Sunday, January 08, 2012

အရည်အချင်း ( ၆ ) ရပ်

ဆွာဟာဘာ (ရသွေ့ ) သခင်များဟာ တမန်တော်မြတ်(ဆွ) ရဲ့ အနီးအပါးမှာနေပြီးတော့ မြောက်မြားစွာသော အရည်အချင်းများကို ရ ရှိခဲ့ပါတယ် ။ထို အရည်အချင်းများထဲ မှ အချို့ အချက်အလက်များကို မိမိဘ၀ သက်တမ်း မှာလက်တွေ့ လိုက်နာသင်ယူ ကျင့်သုံး သွား မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဒီန်း သာသနာ တစ်ခုလုံး အပေါ်မှာ လွယ်ကူစွာ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ အချက်အလက် တွေကိုပဲအရည်အချင်း ( ၆ ) ရပ် လို့ခေါ်ပါတယ်။

အဲဒီ အရည်အချင်း ( ၆ ) ရပ် မှာ...........

( ၁ ) ကလေမာဟ် သွိုင်ယေဗဟ် လာအေလာဟ အစ်လလ္လာ မိုဟမ္မဒ်ဒွရ် ရစူလွလ္လာ

( ၂ ) ဆွေဖာတ်သေ့ဆွလာသ်(ခေါ်) နမာဇ်

( ၃ ) အေလင်မ် နဲ့  ဇကေရ်

( ၄ ) အေကရာမ်မေ့မွတ်စလင်မ် ( ရိုင်းပင်းကူညီခြင်း )

( ၅ ) အစ်ခလားစ်ဆေ့ နိယာသ်( ရည်စူးချက် )

( ၆ ) သဖရီးကေ့ ၀ါက်တ် ( အလ္လာလမ်းထွက်ခြင်း ) တို့ဖြစ်ပါတယ်။



ကဏ္ဍတိုင်း ရည်ရွယ်ချက်၊ အကျိုးကျေးဇူး ၊ ရယူနည်း ဆိုပြီးတော့ အပိုင်း သုံးပိုင်း ရှိပါတယ်။



( ၁ ) ကလေမာဟ် သွိုင်ယေဗဟ် လာအေလာဟ အစ်လလ္လာ မိုဟမ္မဒ်ဒွရ် ရစူလွလ္လာ

ရည်ရွယ်ချက် ။ ။ ဖန်ဆင်းခံမှာ စွမ်းအား မရှိဘူး ဖန်ဆင်းရှင် မှာပဲ စွမ်းအားရှိတယ်။ ဆိုလိုတာက အကောင်း ၊အဆိုး ဟူသမျှဟာ အလ္လာဟ်ထံတော်မှာပဲရှိတယ်၊ တမန်တော်မြတ်( ဆွ ) ရဲ့ နည်းစနစ်မှာပဲရာနှုန်းပြည့် အောင်မြင်မှုရှိတယ်၊အခြား နည်းစနစ်တွေမှာ ရာနှုန်းပြည့် ဆုံးရှုံမှု ရှိတယ်။ အဲဒီ ယုံကြည်ချက်တွေ ကျွန်တော်တို့  နှလုံးသားထဲ ရောက်ရှိလာဖို့ ဖြစ်ပါတယ်။

အကျိုးကျေးဇူး။ ။ အကြင်သူဟာ ကလေမဟ်ကို အေခလားစ် နဲ့  တစ်ကြိမ်ဖတ်မယ်ဆိုရင် နောက်နောင်က ကျုးလွန်မိခဲ့သော အပြစ် ဂိုနာဟ်တွေကိ အလ္လာဟ်အရှင်မြတ်က မားဖ် (ခွင့်လွှတ်) မှာဖြစ်ပါတယ်။ အကြင်သူဟာ စွန္နတ်တော် တစ်ခုကို အကောင်အထည်ဖေါ်မယ်ဆိုရင် ရှဟီဒီပေါင်း (၁၀၀) ရဲ့အကျိုးစ၀ါးဘ်ကိုရရှိမှာဖြစ်ပါတယ်။

