Wednesday, May 23, 2012

“ နမာဇ်နှင့်ပတ်သက်သည့်ဟဒီးဆ်တော်လေးဆယ် ”

 (၁)    အလ္လာအရှင်မြတ်ကကျွန်ုပ်တို့ ၏အွမ္မသ်သားများအပေါ်ပဌမဦးစွာနမားဇ်ကိုဖရာ့ဇ်မပြုမနေရဟုသတ်မှတ်တော်မူသည်။ကိယာ
မသ်ကမ္ဘာ့တရားခွင်၌အားလုံးထက်အလျင်နမားဇ်ကိုစစ်ကျောတော်မူမည်။ (၂) နမားဇ်နှင့်ပတ်သက်၍အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့
ကုန်။နမားဇ်နှင့်ပတ်သက်၍အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့ ကုန်။နမားဇ်နှင့်ပတ်သက်၍အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့ ကြကုန်။ (၃)
အီမာန်နှင့်ရှိရ်က်၏အကြားအလည်တွင်နမာဇ်ပင်ခြားနားခြင်းရှိသည်။ (၄)အိစ်လာမ်၏နိမိတ်လက္ခဏာသည်နမာဇ်ပင်ဖြစ်သည်။အကြင်သူ
သည်စိတ်ကြည်လင်စွာဖြင့်အချိတ်နှင့်မုစ်သဟဗ်များပါမကျန်ကရုတစိုက်ဝတ်ပြုလျှင်ထိုသူသည်မုအ်မင်န်အစစ်ဖြစ်သည်။ (၅) အလ္လာဟ်
အရှင်မြတ်သည်အီမာန်နှင့်နမာဇ်ထက်သာမြတ်သောအရာကိုသတ်မှတ်တော်မမူပေ။အကယ်၍ထိုအရာထက်သာမြတ်သည်ကိုသတ်မှတ်
တော်မူလျှင်ဖရိရှ်သဟ်များအားအမိန့် ပေးပေအံ့။ကောင်းကင်တမန်အချို့ သည်ရုကူအ်ဦးညွတ်လျက်ရှိကြသည်။အချို့ သည်စဂ်ျဒဟ်ဦးချ
လျက်ရှိကြသည်။ (၆) နမာဇ်ဝတ်ပြုခြင်းသည်ဒီးန်သာသနာတော်၏တိုင်များပင်ဖြစ်လေသည်။ (၇) နမာဇ်သည်ရှိုင်သွာန်မိစ္ဆာ၏မျက်နှာကို
မဲအောင်ပြုပေသည်။ (၈) နမာဇ်သည်မုအ်မင်န်များ၏အလင်းရောင်ဖြစ်သည်။ (၉) နမာဇ်ဝတ်ပြုခြင်းသည်အမြတ်ဆုံးသော“ ဂျိဟာဒ်” ဖြစ်
ဖြစ်သည်။ (၁၀) အကြင်သူသည်နမာဇ်ဝတ်ပြုနေလျှင်အလ္လာဟ်အရှင်မြတ်သည်၎င်းအားကရုပြုတော်မူသည်။နမာဇ်ဝတ်ပြုပြီးသော်ကရု
ပြုတော်မမူ။ (၁၁) မိုးပေါ်မှဘေးဒုက္ခတစ်ခုခုကျလာလျှင်၎င်းဒုက္ခပေးမည့်ဗလာသည်ဗလီဝတ်ကျောင်းတော်အားစည်ကားအောင်ဝတ်ပြု
သူများမှကျော်လွန်သွားပေသည်။ (၁၂)အကယ်၍လူသားသည်အပြစ်တစ်ခုခုကြောင့်ဂျဟန္နံမ်ငရဲဘုံသို့ ကျလျှင်ငရဲဘုံ၏မီးသည်စဂ်ျဒဟ်
ပြုသောနဖူးတွင်လောင်ကျွမ်းခြင်းမရှိပေ။ (၁၃) အလ္လာဟ်အရှင်မြတ်သည်စဂ်ျဒဟ်ပြုသောနေရာကိုမီးအားဟရာမ်ပြုထားပေသည်။ (၁၄)
အလ္လာဟ်အရှင်မြတ်အနှစ်သက်ဆုံးအမလ်သည်နမာဇ်ကိုအချိန်နှင့်ဝတ်ပြုခြင်းပင်ဖြစ်သည်။ (၁၅) အလ္လာဟ်အရှင်မြတ်နှစ်သက်ပျော်ရွှင်
ခြင်းသည်ကားလူတို့ စဂ်ျဒဟ်ဦးချသောအခါပင်ဖြစ်သည်။ (၁၆) အလ္လာဟ်အရှင်မြတ်နှင့်လူသားတို့ နီးကပ်စေခြင်းသည်“စဂ်ျဒဟ်” ဦးချ
ခြင်းပင်ဖြစ်သည်။ (၁၇) နမာဇ်သည်ဂျန္နသ်ဥယျာဉ်ဘုံနန်းတော်၏သော့တံပဖြစ်သည်။ (၁၈) လူသားသည်နမာဇ်ဝတ်ပြုရန်ရပ်မူ ဂျန္နသ်
