Saturday, May 21, 2011

ရေသုံး၍မရသောအခါတယမ်မွမ် ပြုလုပ်ရန်သိကောင်းစရာများ

                   ရေသုံး၍မရသောအခါတယမ်မွမ် ပြုလုပ်ရန်သိကောင်းစရာများ
                                                                   
       အစ္စလာမ်ဘာသာတွင် တာဟာရောတ် ပါက်ဆာဖ် သန့်ရှင်းစင်ကြယ်စွာနေထိုင် အလွန်အရေးကြီးသည်။သို့ဖြင့်ရေများသုံးစွဲရသည်။
ရေသုံးမရသောအခါ တယမ်မွမ်ပြုလုပ်ရန် ကျမ်းမြတ်ကွရ်အန်တွင် အောက်ပါအတိုင်းညွှန်ကြားလေသည်။

          အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အသင်တို့သည် "ဆွလာတ်" ၀တ်ပြုရန် ထကြသောအခါ မိမိတို့၏ မျက်နှာများကို
လည်းကောင်း၊ လက်များကို တံတောင်ဆစ်ပါလည်းကောင်း၊ ဆေးကြောကြလေကုန်။ ထိုနည်းတူစွာ အသင်တို့၏ ဦးခေါင်းများကို
ပွတ်သပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ ခြေများကိုလည်း ခြေမျက်စိများပါ (ဆေးကြောကြလေကုန်)။ သို့ရာတွင်
အကယ်၍အသင်တို့သည် ‘"ဂျနုဗ်"ခန္ဓာကိုယ်မသန့်သော သူများဖြစ်၍ (ရေသုံးသပ်ရန် ထိုက်နေကြပါလျှင် တစ်ကိုယ်လုံးကို) သန့်စင်
အောင် ပြုကြလေကုန်။၎င်းပြင် အကယ်၍ အသင်တို့သည် ဝေဒနာရှင်များ ဖြစ်နေကြသော်လည်းကောင်း၊ ခရီးသည်များဖြစ်နေကြ
သော်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက် တစ်စုံတစ်ယောက်သောသူသည် ကျင်ကြီး ကျင်ငယ်စွန့်ရာမှ ပြန်ခဲ့သည်ရှိ
သော်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် (မိမိတို့၏)ဇနီးမိန်းမများနှင့် မေထုန်သံဝါသ ပြုခဲ့ကြသည်ရှိသော်လည်းကောင်း၊ ပြီးနောက် အသင်တို့သည် ရေကိုမရရှိခဲ့ကြပါလျှင်စင်ကြယ်သန့်ပြန့်သော မြေကြီးဖြင့် "သယမ်မွန်မ် "ပြုကြလေကုန်။ ထို(ကဲ့သို့ "သယမ်မွန်မ် "ပြုသော)အခါ အသင်တို့သည်(လက်ဝါးနှစ်ဖက်ဖြင့် မြေကြီးကိုရိုက်ပုတ်၍) မိမိတို့၏ မျက်နှာနှင့် လက်များကို ထိုမြေကြီး
ဖြင့်ပွတ်သပ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ အပေါ်၌ ကျဉ်းကြပ်မှုကို ပြုလုပ်ရန်ရည်ရွယ်တော် မူသည်မဟုတ်။ သို့ရာတွင် ထိုအရှင်မြတ်သည်အသင်တို့အား သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရန် နှင့် မိမိကျေးဇူးတော်ကို အသင်တို့အဖို့ အပြည့် အစုံပေးသနားတော်မူရန်သာ ရည်စူးတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် ကျေးဇူတော် ကိုသိတတ်သူများ ဖြစ်တန်ကြရာ
လေသတည်း။(ကွရ်အန်- ၅း ၆ )


တယမ်မွမ်အကြောင်း
တယမ်မွမ်၏  အနက်အဓိပ္ပာယ်မှာ ရည်ရွယ်ခြင်းနှင့်  အဓိဋ္ဌာန်ပြုခြင်းဖြစ်၏ ။  တယမ်မွမ်သည် အရေးပေါ်သောအခါ ဝဇူနှင့်ရေချိုးခြင်း၏ အစားဖြစ်သွားလေသည်။ ထို့ပြင် ဤထူးခြားချက်မှာ အွမ်မသေ့မုဟမ္မဒီယာများအဖို့သာ ဖြစ်လေသည်။
          ဟဇရသ်ဟု ဇိုင်ဖွာသခင်က ကိုယ်တော်မြတ် (စလ္လမ်) ၏သြဝါဒတော်တစ်ရပ်ကို ဆင့်ပြန်တော်မူခဲ့သည်။ ကိုယ်တော်က
ကျွန်ုပ်တို့အား ရှေးယခင် အွမ်မသ်သားတို့ထက် ထူးမြတ်ချက်သုံးရပ် ပေးသနားတော်မူပေသည်။ ယင်းထူးမြတ်ချက်မှ တစ်ရပ်ကား ရေ မရရှိသောအခါဝယ် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် မြေကောင်းမြေသန့်ကို ရေအစား ပြုပေးတော်မူ၏ ။ (မွတ်စလင်မ်)
အဓိပ္ပာယ်။      ။ မြေကောင်းမြေသန့်သည် မွတ်စလင်မ်အား သန့်ပြန့်စေသည်။ အကယ်၍ ဆယ်နှစ်တိုင်တိုင် ရေမရရှိခဲ့မူ ရေရရှိလာသောအခါ ရေဖြင့်ခန္ဓာကို ဆေးကြောပစ်ရပေမည်။ (အဗူဒါဝုဒ်) (သိရ်မေဇီ) (အဟ်မဒ်)
         သဘောမှာ ယေဘုယျအားဖြင့် မဖြစ်နိုင် အကြံနိုင်သော အရာကိုပင် ပမာထား၍ အကယ်၍ လူတစ်ဦးအား ဆယ်နှစ်တာ ကာလထက်ကျော်လွန်၍ ယုတ်စွအဆုံး သေဆုံးကွယ်လွန်သည် အထိတိုင် ရေသုံးစွဲနိုင်စွမ်း မရှိခဲ့သော် တယမ်မွမ်ပြု၍ နမာဇ်ဖတ်နေ
ရပေမည် ။
          ဆယ်နှစ်၏ အတိုင်းအတာကို သုံးစွဲထားခြင်းဖြင့် တယမ်မွမ်၏ လေးနက်ပုံနှင့် ထူးမြတ်ပုံကို သဘောပေါက် နားလည်းစေရန် ရည်စူးထားခြင်း ဖြစ်ပေသည် ။
တယမ်မွမ်၏ စည်းကမ်းချက်များ
          တယမ်မွမ် အထမြောက်ရန်အတွက် အောက်ပါ စည်းကမ်းချက်များ ပါရှိရန် အရေးကြီးပေ၏ ။
          (၁) မွတ်စလင်မ်ဖြစ်ခြင်း ။
          (၂) အပျိုဘော်ဝင်ခြင်း ။
          (၃) ဦးနှောက် အသိရှိခြင်း ။
          (၄) ဝဇူမဲ့ခြင်း သို့မဟုတ် ရေချိုးရန် တာဝန်ရှိခြင်း ။
          (၅) တယမ်မွမ် ပြုနိုင်သောအရာများကို သုံးစွဲနိုင်ခြင်း ။
          (၆) တယမ်မွမ် ပြုခဲ့သော နမာဇ်၏အချိန် ကျရောက်ခြင်း။
          (၇) ရည်စူးသော နမာဇ်၏ နောက်ဆုံးအချိန်ကျရောက်ခြင်း ။(၄င်းကို မဖတ်ခဲ့လျှင် ကဇွာ ဖြစ်ရန်ရှိခြင်း စသည်များ           ဖြစ်လေသည် ။)
တယမ်မွမ်၏ ဖရပ်ဇ်အချက်များ
          (၁) နိယတ် ခေါ် အဓိဋ္ဌာန်ပြုခြင်း ။
          (၂) လက်ဖဝါးနှစ်ဘက်ကို သန့်ပြန့်သော မြေပေါ်ရိုက်ပြီး မျက်နှာအနှံ့အပြား ပွတ်သပ်ခြင်း ။
          (၃) ဒုတိယအကြိမ် လက်ကို မြေနှင့်ရိုက်ပြီး လက်ကိုတံတောင်ဆစ် အပါအဝင် ပွတ်သပ်ခြင်း ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁)
          လက် မြေရိုက်ပြီး လက်နှင့် မျက်နှာများ ပေမသွားစေရန် လက်နှစ်တက်ကို အနည်းငယ် ရိုက်၍ ခါပစ်ရပေမည် ။ (ဟေဒါယဟ်)

မတ်စ်အလဟ် ရှင်းလင်းချက် (၂)
          နိယတ်ပြုခြင်း၏ သဘောမှာ တယမ်မွမ်ပြုရန် အချိန်၌ ကျွန်ုပ်သည် သန့်ပြန်ရန်သော်လည်းကောင်း၊ နမာဇ် ဖတ်ရန်သော်လည်းကောင်း ၊ ရည်စူးပါ၏ဟု စိတ်တွင်း၌ ရည်စူးခြင်းဖြင့် နိယတ်ပြီး၏ ။ ဝဇူ၏ တယမ်မွမ်၊ ဂိုစွလ်(ရေချိုးခြင်း)၏ တယမ်မွမ် စသည်ကို ထုတ်ဖော်ရန် အရေးမကြီးပေ ။
(ဟေဒါယဟ်)
တယမ်မွမ်ပြုရန်နည်း
          တယမ်မွမ် မပြုလုပ်မီ အလျင်ဦးစွာ စိတ်အတွင်း၌ သန့်ပြန့်မှုရှိရန်သော်လည်းကောင်း ၊နမာဇ်ဆောက်တည်ရန်သော်လည်း
ကောင်း ၊သယမ်မွမ် ပြုအပ်ပါသည်ဟု ရည်စူးရပေမည်။ ထို့နောက်လက်ဖဝါးနှစ်ဘက်ကို မြေကောင်း မြေသန့်ပေါ်၌ ရိုက်၍ လက်ဖဝါးနှစ်
ဘက်ကို ခါ၍ မျက်နှာပေါ်သို့ ပွတ်သပ်ပါ ။ ထို့နောက် ဒုတိယအကြိမ် ထိုနည်းအတိုင်း လက်ကို မြေတွင်ရိုက်၍ ဥိးစွာ လက်ယာလက်ဖြင့် လက်ဝဲလက်ကို တံတောင်ဆစ် အပါအဝင် ပွတ်သပ်ပေးရမည်။ ပွတ်သပ်ရာတွင် နေရာလပ် မကျန်စေဘဲ အနှံ့အပြားရောက်စေရမည်။ အကယ်၍ ဆံချည်ပင်မျှ တစ်နေရာရာ၌ ကျန်လပ်ခဲ့မူ တယမ်မွမ် ထမြောက်မည် မဟုတ်ပေ။ (ဒွရ်ရေမွခ်သာရ်)
တယမ်မွမ်ပြုပိုင်ခွင့်ရှိသော အရာများ
အောက်ပါအရားအားလုံးဖြင့် တယ်မ်မွမ် ပြုပိုင်ခွင့်ရှိလေသည်။
(၁)မြေကောင်းမြေသန့်
(၂)သဲမြေ ။
(၃)ဆီပေမထားသော မြေအိုးမြေခွက် ။
(၄)အုတ်စိမ်းအုတ်ကျက် ။
(၅)ကျောက်နံရံအကာနှင့် ထုံးနံရံအကာ ။
(၆)မြေနီမြေဝါ ။
(၇)ဖုန်မှုန့် ။
(၈)စွရ်မာမှုန့် ။
(၉)မြေစေးစသည်များ (မုနိယာ)
တယမ်မွမ်ပြုခွင့်မရှိသော အရာများ
          အောက်ဖော်ပြပါအရာများအပေါ်၌ သယမ်မွမ်ပြုခွင့်မရှိပေ ။
          ၁ ။ သစ် ၊ ၂ ။ သံ ၊ ၃ ။ ရွှေ ၊ ၄ ။ငွေ ၊ ၅ ။ကြေးနီ ၊၆ ။ကြေးဝါ၊ ၇ ။စတီး၊ ၈ဲ ။မှန်၊ ၉။ ခဲမဖြူ ၊ ၁၀။ သံဂျွတ်၊၁၁ ။ဂျုံစေ့ ၊ ၁၂။ ဂျုံမှုန့်နှင့် သီးနှံမျိုးစုံ၊ ၁၃။ အဝတ်အစား ၊ ၁၄။ပြာမှုန့် စသည်အရာများ ။
တယမ်မွမ်၏ ဥပဒေတစ်ရပ်
          တယမ်မွမ်နှင့် စပ်လျဉ်း၍ ဥပဒေတစ်ရပ် မှတ်သားထားရမည်မှာ မီး၌ပျော်သော အရာ များနှင့် လောင်ကျွမ်းသော အရာမှန်သမျှ အပေါ်တွင် သယမ်မွမ် ပြုခွင့် မရှိချေ ။
          သို့ဖြစ်လေရာ ၄င်းအရာ များပေါ်တွင် လက်ရာထင်နိုင်သော ဖုန်မှုန့်များ ရှိနေပါမူ ထိုအခါ ၄င်းအရာများအပေါ်၌ တယမ်မွမ်ပြုခွင့် ရှိလေသည် ။ (မုနိယာ)
တယမ်မွမ် ပျက်စေသောအရာများ
          အကြင်အခါ ရေသုံးစွဲမှု ရှိခဲ့ပါနိုင်ခြင်း ထိုအခါ တယမ်မွမ်ပျက်သွားပေလိမ့်မည် ။ ၄င်းအပြင် ဝဇူပျက်စေသော အကြောင်းများသည် တယမ်မွမ်ကိုလည်း ပျက်ပြားစေ၏ ။
တယမ်မွမ်၏ အချို့အရေးကြီးသော မတ်စ်အလဟ်များ
မတ်စ်အလဟ် ရှင်းလင်းချက် (၁)
          အကယ်၍ ဝဇူပြုရန်နှင့် ရေချိုးရန်အတွက် ရေမရရှိမှု သို့မဟုတ် ရေသုံးစွဲနိုင်စွမ်း မရှိမှု သို့မဟုတ် ရေသုံးစွဲခြင်းဖြင့် ဖျားနာ
ရောဂါ ဖြစ်မည်ဟု စိုးရိမ်ရသော် ဤသို့သော မသက်သာမည့် အကြောင်းများဖြင့် တယမ်မွမ် ပြုခွင့်ရှိ၏ ။ (ဟေဒါယဟ်) ၄င်း၏သဘော
ကို ထပ်လောင်း မှတ်သားထားရန်မှာ တယမ်မွမ် ပြုပိုင်ရန်အတွက် အထူး စည်းကမ်းချက်မှာ ရေသုံးစွဲနိုင်မှု မရှိခြင်း ဖြစ်လေသည် ။
မတ်စ်အလဟ် ရှင်းလင်းချက် (၂)
          အကယ်၍ တစ်ဦးတစ်ယောက်အား ရောဂါဝေဒနာကြောင့် ရေစိမ်းဖြင့် ရေချိုးရန် ထိခိုက်စေမည်။ ရေနွေးဖြင့် ထိုခိုက်မှု မရှိဆိုသော် ထိုအခါ ရေနွေးဖြင့် ရေချိုးရန်အရေးကြီး၏ ။ အကယ်၍ရေနွေး မရနိုင်သော နေရာဖြစ်နေပါမူ အခြေအနေ မပေးသော ကြောင့် တယမ်မွမ်ပြု၍ နမာဇ် ဖတ်ရပေမည် ။(ဟေဒါယဟ်)
မတ်စ်အလဟ် ရှင်းလင်းချက် (၃)
          အကယ်၍ လူတစ်ဦးသည် အလွန် ခိုက်ခိုက်တုန်အောင် ချမ်း၍ရေခဲလု အေးမြသောနေရာသို့ ရောက်နေ၏ ။ရေချိုးလျှင်အအေး
ဒဏ် ကြောင့် သေနိုင်ကြောင်း၊ သို့မဟုတ် ရောဂါတိုးနိုင်ကြောင်း၊ သို့မဟုတ် မိမိထံတွင် ရေချိုးပြီး ဘေးဥပါဒ် မဖြစ်ပေါ်စေရန်အတွက် ကာကွယ်ရန် အနွေးထည်သော် လည်းကောင်း၊ စောင်သော် လည်းကောင်း မရှိမှု ထိုအခါမျိုးတွင်လည်း တယမ်မွမ်ပြုခွင့်ရှိလေသည်။
(မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၄)
          ဝဇူနှင့် ရေချိုးခြင်းအတွက် တယမ်မွမ် တစ်ကြိမ်တည်းပင် လုံလောက်၍ သီးခြားစွာပြုလုပ်ရန် မလိုအပ်ပေ ။  (အလမ်ဂီရ်)                                        
မတ်စ်အလဟ် ရှင်းလင်းချက် (၅)
          အကယ်၍ တစ်ဦးတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ကျောက်ရောဂါကြီး သို့တည်းမဟုတ် အနာဖုကြီးများ ထွက်နေ ၍ ဝဇူ ပြုရန် ရေကိုင်၍ပင် မဝံ့လျှင် ထိုအခါ ရေကို အသုံးမပြုဘဲ တယမ်မွမ်ပြု၍ နမာဇ်ဖတ်နိုင်ပေသည် ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၆)
အလားတူ လူတစ်ဦးတစ်ယောက်သည် အဖျားကြီးနေ၏ ။ ဝဇူပြုခြင်းဖြင့် ရောဂါတိုးနိုင်မည်ကို စိုးရိမ်ရလျှင် တယမ်မွမ် ပြုပိုင်၏ ။ ထိုသို့ မဟုတ်ပါက မပိုင်ချေ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၇)
          မသက်သာသဖြင့် ရေအစား သယမ်မွမ်ပြုနိုင်ဘိသကဲ့သို့ အလားတူ ရေချိုးခြင်း အစား၌လည်း သယမ်မွမ် ပြုပိုင်၏ ။ အလားတူ ကိုယ်မသန့်သော အမျိုးသမီးသည် ကိုယ်သန့်ပြီးနောက် ရေချိုးနိုင်စွမ်း မရှိသေးလျှင် ၄င်းသည်လည်း သယမ်မွမ် ပြုပိုင်၏ ။(မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၈)
          ဝဇူနှင့် ရေချိုးခြင်း၏ တယမ်မွမ်မှာ တစ်မျိုးတည်းသာ ဖြစ်၏ ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၉)
          တစ်ဦးတစ်ယောက်သည် နမာဇ်တစ်ကြိမ်အတွက် တယမ်မွမ် ပြုလုပ်ခဲ့၏ ။ ထိုတယမ်မွမ် မပျက်သရွေ့ နမာဇ်အကြိမ်ပေါင်းများစွာ
ကို ဖတ်ပိုင်၏ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၀)
          အကယ်၍ တယမ်မွမ် ပြုသောအခါတွင် လက်စွပ်ဝတ်ထားမူ ၊၄င်းကို ချွတ်ထားခြင်း သို့မဟုတ် လှည့်ကစားပေးရန် အရေးကြီး၏ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၁)
          ခရီးသွားနေစဉ် မိမိထံတွင် သောက်သုံးရန် ရေအနည်းငယ်သာ ရှိ၏ ။ရှေ့ခရီးတွင် ရေရနိုင်ရန် မျှော်လင့်ချက်မရှိဆိုသော် ထိုအခါ ၄င်းရေဖြင့် ဝဇူ မလုပ်ရပေ ၊တယမ်မွမ်ပြု၍သာ နမာဇ်ကို ဖတ်လိုက်ရပေမည် ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၂)
          တစ်ဦးတစ်ယောက်တွင် ခန္ဓာကိုယ်နှင့် အဝတ်အစားများမသန့်ဖြစ်နေ၏ ။ ထို့ပြင် ဝဇူပြုရန်လည်း လိုအပ်နေ၏ ။ရေက လည်းအနည်းငယ်သာ ရှိ၏ ။ ထိုအခြေအနေတွင်ခန္ဓာကိုယ်နှင့် အဝတ်အစားကိုသာ ဆေးကြောလိုက်ရမည် ၊ထို့နောက် ဝဇူအစား တယမ်မွမ် ပြုလိုက်ရပေမည် ။(ဗဟဲရှ်သီးဇေဝရ်)
မတ်စ်အလဟ် ရှင်းလင်းချက် (၁၃)
         တစ်ဦးတစ်ယောက်သည် ကုရ်အာန် ကျမ်းမြတ်ကို ဖတ်ရန်သော်လည်းကောင်း ၊မ, ယူရန်သော်လည်းကောင်း တယမ်မွမ် ပြုခဲ့၏ ထိုတယမ်မွမ်နှင့် နမာဇ်ဖတ်ခွင့် မရှိချေ ထို့ပြင် တယမ်မွမ်သည် ရေရှိနေပါလျှင် အထ မမြောက်ပေ ၊နမာဇ် ဝတ်ပြုရန်အတွက် ပြုအပ်သော
သယမ်မွမ်ဖြင့်မူ ကုရန်အာန်ကိုလည်း ကိုင်တွယ်နိုင်၏ ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၁၄)
          မီးရထားအတွင်းရှိ ထိုင်ခုံများတွင် တင်လျက်ရှိနေသော ဖုန်များ ၊ရွှံ့ခဲများသည် သန့်၏ ။ သံသယ ရှိစရာမလို ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၅)
          ရထားအတွင်း၌ ခရီးသည်များ ဖိနပ်စီး၍ သွားလာကြသော နေရာ၏ မြေမှုန်သည် မသန့်ဖြစ်၏ ၊ထို့ကြောင့် ၄င်းဖြင့်တယမ် မွမ် မပိုင်ချေ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၆)
          တစ်ဦးတစ်ယောက်သည် နံနက်အိပ်ရာမှ နေထွက်လှနီးချိန်၌နီးခဲ့၏ ။၎င်းသည် ရေချိုးရန်လည်း တာဝန်ရှိနေ၏ ။ထိုအခါ ဦးစွာ ရေချိုးရမည် ။ထို့နောက်တွင် နမာဇ် ဖတ်ရပေမည် ။နမာဇ် ကဇွာ ဖြစ်မည်ကို စိုးရိမ်၍ တယမ်မွမ်ပြုလုပ် ပြုခွင့်မရှိ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၇)
          ပရ်ဒါ အပြည့်အဝရှိသော အမျိုးသမီးတစ်ဦးသည် ရေရ ယူရန် နည်းလမ်း မမြင်သောနေရာသို့ ရောက်နေ၏ ။ထို့ပြင် နောက် နမာဇ် အချိန်လည်း စေ့လုနီး ဖြစ်သွား၏ ။ထိုအခါ လတ်တလော ချက်ချင်း တယမ်မွမ်ပြု၍ ဖတ်လိုက်ရမည် ။ကဇွာ မပြု လိုက်ရ။ ထို့နောက်တွင် ၄င်းနမာဇ်ကို ထပ်မံ ဖတ်လိုက်ရပေမည် ။(ဖသဝါဒါရွလ်အုလွမ် အတွဲ၁၊ စာမျက်နှာ - ၂၂၃)
မှတ်ချက်။     ။ဟဇရသ် မော်လာနာ ကာရီ ရှရီဖ် ပါကစ္စတန်၏ သအ်လီမွန် နိဆာအ်၊ မြန်မာပြန် မော်လာနာ အဗ်ဒွရ် ကာဒရ်(မှော်ဘီ)
                  စာမျက်နှာ ၁၀၃ မှ ၁၀၆ မှ ကိုးကားတင်ပြထားခြင်းဖြစ်ပါသည်။
-------------------------------------------------------------------------------------------------------
အမှားတစ်တစ်ရာတွေ့ရှိပါက    kotinmaung2010@gmail.com  သို့မဟုတ်     comment 
ဖြင့် အကြောင်းကြားပေးပါရန်ပေးပါရန်လေးစားမေတ္တာရပ်ခံပါသည်။
------------------------------------------------------------------------------------------------------------
အထူးမေတ္တာရပ်ခံချက်။       ။အခြားဝပ်ဆိုဒ်တွင် ဤအကြောင်းအရာကို ကြိုတင် အကြောင်းမကြားဘဲလုံ့ဝမတင်ပါရန်၊
                                     ထိုကဲ့သို့တင်ခြင်းဖြင့် ၎င်းဝပ်ဆိုဒ်တွင် အငြင်းခုံ စောဒက အမျိုးမျိုးတက်နိုင်ပါသည်။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Monday, May 16, 2011

စလဖီဆိုတာဘာလဲ???