ရယူနည်း။ ။ ဒါဝသ်၊ မရှ် ၊ဒိုအာ ဆိုပြီးတော့( ၃ )ခုရှိတယ်

ဒါဝသ်ကတော့ ကလေမာဟ် အကျိုးကျေးဇူးတွေကိုတင်ပြပြီးတော့ အခြားသူများကို ဒါဝသ်ပေး ဖိတ်ခေါ် ရမယ်။စွန္နတ်တော်ရဲ့ အကျိုးကျေးဇူးတွေကိုတင်ပြပြီးတော့ အခြားသူများကို ဒါဝသ်ပေးဖိတ်ခေါ်ရမယ်။

မရှ်ကတော့ အလ္လာဟ်ရဲ့ ကြီးကျယ်မှုကို များများ စဉ်းစားရမယ်၊ အလ္လာဟ်ရဲ့ ကြီးကျယ်မှု ကို များများ ပြော ရမယ်၊ အလ္လာဟ်ရဲ့ ကြီးကျယ်မှု ကို များများ နားထောင်ရမယ်၊အလ္လာဟ်ရဲ့ ကြီးကျယ်မှု ကို များများ ကြည့်ရမယ် ဒီလမ်းကြောင်း(၄)ခု

ကနေအလ္လာဟ်ရဲ့ ကြီးကျယ်မှု ကျွန်တော်တို့ ရဲ့ နှလုံးသားထဲကို ရောက်ရှိလာမှာဖြစ်ပါတယ်။စွန္နတ်တော်တွေကို သက်တမ်းမှာ ရှာဖွေ ပြီးတော့ လက်တွေ့ လိုက်နာသင်ယူကျင့်သုံးသွားရမယ်။

ဒိုအာကတော့ ယာအလ္လာဟ်..ကလေမာဟ်ရဲ့ ဟကီကသ် ကိုချီးမြှင့်ပါ၊ စွန္နတ်တော်ရဲ့ ဟကီကသ်ကို ချီး မြှင့်ပါဆိုပြီးတော့ဒိုအာလုပ်ရမယ်။

( ၂ ) ဆွေဖာတ်သေ့ဆွလာသ်(ခေါ်) နမာဇ်

ရည်ရွယ်ချက် ။ ။ ခန္ဒာကိုယ် အဆစ်အပိုင်း အားလုံးဟာ နမာဇ်အတွင်းမှာ အလ္လာ့ဟ်အမိန့် ကို နာခံသလို ပြင်ပသက်တမ်း မှာလဲ အလ္လာ့ဟ်အမိန့် ကိုနာခံဖို့ ဖြစ်ပါတယ်။

အကျိုးကျေးဇူး။ ။ အကြင်သူဟာ နမာဇ် (၅) ကြိမ်ကို စွဲစွဲမြဲမြဲ ဖတ်မယ်ဆိုရင်အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ဂျွန္နတ်ကို တာဝန်ယူပို့ ဆောင်ပေးမှာဖြစ်ပါတယ်။ နမာဇ် မဖတ်တဲ့သူနဲ့  ပတ်သက်ပြီး ဘာမှ တာဝန်ယူမထားပါဘူး။

ရယူနည်း ။ ။ဒါဝသ်ကတော့ နမာဇ်ရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီးတော့ အခြားသူများကို ဒါဝသ်ပေးဖိတ်ခေါ်ရမယ်။

မရှ်ကတော့ နေ့စဉ် နမာဇ် (၅)ကြိမ်ကိုစွဲစွဲမြဲမြဲဖတ်ရမယ်။ ၀ါဂျစ်၊ စွန္နတ်၊နဖလ် နမာဇ်များကိုလဲ ဖတ်ပေးရ မယ်၊သက်တမ်းမှာလွတ်ခဲ့တဲ့နမာဇ်တွေကိုလဲ ပြန်လည်ဖြည့်စွက်ပြီးတော့ဖတ်ပေးရမယ်၊ ည မှာ ထပြီးတော့ရှည်လျားတဲ့ ရကအသ် တွေနဲ့  နမာဇ်ကို မရှ်(လေ့ကျင့်)လုပ်ရမယ်။

ဒိုအာကတော့ ယာအလ္လာဟ်...တမန်တော်မြတ်(ဆွ)နဲ့  ဆွဟာဘာ(ရသွေ့ )များဖတ်ခဲ့တဲ့ နမာဇ်မျိုးဖတ်နိုင်တဲ့ သောင်ဖီးက်(စွမ်းအား)ကိုချီးမြှင့်ပါလို့ ဒိုအာလုပ်ရမယ်။

