Thursday, February 17, 2011

တလွှာပန်း အဖြစ်နဲ. တခါအနမ်းတော. မဖြစ်စေချင်……( ၂ )။ ဒုတိယပိုင်း။

တလွှာပန်း အဖြစ်နဲ. တခါအနမ်းတော. မဖြစ်စေချင်……( ၂ )။ ဒုတိယပိုင်း။
ဘယ်သူ့ကို ချစ်မှာလဲ…???

အသွင်တူ အိမ်သူဆိုသကဲ့သို့… ယေဘုယျအားဖြင့် လူသားဟာ မိမိနှင့်စိတ်တူ ကိုယ်တူသူကိုပဲ စိတ်ဝင်စားစမြဲပါ။အထူးသဖြင့် မိန်းကလေးတွေဟာ မိမိတို့ရဲ့လက်တွဲဖော်ကို အားကိုးရာဟုသတ်မှတ်ပြီး၊ မျှော်လင့်ချက်များစွာထားတတ်ကြပါတယ်။ဒီလိုပဲလူအများစုဟာ မိမိတို့ကိုနားလည်မှုအပေးနိုင်ဆုံးသောသူကိုပဲ တပ်မက်လိုလားကြတယ်။ နားလည်မှု ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကကျယ်ပြန့်ပေမဲ့ ဒီနေရာမှာ လိုရင်းကိုပြောရမယ်ဆိုရင်…. (သာမန်အသေးအဖွဲ ကိစ္စရပ်တွေကလွဲလို့) အလွန်အကျွံများများစားစား ဆန့်ကျင်ကွဲလွဲမှု မရှိပဲ အစစ အရာရာမှာတူညီနေခြင်းပါပဲ။ အဓိကတူညီနေရမှာကတော့ ဘာသာတရားပဲဖြစ်တယ်။ ဒါမှလည်း ကိုယ့်ရဲ့ယုံကြည်မှုက သူနဲ့တထပ်တည်းကျနေလို့ ကြီးကြီးမားမားနားလည်မှု လွဲချော်တော့မှာ မဟုတ်တော့ဘူးပေါ့။

(သူ့ရဲ့ အဲဒီ ဂျစ်ကန်ကန်နဲ့ ငါ့ကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ပုံစံလေးကိုက ငါ့ရင်ကို တကယ်ခုန်စေခဲ့တာ။)လို့ ပြောတဲ့သူတွေ အတွက်တော့….. စရိုက်မတူရင် အတိုင်းအတာ တစ်ခုထိပေါင်းစပ်လို့ရပေမဲ့…. ဘာသာမတူရင် ဘယ်လိုမှ ရေရှည်ပေါင်းဖက်လို့ မရနိုင်ဘူးဆိုတာကို ပြောပြချင်ပါတယ်။ (ရေရှည်ဟုဆိုရာတွင် သေတစ်ပန် သက်ဆုံးကာလလေးအထိ မဟုတ်ပဲ နောင်တမလွန် အာခေရတ် လောကုတ္တရာ အထိ အကျုံးဝင်ပေသည်။) အဘယ်ကြောင့်ဆိုသော် ဤလက်ရှိလောကီဘ၀သည် ကျွန်ုပ်တို့၏ အဓိက ပန်းတိုင်ဖြစ်သော နောင်တမလွန် အာခေရတ် လောကုတ္တရာသို့ အရောက် ပြေးလွှားရာ တံတားလေး တခုမျှသာလျှင် ဖြစ်နေသောကြောင့်ပေတည်း။သာဓက…… (အာဇရ်)လို့ ခေါ်တဲ့ တမန်တော် အီဗရာဟင်မ် (အလိုင် )ရဲ့ ဖခင်၊ တမန်တော် နူးရ် (အလိုင်)ရဲ့ သား၊ တမန်တော်လူးတ် (အလိုင်)ရဲ့ ကြင်ယာ၊ အာစီယာ သခင်မရဲ့ ခင်ပွန်း (အီဂျစ်ပြည်ရဲ့ ဖာရိုမင်းယုတ်)နှင့် တမန်တော်မြတ်ကြီးရဲ့ ဦးလေးတော် အဗူတွာလိဗ် စသည့်သူများသည် အီမာန်လက်မဲ့ ကာဖိရ်ဘ၀နှင့်ပင် သေဆုံးခဲ့ကြသောကြောင့် နောင်အာခေရတ်တွင် ဂျဟန္နမ်အပယ်ငရဲမှတပါး သူတို့ အတွက် အခြားနေရာမရှိပေ။ သတိပြု မှတ်သား သံဝေဂ ရယူရန်….. တမန်တော်မြတ်ကြီးရဲ့ ဦးလေးတော် အဗူတွာလိဗ်သည်ပင် (အလ္လာဟ် အရှင်မြတ်သည် တပါးတည်းသော ကိုးကွယ်ရာ အရှင်ဖြစ်ကြောင်း၊တူတော်မောင် မုဟမ္မဒ်သည် ထိုအရှင်၏ မှန်ကန်သော တမန်တော် တပါးဖြစ်ကြောင်း) လက်ခံလျှက် အစ္စလာမ် သာသနာနှင့် ကိုယ်တော်မြတ်ကြီး အတွက်များစွာ ကာကွယ် အကူအညီ ပေးခဲ့သော်လည်း၊ သူကိုယ်တိုင် ကိုယ်ကျ အစ္စလာမ် သာသနာ့ဘောင်သို့ ၀င်ရောက်လာခဲ့ခြင်း မ၇ှိသည့် အတွက် ဂျဟန္နမ်အပယ်ငရဲသို့ လားခဲ့ရပေသည်။သို့သာမက ထိုကဲ့သို့ ဂျဟန္နမ်အပယ်ငရဲသို့ လားခဲ့ရသောသူများကို ကျွန်ုပ်တို့ပင် မဆိုထားနှင့် နဗီတမန်တော်ကြီများကိုယ်တိုင်ပင်လျှင် လွတ်ငြိမ်းချမ်းသာခွင့်ရရန် အလ္လာဟ်အ၇ှင်မြတ်ထံ အသနားခံ တောင်းဆုပြုပေးပိုင်ခွင့် မရှိပေ။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ကျရောက်ခဲ့သောကျမ်းမြတ်ကုရ်အာန်
အာယာတ် တစ်ချို့အနက်တစ်ခုကို ဖော်ပြရမည်ဆိုလျှင်……. (ماكان للنبي والذين آمنوا ان يستغفروا للمشركين ولوكانوا اولى قربى من
بعد ماتبين لهم انهم اصحاب الجحيم )

