Sunday, January 08, 2012

တမန်တော်မြတ်(ဆွ)၏ မှာကြားချက်

ဆွဟာဗာသာဝကကြီး အစ်ရ်ဗာဒ်အီဗ်နေ့စာရိယဟ်(ရသွေ့)

ထံမှ တစ်ဆင့်ကြားသိရ၏။ ထိုသာဝကကြီးက ပြောပြသည်မှာ . . . .

တမန်တော်မြတ်(ဆွ) သည် တစ်နေ့သောအခါ ကျွန်ုပ် တို့အား ရှေ့ဆောင်၍ ဆွလာသ် ၀တ်ပြုတော်မူ၏။

ထို့နောက်တမန်တော်မြတ်(ဆွ) သည် ကျွန်ုပ်တို့ဘက်မျက်နှာမူ၍ ကျွန်ုပ်တို့အား

လေးနက်ထိမိသော တရားကိုဟောကြားတော်မူခဲ့၏ ။ ထိုတရားကို နာ၍ ကျွန်ုပ်တို့၏

မျက်စိများမှ မျက်ရည်များ ယိုစီးလာခဲ့သည်။ စိတ်နှလုံးများလည်း

တုန်လှုပ်သွားခဲ့သည်။ ထိုအခါပုဂ္ဂိုလ်တစ်ဦးက တမန်တော်မြတ်၊ ဤတရားသည်

ခွဲခွာသူတစ်ဦး၏ နောက်ဆုံးတရားနှင့် တူပါသည်။ သို့ဖြစ်ပေရာ

တမန်တော်မြတ်သည် ကျွန်တော်မျိုးတို့အား (၀ဆွီယသ်) မှာတမ်းစကား

မိန့်ကြားတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်(ဆွ) က . . . .



ကျွန်ုပ်သည် အသင်တို့အား မှာကြားခဲ့မည်။ အသင်တို့သည် အလ္လာ့ဟ်အရှင်မြတ်အား

ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်။ တရားစကား နားထောင်ကြကုန်။ အမိန့်ကို

နာခံကြကုန်၊ အမိန့်ပေးသူသည် ဟဗရှီနီဂရိုးကျေးကျွန်ပင်ဖြစ်လင့်ကစား

၎င်းအမိန့်ကို နာခံကြကုန်။ ကျွန်ုပ် မရှိသည့် နောက် အသင်တို့အနက်

အသက်ရှင်နေသူသများသည် များစွာသော ကွဲပြားမှုကို တွေ့မြင်ကြရပေမည်။ ထိုအခါ

အသင်တို့၏ တာဝန်မှာ ကျွန်ုပ်၏ စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ရထားသော

ဖြောင့်မှတ်မှန်ကန်သော ခလီဖဟ် သမ္မတ များ၏ လမ်းစဉ်ကို

ကျင့်သုံးရန်ပင်ဖြစ်သည်။ အသင်တို့သည် ထိုလမ်းစဉ်ကို ယုံကြည်အားထားကြကုန်၊

ထိုလမ်းစဉ်ကို သွားများဖြင့် ကိုက်ထားကြကုန်၊

သာသနာရေးတွင်ထွင်သောစကား(စကားသစ်စကားဆန်းများကို) ဝေးစွာရှောင်ကြဉ်ကြကုန်။

အဘယ့်ကြောင့်ဆိုသော် ထွင်သော အရာများအားလုံးသည် ဗစ်ဒ်အသ် ဖြစ်သည်။

ဗစ်ဒ်အသ်မှန်သမျှသည် လမ်းမှားချည်းသာဖြစ်သည်
. . ဟု မိန့်တော်မူခဲ့သည်။



ဤသြ၀ါဒတော်ကို အဟ်မဒ်၊ အဗူဒါဝူးဒ်၊ တရ်မေဇီ၊ အိဗ်နေ့မာဂျဟ်တို့က တစ်ဆင့်ဟောကြားခဲ့သည်။

သို့ရာတွင် ဤကျမ်းချက်တွေင် သိရ်မိဇီနှင့် အိဗ်နေ့ မာဂျဟ် က ဆွလာသ်

အကြောင်းထည့်သွင်းမဖော်ပြခဲ့ပေ။



=======================================================================

ကုရ်အာန်ပြီးလျှင်ဟဒီးစ် အဘယ့်ကြောင့် အရေးပါသနည်းစာအုပ်မှ ကူးယူသည်။
 









မှ

 

If you like this please Link Back to this article...

No comments:

Post a Comment

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...

ရေခဲ့သမျှ လစဉ်