းဖြစ်သည်။



ဘာရာသ်ညတွင် ဘာတွေလုပ်သင့်သနည်းဆိုသည်ကို နားလည်သည့်အခါ မိမိတို့အနေဖြင့် ၄င်းလုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်နေခြင်းသည် မကောင်းမှုမှ ကင်းဝေးအောင်နေနိုင်ရန် အတွက် အကောင်းဆုံးအခွင့် အရေးတစ်ခုပင်ဖြစ်သည်။ စင်စစ် ၄င်းညသည် မိမိတို့သည် ကိုယ်ကိုယ်ကို အလ္လာဟ်အရှင်မြတ်ထံ ၀ကွက်အပ်နှံ ထားခြင်းသည် အကောင်းဆုံးလုပ်ရပ်ဖြစ်သည်။



ထိုအခါ အလ္လာဟ်အရှင်မြတ် မနှစ်သက်သည့် အလုပ်မှန်သမျှကို မိမိတို့သည် အဆင်ပြေစွာ ရှောင်ကြဉ်နိုင်မည့် အခြေအခြေအနေများ ရရှိလာနိုင်သည်။ အထူးသဖြင့် မိမိတို့စိတ်တွင် အတင်းပြောခြင်းနှင့် မကောင်းမှုကို တွေးခြင်း မဖြစ်အောင် အထူးသတိပြုရမည်။ မကောင်းမှု၏ အတွေးသည် မကောင်းမှုကို ပြောဖြစ်စေသလို လုပ်လည်း လုပ်ဖြစ်စေပါသည်။ ထို့ကြောင့် အထက်ပါ ဟဒီးဆ်တော်တွင် တင်ပြခဲ့သည်မှာ မကောင်းစိတ်ကို နှလုံးသားတွင် မရှိစေခြင်း ဆိုသည့်အချက်ကို ကောင်းကောင်းသတိပြုစေချင်ပါသည်။



အချို့သော မွတ်စ်လင်မ်တို့သည် ၄င်းညတွင် အထူးစားဖွယ်သောက်ဖွယ်များကို ချက်ပြုတ်ကြခြင်း အကြီးအကျယ် ကျွေးပွဲ မွေးပွဲများ ပြုလုပ်ခြင်း၊ ဗလီဝတ်ကျောင်းတော်များ၊ သင်္ချိုင်းများကို ဆင်ယဉ်ခြင်း၊ မီးထွန်းကြခြင်း၊ အမွှေးနံ့သာများ လိမ်းလည်သပ္ပယ်ကြခြင်း အချို့နေရာများတွင် ပွဲလမ်းသဘင်များလုပ်ကြခြင်း၊ အရောင်းအ၀ယ် လုပ်ငန်းများ အကြီးအကျယ်လုပ်ကြခြင်း၊ စသည့်လုပ်ရပ်များသည် အခြေအမြစ်မရှိသည့် လုပ်ငန်းများ လုပ်ရပ်များဖြစ်သဖြင့် ၄င်းတို့ကို မလုပ်သင့်ပါ။ မွတ်စ်လင်မ်များ ထိုသို့လုပ်ခြင်းသည် အခြားဘာသာဝင်တို့၏ ဘာသာရေးပွဲတော်များ၏ လုပ်ရိုးလုပ်စဉ်များကို ကူးချလုပ်နေခြင်းဖြစ်သည်ကို သတိထားရမည်။ သိလျှက်နှင့် ဆက်လက်လုပ်လျှင် အပြစ်ထိုက်သည်ကို သိသင့်သည်။ မိမိကိုယ်၌ကလည်း ထိုသို့လုပ်နေလျှင် မိမိလုပ်ရမည့် ကောင်းမှုကုသိုလ်များကို မလုပ် နိုင်သဖြင့် မိမိ၏ ကုသိုလ်ရှာဖွေမှု အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း သဘောပေါက်ရမည်။



အချို့သောသူတို့သည် ထိုညတွင် ဘာရာသ် ည၏ ထူးမြတ်မှုများကို ရှည်လျှားထွေပြားစွာ တရားတဘောင် ဟောကြားနေသည်ကို တွေ့နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အခြားသူများ၏ တန်ဖိုးရှိသော အချိန်ကို ဖြုန်းစေသည့်အပြင် မိမိ၏ အချိန်လည်း ကုန်ဆုံးသည်ကို သတိပြုရန် လိုအပ်သည်။ အကယ်၍ ဘာရာသ်ည အကြောင်းကို အခြားသူများသိလိုစေပါက ကြိုတင်ဟော ပြောအကြောင်းကြားရန် လိုအပ်ပါသည်။ ဤညသည် မိမိတို့ကိုယ်စီ မိမိတို့အတွက် ကြိုးပမ်းရန် သာလိုအပ်သည်ကို သတိပြုရမည်။



တရားအားထုတ်ရာတွင်လည်း တစ်သီးပုဂ္ဂလ ကြိုးပမ်းရမည်။ စုပေါင်း ဆွလာသ်ဝတ်ပြုခြင်း၊ စုပေါင်း ဇိကိရ်ပြုလုပ်ခြင်းများ မပြုလုပ် သင့်ပါ။ ဤညသည် မိမိတို့အနေဖြင့် မိုးမြေအဆုံး စကြာဝဠာတစ်ခွင်လုံး၏ ဖန်ဆင်းရှင်နှင့် တွေ့ဆုံနိုင်ရေအတွက် ကြိုးပမ်းနေချိန်ဖြစ်သဖြင့် မိမိနှင့် အလ္လာဟ်အရှင်မြတ်အကြား အခြားမည်သူကိုမျှ မလာရောက်နိုင်ရေး၊ အ၀င်ရောက်နိုင်ရေးကို မိမိတို့ကောင်းကောင်းကြီး သတိထားသင့် ပါသည်။ ဥပမာ တမန်တော်မြတ် (ဆွ) ကိုကြည့်လျှင် ဤညမှာ တစ်ကိုယ်တည်း အိဗါဒသ် လုပ်နေတာကို မြင်ရသိရလိမ့်မည်။ ဇနီးတော် အိုင်ရှာ (ရ) သည် မိမိဘာသာ ရှိနေသည်ကိုလည်း တွေ့ရမည်။ တမန်တော်မြတ်သည် သူမကို မိမိအိဗါဒသ် မှာ မပါဝင်စေခဲ့ဘူး။ တစ်ကိုယ်တော် အိဗါဒသ် လုပ်ခြင်းကိုသာ ပေါ်လွင်စေပါသည်။ တမန်တော် မြတ်သည် မစ်ဂျိဒ် နဗ၀ီကို ဆင်ယင်ခြင်း၊ မီးရောင်စုံထွန်းခြင်း၊ အခြားသူများကိုခေါ်ပြီး အိဗါဒသ်လုပ်နေခြင်းကိုလည်း မတွေ့ရသဖြင့် ဘာရာသ်ည၏ အိဗါဒသ်သည် တစ်ကိုယ်တော် သီးသန့်လုပ်သင့်ကြောင်း၊ ဗလီဝတ်ကျောင်းတော်များတွင် လုပ်ပါကလည်း စုပေါင်း လုပ်ခြင်းကိုသာ ရှောင်ရှားပြီး မိမိဘာသာ တစ်ကိုယ်လည် ထောင့်တစ်နေရာတွင် လုပ်သင့်ပါသည်။



ပညာရှင်အများစုအနေဖြင့် ၄င်းညတွင် စဲဟ်ရီစားသုံးပြီး ၁၅ ရက်နေ့တွင် ရိုဇာဥပုတ် စောင့်ထိန်းကြ လေ့ရှိပါသည်။ ၄င်းရိုဇာသည် မွတ်စ်သဟဗ် အဆင့် တနည်းအားဖြင့် လုပ်သင့်ကြောင်း အကြံပြုသည့်အဆင့် သာရှိပါသည်။ လုပ်ပါက ကောင်းပြီး မလုပ်ပါကလည်း အပြစ်မရှိကြောင်း၊ ဖရဇ် တာဝန်မဟုတ်ကြောင်း သိစေပါသည်။ တမန်တော်မြတ် (ဆွ) အနေဖြင့် ၄င်းရက်တွင် နဖိလ် ရိုဇာ စောင့်ထိန်းသင့်ကြောင်း အထူးသတိပေးခဲ့ပါသည်။ အချို့ကတော့ ဤ ဟဒီးဆ်တော်ကို မမှန်ကန်ကြောင်း ပြောကြပေလိမ့်မည်။ သို့သော် အထက်တွင် ဖေါ်ပြခဲ့သည့် ဟဒီးဆ်တော်များကို ကြည့်လျှင် တမန်တော်မြတ်သည် ရှာဘာန်လ၏ ရိုဇာကို မပြတ်တမ်းနှင့် အများဆုံးရိုဇာစောင့်ထိန်းခဲ့သည်ကို ကြည့်ခြင်းဖြင့် တမန်တော်မြတ် ရိုဇာစောင့်ထိန်းခဲ့ခြင်းကို ငြင်းဆိုနိုင်ဖွယ်မရှိပါ။ ထို့အပြင် မြောက်များစွသော ပညာရှင်များ မိမိတို့၏ အကြီးအကဲများသည် ရှာဘာန်လ၏ မြင့်မြတ်ခြင်းအကြောင်း ရှာဘာန်လတွင် ရိုဇာစောင့်ထိန်းခြင်းအကြောင်းကို နှစ်ပေါင်း ရာစု ထောင်စု ချီကာ တင်ပြ လုပ်ပြ ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဘာရာသ် ည သည် အမှန်ဖြစ်ခြင်း ၄င်း၏ အိဗါဒသ်များ နေ့အခါ ရိုဇာစောင့်ထိန်းခြင်းများ အကျိုးကျေးဇူးများသည် မှန်ကန်သည်ဟု တင်ပြလိုက်ပါသည်။



ကျွန်တော်တို့ အမြဲကြားနေရသည့် ကျွန်တော်တို့၏ ဆရာသခင် မော်လာနာ ဗရှိရွလ္လာဟ် ဆွာဟိဗ် (ရ) ၏ ရန်ကုန်မြို့ ၁၃၆ လမ်း မဒါးဗလီတွင် အီရှာဆွလာသ် အပြီး တရားဟော်ပြောမှုကိုမူ ကျွန်ုပ်တို့သည် မဖြစ်မနေ သွားနားထောင်မိသည်။ ဆရာကြီးက အထက် တွင် ဖေါ်ပြသည့် ဟဒီးဆ်တော်များ၊ ကို တင်ပြလေ့ရှိပြီး အထူးသတိပေးတတ်သည်မှာ ၄င်းညတွင် လုပ်ဆောင်ရမည့် အမလ် အိဗါဒသ် များတွင် “ဆွလာသွလ် သစ်ဘီဟ်” ကို ဖတ်ဖြစ်အောင် ဖတ်ကြရန် ပင်ဖြစ်သည်။ ၄င်းဆွလာသ်တွင် ဖတ်ရမည့် ဇိကိရ်မှာ “စူဗဟာနလ္လာဟိ ၀လ်ဟမ်ဒုလိလ္လာဟိ ၀လာအိလာဟ အိလလ္လာဟု ၀လ္လာဟု ၀အက်ဘရ်” ပင်ဖြစ်ပါသည်။

စလာတောလ်တောစ်ဗိဟ်နမာဇ်ဖတ်နည်း
အောက်တွင်အင်္ဂလိပ်ဘာသာဖြင့်လည်းဖတ်ရှုနိုင်ပါသည်။

    ဆရာကြီးတင်ပြသည့် “ဆွလာသွလ် သစ်ဘီဟ်” ဖတ်နည်းမှာ ပထမ ၄ ရကအသ် နိယသ်ချီပြီးနောက် အလ္လာဟုအက်ဘရ် သက်ဗီရ် ဖတ်ပြီး (၁) စူရာဖာသိဟအရင် အထက်ပါဇိကိရ် ကို ၁၅ ခေါက်ဖတ်ပါ (၂) စူရာဖါသိဟဖတ်ပြီးနောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၃) ရူကုအ် စူဘဟာနလ္လာရဗ်ဗိယလ်အဇီးမ် ၃ ခါ ဖတ်ပြီး ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၄) ရုကုအ်အပြီး ပြန်မတ်တတ်ရပ်ချိန်တွင် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၅) ပထမ စိဂ်ျဒဟ်တွင် စူဘဟာနလ္လာရဗ်ဗိယလ်အာ့လာ ၃ ကြိမ်ဖတ်ပြီး နောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၆) ပထမ စိဂ်ျဒဟ် အပြီး ပြန်ထိုင်ချိန်တွင် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ (၇) ဒုတိယ စိဂ်ျဒဟ်တွင် စူဘဟာနလ္လာရဗ်ဗိယလ်အာ့လာ ၃ ကြိမ်ဖတ်ပြီးနောက် ၄င်းဇိကိရ်ကို ၁၀ ခေါက်ဖတ်ပါ။ ဤသို့ဖြင့် (၁) ရကအသ်တွင် ၄င်းဇိကိရ် အကြိမ် ၇၅ ခေါက်ဖတ်မိသွားလိမ့်မည်။ ၄ ရကအသ် ဖတ်မိလျှင် အကြိမ်ပေါင်း ၃၀၀ ဖတ်မိလိမ့်မည်။ ဤသည်မှာ ဆွလာသွလ် သစ်ဘီဟ် ပင်ဖြစ်သည်




