Thursday, August 09, 2012

လိုက်လသွလ်ကဒ်ရ်

 


ကဒ်ရ်၏အဓိပ္ပာယ် ကြီးကျယ်ခြင်း ၊ ထူးကဲမြင့်မြတ်ခြင်း

အချိန်နှင့်နေရာတို့၏ဗီဇသဘောမှာမြင့်မြတ်ခြင်းဟူ၍မရှိပေး။ ထိုအချိန်နှင့်နေရာတို့တွင်ဖြစ်ပေါ်သော မြင့်မြတ်သည့်အကြောင်းအရာများကြောင့်သာထူးကဲမြင့်မြတ်  သွားကြပေသည်။

ကဒ်ရ်ညဥ့်၏မြင့်မြတ်ရခြင်းအကြောင်းအရင်းခံများ

၁။ ။ ကုရ်အာန်းချပေးခြင်းခံရသောည
(انا انزلنه فى ليلة القدر)
အလ္လာဟ်အရှင်မြတ်သည်ကုရ်အာန်ကျမ်းတော်မြတ်ကို ရမသွာန်လမြတ် ကဒရ်ညဥ့်၌ လောင်ဟေ့မဟ်ဖူးဇ်မှ ဤကမ္ဘာ၏မိုးကောင်းကင်သို့ စတင်ချမှတ်ပေးတော်မူခဲ့သည်။ထိုညမှစတင်၍တမန်တော်မြတ်ထံသို့ လိုအပ်သလို ချပေးတော်မူခဲ့သည်။
ကုရ်အာန်ထက်မြင့်မြတ်ရာဟူ၍ မရှိ အရှင်မြတ်သည် အနှိုင်းမဲ့အရှင်ဖြစ်သဖြင့် ကျမ်တော်မြတ်ကုရ်အာန်သည်လည်းအနှိုင်းမဲ့ဖြစ်ပေသည်။
ကုရ်အာန်၏(قدر) မြင့်မြတ်မှုကြောင့် ဤညဥ့်သည်မြင့်မြတ်ခဲ့ပေသည်။


၂။ လိုင်လသွလ်ကဒ်ရ်ဟု အရှင်မြတ်ကိုယ်တော်တိုင်အမည်ပေး ခေါ်တွင်စေပြီး အမေးဝါကျပြုထားခြင်း ။
(وماأدراك ماليلة القدر)
       လိုင်လသွလ်ကဒ်ရ်ဟု အရှင်မြတ်ကိုယ်တော်တိုင်အမည်ပေး ခေါ်တွင်စေပြီး အမေးဝါကျပြုထားခြင်းမှာ ထိုည၏  မြတ်ထွဋ်မှုကို  ထင်ရှားစေရန်အတွက်ဖြစ်ပေသည်။


၃။ ကဒ်ရ်ညမြတ်တစ်ညတာအေဗာဒသ်ပြုခြင်း၏(قدر)မြင့်မြတ်မှု
(ليلة القدر خير من ألف شهر)
ကဒ်ရ်ညဥ့်မြတ် တစ်ညတာအေဗာဒသ်ပြုခြင်းသည် အခြားသော လပေါင်း တစ်ထောင့် ( ၈၃)နှစ်
အေဗာဒသ်ပြုခြင်းထက်သာမြတ်ပေသည်။
ဤ ညဥ့်သည် ဘ၀သက်တန်း၏ အခွင့်ကောင်းတစ်ခုဖြစ်ပေသည်။   မိမိဘ၀သက်တန်း၌ လက်လွတ်ဆုံးရှုံးခဲ့ရသော အရာများကို ထိုည၌ ပြန်လည်ရရှိနိုင်ပေသည်။ ဤညဥ့်သည်ကား  မိမိရရှိသောသက်တန်းအပြင်   သီးခြားချီးမြှင့်ပေးခြင်း ခံရသောသက်တန်း တစ်ခုပမာဖြစ်ပေသည်။ ဤညဥ့်သည် လူသားတစ်ဦး၏ ရရှိသောသက်တန်းတစ်ခုပမာ အရေးပါကြီးကျယ်လှပေသည်။ တစ်ညတာဖြင့် ဘ၀သက်တန်းတစ်ခုစာကောင်းမှုပြုခြင်း အဖြစ်ရေးမှတ်ပေးခြင်းခံရပေသည်။


၎။ကောင်းကင်တမန်တော်ဂျစ်ဗ်ရာအီလ်နှင့် ဖရစ်ရှ်သာများဆင်းသက်ခြင်း၏ (قدر)မြင့်မြတ်မှု
(تنزل الملائكة والروح )
ကဒ်ရ်ညဥ့်မြတ်၌ ကောင်းကင်တမန်တော်ဂျစ်ဗ်ရာအီလ်သည် ဖရှစ်သာများခြံရံလျှက်ဆင်းသက်လာပြီး
အေဗာဒသ်ပြုသူများအတွက် အန္တရယ်ကင်းရန် ဆုပန်ပေးကြသည်။ ကောင်းကင်တမန်တော်များ၏
(قدر) သည် ကြီးကျယ်မြင့်မြတ်လှပေသည်။ အရှင်မြတ်၏ အမိန့်ကို အမြဲထာဝရနာခံလျှက်ရှိကြပေသည်


၅။ ကဒ်ရ်ညဥ့်၌ ကျရောက်လာမည် စလာမသ်၏ (قدر) မြင့်မြတ်မှု
(سلام هي حتى مطلع الفجر )
ကဒ်ရ်နေ့တွင် နေ၀င်ချိန်မှ စ၍နံနက်ချိန်ထိတစ်ညတာလုံး ကောင်းချီးမင်္ဂလာအဖြာဖြာကျရောက်ပေမည်။


၆။ အလ္လာဟ်အရှင်မြတ်သည် ဤညဥ့်၏ မြင့်မြတ်မှုများကို စူရဟ်တစ်ပုဒ်အဖြစ် ချပေးတော်မူပြီး  ကေယာမသ်နေ့တိုင် ရွတ်ဖတ်စေခြင်း၏( قدر) ကြီးကျယ်မှုများကြောင့် ဤညဥ့်သည် မြင့်မြတ်
သွားပေသည်။
မြင့်မြတ်သောအချိန်နှင့်နေရာကိုဖြတ်သန်းခဲ့ပြီး မြင့်မြတ်စေသည့်အကြာင်းအရာများကို ရယူခဲ့လျှင် ထိုလူသားသည် ယင်းအချိန်နှင့်နေရာထက်သာလွန်မြင့်မြတ်သွားပေမည်။
လူသားသည်ဗီဇသဘောအရမြင့်မြတ်ပြီးဖြစ်ပေသည်။ ထိုလူသား၏ ( قدر) မြင့်မြတ်မှုများကို အမိန့် ဖီဆန်ခြင်းဖြင့် အသေးအသိမ်မပြုသင့်ပေ။လူသားသည်ဖန်ဆင်းခံများ၌ အရွေးချယ်ခံ အကောင်းဆုံးဖန်ဆင်ခံ
ဖြစ်ပေသည်။အပြစ်ရှောင်ကြင်သူ လူသားအတွက် ဂျန္နသ်ကို အသင့်ပြင်ဆင်ထားပေသည်။ယင်းဂျန္နသ်သည် အရှင်မြတ်၏အမိန့်နာခံသူတို့အတွက်ဝေစုဖြစ်ပေသည်။လောကီစည်စိမ်များသည် အရှင့်ရန်သူ အိဗ်လီးစ်၏
ဝေစုဖြစ်ပေသည်။မိမိ၏ဝေစုကို ကျော်ခိုင်း၍ အိဗ်လီးစ် ၏ဝေစုကို မက်မောမှုမပြုသင့်ပေ။
လိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်၌ မိမိ၏(قدر)မြင့်မြတ်မှုကို အလေးထားပြီးအေဗာဒသ်ပြုရန် အရေးကြီးလှပေသည်။
(အကြင်သူသည် လိုက်လသွလ်ကဒ်ရ်ညဥ့်မြတ်၌ နိုးကြား၍ယုံကြည်စွာဖြင့် စ၀ါဗ်မျှော်ကိုးမှုဖြင့် ကောင်းမှုပြုခဲ့
သူ၏အပြစ်အားလုံးပလပ်ချမ်းသာပြုပေးခြင်ခံရပေမည်ဟု မြတ်နဗီအမိန့်ရှိခဲ့သည်။)
မြတ်နဗီသည်ရမဇန်၏နောက်ဆုံး(၁၀)ရက်တွင်အခြားသောရက်များနှင့်မတူအေဗာဒသ်ပြုတော်မူ၏။
ထိုလိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်အားရရှိစေရန် နောက်ဆုံး(၁၀)ရက်၌ အေ့အ်သေ့ကာဖ် အမြဲထိုင်လေ့ ရှိတော်မူခဲ့သည်။

လိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်သတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး ပညာရှင်များ၏အဆို (၄၆)ခု၌ အသာပေးခြင်းခံရသောအဆိုမှာ  ရမ်ဇန် နောက်ဆုံး(၁၀)ရက်၏ (မ)ရက်များဖြစ်ပေသည်။
ထို(မ)ရက်များထဲမှ အသာပေးခြင်းခံရသောအဆိုမှာ ရမ်ဇန်(၂၇)ရက်ည ဖြစ်ပေသည်။

( ليلةالقدر)၏ အက္ခရာအရည်အတွက်မှာ (၉)လုံးဖြစ်ပြီး စူရာကဒ်ရ်၌ ( ليلةالقدر)ကို (၃)ကြိမ် အမိန့်ရှိထားရာ ၉x၃=၂၇ ဟုအချိန်ပညာရှင်များက ဖေါ်ပြကြပေသည်။

                                                        အကောင်းဆုံးဒိုအာ
လိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်နှင့်ပတ်သက်ပြီး သီးခြားသတ်မှတ်ထားသည့်နမာဇ်မရှိပေး။ အကောင်းဆုံးဒိုအာမှာ

                                        (အလ္လာဟွမအင်းနက အဖု့ဝန်သို့ဟိဗ်ဘွလ်အဖ်ဝ ဖွအ်ဖို့အန်နီ)

အိုအရှင် အရှင်မြတ်သည် ခွင့်လွှတ်ခြင်းကို မြတ်နိုးနှစ်သက်တော်မူပါ၏။ကျွန်တော်မျိုးတို့အားခွင့်လွှတ်တော်မူပါ။

mmolama မှ စွလာဟွဒ္ဒီးန်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

နောက်ဆုံးဆယ်ရက်အတွက် လက်ဆောင်မွန်



ပထမဆုံး ဒီပို့စ်လေးကို တင်လိုက်တာ အချိန်အနည်းငယ်နှောင့်နှေးသွားတဲ့ အတွက် တောင်းပန်စကားဆိုပရစေ။ ကျွန်တော် အစောကြီးကတည်းက ရေးဖို့လည်းလုပ်တယ်။ ရေးလည်းရေးနေတယ်။ ဒါပေမယ့် အားအင်ချိနဲ့တွေအပြည့်နဲ့ ကျွန်တော်ဟာ အချိန်မှီ တင်ဆက်နိုင်ဖို့ အခွင့်ရေးမရခဲ့ဖူး။ အလ်ဟမ်ဒုလစ်လာဟ် အခုတော့ မြင့်မြတ်လှတော်မူသော အလ္လာဟ်အရှင်မြတ်ရဲ့ ချီးမြှင့်ပေးသနားတော်မူခြင်းကြောင့် ယခုပြီးဆုံးသည်တိုင် ရေးသားခွင့်၇လိုက်ပါပြီ။ အချိန်မရတော့လို့ အနည်းငယ်သာ ရေးနိုင်တဲ့အတွက် စာဖတ်သူများအနေနဲ့ ကျွန်တော့်ကို အပြစ်မမြင်ပဲ နားလည်ပေးကြပါလို့ တောင်းပန်လိုက်ပါတယ်။