၂၀၀၃-ခုနှစ်ခန့်လောက်ကလို့ ထင်ပါတယ်။
သတင်းတစ်ခုကြားလိုက်ရတယ်။ ကျနော်ရောက်နေတဲ့မြို့က ဟာဖီးဇ်ကျောင်းလေးမှာ ဆရာတစ်ပါးက သဂ်ျဝီးဒ်သင်ပေးမယ်တဲ့။ သင်တန်းလာတက်တဲ့သူတွေကို စာအုပ်တွေအလကားပေးတယ်။ တိပ်ခွေနဲ့ နားကျပ်ကတ်ဆတ်တွေလဲ အလကားပေးတယ်ဆိုပဲ။ အဲဒီတုန်းက mp3 တို့ 4 တို့က ခေတ်မစားသေးဘူးလေ။ နားကျပ်ကတ်ဆက်တောင် တန်ဖိုးသိပ်ကြီးတာဆိုလို့ နှစ်သောင်းလောက်ဆို ဂျပန်ထုတ် ဆိုနီအမျိုးအစားရတယ်။

ကျနော့်ကိုလဲ မိတ်ဆွေတွေက လာပြောကြတယ်ဗျာ။ သင်တန်းသွားတက်ဖို့ပေါ့။

ကျနော် မတက်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ကျနော်လဲ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကျောင်းကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ သိပ်မအားတာနဲ့ ဘာသာရေးအသိုင်းအ၀ိုင်းနဲ့လဲ အရင်လောက် အဆက်အသွယ် မလုပ်ဖြစ်ခဲ့ဘူးဗျ။

အဲ... ၂၀၀၇ လောက်ကျတော့ ထပ်ပြီး သတင်းတစ်ခု ကြီးလာပြန်တယ်။ ဒီအချိန် ကျနော် အလုပ်ထဲမှာပဲ လုံးဝ ရောက်နေပြီဗျ။ ဆော်ဒီပြန်ဆရာတစ်ယောက် (အပေါ်ကဆရာတော်)က သဂ်ျဝီးဒ်ပညာတွေကို နိုင်ငံအနှံ့ လှည့်လည်ပြီး သင်ပေးနေတယ်။ စာအုပ်တွေ အလကားပေးတယ်။ အခွေတွေ၊ စီဒီတွေပါ ပေးတယ်ပေါ့။ ကျနော်တို့ထက် အများကြီးစောတဲ့ စီနီယာကျတဲ့သူတွေတောင် အဲဒီသင်တန်းတွေသွားတက်ကြတယ်။ ဒီတစ်ခါ သတင်းကြီးလာတာက အရင်နဲ့မတူဘူး။ ပိုပြီး ကျယ်ပြန့်လာတယ်။ မြို့အတော်များများကိုလဲ ၀င်နေတာကိုး။

အဲဒီဆရာက မြို့တစ်မြို့ရောက်ရင် အဲဒီမြို့က အရေးပါတဲ့လူတွေကို အသင့်ပါလာတာတွေ လက်ဆောင်ပေး၊ ပြီးတော့ ဗလီ(သို့)နေရာတစ်ခုခုမှာ အာလင်မ်တွေကို စုရပ်လုပ်ပြီးခေါ်ခိုင်း၊ ရောက်လာတဲ့အာလင်မ်တွေကို ကိရာအသ်ဖတ်ခိုင်း၊ ဖတ်တဲ့အခါ အမှားတွေကို မရ/ရအောင် ထောက်ပြ။ ပြီးတော့ ခင်ဗျားတို့ ကုရ်အာန်ဖတ်တာ သဂ်ျဝီးဒ်နည်းလမ်းတွေ မှားနေကြတယ်။ သင်ဖို့အတွက် ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့။ ဒါကြောင့် သင်တန်းတစ်ခုလုပ်ဖို့ သူတို့လာတယ်ဆိုတဲ့အကြောင်း သင်တန်းကို အခု (...)ရက် သင်တန်းကာလအဖြစ် အခြေခံ သင်ပေးမယ်ဆိုတဲ့အကြောင်း၊ ပြီးရင် ဒလမြို့က သူ့ကျောင်းမှာ လာတက်မယ်ဆိုရင် စနဒ်(အောင်လက်မှတ်) ထုတ်ပေးမယ်ဆိုတဲ့အကြောင်းတွေ ပြောပြသွားတယ်။

ဒီမှာ ကျနော် တစ်ခု စဉ်းစားမိလာတယ်။ ဒီဆရာ တော်တော်ကို အလုပ်လုပ်တာပဲ။ လေးစားမိပါတယ်။ ချီးကျူးမိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေလဲ တော်တော်များများ သူ့ဆီမှာ သွားပြီး စာတွေဖတ်နေကြပြီ။ ဒါပေမဲ့ ဘာကြောင့် ဟိုးရှေးကတည်းက အခုမှ ဒီသဂ်ျဝီးဒ်ပညာဆိုတာ ဘာလို့ ခေတ်မစားခဲ့တာလဲ။ ဒီဆရာတော်ပြောသလို သိပ်ကို အရေးကြီးနေတယ်ဆိုရင် ဘာကြောင့်များ ရှေးခေတ် သူတော်စင် အာလင်မ်ကြီးတွေ လူထုကို အွမ္မသ်ကို မသင်ပေးခဲ့ကြတာလဲပေါ့။

ကျနော်လဲ ဒီပညာကို မတတ်ဘဲ ပြောနေတာတော့ မဟုတ်ဘူးဗျ။ ကြုံတုန်းပြောရအုံးမယ်။ ၁၉၉၃-ခုနှစ်လောက်မှာ အီဂျစ်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ International အဆင့် ကိရာအသ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မြန်မာပြည်ကနေ ပညာရှင်တွေကို ဖိတ်ခေါ်တုန်းက ကျနော့်ရဲ့ ဆရာအရင်းဖြစ်သူကို အရွေးခံခဲ့ရတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်ခဲ့ဘူး။ ဒီလိုဖိတ်ခေါ်ခံရတာ မြန်မာပြည်ရဲ့ ပထမဆုံးအကြိမ်ပဲလေ။ တစ်တိုင်းပြည်လုံးကနေ ရွေးချယ်ခံရတာ သုံးယောက်လောက်ပဲ ရှိတယ်။ အသံလဲ ဘာကောင်းသလဲ မမေးနဲ့။ သူများတွေလို ကာရီဆိုဿိုက်ဆ်ဆပ်အလိုက်မျိုးနဲ့ဖတ်တာမဟုတ်ဘူး။ ဘယ်သူ့ကိုမှလဲ အတုခိုးထားတဲ့သူမဟုတ်ဘူး။ သူအလိုက်၊ သူ့အသံ၊ သူ့မူနဲ့ဖတ်တာ။ ကျနော်က အဲဒီပုဂ္ဂိုလ်ရဲ့ တပည့်အရင်း။

နောက် မြန်မာပြည်မှာ သဂ်ျဝီးဒ်ပညာရပ်ရဲ့ဂုရုကြီးလို့ပြောလို့ရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ကျနော်တို့ကို အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်း သဂ်ျဝီးဒ်ကို လာသင်ပေးခဲ့တယ်။ အခုတော့ ကွယ်လွန်သွားရှာပါပြီ။ (အလ္လာဟ်အသျှင်မြတ် ထိုပုဂ္ဂိုလ်မြတ်ကြီးကို ဂျန္နသ်နစီးဒ် ပေးသနားတော်မူပါစေ။ သူ့ရဲ့ ကဗရ်ကို ကိယာမသ်တိုင် လင်းဝင်းမှုနဲ့ ထားရှိတော်မူပါစေ)။ အဲဒီပုဂ္ဂိုလ်ကြီးကို ရန်ကုန်မရ်ကဇ်က လူဟောင်းအများပိုင်း သိပါတယ်။ ကျနော်က သူ့ဆီမှာလဲ သဂ်ျဝီးဒ်ပညာကို သင်ယူခဲ့ပါတယ်။

ကြွားတာတော့မဟုတ်ပါဘူး။ ကျနော် ကျောင်းသားဘ၀က စာတွေဖတ်တယ်ဗျ။ ဆရာဆီမှာ စာဆိုပြလို့ မုန့်ဖိုးတွေ ရခဲ့တယ်။ ကိရာအသ်ပြိုင်ပွဲတွေမှာလဲ ဆုတွေ ရခဲ့ပါတယ်။ ကျောင်းအုပ်ဆရာကြီးဆိုရင်လဲ စာဖတ်ပြသူတွေ ဆယ်ဂဏန်းကြားထဲကနေ ကျနော်စာဖတ်တာကို သီးသန့် နားစွင့်ပြီး နားထောင်လေ့ရှိခဲ့တယ်ဗျာ။ ဒါကတော့ ကျနော့် ပညာအဆင့်အတန်းနဲ့ သင်ခဲ့ရတဲ့ ဆရာအချို့အကြောင်း ပြောပြတာပါ။ ဘာလို့လဲဆိုတော့ ကျနော် ဒီပညာကို မသင်ဘူး မတတ်ဘူးလို့ ပြောချင်ရာပြောတယ်ဖြစ်မှာစိုးလို့ပါ။ ဟုတ်ပြီ။ ကျနော် ဆက်ပြောပါမယ်။

အဲဒီလို သဂ်ျဝီးဒ်ခေတ်စားလာတာ ဘယ်လောက်တောင် ဖြစ်လာလဲဆိုတော့ သာမန်အာဝမ်လူတွေကလဲ ဒီသဂ်ျဝီးဒ်၊ အာလင်မ်တွေလဲ ဒီသဂ်ျဝီးဒ်နဲ့ တစ်ချို့ဆို ကြက်မောင်းတာတောင် “ရှူး”လို့ မမောင်းတော့ဘဲ “ရှူးခ်”ဆိုပြီး သဂ်ျဝီးဒ်နဲ့ မောင်းကြတယ်လို့တောင် ရီစရာ ပြောစမှတ်ပြုလာကြတယ်။ ကောင်းပါတယ်။ (မာရှာအောလ္လာဟ်)။ အရမ်းကောင်းပါတယ်။ ကုရ်အာန်ကို အလှဆင်လာကြတာပါ။

ဒါပေမဲ့ အလွန်ကို အရုတ်ဆိုး အကျည်းတန်လာတာကတော့ အခြေခံစာသင်ကျောင်း မက်သဗ်လေးတွေမှာ အာလင်မ်ကြီးတွေ သောကထား၊ ပူပန်ခဲ့ကြပြီး ကိုယ်တော်မြတ် صلى الله عليه وسلم ရဲ့ ဟဒီးဆ်မှာ လေးနက်စွာ မိန့်မှာခဲ့တဲ့ ဒီနီယာသ်ပညာတွေကိုတောင် ပစ်ပယ်လာကြတယ်ဗျာ။ ဘယ်လောက်ထိ ဆိုးရွားလာလဲဆိုရင် ကိုးတန်း၊ ဆယ်တန်းအရွယ် (၁၅၊ ၁၆) ကလေးတွေ စလာမ်ကို သဂ်ျဝီးဒ်နဲ့ပေးတတ်တယ်။ ဒါပေမဲ့ နမားဇ်နှစ်ရကအသ်ကို မဖတ်တတ်ဘူးဗျ။ ကျန်တာတွေ ပြောမနေနဲ့။ အရေးအကြီးဆုံးဆိုတဲ့ နမားဇ်ရဲ့ မဆ်အလာဟ်၊ မစာအိလ်တွေကို ဘာမှန်းတောင် မသိကြဘူး။ စိတ်မကောင်းဖြစ်မိတာ တကယ်အမှန်ပါ။

ကျနော်နဲ့ ရွယ်တူ စာသင်နေတဲ့ အာလင်မ်တစ်ယောက်ကို ဒီကိစ္စပြောဖူးတယ်။ ကုရ်အာန်ကို တစ်ခသမ်လုံး ဂျွမ်းပြန်အောင် ဖတ်တတ်တာနဲ့၊ ဒီနီယာသ်ပညာတွေနဲ့ ဘယ်ဟာပို အရေးကြီးလဲပေါ့။ ခသမ်လေးငါးခါဖြစ်ထားတဲ့သူတွေ ဒီနီယာသ်ကို ကောင်းကောင်းမသင်ခဲ့လို့ မွရ်ဿတ်ဖြစ်သွားတာ မနည်းဘူးလို့ ပြောပြတော့ ကျနော်နဲ့ အကြီးအကျယ်ကို စကားများခဲ့ရဘူးသေးတယ်။

ပြန်စဉ်းစားကြည့်ပါ။ ကလေးတွေ state ကျောင်း (၁၀)တန်းအောင်လို့ တက္ကသိုလ်တွေ တက်နေကြတယ်။ တကယ်တော့ ဒီနီယာသ်ပညာဆိုတာ state ကျောင်းသားဘ၀မှာသာ သင်ဖို့ အချိန်များကြတယ်။ တက္ကသိုလ်ကျောင်းတွေတက်တော့ သိတဲ့အတိုင်းပဲ။ မိဘနဲ့စွန့်ခွါပြီးတော့ တစ်နယ်တစ်ကျေးမှာ အဆောင်နေပြီး တက်ရတယ်။ ဘာသာရေးနဲ့ ဝေးကွာကြတော့ ဖြစ်ချင်သလိုဖြစ်၊ နေချင်သလိုနေ၊ အများပိုင်းမှာ စည်းဆိုတာ မရှိကြဘူး။ အဲဒီမှာ ဆန့်ကျင်ဘက်လိင်တွေနဲ့ နီးစပ်ပြီး ဘာသာတရားဆိုတာ စည်းမခြားတော့ဘူး။ နောက်ဆုံး ဘာသာပျက်ဘ၀ကို နတ္ထိရောက်သွားကြတယ်။ တစ်ချို့လဲ ယူလိုက်ကြတယ်။ သူ့ဘာသာ ကိုယ့်ဘာသာဆိုပြီး အတူပေါင်းသင်း နေထိုင်သွားကြတယ်။

တက္ကသိုလ်ကျောင်းသားတွေအတွက် ဘာသာရေးစာပေသင်ယူဖို့ဆိုတာ အတော်အတန် မလွယ်ကူသလို၊ ကျောင်းပြီးပြန်တော့လဲ အလုပ်ကိုယ်စီနဲ့ဆိုတော့ ဘာသာရေးအခြေခံတွေကို ငယ်စဉ်က မသင်ယူခဲ့ရဘူးဆိုရင် ဘ၀အတွက် အရမ်းကို အန္တရာယ်ကြီးမားပါတယ်။ ဒါတွေရဲ့ အခြေခံ ရင်းမြစ်တွေကို လေ့လာမယ်ဆိုရင် သဘောပေါပါလိမ့်မယ်။ စာတွေလဲ သိပ်ရှည်ကုန်တော့မှာပါ။

ဒီလို သဂ်ျဝီးဒ်တွေ အားကောင်းနေတဲ့အချိန်မှာပဲ ဘာတွေဘယ်လို ဖြစ်ကုန်ကြတယ်တော့ မသိဘူး။ ကျနော် စာတစ်စောင် ဖတ်လိုက်ရတယ်။ အဲဒီစာကို ရေးတဲ့သူက အပေါ်မှာ တင်ပြခဲ့ ဆရာတော် ကာရီဟာရှင်မ်ဦးတင်မြင့်(ကာရီဆပ်)ပါ။ သူရေးသားထားတဲ့ အလိုသဘောအကျဉ်းကတော့ သူနဲ့ပတ်သက်ပြီး၊ သူ့ကျောင်းနဲ့ပတ်သက်ပြီး သာသနာရေးအမြင်အရ ဖသ်ဝါ ဓမ္မသတ် ထုတ်ပြန်ခဲ့တဲ့ အောက်မြန်မာနိုင်ငံရှိ သာသနာပိုင် ဆရာတော်ကြီးတွေက သူ့ကို တောင်းပန်ဖို့၊ လူသိရှင်ကြား သောင်ဝ်ဗဟ် အမှားဝန်ခံဖို့ဆိုတဲ့ အချက်တွေပါ။ သူရည်ညွှန်းတဲ့ ဆရာကြီးတွေထဲမှာ ကျနော် မှတ်မိသလောက်ပြောရရင် ဘာသာခြားတွေကတောင် သူတောင်စင် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ မောင်ဝ်လာနာ ဟေဒါယသွလ္လာဆပ်နဲ့ မွတ်ဖ်သီနူးရ်လို ပြည့်ဝ ထက်မြတ်တဲ့ပုဂ္ဂိုလ်တွေတောင် ပါဝင်နေပါတယ်။

ကျနော် ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်/စိတ် မအီမသာ ဖြစ်ခဲ့ရပါတယ်။ ဒါတွေကို ဘယ်လို ချေပရမှန်းလဲမသိဘူး။ ရေးသားထားပုံကလဲ အချက်အလက် သိပ်ကို စုံလင် စေ့ငှတယ်။ အဖြစ်မှန်ကိုလဲ ဂဃနဏ မသိဘူး။ ဘယ်သူမှန်/မှားတယ်ဆိုတာကိုလဲ မဝေခွဲတက်ခဲ့ဘူး။ ဒါကတော့ ကျနော့်ရဲ့ အားနည်းမှုပါ။

ရေးထားတဲ့ပုဂ္ဂိုလ်ဆိုတာလဲ နှယ်နှယ်ရရတော့မဟုတ်ဘူး။ ဟိုတုန်းက MC ပြီးရင် ဒုတိယနေရာလိုက်တယ်ဆိုတဲ့ တနည်းပြောရရင် ဒုတိယအတော်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေတက်ရတဲ့ RIT (သို့) YIT ကျောင်းဆင်း အင်ဂျင်နီယာလဲဖြစ်၊ အာလင်မ်လဲဖြစ်နေတယ်။ ဒါကြောင့် သာမန်ပုဂ္ဂိုလ်တွေတော့ မဆိုထားနဲ့ ခေတ်ပညာတက်တစ်ယောက်ထက် သူဟာ အာလင်မ်ဖြစ်နေတာကြောင့် ခေါင်းတစ်လုံး သာနေသလို၊ အာလင်မ်တွေထက်လဲ ဘွဲ့ရဆိုတဲ့ဂုဏ်ပုဒ်ကြောင့် ခေါင်းတစ်လုံး သာနေတယ်။ အာလင်မ်တော်တော်များများမှာကလဲ ခေတ်ပညာတက်ရင်ကို အထင်ကြီးတတ်တဲ့ ဉာဉ်လေးတွေ ရှိတာကိုး။ ဒီနှစ်ခုရဲ့ အားနည်း/အားသာချက်တွေကိုသိထားတဲ့ ဒီပုဂ္ဂိုလ်ကာရီဆပ်က သိထားတယ်လေ။

အဲဒီနောက် ဘာတွေဘယ်လို ဆက်ဖြစ်ကြတယ်တော့ မသိဘူး။ ကျနော်တို့ကလဲ နယ်ကကို။ ရန်ကုန်ကို အရောက်အပေါက် သိပ်နည်းတယ်လေ။ သဂ်ျဝီးဒ်တွေလဲ နဲနဲတော့ ငြိမ်သွားသလိုပဲလို့ သတိတော့ထားမိတယ်။ အရင်ကလောက် မဟုတ်တော့ဘူးဗျ။

နောက် သိပ်မကြာဘူး “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇာဗ်”ဆိုပြီး စာအုပ်တစ်အုပ် အလကား လိုက်ဝေတယ်ဗျ။ ကျနော်နေတဲ့ မြို့မှာလဲ ဒီစာအုပ်ကို အဲဒီရေးတဲ့ ကာရီဆပ်ကိုယ်တိုင် ကားသုံးစီးလောက်နဲ့ရောက်လာတယ်။ တစ်စီးကတော့ စာအုပ်တွေတင်လာတဲ့ ကားသေးလေး။ အဲဒီကားကနေ မြို့ပေါ်က သူနဲ့ပတ်သက်သမျှလူတွေဆီကို လက်ဆင့်ကမ်း ဝေငှသွားတယ်။ ဒီစာအုပ်ရတော့ ကျနော်နဲ့ ရွယ်တူအာလင်မ်လေးတွေက မက္ကာဟ်အိမာမ် ကာရီဆိုဒိုက်စ်နဲ့ ကာရီရှိုရိုင်းမ်တို့တောင် စလဖီလို့ ကြေငြာလိုက်ပြီ။ စလဖီဆိုတာကို ကမ္ဘာ့အကာဗီလ်ကြီးတွေကလဲ လက်ခံလိုက်ပြီ။ ဘာညာပေါ့ဗျာ။