          ဒိုအာတောင်းသည့်အခါတွင်လည်း ကောင်းကောင်းမွန်မွန် စိတ်ဝင်စားစွာဖြင့် မိမိအလိုဆန္ဒများကို တောင်းခံ သင့်ပါသည်။ မိမိအလိုဆန္ဒများကို တောင်းခံသည့်အပြင် မိမိတို့ သိလျှက်ဖြစ်စေ မသိ၍ဖြစ်စေ ကျူးလွန်ခဲ့သည် အပြစ်များကိုလည်း ခွင့်လွှတ်ပါလို ကြောင်း တောင်းခံသင့်သည်။ အများအားဖြင့် မိမိတို့ ကျူးလွန်တတ်သည့် အပြစ်ဂိုနာများတွင် (၁) ကုဖုရ်နှင့် ရှိရိက် လုပ်ခဲ့မိခဲ့လျှင် ၄င်း၊ (၂) မိမိညီအကိုများနှင့် ရန်လိုမုန်းထားမိခဲ့ လျှင်၎င်း၊ (၃) ဆွေမျိုးသားခြင်းများ၏ အခွင့်အရေးကို မပေးခဲ့မိလျှင်၎င်း၊ (၄) မိဘ များကို ကလန်ကဆန် လုပ်ခဲ့မိသည်များကို၎င်း၊ (၅) အရက်သေစာ သောက်စားမိခဲ့သူလျှင်၎င်း၊ (၆) သူတစ်ပါးကို မတရားလုပ်ခဲ့မိ ခဲ့လျှင်၎င်း၊ (၇)ခိုးယူ လိမ်လည် ခဲ့မိလျှင်၎င်း၊ (၈) သူများအကြောင်း မတရားအတင်းပြောခြင်း၊ ဂုံးတိုက်ခြင်း၊ သူတစ်ပါးကို ဂျောက် ကျအောင် လုပ်ခဲ့ခြင်း၊ စသဖြင့် မိမိတို့၏ ပြစ်မှုအပေါင်းကို အလ္လာဟ်အရှင်မြတ်ထံ စိတ်ရောကိုယ်ရော နှလုံးအပါ လိုလိုလားလားဖြင့် အပြစ်အပေါင်းမှ ကင်းလွှတ်ခွင့်ရအောင်လည်း တောင်းခံရန် မမေ့သင့်ပါကြောင်းတင်ပြလိုက်ပါသည်။


အဆုံးအနေဖြင့် တင်ပြလိုသည်မှာ မွတ်စ်လင် ညီနောင်အပေါင်းတို့ မိမိတို့သည် ကမ္ဘာ၏ အရှေ့အနောက် တောင်မြောက် အရပ်တိုင်းတွင် ရှိနေသည်။ အမေရိကမှာ မြန်မာ မွတ်စ်လင်တွေ ရှိသလို အခြား နိုင်ငံများ အရှေ့အလယ်ပိုင်း အာစီယံနိုင်ငံများ တောင်အမေရိကနှင့် သြစတေးလျှ နိုင်ငံတို့မှာလည်း ရှိပါသည်။ အချို့က မြန်မာနိုင်ငံ ပေါက် မွတ်စ်လင်တွေဖြစ်သလို ဟနဖီမဇ်ဟဗ် ၀င်တွေဖြစ်ပါတယ်။ အချို့က ရှာဖအီ မဇ်ဟဗ်ဝင် တွေဖြစ်ကုန်ပါတယ်။ အချို့က အထက်ပါ ဟဒီးဆ်တော်တွေနှင့် ဘာရာသ် ညကို လက်ခံကျဉ်းပသလို အချို့က လက်မခံဘူးဆိုတာကို နားလည်သဘောပေါက်နိုင်ပါတယ်။ သို့သော် မည်သို့ပင်ဖြစ်ပါစေ တစ်ဦးကို တစ်ဦး နားလည်သဘောပေါက်ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ယူနီတီ တစ်ခု ရလာနိုင်ပါတယ်။ အားလုံးငြိမ်းချမ်း နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အာမီးန်။

http://myanmarwind.blogspot.com/




ယနေ့ညတွင် စလာတောလ် တောစ် ဗိဟ ( အောက်တွင်ဖေါ်ပြသည်အတိုင်း) အလွန်အကျိုးအကျိုးစဝါဘ်ရရှိမည်ဖြစ်သည်။

အမှားတစ်တစ်ရာတွေ့ရှိပါက    kotinmaung2010@gmail.com  သို့မဟုတ်     comment 
ဖြင့် အကြောင်းကြားပေးပါရန်ပေးပါရန်လေးစားမေတ္တာရပ်ခံပါသည်။
 
  ဖတ်လွယ်၊မှတ်လွယ်၊ကျက်လွယ် သော ဒရူးဒ်စွာလဝါတ် အချို့ကိုအောက်တွင်မြန်မာဘာသာဖင့်ရေးသားတင်ပြထားပါသည်။
မြောက်များစွာသောဒရူး အမျိုးမျိုးကို ပေးထား လင့်( link ) များကလိက် လုပ်၍အလွယ်တကူဖတ်နိုင်ပါသည်။
၁။--ဘိစ္စမိလ္လာ ဟေဝစ္စလာမူ အလာ ရစူလိလ္လာ
၂။--ဂျဇလ္လာဟု အန္နား မိုဟမ္မဒါန် မာဟုဝါလဟု
၃။--အလ္လာမွမ္မား စွလ်လေ အလာ မိုဟမ္မဒင် ဝအန်ဇေလဟွလ် မောက်အာဒွလ် မူကရ် ရဘာ အင်ဒက ယွဝ်မလ် ကိယာမာ
၎။--အလ္လဟွမ္မား စွလ္လေ အာလာ မိုဟာမ္မဒီယောင်း ဝအာလာ အာဗီနာ အိဘ်ရာဟင်မ်
၅။--အလ္လာဟွမ္မား စွလ္လေ အာလာမိုဟမ္မဒင် နိ နဗီအိလ် အူမိယေ ဝအာလာအာလေ ဝစလာမ်
၆။--အလ္လာ ဟွမ္မားစွလ်လ္လေအာလာ မိုဟမ္မဒင်
ရ။--အလ္လာဟွမ္မား စွလ္လေအာလာ မိုဟာမ္မဒင် ကွလ္လမား ဇကရုဇ် ဇာကေရုနာ ၊ဝကွလ္လမား ဂဖလာ အန်ဇိက် ရိဟိလ် ဂါးဖေလုန်း။
၈။--အလ္လာဟွမ္မား စွလ္လေ အာလာမိုဟမ္မဒင် ကမာ ၊ တူဟိဘ်ဘူး ဝတရ်ဇာ လဟု။
၉။--စွလ္လာဟု အလိုက်ကာ ယာနူရေ မိုဟမ္မဒင် ၊ နူရုန်း၊ မိန်းနူရိလ္လား။
၁၀။--အလ္လာဟွမ္မား စွလ္လေ အာလာ မိုဟာမ္မဒင် နဗီ ယိလ် အူမိယေ ၊ဝအာလာလေဟိ ဝအာစွာဟာဘေဟိ ၊ဝဘာရေက် ဝစလ် လိမ်။
မိမိကြိုက်နှစ်သက် ဒရူးဒ်ရှရိဖ်များကို လင့်ဖွင့် ဖတ်နိုင်ပါသည်။

Images for darood

-


    www.daroodpak.info/

 

    www.faizaneattar.net/Durood/index.html
 
 
 
Salatul Tasbih
For forgiveness of All Sins
Benefits of Salat-Ul-Tasbih
Our Beloved Prophet Mohammed (Sallallaho Alihiwassallam) said to his uncle (father’s brother) Sayyiduna Abbass (may Allah be pleased with him) Oh uncle shall I not give you Shall I not grant you Shall I not award you Shall I not do mercy on you When you do 10 things Allah will forgive your sins: of the future and of the past; new and old; those you have forgotten and those you did knowingly; big and small; hidden and revealed. Then he (Sallallaho Alihiwassallam) explained the taught the way to pray Salatul Tasbih and then said if you can pray this salah once a day, if you can not pray once a day then every Friday, and even if this is not possible then once a month and even if this is not possible then once a year and even if this is not possible then at least once in a lifetime (Abu’Dawood & Tirimzi)
How to perform Salatul Tasbih? This salaat (namaz) is offered in four rakat at a time and can be read in any part of the day and night besides Zawal and Sunrise and Sunset makrooh times, keeping in mind the forbidden times for performing Salat (namaaz). But is is preferred before Zuhr (Fatawa Alamgeeri)
The Tasbih to be read in Salaat-Ul-Tasbeeh: " Subhaan Allahi Wal Hamdulillahi Wa Laa ilaha illal Laahu Wallahu Akbar "
Method: Goal is to recite above Tasbih 300 times in Four Rakah with the following method. In the first rakaat, after reading Sana "Subhaana Kallahumma...", read the above tasbih 15 times. Now recite Aaoz "Aoozubillah...", Bismillah "Bismillah...", Then read sura Fatiha and a Surah or minimum of three small Ayayhs then read the tasbih 10 times again. Go to ruku saying Takbeer (Allah Hoo Akbar), after reciting "Subhaana Rabbiyal Azeem" minimum of three times read the tasbih 10 times in Ruku. Saying "Samee Allahu Liman Hamidah Rabbana Lakal Hamdh" get up from ruku to qiyam position. Now read the tasbih 10 times. Go to Sajdah saying Takbeer (Allah Hoo Akbar) and after reciting "Subhaana Rabbiyal A'la" minimum of three times read the tasbih 10 times in Sajdah. Now go after first Sajdah go to Jalsa (sitting position) saying Takbeer (Allah Hoo Akbar). Sitting in Jalsa read tasbih 10 times. Go to sajda again saying Takbeer (Allah Hoo Akbar) and after reciting "Subhaana Rabbiyal A'la" minimum of three times read the tasbih 10 times in Sajdah again. Get up to begin 2nd rakat saying Takbeer (Allah Hoo Akbar). Do rakah #2 in same fashion, but before reading Bismillah "Bismillah...", and Surah Fatiha, read the tasbih 15 times. Follow the rest as you did in first Rakat. After second Sajdah of Second Rakat sit in Qaidah Oola (first sitting) read Attahiyat, Durood and Dua then get up for 3rd rakaat without saying Salam. Begin third Rakat, just like the first Rakat, with Sana "Subhaana Kallahumma...", read the above tasbih 15 times. Follow the rest as you did in first Rakat untill you sit for Qaidah Akihra (last sitting) after second sajdah of fourth Rakah. In Qaidah Akihra Attahiyat, Durood, Dua finish Salah with Salam.
Special notes for Salat-Ul-Tasbih: 1) Do not count loudly. It will break Salah 2) Do not count on fingers or by holding a Bead Tasbih in hand. It is Makruh. 3) You may count by pressing the fingers as a reminder. For example if you are in Ruku. You me press pinky of your right hand first for the first count, then the finger next to it for second count, then the middle finger for third count, following this method untill you reach the pinky of left hand will give you an exact count of ten. Use the same method in Qayam, Sajdah and Jalsa. 4) If missed a count then make it up in the next posture. For example if forgot to recite Tasbih after Surah in Qayam. Then you may recite Tasbish 20 times instead of 10 in Rukuh after "Subhaana Rabbiyal Azeem". Missed Tasbih cannot be recited in Qayam after ruku and Jalsa between Sajdah. If you missed the Tasbih in Ruku then recite 20 in the first Sajdah instead of the Qayam after rukuh. Similarly if missed the Tasbih in first Sajdah then do not make it up in Jalsa. Instead recite missed tasbih in the second Sajdah. If Tasbih has been missed in last sajdah of second or fourth Rakah then you can recite the missed ones before Attahiyat in Qaidah. 5) If you miss a wajib in Salah and have to do Sajdah Sahaw. You dont have to recite Tasbih in Sajdah sahoo, since the 300 count has been estalished. But if you had missed Tasbih in any of the postures and remeber it now. Then you may recite the missed Tasbih in Sajdah Sahaw now. 6) It is preferable to recite after Surah Fatiha Sura Takathuur in the first raka’, Surah Wal A’sr in the second raka’, Surah Kaferoon (qul ya aiyuhal Kafiroon) in the third and Surah Akhlas (Qul hu Allah-hu ahd) in the fourth raka’. If one does not remember these surah they can recite the ones they prefer.
May Allah accept this dua’ (supplication) for the sake of the trustworthy PROPHET MOHAMMED (Allah’s Grace & Peace be upon him)