( ၃ ) အေလင်မ် နဲ့  ဇကေရ်

အေလင်မ်နဲ့ဇကေရ်ဆိုပြီးတော့ နှစ်ပိုင်းရှိပါတယ်။

အေလင်မ်ရဲ့ ရည်ရွယ်ချက်။ ။ အခြေအနေတိုင်းမှာ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့် ကို သိရှိပြီးတော့ လိုက်နာ ကျင့်သုံးဖို့  ဖြစ်တယ်။

အကျိုးကျေးဇူး။ ။.အကြင်သူဟာ အေလင်မ် သင်ဖို့ ခရီးထွက်ခဲ့မယ်ဆိုရင် ဂျန္နတ် သွားရာလမ်း ကို အလ္လာဟ်အရှင်မြတ်က လွယ်ကူစေမှာ ဖြစ်ပါတယ်။

ရယူနည်း။ ။ဒါဝသ်ကတော့ အေလင်မ်ရဲ့အကျိုးကျေးဇူးတွေကို တင်ပြပြီးတော့အခြားသူများကို ဒါဝသ်ပေးဖိတ်ခေါ်ရမယ်၊ မရှ်ကတော့ အေလင်မ်မှာ ဖဇာအေလီလ်နဲ့မစာအေလီလ် ဆိုပြီးတော့ နှစ်ပိုင်းရှိပါတယ်။ဖဇာအေလီလ်ကတော့သာလင်မ်ရဲ့ ဟလ်ကာ

ထိုင်ဝိုင်းနေမှာသင်ယူရမယ်။ မစာအေလီလ်ကတော့ စစ်မှန်တဲ့အာလင်မ် သာသနာ့ပညာရှင် များထံမှာ သင်ယူရမယ်။

ဒိုအာကတော့ ယာအလ္လာဟ်....အအ်မလ် အပေါ်မှာ ရပ်တည်နိုင်မယ့်၊တွန်းပို့ နိုင်မဲ့၊ ဖြစ်စေနိုင်မဲ့ အေလင်မ်မျိုးကို ချီုးမြှင့်တော်မူပါလို့ ဒိုအာလုပ်ရမယ်။

ဇကေရ်ရဲ့ ရည်ရွယ်ချက်။ ။ ၂၄ နာရီကာလပတ်လုံး အလ္လာဟ်ရှင်မြတ်ကို အောက်မေ့ သတိရ တသနေဖို့ ဖြစ်ပါတယ်။

အကျိုးကျေးဇူး။ ။ အကြင်သူရဲ့ နှုတ်လျှာဟာ ဇကေရ်နဲ့ စွတ်စိုခဲ့မယ်ဆိုရင် ဂျန္နတ်ကို ရယ်မောပျော်ရွှင်စွာ ၀င်ရောက်ရမှာဖြစ်ပါတယ်။

ရယူနည်း။ ။ ဒါဝသ်ကတော့ ဇကေရ်ရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီးတော့ အခြားသူများ ကို ဒါဝသ်ပေးဖိတ်ခေါ်ရမယ်။

မရှ်ကတော့ နေ့ စဉ် သုံးသက်စ်ဗီး ကို အချိန်၊နေရာ သတ်မှတ်ပြီးတော့ အာရုံနဲ့  တကွ ကစ်ဗလာဘက်ကို မျက်နှာမူပြီးတော့ နမာဇ်အတွင်းမှာထိုင်သလို ထိုင်ပြီးတော့စိပ်ရမယ်။နေ့စဥင်္ကုန်အာန်ကိုလဲ သတ်မှတ်ပြီးတော့ဖတ်ရမယ်၊မတ်စ်နုန်းဒိုအာတွေကိုလဲ ကျတ်မှတ်ပြီးတော့ သူ့ နေရာနဲ့ သူ့  ကျင့်သုံးပေးရမယ်။

ဒိုအာကတော့ ယာအလ္လာဟ်.... ဂဖလသ်ဆိုတဲ့ မေ့လျော့ခြင်းကထိန်းသိမ်းပြီးတော့ အမြဲတမ်း အလ္လာဟ်ရှင်မြတ်ကို အောက်မေ့ သတိရ တသ သူအဖြစ်ထားတော်မူပါလို့  ဒိုအာလုပ်ရမယ်။