ကျနော့်ကိုလဲ ဒီစာအုပ်လာပြတယ်။ ဒီဗွီဒီအခွေလဲ ကြည့်ရတယ်။ ဟာ ကျနော် သိသိချင်း စိတ်တွေ အရမ်းကို ခြောက်ခြားနေမိတယ်ဗျာ။ အလ္လာဟ် အလ္လာဟ် ဘာတွေ ဘယ်လိုများ ဖြစ်ကုန်ပြီလဲ။ ကျနော် အရမ်းစိုးရိမ်နေမိတယ်။ မြို့ပေါ်မှာလဲ စာအုပ်တွေက သိပ်ကိုပျံ့နှံ့နေပြီ။ ဘာပဲဖြစ်ဖြစ် ကျနော် အမှန်တရားဆိုတာကို ရှာဖွေနေတယ်။ သိချင်နေတယ်။ လိုချင်နေမိတယ်။ စာအုပ်ထဲဖတ်ကြည့်လိုက်တော့ ကြပ်သီးတွေတောင် ထလာမိတယ်။ စလဖီဆိုတာ မဇ်ဟဗ်တစ်ခုလိုပဲလို့တောင် ထင်နေမိတော့တယ်။ ဇရားကွက်နဲ့ကို စနစ်တကျ မဇ်ဟဗ်တွေရဲ့ ကွဲပြားမှုတွေမှာ စလဖီလဲ တစ်ခုပါနေတယ်။ နောက် ကျနော်တို့ရဲ့ ဆရာကြီး ဟာရှင်မ်ဘိုဒီးဆပ်ရဲ့ အသံ၊ မွတ်ဖ်သီဆပ်ရဲ့အသံ၊ ဟိဒါယသွလ္လာဟ်ဆပ်ရဲ့အသံတွေကိုလဲ ကြားရတယ်။ ကာရီဆပ်ရဲ့အသံကိုလဲ အဲဒီခွေထဲမှာ ကြားဖူးခဲ့တာပေါ့။ သူ့အသံက မာနသံတွေလိုလို၊ အဲဟ်လေ့ဟဒီးဆ်၊ ကာဿီယာနီတွေ မြန်မာနိုင်ငံက ဟဇရသ် အကာဗီလ်တွေကို ပြောနေတဲ့ လေသံတွေလိုလို၊ စလဖီဝါဒီတစ်ဦးက စလဖီဝါဒဖြန့်နေသလိုလို ဖြစ်နေတယ်။ ဒါပေမဲ့ သူက အခိုင်အမာနဲ့ စလဖီမဟုတ်ဘူး၊ ဟနဖီပါလို့တော့ ပြောနေတယ်။ ဘာနဲ့သွားတူသလဲဆိုရင် ကျီးကန်းက ကျီးကန်းတော့ဟုတ်တယ်။ ဒေါင်းတွေကို အားကျနေတဲ့လေသံမျိုးပေါ့။
ကျနော် ဒီကိစ္စကို ဘယ်သူနဲ့မှ အငြင်းအခုံမလုပ်တော့ဘူး။ နှုတ်ဆိတ်ပြီး နေလိုက်တယ်။ သူတို့ အောင်ပွဲခံနေကြတာကိုး။ စိတ်ထဲမှာတော့ သိနေတယ်။ ဒီစာအုပ်ဟာ သာသနာကို ဖျက်ဆီးဖို့ လက်နက်တစ်ခုပဲ။ ဒီစာအုပ်ကြောင့် အွမ္မသ်တစ်ခုလုံး ဗြောင်းဆန်သွားနိုင်တယ်။ မီးခိုးကြွက်ချောက် ဖြစ်ကုန်လိမ့်မယ်။ အမှန်တရားနဲ့ ဆန့်ကျင်နေတဲ့ စာအုပ်ဆိုတာကိုတော့ အလ္လာဟ့်အလိုတော်နဲ့ သေသေချာချာ သိနေတယ်။ အမှန်တကယ်ကိုပဲ ဆိုဒိုက်စ်က စလဖီလို့ ကြေငြာခဲ့ရင်လဲ သူမှားတယ်။ သူ့ဟာသူ ဘာကြီးပဲ ဖြစ်နေဖြစ်နေပေါ့။ နောက် အခွေထဲမှာလဲ ဆိုဒိုက်စ်တို့ရဲ့ ပါကစ္စတာန်ခရီးစဉ်ပုံစံက ခေါင်းစဉ်မဖော်ပြတတ်ပေမဲ့ ကြည့်ရတာ တစ်မျိုးကို ဖြစ်နေတယ်။ ဘ၀င်မကျမိဘူး။ ဒီအတွက် တစ်ခုခုကို မျှော်လင့်နေမိတယ်။ ပါကစ္စတန်မှာ ရှိနေတဲ့ သူငယ်ချင်းတွေဆီလဲ အဆက်မပြတ် ဆက်သွယ်ပြီး ဒီကိစ္စကို လေ့လာနေခဲ့တယ်။





(အလ်ဟမ်ဿးုလစ်လ္လား) ချီးမွှမ်းထောပနာမှုတွေဟာ အရှင်မြတ်အတွက်ဖြစ်ပါတယ်။ အရှင်မြတ်ရဲ့ နေအ်မသ် ဂရုဏာတော်ကြောင့် သိပ်မကြာဘူး။ ဒီစာအုပ်အတွက် အိုလမာအဖွဲ့ချုပ်က ဦးဆောင်ပြီး အာလင်မ်ခုနှစ်ဦးပါတဲ့ အောက်မှာ ဖော်ပြထားတဲ့ ကြေညာချက် တစ်စောင် ထွက်လာပါတော့တယ်။
---------------------------------------------------------------------------------------------------------------

အစ္စလာမ်ဘာသာဝင်အပေါင်းတို့အား အသိပေးကြေငြာချက်


အစ္စလာမ် ဘာသာဝင် အပေါင်းတို့ခင်ဗျား -

လွန်ခဲ့သော (၂)ပတ်ခန့်က “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ်” မည်သော စာအုပ်တစ်အုပ် ထွက်လာခဲ့ပါသည်။ ယင်းစာအုပ်တွင် အများမွတ်စ်လင်မ် ထင်ယောင်ထင်မှား ဖြစ်စေရန် အထောက်အထားများကို (ဖြတ်၊ ညှပ်၊ ကပ်) ပြုလုပ်ပြီး လိုရာဆွဲ၍ ပြန်ဆိုထားခြင်း၊ မူရင်းစာသားအချို့ကို ချန်လှပ်၍ ပြန်ဆိုထားခြင်း၊ မိမိဘက်မှ ဖြည့်စွက်ရေးသားခြင်း၊ မြန်မာပြည်ရှိ အာလင်မ်သာသနာ့ ပညာရှင်ကြီးများနှင့် အစ္စလာမ်ဘာသာဝင်များအား စော်ကားထားခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရပါသည်။

သာဓကအားဖြင့် ဖော်ပြရသော် -
  1. ၄င်းစာအုပ်တွင် ဂျာမေအဟ်ဒါရွလ်အုလူမ်ကရာချီပါကစ္စတန်ဖသ်ဝါဌာနမှ အိုလမာ အဖွဲ့ချုပ်သို့ ပေးပို့သောစာကို ဖော်ပြရာတွင် မူရင်းစာသားအချို့ကို ချန်ထားပြီး မိမိလိုရာကိုသာ ဖော်ပြထားခြင်း၊ ဥပမာ- မူရင်းစာ အောက်ဆုံးအပိုဒ်တွင် “အကယ်၍ မည်သည့် အုပ်စုမဆို ပညာရေးကို အကြောင်းပြပြီး သက္ကလီးဒ် မပြုကြရန် စွဲဆောင်နေလျှင် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ စာသင်ကျောင်းများတွင် ပညာဆည်းပူးခြင်းမှ တားမြစ်ရမည်။”ဟူသော မူရင်းစာသားကို ချန်ထားခဲ့ခြင်း။
  2. ၄င်းစာအုပ်ကို ရေးသားသူသည် မိမိကိုယ်မိမိ “ဟနဖီ မဇ်ဟဗ်”၀င် ဖြစ်သည်ဟု ရေးသား ဖော်ပြထားပါလျက် စလဖီ အယူဝါဒကိုသာ စာအုပ်တစ်အုပ်လုံးတွင် အားပေးဖော်ပြထားခြင်း။
  3. ၄င်းစာအုပ်တွင် "မြန်မာပြည်ရှိ အစ္စလာမ်သည်လည်း ကုရ်အာန်ကျမ်းတော်၊ စွန္နသ်တော်နှင့် ဆန့်ကျင်သော အစ္စလာမ် ဖြစ်နေရုံသာမက အကာဗိရ်များ၏ လမ်းစဉ်နှင့်လည်း ဆန့်ကျင်နေသည့် အစ္စလာမ်သာ ဖြစ်နေရပါတော့သည်" ဟု ရေးသားထားခြင်း။
  4. ၄င်းစာအုပ်တွင် "မိမိတို့မျက်လုံးကို အမှောင်ထဲ စုံမှိတ်ကာ ဆရာကြီးတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ မွတ်စ်လင်မ်လူထုကြီးကို ဒီအတိုင်းပဲ ဆက်လျှောက်နေလျှင် အလွန်နက်ရှိုင်းတဲ့ ချောက်ကြီးထဲသို့ ကျသွားမှာဖြစ်နေလို့"ဟု ရေးသားထားခြင်း။
  5. ၄င်းစာအုပ်တွင် "ဒီကနေ့အထိ ဆရာကြီးတွေရဲ့ မှားယွင်းချွတ်ချော်မှုတွေနဲ့အတူ လွှမ်းမိုးလျက်ရှိနေတာကို အမှန်တည့်ပေးမယ့် ဆရာသခင် (ကျွန်တော်မှအပ) တစ်ပါးမှ မပေါ်ပေါက်သေးပါ"ဟု ရေးသားထားခြင်း။
  6. ၄င်းစာအုပ်တွင် မှန်ကန်သော မဇ်ဟဗ် (၄)ခုနှင့် တစ်ဆက်တည်း စလဖီကိုလည်း မဇ်ဟဗ်တစ်ခုဟု ဖော်ပြကာ မွတ်စလင်မ်ထုအား မဇ်ဟဗ် (၅)ခုရှိသယောင် မဟုတ်မမှန် ဖော်ပြထားခြင်း။
  7. ၄င်းစာအုပ်တွင် ဂိုင်းရ်မုက္ကလိဒ်၏နောက်တွင် နမာဇ်ဝတ်ပြုပိုင်သည်ဟူ၍ ကျမ်းကြီးကျမ်းငယ်များမှ အထောက်အထားများကို မူရင်းစာ (စ၊လယ်၊ဆုံး)မှ မိမိဖော်ပြလိုသည်ကိုသာ နှိုက်ထုတ် ပြန်ဆို တင်ပြထားခြင်း။
  8. ၄င်းစာအုပ်တွင် ကအ်ဗဟ်ကျောင်းတော်၏ အိမာမ်များဖြစ်သည့် ရှိုင်ခ်စုဒိုက်စ် နှင့် ရှိုင်ခ်ရှိုရိုင်းမ် တို့သည် “စလဖီ ဖြစ်သည်ဟု ဖော်ပြထားကြောင်း တွေ့ရပါသည်။ ဤသည်မှာ လုံးဝ မဟုတ်မမှန် ဖော်ပြချက် တစ်ရပ်သာ ဖြစ်သည်။ ဖော်ပြပါ အိမာမ်များသည် မိမိကိုယ်မိမိ စလဖီဖြစ်ကြောင်း ယတိပြတ် အသုံးအနှုန်းဖြင့် ကြေငြာချက်တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိပါ။ အမှန်စင်စစ် ကအ်ဗဟ် ကျောင်းတော်နှင့် မတ်စ်ဂျိဒေနဗ၀ီ၏ သာသနာရေးဆိုင်ရာ အကြီးအကဲ ဥက္ကဋ္ဌကြီးဖြစ်သည့် ရှိုင်ခ် မုဟမ္မဒ် ဗင်န် အဗ္ဗဒွလ္လာဟ် အပ်စ်စုဗိုင်ယိလ်က မုချ ဟရမိုင်းန်တွင် ရှိကြကုန်သော အိမာမ်များသည် အိမာမ် အဟ်မဒ်ဗင်ဟမ်ဗလ် ရဟ်မသွလ္လာဟ်သခင်၏ နောက်လိုက် “ဟမ်ဗလီ” မဇ်ဟဗ်ဝင်များဖြစ်ကြောင်း ဖြေကြားသည့် အထောက်အထား အတိအလင်း ရှိပေသည်။ ၎င်းမှာ- ထိုဟရမိုင်န် ရှရီဖိုင်း(န်)၏ အိမာန်များသည် “ဟမ်ဗလီ”မဇ်ဟဗ်ဝင်များ ဖြစ်ကြသလားဟု မေးမြန်းထားသည်ကို ဟရမိုင်န်း၏ ဥက္ကဋ္ဌကြီးက ဖြေကြားထားသည်မှာ “ဟုတ်ကဲ့၊ ၄င်းတို့သည် အဲ့ဟ်လေစွန္နသ် အိမာန်ကြီးတစ်ပါးဖြစ်သည့် အိမာန်အဟ်မဒ်ဗင်န်ဟမ်ဗလ် ရဟ်မသွလ္လာဟ် သခင်ကြီး၏ နောက်လိုက်များ ဖြစ်ကြပါသည်။”
  9. ၄င်းစာအုပ်တွင် ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ကျင်းပသော ကအ်ဗဟ်ကျောင်းတော်၏ အိမာမ်အား ကြိုဆိုသည့် သီးခြားအခမ်းအနားနှစ်ခုကို ဟနဖီအကာဗိရ်အကြီးအကဲများနှင့် အဲဟ်လေ့ဟဒီးစ် (စလဖီ) ပညာရှင်ကြီးများ ပူးပေါင်းလျက် မိန့်ခွန်း ပြောနေကြပုံများဟူ၍ အခမ်းအနား တစ်ခုသယောင် လိမ်လည် ဖော်ပြထားခြင်း၊ စသည့် အချက်များအပြင် နောက်ထပ် လိမ်လည် လှည့်ဖျား၍ ရေးသားထားသည့် အချက်များစွာတို့ကို “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ်” မည်သော စာအုပ်တွင် တွေ့ရှိရပါသည်။ သို့ပါ၍ ၎င်းစာအုပ်ကို အစ္စလာမ် ဘာသာဝင်များ ဖတ်ရှုလေ့လာခြင်းဖြင့် အီမာန်ကို ထိခိုက်ပျက်စီးစေမည့်အပြင် ကျင့်စဉ်များကိုလည်း ထိခိုက်နိုင်ပြီး အချင်းချင်း ၀ိဝါဒကွဲ၍ အငြင်းပွားကာ ပြဿနာများ ပေါ်ပေါက်နိုင်ပါသည်။
သို့ပါ၍ ယင်းစာအုပ်ကို မွတ်စ်လင်များ အနေဖြင့်-
ဖတ်ရှုလေ့လာခြင်း၊
လက်ဝယ်ထားရှိခြင်း၊
တဆင့်ပြန်လည်ဖြန့်ဝေခြင်း စသည်များကို လုံးဝ မပြုလုပ်ကြပါရန် အသိပေးအပ်ပါသည်။

--------------------------------------------------------------------------------------------------------------- 


ကာရီတွေ အသံကောင်းကောင်းနဲ့ ကိရာအသ်တွေ ဆိုဖို့ထက် အစ္စလာမ့်ရင်သွေးငယ်တွေ ကလိမာစာပိုဒ်တွေ ရွတ်ဆိုတတ်ဖို့က အရေးကြီးပါတယ်။ စလာမ်ကို သဂ်ျဝီးဒ်နဲ့ ပေးတတ်ဖို့ဆိုတာထက် နမားဇ်ကို ကောင်းကောင်းဖတ်တတ်ဖို့က အရေးကြီးပါတယ်။ သဂ်ျဝီးဒ်ပညာရပ်နဲ့ အချိန်ကုန်နေဖို့ထက် ရိုဇာဟ်ရဲ့ မတ်စ်အလာဟ်တွေ သင်ယူဖို့က ပိုရေးကြီးပါတယ်။ သဂ်ျဝီးဒ်တွေအတွက် ငွေတွေသုံးဖို့ထက် အခြားသော သာသနာ့ပညာတွေအတွက် ငွေတွေ စိုက်ထုတ်သင့်ပါတယ်။


ကိုယ်တော်မြတ်ကြီးနဲ့တပည့်ဆွဟာဗာတွေဟာ သာသနာကို ဆင်းရဲဒုက္ခခံပြီး ရိုးစင်းတဲ့ပုံစံနဲ့ ဖြန်ချိခဲ့သလို ယဟူဒီ၊ နဆွာရာနီတွေဟာ ငွေတွေသုံးပြီး ပကာသန စည်းစိမ်တွေ မက်လုံးပြ ငွေတွေပုံအောသုံးပြီး သူတို့သာသနာကို ဖြန့်ချိနေကြတယ်။ တမန်တော့်ရဲ့ အွမ္မသ်ဖြစ်နေပြီးတော့ ဟိုလူတွေရဲ့ ပုံစံနဲ့ ဘာလို့ သာသနာပြုနေရတာလဲ။
 
ဘာပဲဖြစ်ဖြစ်ပေါ့ ကာရီဆပ်ရေ UOI မှာ အစ်မကြီးတစ်ယောက်က ရေးသွားတာလေးကို သတိရမိတယ်ဗျ။ သူပြောသွားတာလေးက ရှင်းပါတယ်။ “မြန်မာပြည်ရဲ့ အတိက အစ္စလာမ်ကို လျှောက်လှမ်းခဲ့တာ ဟနဖီ အာလင်မ်ကြီးတွေပါ။ သူတို့တွေ အချိန်တွေကို အွမ္မသ်အတွက်ပဲ အသုံးချခဲ့တယ်။ သူတို့ဘ၀တွေကို သာသနာအတွက် အပြီးအပိုင် စတေးခဲ့ကြတယ်။ သူတို့ သာသနာကို ထွင်းဖောက်တဲ့ လမ်းတွေက သိပ်ကိုကြမ်းတမ်းလွန်းပါတယ်။ အဲဒီတုန်းက ဂိုရ်မုကလ်လစ်ဒ်တွေ ဘယ်ရောက်နေကြလဲ? အခုမှ လာပြီး စလဖီ သံကောင်းလာဟစ်ပြမနေပါနဲ့။ စလဖီဝါဒကို တို့ မြန်မာမွတ်စလင်မ်တွေ အလိုမရှိဘူး” တဲ့ဗျာ။ အစ်မရေ တကယ်ကို မှန်ကန်တဲ့ စကားလေးဖြစ်လို့ ဒီနေရာမှာ ယူသုံးလိုက်ပါတယ်ဗျာ။

မှတ်ချက်........တဆင့်ကူးယူဖော်ပြထားသည်။ yunus

အဟ်လေ့စွန္နတ် ဝလ်ဂျမာအတ် အာကီဒါနှင့်ကွဲလွှဲနေကြောင်း တင်ပြပါသည်။ ၎င်းအပြင်အင်တာနက်မှရှာဖွေ၍ စလ်ဖီဆိုင်ရာသိကောင်းစရာထောက်အထားများကိုလည်းဆက်လက်တင်ပြပါသည်။ကျွန်တော်ဖတ်ဖူးသောလေ့လာ
ခဲ့သောစာအုပ်ထဲမှတွေ့ရှိချက်အချို့ကိုကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။
Ref:စာအုပ် အစ္စလာမ်ကိုဖျက်စီးနေကြသည်စလ်ဖီးတို့၏အကြောင်း

၁။-(မူလရေး သူ     ဆီးရီးယားနိုင်ငံသား  ရှိက်မူဟမ္မဒ် စအီးဒ်ရာမ်ဘူတွီ(အရဘီလူမျိုး)
၂။-၎င်းစာအုပ်ကို စလ်ဖိယတ် ကေ အေက်ဂျာအေဇာအမည်ဖြင့် အူရ်ဒူဘာသာသို့ မော်လနာမူဟမ္မဒ်အာရိဖ်(ဒါရုလ်အူလူမ်ဒေယိုဘန်-ဆရာကြီး)က ပြန်ဆိုသည်။
၃။-တဖန်မြန်မာဘာသာသို့ (မော်လနာမိုဟမ္မဒ်အိလ်ယာစ-မဟ်မူဒီ်)က ပြန်ဆိုပါသည်။
၎င်းစာအုပ်၏စာမျက်နှာ(၁၁၉) တွင်အောက်ပါအချက်သည်အဟ်လေ့စွန္နတ် ဝလ်ဂျမာအတ် အာကီဒါနှင့်ကွဲလွှဲနေတွေ့ရှိရပါသည်။


စလ်ဖီဂိုဏ်းဝင်တို့၏အာကီဒါဟ်အယူအဆအချို့

၁။-အတိုးစာခြင်းပိုင်ခြင်း
၂။-နစ်ရာနီဇဗဟ်ပြုသော သားကောင်း စားပိုင်ခြင်း
၃။-တွာလက် (၃)ကြိမ် တစ်ခွန်းဖြင့် ပေးခြင်းဖြင့် တစ်ကြိမ်သာ အထမြောက်သည်ဟုဆိုခြင်း
၎။-အဗရဟ်ဘုရင်နှင် အပေါင်းပါဆင်တပ်တို့သည်ရေကြောက် ရောဂါဖြစ်စစ်ဂှုံးခဲyသည်အဘာဘိလ်ငှက်လာ၍ကျောက်ခဲပေါက်သည်အတွက်စစ်ရှုံးသည်ဆိုခြင်း မဟုတ်ပါ။
၅။ဗဒရ်စစ်ပွဲ`၌မလာအီကာများကိုစစ်ကူပို့သည်ဟုပြောဆိုခြင်းသည်အမှန်မဟုတ်ပါ။အလ္လာဟ်အရှင်
မြတ်က စိဆတ်တက်ကြွစေရန်အားပေးစကာပြောလိုက်ခြင်းဖြစ်သည်။
၆။-တမန်တော်မြတ်(စွ)ဟာယတောတ်နဗီပေ။ဇေယာရတ်လုပ်ခြင်းသည်ဗိဒါအတ်ဖြစ်သည်။
၇။-မစ်ဂျိဒေနဗဝီ`၌ နမာဇ်တစ်ကြိမ်ဖတ်လင် အဆ ငါးသောင်းရရှိ မဟုတ်ပါ။အဆတစ်ထောင်သာရရှိ
မည်။
၈။-တမန်တော်မေအ်ရာဂ်ျကို ရုပ်ခန္ဓာဖြင့်ကြွမြန်သွားခြင်းမဟုတ်ပါ။ဝိညာဏ်ဖြင့်သွားခဲ့ခြင်းဖြစ်သည်။
၉။-ဝစီလာအမီသဟဲပြု၍ ဆုမွန်ပြုခြင်းသည်ဟရာမ်၊ဗီဒါအတ်၊ရှီရိက်ဖြစ်သည်။
၁၀။-တဗ်လိဂ်ဂျမာအတ်ကိုလက်မခံခြင်း၊မတော်မရော်ပြောဆိုပြီးဗီဒါအတ်ကိုလုပ်ဆောင်နေကြံသူများ
ဟုစွပ်စွဲခြင်း။
၁၁။- တဆောင်ဝုဖ် ဗိုင်အတ်ပြုပေးခြင်းတို့ကို လက်မခံခြင်း။

စလ်ဖီနှင့်အဟ်လေ့စွန္နတ်တို့အကြားမစ်အလဟ်ပိုင်းဆိုင်ရာကွဲလွဲမှုများအနက်အချိုကိုတင်ခြင်းဖြစ်သည်။
( ကိုစိုင်မောင်)

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, May 14, 2011

ဆွေမျိုးညာတိတို့၏ ဝတ္တရားများ

ဆွေမျိုးညာတိတို့၏ ဝတ္တရားများကိုလည်ကျေပွန်ရမည်။ အကြောင်းမှာ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးဆ်သြဝါဒတော်မျာ၌
လာရှိသည့် ရဟ်မ် ဟူသည့် အရဗီ ဝေါဟာရ၏ အနက်အဓိပ္ပါယ်မှာ နီးကပ်ခြင်း၊ နီးစပ်ခြင်း၊ ဖြစ်ပြီး၊
အလ္လာဟ်အရှင်မြတ်၏ ရဟ်မာန်း ဟူသောဂုဏ်ရည်တော်နှင့် အထူးဆက်နွယ်မှုရှိပေသည်။ အလ္လာဟ်အရှင်မြတ်က
ဟဒီးဆ်ကုဒုစီတွင် ဗျာဒိတ်တော်မူသည်မှာ အကြင်သူသည် ရဟ်မ် နှင့်ဆက်နွယ်၍နေလျှင် ငါသည်လည်း ၎င်းနှင့်
ဆက်နွယ်၍နေတော်မူမည်။ အကြောင်း သူသည်ဆွေမျိုးဖြတ်က ငါအရှင်သည်လည်း ၎င်းနှင့်အဆက်ဖြတ်တော်မူမည်၊
ဟု၍ဖြစ်၏။ ( သစ်ရ်မိဇီကျမ်း )

တမန်တော်မြတ်(ဆွ)က အမျိုးဆက်သောသူ၏ အသက်သည် ရှည်လျား၏။ ( ဗုခါရီကျမ်း၊ မွတ်စလင်မ်ကျမ်း )

နှစ်ပေါင်းငါးရာအကွာအဝေးမှပင် ရနိုင်သည့် ဂျန္နသ်သုခဘုံ၏ မွှေးရနံ့များကို ဆွေမျိုးဖြတ်သူ၊
ရှုရှိုက်ခံစားရလိမ့်မည်မဟုတ်ဟု မိန့်တော်မူခဲ့၏။ ( သွဗရာနီကျမ်း )

တမန်တော်မြတ်(ဆွ)က မိဘနှစ်ပါးတို့အား ကျွေးမွေးပြုစု၊စောင့်ရှောက်ခြင်းသည် စွလာသ်ဝတ်ပြုခြင်း၊
စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဟဂ်ျနှင့်အွန်ရဟ်တို့ကို ပြုလုပ်ခြင်း၊ အလ္လာဟ်အရှင်မြတ် လမ်းတော်၌ စစ်ပွဲဆင်နွဲခြင်း၊
စသည့်ကျင့်စဉ်မွန်တို့ထက်သာ၍မြတ်၏။( အဗူဟအ်လာကျမ်း၊ သွဗရာနီးကျမ်း )

မိခင်၏ဝတ္တရားသည် ဖခင်၏ဝတ္တရားထက် နှစ်ဆပို၏။( အစ်ဗ်နုမနီးအ်ကျမ်း )

မိဘတို့သည် မိမိတို့ အသက်ထင်ရှားရှိစဉ် ကာလ၌ သားသမီးတို့အားပေးကမ်းလိုသော် သားသမီးအားလုံး၊
အညီအမျှခွဲဝေပေးကြရမည် ဟုမိန်တော်မူခဲ့၏။ ( သွဟာဝီကျမ်း )

အို.အရှင်မြတ် ကျွန်တော်မျိုးတို့နှင့် ကျွန်တော်မျိုးတို့၏ သာသနာ့ညီနောင်းများအားလုံးကို
မိဘနှစ်ပါးနဲ့ ဆွေမျိုးများကို ကောင်းစွားဆက်ဆံသူများအဖြင့် ချီးမြင့်ပေးသနားတော်မူပါ။ ( အာမီးန် )


ဘာသာပြန်ဆိုသူ.....မွဖ်သီနူးရ်မုဟမ္မဒ်...