ဥယျာဉ်ဘုံနန်း၏တံခါးသည်ပွင့်သွားပေသည်။နမာဇ်၌မွေ့ လျော်နေသမျှကာလပတ်လုံးအလ္လာဟ်အရှင်မြတ်နှင့်လူသားအကြားတွင်အကာ
အစီးမရှိတော့ပေ။ (၁၉) နမာဇ်ဝတ်ပြုခြင်းသည်အလ္လာဟ်အရှင်၏တံခါးတော်ကိုခေါက်သည်နှင့်တူသည်။တံခါးကိုခေါက်နေလျှင်တစ်ကြိမ်
မဟုတ်တစ်ကြိမ်တံခါးပွင့်မည်ပင်ဖြစ်သည်။ (၂၀) လူ့ တစ်ကိုယ်လုံးတွင်ဦးခေါင်းပါရန်အရေးကြီးသကဲ့သို့ “ဒီးန်”သာသနာတော်တွင်နမာဇ်
ဝတ်ပြုခြင်းသည်အရေးကြီးပေသည်။ (၂၁) နမာဇ်သည်စိတ်၏လင်းဝင်းခြင်းဖြစ်သည်။အကြင်သူစိတ်လင်းဝင်ရန်အလိုရှိလျှင်နမာဇ်ဝတ်
ပြုကုန်။ (၂၂) အကြင်သူသည်ကောင်းမွန်ကျနစွာဝိုဇူရေသန့် စင်၍စိတ်ပါဝင်စားကာနမာဇ်နှစ်ရကအသ် သို့ မဟုတ်လေးရကအသ်၊ဖရာဇ်
ဖြစ်စေ၊နဖ်လ်ဖြစ်စေဝတ်ပြုပြီးအလ္လာဟ်အရှင်မြတ်ထံမိမိကျူးလွန်မိသောဂိုနာဟ်အကုသိုလ်ဒုစရိုက်များကိုချမ်းသာပေးရန်တောင်းဆိုလျှင်
အလ္လာဟ်အရှင်မြတ်ကချမ်းသာပေးတော်မူပေမည်။ (၂၃) အကြင်မြေကြီးပေါ်၌နမာဇ်ဝတ်ပြု၍အလ္လာဟ်အရှင်မြတ်အားတသကြလျှင်၊ထို
မြေကြီးသည်အခြးသောမြေကြီးများအပေါ်ဂုဏ်ယူလေသည်။ (၂၄) အကြင်သူနမာဇ်နှစ်ရကအသ်ဝတ်ပြု၍လိုအင်ဆန္ဒရှိသောအရာတစ်ခု
ခုကိုတောင်းဆိုလျှင်အလ္လာဟ်အရှင်မြတ်သည်လက္ခံတော်မူသည်။ ချက်ချင်းသော်၎င်းဆိုင်းတွ၍သော်၎င်းပေးမည်ပင်ဖြစ်သည်။ (၂၅) အ
ကြင်သူသည်အလ္လာဟ်အရှင်မြတ်နှင့်ဖရိရှ်သဟ်များမှအပအခြားသူမျာမမြင်အောင်တစ်ကိုယ်တည်းနမာဇ်နှစ်ရကအသ်ဝတ်ပြုလျှင်ထိုသူ
သည်ဂှဟန္နံမ်ငရဲဘုံမှလွတ်ကင်းပြီးဟူသောလက်မှတ်ရပေသည်။ (၂၆) အကြင်သူသည်ဖရာဇ်နမာဇ်တစ်ကြိမ်ဝတ်ပြုလျှင်အလ္လာဟ်အရှင်
မြတ်ကဆုဒိုအာတစ်ခုကဗူလ်ပြုလက္ခံတော်မူသည်။ (၂၇) အကြင်သူသည်နမာဇ်ငါးကြိမ်ကိုကရုစိုက်လျှင်၊ဝိုဇူရေသန့် စင်ခြင်း၊ရုကူအ်ဦး
ညွတ်ခြင်း၊စဂ်ျဒဟ်ဦးချခြင်းတို့ ကိုသေချကျနစွာဖြင့်ဝတ်ပြုလျှင်ဂျန္နသ်ဥယျာဉ်ဘုံနန်းကို၎င်း၊သူအသေအချရပေတော့မည်။ဂျဟန္နံမ်ငရဲဘုံ
သည်ထိုသူ့ အတွက်ဟရာမ်ဖြစ်သွားပေသည်။ (၂၈) လူသားသည်နမာဇ်ငါးကြိမ်ကိုဝတ်ပြုနေလျှင်ရှိုင်သွာန်မိစ္ဆာသည်ထာဝရညူသားအား
ကြောက်ရွံ့ ပေသည်။လူသားသည်နမာဇ်ဝတ်ပြုရာ၌ပေါ့လျှော့မှုခြင်းများပြုလျှင်ရှိုက်သွာန်မိစ္ဆာသည်၎င်းလူသားအားလမ်းမှားသို့ ရောက်
အောင်အားကျိုးမာန်တက်လှုံ့ ဆော်လေသည်။ (၂၉) အားလုံးထက်အကောင်းအမြတ်ဆုံးသောအမလ်ကျင့်ဝတ်သည်နမာဇ်ကိုပဌမအချိန်
၌ဝတ်ပြုခြင်းပင်ဖြစ်လေသည်။ (၃၀) နမာဇ်သည်ရှောင်ကြဉ်သူဟူသမျှ၏စွမ်းရည်ပင်ဖြစ်သည်။ (၃၁) အလ္လာဟ်အရှင်မြတ်ထံတော်တွင်