( ၄ ) အေကရာမ်မေ့မွတ်စလင်မ် ( ရိုင်းပင်းကူညီခြင်း )

ရည်ရွယ်ချက်။ ။ အီမာန်ရှိခြင်းကို အကြောင်းခံပြီးတော့ မွတ်စလင်မ်အချင်းချင်း ရိုင်းပင်းကူညီ၊ ဂုဏ်ပေးလေးစားဖို့ ဖြစ် ပါတယ်။

အကျိုးကျေးဇူး။ ။ အကြင်သူဟာ အီမာန်ရှင်ညီနောင်တစ်ဦးတစ်ယောက်ရဲ့ အရှက်ဂုဏ်သိက္ခာကိုဖုံးအုပ်ပေးခဲ့မယ်ဆိုရင် ကေယာမသ်နေ့ မှာ ထိုသူရဲ့ အရှက်သိက္ခာကို အလ္လာဟ်ရှင်မြတ်ကိုယ်တော်တိုင် ဖုံးအုပ်ပေးထားမှာဖြစ်ပါတယ်။

ရယူနည်း။ ။ဒါဝသ်ကတော့ အေကရာမ်ရဲ့ အကျိုးကျေးဇူးတွေကို တင်ပြပြီးတော့ အခြားသူများ ကို ဒါဝသ်ပေးဖိတ်ခေါ်ရမယ်။

မရှ်ကတော့ ကြီးသူကို ရိုသေ၊ငယ်သူကို သနား၊ အာလင်မ်ပညာရှင်များနဲ့  မိဘဆရာများကို ဂုဏ်ပေးလေးစား ရမှာ ဖြစ်ပါတယ်၊ အေကရာမ်ရရှိဖို့  ခေသမဒ် များများလုပ်ရမှာဖြစ်ပါတယ်။

ဒိုအာကတော့ ယာအလ္လာဟ်... တမန်တော်မြတ်(ဆွ)နဲ့  ဆွဟာဘာ(ရသွေ့ )သခင်ကြီးများရဲ့ ကိုယ်ကျင့်တရားမျိုးကို ချီးမြှင့်တော်မူပါလို့ ဒိုအာလုပ်ရမှာဖြစ်ပါတယ်။

( ၅ ) အစ်ခလားစ်ဆေ့ နိယာသ်( ရည်စူးချက် )

ရည်ရွယ်ချက်။ ။ လုပ်ရပ်တိုင်းလုပ်ရပ်တိုင်းဟာ အလ္လာဟ်အရှင်မြတ်အတွက် သီးသန့် ဖြစ်ရမယ်။

အကျိုးကျေးဇူး။ ။ အစ်ခလားစ်နဲ့ လုပ်တဲ့ အအ်မလ်တိုင်း(လုပ်ရပ်တိုင်း)မှာ အလ္လာဟ်ရှင်မြတ်က အင်အားကိုထည့်ပေးမှာဖြစ်ပါတယ်။

ရယူနည်း။ ။ဒါဝသ်ကတော့ အစ်ခလားစ်ရဲ့အကျိုးကျေးဇူးတွေကို တင်ပြပြီးတော့ အခြားသူများ ကို ဒါဝသ်ပေးဖိတ်ခေါ်ရမယ်။

မရှ်ကတော့ လုပ်ခွင့်ရပြီးဆို အလ္လာဟ်ကိုကျေးဇူးတင်ရမယ်၊လုပ်ငန်းပြီးဆုံးတိုင်းမှာလဲ အစ်သေ့ဖါဟ်နဲ့ အဆုံးသတ် ရမယ်၊နိယာဒ်ကိုလဲ စ,လည်,ဆုံး စမ်းစစ်နေရမယ်၊အစ်ခလားစ် ရရှိဖို့ အအ်မလ် များများလုပ်ရမယ်။

ဒိုအာကတော့ ယာအလ္လာဟ်...လုပ်ရပ်တိုင်းမှာ အလ္လာဟ်အတွက် သီးသန့် လုပ်နိုင်တဲ့ စွမ်းအားကိုပေးသနားတော်မူပါလို့ ဒိုအာလုပ်ရမှာဖြစ်ပါတယ်။

