Friday, May 06, 2011

တမန်တော်မြတ်(ဆွ)၏ ထူးခြားသော ဂုဏ်ထူးဝိသေသများ=အပိုင်း-၂

တမန်တော်မြတ်(ဆွ)အား ကေယာမသ် နေ့တွင် ချီးမြှင့်တော်မူမည့် အချို့သော ဂုဏ်ထူးဝိသေသများ။

၁။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)ကဗရ် သင်္ချိုင်းတော်မှ ထွက်တော်မှုမည်၊

၂။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)မေ့မျောမှုမှ ပြန်လည်သတိရလာမည်၊

၃။ ဟရှရ် ကွင်းပြင်၌ တမန်တော်မြတ်(ဆွ)ဗိုရာက်(မြင်ပျံ)အစီးနင်းကို စီးနင်း၍ ကြွမြန်းလာတော်မှုမည်။
၎င်းပြင် တမန်တော်မြတ်(ဆွ)နှင့်အတူ ကောင်းကင်တမန်တော်ပေါင်း ခုနှစ်သောင်းသည် ဂုဏ်ပြုတပ်ဖွဲ့ အဖြစ်ရှိနေတော်မူမည်၊

၎။ အရ်ရှ် ပလ္လင်တော်၏ လင်္ကျာဘက်တွင် ရှိသော ကုလားထိုင်ပေါ်၌ တမန်တော်မြတ်(ဆွ)ထိုင်တော်မူမည်၊

၅။ တမန်တော်မြတ်(ဆွ)အား မကာမေ့မဟ်မူးဒ် အဆင့်အတန်းကို ချီးမြှင့်တော်မူမည်၊

၆။ လေဝါအေဟမ်ဒ် ချီးမွမ်းခြင်း အလံတော်သည် တမန်တော်မြတ်(ဆွ)နှင့် အတူရှိပေမည်၊

၇။ တမန်တော် အာဒမ်(အ)နှင့် လူသားအားလုံး တမန်တော်မြတ်(ဆွ)၏ အလံတော် အောက်တွင် ရှိကြမည်၊

၈။ တမန်တော်အပေါင်းသည် မိမိ၏ အွမ္မသ် နောက်လိုက်သားများနှင့်အတူ တမန်တော်မြတ်(ဆွ) ၏ နောက်တွင်ရှိကြမည်၊

၉။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အရှင်မြတ်အား ဖူးမြော်ခွင့်ရရှိမည်၊

၁၀။ ရှဖါအသ်သေအွဇ်မာ (ကြီးမာဆုံး အသနားခံပေးမှု)ကို သီးသန့်ဖြင့် တမန်တော်မြတ်(ဆွ)ရရှိမည်၊

၁၁။ ဆွေရာတ် တံတားပေါ်မှ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)သည် မိမိ၏ အွမ္မသ်သားများကို ခေါ်၍ ဖြတ်သန်းတော်မူမည်၊

၁၂။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)သည် ဂျန္နသ်(သုခဘုံ)၏ တံခါးကို ဖွင့်တော်မူမည်။

ကြည့်(သဖ်စီရေ အဇီဇီး အစောင်-၃၀၊ စာ-၂၁၈ နှင့် ကန်ဇုလ်အမ္မာလ်ကျမ်း အတွဲ-၁၁၊စာ -၄၀၃ )
သမိုင်းနောက်ခံ အစ္စလာမ် ဗဟုသုတစွယ်စုံ(စာ-၁၅၉ )

If you like this please Link Back to this article...

No comments:

Post a Comment

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...