အားလုံးထက်အနှစ်သက်ဆုံးသောအရာသည်နမာဇ်ကိုပဌမအချိန်၌ဝတ်ပြုခြင်းပင်ဖြစ်သည်။ (၃၂) အကြင်သူနံနက်၌နမာဇ်ဝတ်ပြုရန်
သွားလျှင်ထိုသူ၏လက်၌(အီမာန်)ယုံကြည်ချက်၏အလံရှိသည်။အကြင်သူဈေးသို့ သွားလျှင်ထိုသူ၏လက်၌ရှိုက်သွာန်မိစ္ဆာ၏အလံရှိ၏။
(၃၃) ဇုဟ်ရ်နမာဇ်အလျှင်စွန္နသ်လေးရကအသ်၏အကျိုးစဝါးဗ်သည်သဟဂ်ျဂျွဒ်၏လေးရကအသ်အကျိုးစဝါးဗ်ကဲ့သို့ ဖြစ်သည်။ (၃၄)
ဇုဟ်ရ်နမာဇ်အလျှင်စွန္နသ်လေးရကအသ်ဝတ်ပြုခြင်းသည်သဟဂ်ျဂျွဒ်လေးရကအသ်အကျိုးစဝါးဗ်နှင့်ညီမျှသည်။ (၃၅) အကြင်သူနမာဇ်
ဝတ်ပြုရန်ရပ်လျှင်အလ္လာဟ်အရှင်မြတ်၏ရဟ်မသ်တော်သည်ထိုသူ့ ဘက်သို့ လှည့်တော်မူပေသည်။ (၃၆) အမြတ်ဆုံးသောနမာဇ်သည်
ညဥ့်ဝက်တွင်ဝတ်ပြုခြင်းဖြစ်သည်။ထိုသို့ ညဥ့်ဝတ်ပြုသူအလွန်နည်းပေသည်။ (၃ရ) ကျွန်ုပ်ထံသို့ ဂျိဗ်ရာအီးလ်ကောင်းကင်တမန်ရောက်
လာ၍ပြောသည်မှာ အို မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လံမ်)ယခုကိုယ်တော်အသက်ရှင်နေလင့်ကစားသေဆုံးရမည်မှာအမှန်ပင်ဖြစ်
သည်။မည်သူ့ ကိုချစ်ခင်စုံမက်နေပါမူတနေ့ မဟုတ်တစ်နေ့ ၎င်းချစ်သူနှင့်ခွဲခွာရမည်ပင်ဖြစ်သည်။ကိုယ်တော်မည်သို့ အမလ်အကောင်း
အဆိုးပြုစေကာမူ၊ထိုအရာ၏အစားရပေမည်။မုအ်မင်န်၏ဂုဏ်အင်္ဂါသည်သဟဂ်ျဂျွဒ်နမာဇ်ဝတ်ပြုခြင်းပင်ဖြစ်သည်။မုအ်မင်န်၏ဂုဏ်သိက္ခာ
သည်လူတို့ မှတောင်းတခြင်းကင်းသူဖြစ်သည်။ (၃၈) ညဥ့်၏အဆုံးပိုင်းတွင်ဝတ်ပြုသောအကျိုးစဝါးဗ်သည်တစ်လောကလုံးထက်ပိုပေ
သည်။အကယ်၍ကျွန်ုပ်သည်ကျွန်ုပ်၏အွမ္မသ်သားများဒုက္ခရောက်မည်ကိုမစိုးရိမ်ခဲ့လျှင်ဖရာဇ်ပြုချင်စိတ်ရှိပေသည်။ (၃၉) သဟဂ်ျဂျွဒ်
ဖတ်ကြကုန်၊သဟဂ်ျဂျွဒ်သည်သူတော်စဉ်များ၏ဓလေ့တော်ဖြစ်သည်။၎င်းနောက်အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်စေသောလက္ခဏာတစ်
ရပ်ဖြစ်သည်။ထိုသို့ သဟဂ်ျဂျွဒ်ဖတ်ခြင်းဖြင့်ကိုယ်ကာယလည်းကျန်းမာသန်စွမ်းပေသည်။ (၄၀) အလ္လာဟ်အရှင်မြတ်မိန့် တော်မူသည်မှာ၊
အိုး အာဒံမ်၏သားမြေးများ၊ သင်တို့ နေ့ ၏အစမှာနမာဇ်လေးရအကသ်ဝတ်ပြုရန်မပြင်းရိကြလေနှင့်၊ငါအရှင်သည်တစ်နေ့ လုံးသင်တို့ ၏
အလုပ်အကိုင်များကိုလွယ်ကူအောင်ပြုပေးတော်မူမည်။              (ဖဇာဧလေ နမာဇ်ကျမ်းမှ ဟဒီးဆ်တော်များဖြစ်ပြီးအောင်ဇမ္ဗူပုံနှိပ်
တိုက် အမှတ်-၂၀၄၊ ၃၉-လမ်း ရန်ကုန်မြို့ မှလွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်သုံးဆယ်ခန့် ကထုတ်ဝေခဲ့သည်အားပြန်လည်ကူးယူ
မျှဝေလိုက်ရခြင်းပင်ဖြစ်သည်။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Monday, April 02, 2012