DU'A NISF SHA'BAN
Night of 14th Shaban Layla-tul Baraa'ah(Urdu Shab-E-Baraat ) -
Night Of Salvation
PART 4
Arabic with English and Transliteration Version
 အင်္ဂလိပ်အသံထွက်ဖြင့် ရေးထားသော အရဗီဒူအာဖြစ်ပါသည်။နောက်ထပ်ဒူအာအမြောက်အမြားရှိပါသေးသည်။
DU'A NISF SHA'BAN
Allahumma Yaa Dhal Manni walaa yumannu 'Alayh
YaaDhal Jalaali wa'l Ikraam
Yaa Dhat-Tawli wa'l In'aam
Laa Ilaaha illa anta
Zahru'llaajeen wa jaaru'l mustajeereen wa amaanu'l khaaifeen
Allahumma in kunta katabtanee 'Indaka fee Ummil Kitabi
Shaqiyyan aw mahruman aw matrudan aw muqattaran 'alayya fi'rrizqi
Fa'mhuAllahumma biFadlika
Shaqaawatee wa hirmaanee wa tardee wa'qtitaara rizqee
Wa-athbitnee 'Indaka fee Ummil Kitabi
Sa'eedan marzuqan muwaffaqan li'lkhayraati Fa Innaka Qulta wa Qawluka'l Haqq
Fee Kitabika'l munzal 'alaa lisaani Nabiyyika'l Mursal
Yamhullahu maa Yashaa'u wa yuthbit
Wa 'Indahu Ummul Kitab
Ilaahi Bittajalli'l A'zam
Fee laylatin-nisfi min shahri Sha'ban al-Mukarram
Allatee yufraqu feehaa kullu amrin hakeemin wa yubram
An takshifa 'annaa mina'l ballaai wa'l balwaai
Maa na'lamu wa maa laa na'lam
Wa anta bihi a'lam
Innaka anta'l A'azzu'l Akram
Wa Sallallahu Ta'ala 'alaa Sayyidina Muhammad-in
Wa 'alaa aalihi wa as'haabihi wa sallam
Wa'l Hamdu Lillahi Rabbi'l 'Aalameen
SUPPLICATION ON THE NIGHT OF 15th SHA'BAN
O Allah! You shower favours on everyone
And no one can do You any favour.
O The Possessor of Majesty and Honour,
O The Distributor of bounty and rewards,
There is no one worthy of worship except You.
You help the fallen
And provide refuge to the refugees And give peace to those who are in fear.
O Allah! If in the Mother of All Books that is with You
You have written me down as someone who is
Doubtful of achieving salvation, or deprived,
Or rejected or without enough sustenance,
Then, O Allah, with Your Grace
Remove all of these misfortunes from me
and in the Mother of All Books that is with You,
establish me as someone who is
blessed, with abundant provision and charitable good deeds.
Indeed, what You said in The Book You sent
Through the tongue of Your Blessed Prophet is true
That Allah changes and establishes what He wants
And with Him is the Mother of All Books.
O My Lord! For the sake of Your Divine Manifestation
On this fifteenth night of the blessed month of Sha'ban
In which You issue all Wise and Irrevocable Decrees
Remove from us all calamities and hardships,
those that we know about as well as those that we don't,
while You know everything.
Truly, You are the Most Powerful, Most Generous.
And may Allah the Exalted shower blessings and peace on
Sayyidina Muhammad, and on his family and his companions
And all praise is for Allah, Lord of the worlds.

Great Nights
Shab e Baraat_1. Please wait few seconds for images to be loaded. Thanks. Shab e Baraat_2. Please wait few seconds for images to be loaded. Thanks. Shab e Baraat_3. Please wait few seconds for images to be loaded. Thanks. 

---------------------------------------------------------------------------------------------------------------------

အောက်ဖေါ်ပြပါလင့် ( link ) ကိုနှိပ်၍လည်း ဘာသာရေးစာများကိုလေ့လာကြည့်ရှုနိုင်ပါသည်။
(သို့မဟုတ်)
---------------------------------------------------------------------------------------------------------------------


If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Wednesday, June 29, 2011

မိအ်ရာဂ်ျညအပေါ် သုံးသပ်ခြင်း၊ အယူအဆများအပေါ် ဆုံးဖြတ်ခြင်း - မွဖ်သီ အာဒမ် (မဇွာဟေရီ)

မိအ်ရာဂ်ျညအပေါ် သုံးသပ်ခြင်း၊ အယူအဆများအပေါ် ဆုံးဖြတ်ခြင်း - မွဖ်သီ အာဒမ် (မဇွာဟေရီ)

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, May 21, 2011

ရေသုံး၍မရသောအခါတယမ်မွမ် ပြုလုပ်ရန်သိကောင်းစရာများ

                   ရေသုံး၍မရသောအခါတယမ်မွမ် ပြုလုပ်ရန်သိကောင်းစရာများ
                                                                   
       အစ္စလာမ်ဘာသာတွင် တာဟာရောတ် ပါက်ဆာဖ် သန့်ရှင်းစင်ကြယ်စွာနေထိုင် အလွန်အရေးကြီးသည်။သို့ဖြင့်ရေများသုံးစွဲရသည်။
ရေသုံးမရသောအခါ တယမ်မွမ်ပြုလုပ်ရန် ကျမ်းမြတ်ကွရ်အန်တွင် အောက်ပါအတိုင်းညွှန်ကြားလေသည်။

          အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အသင်တို့သည် "ဆွလာတ်" ၀တ်ပြုရန် ထကြသောအခါ မိမိတို့၏ မျက်နှာများကို
လည်းကောင်း၊ လက်များကို တံတောင်ဆစ်ပါလည်းကောင်း၊ ဆေးကြောကြလေကုန်။ ထိုနည်းတူစွာ အသင်တို့၏ ဦးခေါင်းများကို
ပွတ်သပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ ခြေများကိုလည်း ခြေမျက်စိများပါ (ဆေးကြောကြလေကုန်)။ သို့ရာတွင်
အကယ်၍အသင်တို့သည် ‘"ဂျနုဗ်"ခန္ဓာကိုယ်မသန့်သော သူများဖြစ်၍ (ရေသုံးသပ်ရန် ထိုက်နေကြပါလျှင် တစ်ကိုယ်လုံးကို) သန့်စင်
အောင် ပြုကြလေကုန်။၎င်းပြင် အကယ်၍ အသင်တို့သည် ဝေဒနာရှင်များ ဖြစ်နေကြသော်လည်းကောင်း၊ ခရီးသည်များဖြစ်နေကြ
သော်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက် တစ်စုံတစ်ယောက်သောသူသည် ကျင်ကြီး ကျင်ငယ်စွန့်ရာမှ ပြန်ခဲ့သည်ရှိ
သော်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် (မိမိတို့၏)ဇနီးမိန်းမများနှင့် မေထုန်သံဝါသ ပြုခဲ့ကြသည်ရှိသော်လည်းကောင်း၊ ပြီးနောက် အသင်တို့သည် ရေကိုမရရှိခဲ့ကြပါလျှင်စင်ကြယ်သန့်ပြန့်သော မြေကြီးဖြင့် "သယမ်မွန်မ် "ပြုကြလေကုန်။ ထို(ကဲ့သို့ "သယမ်မွန်မ် "ပြုသော)အခါ အသင်တို့သည်(လက်ဝါးနှစ်ဖက်ဖြင့် မြေကြီးကိုရိုက်ပုတ်၍) မိမိတို့၏ မျက်နှာနှင့် လက်များကို ထိုမြေကြီး
ဖြင့်ပွတ်သပ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ အပေါ်၌ ကျဉ်းကြပ်မှုကို ပြုလုပ်ရန်ရည်ရွယ်တော် မူသည်မဟုတ်။ သို့ရာတွင် ထိုအရှင်မြတ်သည်အသင်တို့အား သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရန် နှင့် မိမိကျေးဇူးတော်ကို အသင်တို့အဖို့ အပြည့် အစုံပေးသနားတော်မူရန်သာ ရည်စူးတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် ကျေးဇူတော် ကိုသိတတ်သူများ ဖြစ်တန်ကြရာ
လေသတည်း။(ကွရ်အန်- ၅း ၆ )


တယမ်မွမ်အကြောင်း
တယမ်မွမ်၏  အနက်အဓိပ္ပာယ်မှာ ရည်ရွယ်ခြင်းနှင့်  အဓိဋ္ဌာန်ပြုခြင်းဖြစ်၏ ။  တယမ်မွမ်သည် အရေးပေါ်သောအခါ ဝဇူနှင့်ရေချိုးခြင်း၏ အစားဖြစ်သွားလေသည်။ ထို့ပြင် ဤထူးခြားချက်မှာ အွမ်မသေ့မုဟမ္မဒီယာများအဖို့သာ ဖြစ်လေသည်။
          ဟဇရသ်ဟု ဇိုင်ဖွာသခင်က ကိုယ်တော်မြတ် (စလ္လမ်) ၏သြဝါဒတော်တစ်ရပ်ကို ဆင့်ပြန်တော်မူခဲ့သည်။ ကိုယ်တော်က
ကျွန်ုပ်တို့အား ရှေးယခင် အွမ်မသ်သားတို့ထက် ထူးမြတ်ချက်သုံးရပ် ပေးသနားတော်မူပေသည်။ ယင်းထူးမြတ်ချက်မှ တစ်ရပ်ကား ရေ မရရှိသောအခါဝယ် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် မြေကောင်းမြေသန့်ကို ရေအစား ပြုပေးတော်မူ၏ ။ (မွတ်စလင်မ်)
အဓိပ္ပာယ်။      ။ မြေကောင်းမြေသန့်သည် မွတ်စလင်မ်အား သန့်ပြန့်စေသည်။ အကယ်၍ ဆယ်နှစ်တိုင်တိုင် ရေမရရှိခဲ့မူ ရေရရှိလာသောအခါ ရေဖြင့်ခန္ဓာကို ဆေးကြောပစ်ရပေမည်။ (အဗူဒါဝုဒ်) (သိရ်မေဇီ) (အဟ်မဒ်)
         သဘောမှာ ယေဘုယျအားဖြင့် မဖြစ်နိုင် အကြံနိုင်သော အရာကိုပင် ပမာထား၍ အကယ်၍ လူတစ်ဦးအား ဆယ်နှစ်တာ ကာလထက်ကျော်လွန်၍ ယုတ်စွအဆုံး သေဆုံးကွယ်လွန်သည် အထိတိုင် ရေသုံးစွဲနိုင်စွမ်း မရှိခဲ့သော် တယမ်မွမ်ပြု၍ နမာဇ်ဖတ်နေ
ရပေမည် ။
          ဆယ်နှစ်၏ အတိုင်းအတာကို သုံးစွဲထားခြင်းဖြင့် တယမ်မွမ်၏ လေးနက်ပုံနှင့် ထူးမြတ်ပုံကို သဘောပေါက် နားလည်းစေရန် ရည်စူးထားခြင်း ဖြစ်ပေသည် ။
တယမ်မွမ်၏ စည်းကမ်းချက်များ
          တယမ်မွမ် အထမြောက်ရန်အတွက် အောက်ပါ စည်းကမ်းချက်များ ပါရှိရန် အရေးကြီးပေ၏ ။
          (၁) မွတ်စလင်မ်ဖြစ်ခြင်း ။
          (၂) အပျိုဘော်ဝင်ခြင်း ။
          (၃) ဦးနှောက် အသိရှိခြင်း ။
          (၄) ဝဇူမဲ့ခြင်း သို့မဟုတ် ရေချိုးရန် တာဝန်ရှိခြင်း ။
          (၅) တယမ်မွမ် ပြုနိုင်သောအရာများကို သုံးစွဲနိုင်ခြင်း ။
          (၆) တယမ်မွမ် ပြုခဲ့သော နမာဇ်၏အချိန် ကျရောက်ခြင်း။
          (၇) ရည်စူးသော နမာဇ်၏ နောက်ဆုံးအချိန်ကျရောက်ခြင်း ။(၄င်းကို မဖတ်ခဲ့လျှင် ကဇွာ ဖြစ်ရန်ရှိခြင်း စသည်များ           ဖြစ်လေသည် ။)
တယမ်မွမ်၏ ဖရပ်ဇ်အချက်များ
          (၁) နိယတ် ခေါ် အဓိဋ္ဌာန်ပြုခြင်း ။
          (၂) လက်ဖဝါးနှစ်ဘက်ကို သန့်ပြန့်သော မြေပေါ်ရိုက်ပြီး မျက်နှာအနှံ့အပြား ပွတ်သပ်ခြင်း ။
          (၃) ဒုတိယအကြိမ် လက်ကို မြေနှင့်ရိုက်ပြီး လက်ကိုတံတောင်ဆစ် အပါအဝင် ပွတ်သပ်ခြင်း ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁)
          လက် မြေရိုက်ပြီး လက်နှင့် မျက်နှာများ ပေမသွားစေရန် လက်နှစ်တက်ကို အနည်းငယ် ရိုက်၍ ခါပစ်ရပေမည် ။ (ဟေဒါယဟ်)

