Wednesday, February 16, 2011

အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ်

တမန်တော်မြတ် မုဟမ္မဒ် (စွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လာမ်)ကို
ဦးထိပ်ထားလျက် စွိရာသွမ် မွတ်စ်သကီးမ်၊ ဖြောင့်မတ်မှန်ကန်သော
လမ်းသို့ လျှောက်လှမ်းကြသည့် မွတ်စလင်မ် သူတော်စဉ်
သူတော်ကောင်း အပေါင်းအား ရည်ညွန်းအပ်ပါသည်။

မေတ္တာ ပိုရန်မမေ့ပါနှင့်
၁။တမန်တော်မြတ် မုဟမ္မဒ်သခင်၏အမည်ကို ဖတ်ရွတ်ကြားနာသည့်အခါတွင် အောက်ပါအတိုင်း မေတ္တာပို့ပါ။
( စွလ္လလ္လာဟု အလိုင်းဟိ ဝစလ္လမ် )
အလ္လာဟ် အရှင်မြတ်သည် ကိုယ်တော်မြတ်အပေါ် (ရဟ်မသ်)ကရုဏတော်နှင့် ( စလာမ် )ငြိမ်းချမ်းမှု ပေးသနားတော်မှုပါ)
၂။နဗီတမန်တော်နှင့် ဖွရစ်ရှ်သဟ်ကောင်းကင် တမန်တော်၏ အမည်ကို ဖတ်ရွတ်သည့်အခါတွင် အောက်ပါအတိုင်းမေတ္တာပို့ပါ။
( အလိုင်းဟစ္စလ္လမ် )
၎င်းအပေါ် ငြိမ်းချမ်းမှု ပေးသနားတော်မှုပါ။
၃။စွဟာဗီသာဝကကြီးတစ်ဦး၏ အမည်ကို ဖတ်ရွတ်သည့်အခါတွင် အောက်ပါအတိုင်းမေတ္တာပို့ပါ။
( ရဿွိယလ္လာဟု အန်းဟု )
အလ္လာဟ်အရှင်မြတ်သည် ၎င်းအားနှစ်သက်တော်မှုပြီးဖြစ်ပါသည်။
၎။စွဟာဗဟ်သာဝကများ၏ အမည်ကို ဖတ်ရွတ်သည့်အခါတွင် အောက်ပါအတိုင်းမေတ္တာပို့ပါ။
( ရဿွိယလ္လာဟု အန်းဟွမ် )
အလ္လာဟ်အရှင်မြတ်သည် ၎င်းအားနှစ်သက်တော်မှုပြီးဖြစ်ပါသည်။
၅။သူတော်စဉ်များ၏ အမည်ကို ဖတ်ရွတ်သည့်အခါတွင် အောက်ပါအတိုင်းမေတ္တာပို့ပါ။
( ရဟ်မသွလ္လာဟိ အလိုင်းဟ် )
အလ္လာဟ်အရှင်မြတ်သည် ၎င်းးအပေါ် (ရဟ်မသ်)ကရုဏာတော်ပေးသနားတော်မှုပါ။
...................................................................................................
အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ်များ၏ ခေါင်းစဉ်များ။

အပြင်ပိုင်းကျင့်စဉ်များအတွက် အခြေအမြစ်တရား ( ၁၀ )ပါး။
 အပိုင်း ( ၁ )
၁။ စွလာသ်ဝတ်ပြုခြင်း၊
၂။ ဇကာသ်၊စွဒကဟ်နှင့် ခိုင်ရာသ် လှုဒါန်းခြင်၊
၃။ စွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၊
၎။ ဟဂ်ျပြုခြင်း၊
၅။ ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်ခြင်း၊
၆။ အလ္လာဟ်အရှင်မြတ်အား အမြဲမပြတ် အောက်မေ့တသခြင်း၊
၇။ ဟလာလ် ရိုဇီ ရှာဖွေသားသောက်ခြင်း၊
၈။ မွတ်စလင်မ်တို့အပေါ် ဝတ္တရားကျေပွန်ခြင်းနှင့် ကောင်းစွာဆက်ဆံခြင်း၊
၉။ ကောင်းရာညွန်ကြား မကောင်းရာတားမြစ်ခြင်း၊
၁၀။ စွန္နသ်ဓလေ့တော်များကို လိုက်နာကျင့်သုံးခြင်း၊