အဖိုးမဖြတ်နိုင်သောတမန်တော်မြတ်(ဆွ)ဧ။်မိန်.ချွေချက်များ

  1. ကျေးတောသားစွဟာဗီတစ်ပါးသည်တမန်တော်မြတ်(ဆွ)ထံတော်ပါးတွင်ရောက်ရှိလာပြီးလျှောက်ထားသည်မှာယားရစူးလွလ်လာဟ်(ဆွ)ကျွှန်တော်မျိုးမေးခွန်းတစ်ချို.အားမသိလို.မေးလိုပါသည်
``အမိန်.ရှိသည်မှာမေးပါ.
.စွဟာဗာကြီးကလျှောက်ထားသည်မှာယာရစူးလွလ်လားဟ်(ဆွ)
စွဟာဗဟ်..ကျွှန်တော်မျိုးချမ်းသာကြွယ်ဝသူဖြစ်လိုပါတယ်.
တမန်တော်-အမိန်.ရှိသည်မှာရောက်ရဲတင်းတိမ်မှု.လက်ကိုင်ပြုပါ။ချမ်းသာကြွယ်ဝသူဖြစ်လာလိမ်မယ်
(စွ)အားလုံးထက်ချမ်းသာကြွယ်ဝသူဖြစ်လိုပါတယ်...
(ဆွ)သက်က၀ါတရားလက်ကိုင်ထားပါအာလင်မ်ဖြစ်သွားမည်..
(စွ)ဂုဏ်ရှိသူဖြစ်လိုပါတယ်..(ဆွ)လူတို.ဧ။်ရှေမှောက်လက်ဖြန်.ခြင်းကိုရပ်လိုက်ပါ..
(စွ)လူကောင်းတစ်ဦးဖြစ်လိုပါတယ်..
(ဆွ)လူတို.အားအကျိုးပြု.လော.
(စွ)တရားမျှတသူဖြစ်လိုပါတယ်.
(ဆွ)မိမိကောင်းသည်ဟုယူဆသောအရာကိုတခြားသူတို.အတွက်လည်းနှစ်သက်ပါ..
(စွ)အင်အားဗလနှင်.ပြည်.စုံသူဖြစ်လိုပါသည်..
(ဆွ)အလာဟ်အပေါ်အားထားယုံပု့သူဖြစ်လော.
(စွ)အလာဟ်ရှေ.မှောက်တွင်သီးသန်.အဆင်.အတန်းရရှိလိုပါသည်
(ဆွ)များစွာဇိကိင်္ရပြု.လော.
(စွ)ရီုဇီကျယ်ဝန်းလိုပါတယ်
(ဆွ)အမြုဝူဇူနှင်.နေပါ
(စွ)တောင်းဆုများလက်ခံခြင်းခံရသူဖြစ်လိုပါတယ်(
ဆွ)ဟရာမ်မစားပါနှင်.
(စွ)ပြီးပြည်.စုံသောအီမာန်ရှင်ဖြစ်လိုပါတယ်
(ဆွ)အကျင်.စာရိတကောင်းအောင်နေပါ
(စွ)ကေယာမသ်နေ.တွင်အလာဟ်နှင်အပြစ်ကင်စွာတွေ.လိုပါတယ်
(ဆွ)ဂျနာဗသ်ဖြစ်ပြီးနော်က်ချက်ချင်းရေချု.ပါ
(စွ)ဂိုနာများလျှောနည်းလိုပါတယ်
(ဆွ)များစွာအစ်သဂ်ဖွာဖတ်ပါ
(စွ)ကေယာမသ်နေ.တွင်နူရ်ဖြင်.ရှင်ပြန်ထလိုပါတယ်
(ဆွ)မတရားမှု.ပြုခြင်းကိုရှေင်လော
.(စွ)အလာဟ်အသျှင်ကျွှနုပ်အပေါ်ဂရုဏသက်ခြင်းကိုလိုလားသည်
(ဆွ)အလာဟ်ဧ။်အဖန်ဆင်းခံများအပေါ်ဂရုဏာသက်လော.
(စွ)ကျွှန်တော်မျိုးဧ။်အပြစ်များကိုအလာဟ်ဖုံးကွယ်စေလိုပါသည်
(ှဆွ)လူတို.ဧ။်အပြစ်များကိုဖုံးကွယ်ပါ(စွ)အရှက်တကွဲဖြစ်ခြင်းမှကင်းဝေးလိုပါသည်
(ဆွ)ဇေနာအမှု.မှရှောင်ပါ
(စွ)အလာဟ်နှင်ရစူလ်ရဲ.အချစ်တော်ဖြစ်လိုပါသည်
(ဆွ)အလာဟ်နှင်ရစူလ်နှစ်သက်သောအရာကိုမြတ်နိုးပါ
(စွ)အလာဟ်မသျှင်အားအကောင်းဆုံးခ၀ပ်ကိုးကွယ်သူဖြစ်လိုပါသည်
(ဆ)အလာဟ်အသျှင်မြတ်အားအသင်တွေ.မြင်နေသည်ဟုစိတ်ထဲတွင်မှတ်ယူကာခ၀ပ်ကိုးကွယ်မှု.ပြုပါလေ.(သို.)အလာဟ်အသျှင်သည်သင်.ကိုတွေ.မြင်နေသည်ဟုခ၀ပ်ကိုးကွယ်မှု.ပြုပ်လေ.
(စွ)အို-ကိုယ်တော်မည်သည်.အရာသည်ဂိုနာဟ်များကိုကျွှတ်ကယ်စေပါသနည်း
(ဆွ)မျက်ရည်  ။ခယရိုကျိုးမှု.   
။ရောဂါဝေဒနာ
(စွ)မည်သည်.အရာသည်ဂျဟမ်နမ်းငရဲမီးမှအေးမြစေပါသနည်း
(ဆွ)လောကီအခက်အခဲများအေပ်ါခန်နီတရားထားခြင်းသီခံမျိုသိမ်ခြင်း
(စွ)မည်သည်.အရာသည်အလာဟ်အသျှင်ဒေါသကိုပပျောက်စေပါသနည်း
(ဆွ)တိတ်တဆိတ်လှူဒါးန်းသောအလှူဒါနနှင်ဆွေမျိုးသားချင်းများနှင်ကောင်းမီန်စွာဆက်ဆံခြင်း
(စွ)အကြီးမားဆုံးသောမကောင်းမှုမှာအဘယ်နည်း
(ဆွ)မကောင်းသောအကျင်.စာရိတနှင်.   စေးနဲတွန်.တိုမှု.(စွ)အကြီးမားဆုံးကောင်းမှု.မှာအဘယ်နည်း
(ဆွ)ကောင်းမွန်သောစာရိတ.ခယရိုကျိုးမှု.သိခံမျိုသိမ်ခြင်း
(စွ)အလာဟ်အသျှင်ဧ။်အမျက်ဒေါသရှခြင်းမှလွတ်မျောက်လိုပါသည်
(ဆွ)လူတို.အပေါ်အမျက်ဒေါသထွက်ခြင်းကိုစွန်.လွတ်လိုက်ပါ
   ((ကန်ဇွလ်အွမ်မာလ်ကျမ်း..မွတ်စ်နဒ်အဟ်မဒ်ကျမ်း)
ဘခ်ရေးမိုသီး-အတွဲ(၃)စာမျက်နှာ89-90-91မှတင်ပြပါသည်)
 