မတ်စ်အလဟ် ရှင်းလင်းချက် (၂)
          နိယတ်ပြုခြင်း၏ သဘောမှာ တယမ်မွမ်ပြုရန် အချိန်၌ ကျွန်ုပ်သည် သန့်ပြန်ရန်သော်လည်းကောင်း၊ နမာဇ် ဖတ်ရန်သော်လည်းကောင်း ၊ ရည်စူးပါ၏ဟု စိတ်တွင်း၌ ရည်စူးခြင်းဖြင့် နိယတ်ပြီး၏ ။ ဝဇူ၏ တယမ်မွမ်၊ ဂိုစွလ်(ရေချိုးခြင်း)၏ တယမ်မွမ် စသည်ကို ထုတ်ဖော်ရန် အရေးမကြီးပေ ။
(ဟေဒါယဟ်)
တယမ်မွမ်ပြုရန်နည်း
          တယမ်မွမ် မပြုလုပ်မီ အလျင်ဦးစွာ စိတ်အတွင်း၌ သန့်ပြန့်မှုရှိရန်သော်လည်းကောင်း ၊နမာဇ်ဆောက်တည်ရန်သော်လည်း
ကောင်း ၊သယမ်မွမ် ပြုအပ်ပါသည်ဟု ရည်စူးရပေမည်။ ထို့နောက်လက်ဖဝါးနှစ်ဘက်ကို မြေကောင်း မြေသန့်ပေါ်၌ ရိုက်၍ လက်ဖဝါးနှစ်
ဘက်ကို ခါ၍ မျက်နှာပေါ်သို့ ပွတ်သပ်ပါ ။ ထို့နောက် ဒုတိယအကြိမ် ထိုနည်းအတိုင်း လက်ကို မြေတွင်ရိုက်၍ ဥိးစွာ လက်ယာလက်ဖြင့် လက်ဝဲလက်ကို တံတောင်ဆစ် အပါအဝင် ပွတ်သပ်ပေးရမည်။ ပွတ်သပ်ရာတွင် နေရာလပ် မကျန်စေဘဲ အနှံ့အပြားရောက်စေရမည်။ အကယ်၍ ဆံချည်ပင်မျှ တစ်နေရာရာ၌ ကျန်လပ်ခဲ့မူ တယမ်မွမ် ထမြောက်မည် မဟုတ်ပေ။ (ဒွရ်ရေမွခ်သာရ်)
တယမ်မွမ်ပြုပိုင်ခွင့်ရှိသော အရာများ
အောက်ပါအရားအားလုံးဖြင့် တယ်မ်မွမ် ပြုပိုင်ခွင့်ရှိလေသည်။
(၁)မြေကောင်းမြေသန့်
(၂)သဲမြေ ။
(၃)ဆီပေမထားသော မြေအိုးမြေခွက် ။
(၄)အုတ်စိမ်းအုတ်ကျက် ။
(၅)ကျောက်နံရံအကာနှင့် ထုံးနံရံအကာ ။
(၆)မြေနီမြေဝါ ။
(၇)ဖုန်မှုန့် ။
(၈)စွရ်မာမှုန့် ။
(၉)မြေစေးစသည်များ (မုနိယာ)
တယမ်မွမ်ပြုခွင့်မရှိသော အရာများ
          အောက်ဖော်ပြပါအရာများအပေါ်၌ သယမ်မွမ်ပြုခွင့်မရှိပေ ။
          ၁ ။ သစ် ၊ ၂ ။ သံ ၊ ၃ ။ ရွှေ ၊ ၄ ။ငွေ ၊ ၅ ။ကြေးနီ ၊၆ ။ကြေးဝါ၊ ၇ ။စတီး၊ ၈ဲ ။မှန်၊ ၉။ ခဲမဖြူ ၊ ၁၀။ သံဂျွတ်၊၁၁ ။ဂျုံစေ့ ၊ ၁၂။ ဂျုံမှုန့်နှင့် သီးနှံမျိုးစုံ၊ ၁၃။ အဝတ်အစား ၊ ၁၄။ပြာမှုန့် စသည်အရာများ ။
တယမ်မွမ်၏ ဥပဒေတစ်ရပ်
          တယမ်မွမ်နှင့် စပ်လျဉ်း၍ ဥပဒေတစ်ရပ် မှတ်သားထားရမည်မှာ မီး၌ပျော်သော အရာ များနှင့် လောင်ကျွမ်းသော အရာမှန်သမျှ အပေါ်တွင် သယမ်မွမ် ပြုခွင့် မရှိချေ ။
          သို့ဖြစ်လေရာ ၄င်းအရာ များပေါ်တွင် လက်ရာထင်နိုင်သော ဖုန်မှုန့်များ ရှိနေပါမူ ထိုအခါ ၄င်းအရာများအပေါ်၌ တယမ်မွမ်ပြုခွင့် ရှိလေသည် ။ (မုနိယာ)
တယမ်မွမ် ပျက်စေသောအရာများ
          အကြင်အခါ ရေသုံးစွဲမှု ရှိခဲ့ပါနိုင်ခြင်း ထိုအခါ တယမ်မွမ်ပျက်သွားပေလိမ့်မည် ။ ၄င်းအပြင် ဝဇူပျက်စေသော အကြောင်းများသည် တယမ်မွမ်ကိုလည်း ပျက်ပြားစေ၏ ။
တယမ်မွမ်၏ အချို့အရေးကြီးသော မတ်စ်အလဟ်များ
မတ်စ်အလဟ် ရှင်းလင်းချက် (၁)
          အကယ်၍ ဝဇူပြုရန်နှင့် ရေချိုးရန်အတွက် ရေမရရှိမှု သို့မဟုတ် ရေသုံးစွဲနိုင်စွမ်း မရှိမှု သို့မဟုတ် ရေသုံးစွဲခြင်းဖြင့် ဖျားနာ
ရောဂါ ဖြစ်မည်ဟု စိုးရိမ်ရသော် ဤသို့သော မသက်သာမည့် အကြောင်းများဖြင့် တယမ်မွမ် ပြုခွင့်ရှိ၏ ။ (ဟေဒါယဟ်) ၄င်း၏သဘော
ကို ထပ်လောင်း မှတ်သားထားရန်မှာ တယမ်မွမ် ပြုပိုင်ရန်အတွက် အထူး စည်းကမ်းချက်မှာ ရေသုံးစွဲနိုင်မှု မရှိခြင်း ဖြစ်လေသည် ။
မတ်စ်အလဟ် ရှင်းလင်းချက် (၂)
          အကယ်၍ တစ်ဦးတစ်ယောက်အား ရောဂါဝေဒနာကြောင့် ရေစိမ်းဖြင့် ရေချိုးရန် ထိခိုက်စေမည်။ ရေနွေးဖြင့် ထိုခိုက်မှု မရှိဆိုသော် ထိုအခါ ရေနွေးဖြင့် ရေချိုးရန်အရေးကြီး၏ ။ အကယ်၍ရေနွေး မရနိုင်သော နေရာဖြစ်နေပါမူ အခြေအနေ မပေးသော ကြောင့် တယမ်မွမ်ပြု၍ နမာဇ် ဖတ်ရပေမည် ။(ဟေဒါယဟ်)
မတ်စ်အလဟ် ရှင်းလင်းချက် (၃)
          အကယ်၍ လူတစ်ဦးသည် အလွန် ခိုက်ခိုက်တုန်အောင် ချမ်း၍ရေခဲလု အေးမြသောနေရာသို့ ရောက်နေ၏ ။ရေချိုးလျှင်အအေး
ဒဏ် ကြောင့် သေနိုင်ကြောင်း၊ သို့မဟုတ် ရောဂါတိုးနိုင်ကြောင်း၊ သို့မဟုတ် မိမိထံတွင် ရေချိုးပြီး ဘေးဥပါဒ် မဖြစ်ပေါ်စေရန်အတွက် ကာကွယ်ရန် အနွေးထည်သော် လည်းကောင်း၊ စောင်သော် လည်းကောင်း မရှိမှု ထိုအခါမျိုးတွင်လည်း တယမ်မွမ်ပြုခွင့်ရှိလေသည်။
(မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၄)
          ဝဇူနှင့် ရေချိုးခြင်းအတွက် တယမ်မွမ် တစ်ကြိမ်တည်းပင် လုံလောက်၍ သီးခြားစွာပြုလုပ်ရန် မလိုအပ်ပေ ။  (အလမ်ဂီရ်)                                        
မတ်စ်အလဟ် ရှင်းလင်းချက် (၅)
          အကယ်၍ တစ်ဦးတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ကျောက်ရောဂါကြီး သို့တည်းမဟုတ် အနာဖုကြီးများ ထွက်နေ ၍ ဝဇူ ပြုရန် ရေကိုင်၍ပင် မဝံ့လျှင် ထိုအခါ ရေကို အသုံးမပြုဘဲ တယမ်မွမ်ပြု၍ နမာဇ်ဖတ်နိုင်ပေသည် ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၆)
အလားတူ လူတစ်ဦးတစ်ယောက်သည် အဖျားကြီးနေ၏ ။ ဝဇူပြုခြင်းဖြင့် ရောဂါတိုးနိုင်မည်ကို စိုးရိမ်ရလျှင် တယမ်မွမ် ပြုပိုင်၏ ။ ထိုသို့ မဟုတ်ပါက မပိုင်ချေ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၇)
          မသက်သာသဖြင့် ရေအစား သယမ်မွမ်ပြုနိုင်ဘိသကဲ့သို့ အလားတူ ရေချိုးခြင်း အစား၌လည်း သယမ်မွမ် ပြုပိုင်၏ ။ အလားတူ ကိုယ်မသန့်သော အမျိုးသမီးသည် ကိုယ်သန့်ပြီးနောက် ရေချိုးနိုင်စွမ်း မရှိသေးလျှင် ၄င်းသည်လည်း သယမ်မွမ် ပြုပိုင်၏ ။(မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၈)
          ဝဇူနှင့် ရေချိုးခြင်း၏ တယမ်မွမ်မှာ တစ်မျိုးတည်းသာ ဖြစ်၏ ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၉)
          တစ်ဦးတစ်ယောက်သည် နမာဇ်တစ်ကြိမ်အတွက် တယမ်မွမ် ပြုလုပ်ခဲ့၏ ။ ထိုတယမ်မွမ် မပျက်သရွေ့ နမာဇ်အကြိမ်ပေါင်းများစွာ
ကို ဖတ်ပိုင်၏ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၀)
          အကယ်၍ တယမ်မွမ် ပြုသောအခါတွင် လက်စွပ်ဝတ်ထားမူ ၊၄င်းကို ချွတ်ထားခြင်း သို့မဟုတ် လှည့်ကစားပေးရန် အရေးကြီး၏ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၁)
          ခရီးသွားနေစဉ် မိမိထံတွင် သောက်သုံးရန် ရေအနည်းငယ်သာ ရှိ၏ ။ရှေ့ခရီးတွင် ရေရနိုင်ရန် မျှော်လင့်ချက်မရှိဆိုသော် ထိုအခါ ၄င်းရေဖြင့် ဝဇူ မလုပ်ရပေ ၊တယမ်မွမ်ပြု၍သာ နမာဇ်ကို ဖတ်လိုက်ရပေမည် ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၂)
          တစ်ဦးတစ်ယောက်တွင် ခန္ဓာကိုယ်နှင့် အဝတ်အစားများမသန့်ဖြစ်နေ၏ ။ ထို့ပြင် ဝဇူပြုရန်လည်း လိုအပ်နေ၏ ။ရေက လည်းအနည်းငယ်သာ ရှိ၏ ။ ထိုအခြေအနေတွင်ခန္ဓာကိုယ်နှင့် အဝတ်အစားကိုသာ ဆေးကြောလိုက်ရမည် ၊ထို့နောက် ဝဇူအစား တယမ်မွမ် ပြုလိုက်ရပေမည် ။(ဗဟဲရှ်သီးဇေဝရ်)
မတ်စ်အလဟ် ရှင်းလင်းချက် (၁၃)
         တစ်ဦးတစ်ယောက်သည် ကုရ်အာန် ကျမ်းမြတ်ကို ဖတ်ရန်သော်လည်းကောင်း ၊မ, ယူရန်သော်လည်းကောင်း တယမ်မွမ် ပြုခဲ့၏ ထိုတယမ်မွမ်နှင့် နမာဇ်ဖတ်ခွင့် မရှိချေ ထို့ပြင် တယမ်မွမ်သည် ရေရှိနေပါလျှင် အထ မမြောက်ပေ ၊နမာဇ် ဝတ်ပြုရန်အတွက် ပြုအပ်သော
သယမ်မွမ်ဖြင့်မူ ကုရန်အာန်ကိုလည်း ကိုင်တွယ်နိုင်၏ ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၁၄)
          မီးရထားအတွင်းရှိ ထိုင်ခုံများတွင် တင်လျက်ရှိနေသော ဖုန်များ ၊ရွှံ့ခဲများသည် သန့်၏ ။ သံသယ ရှိစရာမလို ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၅)
          ရထားအတွင်း၌ ခရီးသည်များ ဖိနပ်စီး၍ သွားလာကြသော နေရာ၏ မြေမှုန်သည် မသန့်ဖြစ်၏ ၊ထို့ကြောင့် ၄င်းဖြင့်တယမ် မွမ် မပိုင်ချေ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၆)
          တစ်ဦးတစ်ယောက်သည် နံနက်အိပ်ရာမှ နေထွက်လှနီးချိန်၌နီးခဲ့၏ ။၎င်းသည် ရေချိုးရန်လည်း တာဝန်ရှိနေ၏ ။ထိုအခါ ဦးစွာ ရေချိုးရမည် ။ထို့နောက်တွင် နမာဇ် ဖတ်ရပေမည် ။နမာဇ် ကဇွာ ဖြစ်မည်ကို စိုးရိမ်၍ တယမ်မွမ်ပြုလုပ် ပြုခွင့်မရှိ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၇)
          ပရ်ဒါ အပြည့်အဝရှိသော အမျိုးသမီးတစ်ဦးသည် ရေရ ယူရန် နည်းလမ်း မမြင်သောနေရာသို့ ရောက်နေ၏ ။ထို့ပြင် နောက် နမာဇ် အချိန်လည်း စေ့လုနီး ဖြစ်သွား၏ ။ထိုအခါ လတ်တလော ချက်ချင်း တယမ်မွမ်ပြု၍ ဖတ်လိုက်ရမည် ။ကဇွာ မပြု လိုက်ရ။ ထို့နောက်တွင် ၄င်းနမာဇ်ကို ထပ်မံ ဖတ်လိုက်ရပေမည် ။(ဖသဝါဒါရွလ်အုလွမ် အတွဲ၁၊ စာမျက်နှာ - ၂၂၃)
မှတ်ချက်။     ။ဟဇရသ် မော်လာနာ ကာရီ ရှရီဖ် ပါကစ္စတန်၏ သအ်လီမွန် နိဆာအ်၊ မြန်မာပြန် မော်လာနာ အဗ်ဒွရ် ကာဒရ်(မှော်ဘီ)
                  စာမျက်နှာ ၁၀၃ မှ ၁၀၆ မှ ကိုးကားတင်ပြထားခြင်းဖြစ်ပါသည်။
-------------------------------------------------------------------------------------------------------
အမှားတစ်တစ်ရာတွေ့ရှိပါက    kotinmaung2010@gmail.com  သို့မဟုတ်     comment 
ဖြင့် အကြောင်းကြားပေးပါရန်ပေးပါရန်လေးစားမေတ္တာရပ်ခံပါသည်။
------------------------------------------------------------------------------------------------------------
အထူးမေတ္တာရပ်ခံချက်။       ။အခြားဝပ်ဆိုဒ်တွင် ဤအကြောင်းအရာကို ကြိုတင် အကြောင်းမကြားဘဲလုံ့ဝမတင်ပါရန်၊
                                     ထိုကဲ့သို့တင်ခြင်းဖြင့် ၎င်းဝပ်ဆိုဒ်တွင် အငြင်းခုံ စောဒက အမျိုးမျိုးတက်နိုင်ပါသည်။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Monday, May 16, 2011