၁၁၃။ နဗီတမန်တော်မြတ်၌၊ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌၊ မုရှ်ရစ်တို့ အဖို့ ၎င်းတို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသားများဖြစ်ကြောင်း မိမိတို့၌ ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ် အရှင်မြတ်ထံတော်၌) လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့် မရှိချေ။ ( سورة التوبة- ကဏ္ဍ-၉၊ အစောင်-၁၁၊ အာယာတ်နံပါတ်-၁၁၃ (ဃာဇီ)

ဤအာယာတ်တော်၏ အကျယ်ရှင်းလင်းချက်ကို ကျေးဇူးရှင်ဆရာကြီး ဃာဇီဟာရှင်ရဲ့ ကုရ်အာန် ဘာသာပြန် အတွဲ(၁)၊ စာမျက်နှာ-(၁၀၈၄) တွင်လေ့လာနိုင်သည်။

ဒီနေ့… ပြန်ကြည့်မယ်ဆိုရင် အများစုက နှစ်ဘက်မိဘတွေရဲ့ အစီအစဉ်ကြောင့် အိမ်ထောင်ကျခဲ့ရတဲ့ သူတွေရဲ့ သားသမီးအနည်းစုကသာလျှင်
( ငါသူ့ကို မချစ်ပဲ ဘယ်လိုလက်ထပ်ရမလဲ)
လို့ပြောပြီး၊ စိတ်နောက်ထင်ရာလုပ်နေကြတာပါ။ ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးဆိုတာ မှန်ပေမဲ့၊ ကိုယ့် မိဘကပိုသိတယ်လို့ ပြောမှပိုမှန်တာပါ။ မိဘတွေကမှ သားသမီးတွေကို မည်သူ၊ မည်ဝါနဲ့ လိုက်ဖက်တယ်၊ မလိုက်ဖက်ဘူး၊ ဆိုတာကို ကောင်းကောင်းကြီး သိကြတာပါ။
(ဆန့်ကျင်ဘက်
) နှစ်ဦးသဘောတူ ချစ်ကြိုက်ပြီး၊ မိဘတွေရဲ့ ဆန္ဒမပါပဲ လက်ထပ်ခဲ့တဲ့ အိမ်ထောင် အများစုဟာ ပြိုကွဲ
( သို့
) ဖရိုဖရဲ ဖြစ်ကြတာများပါတယ်။