မှ  saleem

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, March 31, 2012

မိုင်ယဒ် သေသူနှင့်ပတ်သက်၍ ရှောင်ရန်မဆ်အာလာများ

1. မိုင်ယဒ် ကဖန်ထုပ်ပြီးနောက် အနားတွင် ကျမ်းမြတ် ကုရ်အာန်ဖတ်ခြင်းကို အချို့အေမာန်ကြီးများက ခွင့်ပြုထားပါသည်။ သို့သော် သေသူနှင့် နေကာပိုင်သူများ မပါရပါ။ သေသူနှင့် ဆွေမျိုးရင်းခြာများသာ ဖြစ်ရမည်။ အသံကျယ်လောင်စွာမဖတ်ရ။ တိုးတီးစွာ ဖတ်ရမည်။

2. သေသူ၏ ခြေထောက်ကိုကိုင်၍ ၀န်ချတောင်းပန်ခြင်း မပြုပိုင်။ မိမိတောင်းပန်သည်ကို သေသူက သိရှိပြီး ခွင့်လွှတ်မည်ဟု
ယုံကြည်ခဲ့သော် အီမာန်ကိုပင် ထိခိုက်၏။ သေသူမိဘကျေနပ်အောင် မပြုလိုက်ရသောသူများသည် သေသူ၏ မောင်နှမ
ရင်းအခြာများကို ပြုစုစောင့်ရှောက်ပြီး ကျေနပ်မှုရယူမှသာ မိဘ မကျေနပ်ခဲ့သော ကိစ္စများ အတော်အသင့် သက်သာရာ
ရရှိမည်။

3. မိုင်ယဒ် အပေါ် ပန်းတင်ခြင်း။ ထမ်းစင်ပေါ် ပန်းတင်ခြင်း၊ လွမ်းသူပန်းခွေချခြင်း မပြုပိုင်။