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

အိမ်နီးချင်းတို့၏ ဝတ္တရားများ

မိတ်ဆွေ...

အိမ်နီးချင်းတို့၏ ဝတ္တရားမှားနှင့်စပ်လျဉ်း၍ တမန်တော်မြတ်(ဆွ)က ကိယာမသ် ကမ္ဘာ့တရားခွင်နေ့တွင် အိမ်နီးချင်းများ၏
ဝတ္တရားများနှင့်စပ်လျဉ်း ဦးစွာမေးမြန်း စစ်ကြောခြင်းကို ခံရပေမည်ဟု မိန့်တော်မှုခဲ့သည်။ ( သွဗရာနီကျမ်း )

အိမ်နီးချင်းတို့၏ ဝတ္တရားများကို အထူးလေးစားလိုက်နာ ကျင့်သုံးအပ်ပေသည်။
အမျိုးသမီးတစ်ဦးသည် ဘာသာရေးကို အထူးလေးစား ကိုင်းရှိုင်းသူဖြစ်ပါလျက် ၎င်း၏ အိမ်နီးချင်းများက ၎င်းကို
မကျေနပ်ကြ မလိုလားကြသဖြင့်၊ တမန်တော်မြတ်(ဆွ)က အဆိုပါ အမျိုးသမီးသည် ဂျဟန္နမ်ငရဲသို့ လားရမည့်သူဖြစ်ကြောင်း
ပြောတော်မူခဲ့၏.....( အစ်ဗ်နု အဗီ ရှိုင်ဗဟ်ကျမ်း )

တခါကတမန်တော်မြတ်(ဆွ)သည် စွဟာဗဟ်သာဝကကြီးများအား အိမ်နီးချင်းတို့၏ ဝတ္တရားများကို အသင်တို့သိကြရဲ့လား၊
ဟုမေးမြန်းတော်မူပြီး ကိုယ်တိုင်ပင် အောက်ပါအတိုင်း အဖြပေးတော်မူခဲ့၏။
အိမ်နီးချင်းက အကူညီတောင်းခံပါက အကူညီပေးရမည်၏။ လိုအပ်၍ ငွေချေးငှာပါက ချေးငှာရမည်။
အိမ်နီးချင်း ဆင်းရဲနေပါကလည်း သွားလာဆက်ဆံခြင်း ပြုရမည်။ နေမကောင်း ထိုင်မသာဖြစ်က လူမမာမေးသွားရမည်။
ကွယ်လွန်သေဆုံးသွားပါက ၎င်းအား သင်္ဂြိုဟ်ရန် သုဿန်သို့ လိုက်ပါပို့ဆောင်ရမည် ပျော်ရွှင်စရာနှင့် တွေ့ကြုံနေက
၎င်းအား ဝမ်းသာချီးမွမ်းစကား ဆိုရမည် ဝမ်းနည်းပူဆွေးစရာနှင့် ကြုံကြိုက်နေပါက အားပေးစကား ဆိုရမည်။
အိမ်နီးချင်း၏ ခွင့်ပြုချက် မရရှိဘဲ ၎င်းတို့အိမ်တွင်းသို့ လေဝင်လေထွက် ပိတ်ဆို့လောက်အောင် မိမိအိမ်ကို မမြင့်စေရ။
သစ်သီးဝလံ စားကောင်းသောက်ဖွယ်များ ဝယ်ယူလာပါက အိမ်နီးချင်တို့အားလည်း ခွဲဝေပေးပြီး မျှစားရမည်၊
မိမိဝယ်ယူခဲ့သည့် သစ်သီးဝလံ စားကောင်းသောက်ဖွယ်များသည် မမျှဝေနိုင်လောက်အောင် နည်းနေပါက၊
အဆိုပါ စားသောက်ဖွယ်ရားများကို အိမ်နီးချင်တို့ မမြင်အောင် ဝှက်၍ ယူဆောင်လာရမည် အိမ်ရောက်ပြီနောက်
အိမ်ရှိကလေးများသည်လည်း အဆိုပါစားသောက်ဖွယ်များကို အိမ်နီးချင်း၏ ကလေးများမမြင်နိုင်စေရန် ဝှက်၍ စားသောက်ရမည်။
အိမ်နီးချင်း ကလေးများရှိရာသို့ ယူဆောင်မသွားစေရ အိမ်နီးချင်း ကလေးသူငယ်များ မြင်တွေ့သွားးပါက စားချင်လိမ့်မည်၊
မစားရက စိတ်မကောင်းဖြစ်ကြလိမ့်မည် ဟင်းချက်သည့်အခါတွင် အိမ်နီးချင်တို့အတွက်ပါ တစ်ဇွန်းတစ်ခွက်ပို၍ ချက်ရမည်။
သင်တို့ အိမ်နီးချင်း၏ ဝတ္တရားများ အဘယ်မျှ များပြားသည်ကို သိကြသလော၊ ထပ်ဆင့်နားလည်းကြရန်ကား၊
အိမ်နီးချင်ဝတ္တရား အဖြာဖြာကို ကျေပွန်နိုင်ရန် အရှင်မြတ်က စွမ်းအားချီးမြင့်သူတို့သာလျှင် ကျေပွန်နိုင်ကြ၏။
( မကာရိမွလ် အခ်လာက်ခရာအိသွိကျမ်း )

ကျွန်တော်တို့ သာသနာ့ညီနောင်များ အားလုံးကို အိမ်နီးချင်ဝတ္တရား အဖြာဖြာကို ကျေပွန်နိုင်ရန် အလ္လာဟ်အရှင်မြတ်
ချီးမြင့်ပေးသနားတော်မူပါ...( အာမီးန် )

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Friday, May 06, 2011

တမန်တော်မြတ်(ဆွ)၏ ထူးခြားသော ဂုဏ်ထူးဝိသေသများ=အပိုင်း-၂

တမန်တော်မြတ်(ဆွ)အား ကေယာမသ် နေ့တွင် ချီးမြှင့်တော်မူမည့် အချို့သော ဂုဏ်ထူးဝိသေသများ။

၁။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)ကဗရ် သင်္ချိုင်းတော်မှ ထွက်တော်မှုမည်၊

၂။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)မေ့မျောမှုမှ ပြန်လည်သတိရလာမည်၊

၃။ ဟရှရ် ကွင်းပြင်၌ တမန်တော်မြတ်(ဆွ)ဗိုရာက်(မြင်ပျံ)အစီးနင်းကို စီးနင်း၍ ကြွမြန်းလာတော်မှုမည်။
၎င်းပြင် တမန်တော်မြတ်(ဆွ)နှင့်အတူ ကောင်းကင်တမန်တော်ပေါင်း ခုနှစ်သောင်းသည် ဂုဏ်ပြုတပ်ဖွဲ့ အဖြစ်ရှိနေတော်မူမည်၊

၎။ အရ်ရှ် ပလ္လင်တော်၏ လင်္ကျာဘက်တွင် ရှိသော ကုလားထိုင်ပေါ်၌ တမန်တော်မြတ်(ဆွ)ထိုင်တော်မူမည်၊

၅။ တမန်တော်မြတ်(ဆွ)အား မကာမေ့မဟ်မူးဒ် အဆင့်အတန်းကို ချီးမြှင့်တော်မူမည်၊

၆။ လေဝါအေဟမ်ဒ် ချီးမွမ်းခြင်း အလံတော်သည် တမန်တော်မြတ်(ဆွ)နှင့် အတူရှိပေမည်၊

၇။ တမန်တော် အာဒမ်(အ)နှင့် လူသားအားလုံး တမန်တော်မြတ်(ဆွ)၏ အလံတော် အောက်တွင် ရှိကြမည်၊

၈။ တမန်တော်အပေါင်းသည် မိမိ၏ အွမ္မသ် နောက်လိုက်သားများနှင့်အတူ တမန်တော်မြတ်(ဆွ) ၏ နောက်တွင်ရှိကြမည်၊

၉။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)သည် အလ္လာဟ်အရှင်မြတ်အား ဖူးမြော်ခွင့်ရရှိမည်၊

၁၀။ ရှဖါအသ်သေအွဇ်မာ (ကြီးမာဆုံး အသနားခံပေးမှု)ကို သီးသန့်ဖြင့် တမန်တော်မြတ်(ဆွ)ရရှိမည်၊

၁၁။ ဆွေရာတ် တံတားပေါ်မှ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)သည် မိမိ၏ အွမ္မသ်သားများကို ခေါ်၍ ဖြတ်သန်းတော်မူမည်၊

၁၂။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)သည် ဂျန္နသ်(သုခဘုံ)၏ တံခါးကို ဖွင့်တော်မူမည်။

ကြည့်(သဖ်စီရေ အဇီဇီး အစောင်-၃၀၊ စာ-၂၁၈ နှင့် ကန်ဇုလ်အမ္မာလ်ကျမ်း အတွဲ-၁၁၊စာ -၄၀၃ )
သမိုင်းနောက်ခံ အစ္စလာမ် ဗဟုသုတစွယ်စုံ(စာ-၁၅၉ )

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Thursday, May 05, 2011

ခွေးသေကို ဘယ်သူမှ ခြေနှင့်မကန်ပါ

သူငယ်ချင်းရေး သင့်ကို ဝေဖန်ကြ ဝိုင်းဆော်ထည့်ကြလျှင် မှတ်ထားပါ

 ဤသို့ပြုခြင်းမှာ ဝေဖန်သူ ဆော်ထည့်သူများက သင့်ကိုတန်ဖိုးထား၍

သင့်လိုလူမျိုးကို ဝေဖန်ရမှ ဆော်ထည့်ရမှ ဂုဏ်ရှိသည်ဟု ထင်ကြသောကြောင့်ဖြစ်သည် သင်လုပ်သော

အလုပ်မှာ သူတစ်ပါးက အရေးမယူဂရုမရုမထားဘဲ မနေနိုင်အောင် တန်ဖိုးရှိကြေင်းထင်ရှားလှပေသည်

မိမိထက်ပညာအရည်အချင်းသာသူ ပိုမိုအောင်မြင်သူတို့အား ဝေဖန်လိုက်ရ ဆော်ထည့်လိုက်ရခြင်းဖြင့်

မိမိတို့အဖို့ အကျေနပ်ကြီး

ကျေနပ်သွားကြတော့သည် သူတို့သည် ဖက်ပြိုင်၍ မနိုင်နိုင်မည့်အတူတူ

ချိုးလိုက်ရလျှင်တော်လောက်ပြီဟု အောင်မေ့ကာ

ရိုင်းပျသော အမူအရာကိုပြလေသည် အကယ်၍ ကျွန်ုပ်တို့သည် သူတစ်ပါးမနာလို၍ အကြောင်းမဲ့ ဝေဖန်ခြင်း

စွပ်စွဲခြင်းခံရသဖြင့်

အောက်ပါ စားသားလေးကို သတိရလိုက်ပါ.......

အကြောင်းမဲ့ ဝေဖန်ခြင်းသည် ချီးမွမ်းခြင်းတစ်မျိုးပင် ဖြစ်ကြောင်း မှတ်လိုက်ပါ....

အရေးပါအရာရောက်သည့်ခွေးကို ကန်ရမှ ကန်သူအဖို့ အရသာရှိသည်....

ခွေးသေကိုကန်ရ၍ ကန်ရသူအဖို့ အရသာမရှိပါ.......

သူငယ်ချင်းရေး...ခွေးသေကို မည်သူမျှ ခြေနှင့် မကန်ပါဘူးဟုသာ မှတ်ပါလေ။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Sunday, April 24, 2011

မွတ်စလင်မ်တို့အပေါ်ဝတ္တရားကျေပွန်ခြင်းနှင့်ကောင်းစွာဆက်ဆံခြင်း။

မွတ်စလင်မ်တို့အပေါ်ဝတ္တရားကျေပွန်ခြင်းနှင့်ကောင်းစွာဆက်ဆံခြင်း။

အဖန်ဆင်းခံအပေါင်းနှင့်ကောင်းစွာဆက်ဆံခြင်း

အဖန်ဆင်းခံအပေါင်းသည် သက်တမ်းတည်ဟူသောလှေကြီးတစ်စင်းကို စီးနင်းလျက် ဘဝတည်းဟူသော

ခရီးကို နှင်နေကြ၏။ ဤလောကကြီးသည် ယာယီတည်ခိုစခန်းမျှသာဖြစ်၏။ထိုကြောင့်လောကုတ္တရာ

ခရီးကို နှင်လျက်ရှိကြသော ဘဝတူ ခရီးသည် မွတ်စလင်မ်တို့သည် အချင်းချင်းကောင်းစွာ ဆက်ဆံခြင်းဖြင့်

ရိုင်းပင်းကူညီခြင်းမှာ သာသနာ့ မဏ္ဍိုင်တစ်ခုဖြစ်၏။

လူတိုင်း၏ ခန္ဓာကိုယ်အတွင်း၌ အရားသုံးခုရှိ၏။ ယင်းတို့မှာ အလိုရမ္မက်၊ဒေါသနှင့်၊အသိဥာဏ်ဖြစ်၏။

ဖေါ်ပြပါ ခန္ဓာကိုယ်အတွင်းရှိ အရာသုံးမျိုးအနက် ဒေါသကို ခွေး၊ အလိုရမ္မက်ကို မြင်း၊ အသိဥာဏ်ကို

ရှင်ဘုရင်၊ဟု နားလည်သင့်၏။ အလ္လာဟ်အရှင်မြတ်သည် ယင်းသုံးမျိုးလုံးကို ချုပ်ကိုင်နိုင်စွမ်း

လူတိုင်းအားပေးအပ်ထားတော်မှု၏။ ခန္နာကိုယ်အတွင်းရှိ ယင်းအရားသုံးမျိုးကို တရားမျှတစွာ အသုံးချ၍

ရာသက်ပန်အောင်မြင်မှုကို ရယူရန်မှာ လူတို့၏ တာဝန်ဖြစ်၏။

လူတိုင်းသည် ဒေါသဟူသည့် ခွေးကိုလည်းကောင်း၊ အလိုရမ္မက်ဟူသည့် မြင်းကိုလည်းကောင်း၊

ယဉ်ပါးအောင် ပြုပြင်ကာ

အသိဥာဏ်ဟူသည့် ရှင်ဘုရင် ခိုင်းစေရာအတိုင်း လိုင်နာကျင့်သုံးပါက ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတို့ကို

တရားမျှတစွာဖြင့် ပြုစုပျိုးထောင်ရမည် ဝတ္တရားလည်းကျေမည်။

လိုရာပန်းတိုင်သို့လည်း ရောက်နိုင်မည်ဖြစ်၏။

မွတ်စလင်မ်ဟူသည် မိမိ၏လက်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ အခြားမွတ်စလင်မ်တို့ကို

ဒုက္ခမပေးသူဖြစ်၏။ ( သစ်ရ်မိဇီကျမ်း )

တမန်တော်မြတ်(ဆွ)က အလီသခင်အား အို-အလီ၊ စွစ်ဒီးကီးန် အမှန်တရား ထာဝရ လက်ကိုင်ထားသည့်

သူတော်စင်တို့၏ အဆင့်အတန်းကို လိုလားပါက သင်သည် မိမိနှင့်ဆွေမျိုးဖြတ်သူနှင့်၊ ဆွေမျိုးဆက်ပါ။

အသင့်အား ညှင်းပန်းနှိပ်စက်သူနှင့် ကောင်းစွာဆက်ဆံပါ။ အသင့်အားမကောင်းပြုသူအား အသင်က

အကောင်းပြုပါ။ ဟုမိန့်ကြားတော်မူခဲ့။ ( မွတ်စ်နဒ် အဟ်မဒ်ကျမ်း )

လူတို့နှင့်ဆက်ဆံရာတွင် သတိပြု လိုက်နာရမည့် အချက် ( ၂၀ )ကို ဟဒီးဆ်သြဝါဒတော်တွင် အောင်ပါအတိုင်း

ဖေါ်ပြထားသည်။

၁။ မိမိကြိုင်နှစ်သက်သည်များကို သူတစ်ပါးအတွက်လည်းကြိုင်နှစ်သက်ရမည်။ အကြောင်းမှာ ဟဒီးဆ်တော်၌

ဤသို့သောအရည်အချင်းရှိသူသည် အီမန်နှင့်တကွ ကွယ်လွန်သေဆုံးပါက ဂျဟန္နမ်ငရဲမှ လွတ်ငြိမ်းခွင့်

ရရှိမည်ဟု သတင်းကောင်းလာရှိ၏။ ( မွတ်စလင်မ်ကျမ်း )

၂။ လူတိုင်းနှင့် ကျိုးနွံစွာ ဆက်ဆံရမည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် မာနထောင်လွှားသူအား

နှစ်မြို့တော်မမူပေ။ တစ်ဦးတစ်ယောက်က မိမိအား မာနထောင်လွှားကာ ဆက်ဆံလာပါကလည်း မိမိက

သည်းခံကာ ဆက်ဆံရမည်။ အလ္လာဟ်အရှင်မြတ်က ခွင့်လွတ်သည့် အကျင့်ကိုမွေးပါ၊ အကောင်းဖက်သို့

ဖိတ်ခေါ်ပါ၊ အသိပညာမဲ့သူတို့ကိုရှောင်ကြဉ်ပါ ဟုဗျာဒိတ်တော်မူထားသည်ကို သတိပြုသင့်၏။

၃။ ကြီးသူကိုလေးစားပါ။ ငယ်ရွယ်သူကို ကြင်နာသနားပါ။ တမန်တော်မြတ်(ဆွ)က အကြင်လုလင်ပျိုသည်

သက်ကြီးယ်အိုတစ်ဦးဦးကို လေးစားဂုဏ်ပေးခဲ့သော် ထိုသူသက်ကြီးရွယ်အို ဖြစ်သည့်အခါတွင် ၎င်းအား

လေားစားကြည်ညိုမည့်သူ တစ်ဦးဦး အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းတော်မူမည်ဟု မိန့်တော်မူခဲ့သည်။

ဤဟဒီးစ်သြဝါဒတော်က သက်ကြီးရွယ်အိုအား လေးစားသူသည် အသက်ရှည်စွာ လောက၌ နေထိုင်ရမည်ဖြစ်ကြောင်းကိုလည်း ဖေါ်ညွန်းထားသည်။( သစ်ရ်မိဇီကျမ်း )

၎။ လူတိုင်းနှင့် ဆက်ဆံရာတွင် ပြုံးပြုံးရွှင်ရွှင် ဆက်ဆံရမည်။ အကြောင်းမှာ ဤသို့ ပြုံးချိုစွာ ဆက်ဆံသူသည်

ဂျဟန္နမ်ငရဲမှလွတ်ငြိမ်းရမည်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရရှိသူဖြစ်ကြောင်း

တမန်တော်မြတ်(ဆွ) က သတင်းကောင်းပါတော်မူခဲ့၏။ ( အစ်ဗ်နု ဟစ်ဗ္ဗားန်ကျမ်း၊ ဗိုင်ဟကီကျမ်း )

၅။ မွတ်စလင်မ်နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မပြေမလည်ဖြစ်သည့်အခါတွင် ထိုသူနှစ်ဦးအား

ကြားဝင်ဖြန်ဖြေရမည်။ ရှရီအသ်တရားတော်က ဤသို့မပြေလည် မသင့်မြတ်သူနှစ်ဦးတို့အကြားတွင်

ကြားဝင်ဖြန်ဖြေသည့်အခါမျိုးတွင် ပြန်လည်သင့်မြတ်စေရေးအတွက်သ မုသားစကားကိုပင် ဆိုခွင့်ပြုထား၏။

 ( ရှရီအသ်တရားတော် )
ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဟဒီသ်တော်၌မုသားစကားကိုဆိုးခွင့်မပြုပါ အထူးသတိပြုပါ။


၆။ စကားအပို့အယူးလုပ်သူ(ကုန်းချော၊ကုန်းတိုက်သူ)တို့၏စကားကို မည်သည့်အခါမှ နားမထောင်လေနှင့်။