လှတာမက်ရင်၊ ညစာခက်မယ် ဆိုသလို….. ချောတယ်။ လှတယ်ဆိုတာထက် ချစ်စရာကောင်းဖို့က ပိုအဓိကကျပါတယ်။ ချောခြင်း၊ လှခြင်းက သင့်ရဲ့ တဏှာအာရုံ
သတ်သတ်ကိုပဲ နိုးဆွပေးတာပါ။ ချစ်စရာကောင်းခြင်းကသာလျှင် သင့်ရဲ့ တဏှာအာရုံနဲ့ စေတနာစိတ်ကို မျှမျှတတ နိုးကြားစေတာပါ။
အဲ့ဒီ ချစ်စရာကောင်းတဲ့ ရုပ်ရည်နဲ့ အမူအရာကြောင့် တစ်ယောက်နဲ့ တစ်ယောက် ဘာမှမသိပဲ မိဘတွေ
လက်ဆက်ပေးလို့တာ အိမ်ထောင်ကျခဲ့ကြတဲ့ ဇနီးမောင်နှံတွေကနေ ယနေ့ ကျွန်ုပ်တို့ကို လူ့ဘ၀ထဲ
ရောက်လာအောင် မွေးဖွားပေးခဲ့တာ၊ ဒါသက်သေပဲ မဟုတ်လား။??? ဒါကိုမှ မယုံနိုင်သေးရင် သင်စာဖတ်နေသူကိုယ်တိုင်
သင့်မိဘ နှစ်ပါးကို ပြန်မေးပါလေ။

ဆယ်ကျော်သက် ( စကားချပ်။ ။ အသက် အရွယ်အားဖြင့်သော်၎င်း၊ ၃၀ကျော်-၄၀စသည်ဖြင့် အရွယ်ရောက် ရင့်မာပြီးသော်လည်း၊ ဦးနှောက်ဉာဏ်စဉ်အရ ဆယ်ကျော်သက်သာသာရှိနေသေးသူ အားလုံး
) ဘ၀မှာသာ ကိုးရီးယားနဲ့ တူတဲ့၊ ဆင်တဲ့ လူတိုင်းကို ချောတယ်။ လှတယ်။ လို့ထင်နေတာပါ။
တကယ်တန်း အတွေး အခေါ်ရင့်ကျပ်ပြီး အသိနဲ့ သတိ ( နှလုံးသားနဲ့ ဦးနှောက် ) ကပ်လာပြီ ဆိုရင်
အဲ့ဒီ အချော အလှပိုင်ရှင်တွေနဲ့ ချစ်စရာကောင်းတဲ့သူတစ်ယောက်ကို လှဲနိုင်တော့မှာ မဟုတ်ပါဘူး။
ပေါ်ပြူလာဖြစ်တဲ့လူ အများစုဟာ အိမ်ထောင်ရေးကို လွယ်လွယ်နဲ့ ဖောက်ပြန်ဖို့ ၊ အခွင့် အရေး
များများရှိတဲ့လူတွေပါ။ ဒီနေ့ကမ္ဘာမှာ အိမ်ထောင်ရေး အဖောက်ပြန်ဆုံးသူတွေဟာ အဲ့ဒီ ရုပ်ရှင်
သရုပ်ဆောင်တွေပါပဲ။ ဒုတိယက အဆိုတော်တွေပါ။ တတိယက ဘောလုံးသမားတွေပါလို့ စာစောင်တစ်ခုမှာ
ကျွန်တော်ဖတ်လိုက်ရတယ်။

လူ့ဗီဇ သဘောသဘာဝကို ကျွန်တော် မငြင်းချင်သလို ၊ လူ့ဂုဏ်သတ္တိနဲ့ စွမ်းအင်တွေကိုလည်း ခင်ဗျားတို့တတွေ မမေ့ထားသင့်ပါဘူး။ လူ့သဘာဝရ အရ
မျက်စိပဿဒဖြစ်စေတဲ့ အရာတိုင်းကို တပ်မက်လိုလားကြတယ် ဆိုပေမဲ့…….. ရုတ်တရက် နှင်းဆီ
ပန်းလှလေးကိုမြင်တိုင်း ( အရိုင်းလှပန်းလေးမှန်း မသိ ၊ ဘာမှန်း မသိပဲ ) လိုလား တပ်မက်စိတ်နဲ့
ဇွတ်မခူးလိုက်ပါနဲ့…..။ လူ့ဂုဏ်သတ္တိစွမ်းအင် ဆိုတဲ့ဦးနှောက်နဲ့ ဆင်ခြင်ပြီး ၊ နှလုံးကပ်ကြေးနဲ့
အသာလေးညှပ်ပြီး ခူးလိုက်နိုင်ခါမှ……. ဆူးရန်ကလည်းလွတ် ၊ နှင်းဆီကိုလည်းစွပ်…. လိုက်သကဲ့သို့
ကိုယ့်လက်ခုပ်ထဲကို နှင်းဆီလေးက အလိုက်သင့် ပါလာမှာပေါ့။