စလဖီဆိုတာဘာလဲ???

၂၀၀၃-ခုနှစ်ခန့်လောက်ကလို့ ထင်ပါတယ်။
သတင်းတစ်ခုကြားလိုက်ရတယ်။ ကျနော်ရောက်နေတဲ့မြို့က ဟာဖီးဇ်ကျောင်းလေးမှာ ဆရာတစ်ပါးက သဂ်ျဝီးဒ်သင်ပေးမယ်တဲ့။ သင်တန်းလာတက်တဲ့သူတွေကို စာအုပ်တွေအလကားပေးတယ်။ တိပ်ခွေနဲ့ နားကျပ်ကတ်ဆတ်တွေလဲ အလကားပေးတယ်ဆိုပဲ။ အဲဒီတုန်းက mp3 တို့ 4 တို့က ခေတ်မစားသေးဘူးလေ။ နားကျပ်ကတ်ဆက်တောင် တန်ဖိုးသိပ်ကြီးတာဆိုလို့ နှစ်သောင်းလောက်ဆို ဂျပန်ထုတ် ဆိုနီအမျိုးအစားရတယ်။

ကျနော့်ကိုလဲ မိတ်ဆွေတွေက လာပြောကြတယ်ဗျာ။ သင်တန်းသွားတက်ဖို့ပေါ့။

ကျနော် မတက်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ကျနော်လဲ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကျောင်းကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ သိပ်မအားတာနဲ့ ဘာသာရေးအသိုင်းအ၀ိုင်းနဲ့လဲ အရင်လောက် အဆက်အသွယ် မလုပ်ဖြစ်ခဲ့ဘူးဗျ။

အဲ... ၂၀၀၇ လောက်ကျတော့ ထပ်ပြီး သတင်းတစ်ခု ကြီးလာပြန်တယ်။ ဒီအချိန် ကျနော် အလုပ်ထဲမှာပဲ လုံးဝ ရောက်နေပြီဗျ။ ဆော်ဒီပြန်ဆရာတစ်ယောက် (အပေါ်ကဆရာတော်)က သဂ်ျဝီးဒ်ပညာတွေကို နိုင်ငံအနှံ့ လှည့်လည်ပြီး သင်ပေးနေတယ်။ စာအုပ်တွေ အလကားပေးတယ်။ အခွေတွေ၊ စီဒီတွေပါ ပေးတယ်ပေါ့။ ကျနော်တို့ထက် အများကြီးစောတဲ့ စီနီယာကျတဲ့သူတွေတောင် အဲဒီသင်တန်းတွေသွားတက်ကြတယ်။ ဒီတစ်ခါ သတင်းကြီးလာတာက အရင်နဲ့မတူဘူး။ ပိုပြီး ကျယ်ပြန့်လာတယ်။ မြို့အတော်များများကိုလဲ ၀င်နေတာကိုး။

အဲဒီဆရာက မြို့တစ်မြို့ရောက်ရင် အဲဒီမြို့က အရေးပါတဲ့လူတွေကို အသင့်ပါလာတာတွေ လက်ဆောင်ပေး၊ ပြီးတော့ ဗလီ(သို့)နေရာတစ်ခုခုမှာ အာလင်မ်တွေကို စုရပ်လုပ်ပြီးခေါ်ခိုင်း၊ ရောက်လာတဲ့အာလင်မ်တွေကို ကိရာအသ်ဖတ်ခိုင်း၊ ဖတ်တဲ့အခါ အမှားတွေကို မရ/ရအောင် ထောက်ပြ။ ပြီးတော့ ခင်ဗျားတို့ ကုရ်အာန်ဖတ်တာ သဂ်ျဝီးဒ်နည်းလမ်းတွေ မှားနေကြတယ်။ သင်ဖို့အတွက် ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့။ ဒါကြောင့် သင်တန်းတစ်ခုလုပ်ဖို့ သူတို့လာတယ်ဆိုတဲ့အကြောင်း သင်တန်းကို အခု (...)ရက် သင်တန်းကာလအဖြစ် အခြေခံ သင်ပေးမယ်ဆိုတဲ့အကြောင်း၊ ပြီးရင် ဒလမြို့က သူ့ကျောင်းမှာ လာတက်မယ်ဆိုရင် စနဒ်(အောင်လက်မှတ်) ထုတ်ပေးမယ်ဆိုတဲ့အကြောင်းတွေ ပြောပြသွားတယ်။

ဒီမှာ ကျနော် တစ်ခု စဉ်းစားမိလာတယ်။ ဒီဆရာ တော်တော်ကို အလုပ်လုပ်တာပဲ။ လေးစားမိပါတယ်။ ချီးကျူးမိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေလဲ တော်တော်များများ သူ့ဆီမှာ သွားပြီး စာတွေဖတ်နေကြပြီ။ ဒါပေမဲ့ ဘာကြောင့် ဟိုးရှေးကတည်းက အခုမှ ဒီသဂ်ျဝီးဒ်ပညာဆိုတာ ဘာလို့ ခေတ်မစားခဲ့တာလဲ။ ဒီဆရာတော်ပြောသလို သိပ်ကို အရေးကြီးနေတယ်ဆိုရင် ဘာကြောင့်များ ရှေးခေတ် သူတော်စင် အာလင်မ်ကြီးတွေ လူထုကို အွမ္မသ်ကို မသင်ပေးခဲ့ကြတာလဲပေါ့။

ကျနော်လဲ ဒီပညာကို မတတ်ဘဲ ပြောနေတာတော့ မဟုတ်ဘူးဗျ။ ကြုံတုန်းပြောရအုံးမယ်။ ၁၉၉၃-ခုနှစ်လောက်မှာ အီဂျစ်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ International အဆင့် ကိရာအသ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မြန်မာပြည်ကနေ ပညာရှင်တွေကို ဖိတ်ခေါ်တုန်းက ကျနော့်ရဲ့ ဆရာအရင်းဖြစ်သူကို အရွေးခံခဲ့ရတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်ခဲ့ဘူး။ ဒီလိုဖိတ်ခေါ်ခံရတာ မြန်မာပြည်ရဲ့ ပထမဆုံးအကြိမ်ပဲလေ။ တစ်တိုင်းပြည်လုံးကနေ ရွေးချယ်ခံရတာ သုံးယောက်လောက်ပဲ ရှိတယ်။ အသံလဲ ဘာကောင်းသလဲ မမေးနဲ့။ သူများတွေလို ကာရီဆိုဿိုက်ဆ်ဆပ်အလိုက်မျိုးနဲ့ဖတ်တာမဟုတ်ဘူး။ ဘယ်သူ့ကိုမှလဲ အတုခိုးထားတဲ့သူမဟုတ်ဘူး။ သူအလိုက်၊ သူ့အသံ၊ သူ့မူနဲ့ဖတ်တာ။ ကျနော်က အဲဒီပုဂ္ဂိုလ်ရဲ့ တပည့်အရင်း။

နောက် မြန်မာပြည်မှာ သဂ်ျဝီးဒ်ပညာရပ်ရဲ့ဂုရုကြီးလို့ပြောလို့ရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ကျနော်တို့ကို အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်း သဂ်ျဝီးဒ်ကို လာသင်ပေးခဲ့တယ်။ အခုတော့ ကွယ်လွန်သွားရှာပါပြီ။ (အလ္လာဟ်အသျှင်မြတ် ထိုပုဂ္ဂိုလ်မြတ်ကြီးကို ဂျန္နသ်နစီးဒ် ပေးသနားတော်မူပါစေ။ သူ့ရဲ့ ကဗရ်ကို ကိယာမသ်တိုင် လင်းဝင်းမှုနဲ့ ထားရှိတော်မူပါစေ)။ အဲဒီပုဂ္ဂိုလ်ကြီးကို ရန်ကုန်မရ်ကဇ်က လူဟောင်းအများပိုင်း သိပါတယ်။ ကျနော်က သူ့ဆီမှာလဲ သဂ်ျဝီးဒ်ပညာကို သင်ယူခဲ့ပါတယ်။

ကြွားတာတော့မဟုတ်ပါဘူး။ ကျနော် ကျောင်းသားဘ၀က စာတွေဖတ်တယ်ဗျ။ ဆရာဆီမှာ စာဆိုပြလို့ မုန့်ဖိုးတွေ ရခဲ့တယ်။ ကိရာအသ်ပြိုင်ပွဲတွေမှာလဲ ဆုတွေ ရခဲ့ပါတယ်။ ကျောင်းအုပ်ဆရာကြီးဆိုရင်လဲ စာဖတ်ပြသူတွေ ဆယ်ဂဏန်းကြားထဲကနေ ကျနော်စာဖတ်တာကို သီးသန့် နားစွင့်ပြီး နားထောင်လေ့ရှိခဲ့တယ်ဗျာ။ ဒါကတော့ ကျနော့် ပညာအဆင့်အတန်းနဲ့ သင်ခဲ့ရတဲ့ ဆရာအချို့အကြောင်း ပြောပြတာပါ။ ဘာလို့လဲဆိုတော့ ကျနော် ဒီပညာကို မသင်ဘူး မတတ်ဘူးလို့ ပြောချင်ရာပြောတယ်ဖြစ်မှာစိုးလို့ပါ။ ဟုတ်ပြီ။ ကျနော် ဆက်ပြောပါမယ်။