( ၆ ) သဖရီးကေ့ ၀ါက်တ် ( အလ္လာလမ်းထွက်ခြင်း )

ရည်ရွယ်ချက်။ ။ မိမိရဲ့ ဂျန်(အသက်)မားလ်(ဥစ္စာပစ္စည်း)၀ါသ်(အချိန်)တို့ကို သက်တမ်းမှာ မှန်ကန်စွာသုံးစွဲတဲ့ နည်းစနစ်ကို အလ္လာဟ်လမ်းတော်မှာ ထွက်ပြီးတော့သင်ယူရမှာဖြစ်ပါတယ်။

အကျိုးကျေးဇူး။ ။အကြင်သူဟာ အလ္လာဟ်အရှင်မြတ်ရဲ့လမ်းတော်မှာ တစ်မနက်၊တစ်ညနေ အချိန်ပေးလိုက်ခြင်းဟာ ဒွန္နယာလောကနဲ့  ဒွန္နယာလောကတစ်ခုလုံးအတွင်းမှာ ရှိတဲ့ အရာအားလုံးထက် သာပိုမွန်မြတ်ပါတယ်။

ရယူနည်း။ ။ ဒါဝသ်ကတော့ အလ္လာဟ်လမ်းထွက်ခြင်းရဲ့အကျိုးကျေးဇူးတွေကို တင်ပြပြီးတော့ အခြားသူများ ကို ဒါဝသ်ပေးဖိတ်ခေါ်ရမယ်။

မရှ်ကတော့ မိမိကိုယ်တိုင်လဲ အလ္လာဟ်လမ်းထွက်ရမယ်၊အခြားသူများကိုလဲ အလ္လာဟ်လမ်းထွက်ဖို့  ဖိတ်ခေါ်ရမယ်။နှစ်စဉ် သုံးကျစ်လ္လာ(လေးလ) အလ္လာဟ်လမ်းမှာ အချိန်ပေးရမယ်။အာလင်မ်များအနေနဲ့  အလ္လာဟ်လမ်းမှာ တစ်နှစ်(၁နှစ်) အချိန်ပေးရမယ်။မိမိမြို့ ရွာပြန်ရောက်တဲ့အချိန်မှာလဲ အအ်မလ်( ၅ )ရပ်မှာ အချိန်ပေးရမယ်။

အအ်မလ်( ၅ )ရပ်ကတော့ .....

( ၁ )နေ့ စဉ် ရိုဇာနားဖကေရ်

( ၂ )နေ့ စဉ် နှစ်နာရီခွဲ အချိန်ပေးရမယ်

( ၃ )နေ့ စဉ် ဗလီမှာသာလင်မ်တစ်ကြိမ်၊ အိမ်မှာ သာလင်မ်တစ်ကြိမ် ပါဝင်ရမယ်။

( ၄ ) အပတ်စဉ် ပထမဂရှ်၊ ဒုတိယဂရှ်တို့ မှာ ပါဝင်ရမယ်။

( ၅ )လစဉ် ၇၂ နာရီ(သုံးရက်) အလ္လာဟ်လမ်းထွက်ရမယ်။

ဒိုအာကတော့ ယာအလ္လာဟ်... မိမိရဲ့ ဂျန်(အသက်)မားလ်(ဥစ္စာပစ္စည်း)၀ါသ်(အချိန်)တို့ကို အလ္လာဟ်လမ်းမှာအသုံးချခွင့်ကို ချီးမြှင့်တော်မူပါလို့ ဒိုအာလုပ်ရမယ်။



ဒီအရည်အချင်းများကို မိမိဘ၀ သက်တမ်း မှာလက်တွေ့ လိုက်နာသင်ယူ ကျင့်သုံးသွားရမှာဖြစ်ပါတယ်။

ဒီအပေါ်မှာ ရေးသားသူနှင့်ဖတ်ရှုသူအားလုံးကို လက်တွေ အအ်မလ်လုပ်နိုင်တဲ့သောင်ဖီးက်ကိုအလ္လာဟ်ရှင်မြတ် ချီုးမြှင့်တော် မူပါစေ။ (အာမီန်း) 









မှ chitkoko
 
 
 

If you like this please Link Back to this article...

No comments:

Post a Comment

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...

ရေခဲ့သမျှ လစဉ်