Sunday, January 08, 2012

အိမ်သာနှင့်ပတ်သက်သည့် စည်းကမ်းချက်များ

ကျင်ကြီးကျင်ငယ် စွန့်ချိန်တွင် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။



၁ . အိမ်သာသို့ ဘယ်ခြေဖြင့် ၀င်ရမည်။ ထွက်လျှင် ညာခြေဖြင့်ထွက်ရမည်။



၂ . ကျင်ကြီး၊ ကျင်ငယ်စွန့်ချိန်တွင် ကေဗလာဟ် ဘက်သို့ မျက်နှာမူခြင်း၊

ကျောပေးခြင်း မပြုလုပ်ရ။



၃ . ဘယ်လက်ဖြင့် အစ်သင်ဂျာဟ်ပြုလုပ်ရမည်။



၎ . အိမ်သာတွင်းသို့ ခေါင်းဆောင်း၍ ဖိနပ်စီးပြီး ၀င်ရမည်။



၅ . ကလေမာဟ် (သို့မဟုတ်) အာယသ်တစ်ခုခု (သို့မဟုတ်) အလ္လာ့ဟ် နှင့် ရစူလ်၏

နာမတော်များ ရေးထားသည့် လက်စွတ်ကို ၀တ်၍ အိမ်သာထဲသို့မ၀င်ရ။



၆ . အိမ်သာအတွင်းဝင်နေစဉ် အရေးမကြီးဘဲ စကားမပြောရ။ အိမ်သာတွင်းမှ

စလာမ်ပေးခြင်း၊ စလာမ်ယူခြင်း မပြုလုပ်ရ။



၇ . အကြောင်းမဲ့ ချောင်းမဟန့်ရ။ အကြောင်းမဲ့ (သို့မဟုတ်) ဝေဒနာမခံစားရဘဲ

မတ်တတ်ရပ်၍ သော်လည်းကောင်း၊ အိပ်၍သော်လည်းကောင်း ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။



၈ . ၀တ်လစ်စလစ်အနေအထားဖြင့် ကျင်ငယ် မစွန့်ရ။



၉ . အိမ်သာတက်ချိန်တွင် နှုတ်လျှာ ဖြင့် “အလ်ဟမ်ဒုလိလ္လာဟ်” မဆိုရ။



၁၀.

ကျင်ငယ်စွန့်စဉ် ကိုယ်ခန္ဓာနှင့် အ၀တ်အစားတို့တွင် ကျင်ငယ်စက်များ

မစွန်းစေရန် သတိပြုရမည်။






  တမန်တော်မြတ် (PBUH) အမိန့်တော်ရှိတော်မူသည်။သေးစက်များမှ မရှောင်ကြဉ်ခြင်းကြောင့် ကဗရ်အဇားဗ် ခံရမည်။ 



ကန်ဇွလ်မစာအိလ် 1 မှ ကူးယူသည်













မှ

If you like this please Link Back to this article...

No comments:

Post a Comment

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...

ရေခဲ့သမျှ လစဉ်