လမြတ်ရမဇန် မတိုင်ခင် ကျွန်တော်တို့တွေ လမြတ်ရမဇန်ကို ဆုံတွေ့ဖို့အတွက် ကြိုးစားမှု့များ၊ အသင့်ပြင်မှု့များ၊ မက်ဆန္ဒများစွာနဲ့ စောင့်စားနေခဲ့ကြတယ်။ ရောက်လာပြန်တော့လည်း အကျိုးထူးတွေကို ရဖို့ များစွာကြိုးစားကြတယ်။ အခုတော့ လမြတ်ရမဇန်ရဲ့ သုံးပုံနှစ်ပုံကုန်ဆုံးသွားလိုက်ပြီ။ ပြန်လည်စမ်းစစ်ကြည့်လိုက်တော့ လမြတ်ရမဇန်မတိုင်ခင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အကောင်ထည်မဖော်ဖြစ်ခဲ့၊ လှမ်းမျှော်ကြည့်ခဲ့တဲ့ ပန်းတိုင်ဟာလည်း ဝေးကွာရင်း မှုံဝါးဝါးဖြစ်ကာ ပြောက်ကွယ်လုမတတ်ပဲ။ ကြေကွဲနေတဲ့ကျွန်တော့်အတွက် အားပေးဖြေသိမ့်စရာတွေ ဝေးကွာနေသည့် အလားပဲ။ နောင်တတွေ ကြီးစွာရပြီး ရှိုက်ကြီးတငင်ငိုကြွေးနေမိရုံမှအပ ကျွန်တော်ဘာမှ မလုပ်နိုင်ခဲ့ဖူး။
သို့သော် အရှင့်အသနားတော်ကြောင့် ကျွန်တော်ဟဒီးဆ်တစ်ပုဒ်ကို သတိရမိသွားတယ်။ ဟဒီးဆ်တော်လေးက... لايلدغ المؤمن من جحر واحد مرتين မို့အ်မင်(အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်သူဟာ တွင်းတစ်တွင်း (အပေါက်တစ်ပေါက်)ကနေ နှစ်ခါအကိုက်မခံရဖူး။ ဆိုလိုတာက တစ်စုံတစ်ခုကြောင့် ကျွန်တော်နစ်နာဆုံးရှုံးခဲ့ရရင် နောက်တစ်ကြိမ်အဲ့လို ဆုံးရှုံးမှု့တွေကို မခံသင့်ဖူး။ အခု ကျွန်တော် လမြတ်ရမဇန်ရဲ့ အကျိုးကျေးဇူးတွေ၊ အနှစ်သာရတွေကို ပြည့်ပြည့်ဝဝ မရယူပဲ လောကီကောင်းစားရေး၊ သာယာရေး၊ အဖ်သာရီ၊ စဟ်ရီအတွက် စားရေးသောက်ရေးနဲ့ အီးဒ်အတွက် အလှအပ၊ အကျီအဝတ်အစား၊ အကျွေးအမွေးစတဲ့ လုပ်ငန်းများမှာပဲ ကျွန်တော်အချိန်တွေပေးရင်း ဆုံးရှုံးမှု့တွေကို ရင်ဝယ်ပိုက်နေခဲ့လိုက်တယ်။ ဒီလို ဆုံးရှုံးမှု့တွေနဲ့ ရင်ဆိုင်နေရတာကို အခု လမြတ်ရမဇန်ရဲ့ နောက်ဆုံးဆယ်ရက်မှာ ကောင်းကောင်းကြီးသိနေရတယ်။ ခံစားချက်ရှိသူတိုင်းလည်း မိမိလုပ်ရပ်ကို တွေးတောကြည့်ရင်း ရှက်မိနေမှာပါ။ ဘာပဲဖြစ်ဖြစ်ပေါ့ အခု မြတ်နဗီ(ဆွ)ရဲ့ ဟဒီးဆ်တော်လေးက ကျွန်တော်တို့ကို သတိပေးနေပြီ။ နှစ်ခါအကိုက်မခံနဲ့... မိုက်တွင်းဆက်မနက်နဲ့...!!
ကျွန်တော်တို့ လမြတ်ရမဇန်ရဲ့ နောက်ဆုံးဆယ်ရက်ကို အကောင်းဆုံးဖြစ်အောင်၊ အကျိုးထူးတွေရအောင် ပီပီပြင်ပြင် လုပ်ချင်တယ်ဆိုရင်........
ကျွန်တော်တို့အတွက် မြတ်နဗီ(ဆွ)ဟာ စံနမူနာဖြစ်တယ်။ မြတ်နဗီ(ဆွ)ရဲ့ လုပ်ရပ်တိုင်းဟာ ကျွန်တော်တို့ ဘဝအတွက် လမ်းပြမြေပုံဖြစ်တယ်။ ဒါကြောင့် ဒီနောက်ဆုံး ဆယ်ရက်မှာ မြတ်နဗီ(ဆွ) ဘယ်လိုတွေ ကျင့်ကြံနေထိုင်ခဲ့သလဲဆိုတာကိုလေ့လာရင်း လက်တွေ့ကျင့်သုံးလိုက်ကြရအောင်။ အိုအရှင် ကျွန်တော်နှင့် မွတ်စ်လင်မ်လူထုတစ်ခုလုံးအား လမြတ်ရမဇန်ရဲ့ အနှစ်သာရများကို အပြည့်အဝ ပေးသနားတော်မူပါ...။
၁။ ဟဇရသ် အာအိရှဟ် သခင်မကြီး၏ ဆင့်ပြန်ချက်အား မွတ်စ်လင်မ်ကျမ်း၌ ဤသို့ဖော်ပြထား၏။
كان رسول الله صلى الله عليه وسلم يجتهد في العشر الأواخر ما لا يجتهد في غيره ဟဒီးဆ်တော်၏ ဆိုလိုရင်းမှာ ကိုယ်တော်သခင်(ဆွ)သည် လမြတ်ရမဇန်၏ နောက်ဆုံးဆယ်ရက်တွင် အခြားရက်များထက်သာပို၍ အိဗာဒသ်ပြုတော်မူသည်။
၂။ ဟဇရသ် အာအိရှဟ် သခင်မကြီး၏ အခြားဆင့်ပြန်ချက်တစ်ခုအား မွတ်စ်လင်မ်နှင့် ဘိုခါရီကျမ်းတို့တွင် ဤသို့လည်း ဖော်ပြထားသေး၏။
كان رسول الله صلى الله عليه وسلم إذا دخل العشر أحيا الليل وأيقظ أهله وجد وشد المئزر
ဆိုလိုသည်မှာ- ကိုယ်တော်သခင်သည် လမြတ်ရမဇန်၏ နောက်ဆုံးဆယ်ရက်သို့ ရောက်သောအခါ ညတွင် နိုးကြားစွာနေတော်မူပြီး မိမိအိမ်သူအိမ်သားများအား နှိုးတော်မူခဲ့သည်။ ထို့အပြင် လွန်စာအားထုတ် တရားကျင့်တော်မူပြီး ဇနီးသည်များနှင့် ဝေးစွာနေလေ့ရှိခဲ့သည်။
၃။ ဟဇရသ် အာအိရှဟ် သခင်မကြီးနှင့် ဟဇရသ် အဗူဟိုရိုင်ရဟ် သခင်ကြီး၏ ဆင့်ပြန်ချက်တစ်ခုအား ဘိုခါရီကျမ်းတွင် ဤသို့လည်း ဖော်ပြထား၏။
كان النبي صلى الله عليه وسلم يعتكف في كل رمضان عشرة أيام فلما كان العام الذي قبض فيه اعتكف عشرين يوما ဆိုလိုသည်မှာ- ကိုယ်တော်သခင်သည် လမြတ်ရမဇန်တိုင်းတွင် ဆယ်ရက် အိသေကားဖ်ထိုင်တော်မူပြီး၊ ဝဖားသ်ဖြစ်မည့်နှစ်တွင် ရက်နှစ်ဆယ်တိုင် အိသေကားဖ်ထိုင်တော်မူခဲ့သည်။
၎။ မြတ်နဗီ(ဆွ)သည် ကဒရ်ညမြတ်အား ရှာဖွေလေ့ရှိသည်ဟု များစွာသော ဟဒီးဆ်တော်များတွင် လာရှိပေသည်။ (ထိုည၏ မွန်မြတ်မှု့များစွာအား မွတ်စ်လင်မ်တိုင်း သိရှိကြပြီးဖြစ်ပေမည်။)
အထက်ဖော်ပြပါ အချက်လေးချက်အား ကြည့်၍ ကျွန်တော်တို့အားလုံးသည်လည်း လွန်လေခဲ့သော ရက်များထက် သာပိုကြိုးစားမည်။ ကိုယ်တိုင်နိုးကြားပြီး၊ မိသားစုဝင်များအား နိုးကြားစေမည်။ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အိသေကားဖ်ထိုင်မည်။ ထို့နောက် ကဒရ်ညမြတ်အား ရှာဖွေမည်ဆိုပါက ကျွန်တော်တို့၏ အချိန်များ တန်ဖိုးရှိသွားမည်ဖြစ်သည်။ ထို့အတူ ပျောက်ကွယ်စပြုနေသော ပန်းတိုင်လေးဆီသို့ လွယ်ကူစွာ ရောက်ရှိသွားကြမည်ပင်။ ကျွန်တော်တို့အားလုံး ပြုကျင့်နိုင်ခွင့်စွမ်းအား ရနိုင်ကြပါစေ.....
وما توفيقي إلا بالله العظيم
ဘရှီးလေး