၎င်းတို့သည် ကုန်းချော ကုန်းတိုင်လုပ်ကာ မွတ်စလင်မ်နှစ်ဦးကြား သွေးကွဲအောင်ပြုခြင်း သာဖြစ်သဖြင့်

ထိုလုပ်ဆိုးကြေင့် ၎င်းတို့၏ သာသနာရေးလည်ပျက်စီးရ၏။ လောကုတ္တရာတွင် ဂျဟန္နမ် ထဲသို့လားကြရန်

ဖန်တီးဆောင်ရွက်နေကြခြင်းဖြစ်၏။ ( ဗုခါရီကျမ်း၊ မွတ်စလင်မ်ကျမ်း )

၇။ မိမိသည်မွတ်စလင်မ်တစ်ဦးတစ်ယောက်နှင့် မသင့်မြတ်သဖြင့် စကားမပြောဘဲ သုံးရက်ထက်ပို၍

မနေအပ် မနေပိုင်။ (ဗုခါရီကျမ်း၊ အဗူဒါဝူးဒ်ကျမ်း၊ နစာအီကျမ်း )

မိမိသည် မွတ်စလင်မ်တစ်ဦးအား ခွင့်လွှတ်ခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ကိယာမသ် ကမ္ဘာ့တရားခွင်နေ၌

မိမိ၏အမှားများကို ခွင့်လွှတ်တော်မူလိမ့်မည်။ ( အစ်ဗ်နု ဟစ်ဗ္ဗားန်ကျမ်း )

၈။ ထိုက်တန်သူ၊ မထိုက်ဟူ၍ ခွဲခြားခြင်း မပြုဘဲ လူသားအားလုံးကို ကောင်းမွန်ပျူငှာစွာ ဆက်ဆံရမည်။

အကြင်သူသည် အမှန်တကယ် မထိုက်တန်သူဖြစ်ပါက ၎င်းနှင့်တုဖက်၍ မိမိသည်လည်း မထိုက်တန်သူ

ဖြစ်မသွားသင့်ပေ။ လူတို့နှင့်ဆက်ဆံရာတွင် မိမိက ထိုက်ထိုက်တန်တန် ပြုကျင့်ရန်သာအဓိကဖြစ်၏။ ဗဟုသုတ )

၉။ လူတို့ကို ၎င်းတို့၏အဆင့်အတန်းအလျောက် ဆကိဆံသင့်၏။ အာလင်မ်ပညာရှက်နှင့်ဆက်ဆံရသည်ဖြစ်စေ

ဂျာဟိလ်ပညာမဲ့နှင့်ဆက်ဆံရသည်ဖြစ်စေ၊ ၎င်း၏ အဆင့်အတန်းအလျောက်ဆက်ဆံသင့်၏။ ပညာမဲ့နှင့်ဆက်ဆံသည့်အခါ အာလင်မ်ပညာရှင်များ၌ ရှိသည့်သပ်က်ဝါတရား ပြည့်ဝကုံလုံမှုကို မမျှော်လင့်သင့်ပေ။ လူအများနှင့်ဆက်ဆံသည့်အခါ ပညာရှင်များကဲ့သို့ပါးနပ်မှု လိမ္မာရေးခြားရှိမှုတို့ကိုမမျှော်လင့်သင့်ပေ။ တမန်တော် ဒါဝူးဒ်(အ)နဗီသည် အလ္လာဟ်အရှင်မြတ်ထံသို့

အို..အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား အလ္လာဟ်အရှင်မြတ်နှင့် အဖန်ဆင်းခံအပေါင်းတို့ အားလုံး

ချစ်ခင်မည့်နည်းလမ်းကို ပြသတော်မူပါ…ဟု လျှောက်ထားတော်မူရာ အလ္လာဟ်အရှင်မြတ်က…အို..ဒါဝူးဒ်၊

သင်သည် လောကီသားတို့အား ၎င်းတို့၏ အခြေအနေ၊ အရည်အချင်း အလျောက်ဆက်ဆံပါ။

သာသနာကို ရိုသေလေးစား ကိုင်းရှိုင်းသူများအား ၎င်းတို့၏ အရည်အချင်းအလျောက် ဆက်ဆံပါ၊

ဟု..ဗျာဒိတ်တော်မူခဲ့၏။

၁၀။ လူတို့၏အဆင့်အတန်းကို ထောက်ရှုလျက် ဆက်ဆံမှု ပြုသင့်၏။ ဆိုလိုသည်မှာ လောကီ အသိုင်းအဝိုင်းမှ

ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးဦး မိမိထံလာရောက်သည့်အခါ ၎င်းအား ဂုဏ်ပေးကာ ဆက်ဆံသင့်သည်။

တစ်ခါတွင် လောကီအသိုင်းဝိုင်းမှ လူချမ်းသာတစ်ဦး ရောက်လာသည့်အခါ တမန်တော်မြတ်(ဆွ)က

မိမိ၏ ခြုံစောင်တော်ကို အဆိုပါပုဂ္ဂိုလ်ထိုင်စေရန် ခင်းပေးတော်မူခဲ့၏။ ထို့နောက် တမန်တော်မြတ်(ဆွ)က

အသင်တို့ထံသို့ လူအဖွဲ့အစည်တစ်ခုမှ ခေါင်းဆောင်တစ်ဦး လာရောက်သည့်အခါ ၎င်းအား လေးစားစွာ

ဂုဏ်ပြုချက်ဆက်ဆံကြကုန်..ဟုမိန့်ကြားတော်မူခဲ့၏။ (ဗတ်ဇ်ဇာရ်ကျမ်း၊အစ်ဗ်နုခုဇိုင်မဟ်ကျမ်း၊သွဗရာနီကျမ်း၊

အစ်ဗ်နုအဒီကျမ်း၊ဟာကင်မ်ကျမ်း )

၁၁။ မွတ်စလင်မ်တို့၏ အပြစ်အနာအဆာများကို မထုတ်ဖေါ်လေနှင့် သူတစ်ပါး၏ အပြစ်ကို ဖုံးကွယ်သူသည်

ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်၏ ( သွဗရာနီကျမ်း )

သူတစ်ပါး၏ နောက်ကွယ်အတင်းမပြောရ။ တစ်ဦးတစ်ယောက်၏ အပြစ်အနာဆာကိုလည် မလေ့လာမစူးစမ်းရ

မှတ်သားသင့်သည့် အချက်မှာ သူတစ်ပါး၏ အပြစ်အနာဆာကို ထုတ်ဖေါ်သူ၏အပြစ်အနာအဆာများကို

အလ္လာဟ်အရှင်မြတ်ကလည်း နက်ဖြန်ထုတ်ဖေါ်တော်မူလိမ့်မည်။ ( အဗူဒါဝူးဒ်ကျမ်း )

အောက်တန်းကျစေတော်မူလိမ့်မည်။ အလ္လာဟ်အရှင်မြတ်က သိက္ခာကျစေတော်မူလျှင် ထိုသူသည်

မည်သည့်အခါမှ သိက္ခာ ရှိနိုင်တော့မည်မဟုတ်ချေ။ ( ဗုခါရီကျမ်း )

၁၂။ လူအများ အထင်အမြင် လွဲမှားနိုင်သည့်နေရာမျိုး၊စွပ်စွဲပြောဆိုနိုင်သည့်နေရာမျိုးကိုရှောင်ကြဉ်သင့်ပေသည်

ဤသို့မဟုတ်ပါက လူအများက မကောင်းထင်ကြလိမ့်မည်။ နောက်ကွယ်အတင်းပြောကြလိမ့်မည်။၎င်းတို့က

အသင့်အား စွပ်စွဲပြောဆိုခြင်းနှင့် နောက်ကွယ်အတင်းပြောဆိုကြခြင်း၏ အဓိကတရားခံမှာ အသင်ပင်ဖြစ်၏

အသင်သည် လူတို့စွပ်စွဲပြောဆိုခြင်းပြုနိုင်သည့်နေရာသို့ မသွားက အသင့်အား လူတို့က စွပ်စွဲပြောဆိုကြမည်မဟုတ်။ အတင်းလည်း ပြောကြမည်မဟုတ်ပေ။ ကုသိုလ် အကုသိုလ်

အဓိကအကြောင်းခံသည် အသင်ပင်ဖြစ်၏။ ( ဗဟုသုတ )

၁၃။ မွတ်စလင်မ်များတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကြိုးစားရမည်။ ဟဒီးဆ်သြဝါဒတော်၌

လာရှိသည်မှာ များသောအားဖြင့် တမန်တော်မြတ်(ဆွ)သည် မွတ်စလင်မ်တို့အား တစ်ခုခုပေးကမ်းရာတွင်

ချက်ချင်းမပေးကမ်ဘဲ ဆိုငံ့၍ ပေးတော်မူလေ့ရှိ၏ ထိုနောက် တမန်တော်မြတ်(ဆွ)က မိန့်ကြားတော်မူသည်မှာ

ကျွန်ုပ်သည် တောင်းခံသူ တစ်ဦးတစ်ယောက်အား ချက်ချင်းမပေးကမ်းခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့သည်

လာရောက်တောင်ခံသူအား ပေးကမ်းပါရန် ထိုသူဖက်မှ အသနားခံနိုင်စေရန်နှင့် ထိုသို့အသနားခံခြင်းဖြစ်သည်

သင်တို့သည် ကောင်းမြတ်သည့်စကားကို ဆိုကာအကျိုးဆဝါးဗ်ရယူကြရန် ကျွန်ုပ်ဆိုင်းငံ့လျက် အခွင့်ပေး

ခြင်းဖြစ်၏။ ( အဗူဒါဝူးဒ်ကျမ်း )ဟုမိန့်တော်မူ၏။ မွတ်စလင်မ်တို့၏ လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးရန်

ကြိုးစားအားထုတ်ခြင်းမှာ အကျိုးရှိသည့် ကိစ္စရပ်ဖြစ်၏။ သင်တို့၏ ကြိုးစားမှုသည် ထိရောက်သည်ဖြစ်စေ

မထိရောက်သည်ဖြစ်စေ အကျိုးဆဝါးဗ်ရ၏။ ဟဒီးဆ် သြဝါဒတော်တွင် ဤသို့ မွတ်စလင်မ့်လိုအပ်ချက်ကို

ဖြည့်ဆည်းပေးခြင်းသည် တစ်နှစ်လုံး အိအ်သိကာဖ် ထိုင်ရာတွင် ရရှိမည့် အကျိုးဆဝါးဗ်ထက်သာ၍မြတ်၏

ဟုလာရှိပေသည်။ ( ဟာကင်မ်ကျမ်း )

၁၄။ မွတ်စလင်မ်တစ်ဦးနှင့် တွေ့ဆုံသည့်အခါတိုင်း မိမိကဦးစွာစလင်မ်မေတ္တာပို့သ၍ လက်ဆွဲနှုတ်ဆက်ရမည်။
ဟဒီးဆ်သြဝါဒတော်၌လာရှိသည်မှာ မွတ်စလင်မ်နှစ်ဦး လက်ဆွဲနှုတ်ဆက်သူသည် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်
ကရုဏာတော်၏အဆပေါင်း ခုနစ်ဆယ်အနက် ခြောက်ဆယ်ကိုးဆကို ရရှိပြီး ကျန်တစ်ဆကိုသာ ကျန်သည့်
မွတ်စလင်မ်က ရရှိခြင်းဖြစ်၏။ ( ဟကီးမ်သစ်ရ်မိဇီကျမ်း )

၁၅။ မွတ်စလင်မ်ညီနောင်တစ်ယောက်ယောက် ၎င်း၏အိုးအိမ်တွင် မရှိသည့်အခါမျိုးတွင် ၎င်း၏ ဂုဏ်သိက္ခာ သို့မဟုတ်
ပစွည်း ဥစွာနှင့်စပ်လျဉ်း၍ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရတော့မည့်အခါ ၎င်းဆုံးရှုံးနစ်နာမှုကို ပပျောက်အောင် ပြုခြင်းဖြင့်
၎င်းအားကူညီစောင်မပါ ဟဒီးဆ်သြဝါဒတော်၌ လာရှိသည်မှာ တစ်နေရာရာတွင် မွတ်စလင်မ်တစ်ဦးဦး၏
ဂုဏ်သိက္ခာကျဆင်းနေပြီဟု ယူဆရပါက အဆိုပါ မွတ်စလင်မ်အား ကူညီစောင်မသူအား အလ္လာဟ်အရှင်မြတ်က
လိုအပ်သည့်အချိန်တွင် ကူညီစောင်မတော်မှုလိမ့်မည်။( အဟ်မဒ်ကျမ်း၊ အဗူဒါဝူးဒ်ကျမ်း )
အကူညီပေးလိုက်ပြီနောက် ၎င်းထံတွင် ဘာမှမျှော်လင့်ချက် မထားပါနှင့် အလ္လာဟ်အရှင်မြတ်ထံတော်၌ မျှော်လင့်ချက်ထားပါ
မွတ်စလင်မ်တစ်ဦး ဒုက္ခရောက်ချိန်၌ ကူညီမှုမပြုဘဲ လျူရှုပါက အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းအားကူညီစောင်မရမည့်
အချိန်တွင် ကူညီစောင်မတော်မှုလိမ့်မည်မဟုတ်ပေ။

၁၆။ ဆိုးသွမ်းသူးများ၏ ရန်မှ ရှောင်ကြည်ရန်အတွက် ၎င်းတို့အား ပျူငှာစွာ ဆက်ဆံခြင်းပြုရမည်။
ဟဒီးဆ်သြဝါဒတော်၌ လာရှိသည်မှာ ဖြစ်သည့်နည်းနှင့် မိမိသိက္ခာကို စောင့်စည်းခြင်းသည်
စွဒကဟ်အလှူဒါနမည်၏။ ( ဒါရိကွသ်နီကျမ်း၊ ဟာကင်မ်ကျမ်း )
တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည်မှာ လူတို့၏စရိုက် လုပ်ဆောင်ချက်များနှင့် လိုက်လျောညီထွေစွာ ဆက်ဆံကြကုန်။
သို့ရာတွင် ဆိုးသွမ်းသူများနှင့် စိတ်ရောကိုယ်ပါ မပေါင်းသင်း မဆက်ဆံကြနှင့်။

၁၇။ ဆင်းရဲနွမ်းပါသူများနှင့် အများဆုံး လက်ပွန်းတတီးနေထိုင်ပါ။ ဥစွာချမ်းသာကြွယ်ဝသူများနှင့်
ရောနှောနေထိုင်ခြင်းမှရှောင်ကြဉ်ပါ။ တမန်တော်မြတ်(ဆွ)က အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးတွင်
အို..မွေးမြူဖန်ဆင်းတော်မူသောအရှင် ကျွန်တော်မျိုးအား အသက်ရှင်လျက် နေထိုင်သည့်ကာလနှင့်
ကွယ်လွန်သေဆုံးသည့် ကာလတို့တွင် ဆင်းရဲနွမ်းပါးသည့်အခြေအနေဖြင့် ထားတော်မှုပါ နောင်တမလွန်တွင် ရှင်ပြန်ထရမည့်အခါတွင်လည်း ဆင်းရဲနွမ်းပါးသူများထဲမှ ကျွန်တော်မျိုးအား ပြန်လည်ရှင်ပြန်ထစေတော်မှုပါ
ဟုဆုတောင်းတော်မှုခဲ့၏။ ( အစ်ဗ်နု မာဂျဟ်ကျမ်း၊ ဟာကင်မ်ကျမ်း )

၁၈။ မိမိကသာသနာ့စကားရပ်တစ်ခုခု သာသနာ့အသိပညာတစ်ခုခု ပိုချပေးနိုင်မည့် ပုဂ္ဂိုလ်အနီးတွင် အတက်နိုင်ဆုံးထိုင်ပါ။
သို့မဟုတ် မိမိကသာသနာ့စကားရပ်တစ်ခုခု သာသနာ့ပညာတစ်ရပ်ရပ်ကို သင်ယူဆည်းပူနိုင်မည့်ပုဂ္ဂိုလ်အနီးတွင်ထိုင်ပါ။
ဆိုလိုသည်မှာ သာသနာ့အကျိုးကိုရှေးရှု၍ သာသနာကိုဖြန့်ဖြူသူ သို့မဟုတ် ဆည်းပူးသူအဖြစ် ရပ်တည်ပါ။
အလ္လာဟ်အရှင်မြတ်အား မေ့လျော့နေသူများနှင့် ဝေးဝေးနေပါ အကြောင်းမှာ တမန်တော်မြတ်(ဆွ)က
မကောင်းသော်မိတ်ဆွေ၊ မကောင်းသော်အပေါင်းအသင်းနှင့်အတူ နေထိုင်ခြင်းထက် တစ်ဦးချင်နေခြင်ကသာ၍မြတ်၏။
တစ်ဖန် တစ်ဦးတည်းနေထိုင်ခြင်းထက် မိတ်ဆွေကောင်း သူတော်ကောင်းနှင့် နေထိုင်ခြင်းက သာ၍မြတ်၏။
ဟု မိန့်တော်မူခဲ့၏။ ( ဗိုင်ဟကီကျမ်း )

၁၉။ မွတ်စလင်မ်ညီနောင်တစ်ဦး နာမကျန်းဖြစ်သည့်အခါ ၎င်းလူမမာထံ သွားမေးကြကုန်။ မွတ်စလင်မ်ညီနောင်တစ်ဦး
ကွယ်လွန်သေဆုံးသွာပါက ၎င်း၏ ဂျနာဇဟ် ဈပနနှင့်အတူ သုတန်သို့ လိုက်ပါပို့ဆောင်ခြင်း ထိုနောက် ရံဖန်ရံခါ
သုသာန်သို့သွား၍၎င်းအတွက်ဆဝါးဗ်ပို့ခြင်း မဂ်ဖိရသ်လွတ်ငြိမ်းချမ်းသာခွင့် တောင်ခံပေးခြင်း ရဟ်မသ်ကရုဏာတော်ကို
၎င်းးအတွက်တောင်ခံပေးခြင်း စသည့်ကောင်းမှုကုသိုလ်များ ပွားများသင့်ပေသည်။

၂၀။ မွတ်စလင်မ်တစ်ဦးဦးက နှာချေ၍ အလ်ဟမ်ဒု လစ်လ္လာဟ်၊ ဟုဆိုသည်ကိုကြားလျှင် မိမိက၎င်းအား ယရ်ဟမု ကလ္လာဟ်။
ဟုဖြေပေးရမည်။ အကယ်၍ မွတ်စလင်မ်တစ်ဦးဦးက မိမိထံလာရောက်၍ အကြံဥာဏ်ရယူလိုပါက ကောင်းသည့်
အကြံဥာဏ်များကို ပေးရမည်။

ဘာသာပြန်ဆိုသူ.....မွဖ်သီနူးရ်မုဟမ္မဒ်...
သာသနာ့ အသိတရားပြန့်ပွားစေရန် အဆင့်ဆင့်မျှယူမျှဝေဖြန့်ချိခြင်းဖြင့် ကုသိုလ်ရယူကြပါ။
ခင်မင်စွာဖြင့်.....

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, April 02, 2011

ဂျန္နတ်သုခဘုံသို့သွားရောက်ခွင့်ရရှိသော စွာဟာဗီ (၁၀)ပါး၏ အမည်စာရင်း

ဂျန္နတ်သုခဘုံသို့သွားရောက်ခွင့်ရရှိသော စွာဟာဗီ (၁၀)ပါး၏ အမည်စာရင်း
            အလ္လာဟ်  အ ရှင်မြတ်နှင့် တမန်တော်မြတ်၏  ကျေနပ်နှစ်သက်မှုကို  ရရှိထားသောအောက်ပါ စွာဟာဗီ(၁၀)ပါးသည်
ဂျန္နတ်သို့ဝင်ခွင့်ရရှိမည်ဟု ဂျန္နတီ(သုခဘုံသား)အဖြစ် ဒွန္နီယာ လောက မှာသက်ရှိထင်ရှားရှိ နေစဉ်ကပင် ဂျန္နတ်-ဝင်ခွင့်လက်မှတ်
( Paradise-certificate) ကိုရရှိခဲ့ ကြောင်း၊ ၎င်းတို့၏အမည်စာရင်းကို ကြိုတင်၍ တမန်တော်မြတ်ကသတင်းထူးရရှိသူမျာအဖြစ်
ကျေညာခဲ့ပါသည်။၎င်းတို့၏အမည်စာရင်းမှာ-
၁။----ဟဇရတ် အဘူဘက္ကရ် စိဒ္ဒိက် ရဇီယလ္လာဟူအန်ဟူ
၂ ။--ဟဇရတ် အူမရ်  ရဇီယလ္လာဟူအန်ဟူ