4. ကဖန် ထုပ်ပြီးမှ လဟဒ်ပိတ်ချိန်အထိ သေသူအပေါ်မည်သည့် အရည်လောင်းခြင်းမျှ မပြုရ။
ဥပမာ - နှင်းရည်၊ ဇာမ်ဇာမ်ရေ၊ နံသာဆီ၊ ရေမွှေး။

5. စွန္နသ်လမ်းစဉ်တွင်မြေကျ နမာဇ်ဟူ၍ မရှိပါ။ ကုရ်အာန် အာယသ်တော်များ ဖတ်ခြင်း၊ နမာဇ်ဖတ်ခြင်း မက္ကရူဟ် အချိန်မဟုတ်လျှင်
နဖာလ် နမာဇ် ဖတ်ခြင်း စသည့် ကောင်းမှုများကို ပြုလုပ်၍ အကျိုးစ၀ါးဗ်ကို သေသူအားပေးပို့နိုင်သည်။

6. ဆွေမျိုးမိတ်ဆွေများကို ဖိတ်၍ ဇကိရ်စိတ်၊ ကုရ်အာန် ဖတ်ခိုင်းပြီး အကျွေးအမွေးဖြင့် ဧည့်ခံခြင်း၊ အခကြေးငွေပေး၍ ဇေယာရသ် ပြုခိုင်းခြင်း၊ နေ့ရက်သတ်မှတ်၍ ဇေယာရသ် ပြုခိုင်းခြင်း၊ နေ့ရက်သတ်မှတ်၍ ဖတ်ရွတ်ကျွေးမွေးခြင်း တို့သည် စွန္နသ် တော်တွင် မပါရှိပေ။ မိမိတတ်သလောက် အင်အားရှိသလောက် အချိန်မရွေး ဖတ်ရွတ်၍ ကုသိုလ် ပို့ပေးခြင်းသည်
အကောင်းဆုံးဖြစ်ပေသည်။

7. သေသူအား သယ်ဆောင်ချိန်တွင် ကလေမာဟ်ရှဟာဒသ်ကို မိမိကြားရုံမျှ တီးတိုး စွာဖတ်ရမည်။

8. မက္ကာမြို့တော်မှ ယူဆောင်လာသော မြေကြီးကို ကဗရ်ထဲ ထည့်ခြင်းဖြင့် ထိုမြေကြီး၏ ဗရကသ်ကြောင့် သေသူမှာ ချမ်းသာရာရ နိုင်သည် ဟု ခံယူချက်ထားသူ၏ အီမာန်သည် စိုးရိမ် စရာဖြစ်သည်။ ကဗရ် ၏ ပြစ်ဒဏ်မှချမ်းသာရာ ရရေး- မရရေး
သည် သေသူ၏ အီမာန် နှင့် အမာလ် အပေါ်တွင်သာ မူတည်သည်။
မှတ်ချက်။ ။ အဘူဂျာဟေလ်၊ အဗ်ဒွလ်လာဗင် အိုဗိုင်ယ် စသည့် မိုနာဖစ်က် ခေါင်းဆောင်များသည် မက္ကာ၊ မဒီနာ မြေတွင်
သဂြိုဟ်ထားရာ ယင်းတို့သည် ချမ်းသာရာ ရနိုင်မည်လေ။

9. သေသူ၏ ၀ိဥာဉ်သည် ဒွန္နယာ သို့ပြန်လာသည် ဟူသော အဆိုများသည် ခိုင်လုံမှု မရှိပေ။

10. ကဗရ် သင်္ချိုင်းတော်သို့ လာရောက်ဇေယာရသ် ပြုလုပ်သော အမျိုးသမီးများ အား တမန်တော်မြတ် က လအ်နသ် ကျိမ်
ဆိုတော်မူခဲ့သည်။

11. ကျန်ရစ်သူမိသားစု သည် 3 ရက်ထက် ပို၍ အလုပ်အကိုင်ပျက် ပူဆွေးခြင်း မပြုလုပ်ရ။

12. မိုင်ယသ် အိမ်တွင် မူဆွေးမှုအနေဖြင့် 3 ရက် မီးမမွှေးမချက်ပြုတ်စေရန် ဆွေမျိုးမိတ်သင်္ဂဟများက စားသောက်ဖွယ်ရာများ ပို့ပေးရမည်။ ပထမ 2 ရက်ပို့ခြင်းသည် စွန္နသ် ဖြစ်၍ နောက်ဆုံး တတိယရက် ပို့ပေးခြင်းသည် မွစ်တဟဗ် ဖြစ်သည်။

13. စွန္နသ် လမ်းစဉ်တွင် မပါရှိသော လုပ်ငန်းများ ပြုလုပ်ခြင်းသည် ဗေဒါအသ် တရားသစ်တီထွင်ခြင်း ဖြစ်၍ မပြုလုပ်အပ်
အလွန် အပြစ်ကြီးပေသည်။
================================================
မအာရေဖုလ်ကုရ်အာန်ကျမ်းကြီးနှင့် ကိုဒူရီ ကျမ်းကြီးတို့မှ ကောက်နှုတ်သည်။
 





မှHay Shan
 
 
 