mmolama မှ ဘရှီးလေး

မေမြို့

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

အိအ်သိကားဖ်အကြောင်း မမေ့ကောင်း

အိအ်သိကားဖ်၏အဓိပ္မါယ် ။ ။
ဘာသာရပ်ဆိုင်ရအဓိပ္မါယ်မှာ ။ ။
အတည်တကျနေထိုင်ခြင်း
တရားတော်လာဝေါဟာရအဓိပ္မါယ် ။ ။
နာမာဇ်ငါးကြိမ်အား ဂျမာအသ်နှင့်ဝတ်ပြုသည့် ဗလီတစ်လုံးလုံးတွင် အိအ်သိကားဖ်ထိုင်ရန်နိယသ်ပြု၍ အတည်တကျနေထိုင်ခြင်း ။ ထို့ အတူ ယင်းကဲ့သို့ နေထိုင်သည့်အခါ ဗလီထဲတွင်မဖြည့်စည်းနိုင်သည့်အရေးကြီးသည့် လိုအပ်ချက်များ(ဥပမာ ။ ။ကြင်ကြီး ကြင်ငယ်စွန့် ခြင်း ၊ ဝဇူပြုခြင်း ၊ ဂုစုလ်ဝါဂျိဗ်ထိုက်သည့်အခါ ရေးချိုးသွားခြင်း စသည်ဖြင့်)ကိုဖြည့်စည်းသည့်အချိန်မှလွဲ၍ ကျန်အချိန်များတွင် ဗလီပြင်သို့ မထွက်ပဲ အတည်တကျနေထိုင်ခြင်းကို အိအ်သိကားဖ် ဟုခေါ်ဆိုပေသည် ။
အိအ်သိကားဖ်၏အမျိုးအစားများ ။ ။
  1. ဝါဂျိဗ် ။ ။ နဇရ်ကိုးထားသော အိအ်သိကားဖ် ဥပမာ ။ ။ ကျွန်ုပ်ဒီနှစ်စာမေးပွဲအောင်ခဲ့လျှင် အိအ်သိကားဖ် ၃ ရက်ထိုင်မည်ဟု နဇရ်ကိုးခဲ့ပါက ထိုကဲ့သို့  နဇရ်ကိုးထားသော အိအ်သိကားဖ်ကို အကောင်အထည်ဖော်ခြင်းသည် ဝါဂျိဗ်ဖြစ်ပေသည် ။
  2. စုန္နသိမုအက္ကဒဟ် ။ ။ ရမ်ဇွာန်၏နောက်ဆုံးဆယ်ရက်တွင်ထိုင်ရသောအိအ်သိကားဖ်သည် စုန္နသိမုအက္ကဒဟ်ဖြစ်သည် ။
  3. မုစ်သဟဗ်(သို့ )နဖိလ် ။ ။ အထက်ပါ ဝါဂျိဗ်ဖြစ်သော အိအ်သိကားဖ် နှင့် စုန္နသိမုအက္ကဒဟ်ဖြစ်သောအိအ်သိကားဖ် မှလွဲ၍ကျန်အေအ်သိကားဖ်အားလုံးတို့ သည် နဖိလ်(သို့ )မုစ်သဟဗ်သာဖြစ်ပေသည် ။ ဥပမာ လူတစ်ယောက်သည် အိအ်သိကားဖ်၏နိယသ်ပြု၍ ဗလီဝတ်ကျောင်းတော်ထဲတွင် တခနတာမျှနေခဲ့လျှင်လည်း ထိုသို့ နေထိုင်ခြင်းဖြင့် ထိုသူသည် အိအ်သိကားဖ်၏ စဝါးဗ်ကိုရရှိသွားမည်သာဖြစ်၏ ။
အိအ်သိကားဖ်၏ အကျိုးကျေးဇူး
တမန်တော်မြတ်(ဆွ)သည် ရမဇွာန်၏နောက်ဆုံး(၁၀)ရက်တွင် အမြဲတစေ အိအ်သိကားဖ် ထိုင်လေ့ထိုင်ထရှိပေသည် ။ ဝဖားသ်ဖြစ်သည့်အချိန်တိုင် တမန်တော်မြတ်(ဆွ)၏ဒီကျင့်စဉ်မှာ အဆက်မပြတ်ရှိနေခဲ့ပေသည် ။ တမန်တော်မြတ်(ဆွ)မရှိတော့သည့်အခါ တမန်တော်မြတ်(ဆွ)၏ ဇနီးကြင်ယာတော်များသည်(မိမိတို့ အိမ်များတွင်)အိအ်သိကားဖ်ထိုင်လေ့ထိုင်ထရှိခဲ့ကြပေသည် ။(ဗုခါရီကျမ်း တွဲ ၁ ၊ စာမျက်နှာ ၂၇၁ မုစ်လင်မ်ကျမ်း တွဲ ၁ ၊စာမျက်နှာ ၃၇၁ )
တမန်တော်မြတ်(ဆွ)က အိအ်သိကားဖ်ထိုင်သူများနှင်စက်လျဉ်း၍ အမိန့် ရှိသည်မှာ ..
၎င်းသူသည် အပြစ်ဂိုနာများမှထိမ်းသိမ်းခြင်းခံရပေမည် ။ ထို့ အတူ ၎င်းသူသည် ကောင်းမူကုသိုလ်ဟူမျှအားပြုလုပ်သကဲ့သို့  အကျိုးစဝါးဗ်များစွာကိုရရှိမည်ဖြစ်သည် ။ (အိဗ်နုမာဂျာ စာမျက်နှာ ၁၂၇ )
မစ်အလဟ်များ ။ ။
  1. ရမ်ဇွာန်၏နောက်ဆုံး(၁၀)ရက်တွင် အိအ်သိကားဖ်ထိုင်ခြင်းသည် စွန္နသိမုအက္ကဒဟ် အလလ်ကိဖာယဟ်ဖြစ်သည် ။ ဆိုလိုသည်မှာ မြို့ ကြီးပြကြီးများရှိ ရက်ကွက်ကြီးတိုင်းရှိဗလီတစ်လုံးလုံး၌သောလည်း၎င်း (သို့ ) ကျေးရွာတစ်ခုတွင်သောလည်းကောင်း မည်သူတစ်ဦးတစ်ယောက်မျှ အိအ်သိကားဖ်မထိုင်ခဲ့ပါက ထိုဒေသရှိပုဂ္ဂိုလ်အားလုံတို့ သည် စွန္နသ်ကို စွန့် လွတ်သည့်အပြစ်ကိုခံကြရမည်ဖြစ်သည် ။ အကယ်၍ မြို့ ကြီးပြကြီးများရှိ ရက်ကွက်ကြီးတိုင်းရှိဗလီတစ်လုံးလုံး၌သောလည်း၎င်း (သို့ ) ကျေးရွာတစ်ခုတွင်သောလည်းကောင်း ပုဂ္ဂိုလ်တစ်ဦးဦးသည် အိအ်သိကားဖ်ထိုင်ခဲ့ပါမူ ထိုသို့ အိအ်သိကားဖ်ထိုင်ခြင်းဖြင့် အားလုံးရဲ့ ဘက်မှ တာဝန်ကြေသွားမည်ဖြစ်သည် ။ ထို့ အတူ အိအ်သိကားဖ်ထိုင်သူအဖို့  စဝါးဗ်ရရှိမည်ဖြစ်သည် ။ (ရှာမီတွဲ ၂ စာမျက်နှာ ၄၄၂)
  2. အမျိုးသမီးသည် မိမိအိမ်ရှိ နမားဇ်ဝတ်ပြုရန်သီးသန့် သက်မှတ်ထားသည့်နေရာတွင် အိအ်သိကားဖ်ထိုင်ရမည်ဖြစ်သည် ။ အကယ်၍ ပထမကတည်းက နမားဇ်ဝတ်ပြုရန် သီးသန့် နေရာသက်မှတ်ထားခြင်းမရှိပါက အိအ်သိကားဖ်မထိုင်မည် နမားဇ်ဝတ်ပြုရန်နေရာတစ်ခုအား သီးသန့် သက်မှတ်ရမည်ဖြစ်သည် ။ ထို့ နောက် ယင်းနေရာတွင် အိအ်သိကားဖ်ထိုင်ရမည်ဖြစ်သည် ။ အမျိုးသမီးများအဖို့  ထိုသို့ သီးသန့် ပြုထားသောနေရာ၌ အိအ်သိကားဖ်ထိုင်ခြင်းသည် အမျိုးသားများဗလီဝတ်ကျောင်းတော်၌အိအ်သိကားဖ်ထိုင်သကဲ့သို့ ပင်ဖြစ်သည် ။ အမျိုးသားများအဖို့ ဗလီဝတ်ကျောင်းတော်မှထွက်သွာသည့်အခါ အိအ်သိကားဖ်ပျက်သည့်ပုံစံများတွင် အမျိုးသမီးများအဖို့  ထိုသီးသန့် နေရာမှထွက်သွားခြင်းဖြင့် အိအ်သိကားဖ်ပျက်သွားမည်ဖြစ်သည် ။ (အာလမ်ဂီရီ တွဲ ၁ ၊စာမျက်နှာ ၂၂၁ ရှာမီတွဲ ၁ ၊စာမျက်နှာ ၄၄၁ )
  3. ရမ်ဇွာန်(၂၀)၇က်နေ့ တွင် နေမဝင်မည်အလျှင် အိအ်သိကားဖ်၏နိယသ်ပြု၍ ပလီဝတ်ကျောင်းတော်အတွင်း အိအ်သိကားဖ်ထိုင်ရမည်ဖြစ်သည် ။ ၎င်းနောက် တရားတော်အရ အီးဒ်၏လမြင်းခြင်း အတည်ဖြစ်သွားခဲ့ပါမူ နေဝင်ပြီးနောက် အိအ်သိကားဖ်ကို အဆုံးသက်ရမည်ဖြစ်သည် ( အာလမ်ဂီရီ တွဲ ၁ စာမျက်နှာ ၂၁၄)
  4. အိအ်သိကားဖ်ထိုင်သည့်အခါပြုရသည့် သီးသန့် သောအိဗာဒသ် ဟူ၍ သက်မှတ်ထားခြင်းမရှိပေ ။ သို့ ဖြစ်ပေရာ အိအ်သိကားဖ်ထိုင်သည့်အခါတွင် နမားဇ်ဝတ်ပြုခြင်း ၊ ကုရ်အာန်သိလာဝသ်လုပ်ခြင်း ၊ ဘာသာရေးစားအုပ်များကိုလေ့လာခြင်း၊ သင်ပေးသင်ယူပြုခြင်း (သို့ ) လုပ်ပိုင်ခွင့်ရှိသည့်မည်သည့်အလုပ်ကိုမဆို ဆန္ဒရှိသည့်အတိုင်း လုပ်နိုင်ပေသည် ။ (အလမ်ဂီရီ တွဲ ၁ ၊ စာမျက်နှာ ၂၁၂ ၊ ဒွရ်ရေမုခ်သားရ် တွဲ၂ ၊စာမျက်နှာ ၄၅၀ )
  5. အိအ်သိကားဖ်ထိုင်သည့်အခါ "အိဗာဒသ်"ဟုမှတ်ယူ၍ စိတ်စိတ်နေခြင်းမှာ မက်ရူဟ်သဟ်ရီမီဖြစ်သည် ။ ( ဒွရ်ရေမုခ်သားရ် တွဲ ၂ ၊ စာမျက်နှာ ၄၄၉ အာလမ်ဂီရီ တွဲ ၁ ၊ စာမျက်နှာ ၂၁၃ )
  6. မိမိအိအ်သိကားဖ်ထိုင်သည့်ဗလီဝတ်ကျောင်းတော်တွင် ဂျုမုအဟ်နမားဇ်မဖြစ်ပါက (ဂျုမ်အဟ်နမားဇ်ဖြစ်သောဗီလီတွင်)ဂျုမုအဟ်နမားဇ်ဝတ်ပြုရန်အလို့ ငှာ (သွားရမည်ဖြစ်သည် ။ ထိုသို့ သွားသည့်အခါ ) ယင်းဂျာမိအ်ဗလီတွင် စွန္နသ်ဖတ်ပြီး ခွသ်ဘဟ်နားထေင်နိုင်လောက်မည့် အချိန်ခန့်  အချိန်ယူကာ ချင့်ချိန်ပြီး မိမိဗလီမှထွက်ခွါသင့်ပေသည် ။ အကယ်၍ ဂျာမေ့အ်ဗလီတွင် အနည်းငယ်အချိန်ကြာသွားပါက ထိုသို့ အချိန်ကြားသွာခြင်းဖြင့် အိအ်သိကာဖ်ထိုင်မူတွင့်  မည်သည့်အဟန့် အတားမှဖြစ်မည်မဟုတ်ပေ ။ (ရှာမီတွဲ ၂ ၊ စာမျက်နှာ ၄၄၅ ၊၄၄၆ )
  7. အကယ်၍ တရားတော်လာအကြောင်းပြချက်(သို့ )သဘာဝလိုအပ်ချက်မရှိပဲ အိအ်သိကားဖ်ထိုင်သောအမျိုးသားသည်ဗလီပြင်သို့ ထွက်ခဲ့လျှင်သော်လည်းကောင်း (သို့ )အိအ်သိကားဖ်ထိုင်သောအမျိုးသမီးသည် သီးသန့် နေရာမှ အပြင်သို့ ထွက်ခဲ့လျှင်သော်လည်းကောင်း သိလျှက်နှင့်ထွက်ခဲ့သည်ဖြစ်စေ မေ့မှား၍ထွက်ခဲ့သည်ဖြစ်စေ ထိုသို့ ထွက်သွားခြင်းဖြင့် အိအ်သိကားဖ်ပျက်သွားမည်ဖြစ်သည် ။ (ရှာမီတွဲ ၂ ၊ စာမျက်နှာ ၄၄၅ )
  8. အကယ်၍ အိအ်သိကားဖ်ပျက်သွားခဲ့ပါက ပျက်သွားသည့်နေ့ အား ကဇွာပြန်ဖြည့်ရမည်ဖြစ်သည် ။ ပြီးခဲ့သည့်ရက်များအား ကဇွာဖြည့်ရန်မလိုပေ (ရှာမီ ၂ ၊၄၄၅ )
  9. အိအ်သိကားဖ်ထိုင်သူသည် ဂျုမုအဟ်နေ့ တွင် ရေချိုးရန်အတွက်သောလည်းကောင်း (သို့ ) အအေးခံရန်အတွက်သော်လည်းကောင်း ရေးချိုးသွားခြင်းမပိုင်ပေ (ဒွရ် ၂ ၊၄၄၅ )
  10. ခရီးသည်(သို့ )ရောဂါသည်သည် ရမ်ဇွန်၏နောက်ဆုံး(၁၀)ရက်တွင် ရိုဇာမထားပဲ အိအ်သိကားဖ်ထိုင်ခဲ့ပါမူ အိအ်သိကားဖ်၏ စွန္နသ်စဝါးဗ်ကို ရရှိမည်မဟုတ်ပေ ။ ထိုသူ၏ အိအ်သိကားဖ်ထိုင်ခြင်းသည် နဖိလ်အိအ်သိကားဖ်ဖြစ်သွားပေလိမ့်မည် ။      (ရှာမီ ၂ ၊၄၄၂ )
                       ကောက်နုတ်တင်ပြသူ
                                  (ကိုသူနိုအိုင်းမ် )