၃ ။--ဟဇရတ် အွစ္စမန် ရဇီယလ္လာဟူအန်ဟူ
၎ ။--ဟဇရတ် အာလီ ရဇီယလ္လာဟူအန်ဟူ
၅  ။--ဟဇရတ် တွလ်ဟ ရဇီယလ္လာဟူအန်ဟူ
၆ ။--ဟဇရတ် ဇူဗိုင်ရ် ရဇီယလ္လာဟူအန်ဟူ
၇ ။--ဟဇရတ် စအဒ် ဘင် မာအဇ် ရဇီယလ္လာဟူအန်ဟူ
၈ ။--ဟဇရတ် စအီဒ်  ရဇီယလ္လာဟူအန်ဟူ
၉ ။-ဟဇရတ် အဗ္ဗဒွရ်ရဟမာန် ဘင် အောဝ်ဖ် ရဇီယလ္လာဟူအန်ဟူ
၁၀ ။-ဟဇရတ် အူဗိုင်ဒါဘင် ဂျာရဟ် ရဇီယလ္လာဟူအန်ဟူ
       စသည့် စွာဟာဗီ(၁၀)ပါးသည်  ဂျန္နတ်သို့ဝင်ခွင့် ရရှိသော စွာဟာဗီများ ဖြစပ်ါသည်။ ဗဟုသုတအဖြစ်တင်ပြပါသည်။
(မှတ်ချက်။   ။Ref:အစ္စလာမ်ကိုဖျက်စီးနေကြသည်စလ်ဖီးတို့၏အကြောင်း(မူလရေး   ၁။-ရွိက္မူဟမၼဒ္စအီးဒ္ရာမ္ဘူတီ(အရဘီလူမ်ဳိး)
၂။-အူရ်ဒူဘာသာပြန်-မော်လနာမူဟမ္မဒ်အာရိဖ်(ဒါရုလ်အူလူမ်ေးယိုဘန်-ဆရာ၊
  ၃။-မြန်မာဘာသာပြန်-မော်လနာအိလ်ယာစ်)
စာအုပ်၏နောက်ဆုံးစာမျက်နှာ နှင့်ကျော့မျက်ာဖုံး)
 ဟရှရ်နေ့အရ်ရှပလ္လင်အောက်တွင်အရိပ်ခိုလှုံခွင့်ရမည့်လူ(၇)မျို
          ကိယာမတ်နေ့တွင် ဟရှရ်ကွင်းပြင်၌မည်သည့်အရိပ်အာဝါသများရှိမည် မဟုတ်ပေ။နေပူကျဲကျဲ(ရဲရဲတောက်ပူနေ
သောကွင်းပြင်၌)အလ္လာဟ်အရှင်မြတ်၏အရ်ရှ ပလ္လင်အရိပ်အာဝါတစ်မျိုးသာရှိမည်ဖြစ်သည်။အခြားမည်သည့်အရိပ်အဝါသ
မျှရှိမည်မဟုတ်ပေ။ထိုနေ့တွင်အောက်ပါ(၇)မျိုးသောသူများ ကအလ္လာအရှင်မြတ်၏အရ်ရှပလ္လင် အရိပ်အာဝါသအောက်တွင်
အရိပ်ခိုလှုံခွင့်ပြုမည်ဖြစ်ကြောင်း တမန်တော်မြတ်ကမိန့်ကြာတော်မူပါသည်။၎င်းတို့မှာ------
၁။----တရားမျှတစွာအုပ်ချုပ်သောမင်း။
၂။----နုပျိုသောလူငယ်ရွယ်ကာလ၌အလ္လာအရှင်မြတ်၏အီဗာဒတ်ပြုလုပ်သောလူငယ်။
၃။----ပလီကျောငသ်တော်၌အီဗါဒတ်အတွက်အမြဲစွဲလန်းနေသူ။
၎။----အလ္လအရှင်မြတ်ကိုအကြောင်းပြု၍အချင်းချင်း ချစ်ခင်ခြင်း၊အချင်းချင်းစည်းရုံးခြင်း၊
        ဘာသာတရားကြောင်းအရ မတိုက်ဆိုင်၍အချင်းချင်းလမ်းခွဲ ခြင်းပြုလုပ်ခဲ့သောသူ
၅။----အမျိုးသမီးတစ်ယောက် မိမိဖက်သို့နေကာဟ်မပိုင်ဘဲအပျော်အပါးကျူးလွန်ရန် ဆွဲဆောင်သော်လည်း          
         အလ္လာအရှင်မြတ်ကိုကြောက်၍ ငြင်းပယ်ခဲ့သောသူ
၆။----လက်တစ်ဖြင့်လျှူဒန်းသည်ကိုအခြားလက်တစ်ဖက်က မသိအောင်(တစ်နည်းအားဖြင့်လျှို့ဝှက်စွာ)လျှူဒန်းသူ
၇။----တကိုယ်တည်းဖြစ်သောအရှင်မြတ်အားသတိရလျက် မျက်ရည်ယိုစီးသူ
        မျက်ရည်ယိုစီးခြင်းဟူသည်သိလျက်နှင့်မိမိပြုလုပ်ခဲ့သော အပြစ်ဂိုနားဒုစရိုက်အတွက်တွေးတောစဉ်းစားပြီးသတိရကာငိုယိုသောမျက်ရည်ဖြစ်၏။်အလ္လာဟ်အရှင်မြတ်အားအလွန်မက်မောစွာ သတိရပြီးစိတ်မထိန်းနိုင်သောမျက်ရည်လည်းဖြစ်၏
မှတ်ချက်။  ။Ref:မော်လနာ ဇကရီးယား(ရဟ်မတွလ်အလိုက်ဟေ)ရေး  ဖဇအေလေ ဇိကိရ် အပိုင်း  ၁၆ ၊
မြန်မာဘာသာပြန်
။    ။မော်လနာဇကရီးယား မြန်မာဘာသဘပြန်စာအုပ်၏ အပိုင်း ၁၆ ၊စာမျက်နှာ   ၆၂)

မှတ်ချက်။        ။ အမှားတွေ့ရှိပါက အမှားပြင်ပေးနိုင်ပါရန် kotinmaung2010@gmail.com သို့အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံပါသည်။ကိုတင်မောင်မှမျှဝေပါသည်။    

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, March 26, 2011

ကွရ်အာန်ထဲက သူတော်စင်လုက်မားန် သခင်ကြီး မိမိသားတော်အားဆုံးမခဲ့သည့် ရွှေစကားများ

၇၈၆
ကွရ်အာန်ထဲက သူတော်စင်လုက်မားန် သခင်ကြီး
မိမိသားတော်အားဆုံးမခဲ့သည့် ရွှေစကားများ


၁။-----အိုချစ်သား သင်သည် စိတ်ကြီးဝင်ခြင်းနှင့်မာန်မာန ထောင်လွှားခြင်းရှောင်ကြည်ပါ။
၂။-----အိုချစ်သား သင်သည် ယဉ်ကျေးသိမ်မွေ့သော ပြောဆို ဆက်ဆံမှုကို ကျင့်သုံးပါ။
၃။-----အိုချစ်သား သင်သည် လောကစည်းစိမ်ကို လိုအပ်သည့်အတိုင်းအတာနှင့်သာ ရောင့်ရဲတင်းတိမ်ပါ။
၎။-----အိုချစ်သား သင်သည် မာနထက် ရိုကျိုးမှုကို မွန်မြတ်သည်ဟုမှတ်ယူပါ။
၅။-----အိုချစ်သား သင်သည် မိမိကိုယ်ကိုမိမိ နှိမ့်ချသူ အဖြစ်သာပြုမူနေထိုင်ပါ။
၆။-----အိုချစ်သား သင်သည် စကားပြောဆိုဆက်ဆံရာတွင် ဆင်ခြင်မြော်မြင်တွေးခေါ်ပြီးပြောဆိုဆက်ဆံပါ။
၇။-----အိုချစ်သား သင်သည် မိမိလိုအပ်ချက်အပေါ် တစ်ပါးသူတို့အား အတင်းအမ္မစေခိုင်းမှုကို ရွံရှာမုန်းတီးပါ။
၈။-----အိုချစ်သား မိမိတစ်တယောက်ကသာ ပိုနေမှုအပေါ်မနာလိုဝန်တိုမှုမရှိဘဲပျော်ရွှင်ကျေနပ်စွာပင် ကြည်ဖြူမှုကိုသာခံယူပါ။
၉။-----အိုချစ်သား သင့်ထံ၌လိုအပ်သည်ထက်ပိုလျှံနေသောဥစ္စာပစ္စည်းများကိုအလ္လာအရှင်မြတ်လမ်းပေါ်၌သုံးစွဲခဲ့ပါ။
၁၀။-----အိုချစ်သား တပါးသူ၏ မပြောပြလောက်သော ကျေးဇူးပြုခြင်းကို ကြီးမားလှသည်ဟု ယူဆကာ  မိမိ၏ ကြီးမားလှသော ကျေးဇူးပြုခြင်းကို နည်းပါးလှသည်ဟု တွေးမြင်ယူဆပါ။

၁၁။-----အိုချစ်သား သင်သည် အလ္လာအရှင်မြတ်အား တုဖက်နိုင်း ခြင်းမှ ရှောင်ကြဉ်ပါ။
၁၂။-----အိုချစ်သား သင်သည် ကောင်းရာ ညွှန်ကြား၍ မကောင်းမှုကို တားမြစ်ပါ။
၁၃။-----အိုချစ်သား သင့်ထံဆိုက်ရောက်လာသမျှသော ဒုက္ခများအပေါ် သည်းခံမျိုသိပ်ခြင်းတရားကိုမွေးမြူပါ။
၁၄။-----အိုချစ်သား သင်သည် မြေပထဝီပေါ်တွင် မောက်မာ ထောင်လွှားကာ လျှောက်လှမ်းခြင်းမှ ရှောင်ကြည်ပါ။
 

အထက်ပါဆုံးမစကားကို အောက်ပါ စူရာ လုက်မားန် ထဲက
အာယာတ်တော် (၁၃ မှ ၁၉) ထိ တွဲဖက်တင်ပြခြင်း
31@13
         ၎င်းပြင် တစ်ရံရောအခါဝယ် လွတ်က်မာန်သည် မိမိသားကို ဆုံးမသြ၀ါဒပေးရာ၌(ဤ)သို့ ပြောကြားခဲ့လေ၏။ အို-ချစ်သား၊အသင်သည် (မည်သည့်တစ်စုံတစ်ရာကိုမျှပင်) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်မှုကို မပြုလေနှင့်။ (အကြောင်းမူကား)မချွတ်ဧကန်တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်) မှုသည် အမှန်ပင် ကြီးလေးလှစွသောမတရား မှု ဖြစ်သောကြောင့်တည်း။
 31@14
       ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည်မနုဿ လူသားအား ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ (ဤသို့)လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှုကို ခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏။ ထိုမှတစ်ပါးနှစ်နှစ်မြောက်သောအခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။(သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊အသင်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျေးဇူးတင်လော့၊(အသင်လူသား၏) ပြန်လည်ရာဌာနသည် ငါ အရှင်မြတ်အထံတော်၌ပင် ဖြစ်လေသည်။
31@15
        သို့ရာတွင် အကယ်၍သာ ထိုမိဘနှစ်ပါးတို့သည် အသင်၌ သက်သေအထောက်အထား အသိပညာတစ်စုံတစ်ရာမရှိသောအရာတစ်ခုခုကို ငါအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ရန် အသင့်အား အနိုင်အထက်ပြုခဲ့ကြသည်ရှိသော် အသင်သည် ထိုမိဘနှစ်ပါး၏အမိန့်ကိုပင် မလိုက်နာလေနှင့်။ သို့ရာတွင် အသင်သည် ဤလောကီဘ၀၌မူ ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာဆက်ဆံလော့။
ထိုမှတစ်ပါးအသင်သည် ငါအရှင်မြတ်ဘက်သို့ စိတ်စေတနာ ဖြူစင်စွာပြန်လှည့်သောသူ၏ လမ်းစဉ်ကို လိုက်နာလော့။ အသင်တို့ (အားလုံး)မှာ ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လှည့်၍လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူပြုလုပ် ခဲ့ကြသည်တို့ကို အသင်တို့အားသိစေတော်မူအံ့
သတည်း။
 31@16
  အို-ချစ်သား၊ မုချဧကန် အပြုအမူတစ်စုံတစ်ရာသည် မုန်ညင်းစေ့ခန့်မျှဖြစ်ပြီး၊ ကျောက်ဆောင်တစ်ခုခု၌ ရှိနေသည်ဖြစ်စေ၊ မိုးကောင်းကင်များ၌ ရှိနေသည်ဖြစ်စေ၊ ပထ၀ီမြေအတွင်း၌ရှိနေသည်ဖြစ်စေ၊အလ္လာဟ်

အရှင်မြတ်သည် ယင်းအပြုအမူကို (ရှေ့တော်မှောက်ဝယ်) အသင့်ရောက်စေတော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် နက်နဲသိမ်မွေ့သောအရာတို့ကို အလွန်တရာသိမြင်တော်မူသောအရှင်၊ အလွန်တရာ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။
 31@17
  အို-ချစ်သား၊ အသင်သည် ‘ဆွလာတ်’ ၀တ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် အသင်သည် (သူတပါးတို့အားလည်း) ကောင်းမှု(ပြုလုပ်ကြရန်)နှင့်စပ်လျဉ်း၍ အမိန့်ပေးပါလေ။ ထို့ပြင် အသင်သည် မကောင်းမှုမှ(ကြဉ်ရှောင်ကြရန်)တားမြစ်ပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိ၌ သက်ရောက်အံ့သော ဘေးဒုက္ခနှင့်စပ်လျဉ်း၍ ကြံ့ခိုင်စွာရှိပါလေ။ ဧကန်မလွဲ ဤ(ကြံ့ခိုင်စွာရှိခြင်း)သည် ဇွဲသတ္တိနှင့်သက်ဆိုင်

သောအမှုကိစ္စတို့အနက်မှပင် ဖြစ်ချေသည်။
 31@18
  ၎င်းပြင် (အို-ချစ်သား) အသင်သည် လူတို့ရှေ့ဝယ် မိမိမျက်နှာကို စူ၍မထားလေနှင့်။ (လူတို့ဘက်မှ မိမိမျက်နှာကို မလွှဲပါလေနှင့်၊) ထို့ပြင် အသင်သည် ပထ၀ီမြေ၀ယ်မော်ကြွားလျက်လမ်းမလျှောက်

လေနှင့်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မည်သည့်စိတ် နေမြင့်သူ၊ အထင်ကြီးသူ၊ ၀ါကြွားသူ၊ ဂုဏ်မောက်သူ တို့ကို နှစ်သက်တော်မူသည်မဟုတ်ပေ။
  31@19
  ထို့ပြင် အသင်သည် မိမိလမ်းလျှောက်မှု၌အလယ်အလတ်ပြုလုပ်ပါလေ။ ဣနြေ္ဒစောင့်စည်းပါလေ။ထိုမှတစ်ပါး အသင်သည် မိမိအသံကို နှိမ့်ချပါလေ။ မလွဲဧကန်စက်ဆုပ်ဖွယ်အဖြစ်ဆုံး အသံကား မြည်း သတ္တ၀ါတို့၏အသံပင်ဖြစ်ခေသေတည်း။



  မှတ်ချက်။        ။ အမှားတွေ့ရှိပါက အမှားပြင်ပေးနိုင်ပါရန် kotinmaung2010@gmail.com သို့အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံပါသည်။ကိုတင်မောင်မှမျှဝေပါသည်။    

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, March 12, 2011

တမန်တော်မြတ်(ဆွ)၏ ထူးခြားသော ဂုဏ်ထူးဝိသေသများ=အပိုင်း-၁

တမန်တော်မြတ်(ဆွ)လောကသို့ မကြွမြန်းလာမီ အလျှင် ချီးမြှူင့်ခဲ့သည့် ထူးခြားချက်များ။

တမန်တော်မြတ်(ဆွ)အားချီးမြှူင့်ခဲ့သည့် ထူးခြားချက် မြောက်များစွာရှိပါသည် အချို့သော အချက်များကို ဖေါ်ပြလိုက်ပါသည်။



၁။ ကျမ်းမြတ်ကုရ်အာန်၏ အလျှင်ကျရောက်ခဲ့သော ကောင်းကင်ကျကျမ်းများ၌ တမန်တော်မြတ်(ဆွ) ပွင့်ပေါ်မည့် မင်္ဂလာသတင်း ပါရှိပါသည်။( ကြည့်- နရှ်ရုသ်တွီးဗ် ၊စာ -၁၈၄ )သမိုင်းနောက်ခံ အစ္စလာမ် ဗဟုသုတစွယ်စုံ(စာ-၁၅၄-၁၅၅)


တမန်တော်မြတ်(ဆွ) မီးရှုးသန့်စင် ဖွားမြင်တော်မူပြီးနောက် ချီးမြှူင့် ခြင်ခံခဲ့ရသည် အချို့သော ထူးခြားချက်များသည်။

၁။ ဖွားမြင်ချိန်တွင် တမန်တော်မြတ်(ဆွ)၏ ကိုယ်ခန္ဓာသည် အညစ်အကြေးမျာမှ သန်ရှင်းစင်ကြယ်နေခြင်း၊

၂။ တမန်တော်မြတ်(ဆွ)မွေးဖွားလာသောအခါ စ(ပ်)ဂ်ျဒဟ် ပြုနေသော ပုံစံဖြင့် လက်ညိုးကို ကောင်းကင်ထက်သို့
ထောင်လျှက် မွေးဖွားလာခြင်း။

၃။ တမန်တော်မြတ်(ဆွ)မွေးဖွားချိန်၌ မိခင်မှ ရောင်ခြည်တော် တစ်ခုကိုမြင်တွေ့ခြင်းနှင့် ၎င်းရောင်ခြည်တော်တွင်းမှ
ကစ်ရာ ၏ အဆောက်အအုံများကို မြင်တွေ့ခြင်း။

၎။ ပုခက်ကို ကောင်းကင်တမန်တော်များက လွှဲပေးခြင်။

၅။ ပုခက်တွင်း၌ စကားပြောခြင်း(ဤပဉ္စမအချက်သည် အခြားတမန်တော်များ၏ ထူးခြားချက်လည်းဖြစ်ပါသည်။

၆။ ပုခက်တွင်း၌ ကောင်းကင်တမန်တော်များကို လက်ညှိုးဖြင့် ညွတ်ပြခြင်း၊စန္ဒာလမင်းသည် တမန်တော်မြတ်(ဆွ)ရှိရာသို့ တိမ်းညွတ် သွားခြင်း။

၇။ မိမိ၏ရှေ့မှ မြင်တွေ့နိုင်သကဲ့သို့ ကျောဘက်မှလည်း မြင်တွေ့နိုင်ခြင်း၊

၈။ ရေငံထဲတွင် တံတွေးထွေးသော် ရေသည် ချိုမြသွားခြင်း၊

၉။ နို့စို့ကလေး၏ ပါးစပ်တွင်းသို့ တမန်တော်မြတ်(ဆွ)၏ တံတွေး ထည့်ပေးလျှင် ကလေးသည် ဗိုက် မဆာတော့ခြင်းနှင့်
နို့ည် ကို မတောင့်တတော့ခြင်း။

၁၀။ တမန်တော်မြတ်(ဆွ)၏ ဂျိုင်းတော်၌ အမွေးအမြင်များ မပေါက်ခြင်းနှင့် ဖြူစင်ဝင်းလက်နေခြင်း၊

၁၁။ တမန်တော်မြတ်(ဆွ)အသံသည် အဝေးသို့ ရောက်နိုင်ခြင်း၊ အခြားသူများ၏ အသံသည် တမန်တော်မြတ်(ဆွ)၏ အသံရောက်ရှိမှု အကွာအဝေး၏ ၁၀ ပုံ ၁ ပုံ ခန့်မျှပင် မရောက်နိုင်ပေ။

၁၂။ အခြားသူများ မကြားနိုင်သောနေရာ(အကွာအဝေး)မှ တမန်တော်မြတ်(ဆွ)ကြားနိုင်ခြင်း။

၁၃။ သက်တမ်းတစ်လျှောက်လုံး သမ်းဝေမှု မရှိခဲ့ခြင်း၊

၁၄။ သက်တမ်းတစ်လျှောက်လုံး အိပ်မက်ကြောင့် ရေချိုးရန် တာဝန် မ ဖြစ်ခဲ့ခြင်း၊

၁၅။ တမန်တော်မြတ်(ဆွ)၏ချွေးသည် ကတိုးနံ့သာထက် ပို၍ မွှေးကြိုင်ခြင်း၊

၁၆။ တမန်တော်မြတ်(ဆွ)စွန့်သော အပေါ့အပါးနှင့် အလေးအခင်းတို့ကို မြေပထဝီသည် အစွန်းအထင်း(အကွက်)မျှပင်မကျန်အောင် စုပ်ယူလိုက်ခြင်း။

၁၇။ နေပူထဲ၌ လမ်းလျှောက်ချိန်တွင် မိုးသားမျာမှ အရိပ်မိုးပေးခြင်း၊

၁၈။ သစ်ပင် တစ်ပင်ပင်၏ အောက်တွင် ထိုင်သည်ရှိသော် သစ်ပင်သည် တမန်တော်မြတ်(ဆွ)ဘက်သို့ တိမ်းညွတ်သွားခြင်း၊

၁၉။ တမန်တော်မြတ်(ဆွ)၏ အရိပ် မထွက်ခြင်း၊

၂၀။ တမန်တော်မြတ်(ဆွ)၏ အဝတ်အစားများပေါ်သို့ ယင်ကောင်းများ မနာခြင်း၊

၂၁။ တမန်တော်မြတ်(ဆွ)စီးနင်လျှက်ရှိစဉ် အစီနင်း(တိရစ္ဆာသည် မစင်မစွန့်ခြင်း၊

၂၂။ မေအ့်ရာဂ်ျ ကောင်းကင်ဘုံနန်းခရီးသို့ ကြွရောက်လည်ပတ်ခြင်း၊


၂၃။ ကောင်းကင်တမန်တော်များသည် စစ်မြေပြင်တွင် အစ္စလာမ် စစ်တပ်နှင့်အတူ စစ်ပွဲ၌ ပါဝင်ဆင်နွယ်၍
တမန်တော်မြတ်(ဆွ)အားပံ့ပိုးကူညီခဲ့ခြင်း၊

၂၄။ လစန္ဒာ နှစ်ခြမ်းကွဲသွားခြင်း၊


၂၅။ ကမ္ဘာမြေပြင်တစ်ခုလုံးကို တမန်တော်မြတ်(ဆွ)အတွက် ဝတ်ပြုရန်နေရာ အဖြစ်သတ်မှတ်ပြုပေးခြင်း၊

၂၆။ သက်တမ်းတစ်လျှောက်လုံး တမန်တော်မြတ်(ဆွ)၏အရှက် အင်္ဂါကို မမြင်ရခြင်း၊

၂၇။ အဖန်ဆင်ခံများ အားလုံးထက် တမန်တော်မြတ်(ဆွ)သည်အမွန်မြတ်ဆုံးဖြသ်ခြင်း၊

၂၈။ တမန်တော်မြတ်(ဆွ)အတွက် သုံ့ပန်းပစ္စည်း ဟလာလ် ဖြစ်ခြင်း၊

၂၉။ တမန်တော်မြတ်(ဆွ)သည် ကောင်ကင်တမန်တော် ဂျီဗ်ရာ အီးလ်(အ)အား ၎င်း၏ ရုပ်ဆင်းသဏ္ဏန် အစစ်အမှန်ဖြင့်
မြင်တွေ့ရခြင်း၊

၃၀။ အိပ်စက်ချိန်တွင် မျက်လုံးများစာအိပ်စက်၍ စိတ်အစဉ်သည် နိုးကြားလျှက်ရှိနေခြင်း ဤအချက်သည် တမန်တော်များ
အားလုံး၏ထူးခြားချက်ဖြစ်၏။(သပ်ဖ်စီရေ အဇီဇီး၊အစောင်-၃၊စာ-၂၁၈)

၃၁။ နက္ခဗေဒင်များ ရပ်တန့် ပြတ်တောက်သွားခြင်း၊


၃၂။ အဇန်နှင့် အေကာမသ် တို့တွင် တမန်တော်မြတ်(ဆွ)၏နာမတော်ပါရှိခြင်း၊

၃၃။ စာသားအရသော်လည်းကောင်း အဓိပ္ပါယ်အရသော်လည်းကောင်း ပြောင်းလဲမှုမှ ထိန်းသိမ်း စောက့်ရှောက်ထားရှိမှုအရသော်လည်ကောင်း အာရုံ(မပြောင်းလဲနိုင်အောင်)မှတ်နိုင်မှုအရသော်လည်းကောင်း အဖက်ဖက်မှ
မုအ်ဂျိဇဟ် တန်ခိုးတော် ရှိသောကျမ်းတော်မြတ် ကုရ်အာန်ကို ရရှိခြင်း(ချီးမြုင့်ခံရခြင်း၊

၃၄။ ဆွဒကဟ်သည် တမန်တော်မြတ်(ဆွ)အတွက် ဟရာမ်ဖြစ်ခြင်း၊


၃၅။ တမန်တော်မြတ်(ဆွ)၏ကြင်ရာတော်များသည် အွမ္မသ်သားများအတွက် ရာသက်ပန် ဟရာမ်ဖြစ်ခြင်း၊

၃၆။ ဝေးလံသော နေရာမှပင် တမန်တော်မြတ်(ဆွ)၏ အရှိန်အဝါသည် ရန်သူများအပေါ်သို့ ကျရောက်ခြင်း၊