 
 
 
 
 
 

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Thursday, March 01, 2012

ခွသ်တဗါ(၁) ဒီန်သာသနာ့ပညာ သင်ယူဆည်းပူးပါ

အစ္စလာမ်သာသနာဝင်သူတော်စင်အပေါင်းတို့ခင်ဗျာ-

အစ္စလာမ်သာသနာတော်က ပြဋ္ဌာန်းပညတ်ထားတဲ့ အစ္စလာမ့်တရားဥပဒေစည်းကမ်း၊ နည်းလမ်းတွေကို သင်ယူဆည်းပူးရမှာကတော့ မွတ်စလင်မ်တွေအတွက် မလွဲမသွေ ထမ်းဆောင်ရမဲ့ ဖရ်ဇ်တာဝန်ပါ၊
ဒီန်သာသနာတော်ကို သင်ယူဖို့၊ ကျင့်ဆောင်ဖို့၊ သင်ကြားပြသဖို့ကို ကုရ်အာန်ကျမ်းတော်မြတ်မှာ အတိအလင်း ပြဋ္ဌာန်းထားသလို ဟဒီးဆ်တော်များမှာလဲ အခိုင်အမာ မိန့်မှတ် လမ်းညွှန်ထားပါတယ်။

(၁) နဗီတမန်တော်မြတ်(ဆွ)က "ငါဟောကြားသွန်သင်ပြသတော်မူတဲ့တရား တစ်ခွန်းတစ်ပုဒ်ပဲဖြစ်ဖြစ်
တဆင့်သင်ကြားပြသပို့ချကြလို့ လမ်းညွန်တော်မူထားပါတယ်။

(၂) ဒီန်သာသနာ့ရေးရာ ပညာသင်ယူဆည်းပူဖို့ ခရီးထွက်တဲ့သူတွက် အလ္လာဟ်အရှင်မြတ်က ဂျန္နသ်ရွှေပြည်မြတ်ကို ရောက်စေတဲ့လမ်းကို လွယ်ကူချောမွေ့စေတော်မူမည် လို့လည်း
မြတ်နဗီ(ဆွ)က အသိပေးတော်မူထားပါတယ်။

(၃) အလ္လာဟ်အရှင်မြတ်က ကောင်းစားစေလိုတော်မူတဲ့ သူကို ဒီန်သာသနာရဲ့အသိပညာ သင်ယူဆည်းပူရရှိစေတော်မူတယ်လို့ မြတ်နဗီ(ဆွ)က အသိပေးတော်မူပါသေးတယ်။

(၄) သာသနာ့ပညာရှင် အာလင်မ်များဟာ နဗီတမန်တော်အလိုင်ဟိ မွတ်စ္စလာမ်တို့ရဲ့ အမွေစားအမွေခံများဖြစ်ကြတယ်။ နဗီတမန်တော်တွေက ငွေကြေးဥစ္စာရတနာတွေကိုအမွေအဖြစ်
မထားခဲ့ဘူး။ ဒီန်သာသနာ့ပညာတွေကိုဘဲ အမွေအဖြစ်ထားတော်မူခဲ့ကြတယ်။ အဲဒီပညာတွေကို သင်ယူဆည်းပူးရရှိလိုက်တဲ့သူဟာ တန်ကြေးကြီးတဲ့ အမွေတွေအစုလိုက်အပုံလိုက် ထူးထူးခြားခြား
ရရှိပိုင်ဆိုင်လိုက်တဲ့သူဖြစ်တယ်လို့ တမန်တော်မြတ်(ဆွ)က အသိပေးတော်မူထားပါတယ်။

(၅) အဲဒါကြောင့် မြတ်နဗီ(ဆွ)က ဒီန်သာသနာတော်ကို လိုက်စားဆည်းပူးသင်ယူဘို့ အစ္စလာမ်သာသနာဝင်
မွတ်စလင်မ်တိုင်းရဲ့ အပေါ်မှာ ဖရ်ဇ်တာဝန်ဖြစ်တယ်လို့ ပြတ်ပြတ်သားသား မိန့်မှတ်တော်မူခြင်းဖြစ်ပါတယ်။
တချို့က ဒီဟဒီးဆ်တော်ကို ကိုးကားပြီး လောကီရေးရာ ပညာကို သင်ယူဆည်းပူးရမည်လို့ အမှားမှားအယွင်းယွင်းဖွင့်ဆိုကြပါတယ်။ အဲဒီဖွင့်ဆိုချက်တွေဟာ သာသနာ့ပညာဆည်းပူးသင်ယူရမည်ဆို့တဲ့
အမိန့်ကိုဖျက်လိုဖျက်ဆီးလုပ်တဲ့၊ အလွဲသုံးစားလုပ်တဲ့ ဖွင့်ဆိုချက်တွေပါ။ အမှန်စင်စစ် ဒီန်သာသနာတော်
ဖြစ်တဲ့ အစ္စလာမ့်ပညာရေးကို လိုက်စားနာယူကျင့်မူဆောက်တည်ဘို့ မြတ်နဗီ(ဆွ)က နှိုးဆော်အသိပေးတော်မူခြင်းဖြစ်ပါတယ်။
အစ္စလာမ်သာသနာတော်ကို လက်ခံသက်ဝင်ယုံကြည်ထားကြတဲ့ မွတ်စ်လင်မ်အမျိုးသား အမျိုးသမီးတိုင်းမှာ
အစ္စလာမ့်အခြေခံတရားတွေကို မလွှဲမသွေ လေ့လာသင်ယူမှတ်သားထားဘို့ တာဝန်ကိုယ်စီရှိနေပါတယ်။