mmolama မှ ကိုသူ (နိုအိုင်းမ်)



If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Thursday, July 19, 2012

ရိုဇာဥပုဒ်စောင့်ထိန်းခြင်း၏ အနှစ်သာရ

بسم الله الرحمن الرحيم
သာသနာ့ပညာအား လေ့လာလိုက်စားသူများနှင့် သာမန်လူတန်းစာပါမကျန် မြင့်မြတ်တော်မူသော အရှင်မြတ်၏ ဆိဖားသ် (ဝိသေသနတော်များ)နှင့် ရင်းနှီးပြီးဖြစ်ပေမည်။ ထိုဝိသေသနများတွင် الحكيم ခေါ် သဗ္ဗေညုတဥာဏ်နှင့်ပြည့်စုံတော်မူသော အရှင်(ဥာဏ်အမြော်မြင်အပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်)ဟူသော ဝိသေသနသည်လည်း အပါအဝင်ဖြစ်၏။ လောကတွင် ရှိကြကုန်သော သာမာန်အသိဥာဏ်ပိုင်ရှင်များပင်လျှင် အလုပ်တစ်ခုလုပ်လျှင် ရည်ရွယ်ချက်မဲ့၊ ကျိုးကြောင်းကင်းမဲ့စွာ ပြုလုပ်လေ့မရှိ။ ကိစ္စတိုင်းတွင် Targets များစွာဖြင့် စီမံကိန်းချကာ ဆောင်ရွက်လေ့ရှိကြသည်။ လောကီ လူသားတို့၏ လုပ်ရပ်များအား တခဏတာ စဉ်းစားခြင်းဖြင့် သိရှိလိုက်ရသည်မှာ- လူသားတွင် ဤမျှသော ဥာဏ်အမြော်မြင်ရှိနေလျှင် အရာခပ်သိမ်းအား ဖန်ဆင်းမွေးမြူတော်မူသော အလ်ဟကီးမ် ဘွဲ့ထူးပိုင်ရှင် အရှင်မြတ်တွင် အဘယ်မျှရှိမည်ကို သိရှိနိုင်ကြပေသည်။ الله أكبر ထို့ကြောင့် ကျွန်တော်အနေနှင့် ရိုဇာစောင့်ထိန်းစေခြင်း၏ ဟိက်မသ်တော်များအား လက်လှမ်းမှီသလောက် စုစည်းတင်ပြလိုက်ပါသည်။ ထိုဟိက်မသ်တော်များအား သိရှိနားလည်သွားပါက
  • ၁။ ဖန်ဆင်းရှင်၏ ကြီးကျယ်မှု့၊
  • ၂။ ထိုအရှင်၏ သနားဂရုဏာ၊
  • ၃။ အမိန့်တော်များ၏ အခြေခံ၊
  • ၄။ အစ္စလာမ်၏ စစ်မှန်မှု့၊
  • ၅။ ရိုဇာ၏အရသာ၊
  • ၆။ အစ္စလာမ့်အမိန့်တော်များအား ဘာသာခြားများကို ရှင်းပြနိုင်ခြင်း စသည်ဖြင့် အကျိုးထူးများကို ရရှိနိုင်ပေမည်။
အထူးသတိပေးလိုသည်မှာ- ကျွန်တော်၏ တင်ပြမှု့သည် ရိုဇာ၏ဟိက်မသ်တော်များအား ကန့်သတ်ခြင်းမဟုတ်ပဲ၊ များစွာသောအရာများမှ ကောက်နှုတ်တင်ပြခြင်းသာ ဖြစ်ပါသည်။
ဦးစွာပထမ ရိုဇာ၏ဟိက်မသ်တော်များအား မတင်ပြမှီ ဟိက်မသ် ဟူသော် စကားလုံး၏ အဓိပ္ပါယ်ကို တင်ပြပေးလိုက်ပါသည်။ ဟိက်မသ်ဟူသည်မှာ- အရာတစ်ခု၏ အကောင်းဆုံးအား အမြင့်ဆုံးသော အသိပညာဖြင့် သိရှိခြင်းဖြစ်ပြီး၊ ဟိက်မသ်ဖြင့် ကိစ္စတစ်ခုအား ပြုလုပ်ခြင်းဆိုသည်မှာ- ထိုကိစ္စအား ပီပီပြင်ပြင် တိတိကျကျ နေရာမှန် အချိန်မှန် ပုံစံမှန်ဖြင့် ပြုလုပ်ခြင်းအား ခေါ်ဆိုပေသည်။ အဓိပ္ပါယ်အား ကောင်းစွာမှတ်သားပါလေ။