၃၇။ တမန်တော်မြတ်(ဆွ)သည် စကားလုံး နည်းနည်းဖြင့် အဓိပ္ပါယ်အလိုသဘေည ပြည့်စုံမှု ကိုချီးမြုင့်ခံရခြင်း၊

၃၈။ လူသားအားလုံး၏ တမန်တော် အဖြစ်စေလွှတ်ခံရခြင်း၊

၃၉။ တမန်တော်မြတ်(ဆွ)ဖြင့် နဗူဝသ် အဆုံးသတ်သွားခြင်း(သို့မဟုတ်) တမန်တော်မြတ်(ဆွ)သည်နောက်ဆုံး တမန်တော်ဖြစ်ခြင်း၊

၄၀။ တမန်တော်မြတ်(ဆွ)၏ အွမ္မသ်သားများသည် အခြားသောတမန်တော်များ၏ အွမ္မသ်သားများ အရေအတွက်ထက်
များပြားဖြစ်ခြင်း၊ တို့ဖြစ်ကြသည်။

ကြည့်( နရှ်ရုသ်တွီးဖ်၊ စာ-၁၈၄ )သမိုင်းနောက်ခံ အစ္စလာမ် ဗဟုသုတစွယ်စုံ(စာ-၁၅၅-မှ-၁၅၈ )

စလာမ် ဦးစွာပထမအနေနဲ့အလ္လာဟ်ဟူအရှင်မြတ်ကျွန်တော်တို့အားလုံးကို သနားကြင်နာတော်မူပါစေ ။ ဟီဒါးယဟ်တရားလမ်းမှန်ကိုချီးမြှင့်ပေးသနားတော်မူပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဟုတ်ကဲ့ပါ အစ်ကိုအထက်ဖေါ်ပြပါပို့စ်လေးကိုတင်ပေးတဲ့အတွက် အလ္လာဟ်ဟူအရှင်မြတ်ဂျန္နသ်ကိုအစားပေးသနားတော်မူပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အထက်ဖေါ်ပြပါပို့စ်တွင်တင်ပြချက်များအနက် အချို့အချက်လေးတွေက ခိုင်လုံသေားအထောက်အထားမရှိသည်ကိုကျွန်တော် လေ့လာတွေ့ရှိမိပါတယ်``၎င်းတို့မှာ


၁။ အာလေမေအရ်ဝါဟ်(ဝိညဉ်လောက) တွင်အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)၏ နူးရ် ဝိညဉ်တော်ကို ဖန်ဆင်းခဲ့သည်။
၂။ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ) အား နဗူဝသ် ဘွဲ့ထူးကို ချီးမြှူင့်ခဲ့ပါသည်။
၃။ တမန်တော်မြတ်(ဆွ)၏ နာမတ်ာကို အရ်ရှ် ပလ္လင် တော်၌ ရေးသားထားသည်။
၎။ ဝိညဉ် လောကတွင် ပဋိညဉ်ပြု (သစွာတော်ယူသည့်)အချိန်၌ အလ္လာဟ်အရှင်မြတ်က ငါ အရှင်မြတ်သည် သင်တို့အား မွေးမြူတော်မူသောအသျှင်မဟုတ်ဘူးလား ဟုမေးမြန်းတော်မူရာ အားလုံးထက်အလျှင် တမန်တော်မြတ်(ဆွ)၏ ဝိညဉ်က
ဘာကြောင့် မဟုတ်ရမည်နည်း မုချဟုတ်ပါသည် ဟုဖြေကြားတော်မူခဲ့၏။
၅။ တမန်တော်မြတ်(ဆွ)အား ဖန်ဆင်းမည့် ရည်ရွယ်ချက်ဖြင့် ကမ္ဘာလောကကြီးကို ဖန်ဆင်းခဲ့သည်။
၂၃။ အလ္လာဟ်အသျှင်မြတ်အား ဖူးမြော်ခဲ့ရခြင်း၊


အထက်ဖေါ်ပြပါ အချက်များသည်ကုရ်အာန်စစ်မှန်သောဟဒီသ်တော်အထောက်အထား၌မပါရှိသဖြင့် ဖျက်သိမ်းပေးစေလိုပါသည် ကျန်အချက်များမှာ မှန်ကန်မှုရှိသည်ကိုဒွိဟသံသယမရှိကြောင်းပြောကြားရင်းကျွန်တော်တို့အားလုံးကို အလ္လာဟ်အရှင်မြတ် ဂျန္နသ်ကိုချီးမြင့်ပေးသနားတော်မူပါစေ အာမီးန်။


ဒုတိယပိုင်း မှာ တမန်တော်မြတ်(ဆွ)အား ကေယာမသ် နေ့တွင် ချီးမြှင့်တော်မူမည့် ဂုဏ်ထူးဝိသေသများ။
ငြိမ်းချမ်းရေးနှလုံးသား!

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Thursday, March 10, 2011

သောကပြဿနာ

မိတ်ဆွေ
သောကဆိုးတာ အမျိုးမျိုး အစားစားရှိရာ ယင်းတို့ကို သေချာစွာ စုံစမ်းစိစစ်ဝေဖန်မှသာလျှင်။ ယင်းတို့အကြောင်းဇာစ်မြစ်ကို သိနိုင်ပေမည်။ အနာရှိမှလည်း ဆေးသိနိုင်မည် မဟုတ်လာ။ ပထမ အကြောင်းစုံ ရှာဖွေပါ၊ ဒုတိယ ရသမျှ အကြောင်းများကိုခွဲခြားဝေဖန်၊ တတိယ ဆုံးဖြတ်ချက်ချ၊ ချပြီလုပ်။ သောကဖြစ်ရခြင်း အကြောင်းရင်းတစ်ခုမှာ
နဝေတိမ်တောင် ဖြစ်နေရခြင်းပေတည်း။ မရေမရာမသေချာ ကောင်းစွာ နားမလည်ဖြစ်သောကြောင့် အခြောက်တိုက်ပူပန်မှု
ဖြစ်ရတတ်သည်။ အကယ်၍သာ သောကကို ဖြုန်းခနဲ မဖြစ်စေဘဲ အခြေအနေမှန်ကို မသိ သိအောင်စုံစမ်း၊
အကြောင်းစုံကို အကွက်မလပ် ရှာဖွေစုဆောင်း၊ အကြောင်းစုံသိသည့်အခါ၌မှု သောကမှာ ဖြစ်ချင်သည်ဆိုသော်လည်း
မဖြစ်တော့ဘဲ ပြေပျောက်သွားတတ်သည်။
လူတစ်ဦးတစ်ယောက်သည် ပြဿနာ တစ်ခုခုအတွက် အကြောင်းစုံကို ရှာဖွေစုံစမ်းရာ၌ စိတ်ဝင်စား၍ ကြိုတင်ဆုံးဖြစ်ချက်မရဘဲ
အရင်းအတိုင်းသာ စုံစမ်းပါလျှင် ထိုပြဿနာအတွက် သောကပေါ်ပေါက်ရန် အကြောင်းလမ်းများ ပေါ်ပေါက်တော့မည် မဟုတ်ချေ
ကျွန်ုပ်တို့တစ်တွေ၌ အကျင့်ဆိုးတစ်ခုရှိသည် ယင်းသည်ကား အကြောင်း တစ်ခုခုကို စုံစုံလင်လင် မသိခင်က ကိုယ်ထင်ရာကိုယ်
ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်ဖြစ်သည်။ ဆုံးဖြတ်ချတ်ကို အရင်ဆုံးချပြီးမှ ထိုဆုံးဖြတ်ချက်ကို ထောက်ပံ့မည့် အချက်အလက်များကိုသာ ရှာဖွေစုံစမ်းလေသည်။ ထိုဆုံးဖြတ်ချက်ကို မှားသည်ဟုညွှန်ပြမည့်အချက်များကိုမှု မည်မျှပင် ထင်ရှားစေဦးတော့ ပစ်ပယ်၍ ငါ့စကား နွားရ သဘောမျိုး ထားတတ်သည်။ အကယ်၍သာ အကြောင်းတစ်ခုခုကို
အချက်အလက် စုံစုံလင်လင် သိပြီးမှ ဆုံးဖြတ်ချက်ချလျှင် ပူပန်စရာလည်း မလို၊ မှားစရာ အကြောင်းလည်းမရှိ၊
ပြဿနာသည် သူ့ဘာသာသူ ဖြေရှင်းပြီးသား ဖြစ်တက်ပေသည်။
သောကဖြစ်လာသည့်အခါမျိုး၌ကား သောကအကြောင်းကို ခေါင်းအေးအေးနှင့် စိစစ်ဝေဖန်ဖို့ အလွန်ခဲယဉ်းလှပေသည်။


သောကကိုဖြေရှင်း နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ သောကဖြစ်စေမည့် အကြောင်းရင်းများကို ရှာဖွေစိစစ်ရာ၌ ကျွန်ုပ်သည် ကျွန်ုပ်နှင့် မသက်ဆိုင်၊ အခြားသူတစ်ဦးအတွက်
စုံစမ်းရှာဖွေပေးရသကဲ့သို့ စိတ်ထားပြောင်းပြီး စုံစမ်းရှာဖွေလေ့ရှိပါသည်။


၂။ ကျွန်ုပ်ကို သောကပေးနေသော ပြဿနာကို စိစစ်ဝေဖန်ရာ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ အကြိုက်သို့လိုက်၍ မစုံစမ်းဘဲ
ကျွန်ုပ် မနှစ်သက်သည့်ဘက်မှနေ၍ အကြောင်းရှာဖွေ၇သည်။ ကျွန်ုပ်၏ အပြစ်ကို အထူးဂရုပြု၍ ရှာဖွေရမည်။
အမှုတစ်ခု၌ ကျွန်ုပ်ကို ကန့်ကွက်ထုချေသော ရှေ့နေအဖြစ်သဘောထား၍ စုံစမ်းရှာဖွေရမည်။


ငါ ဘာအတွက်နဲ့ သောကရောက်နေတာလဲ။


ငါ သည်ကိစ္စနဲ့ ပတ်သက်လို့ ဘာလုပ်နိုင်သလဲ။


ကျွန်တော်တို့ဖြစ်နေတဲ့ သောကနဲ့ ပတ်သက်တဲ့ အကြောင်းကို အတိအကျ ရေးချ။


အဲဒါ ငါ ဘာတတ်နိုင်သလဲဆိုတဲ့ မေးခွန်း အဖြေကိုရေးချ။


လုပ်နိုင်မယ့် နည်းလမ်းတွေထဲက ဘယ်နည်းက လိုက်မယ်ဆိုတာ အသေအချာစဉ်းစားပြီး ပိုင်ဖြတ်လိုက်။


ဆုံးဖြတ်ပြီးတဲ့နည်းအတိုင်း အမြန်ဆုံး လုပ်တော့။


ဒေးလ် ကာနက်ဂျီ ရေး၍ / တက်တိုး မြန်မာပြန်သည်။ သောကကင်းဝေးနေနိုင်ရေး
အပိုင်း ( ၂ )

 *ငြိမ်းချမ်းရေးနှလုံးသား*

 

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Wednesday, March 09, 2011

ဒေါက်တာကယ်ရယ်၏ ဟောချက် သောက၏ ဆိုးကျိုးများ

လူအချို့သည် စိတ်ကိုအစွဲပြု၍ စိတ်၏ရောဂါရောက်ရှိနိုင်တယ် စိတ်၏ ဖြစ်ထွေများကို စဉ်းစားကြည့်မယ်ဆိုးရင် ပူပင်သောကရှိခြင်း
မကျေနပ်ခြင်း ကြောက်ခြင်း အရှုံးပေးခြင်း စိတ်ပျက်ခြင်း စသည်တို့ဖြစ်သည် ထိုဖြစ်ထွေများသည် စင်စစ်အားဖြင့် သောက၏
အဆွယ်အပွားပင်ဖြစ်ချေသည်။ ဂရိတ်ပညာရှိကြီး ပလေတိုက ကိုယ်နှင့်စိတ်မှာ တွဲလျက်ရှိရာ ကိုယ်၌ဖြစ်သောရောဂါကို
ကုသရုံနှင့်ကိစ္စမပြီးသေး စိတ်၌ဖြစ်သောရောဂါကိုကုမှ ပြီးမြောက်အောင်မြင်နိုင်မည်ဟု ဆိုဖူးလေသည်။
ဆရာဝန်ကြီး ဒေါက်တာဆီစီသည် သွယ်ချာပါဒရောဂါနှင့် ပက်သက်၍ ရေးသားရာ၌ အောက်ပါအကြောင်းများကြောင့်
သွက်ချာပါဒ ဖြစ်တက်သည်ဟု ဆိုလေသည်။

၁။ အိမ်ထောင်ရေး ပျက်စီးးခြင်း
၂။ စီးပွားရေး ပျက်စီးခြင်း
၃။ အဖော်သဟ မရှိခြင်း
၎။ အငြိုးစိတ် မွေးမြူထားခြင်း
၅။ သောကထွေပြားခြင်း


အထက်ပါ အကြောင်းများသည် စင်စစ်အားဖြင့် စိတ်နှင့် သက်ဆိုင်၍ သောကမှ ဖြာထွက်လာသောအကြောင်းများ ဖြစ်တော့သည်
အိမ်ထောင်ရေး ပျက်ပြားသည့်အခါ၌ သောက ထွေပြားရသည်။ စီးပွားရေးပျက်သည့်အခါ၌လည်း ထိုသို့နှင်နှင် သောက ထွေပြားရသည်။
အဖော်သဟဲမရှိဘဲ ထီးထီးကျန်ကျန် ကြောင်တက်တက်နေရသောအခါ၌လည်း တွေးချင်းရာတွေး၊ ဆွေးချင်းရာဆွေး ဆိုသလို
သောကထွေပြားရသည်။ အငြိုးစိတ်မွေးမြူထားခြင်းမှာ သောကထွေပြားခြင်းတစ်မျိုးပင်ဖြစ်သည်။

တစ်ဦးတစ်ယောက်အပေါ်၌ စိတ်အခိုက်အလည့်မသင့်၍ ဒေါသဖြစ်ခြင်းမဟုတ်ဘဲ တွေးတွေးပြီး စိတ်နာသောက အဃာတတရားနှင့်
အငြိုးစိတ်ကို ရင့်သန်အောင်မွေးမြူခြင်းမှာမိမိ၏ အဖြစ်ကို မကျေနပ်၊ ကိုယ့်ကိုယ်ကို မလုံဖြစ်ကာ သောကထွေပြားခြင်းပင် ဖြစ်ချေသည်။
ထို့ကြောင့် သောကထွေပြားမှုသည် ကြီးစွာသောအန္တရာယ်ကိုပေးတက်ကြသည်။
သွားဘက်ဆိုင်ရာ နာမည်ကျော် ဆရာဝန်ကြီး ဒေါက်တာ မက္ကဂေါနီဂီက သောကကြောင့် သွားကျိုးလွယ်သည်ကို သတိပြုမိကြပါ
ဟုမိန့်ဆိုဖူးလေသည်။

သောကအကြောင်းနှင့် ပတ်သက်၍ သိအပ်သော အချက်များ

၁။ သောကနှင့် ကွေကင်းလိုလျှင် ဒေါက်တာ အောစလားပြောသည့် အတိုင်း တစ်နေ့စာပဲ နေပါ။ နောင်ရေးကိုတွေးပြီး လူလှိမ့်မနေပါနှင့်။
မိုးလင်းက မိုးချုပ် အိပ်ရာဝင်အထိသာနေပါ။

ဆာအော့စလား ပြောသကဲ့သို့ တစ်နေ့တစ်ခါ နေပါ
၂။ နောက်တစ်ခါများ သင့်ထံသို့ ဒုက္ခက သောင်းကျန်းသူပမှာ သေနတ်နှင့် တေ့၍ ချောင်ပိတ်ပြီး နှံမည်ဆိုလျှင် ကာရီးယာ၏ နည်းကလေးကို စမ်းကြည့်ပါ။
က။ သည်ကိစ္စမှာ ငါ ဘယ်အခြေအထိ ရောက်မလဲ ဟု အဆိုးဆုံးအခြေကို တွက်ကြည့်ပါ။
ခ။ ထို အဆိုးဆုံးအခြေအနေကို လက်ခံနိုင်အောင် ကြိုးစားပါ။
ဂ။ အဆိုးဆုံးအခြေအနေကို လက်ခံပြီး ထိုအခြေအနေမှနေ၍ တိုးတက်လာအောင် စိတ်အေးအေးကြံစည်စမ်းပါ။

ဝီလျံကာရီယား၏ သောကပျောက်ဆေး
၃။ သောကဆိုသည်မှာ အလွန်ဈေးကြီးသည်။ သောကကို ငွေနှင့်ဝယ်၍မရ။ ဥစ္စာအပေါင်းတို့ထက် အဖိုးတန်သော ကျန်းမားရေးနှင့်
ဝယ်ယူရသည်။ ထိုအချက်ကို အမြဲသတိပြုပါ။


ဒေးလ် ကာနက်ဂျီ ရေး၍ / တက်တိုး မြန်မာပြန်သည်။ သောကကင်းဝေးနေနိုင်ရေး


အခန်း ( ၃ )

ငြိမ်းချမ်းရေးနှလုံးသား

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Tuesday, March 08, 2011

သောကပျောက်ဆေး

သောကပျောက်ဆေး
မိတ်ဆွေ သောကရောက်နေလို့ ဘာမှ အကျိုးထူးမှာ မဟုတ် ကိစ္စပြီးမှာလဲမဟုတ် ကိုယ့်ကိုယ်ကို ပြန်ပြီ ဆုံးမလိုက်မယ်ဆိုရင် သောကတွေဟာ ကြက်ပျောက် ငှက်ပျောက် ပျောက်ပြီး အလုပ်ကို စိတ်ကြည်ကြည်လင်လင်နဲ့ စိတ်ဝင်စားနိုင်တာပေါ့ သောကဖျောက်နည်းက လွယ်ပါတယ် သုံးဆင့်ပဲရှိတယ်။
ပထမအဆင့်။ အခြေအနေကို မထောက်ညှာဘဲ ရှင်းရှင်းကြီး ဘွင်းဘွင်း ဝေဖန်ပြီး နောက်ဆုံး ဘယ်အခြေအနေအထိ ဆိုက်နိုင်မလဲဆိုတာ တွေးပါ။
ဒုတိယအဆင့်။ အဲသည်လို အဆိုးဆုံးအချိန်ကို သေသေချာချာတွက်ပြီး အဲဒီအခြေအနေမှာ နေနိုင်ဖို့
စိတ်ထဲ ပိုင်းဖြတ်လိုက်ပါ။ လူဆိုတာ တစ်ခါတလေ မအောင်မြင်တဲ့အခါ အရှုံးခံရတာမျိုးရှိနိုင်ပါတယ်။
အဲသည်လို အခြေအနေရှိမယ်ဆိုရင် အရင်းစစ်ပြီး တွေးတောဝေဖန်ကြည့်ထားလိုက် အလကားသက်သက်မဲ့
ကြောင့်ကြစိုးရိမ်နေတဲ့စိတ်တွေ ပျောက်ကုန်မှာ။
တတိယအဆင့်။ အဆိုးဆုံး အခြေအနေကိုကြည့်ပြီး ကိုယ်ပိုင်ဖြစ်တဲ့ ဥာဏ်အင်အားကို စိုက်ထုတ်ပြီ
တိုးတက်ကောင်းမွန်အောင် စိတ်ချလက်ချ ကြိုးစားရတော့မယ်။
သောကဆိုတာ တော်ဆိုးတာ၊ တောင်တွေး မြောက်တွေးနဲ့ စိတ်ကိုတည်ငြိမ်ဖို့ ဘယ်နည်းနဲ့မျှ
မဖြစ်နိုင်တော့ဘူး၊ စိတ်တည်တည်နဲ့ စူးစိုက်ပြီး မစဉ်းစား မဝေဖန်နိုင်သမျှ အကြံကောင်း ဥာဏ်ကောင်း
မပေါ်နိုင်ဘူး ဘယ်ဟာကိုလုပ်ရမယ်ဆိုတာလည်း မဆုံးဖြတ်နိုင်ဘူး ကြီးကျယ်ရှုပ်ထွေးတဲ့ ပြဿနာနဲ့
ရင်ဆိုင်ရတဲ့အခါမှာ သောကထွေလာပြီး တောင်လိုလို မြောက်လိုလိုနဲ့ ယောင်ကန်းကန်းလုပ်နေရင်
ဘယ်မှာ ဖြေရှင်းနိုင်မယ့်အချက်အလက်တွေကို တွေးနိုင်ပါ့မလာဗျာ။
( ဝီလျံကာရီယား၏ သောကပျောက်ဆေး )
၁။ သည်ကိစ္စမှာ ငါ ဘယ်အခြေအထိ ရောက်မလဲ ဟု အဆိုးဆုံးအခြေကို တွက်ကြည့်ပါ။
၂။ ထို အဆိုးဆုံးအခြေအနေကို လက်ခံနိုင်အောင် ကြိုးစားပါ။
၃။ အဆိုးဆုံးအခြေအနေကို  လက်ခံပြီး ထိုအခြေအနေမှနေ၍ တိုးတက်လာအောင် စိတ်အေးအေးကြံစည်စမ်းပါ။