အဲဒီလို သဂ်ျဝီးဒ်ခေတ်စားလာတာ ဘယ်လောက်တောင် ဖြစ်လာလဲဆိုတော့ သာမန်အာဝမ်လူတွေကလဲ ဒီသဂ်ျဝီးဒ်၊ အာလင်မ်တွေလဲ ဒီသဂ်ျဝီးဒ်နဲ့ တစ်ချို့ဆို ကြက်မောင်းတာတောင် “ရှူး”လို့ မမောင်းတော့ဘဲ “ရှူးခ်”ဆိုပြီး သဂ်ျဝီးဒ်နဲ့ မောင်းကြတယ်လို့တောင် ရီစရာ ပြောစမှတ်ပြုလာကြတယ်။ ကောင်းပါတယ်။ (မာရှာအောလ္လာဟ်)။ အရမ်းကောင်းပါတယ်။ ကုရ်အာန်ကို အလှဆင်လာကြတာပါ။

ဒါပေမဲ့ အလွန်ကို အရုတ်ဆိုး အကျည်းတန်လာတာကတော့ အခြေခံစာသင်ကျောင်း မက်သဗ်လေးတွေမှာ အာလင်မ်ကြီးတွေ သောကထား၊ ပူပန်ခဲ့ကြပြီး ကိုယ်တော်မြတ် صلى الله عليه وسلم ရဲ့ ဟဒီးဆ်မှာ လေးနက်စွာ မိန့်မှာခဲ့တဲ့ ဒီနီယာသ်ပညာတွေကိုတောင် ပစ်ပယ်လာကြတယ်ဗျာ။ ဘယ်လောက်ထိ ဆိုးရွားလာလဲဆိုရင် ကိုးတန်း၊ ဆယ်တန်းအရွယ် (၁၅၊ ၁၆) ကလေးတွေ စလာမ်ကို သဂ်ျဝီးဒ်နဲ့ပေးတတ်တယ်။ ဒါပေမဲ့ နမားဇ်နှစ်ရကအသ်ကို မဖတ်တတ်ဘူးဗျ။ ကျန်တာတွေ ပြောမနေနဲ့။ အရေးအကြီးဆုံးဆိုတဲ့ နမားဇ်ရဲ့ မဆ်အလာဟ်၊ မစာအိလ်တွေကို ဘာမှန်းတောင် မသိကြဘူး။ စိတ်မကောင်းဖြစ်မိတာ တကယ်အမှန်ပါ။

ကျနော်နဲ့ ရွယ်တူ စာသင်နေတဲ့ အာလင်မ်တစ်ယောက်ကို ဒီကိစ္စပြောဖူးတယ်။ ကုရ်အာန်ကို တစ်ခသမ်လုံး ဂျွမ်းပြန်အောင် ဖတ်တတ်တာနဲ့၊ ဒီနီယာသ်ပညာတွေနဲ့ ဘယ်ဟာပို အရေးကြီးလဲပေါ့။ ခသမ်လေးငါးခါဖြစ်ထားတဲ့သူတွေ ဒီနီယာသ်ကို ကောင်းကောင်းမသင်ခဲ့လို့ မွရ်ဿတ်ဖြစ်သွားတာ မနည်းဘူးလို့ ပြောပြတော့ ကျနော်နဲ့ အကြီးအကျယ်ကို စကားများခဲ့ရဘူးသေးတယ်။

ပြန်စဉ်းစားကြည့်ပါ။ ကလေးတွေ state ကျောင်း (၁၀)တန်းအောင်လို့ တက္ကသိုလ်တွေ တက်နေကြတယ်။ တကယ်တော့ ဒီနီယာသ်ပညာဆိုတာ state ကျောင်းသားဘ၀မှာသာ သင်ဖို့ အချိန်များကြတယ်။ တက္ကသိုလ်ကျောင်းတွေတက်တော့ သိတဲ့အတိုင်းပဲ။ မိဘနဲ့စွန့်ခွါပြီးတော့ တစ်နယ်တစ်ကျေးမှာ အဆောင်နေပြီး တက်ရတယ်။ ဘာသာရေးနဲ့ ဝေးကွာကြတော့ ဖြစ်ချင်သလိုဖြစ်၊ နေချင်သလိုနေ၊ အများပိုင်းမှာ စည်းဆိုတာ မရှိကြဘူး။ အဲဒီမှာ ဆန့်ကျင်ဘက်လိင်တွေနဲ့ နီးစပ်ပြီး ဘာသာတရားဆိုတာ စည်းမခြားတော့ဘူး။ နောက်ဆုံး ဘာသာပျက်ဘ၀ကို နတ္ထိရောက်သွားကြတယ်။ တစ်ချို့လဲ ယူလိုက်ကြတယ်။ သူ့ဘာသာ ကိုယ့်ဘာသာဆိုပြီး အတူပေါင်းသင်း နေထိုင်သွားကြတယ်။

တက္ကသိုလ်ကျောင်းသားတွေအတွက် ဘာသာရေးစာပေသင်ယူဖို့ဆိုတာ အတော်အတန် မလွယ်ကူသလို၊ ကျောင်းပြီးပြန်တော့လဲ အလုပ်ကိုယ်စီနဲ့ဆိုတော့ ဘာသာရေးအခြေခံတွေကို ငယ်စဉ်က မသင်ယူခဲ့ရဘူးဆိုရင် ဘ၀အတွက် အရမ်းကို အန္တရာယ်ကြီးမားပါတယ်။ ဒါတွေရဲ့ အခြေခံ ရင်းမြစ်တွေကို လေ့လာမယ်ဆိုရင် သဘောပေါပါလိမ့်မယ်။ စာတွေလဲ သိပ်ရှည်ကုန်တော့မှာပါ။

ဒီလို သဂ်ျဝီးဒ်တွေ အားကောင်းနေတဲ့အချိန်မှာပဲ ဘာတွေဘယ်လို ဖြစ်ကုန်ကြတယ်တော့ မသိဘူး။ ကျနော် စာတစ်စောင် ဖတ်လိုက်ရတယ်။ အဲဒီစာကို ရေးတဲ့သူက အပေါ်မှာ တင်ပြခဲ့ ဆရာတော် ကာရီဟာရှင်မ်ဦးတင်မြင့်(ကာရီဆပ်)ပါ။ သူရေးသားထားတဲ့ အလိုသဘောအကျဉ်းကတော့ သူနဲ့ပတ်သက်ပြီး၊ သူ့ကျောင်းနဲ့ပတ်သက်ပြီး သာသနာရေးအမြင်အရ ဖသ်ဝါ ဓမ္မသတ် ထုတ်ပြန်ခဲ့တဲ့ အောက်မြန်မာနိုင်ငံရှိ သာသနာပိုင် ဆရာတော်ကြီးတွေက သူ့ကို တောင်းပန်ဖို့၊ လူသိရှင်ကြား သောင်ဝ်ဗဟ် အမှားဝန်ခံဖို့ဆိုတဲ့ အချက်တွေပါ။ သူရည်ညွှန်းတဲ့ ဆရာကြီးတွေထဲမှာ ကျနော် မှတ်မိသလောက်ပြောရရင် ဘာသာခြားတွေကတောင် သူတောင်စင် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ မောင်ဝ်လာနာ ဟေဒါယသွလ္လာဆပ်နဲ့ မွတ်ဖ်သီနူးရ်လို ပြည့်ဝ ထက်မြတ်တဲ့ပုဂ္ဂိုလ်တွေတောင် ပါဝင်နေပါတယ်။

ကျနော် ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်/စိတ် မအီမသာ ဖြစ်ခဲ့ရပါတယ်။ ဒါတွေကို ဘယ်လို ချေပရမှန်းလဲမသိဘူး။ ရေးသားထားပုံကလဲ အချက်အလက် သိပ်ကို စုံလင် စေ့ငှတယ်။ အဖြစ်မှန်ကိုလဲ ဂဃနဏ မသိဘူး။ ဘယ်သူမှန်/မှားတယ်ဆိုတာကိုလဲ မဝေခွဲတက်ခဲ့ဘူး။ ဒါကတော့ ကျနော့်ရဲ့ အားနည်းမှုပါ။

ရေးထားတဲ့ပုဂ္ဂိုလ်ဆိုတာလဲ နှယ်နှယ်ရရတော့မဟုတ်ဘူး။ ဟိုတုန်းက MC ပြီးရင် ဒုတိယနေရာလိုက်တယ်ဆိုတဲ့ တနည်းပြောရရင် ဒုတိယအတော်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေတက်ရတဲ့ RIT (သို့) YIT ကျောင်းဆင်း အင်ဂျင်နီယာလဲဖြစ်၊ အာလင်မ်လဲဖြစ်နေတယ်။ ဒါကြောင့် သာမန်ပုဂ္ဂိုလ်တွေတော့ မဆိုထားနဲ့ ခေတ်ပညာတက်တစ်ယောက်ထက် သူဟာ အာလင်မ်ဖြစ်နေတာကြောင့် ခေါင်းတစ်လုံး သာနေသလို၊ အာလင်မ်တွေထက်လဲ ဘွဲ့ရဆိုတဲ့ဂုဏ်ပုဒ်ကြောင့် ခေါင်းတစ်လုံး သာနေတယ်။ အာလင်မ်တော်တော်များများမှာကလဲ ခေတ်ပညာတက်ရင်ကို အထင်ကြီးတတ်တဲ့ ဉာဉ်လေးတွေ ရှိတာကိုး။ ဒီနှစ်ခုရဲ့ အားနည်း/အားသာချက်တွေကိုသိထားတဲ့ ဒီပုဂ္ဂိုလ်ကာရီဆပ်က သိထားတယ်လေ။

အဲဒီနောက် ဘာတွေဘယ်လို ဆက်ဖြစ်ကြတယ်တော့ မသိဘူး။ ကျနော်တို့ကလဲ နယ်ကကို။ ရန်ကုန်ကို အရောက်အပေါက် သိပ်နည်းတယ်လေ။ သဂ်ျဝီးဒ်တွေလဲ နဲနဲတော့ ငြိမ်သွားသလိုပဲလို့ သတိတော့ထားမိတယ်။ အရင်ကလောက် မဟုတ်တော့ဘူးဗျ။

နောက် သိပ်မကြာဘူး “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇာဗ်”ဆိုပြီး စာအုပ်တစ်အုပ် အလကား လိုက်ဝေတယ်ဗျ။ ကျနော်နေတဲ့ မြို့မှာလဲ ဒီစာအုပ်ကို အဲဒီရေးတဲ့ ကာရီဆပ်ကိုယ်တိုင် ကားသုံးစီးလောက်နဲ့ရောက်လာတယ်။ တစ်စီးကတော့ စာအုပ်တွေတင်လာတဲ့ ကားသေးလေး။ အဲဒီကားကနေ မြို့ပေါ်က သူနဲ့ပတ်သက်သမျှလူတွေဆီကို လက်ဆင့်ကမ်း ဝေငှသွားတယ်။ ဒီစာအုပ်ရတော့ ကျနော်နဲ့ ရွယ်တူအာလင်မ်လေးတွေက မက္ကာဟ်အိမာမ် ကာရီဆိုဒိုက်စ်နဲ့ ကာရီရှိုရိုင်းမ်တို့တောင် စလဖီလို့ ကြေငြာလိုက်ပြီ။ စလဖီဆိုတာကို ကမ္ဘာ့အကာဗီလ်ကြီးတွေကလဲ လက်ခံလိုက်ပြီ။ ဘာညာပေါ့ဗျာ။