သို့ဆိုလျှင် ရိုဇာစောင့်ထိန်းစေခြင်းတွင်လည်း ဟိက်မသ်များစွာ ရှိနေမည်ဖြစ်ရာ ထိုဟိက်မသ်များအနက် အချို့အား တင်ဆက်လိုက်ပါသည်။ ဤဟိက်မသ်များအား ကောင်းစွာ ဖတ်ရှု့လေ့လာထားပြီး တခြားသူအား ပြန်လည်ပြောပြကာ ရိုဇာ၏အနှစ်သာရအား အပြည့်အဝ ရယူနီုင်ကြပါစေ။
၁။ စားခြင်း၊သောက်ခြင်း၊မေထုံမှီဝဲခြင်း စသည့်အရာတို့သည် လူသား၏ ပင်ကိုယ်ဗီဇတွင် ပါလာသောအချက်များဖြစ်သည်။ ထိုအရာတို့အား စွန့်လွှတ်၍ အရှင်မြတ်၏ ကြေနပ်နှစ်သက်မှု့အား ရယူခြင်းသည် အရှင်မြတ်အား အရာရာထက်ဦးစားပေးသည်ဟု အဓိပ္ပါယ်သက်ရောက်ပြီး ကျွန်တော်တို့အား လောကီစည်းစိမ်ထက် ဂျန္နသ်စည်းစိမ်များအား မက်မောလာစေရန် သင်ကြားပေးလိုက်ခြင်းဖြစ်သည်။ ထို့အပြင် အရှင်မြတ်၏ နှစ်သက်မှု့ကို ရှာဖွေရာတွင် အရာရာအားစွန့်လွှတ်နိုင်စေရန် လေ့ကျင့်ပေးခြင်းလည်းဖြစ်သွား၏။
၂။ ရိုဇာစောင့်ထိန်းခြင်းသည် သက်ဝါတရား၏ အကြောင်းခံလည်းဖြစ်သည်။ ထိုအချက်အား ကျမ်းမြတ်ကုရ်အာန်တွင် ပွင့်လင်းစွာ ဖော်ပြထားပေသည်။ အာယသ်တော်မှာ- စူရဟ်ဗကရဟ် အာယသ်တော်အမှတ်စဉ် ၁၈၃ ပင်ဖြစ်၏။ အဓိပ္ပါယ်မှာမူ- အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက်အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူ သကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက် တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။
လူသားများအား သက်ဝါရရှိစေရန်အလို့ငှာ အရှင်မြတ်ဖက်တော်မှ ရိုဇာဥပုဒ်စောင့်ထိန်းစေခြင်းဖြစ်၏။ လူသားတိုင်း ခုံမင်နှစ်သစ်ရာများဖြစ်သော စားခြင်း၊သောက်ခြင်းနှင့်မေထံမှီဝဲခြင်းအား စွန့်လွှတ်စေခြင်းမှာ ဒုက္ခပေးခြင်းလုံးဝ မဟုတ်တော့ပဲ အခြားတားမြစ်တားသောအရာများအား လွယ်ကူစွာ ရှောင်ရှားစေနိုင်ရန်အတွက်ပင်ဖြစ်တော့ပေသည်။
၃။ ငွေကြေးပြည့်စုံသော လူချမ်းသာများမှာ အရှင်မြတ်၏ ပေးကမ်းမှု့ကြောင့် အဖက်ဖက်မှ စည်းစိမ်များဝိုင်းရံနေပြီး၊ နှစ်လိုဖွယ်အရာများအား အချိန်မရွေး စားသောက်နိုင်ကြသည်။ များစွာသော စည်းစိမ်ရှင်တို့သည် စည်းစိမ်ရစ်မူးနေပြီး အရာရာအား သတိလက်လွတ်ပြုမိကာ ၎င်းတို့တွင် ကိုယ်ချင်းစာစိတ်များ ပျောက်ကွယ်နေတတ်ကြသည်။ ရိုဇာစောင့်ထိန်းဖြင့် ငတ်မွတ်မှု့၏ ဒုက္ခအား ခံစားသိမြင်လာကာ မိမိ၏ဆင်းရဲနွမ်းပါးသော ညီနောင်တို့အား ကူညီချင်စိတ်၊ လှူဒါန်းလိုစိတ်များ ပေါက်ဖွားလာပေသည်။ တစ်ကိုယ်ကောင်းဆန် ကောင်းစားမှု့အား စွန့်လွှတ်လိုစိတ်များ ဖြစ်လာရသည်။
၎။ လူသားသည် များသောအားဖြင့် စိတ်အလိုလိုက်မှု့၏ ကျေးကျွန်ဖြစ်နေတတ်၏။ ကိစ္စအတော်များများတွင် စိတ်လိုက်မာန်ပါ ပြုလုပ်မိကာ အမှားများစွာအား ကျူးလွန်လေ့ရှိကြ၏။ မိမိစိတ်အား မထိန်းသိမ်းနိုင် မထိန်းသိမ်းတတ်ဖြစ်တတ်ကြသည်။ ရိုဇာစောင့်ထိန်းခြင်းဖြင့် မိမိစိတ်အား ထိန်းချုပ်လာနိုင်မည်ဖြစ်ပြီး၊ ကျင့်သားလည်း ရလာမည်ဖြစ်သည်။
၅။ ကိုယ်ခန္ဓာတွင် အစာနည်းခြင်းဖြင့် ကောင်းမှု့များစွာ ပြုလုပ်လိုစိတ်ပေါ်လာသည်။ တတ်ကြွမှု့များကိုဖြစ်စေသည်။ အစားအသောက်များစွာ စားသုံးခြင်းဖြင့် ပျင်းရိရောဂါစွဲကပ်လာတတ်၏။ ထို့ကြောင့် ရိုဇာစောင့်ထိန်းမှု့ဖြင့် လူသားတွင် ကောင်းမှု့ပြုလိုစိတ်များဖြစ်ပေါ်လာပြီး၊ ပျင်းရိခြင်းမှ ရှောင်ရှားရန် အခွင့်အရေးတစ်ခု ရရှိစေခြင်းဖြစ်သည်။
၆။ ရှိုင်သွာန်၏ လှည့်စားမှု့မှာ လူသားတိုင်း လောကီဘဝတွင် စားကောင်းသောက်ဖွယ်များနှင့် အပျော်အပါးတို့တွင် နစ်မွန်းနေစေကာ ကောင်းမှု့ဟူသရွေ့တို့မှ ဝေးကွာစေခြင်းဖြစ်သည်။ ရိုဇာထားခြင်းဖြင့် လူသားတို့၏ ရန်သူ ရှိုင်သွာန်မိစ္ဆာကောင်အား ထိုးစစ်ဆင် အနိုင်ရယူနိုင်ပေသည်။
၇။ လူသား၏ ကောင်းမှု့ပြုကျင့်မှု့များတွင် အခြားသူများ မြင်တွေ့နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကျော်ကြားလိုစိတ်များ၊ တဖက်လူအား အထင်ကြီးစေလိုမှု့များ၊ ဂုဏ်ပေးခံလိုချင်စိတ်များ စသည့် မကောင်းသော အတွေးအခေါ်များ ဝင်ရောက်လာတတ်ကာ အစ်ခ်လာစ်နှင့် ဝေးကွာသွားရတတ်၏။ ရိုဇာစောင့်ထိန်းမှု့တွင်မူ အရှင်မြတ်တပါးတည်းသာ တွေ့မြင်နိုင်ပြီး အစ်ခ်လာစ်အပြည့်အဝ ရယူနိုင်ပေသည်။ ထို့အတူ အစ်ခ်လာစ်ဖြင့် ကောင်းမှု့ပြုရာတွင် အလွယ်ကူဆုံး နည်းစနစ်အား ပြသထားပေးခြင်းဖြစ်သည်။ ရိုဇာကို အကြောင်းခံ၍ အခြားကောင်းမှု့များတွင် အစ်ခ်လာစ်ဖြင့် ပြုလုပ်လိုစိတ်များ ဖြစ်ပေါ်လာနိုင်ပေသည်။
၈။ ရိုဇာစောင့်ထိန်းခြင်းဖြင့် အစာကြေချက်မှု့ အားကောင်းလာပြီး ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသည်ဟု သုတေသီများ ရေးသားဖော်ပြထားကြသည်။ ရိုဇာသည် လောကီလောကုတ္တရာ နှစ်ဌာနလုံးအတွက် အကျိုးဖြစ်ထွန်းနေသည်ပင်။