ဒေးလ် ကာနက်ဂျီ ရေး၍ / တက်တိုး မြန်မာပြန်သည်။ သောကကင်းဝေးနေနိုင်ရေး

အခန်း ( ၂ )
ငြိမ်းချမ်းရေးနှလုံးသား

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

တစ်နေ့တစ်ခါ နေပါ

ကျွန်ုပ်တို့၏ အကြီးဆုံးသောအလုပ်မှာ မှုန်မွှားမွှားသာမြင်ရသော အဝေးက အဖြစ်အပျက်ကို လှမ်းမျှော်ကြည့်ရန် မဟုတ်၊
ယခုလက်ရှိ ထင်ရှားသော ကိစ္စသာဖြစ်သည်။
လွန်ခဲ့တဲ့ အတိတ်ကာလဆိုတဲ့ တံခါးကိုပိတ်လိုက်ကြစမ်းပါ၊ ပြီးတော့တစ်ခါ နောက်ထပ် မရောက်လာသေးတဲ့ အနာဂတ်ကာလ ဆိုတာကိုလည်း တံခါးပိတ်လိုက်ကြစမ်းပါ၊ သေကြေပျက်စီး ရွေ့လျားသွားပြီဆိုတာ လူတိုင်းသိနေတဲ့ မနေ့၊ မနေ့၊ မနေ့ကပေါင်းများစွာတို့ရယ်၊ မပေါ်လာသေးဘူး၊ မမွေးဖွားသေးဘူဆိုတာ လူတိုင်းသိနေတဲ့ နက်ဖြန်၊ နက်ဖြန်၊ နက်ဖြန်ပေါင်းများစွား
တို့ရယ်။ အဲဒါတွေဟာ ကျုပ်တို့နဲ့မဆိုင်ဘူး၊ ပြီးတာလည်းပြီးပြီ၊ မပြီးပါနဲ့လို့ မတားနိုင်ဘူး၊ မဖြစ်သေးတာကိုလည်း ဘာဖြစ်မှန်း မသိသေးတော့ ဘယ့်နှယ်လုပ်ပြီး စိတ်မောနေဖို့လိုမလဲ ဒီတော့ ကျုပ်တို့မှာဘာပဲ ကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့သလဲ၊
ဒါကတော့ တခြားမဟုတ်ပါဘူး၊ သည်နေ့၊ ယနေ့၊ ယခု ဆိုတာပဲပေါ့၊ လူတွေနဲ့ အသက်ဆိုင်ဆုံးက မျက်မှောက် ပစ္စက္ခပါပဲ၊
နောင်ရေးကိုတွေးပြီး ပူနေတဲ့လူဟာ အအိပ်ပျက်၊ အစားပျက်နဲ့ အားအင်လျော့ပါပြီး အလကားသက်သက် ဒုက္ခရောက်ရတယ်၊
ပြီးခဲ့တဲ့ အတိတ်ကာလအဖြစ်အပျက်ကို ပြန်ပြီးတွေတောတမ်းတ လွမ်းဆွတ်နေရင်တော့ ဘယ်မှာ အကျိုးထူးဦးမှာလဲ၊
ဒါကြောင့် အတိတ်နဲ့အနာဂတ်တို့ကို အသာကလေး တံခါးပိတ်ပြီး တစ်ဘဝမှာ တစ်နေ့စာကလေး အကန့်လိုက်လုပ်ပြီးနေကြစမ်းပါ၊
မနက်ဖြန်အတွက် စဉ်းစားပါ။ သို့သော် နက်ဖြန်အတွက်ကြို၍ မပူပန်ပါနှင့်။
နက်ဖြန်အတွက် ကြိုတင်ပြင်ဆင်မှုပြုပါ။ သို့သော် နက်ဖြန် ဘာများဖြစ်ပါမလဲဟု တွေးတောကြောင့်ကြခြင်း မရှိပါနှင့်။
အလုပ်အကိုင် လုပ်ရာမှာလဲ ဘယ်လောက်ပဲ အလုပ်မျာူများ စိတ်မရှုပ်ဘဲ အလုပ်တစ်ခုပြီးမှ တစ်ခု ကျကျနနလုပ်တဲ့ အကျင့်ကလေးယူးထားပါ။
ကျွန်ုပ်တို့သည် ယခုအခါ ဘယ်နေရာ၌ တည်နေကြပါသလဲ၊ ရှည်လျားလှသော သံသရာကာလကြီး၏ အလယ်တွင် တည်နေကြသည်ဟု
ဆိုနိုင်ပေသည်။ အဓွန့်ရှည်ကြာသော အတိတ်ကာလ လဟာပြင်ကျယ်နှင့် အဆုံးအဆမရှိသော အနာဂတ်ကာလ အဏ္ဏဝါဗွေကြီး
နှစ်ခုစပ်ကြား၌ရှိသော ကျဉ်းမြောင်းလှသည့် ပစ္စုပ္ပန်ကာလကလေးတွင် တည်နေကြလေသည်။ ထိုသို့ တည်နေရာမှ တစ်ဖက်သော အတိတ်ကာလ လဟာပြင်ကျယ်ကြီးဘက်သို့ လှမ်းလိုက်ပါမှု စိတ်ရောကိုယ်ပါ ဒုက္ခရောက်၍ အကျိုးကင်းမဲ့ချေသည်။
အနာဂတ်အဏ္ဏဝါကြီးထဲသို့ ခြေစုံပစ်၍ကူးလျှင်လည်း စုံးစုံးမမြုပ်တော့မည် ဧကန်ပင်တည်း။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့နှင့်သက်ဆိုင်သော ပစ္စုပ္ပန်ကာလကလေးတွင် ခိုင်ခိုင်မာမာရပ်တည်နေကြရန် သင့်လှပေသည်၊
ယခုလက်ငင်းအခြေအနေသည် ဆင်ခြင်တုံတရားနှင့်သုံးသပ်ကြည့်လျှင် အကောင်းဆုံးဖြစ်၏။
လူ့ဘဝအသက်တာ ရှည်လှသည်မဟုတ်ကို သတိပြု၍ နေရခိုက်တွင် ကျကျနန နေကြစမ်းပါ။ ယနေ့ နေရမည့် အရေးကို ယနေ့မနေဘဲ
ရက်ရွှေ့ကာ နောက်နေ့ ကောင်းနိုးနိုးနှင့် ရောင့်ရဲမှု ကင်းမဲ့နေကြသောကြောင့် လူတို့သည် ပျော်ရွှင်မှုနှင့် တေ့လွဲဖြစ်ကြရလေသည်။


( မိတ်ဆွေ၊ သောကကို ပယ်ဖျောက်လိုပါသလား၊ သို့ဆိုလျှင် ဆာအော့စလား ပြောသကဲ့သို့ အတိတ် အနာဂတ်တို့ကို
တံခါးပိတ်ပြီး တစ်နေ့လုံးနေခြင်း ဖြင့်သာနေပါလာ)
ပြီးတော့ အောက်ပါမေးခွန်းများကို ဖြေကြည့်စမ်းပါလေ။


၁။ ငါသည် ပစ္စုပ္ပန်ကာလမျှ မနေဘဲ နောင်ရေးကိုတွေးပြီ ပူပန်နေသလား။ စိတ်ကူးယဉ်ပြီး အိမ်မက်ကောင်း မက်နေသလားဒ


၂။ ငါ အခု အခိုက်အတန့်ကလေးကို ကျေကျေနပ်နပ်မခံစားဘဲ လွန်ခဲ့တဲ့ အတိတ်အဖြစ်အပျက်တွေကို တွေူပြီ စိတ်ညစ်ညူးနေသလား။


၃။ ငါ မနက်အိပ်ရာထရင် သည်နေ့ကို စံစားမယ်လို့ သန္နိဠာန်ချသလား။ သည်နေ့မှာရှိတဲ့ ၂၄ နာရီးလုံးကို ကျေနပ်အောင်
အသုံးပြုမယ် ကြံရွယ်ပါရဲ့လား။


၎။ ငါဟာ တစ်နေ့လုံး နေခြင်းစနစ်အရ အကျိုးထူးရပါ့မလား။


၅။ ငါသည် အလုပ်ကို ဘယ်တော့စလုပ်မှာလဲ။ နောက်အပတ်လား၊ နက်ဖြန်လား၊ ယနေ့လား။




ဒေးလ် ကာနက်ဂျီ ရေး၍ / တက်တိုး မြန်မာပြန်သည်။ သောကကင်းဝေးနေနိုင်ရေး.........အခန်း ၁


အချုပ်အားဖြင့်ပြန်လည်၍ရေသားဖေါ်ပြပါသည်။..ငြိမ်းချမ်းရေးနှလုံးသား..

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Monday, March 07, 2011

လွှစာကို ထပ်ပြီး လွှမတိုက်ပါနှင့်

ငါ ယခု သောကဖြစ်နေသည့် အကြောင်းအရာသည် ငါ့အဖို့ မည်မျှတန်းဖိုးရှိသနည်း။


ငါ့ သောကကို မည်သည့်အရာတွင် ကန့်သတ်ပြီး မေ့ပျောက်ပစ်လိုက်ရမည်နည်း။


ငါ သောက မပိုသင့်ပါလျက်နှင့် ပိုနေသလား။

 အလုပ်များများလုပ်ပြီ သောကကို စိတ်တွင်းမှ နှင်ထုပ်ပစ်လိုက်ပါ ။ အလုပ်များများ လုပ်ခြင်းးသည် သောကပျောက် နတ်ဆေးကျော်ပင် ဖြစ်သည်။

အသေးအဖွဲနှင့် ပတ်သက်ပြီ ရေးကြီးခွင့်ကျယ် လုပ်မနေပါနှင့်။ အသေးအဖွဲကိစ္စကလေးတွေက သင့်ဘဝကို အစတုံးမပစ်ပါစေနှင့်။

အကြမ်းဖျင်းသဘောနှင့် တွက်ပြီး ဒါဒီလိုဖြစ်ရင် ဘယ်လောက် အထိ ရောက်မှာလဲ ဆိုသည်ကို တွက်ကြည့်ပါ။

မလွှဲမရှောင်သာသည့် ကိစ္စမျိုးမှာ ဖြစ်သမျှအကြောင်း အကောင်းချည်း သဘောထားလိုက်ပါ။

သောကကို ကန့်သတ်လိုက်ပါ။ ငါဘယ်လောက်အထိသာ စိတ်ဒုက္ခခံနိုင်မယ်၊ သည့်ထက်တော့ ဘယ်နည်းနဲ့မျှ မခံနိုင်ဘူးဟု
အတိအကျ ဆုံးဖြတ်လိုက်ပါ။

ပြီးတာ ပြီးပါစေတော့ဆိုသည့် သဘောထားမျိုးကို အမြဲထားပါ။ လွှစာကို ထပ်ပြီး လွှမတိုက်ပါနှင့်။




ဒေးလ် ကာနက်ဂျီ ရေး၍ / တက်တိုး မြန်မာပြန်သည်။ သောကကင်းဝေးနေနိုင်ရေး
အပိုင်း ( ၃ )

 *ငြိမ်းချမ်းရေးနှလုံးသား*

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Monday, February 28, 2011

အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ် အပိုင်း ( ၁ ) ကဏ္ဍ ( ၂ )ဇကာသ်၊စွဒကဟ်နှင့် ခိုင်ရာသ် လှုဒါန်းခြင်၊

အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ် စာမျက်နှာခေါင်းစဉ်သို့

အပိုင်း ( ၁ )အပြင်ပိုင်းကျင့်စဉ်များအတွက် အခြေအမြစ်တရား ( ၁၀ )ပါး။မှ ကဏ္ဍ(၂)


၂။ ဇကာသ်၊စွဒကဟ်နှင့် ခိုင်ရာသ် လှုဒါန်းခြင်၊

ကုရ်အာန်ကျမ်းမြတ် စူရဟ်(၂)အာယသ်(၂၆၁)တွင် မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌
ပေးကမ်းလှူဒါန်းသုံးစွဲသူတို့၏(အလှူပစ္စည်းများသည်)အကြင်မျိုးစေ့နှင့်အလားတူ၏ ယင်းမျိုးစေ့သည် ကောက်နှံခုနစ်နှံကိုပေါက်ရောက်စေ၏။ ထိုကောက်နှံအသီးသီးတို့တွင်စေ့ပေါင်းတစ်ရာစီရှိ၏။ စင်စစ်အလ္လာဟ်အရှင်မြတ်သည်
မိမိနှစ်လိုတော်မှုသောသူတို့အဖို့(ယင်းကဲ့သို့ပင်)ဆထက်ထမ်းပိုးတိုးပွားစေတော်မှုလေသည်။အကြာင်းမှာ အလ္လာဟ်အရှင်မြတ်သည်
ရက်ရောစွာပေးသနားတော်မှုသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မှုသောအရှင်မြတ်ဖြစ်တေတ်ာမှု၏။ဟုပါရှိ၏။


တမန်တော်မြတ်(ဆွ)က မိမိတို့၏ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏ လမ်တော်၌ ရက်ရက်ရောရော လှူဒန်းသုံးစွဲသူများသည်
ပျက်စီးဆုံးရှုံးခြင်မှ လွတ်မြောက်ကြလိမ့်မည် ဟုမိန့်ကြားတော်မှုခဲ့သည်။


စွဒကဟ်၊ ခိုင်ရာသ် ပေးလှုဒါန်းခြင်းများဖြင့် ဆင်းရဲသားတို့၏ လိုအပ်ချက်များပြည့်ဝစေသည်သာမက သက်ရှိသတ္တဝါအပေါင်းတို့၏
လိုအပ်ချက်များပင်လျှင်ပြည့်ဝနိုင်ကြပြီး၊ အငတ်ဘေးမှ ကင်းဝေးနိုင်ကြသောကြောင့် လှူဒါန်းပေးကမ်းခြင်းသည်
အစ္စလာမ်သာသနာ၏ မဏ္ဍိုင်တစ်ခုဖြစ်သည်။


မိမိပိုင်ဆိုင်သည့် ပစ္စည်းဥစွာများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သုံးစွဲလှူဒါန်းရသည့် ဒုတိယအကြောင်းရင်းတစ်ရပ်မှာ
အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများသည် အလ္လာဟ်အရှင်မြတ်အား ချစ်ကြရမည်ဟု ရှရီအသ် တရားတော်တွင်
လာရှိထားပေသည်။ အလ္လာဟ်အရှင်မြတ်က မိမိအား ချစ်ကြပါသည်၊ မိမိအပေါ် အီမန်သက်ဝင်ယုံကြည်ကြသည်ဟု ကြွေးကြော်လျက်ရှိကြသူတို့အား ၎င်းတို့သည် မည်မျှမှန်ကန်သည်ကို စမ်းသပ်လိုသဖြင့်လည်းကောင်း၊ ထိုသူတို့၏အချစ်နှင့်
အီမန်သက်ဝင်ယုံကြည်မှု၏ အဆင့်အတန်း၊ အရည်အသွေးကို တိုင်တာဆန်းစစ်လိုသဖြင့်လည်းကောင်း ပစ္စည်းဥစွာများကို
အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် လှူဒန်းသုံးစွဲကြရမည်ဟု မိန့်တော်မူထားခြင်းဖြစ်၏။ ဤသို့ မသုံးစွဲမလှူဒန်းဘဲ
နှမြောတွန့်တိုခြင်းသည် အလ္လာဟ်အရှင်မြတ်အား မချစ်ခြင်း၊ အလ္လာဟ်အရှင်မြတ်အပေါ် အီမန်သက်ဝင်ယုံကြည်မှုမရှိခြင်း၏သက်သေဖြစ်၏။

အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ် စာအုပ်မှ... အချုပ်အားဖြင့်ပြန်လည်၍ရေသားဖေါ်ပြပါသည်။..ငြိမ်းချမ်းရေးနှလုံးသား....

အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ် စာမျက်နှာခေါင်းစဉ်သို့

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Thursday, February 24, 2011

အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ် အပိုင်း ( ၁ ) ကဏ္ဍ ( ၁ ) စွလာသ် ဝတ်ပြုခြင်း

အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ် စာမျက်နှာခေါင်းစဉ်သို့
အပိုင်း ( ၁ )
အပြင်ပိုင်းကျင့်စဉ်များအတွက် အခြေအမြစ်တရား ( ၁၀ )ပါး။မှ ကဏ္ဍ  ၁

၁ ။ စွလာသ် ဝတ်ပြုခြင်း

အလ္လာဟ်အရှင်မြတ်အား သတိရ တသရန်အလို့ငှာ စွလာသ် ဝတ်ပြုကြကုန် ဟုကုရ်အာန်ကျမ်းမြတ်တွင် ပါရှိ၏။
တမန်တော်မြတ်(ဆွ)ကလည်း စွလာသ်ဆောက်တည်ခြင်းသည် အစ္စလာမ်သာသနာ၏ မဏ္ဍိုင်ပင်ဖြစ်၏ ဟုမိန့်ကြားတော်မူခဲ့၏။ စွလာသ် ဝတ်ပြုရာ၌ ဝတ်ပြုသူသည် အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်ထံ တင်လျှောက်ခြင်းဖြစ်သည် အားလျှော်စွာ မိမိဝတ်ပြုလျက်ရှိသည့် စွလာသ်သည် မည်မျှ အဆင့်အတန်း မီသည်၊
မမီသည်၊ မည်မျှ အရည်အသွေးရှိသည် မရှိသည်၊ ဆိုသည့် အချက်ကို ဂရုပြု ဆန်းစစ်ရန်လိုပေသည်။
အလ္လာဟ်အရှင်မြတ်က စွလာသ် ဝတ်ပြုခြင်းကို မှန်ကန်စွာနှင့် အရည်အသွေးမြင့်မားစွာ ဆောက်တည်ရန်
အမိန့်ပေးထားတော်မူလေရာ စွလာသ် ဝတ်ပြုခြင်းဆိုင်ရာ စည်းကမ်းချက် အားလုံးကို တိကျစွာ လိုက်နာကျင့်သုံးရမည်ဖြစ်၏။ ဤတွင် အထူးဂရုပြုသင့်သည့်အချက် ( ၃ ) ချက်ရှိသည် ။
ယင်းတို့မှာ ( ၁ ) ဝုသူရေသန့်စင်မှုကို သေချာစွာ ပြုလုပ်ခြင်း ( ၂ ) စွလာသ် ဝတ်ပြုမှုကို သေချာစွာပြုလုပ်ခြင်းနှင့် ( ၃ ) စွလာသ် ဝတ်ပြုရာတွင် ထားရှိရမည့် စိတ်နေသဘောထား မှန်ကန်ခြင်းတို့ဖြစ်၏။
 
( ဝုသူရေသန့်စင်မှုကို သေချာစွာ ပြုလုပ်ခြင်း )

၁ ။ ဝုသူရေသန့်စင်ရာတွင် စွန္နသ်နှင့် မွတ်စ်သဟဗ် ကျင့်စဉ်အားလုံးကို ကျင့်ဆောင်ရမည်။
၂ ။ ကိုယ်ခန္ဓာအစိတ်ပိုင်းတိုင်းကို ဆေးကြောရာတွင် ဟဒီးဆ် ကျမ်းလာ ဆုမွန်ဒုအာများကို ဖတ်ရွတ်လျက်ဆေးကြောရမည်။
၃ ။ စွလာသ် ဝတ်ပြုရာတွင် အသုံးပြုသည့် အဝတ်အထည်များ သန့်ပြန့်ရမည်။
၎ ။ ဝုသူရေသန့်စင်ရာတွင် အသုံးပြုသည့်ရေသန့်စင်ရမည်။

  ( စွလာသ် ဝတ်ပြုခြင်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် )

အလ္လာဟ်အရှင်မြတ်သည် သတ္တဝါတိုင်းကို ရုပ်နှင့်နာမ်(ဝိညာဉ်) ဟူ၍ ချီးမြှင့်ထားတောမူ၏။
စွလာသ် ဝတ်ပြုရာ၌ စိတ်စေတနာဖြူစင်ခြင်း၊ စိတ်ရောကိုယ်ပါ ဝတ်ပြုခြင်းတို့သည် စွလာသ်၏
နာမ်(ဝိညာဉ်)ဖြစ်ကြပြီး၊ စွလာသ် ဝတ်ပြု၌ ကိယမ်ရပ်ခြင်း၊ ကအ်ဒဟ်ထိုင်ခြင်းတို့သည် စွလာသ်၏
ရုပ်(ခန္ဓာ)ဖြစ်၏။ ရုကူးအ်ဦးညွတ်ခြင်းနှင့် စဂ်ျဒဟ်ဦးချခြင်းတို့သည် စွလာသ်၏ ဦးခေါင်းနှင့် ခြေလက်အင်္ဂါရပ်များဖြစ်၏။ စွလာသ် တွင်း၌ ဇစ်က်ရ်(အလ္လာဟ်အရှင်မြတ်အား တသမှုများ)နှင့်
သပ်စ်ဗီးဟ်(အလ္လာဟ်အရှင်မြတ် သန့်ပြန့်စင်ကြယ်ကြောင်း ထုတ်ဖေါ်ဝန်ခံမှု) တို့သည်
စွလာသ်၏ မျက်စိ၊ နား စသည့်အင်္ဂါရပ်များပင်ဖြစ်၏။ ဇစ်က်ရ်၊ သပ်စ်ဗီးဟ်တို့၏ အနက် အဓိပ္ပါယ်များကို
နားလည် သဘောပေါက်ခြင်းသည် အဆင်းအာရုံ၊ အသံအာရုံများဖြစ်၏။
စွလာသ် ဝတ်ပြုခြင်းကို အေးဆေးစွာနှင့် ရိုကျိုးစွာဖြင့် ပြုလုပ်ခြင်းမှာ စွလာသ်၏
လှပတင့်မှု အရောင်အဆင်းရှိမှု၊ အရည်အသွေးပြည့်ဝမှုတို့ပင်ဖြစ်၏။

( စွလာသ် ဝတ်ပြုရာ၌ စိတ်ဝင်စားမှု ရယူနည်း )

အစကနဦးတွင် မည်သည့်ဘက်သို့မှ စိတ်မပျံ့လွင့်ဘဲ တစ်စိတ်တစ်လက်တည်း စွလာသ်ဝတ်ပြုရန် ခက်ခဲပေမည်။ သို့ရာတွင်လေ့ကျင့်ဆောက်တည်ပါက တစ်ဖြည်းဖြည်း စိတ်တည်ငြိမ်မှု အလေ့အကျင့်ရသွားမည်ဖြစ်၏။ ဥပမာအားဖြင့် မိမိဝတ်ပြုမည့် စွလာသ် ( ၄ ) ရကအသ်တွင်
စိတ်တည်ငြိမ်မှုကို ရယူနိုင်ရန် ကြိုးစားမှုကို လေ့ကျင့်ပါ။ စွလာသ်ဝတ်ပြုမှု  ပြီးမြောက်သွားသောအခါ
ရကအသ်မည်မျှတွင် စိတ်တည်ငြိမ် မရရှိခဲ့သည်ကို ပြန်လည်သုံးသပ် ဆန်းစစ်ကြည့်ပါ
နှစ် ရကအသ်၌သာ စိတ်တည်ငြိမ်မှုရှိပြီး ကျန်နှစ်ရကအသ်တွင် စိတ်တည်ငြိမ်မှု မရှိခဲ့ပါက
စိတ်မတည်ငြိမ်ဘဲ ဝတ်ပြုလိုက်သောစွလာသ်နှစ်ရကအသ်အစား နဖ်လ် စွလာသ်နှစ်ရကအသ်ကို
စိတ်ပါဝင်စားစွာဖြင့် ထပ်မံဝတ်ပြုရမည်။
အလ္လာဟ်အရှင်မြတ်သည် လျော့နည်းနေသည့် ဖွရ်သ်ွ ဝတ္တရားများကို နဖ်လ်အပို စွလာသ်များဖြင့်
အားဖြည့် လက်ခံတော်မှုလိမ့်မည်ဟု မျှော်လင့်ရပေသည်။


အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ် စာအုပ်မှ... အချုပ်အားဖြင့်ပြန်လည်၍ရေသားဖေါ်ပြပါသည်။.............ငြိမ်းချမ်းရေးနှလုံးသား....

အစ္စလာမ် နှင့် သူတော်ကောင်းကျင့်စဉ် စာမျက်နှာခေါင်းစဉ်သို့

 

 

အစ္စလာမ်နှင့် သူတော်ကောင်းကျင့်စဉ် စာအုပ်ကို PDF DOWNLOANDS လုပ်ယူးနိုင်ပါသည်  ဘာသာပြန်ဆိုသူ....မွဖ်သီးနူးရ်မုဟမ္မဒ်"

 

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Saturday, February 19, 2011

ခေတ်သစ်စီးပွားရေးလုပ်ငန်းများဆိုင်ရာ မဆ်အလဟ်-ဓမ္မသတ်များ










If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Friday, February 18, 2011

အလ္လာ့ဟ်အချစ်တော်ဖြစ်နိုင်သော ကျင့်စဉ်လေးရပ်

အလ္လာ့ဟ်အချစ်တော်ဖြစ်နိုင်သော ကျင့်စဉ်လေးရပ်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...