ကျနော့်ကိုလဲ ဒီစာအုပ်လာပြတယ်။ ဒီဗွီဒီအခွေလဲ ကြည့်ရတယ်။ ဟာ ကျနော် သိသိချင်း စိတ်တွေ အရမ်းကို ခြောက်ခြားနေမိတယ်ဗျာ။ အလ္လာဟ် အလ္လာဟ် ဘာတွေ ဘယ်လိုများ ဖြစ်ကုန်ပြီလဲ။ ကျနော် အရမ်းစိုးရိမ်နေမိတယ်။ မြို့ပေါ်မှာလဲ စာအုပ်တွေက သိပ်ကိုပျံ့နှံ့နေပြီ။ ဘာပဲဖြစ်ဖြစ် ကျနော် အမှန်တရားဆိုတာကို ရှာဖွေနေတယ်။ သိချင်နေတယ်။ လိုချင်နေမိတယ်။ စာအုပ်ထဲဖတ်ကြည့်လိုက်တော့ ကြပ်သီးတွေတောင် ထလာမိတယ်။ စလဖီဆိုတာ မဇ်ဟဗ်တစ်ခုလိုပဲလို့တောင် ထင်နေမိတော့တယ်။ ဇရားကွက်နဲ့ကို စနစ်တကျ မဇ်ဟဗ်တွေရဲ့ ကွဲပြားမှုတွေမှာ စလဖီလဲ တစ်ခုပါနေတယ်။ နောက် ကျနော်တို့ရဲ့ ဆရာကြီး ဟာရှင်မ်ဘိုဒီးဆပ်ရဲ့ အသံ၊ မွတ်ဖ်သီဆပ်ရဲ့အသံ၊ ဟိဒါယသွလ္လာဟ်ဆပ်ရဲ့အသံတွေကိုလဲ ကြားရတယ်။ ကာရီဆပ်ရဲ့အသံကိုလဲ အဲဒီခွေထဲမှာ ကြားဖူးခဲ့တာပေါ့။ သူ့အသံက မာနသံတွေလိုလို၊ အဲဟ်လေ့ဟဒီးဆ်၊ ကာဿီယာနီတွေ မြန်မာနိုင်ငံက ဟဇရသ် အကာဗီလ်တွေကို ပြောနေတဲ့ လေသံတွေလိုလို၊ စလဖီဝါဒီတစ်ဦးက စလဖီဝါဒဖြန့်နေသလိုလို ဖြစ်နေတယ်။ ဒါပေမဲ့ သူက အခိုင်အမာနဲ့ စလဖီမဟုတ်ဘူး၊ ဟနဖီပါလို့တော့ ပြောနေတယ်။ ဘာနဲ့သွားတူသလဲဆိုရင် ကျီးကန်းက ကျီးကန်းတော့ဟုတ်တယ်။ ဒေါင်းတွေကို အားကျနေတဲ့လေသံမျိုးပေါ့။
ကျနော် ဒီကိစ္စကို ဘယ်သူနဲ့မှ အငြင်းအခုံမလုပ်တော့ဘူး။ နှုတ်ဆိတ်ပြီး နေလိုက်တယ်။ သူတို့ အောင်ပွဲခံနေကြတာကိုး။ စိတ်ထဲမှာတော့ သိနေတယ်။ ဒီစာအုပ်ဟာ သာသနာကို ဖျက်ဆီးဖို့ လက်နက်တစ်ခုပဲ။ ဒီစာအုပ်ကြောင့် အွမ္မသ်တစ်ခုလုံး ဗြောင်းဆန်သွားနိုင်တယ်။ မီးခိုးကြွက်ချောက် ဖြစ်ကုန်လိမ့်မယ်။ အမှန်တရားနဲ့ ဆန့်ကျင်နေတဲ့ စာအုပ်ဆိုတာကိုတော့ အလ္လာဟ့်အလိုတော်နဲ့ သေသေချာချာ သိနေတယ်။ အမှန်တကယ်ကိုပဲ ဆိုဒိုက်စ်က စလဖီလို့ ကြေငြာခဲ့ရင်လဲ သူမှားတယ်။ သူ့ဟာသူ ဘာကြီးပဲ ဖြစ်နေဖြစ်နေပေါ့။ နောက် အခွေထဲမှာလဲ ဆိုဒိုက်စ်တို့ရဲ့ ပါကစ္စတာန်ခရီးစဉ်ပုံစံက ခေါင်းစဉ်မဖော်ပြတတ်ပေမဲ့ ကြည့်ရတာ တစ်မျိုးကို ဖြစ်နေတယ်။ ဘ၀င်မကျမိဘူး။ ဒီအတွက် တစ်ခုခုကို မျှော်လင့်နေမိတယ်။ ပါကစ္စတန်မှာ ရှိနေတဲ့ သူငယ်ချင်းတွေဆီလဲ အဆက်မပြတ် ဆက်သွယ်ပြီး ဒီကိစ္စကို လေ့လာနေခဲ့တယ်။





(အလ်ဟမ်ဿးုလစ်လ္လား) ချီးမွှမ်းထောပနာမှုတွေဟာ အရှင်မြတ်အတွက်ဖြစ်ပါတယ်။ အရှင်မြတ်ရဲ့ နေအ်မသ် ဂရုဏာတော်ကြောင့် သိပ်မကြာဘူး။ ဒီစာအုပ်အတွက် အိုလမာအဖွဲ့ချုပ်က ဦးဆောင်ပြီး အာလင်မ်ခုနှစ်ဦးပါတဲ့ အောက်မှာ ဖော်ပြထားတဲ့ ကြေညာချက် တစ်စောင် ထွက်လာပါတော့တယ်။
---------------------------------------------------------------------------------------------------------------

အစ္စလာမ်ဘာသာဝင်အပေါင်းတို့အား အသိပေးကြေငြာချက်


အစ္စလာမ် ဘာသာဝင် အပေါင်းတို့ခင်ဗျား -

လွန်ခဲ့သော (၂)ပတ်ခန့်က “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ်” မည်သော စာအုပ်တစ်အုပ် ထွက်လာခဲ့ပါသည်။ ယင်းစာအုပ်တွင် အများမွတ်စ်လင်မ် ထင်ယောင်ထင်မှား ဖြစ်စေရန် အထောက်အထားများကို (ဖြတ်၊ ညှပ်၊ ကပ်) ပြုလုပ်ပြီး လိုရာဆွဲ၍ ပြန်ဆိုထားခြင်း၊ မူရင်းစာသားအချို့ကို ချန်လှပ်၍ ပြန်ဆိုထားခြင်း၊ မိမိဘက်မှ ဖြည့်စွက်ရေးသားခြင်း၊ မြန်မာပြည်ရှိ အာလင်မ်သာသနာ့ ပညာရှင်ကြီးများနှင့် အစ္စလာမ်ဘာသာဝင်များအား စော်ကားထားခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရပါသည်။

သာဓကအားဖြင့် ဖော်ပြရသော် -
  1. ၄င်းစာအုပ်တွင် ဂျာမေအဟ်ဒါရွလ်အုလူမ်ကရာချီပါကစ္စတန်ဖသ်ဝါဌာနမှ အိုလမာ အဖွဲ့ချုပ်သို့ ပေးပို့သောစာကို ဖော်ပြရာတွင် မူရင်းစာသားအချို့ကို ချန်ထားပြီး မိမိလိုရာကိုသာ ဖော်ပြထားခြင်း၊ ဥပမာ- မူရင်းစာ အောက်ဆုံးအပိုဒ်တွင် “အကယ်၍ မည်သည့် အုပ်စုမဆို ပညာရေးကို အကြောင်းပြပြီး သက္ကလီးဒ် မပြုကြရန် စွဲဆောင်နေလျှင် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ စာသင်ကျောင်းများတွင် ပညာဆည်းပူးခြင်းမှ တားမြစ်ရမည်။”ဟူသော မူရင်းစာသားကို ချန်ထားခဲ့ခြင်း။
  2. ၄င်းစာအုပ်ကို ရေးသားသူသည် မိမိကိုယ်မိမိ “ဟနဖီ မဇ်ဟဗ်”၀င် ဖြစ်သည်ဟု ရေးသား ဖော်ပြထားပါလျက် စလဖီ အယူဝါဒကိုသာ စာအုပ်တစ်အုပ်လုံးတွင် အားပေးဖော်ပြထားခြင်း။
  3. ၄င်းစာအုပ်တွင် "မြန်မာပြည်ရှိ အစ္စလာမ်သည်လည်း ကုရ်အာန်ကျမ်းတော်၊ စွန္နသ်တော်နှင့် ဆန့်ကျင်သော အစ္စလာမ် ဖြစ်နေရုံသာမက အကာဗိရ်များ၏ လမ်းစဉ်နှင့်လည်း ဆန့်ကျင်နေသည့် အစ္စလာမ်သာ ဖြစ်နေရပါတော့သည်" ဟု ရေးသားထားခြင်း။
  4. ၄င်းစာအုပ်တွင် "မိမိတို့မျက်လုံးကို အမှောင်ထဲ စုံမှိတ်ကာ ဆရာကြီးတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ မွတ်စ်လင်မ်လူထုကြီးကို ဒီအတိုင်းပဲ ဆက်လျှောက်နေလျှင် အလွန်နက်ရှိုင်းတဲ့ ချောက်ကြီးထဲသို့ ကျသွားမှာဖြစ်နေလို့"ဟု ရေးသားထားခြင်း။
  5. ၄င်းစာအုပ်တွင် "ဒီကနေ့အထိ ဆရာကြီးတွေရဲ့ မှားယွင်းချွတ်ချော်မှုတွေနဲ့အတူ လွှမ်းမိုးလျက်ရှိနေတာကို အမှန်တည့်ပေးမယ့် ဆရာသခင် (ကျွန်တော်မှအပ) တစ်ပါးမှ မပေါ်ပေါက်သေးပါ"ဟု ရေးသားထားခြင်း။
  6. ၄င်းစာအုပ်တွင် မှန်ကန်သော မဇ်ဟဗ် (၄)ခုနှင့် တစ်ဆက်တည်း စလဖီကိုလည်း မဇ်ဟဗ်တစ်ခုဟု ဖော်ပြကာ မွတ်စလင်မ်ထုအား မဇ်ဟဗ် (၅)ခုရှိသယောင် မဟုတ်မမှန် ဖော်ပြထားခြင်း။
  7. ၄င်းစာအုပ်တွင် ဂိုင်းရ်မုက္ကလိဒ်၏နောက်တွင် နမာဇ်ဝတ်ပြုပိုင်သည်ဟူ၍ ကျမ်းကြီးကျမ်းငယ်များမှ အထောက်အထားများကို မူရင်းစာ (စ၊လယ်၊ဆုံး)မှ မိမိဖော်ပြလိုသည်ကိုသာ နှိုက်ထုတ် ပြန်ဆို တင်ပြထားခြင်း။
  8. ၄င်းစာအုပ်တွင် ကအ်ဗဟ်ကျောင်းတော်၏ အိမာမ်များဖြစ်သည့် ရှိုင်ခ်စုဒိုက်စ် နှင့် ရှိုင်ခ်ရှိုရိုင်းမ် တို့သည် “စလဖီ ဖြစ်သည်ဟု ဖော်ပြထားကြောင်း တွေ့ရပါသည်။ ဤသည်မှာ လုံးဝ မဟုတ်မမှန် ဖော်ပြချက် တစ်ရပ်သာ ဖြစ်သည်။ ဖော်ပြပါ အိမာမ်များသည် မိမိကိုယ်မိမိ စလဖီဖြစ်ကြောင်း ယတိပြတ် အသုံးအနှုန်းဖြင့် ကြေငြာချက်တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိပါ။ အမှန်စင်စစ် ကအ်ဗဟ် ကျောင်းတော်နှင့် မတ်စ်ဂျိဒေနဗ၀ီ၏ သာသနာရေးဆိုင်ရာ အကြီးအကဲ ဥက္ကဋ္ဌကြီးဖြစ်သည့် ရှိုင်ခ် မုဟမ္မဒ် ဗင်န် အဗ္ဗဒွလ္လာဟ် အပ်စ်စုဗိုင်ယိလ်က မုချ ဟရမိုင်းန်တွင် ရှိကြကုန်သော အိမာမ်များသည် အိမာမ် အဟ်မဒ်ဗင်ဟမ်ဗလ် ရဟ်မသွလ္လာဟ်သခင်၏ နောက်လိုက် “ဟမ်ဗလီ” မဇ်ဟဗ်ဝင်များဖြစ်ကြောင်း ဖြေကြားသည့် အထောက်အထား အတိအလင်း ရှိပေသည်။ ၎င်းမှာ- ထိုဟရမိုင်န် ရှရီဖိုင်း(န်)၏ အိမာန်များသည် “ဟမ်ဗလီ”မဇ်ဟဗ်ဝင်များ ဖြစ်ကြသလားဟု မေးမြန်းထားသည်ကို ဟရမိုင်န်း၏ ဥက္ကဋ္ဌကြီးက ဖြေကြားထားသည်မှာ “ဟုတ်ကဲ့၊ ၄င်းတို့သည် အဲ့ဟ်လေစွန္နသ် အိမာန်ကြီးတစ်ပါးဖြစ်သည့် အိမာန်အဟ်မဒ်ဗင်န်ဟမ်ဗလ် ရဟ်မသွလ္လာဟ် သခင်ကြီး၏ နောက်လိုက်များ ဖြစ်ကြပါသည်။”
  9. ၄င်းစာအုပ်တွင် ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ကျင်းပသော ကအ်ဗဟ်ကျောင်းတော်၏ အိမာမ်အား ကြိုဆိုသည့် သီးခြားအခမ်းအနားနှစ်ခုကို ဟနဖီအကာဗိရ်အကြီးအကဲများနှင့် အဲဟ်လေ့ဟဒီးစ် (စလဖီ) ပညာရှင်ကြီးများ ပူးပေါင်းလျက် မိန့်ခွန်း ပြောနေကြပုံများဟူ၍ အခမ်းအနား တစ်ခုသယောင် လိမ်လည် ဖော်ပြထားခြင်း၊ စသည့် အချက်များအပြင် နောက်ထပ် လိမ်လည် လှည့်ဖျား၍ ရေးသားထားသည့် အချက်များစွာတို့ကို “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ်” မည်သော စာအုပ်တွင် တွေ့ရှိရပါသည်။ သို့ပါ၍ ၎င်းစာအုပ်ကို အစ္စလာမ် ဘာသာဝင်များ ဖတ်ရှုလေ့လာခြင်းဖြင့် အီမာန်ကို ထိခိုက်ပျက်စီးစေမည့်အပြင် ကျင့်စဉ်များကိုလည်း ထိခိုက်နိုင်ပြီး အချင်းချင်း ၀ိဝါဒကွဲ၍ အငြင်းပွားကာ ပြဿနာများ ပေါ်ပေါက်နိုင်ပါသည်။
သို့ပါ၍ ယင်းစာအုပ်ကို မွတ်စ်လင်များ အနေဖြင့်-
ဖတ်ရှုလေ့လာခြင်း၊
လက်ဝယ်ထားရှိခြင်း၊
တဆင့်ပြန်လည်ဖြန့်ဝေခြင်း စသည်များကို လုံးဝ မပြုလုပ်ကြပါရန် အသိပေးအပ်ပါသည်။