(၆) တရားတော်နှင့် ပတ်သက်တဲ့အချက် ဒါမှမဟုတ် အကြောင်းအရား တစ်ခုကို မေးမြန်းစုံစမ်းလာတဲ့အခါမှာ သိရဲ့သားနှု့် ဖြေကြားပြောဆိုသင်ပြမပေးတဲ့သူဟာ ကိယာမသ်နေ့မှာ
မီးဇက်ကြိုးတပ်ခံရလိမ့်မည်လို့ တမန်တော်မြတ်(ဆွ)က အသိပေးတော်မူထားပါတယ်။

(၇) အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်သဘောတူ နှစ်မြို့မှုရစေတဲ့ သာသနာ့ပညာတွေထဲက ပညာတစ်ခုခုကို လောကီအကျိုးမျှော်ကိုးပြီး သင်ပေးသင်ယူတဲ့သူဟာ ကိယာမသ်နေပမှာ ဂျန္နသ်ရွှေပြည်မြတ်ရဲ့ အမွှေးယနံကိုတောင်၇မှာမဟုတ်ဘူးလို့ မြတ်နဗီ(ဆွ)က သတိပေးတော်မူထားပါတယ်။

(၈) ငါကိုယ်တော်မြတ်ဟာ တစ်နေ့နေ့မှာ မုချဧကန် သေးဆုံးရမှာဖြစ်လို့ သင်တို့အနေနဲ့ ငါသင်ကြားပို့ချပေးတော်မူထားတဲ့ တရားစကားတွေ၊ တရားစည်းကမ်း၊ တရားနည်းလမ်းတွေနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ကိုယ်တိုင်လဲလေ့လာဆည်းပူး သင်ယူကျင့်ဆောင်ကြ၊ တခြားသူတွေကိုလဲ
သင်ပြပေးကြ လို့ မြတ်နဗီ(ဆွ)က တာဝန်ပေးတော်မူထားပါတယ်။


ကျွန်တော်တင်ပြခဲ့တဲ့ ဟဒီးဆ်တော်တွေကို အပေါ်ယံလောက်ဘဲလေ့လာလျှင်တောင် အစ္စလာမ်သာသနာ့ပညာသင်ယူသင်ပေးရတဲ့ ကိစ္စဟာ တော်ပဲလိုအပ်အရေးကြီးပြီး အတော်ပဲ အကျိုးထူးတာကို ကောင်းကောင်းသဘောပေါက်ကြမှာပါ။
ညဦးပိုင်းမှာ စဂ်ျဒဟ်ချလိုက် ကိယာမ်ရပ်လိုက်နှင့် ဝတ်ပြုနေရင်း နောက်တမလွန် အာခိရသ်ကို ကြောက်ရွံ့နေရင်း အလ္လာဟ်အရှင်မြတ်ရဲ့ ကရုဏာတော်ကိုလည်း မျှော်လင့်နေတဲ့သူဟာ
မွတ်ရှ်ရစ်က်နှင့်တူပါ့မလား၊ အို နဗီတမန်တော်...အသိအလိမ္မာ ဥာဏ်ပညာရှိတဲ့လူနဲ့ အသိအလိမ္မာ ဥာဏ်ပညာမရှိတဲ့လူနဲ့တူပါ့မလား၊ တကယ်တော့ ဥာဏ်ရှိ၊အသိတရားရှိတဲ့သူတွေကသာ တရားယူကြမည်လို့
ပြောကြားလိုက်ပါလို့ ကုရ်အာန်ကျမ်းတော်မြတ်မှာ သတိပေးတော်မူထားတာကို တင်ပြရင်း
ဒီကနေ့ခွသ်ဗါကို နိဂုံးချုပ်လိုက်ပါတယ်။..............


မှတ်ချက်....ခွသ်တဗါသွလ်အဟ်ကားမ်ကျမ်း၊..
ဟကီမွလ် အွမ္မသ် ဟဇရသ် မော်လာနာ အရှ်ရဖ် အလီထာနဝီ...


ဟဇရသ် အဗူဟုရိုင်ရဟ်(ရဒွိယလ်လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။ ဒွန္နယာလောကသည်
မုအ်မင်န်များအဖို့ အကျဉ်းထောင်များသဖွယ်ဖြစ်၍ ကာဖစ်ရ်ငြင်းပယ်သူများအဖို့မူ ဂျန္နသ်သုခဘုံသဖွယ်ဖြစ်ပေသည်။   ( မွတ်စ်လင်မ်ကျမ်း )

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...