ကျွန်တော် အရိုးရှင်းဆုံးနဲ့ ၊ ယုတ္တိ အရှိဆုံး ဥပမာ တစ်ခုကိုပေးကြည့်မယ်နော်…….. ကိုးရီးယားကားတွေ ခေတ်စားလာလို့ လူတွေက ကိုးရီးယားနဲ့
ပတ်သက်တဲ့ အရာအားလုံးကို (crazy) ဖြစ်နေကြတာပါ။ တကယ်လို့များ…… မုတ်ဆိတ်ရှည် ၊ အင်္ကျီရှည်နဲ့
ဟေဂျာဗ် ၊ နေကာဘ် တွေခေတ်စားလာရင်ကော…….???
ကိုးရီးယားကားတွေလို ဖိနှိပ်ထိန်းချုပ်ထားခြင်း မခံရဘူး ( သို့ ) လွတ်လွတ် လပ်လပ်
ကိုယ်တိုင်ပေါ်ပြူလာ ဖြစ်ခွင့်ရှိမယ်ဆိုရင်….. အစ္စလာမ်နဲ့ သူ့ရဲ့ယဉ်ကျေးမှု ၀တ်စားဆင်ရင်ပုံကိုလည်း
လူတွေ ( crazy ) ဖြစ်လာကြမှာ အမှန်ပဲ မဟုတ်လား…..???? ချွင်းချက် အနေနဲ့ ၀န်းကျင် ၊ ကာလ ၊ ဒေသ အရ နေထိုင်ရမယ်ဆိုရင်တောင်
အလွန်အကျွံ မဖြစ်ဖို့ ဆင်ခြင်ရမယ် မဟုတ်လား။ သကြားများရင် ကော်ဖီသောက်လို့ မကောင်းတော့
သလို ၊ သကြားနည်းနေရင်လည်း ဘာအရသာမှ ရှိတော့မှာ မဟုတ်ဘူးနော့်။ ပုံမှန်၊ အလယ် အလတ်တန်းစားကျတဲ့
အရာတိုင်းဟာ လူကို ဘေးဥပါဒ် မဖြစ်စေပါဘူး။ ဒါကြောင့်လည်း ဖြောင့်မှတ် မှန်ကန်ပြီး ၊
မဇ္ဈိမပဋ္ဋိပဒါ အလယ် အလတ်တန်းစားကျတဲ့ အစ္စလာမ် သာသနာဟာ ဒီနေ့ ကမ္ဘာမှာ တစ်ခုတည်းသော အမှန်ကန်ဆုံးနဲ့
၊ ကိုးကွယ်ခြင်း အခံထိုက်ဆုံး သာသနာ အနေနဲ့ လူတွေကို ဘေးဥပါဒ် မဖြစ်စေရုံသာမက အကျိုးပြုနေတာပါ။



(အင်ရှာအလ္လာဟ်)တတိယပိုင်းအား ဆက်လက်ကြိုးစားပါဦးမည်။ ညီနောင်များနဲ့ ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်ပြီး ၊ ကျွန်တော့် blog ရဲ့ ခေါင်းစဉ်ကြီး( တလွှာပန်း အဖြစ်နဲ. တခါအနမ်းတော. မဖြစ်စေချင်…… ) နဲ့ပတ်သက်၍ ၊ ဤခေါင်းစဉ် ထားရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ၊ ဤခေါင်းစဉ်ရဲ့ အနက် အဓိပ္ပာယ်ကို ပြောပြနိုင်သူကို ဆုချီးမြှင့်မယ်လို့.....

ရေးသူ။ ။စိုင်းမျိုး

အထူးမေတ္တာရပ်ခံချက်........ကျွန်ုပ်`၏ဤ မူပိုင် blog အား ဘာသာခြားများအား ဝေငှခြင်း၊ ပေးဖတ်ခြင်း၊ forward mail ပို.ခြင်းများ မလုပ်ကြရန်...........။

If you like this please Link Back to this article...

1 comment :

  1. As a single flower. Once a kiss.beautifully symbolizes purity and fleeting moments of grace — much like the timeless lessons in surah kahf in roman english, which remind us of faith’s beauty and the enduring power of divine love.

    ReplyDelete

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...

ရေခဲ့သမျှ လစဉ်