--------------------------------------------------------------------------------------------------------------- 


ကာရီတွေ အသံကောင်းကောင်းနဲ့ ကိရာအသ်တွေ ဆိုဖို့ထက် အစ္စလာမ့်ရင်သွေးငယ်တွေ ကလိမာစာပိုဒ်တွေ ရွတ်ဆိုတတ်ဖို့က အရေးကြီးပါတယ်။ စလာမ်ကို သဂ်ျဝီးဒ်နဲ့ ပေးတတ်ဖို့ဆိုတာထက် နမားဇ်ကို ကောင်းကောင်းဖတ်တတ်ဖို့က အရေးကြီးပါတယ်။ သဂ်ျဝီးဒ်ပညာရပ်နဲ့ အချိန်ကုန်နေဖို့ထက် ရိုဇာဟ်ရဲ့ မတ်စ်အလာဟ်တွေ သင်ယူဖို့က ပိုရေးကြီးပါတယ်။ သဂ်ျဝီးဒ်တွေအတွက် ငွေတွေသုံးဖို့ထက် အခြားသော သာသနာ့ပညာတွေအတွက် ငွေတွေ စိုက်ထုတ်သင့်ပါတယ်။


ကိုယ်တော်မြတ်ကြီးနဲ့တပည့်ဆွဟာဗာတွေဟာ သာသနာကို ဆင်းရဲဒုက္ခခံပြီး ရိုးစင်းတဲ့ပုံစံနဲ့ ဖြန်ချိခဲ့သလို ယဟူဒီ၊ နဆွာရာနီတွေဟာ ငွေတွေသုံးပြီး ပကာသန စည်းစိမ်တွေ မက်လုံးပြ ငွေတွေပုံအောသုံးပြီး သူတို့သာသနာကို ဖြန့်ချိနေကြတယ်။ တမန်တော့်ရဲ့ အွမ္မသ်ဖြစ်နေပြီးတော့ ဟိုလူတွေရဲ့ ပုံစံနဲ့ ဘာလို့ သာသနာပြုနေရတာလဲ။
 
ဘာပဲဖြစ်ဖြစ်ပေါ့ ကာရီဆပ်ရေ UOI မှာ အစ်မကြီးတစ်ယောက်က ရေးသွားတာလေးကို သတိရမိတယ်ဗျ။ သူပြောသွားတာလေးက ရှင်းပါတယ်။ “မြန်မာပြည်ရဲ့ အတိက အစ္စလာမ်ကို လျှောက်လှမ်းခဲ့တာ ဟနဖီ အာလင်မ်ကြီးတွေပါ။ သူတို့တွေ အချိန်တွေကို အွမ္မသ်အတွက်ပဲ အသုံးချခဲ့တယ်။ သူတို့ဘ၀တွေကို သာသနာအတွက် အပြီးအပိုင် စတေးခဲ့ကြတယ်။ သူတို့ သာသနာကို ထွင်းဖောက်တဲ့ လမ်းတွေက သိပ်ကိုကြမ်းတမ်းလွန်းပါတယ်။ အဲဒီတုန်းက ဂိုရ်မုကလ်လစ်ဒ်တွေ ဘယ်ရောက်နေကြလဲ? အခုမှ လာပြီး စလဖီ သံကောင်းလာဟစ်ပြမနေပါနဲ့။ စလဖီဝါဒကို တို့ မြန်မာမွတ်စလင်မ်တွေ အလိုမရှိဘူး” တဲ့ဗျာ။ အစ်မရေ တကယ်ကို မှန်ကန်တဲ့ စကားလေးဖြစ်လို့ ဒီနေရာမှာ ယူသုံးလိုက်ပါတယ်ဗျာ။

မှတ်ချက်........တဆင့်ကူးယူဖော်ပြထားသည်။ yunus

အဟ်လေ့စွန္နတ် ဝလ်ဂျမာအတ် အာကီဒါနှင့်ကွဲလွှဲနေကြောင်း တင်ပြပါသည်။ ၎င်းအပြင်အင်တာနက်မှရှာဖွေ၍ စလ်ဖီဆိုင်ရာသိကောင်းစရာထောက်အထားများကိုလည်းဆက်လက်တင်ပြပါသည်။ကျွန်တော်ဖတ်ဖူးသောလေ့လာ
ခဲ့သောစာအုပ်ထဲမှတွေ့ရှိချက်အချို့ကိုကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။
Ref:စာအုပ် အစ္စလာမ်ကိုဖျက်စီးနေကြသည်စလ်ဖီးတို့၏အကြောင်း

၁။-(မူလရေး သူ     ဆီးရီးယားနိုင်ငံသား  ရှိက်မူဟမ္မဒ် စအီးဒ်ရာမ်ဘူတွီ(အရဘီလူမျိုး)
၂။-၎င်းစာအုပ်ကို စလ်ဖိယတ် ကေ အေက်ဂျာအေဇာအမည်ဖြင့် အူရ်ဒူဘာသာသို့ မော်လနာမူဟမ္မဒ်အာရိဖ်(ဒါရုလ်အူလူမ်ဒေယိုဘန်-ဆရာကြီး)က ပြန်ဆိုသည်။
၃။-တဖန်မြန်မာဘာသာသို့ (မော်လနာမိုဟမ္မဒ်အိလ်ယာစ-မဟ်မူဒီ်)က ပြန်ဆိုပါသည်။
၎င်းစာအုပ်၏စာမျက်နှာ(၁၁၉) တွင်အောက်ပါအချက်သည်အဟ်လေ့စွန္နတ် ဝလ်ဂျမာအတ် အာကီဒါနှင့်ကွဲလွှဲနေတွေ့ရှိရပါသည်။


စလ်ဖီဂိုဏ်းဝင်တို့၏အာကီဒါဟ်အယူအဆအချို့

၁။-အတိုးစာခြင်းပိုင်ခြင်း
၂။-နစ်ရာနီဇဗဟ်ပြုသော သားကောင်း စားပိုင်ခြင်း
၃။-တွာလက် (၃)ကြိမ် တစ်ခွန်းဖြင့် ပေးခြင်းဖြင့် တစ်ကြိမ်သာ အထမြောက်သည်ဟုဆိုခြင်း
၎။-အဗရဟ်ဘုရင်နှင် အပေါင်းပါဆင်တပ်တို့သည်ရေကြောက် ရောဂါဖြစ်စစ်ဂှုံးခဲyသည်အဘာဘိလ်ငှက်လာ၍ကျောက်ခဲပေါက်သည်အတွက်စစ်ရှုံးသည်ဆိုခြင်း မဟုတ်ပါ။
၅။ဗဒရ်စစ်ပွဲ`၌မလာအီကာများကိုစစ်ကူပို့သည်ဟုပြောဆိုခြင်းသည်အမှန်မဟုတ်ပါ။အလ္လာဟ်အရှင်
မြတ်က စိဆတ်တက်ကြွစေရန်အားပေးစကာပြောလိုက်ခြင်းဖြစ်သည်။
၆။-တမန်တော်မြတ်(စွ)ဟာယတောတ်နဗီပေ။ဇေယာရတ်လုပ်ခြင်းသည်ဗိဒါအတ်ဖြစ်သည်။
၇။-မစ်ဂျိဒေနဗဝီ`၌ နမာဇ်တစ်ကြိမ်ဖတ်လင် အဆ ငါးသောင်းရရှိ မဟုတ်ပါ။အဆတစ်ထောင်သာရရှိ
မည်။
၈။-တမန်တော်မေအ်ရာဂ်ျကို ရုပ်ခန္ဓာဖြင့်ကြွမြန်သွားခြင်းမဟုတ်ပါ။ဝိညာဏ်ဖြင့်သွားခဲ့ခြင်းဖြစ်သည်။
၉။-ဝစီလာအမီသဟဲပြု၍ ဆုမွန်ပြုခြင်းသည်ဟရာမ်၊ဗီဒါအတ်၊ရှီရိက်ဖြစ်သည်။
၁၀။-တဗ်လိဂ်ဂျမာအတ်ကိုလက်မခံခြင်း၊မတော်မရော်ပြောဆိုပြီးဗီဒါအတ်ကိုလုပ်ဆောင်နေကြံသူများ
ဟုစွပ်စွဲခြင်း။
၁၁။- တဆောင်ဝုဖ် ဗိုင်အတ်ပြုပေးခြင်းတို့ကို လက်မခံခြင်း။

စလ်ဖီနှင့်အဟ်လေ့စွန္နတ်တို့အကြားမစ်အလဟ်ပိုင်းဆိုင်ရာကွဲလွဲမှုများအနက်အချိုကိုတင်ခြင်းဖြစ်သည်။
( ကိုစိုင်မောင်)

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, May 14, 2011

ဆွေမျိုးညာတိတို့၏ ဝတ္တရားများ

ဆွေမျိုးညာတိတို့၏ ဝတ္တရားများကိုလည်ကျေပွန်ရမည်။ အကြောင်းမှာ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးဆ်သြဝါဒတော်မျာ၌
လာရှိသည့် ရဟ်မ် ဟူသည့် အရဗီ ဝေါဟာရ၏ အနက်အဓိပ္ပါယ်မှာ နီးကပ်ခြင်း၊ နီးစပ်ခြင်း၊ ဖြစ်ပြီး၊
အလ္လာဟ်အရှင်မြတ်၏ ရဟ်မာန်း ဟူသောဂုဏ်ရည်တော်နှင့် အထူးဆက်နွယ်မှုရှိပေသည်။ အလ္လာဟ်အရှင်မြတ်က
ဟဒီးဆ်ကုဒုစီတွင် ဗျာဒိတ်တော်မူသည်မှာ အကြင်သူသည် ရဟ်မ် နှင့်ဆက်နွယ်၍နေလျှင် ငါသည်လည်း ၎င်းနှင့်
ဆက်နွယ်၍နေတော်မူမည်။ အကြောင်း သူသည်ဆွေမျိုးဖြတ်က ငါအရှင်သည်လည်း ၎င်းနှင့်အဆက်ဖြတ်တော်မူမည်၊
ဟု၍ဖြစ်၏။ ( သစ်ရ်မိဇီကျမ်း )

တမန်တော်မြတ်(ဆွ)က အမျိုးဆက်သောသူ၏ အသက်သည် ရှည်လျား၏။ ( ဗုခါရီကျမ်း၊ မွတ်စလင်မ်ကျမ်း )

နှစ်ပေါင်းငါးရာအကွာအဝေးမှပင် ရနိုင်သည့် ဂျန္နသ်သုခဘုံ၏ မွှေးရနံ့များကို ဆွေမျိုးဖြတ်သူ၊
ရှုရှိုက်ခံစားရလိမ့်မည်မဟုတ်ဟု မိန့်တော်မူခဲ့၏။ ( သွဗရာနီကျမ်း )

တမန်တော်မြတ်(ဆွ)က မိဘနှစ်ပါးတို့အား ကျွေးမွေးပြုစု၊စောင့်ရှောက်ခြင်းသည် စွလာသ်ဝတ်ပြုခြင်း၊
စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဟဂ်ျနှင့်အွန်ရဟ်တို့ကို ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ် လမ်းတော်၌ စစ်ပွဲဆင်နွဲခြင်း၊
စသည့်ကျင့်စဉ်မွန်တို့ထက်သာ၍မြတ်၏။( အဗူဟအ်လာကျမ်း၊ သွဗရာနီးကျမ်း )

မိခင်၏ဝတ္တရားသည် ဖခင်၏ဝတ္တရားထက် နှစ်ဆပို၏။( အစ်ဗ်နုမနီးအ်ကျမ်း )

မိဘတို့သည် မိမိတို့ အသက်ထင်ရှားရှိစဉ် ကာလ၌ သားသမီးတို့အားပေးကမ်းလိုသော် သားသမီးအားလုံး၊
အညီအမျှခွဲဝေပေးကြရမည် ဟုမိန်တော်မူခဲ့၏။ ( သွဟာဝီကျမ်း )

အို.အရှင်မြတ် ကျွန်တော်မျိုးတို့နှင့် ကျွန်တော်မျိုးတို့၏ သာသနာ့ညီနောင်းများအားလုံးကို
မိဘနှစ်ပါးနဲ့ ဆွေမျိုးများကို ကောင်းစွားဆက်ဆံသူများအဖြင့် ချီးမြင့်ပေးသနားတော်မူပါ။ ( အာမီးန် )


ဘာသာပြန်ဆိုသူ.....မွဖ်သီနူးရ်မုဟမ္မဒ်...

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...