ဤအချက်များအပြင် များစွာသော ဟိက်မသ်တော်များ ရှိနေပေသေးသည်။ သေးငယ်သော ကျွန်တော်တို့ ဦးဏှောက်ဖြင့် ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်၏ အမိန့်တစ်ခုအား ပြီးပြည့်စုံစွာ နားလည်သဘောပေါက်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့သော် သေးငယ်သောဦးဏှောက်ဖြင့် ဤမျှ သိမြင်ရလျှင် အရှင်၏ဂရုဏာတော်၊ အရှင်၏ကြီးကျယ်မှု့၊ ရိုဇာ၏တန်ဘိုး၊ အနှစ်သာရအား မှန်းဆနိုင်ပေသည်။
ရိုဇာအား တန်ဖိုးထားကာ ရိုဇာစောင့်ထိန်းစေရခြင်း၏ ရည်ရွယ်ချက်များအား အကောင်ထည်ဖော်နိုင်ကြပါစေဟု ဆုတောင်းရင်းးးးးးးးးးးးး
وما توفيقي إلا بالله العظيم

ဘရှီးလေး
မေမြို့


http://www.mmolama.org/

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

ဇကားသ် ရိုဇာဟ်

တစ်နှစ်တာကာလအတွင်း ရိုဇာဟ်ဟရာမ်ဖြစ်စေသောရက် ( ၅ )ရက်ရှိသည်။
၁။ အီဒွလ်ဖစ်သစ်ရ်(ခေါ်)ဝါကျွတ်အီးဒ်နေ့
၂။ ဇိလ်ဟဂ်ျလ(၁၀)ရက်(အီဒွလ်အသ်ွဟာ-ကုရ်ဗာနီအီးဒ်
၃။ ဇိလ်ဟဂ်ျလ(၁၁)ရက်
၎။ ဇိလ်ဟဂ်ျလ(၁၂)ရက်
၅။ ဇိလ်ဟဂ်ျလ(၁၃)ရက် စသည်တို့ဖြစ်သည်။
မှတ်ချက်။ ။ ဇိလ်ဟဂ်ျလ(၉)ရက်နေ့ ဖဂျရ်နမားဇ်မှစ၍ ဇိလ်ဟဂ်ျလ(၁၃)ရက်နေ့ အစွာရ်နမားဇ်အထိ ဖရားဇ် နမားဇ်ပြီးတိုင်း
( အမျိုးသားများအတွက်)အသံထွက်၍ အမျိုးသမီးများအတွက် အသံတိတ် သက္ကဗီးရ် တစ်ကြိမ်ဆိုခြင်း ဝါဂျိဘ် ဖြစ်သည်။
ရိုဇာဟ်ပျက်၍ ကသွာ ထိုက်သော အရာ (၁၃)ခုရှိပါသည်။
၁။ အတင်းအဓမ္မ စားခိုင်းသဖြင့် စားမိခြင်း၊
၂။ လည်ချောင်းအတွင်းသို့ မတော်တဆ ရေဝင်သွားခြင်း၊
၃။ ပျို့အံသော အစာကို မျိုချခြင်း၊
၎။ ပါးစပ်အပြည့်အံခြင်း၊
၅။ ညမှစားပြီး အစာ သွားကြားမှထွက်လာ၍ (ကုလားပဲစေ့ခန့်မျှ)မျိုချခြင်း၊
၆။ အစားစာ မဟုတ်သောအရာကို မျိုချခြင်း၊
၇။ ပါးစပ်အပြင်မှ ကုလားပဲခြမ်းထက် သေးငယ်သောအစာစားခြင်း။
၈။ နားတွင်ဆီထည့်ခြင်း၊
၉။ နှာရှူခြင်း၊
၁၀။ သွားမှသွေးကိုမျိုချခြင်း၊
၁၁။ မေ့၍စားမိပြီး ရှိဇာဟ်ပျက်ပြီအထင်နှင့် ထပ်၍စားခြင်း၊
၁၂။ မိုးမလင်းသေးဟုထင်ပြီး စဲဟ်ရီစားခြင်း၊
၁၃။ နဖိလ်ရိုဇဟ်များ ဖျက်ခြင်းတို့ ဖြစ်ပါသည်။
ရှိဇဟ်မပျက်သောအချက် (၁၁)ချက်ရှိပါသည်။
၁။ ဆေးထိုးခြင်း။
၂။ ဂလူးကိုစ် သွင်းခြင်း၊
၃။ အကြောဆေးထိုးခြင်း၊
၎။ သွေးသွင်းခြင်း၊
၅။ မျက်စဉ်းခပ်ခြင်း၊
မှတ်ချတ်။ ။ဤအချက်(၅)ချက်သည် အရေးကြီးလိုအပ်မှသာပြုလုပ်နိုင်၏။
၆။ ရောဂါပြင်းထန်လွန်း၍ ပါးစပ်ထဲ ဆေးထည့်ခြင်း၊
၇။ သွားနှုတ်ခြင်း၊
၈။ မေ့၍ စားသောက်ခြင်း၊
၉။ အိပ်ပျော်နေစဉ် သုတ်ရည်ထွက်သွားခြင်း၊
၁၀။ အမွှေးအကြိုင်ရှူခြင်း၊
၁၁။ လည်ချောင်းအတွင်းသို့ မီးခိုး၊ ယင်၊ ခြင်၊ ဝင်သွားခြင်းတို့ဖြစ်ပါသည်။


ရိုဇာဟ်ပျက်၍ ကသွာ နှင့် ကဖွာရဟ် ထိုက်သောအရာ (၃)မျိုးရှိပါသည်။
၁။ တမင် သိလျက်နှင့် စားသောက်ခြင်း၊
၂။ တမင် သိလျက်နှင့် ဆေးသောက်ခြင်း၊
၃။ ရှေ့လမ်းမှဖြစ်စေ၊ နောက်လမ်းမှဖြစ်စေ သံဝါသပြုခြင်း စသည်တို့ဖြစ်ပါသည်။