အပိုင်း ( ၂ )
ညစ်ညမ်းသည့်အကျင့်ဆိုးများနှင့် ယင်းတို့မှ နှလုံးသားကို စင်ကြယ်စွားထားခြင်း၊ အခြေအမြစ်တရား ( ၁၀ )ပါး။
၁။ အစားများများစားခြင်း၊
၂။ စကားမျာများပြောခြင်း၊
၃။ ဒေါသအမျက်ထွက်ခြင်း၊
၎။ မနာလိုဝန်တိုခြင်း၊
၅။ နှမြောတွန့်တိုခြင်း၊
၆။ ဂုဏ်မက်ခြင်း၊
၇။ လောကီစည်းစိမ်ကို တပ်မက်ခြင်း၊
၈။ မာနထောင်လွှားခြင်း၊
၉။ မိမိကိုယ်ကို အထင်ကြီးခြင်း၊
၁၀။ ရိယာပြစားခြင်း၊

အပိုင်း ( ၃ )
နှလုံးသားအတွင် ကောင်းမြတ်သော အကျင့် စာရိတ္တများနှင့် ခြယ်မှုန်းရေးအတွက် အခြေအမြစ်တရား ( ၁၀ )ပါး။
၁။ သောင်ဗဟ် အမှားဝန်ခံခြင်း၊
၂။ ခေါက်ဖ် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ခြင်း၊
၃။ ဇွဟ်ဒ် လောကီစည်းစိမ်ကို ဥပေက္ခာပြုခြင်း၊
၎။ စွဗရ် သည့်ခံခြင်း၊
၅။ ရွှတ်က်ရ် ကျေးဇူးသိတတ်ခြင်း၊
၆။ အစ်ခ်လာစွ် စိတ်စေတနာဖြူစင်ခြင်း၊
၇။ သဝပ်က်ကွလ် အလ္လာဟ်အရှင်မြတ်အပေါ် အားထားခြင်း၊
၈။ မဟဗ်ဗသ် ချစ်မြတ်နိုးခြင်း၊
၉။ အလ္လာဟ်အရှင်မြတ်၏ အဆုံးအဖြတ်အပေါ် ကျေနပ်ခြင်း၊
၁၀။ သေခြင်းတရားကို သတိရခြင်း၊
တို့ဖြစ်၏။
အပိုင်း ( ၁ ) ( ၂ ) ( ၃ ) များကို အခန်းလိုက် ခေါင်းစဉ်ခွဲ၍ သေးစိတ် ပြန်လည်ဖေါ်ပြပေးပါမည်။ (အင်ရှာအလ်လ္လာဟ်။)
ဘာသာပြန်ဆိုသူ ( မွဖ်သီနူးရ်မုဟမ္မဒ် )
 ဤစာအုပ်၏ မူရင်းကျမ်း အရ်ဗအီးန်ကို (၁၁) ရာစု ကမ္ဘာကျော်အစ္စလာမ့် ပညာရှင် သူတော်စင်တစ်ပါးဖြစ်သူ အိမာမ်ဂဇာလီက အရဗီဘာသာဖြင့် ရေးသားခဲ့သည်။
-------------------------------------------------------------------------------


 အလ္လာဟ့်အချစ်တော် ဖြစ်နိုင်သော ကျင့်စဉ်လေးရပ်။


၁။ လက်တစ်ဆုပ်စာ မုတ်ဆိတ်ထားခြင်း၊
၂။ ခြေမျက်စိကို ဖော်ထားခြင်း၊
၃။ မျက်လွှာကို ထိန်းသိမ်းခြင်း၊
၎။ နှလုံးသားကို ထိန်းသိမ်းစောင့်ရှောင်ခြင်း၊ တို့ဖြစ်၏။


အမျိုးသမီးများအတွက် အလ္လာဟ့်အချစ်တော် ဖြစ်နိုင်သော ကျင့်စဉ်လေးရပ်။

၁။ တရားတော်အတိုင်း ပရ်ဒါ ခေါ် လုံခြုံစွာ ဝတ်စားဆင်ယင်၍ နေခြင်း၊
၂။ ခြေမျက်စေ့များကို မဖော်ဘဲ ဖုံးအုပ်ထားခြင်း၊
၃။မျက်လွှာအရှုများကို ထိန်းသိမ်းခြင်း၊
၎။မိမိတို့၏နှလုံးသားများကို ထိန်းသိမ်းခြင်း၊ တို့ဖြစ်၏။

ဟောကြားသူ
အာရိဖ်ဗိလ္လာဟ် မော်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ် ဆွာဟိဗ်။

ပြန်ဆိုသူ
မော်လဝီ ဟာဖိဇ် မုဟမ္မဒ်ရှကီးလ် ( မြေနီကုန်း )

If you like this please Link Back to this article...

No comments:

Post a Comment

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...

ရေခဲ့သမျှ လစဉ်