ကဖွာရဟ် ပြုလုပ်နည်း (၃)မျိုးရှိပါသည်။
၁။ ကျွန်ကို သူကောင်းပြုခြင်း၊
၂။ မရှိဆင်းရဲသား (၆၀)ယောက်ကို ညမနက် ထမင်းအဝကျွေးခြင်း၊
၃။ (၂)လတိတိ ရက်မခြားဘဲ ရိုဇာဟ်စောင့်ထိန်းခြင်းတို့ဖြစ်ပါသည်။






မှတ်ချက် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်

 
သာသနာ့ အသိတရားပြန့်ပွားစေရန် အဆင့်ဆင့်မျှယူမျှဝေဖြန့်ချိခြင်းဖြင့် ကုသိုလ်ရယူကြပါဆို့။

ဇကားသ် ထိုက်သော ဥစ္စာပစ္စည်း(၃)မျိုးရှိပါသည်။
၁။ ရွှေ-ငွေ
၂။ ရောင်းဝယ်ဖောက်ကားသော ဥစ္စာပစ္စည်း။
၃။ အိမ်တွင်းမွေးမြူထားသော ကျွဲ-နွား-သိုး-ဆိတ် တိရစ္ဆာန်များ။
ဇကားသ်ပေးထိုက်သော ပုဂ္ဂိုလ် (၇)ဦးရှိသည်။
၁။ ညီအကိုမောင်နှမများ
၂။ တူ-တူမများ
၃။ ဦးလေး-ဦးကြီးများ
၎။ အရီးလေး-အရီးကြီးများ
၅။ မိထွေး-ဖထွေးများ
၆။ မိထွေး-ဖထွေး၏မိဘများ
၇။ ယောက္ခထီး-ယောက္ခမများ
ဇကားသ် မပေးပိုင်သော ပုဂ္ဂိုလ်(၈)ဦးရှိသည်။
၁။ မိဘ။
၂။ အဘိုးအဘွားများ
၃။ သား-သမီးများ
၎။ မြေ-မြစ်များ
၅။ မိမိ၏ဇနီးမိန်းမများ
၆။ မိမိ၏ခင်ပွန်းသည် လင်ယောက်က်ျား
၇။ စိုင်ယာဒ် အမျိုးအနွယ်
၈။ ဟာရှီမီအမျိုးနွယ်တို့ဖြစ်သည်၊( ဟာရှီမီဆိုသည်မှာ )


၁၊ ဟဇရသ်ဟာရစ်ဗင်န်အဗ္ဗဒွလ် မွတ်တွလစ်ဗ်သခင
၂၊ ဟဇရသ်ဂျအ်ဖရ်သခင်
၃၊ ဟဇရသ်အုကိုင်လ်သခင်
၎၊ ဟဇရသ်အဗ္ဗားစ်သခင်
၅၊ ဟဇရသ်အလီသခင်တို့မှ ဆင်းသက်လာသူများကို ဟာရှီမီ အမျိုးနွယ်ဟုခေါ်ဆိုပါသည်။


စာအုပ် ။.....။သအ်လီမုလ် အတ်ွဖလ်
ပြုစုသူ ။.......။ အလ်ဟာဂ်ျ မော်လာနာ ကာရီ ဟာဖစ် မုဟမ္မဒ် ယဟ်ယာ ( ဘင်န် )
အလ်ဟာဂ်ျ မော်လာနာ မွတ်ဖ်သီ ရှမ်စွဒ်ဒိုဟာ-မဇွာဟေရီ
ဟဒီးစ်ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ဆရာကြီး ဆူဖီယတ် အစ္စလာမ်သာသနာ့တက္ကသိုလ်






( မတ်စ်အလဟ် ပြဿနာ )
ဥစ္စာကြေးငွေရှိသမျှ၏ အပုံလေးဆယ်ပုံ တစ်ပုံကို ဇကာတ်ပေးရန် ဝါဂျစ်ဗ်ဖြစ်၏၊
ဥပမာ-ငွေ(၁၀၀)လျှင်(၂)ကျပ်(၅၀)ပြားပေရမည်။
(မစ်ရှ်ကာတ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၅၉ )


ဇကာသ်ငွေကို သူဆင်းရဲ တစ်ဦးတစ်ယောက်သို့ ပေးသောအခါ မိမိစိတ်တွင်းမှ ငါသည် ဇကာသ်ငွေကို
ပေးသည်ဟု ရည်စူးလိုက်ရမည်၊ ထိုကဲ့သို့ မရည်စူးဘဲ ပေးလိုက်လျှင် ဇကာသ်အတည်မဖြစ်ချေ၊
နောက်ကို ထပ်ပေးရချိမ့်ဦးမည်၊ ထိုမရည်စူးဘဲဖြင့်ပေးလိုက်သောငွေများအကျိုးမှာ တစ်ခြားသီးသန့်
အကျိုးရလိမ့်မည်ဖြစ်၏။
(ဒွန်ရေ့မွခ်တာရ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၃၀)


တစ်ဦးတစ်ယောက်သော သူ/မ၌ အိမ်လေး ငါးဆယ်လုံးရှိ၍ ၎င်းအိမ်များကို အငှားချထား၏
ထိုအခါ ၎င်းအိမ်များသည် မည်မျှပင်တန်ဘိုးရှိသော်လည်း ဇကာသ်ပေးရန် ဝါဂျစ်ဗ်မဟုတ်ပေ၊
အခနှင့် ငှားရမ်းနေသော ဥစ္စာပစ္စည်းများအပါ်၌ ဇကာသ် ဝါဂျစ်ဗ်မဟုတ်ပေ။
(ခါနေယဟ်ကျမ်းအတွဲ-၁-စာမျက်နှာ-၁၁၇)


  အကြင်သူ/မ၏ထံ၌ ငွေ ၂၅-တိုလာခွဲ(မြန်မာအလေးချိန် ကျပ်လေးဆယ်) အင်္ဂလိပ်ကျပ်
သုံးဒင်္ဂါး အားဖြင့် ၅၄ိ-၁၃-ပဲ ၃-ရွေးသော်လည်းကောင်း ရွေ-တိုလာခွဲ
(မြန်မာအလေးချိန် ၅ိ-၁၀-ပဲသား)ရှိလျှင်သော်လည်းကောင်း သို့မဟုတ် ထိုမျှခန့်နှင့်ပင် တန်ဘိုးရှိသော
ရောင်းဝယ်ဖေါက်ကားသည့် ပစ္စည်းရှိခဲ့သော် ထိုသူ/မကို ရှရီအတ် တရားတော်က ပစ္စည်းရှိသောသူဟု
ခေါ်လေသည် ဤသို့သော သူ/မကို ဇကာသ်ငွေပေးလှူခြင်းမပိုင် ၎င်းကလည် ဇကာသ်ငွေကိုယူခြင်း
စားခြင်းလည်း(ဟလာလ်)မဟုတ်ချေ။ ထိုနည်းပင် အကြင်သူ/မ၌ ထိုတန်းခန့်မျှသောပစ္စည်းသည်
ရောင်းဝယ်သောပစ္စည်းတော့ မဟုတ် သို့ရာတွင် မိမိသုံးစွဲရန်ထက် ပိုမိုနေသော် ထိုသူ/မသည်လည်း
ပစ္စည်းရှိသော သူပင်ဖြစ်လေသည်၊ ဤသို့သော သူကိုလည် ဇကာသ်ငွေကို ပေးခြင်းမပိုင် အကယ်၍
ထိုကဲ့သို့ပစ္စည်းရှိသောသူသည် ဇကာသ်မစားထိုက်သော်လည်း ၎င်းသူအပေါ်၌ ဇကာသ်ပေးရန်လည်
ဝါဂျစ်ဗ်မဟုတ်ချေ။ (ဒွန်ရေ့မွခ်တာရ်ကျမ်းအတွဲ-၁-စမျက်နှာ-၁၄၁ )


စာအုပ်...........ဘဟစ်ရှ်တီဇေဝရ်ကျမ်း
ပြုစုသူ.............အလ်ဟာဂ်ျ မော်လာနာ မုဟမ္မဒ် မူစာ (မဇွာဟေရီ)
ခင်မင်စွာဖြင့်

 http://www.mmolama.org/

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...